Sunday, 15 July 2012

SSPP/SSA အဖွဲ့အတွင်း မူးယစ်ဆေးဝါးနှင့် မိန်းမပြဿနာကြောင့် လက်အောက်မှ အထက်ကို ပစ်ခတ်သတ်ဖြတ်


ဇူလိုင် ၁၅၊ လားရှိုး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ကျေးသီးမြို့နယ်၊ ကျိုင်းလွန်းကျေးရွာနားမှာ SSPP/SSA လက်အောက်အဖွဲ့ဝင်တွေကနေ သူတို့အထက်ကို ပြန်လည်ပစ်ခတ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ SSPP/SSA  တပ်ဖွဲ့ဝင် အိုက်နေနဲ့ အိုက်ယုံ ဆိုသူ ၂ ဦးက ပစ်ခတ်လို့ သူတို့အထက်က ဗိုလ်ကြီးတွန်ခမ်း သေသွားတယ်လို့ ကြားရပါတယ်။ ပစ်ခတ်ခဲ့တဲ့ အိုက်နေနဲ့ အိုက်ယုံတို့ကတော့ သေနတ်တွေယူပြီး ထွက်ပြေးသွားကြတယ်။ ဒီသတင်းကြားတော့ ၀မ်ဟိုင်းက လူကြီးတွေလည်း ခေါင်းမီးတောက်ပြီး ပစ်ခတ်ထွက်ပြေးသွားသူတွေကို အပူတပြင်းလိုက်လံဖမ်းဆီးဖို့ ပြင်ရပါတော့တယ်။ ဒီ ၂ ယောက်က အခြားအဖွဲ့ တစ်ခုဆီရောက်သွားပြီး အခြေအနေမှန်တွေ ဖွင့်ဟလိုက်မှာကို ၀မ်ဟိုင်းက လူကြီးတွေ သိပ်ကြောက် နေကြတယ်။ ထွက်ပြေးသူတွေကို တွေ့တဲ့နေရာမှာ အပြတ်ရှင်းပြစ်ဖို့ လိုက်ဖမ်းတဲ့အဖွဲ့တွေကိုလည်း အမိန့်ပေးထားပြီးဖြစ်တယ်လို့ သိရတယ်။

SSPP/SSA အဖွဲ့နဲ့ နီးကပ်ဆက်ဆံနေရတဲ့ ကျိုင်းလွန်းရွာက ကျေးရွာလူကြီး ဦးလုံးလိပ် ပြောပြတာကတော့ ပန်ဖရဲ့အဖွဲ့တွေဟာ မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ပဲ ငွေရှာရပ်တည်နေတာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ရှာလို့ရတဲ့ ငွေကြေးပမာဏကို လက်အောက်အဖွဲ့ဝင်တွေက ကောင်းကောင်း သိနေကြပြီဖြစ်ကြောင်း၊ ရတဲ့ငွေအားလုံးနီးပါး တပ်မဟာ(၁)ဗဟိုကယူပြီး လက်အောက်အဖွဲ့ဝင်တွေကိုတော့ အရိုးအရင်းလောက်သာ စွန့်ကြဲတာဖြစ်တဲ့အတွက်  အထက်ကို မကျေမနပ်ဖြစ်နေတာလည်း ကြာပြီဖြစ်ကြောင်း၊ အခုဖြစ်ရတာက အဓိက သူတို့တပ်မဟာမှူး ပန်ဖကို  မကျေနပ်လို့ ဖြစ်ကြောင်း ပြောပြပါတယ်။

 ပြဿနာကတော့ ပန်ဖဟာ သားဖြစ်တဲ့ တပ်ရင်းမှူး ဖုန်းနော်ကို ကျိုင်းလွန်းဘက်ကို စေလွှတ်ခဲ့တာကစတာဖြစ်ပါတယ်။ ကျိုင်းလွန်းနယ်မြေမှာရှိတဲ့ တပ်ရင်း(၆၀၁) တပ်ရင်းမှူး စိုင်းဆိုင်ကို စိတ်မချတဲ့အတွက် စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ စိုင်းဆိုင်ဟာ နောက်ပိုင်းမှာ ရတဲ့ငွေကို ပန်ဖဆီ အပြည့်အ၀မပို့တာရယ်၊ အဓိက သူ့ရဲ့အကျင့်ဆိုးဖြစ်တဲ့ မိန်းမလိုက်စားတဲ့ ကိစ္စတွေကြောင့် စိုင်းဆိုင်ကို ထိန်းသိမ်းနိုင်ရန်ဖြစ်ကြောင်း သိရှိရပါတယ်။

