နိုင်ငံရေး အကျဉ်းသားဟောင်းများတွင် ဖြစ်တတ်သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများအား ပြေလျော့စေ ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကျောင်းတော်ပြန်တို့ စကားဝိုင်းအား လုပ်ဆောင်ပေးနေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP အဖွဲ့က Counselling ပြုလုပ်ပေးနေကြောင်း သိရသည်။
Friday, 4 October 2013
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ၏ ပြည်သူ့ ဆန္ဒ ကောက် ယူမှုအား ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၁၂ ရက်တွင် စတင်ရန် စီစဉ်
![]() |
| ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေးနှင့် ပတ်သက်၍ တိုင်းရင်းသား ပါတီများနှင့် NLD ပါတီတို့ စက်တင်ဘာ ၂၈ ရက်က ဆွေးနွေးစဉ် |
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ပါတီမှ ပြည်သူ့ ဆန္ဒ သဘောထား ကောက်ယူ မှုကို ရန်ကုန်တိုင်း ဒေသကြီး အတွင်း အောက်တိုဘာ ၁၂၊ ၁၃ ရက် ခန့်တွင် စတင်သွားမည်ဟု ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီး၏ ဦးဆောင်တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
ရတနာပုံခေတ်လက်ရာ ရွှေနန်းတော်ကျောင်း (ရွှေကျောင်း) အား အမေရိကန်နိုင်ငံ World Monuments Fund ၏ နည်းပညာ အကူအညီဖြင့် ပြုပြင်ထိန်းသိမ်းမည်
| ရတနာပုံခေတ်လက်ရာ ရွှေနန်းတော် ကျောင်းကြီးအား လေ့လာနေကြသည်ကို မြင်တွေ့ရစဉ် |
ရတနာပုံခေတ်လက်ရာ
ရွှေနန်းတော် ကျောင်းကြီးအား အမေရိကန်နိုင်ငံ World Monuments Fund
(ကမ္ဘာ့ရှေးဟောင်း အဆောက်အအုံ ရန်ပုံငွေအဖွဲ့)၏ နည်းပညာအကူအညီဖြင့်
ပြုပြင်ထိန်းသိမ်း သွား မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်
အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း WMF အဖွဲ့၏ Project director Mr. Jeff
Allen က ပြောကြားသည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် တစ်ပတ် လျှင် လေးရက်ထက်မနည်း တစ်ရက် ရှစ်နာရီကျော် အလုပ် လုပ် နေရကြောင်း ILO ထုတ်ပြန်
![]() |
| ရထားသံလမ်းဘေးတွင် ရေသန့်ဘူး လိုက်လံရောင်းချနေသည့် ကလေးတစ်ဦးအား တွေ့ရစဉ် |
မြန်မာနိုင်ငံရှိ
ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၇၀ သည် အလုပ်ချိန် တစ်ပတ် လျှင်
လေးရက်ထက်မနည်း တစ်ရက်လျှင် ရှစ်နာရီကျော် အလုပ် လုပ်ကိုင် နေရကြောင်း ILO
(အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တစ်မြို့လုံးအား WiFi အင်တာနက် စနစ်ပေးရန် RedLink မှ စီစဉ်နေ
ရန်ကုန်မြို့ တစ်မြို့လုံးတွင် WiFi
အင်တာနက်စနစ် အသုံးပြုနိုင်ရန် အတွက် Red Link မှ သက်ဆိုင်ရာ အဖွဲ့အစည်း၏
ခွင့်ပြုချက် ရရှိပါက အမြန်ဆုံး ဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိနေကြောင်း
သိရသည်။
အငှားယာဉ်ပေါ် လုယက်သူ လေးဦး နာရီပိုင်းအတွင်း ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် (၁) လမ်း တွင် အောက် တိုဘာလ ၃ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က တိုယိုတာ အငှားယာဉ်မောင်းထံမှ ငွေများလုယက်ကာထွက်ပြေးခဲ့သည့် လူငယ်လေးဦးကို ယင်းနေ့ နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြား သည်။
မန္တလေး သုံးလောင်းပြိုင် လူသတ်မှု မသင်္ကာဖွယ်လူတစ်ဦးကို စတင် စစ်ဆေး ပြီ
မန္တ လေးမြို့သစ်ရှိ ပန်နာဆိုးနစ်
ကုမ္ပဏီ(မန္တလေးရုံးခွဲ)အတွင်း လူသုံးဦးအသတ်ခံရမှုဖြစ်စဉ်တွင် တရား ခံအား
အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် အမှုစစ်အဖွဲ့ဖွဲ့စည်း ပြီး
ဖော်ထုတ်သွားမည်ဖြစ်ရာ မသင်္ကာ ဖွယ်ရာလူတစ်ဦးကိုလည်း
စတင်စစ်ဆေးနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရ
သည်။
ဒီမိုကရေစီ ခရီးလမ်းမှာ မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်တော့ အဆုံးသတ်မလဲ (၂) နိဂုံး

