ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား ရန်ကုန်ဘူတာကြီးတွင် တွေ့ရစဉ်
အတွဲလိုက် အင်ဂျင်ပါဝင်ပြီး အဲယားကွန်းများ တပ်ဆင်ထားသော RBE ရထားအား
မြို့ပတ်ရထားအဖြစ် ပထမ ဆုံး ပြေးဆွဲရန် စီစဉ်နေကြောင်း ရန်ကုန်ဘူတာကြီးမှ
တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ယခုနှစ်အတွင်း ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား စက်တင်ဘာ ၁
ရက်က ရန်ကုန်မြို့ အတွင်း စမ်းသပ်ပြေးဆွဲလျက် ရှိနေကြောင်း သိရသည်။