Friday 10 October 2014

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆန္ဒပြ

Photo: လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆန္ဒပြ
Friday, Ocotber 10, 2014

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ မြန်မာနှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ရန်ကုန်မြို့တော် ရောက်ရှိနေစဉ် ဆန္ဒပြ တောင်းဆိုခဲ့တယ်လို့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြရန် စီစဉ်ထားပေမယ့် လုံခြုံရေးအရလို့ ဆိုပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ခွင့်မပြုလို့ ရန်ကုန်မြို့တော် မြို့တော်ခန်းမရှေ့မှာပဲ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀ ဦးကျော် ဆန္ဒပြခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာနှစ်ဦးကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့တော် ပြည်လမ်းမ တလျှောက် မှာ မော်တော် ယာဉ်နဲ့ လှည့်လည်ပြီး အသံချဲ့စက်ဖွင့်ပြီး တောင်းဆိုခဲ့ကြ ပါတယ်လို့ ဦးနေမျိုးဇင်က ပြောပါတယ်။

The Voice Weekly
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ မြန်မာနှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ရန်ကုန်မြို့တော် ရောက်ရှိနေစဉ် ဆန္ဒပြ တောင်းဆိုခဲ့တယ် လို့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြရန်စီစဉ်ထားပေမယ့် လုံခြုံရေးအရလို့ ဆိုပြီးတော့ ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့က ခွင့်မပြုလို့ ရန်ကုန်မြို့တော် မြို့တော်ခန်းမရှေ့မှာပဲ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀ ဦးကျော် ဆန္ဒပြခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာနှစ်ဦးကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့တော် ပြည်လမ်းမတလျှောက်မှာ မော်တော်ယာဉ်နဲ့ လှည့်လည် ပြီး အသံချဲ့စက်ဖွင့်ပြီး တောင်းဆိုခဲ့ကြ ပါတယ်လို့ ဦးနေမျိုးဇင်က ပြောပါတယ်။

The Voice Weekly 

No comments:

Post a Comment