လာမယ့် အောက်တိုဘာ ၈ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ အစိုးရအဖွဲ့တို့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြု လုပ်တော့မှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ ခရီးလမ်းမှာ မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်တော့ အဆုံးသတ်မလဲ (၁)

လူ့သဘောသဘာဝအရ လူတိုင်းလိုလိုဟာ ရတာမလို၊ လိုတာမရ ဘ၀င်မကျမှုတွေနှင့် ကြုံဆုံရစမြဲဖြစ် ပါတယ်။
ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်

မြန်မာနိုင်ငံမှာ စစ်အစိုးရခေတ်ကနေ ဒီမိုကရေစီခေတ်ကို ညင်သာစွာကူး ပြောင်းနိုင်ခဲ့ကြောင်း ကမ္ဘာကအသိ အမှတ်ပြုခဲ့ပါ တယ်။ မြန်မာနိုင်ငံအတွင်း မှာတော့ လွတ်လပ်မှုဟာ ကြောက်စရာကောင်းလောက်ကို လွတ်လပ်နေ ပါတယ်။
ဖက်ဒရယ် နှင့် သေနတ်

ယနေ့ မြန်မာနိုင်ငံမှာ
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုရှိပြီး ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသငါးခု၊ ပြည်ထောင်စုနယ်မြေတစ်ခု(နေပြည်တော်) တို့ပါဝင်ပါတယ်။
အိမ်ဖြူတော် အတားအဆီး ကားနဲ့ ဖြတ်ကျော်ဖို့ ကြိုးပမ်းသူကို ပစ်ခတ်ဖမ်းဆီး

အမေရိကန်သမ္မတ အိမ်ဖြူတော်အနီးက အတားအဆီးကို ကားနဲ့ ဖြတ်ကျော်မောင်းနှင်ဖို့ ကြိုးစားတဲ့ အမျိုး သမီး တဦးကို လုံခြုံရေးရဲတွေက ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။
မြန်မာအပါအ၀င် ကလေးစစ်သားသုံးတဲ့ ငါးနိုင်ငံ အမေရိကန် စစ်ရေးအကူအညီ ဆိုင်းငံ့ထား

လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးစစ်သားတွေ အသုံးပြုနေတဲ့ မြန်မာနိုင်ငံအပါအ၀င် ၅ နိုင်ငံကို အမေ ရိကန်ပြည်ထောင်စုက စစ်ရေးအထောက်အပံ့တွေ ဆိုင်းငံ့ထားမယ်လို့ ကြာသပတေးနေ့ က ကြေညာလိုက် ပါတယ်။ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ရ၀မ်ဒါ၊ ဆူဒန်၊ ဆီးရီးယားနဲ့ မြန်မာ ၅ နိုင်ငံကို အမေရိကန်ရဲ့ စစ်ရေး အထောက်အပံ့တွေ ပိတ်ပင်တဲ့ ကြေညာချက်ဖြစ်ပါတယ်။
ကေအိုင်အို မျိုးချစ်တပ်မတော်နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လူမျိုးစုတွေ ကိုပါ ဖိတ်မည်

လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ကေအိုင်အို ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားဖို့ သဘောတူလိုက်ကြပါတယ်။
သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးသည်ဟု သံသယရှိသူ ခြောက်ဦးအား စစ်ဆေးနေ
ရခိုင်ပြည်နယ် သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သည့် နေအိမ်အား အုတ်ခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့သူများအနက် ပါဝင်သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သံသယရှိသူ ခြောက်ဦးကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၃ ရက် ညနေ ပိုင်းတွင် ပြောကြားခဲ့သည်။
သံတွဲပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ (သံတွဲ) ဥက္ကဋ္ဌ အပါအ၀င် ရခိုင်တိုင်းရင်းသား ၁၁ ဦးကို ဖမ်းဆီးထား
သံတွဲမြို့နယ် ပေါက်တောဝရွာ၌ ပျက်စီးသွားသော အဆောက်အအုံတစ်ခုကို တွေ့ရစဉ် |
ရခိုင်ပြည်နယ် သံတွဲမြို့နယ်၌ ပဋိပက္ခများ ဖြစ်ပွားနေစဉ်အတွင်း သံတွဲမြို့၊ ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီ (RNDP)ဥက္ကဋ္ဌ ဦးစောလှိုင်(ခ) ဦးမောင်ပုနှင့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် ခြောက်ဦးကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက် ညပိုင်းက ဖမ်းဆီးထိန်းသိမ်းထားပြီး အောက်တို ဘာ ၃ ရက်တွင် ပဋိပက္ခဖြစ်စဉ် အတွင်းပါဝင်သည်ဟု ယူဆရသူငါးဦးအား ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင်း လမ်းမကြီးများ မိုးအနည်းငယ် ရွာသွန်းလျှင်ပင် ရေလျံ မှုဖြစ်ပေါ် လာပြီး ယာဉ်ကြောပိတ်ဆို့မှု ကြုံတွေ့နေ
![]() |
ရွှေတစ်ချောင်းမြောင်း ရေလျှံမှုကြောင့် မဟာမုနိဘုရားကြီး အနောက်ဘက်မုခ် စစ်ကိုင်း-မန္တလေး ကားလမ်းပေါ်တွင် ရေကျော်နေ မှုအား မြင်တွေ့ရစဉ် |
မန္တလေးမြို့တွင် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက မိုးရွာ သွန်းခြင်းကြောင့် ရွှေတစ်ချောင်းမြောင်း ရေ လျှံကာ စစ်ကိုင်း-မန္တလေး ကားလမ်းနေရာအချို့ ရေကျော်ပြီး သွားလာမှု အခက်အခဲ ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။
Thursday, 3 October 2013
ပင်လယ်ထဲ မျောပါခဲ့သော ရေလုပ်သားများ ပြန်လည် ရောက်ရှိလာပြီဖြစ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ ရေလုပ်သားအချို့သည် ပြီးခဲ့သည့်သြဂုတ် လ နော က် ဆုံးပတ်အတွင်းက ပင်လယ်တွင်း မုန်တိုင်းမိပြီး မျောနေခဲ့ရာ ပျောက်ဆုံး နေသည့် ရေလုပ် သား များ အနက် ကျန်ရှိသည့် ခြောက်ဦးပြန်လည် ရောက်ရှိလာပြီ ဖြစ် သည်ဟု ရေလုပ်သား များ အရေး ကူညီ ဆောင် ရွက်နေသော ဧရာဝတီတိုင်း ၊ တောင်သူလယ်သမား သမဂ္ဂ အတွင်းရေးမှုး ဦးသန့်ဇော်ဦး က မဇ္စျိမကို အောက်တိုဘာ ၃ ရက်တွင် ပြောသည်။
ဆီးဂိမ်းပြိုင်ပွဲမိုလ်ဘိုင်းသီချင်းသံစဉ်များအခမဲ့ရယူနိုင်
၂၀၁၃
ဆီးဂိမ်းပြိုင်ပွဲ ဆီးဂိမ်းသီချင်းသံများကို မိုဘိုင်းဖုန်းအတွင်း အခမဲ့
ရယူနိုင်တော့မည်ဖြစ်ကြောင်း Bagan Innovation Technology မှ သိရသည်။
အသက်(၁၂)နှစ်အရွယ် အိမ်အကူကို အဓမ္မပြုကျင့်
ဒဂုံဆပ်ကမ်းမြို့နယ်၊
(၈၇)ရပ်ကွက်တွင် အောက်တိုဘာလ (၁)ရက်နေ့က အသက်(၁၂)နှစ်အရွယ် အိမ် အကူ
အမျိုးသမီးကို အိမ်ရှင်ဖြစ်သူက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း
ရန်ကုန်တိုင်းဒေ သကြီး ရဲမှတ်တမ်းများအရ သိရသည်။
Subscribe to:
Posts (Atom)