Friday, 13 July 2012

ဘယ်လမ်းရွေးမလဲ. . . KIA


KIA နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတာ အကြိမ်ကြိမ်ရှိနေပါပြီ။ လဂျားယန်၊ မိုင်ဂျာယန်နဲ့ ရွှေလီတို့မှာပါ ဆွေးနွေးခဲ့ပြီး သိရသလောက် စုစုပေါင်း  ၁၀ ကြိမ်လောက်ရှိပါတယ်။ အစိုးရကိုယ်စားလှယ်က မိုင်ဂျာယန်အထိ လိုလိုလားလားနှင့် လာဆွေးနွေးခဲ့တယ်။ အခုချိန်ထိ တိကျသေချာတဲ့ ရလဒ် ဘာတစ်ခုမှရတာ မကြားသေးဘူး။ KIA ခေါင်းဆောင်ပိုင်းတွေက ယုံကြည်မှုတည်ဆောက်မယ်လို့ လူကြားကောင်းအောင် ပြောနေပေမယ့် ဒါဟာ နိုင်ငံတကာ အမြင်မှာ ငြိမ်းချမ်းရေးလိုလားသယောင် အသံကောင်းဟစ်တဲ့ သဘောပါပဲ။ ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ အခြားတစ်ဘက်မှာတော့ KIA ဟာ စစ်ရေးတိုက်ခိုက်မှုတွေကိုပဲ တိုးမြှင့် ဆောင်ရွက်နေခဲ့တယ်။
ဒီနေ့ခေတ်မှာ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်နိုင်ငံမှ လက်မခံတော့ပါဘူး။ ခေတ်နောက်ပြန် KIA ခေါင်းဆောင်တွေရဲ့ စေခိုင်းချက်အရ လမ်း၊တံတား၊တာဝါတိုင်တွေကို မိုင်းထောင်ဖျက်ဆီးတာတွေ၊ ကလေး/လူကြီး/ယောက်ျား/မိန်းမ မရွေး  အတင်းအဓ္ဓမ လူသစ် စုဆောင်းတာတွေ၊ အဆမတန် ဆက်ကြေးကောက်ခံတာတွေနဲ့ အဆိုးဆုံးကတော့ ဒေသခံတွေကို ရက်တို လက်ပူတိုက် သင်တန်းပေးပြီး မိုင်းထောင်ခိုင်းလို့ သေကြေ ဒဏ်ရာရခဲ့တာတွေကြောင့် KIA ဟာ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းတစ်ရပ်ဆိုတာ ပီပီပြင်ပြင် မြင်သာ လာပါတော့တယ်။
ဒါတွေကြောင့် တရုတ်-မြန်မာနယ်စပ်  စစ်ရေး အကဲခတ်လေ့လာသူတစ်ဦးဖြစ်သူ ကိုအောင်ကျော်ဇောက KIA နဲ့ပတ်သက်ပြီး “ဒီလိုလုပ်ရပ်တွေဟာ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုအနေနဲ့ မကြာခင် ပြိုကွဲပျက်စီးတော့မယ့် သဘောဆောင်နေပါတယ်။ အထက်နဲ့အောက် ကြားမှာ မကျေလည်မှု အစိုင်အခဲတွေကြီးမားလာတဲ့အတွက် လာမယ့် ၄ လနဲ့ ၆ လကြားမှာ KIA တပ်ဖွဲ့အတွင်း အချင်းချင်း ပုန်ကန်တိုက်ခိုက်မှုတွေ ဖြစ်လာတော့မယ်”လို့ သုံးသပ်ပြောဆိုပါတယ်။
KIA ခေါင်းဆောင်ပိုင်းတွေကို လက်အောက်ငယ်သားတွေက လိုလားလက်ခံလိုခြင်း လုံးဝမရှိတော့သလို ဒေသခံကချင်တိုင်းရင်းသားတွေအနေနဲ့ကလည်း ရွံကြောက်ဖြစ်နေပါတယ်။ KIA ဟာ ဒီလိုဆုံးရှုံးမှုတွေရှိနေပေမယ့် တစ်ဘက်ကလည်း မျောက်ပြဆန်တောင်းတာတွေ လုပ်နေပါတယ်။ တိုက်ပွဲတွေဖြစ်လို့ ဒုက္ခရောက်နေရသူတွေကိုအသုံးချပြီး ငွေရှာတဲ့ အလုပ်ကိုလည်း လုပ်လာပါတယ်။ 
ဒုက္ခသည်တွေကို တစ်နေရာမှာစု၊ စာရင်းပြုပြီးကြော်ငြာ၊ ကူပါကယ်ပါဗျာ ဆိုပြီး သူတောင်းစားလိုအော်၊ ရတဲ့ဒေါ်လာကို တရုတ်ဘက်မှာ တိုက်ဆောက်၊ ဒီလောက်ဆို KIA ဘာကြောင့် အပစ်မရပ်တာလဲဆိုတဲ့အဖြေ ရေရေရာရာ တွေ့နိုင်ပါပြီ။
သူတောင်းစား ဇောင်းဟရား ဦးစီးပြီး ဂိုဏ်းခေါင်းဆောင် ဂမ်ရှောင် တို့ရဲ့ အဖွဲ့ကို KIA ဆိုတဲ့နာမည်အစား “သူတောင်းစားဂိုဏ်း” လို့သာ နာမည်ပြောင်းပေးချင်ပါတော့တယ်။
KIA ခေါင်းဆောင်တွေက မြို့ပေါ်မှာရှိတဲ့ ဘာသာရေး တရားဟောဆရာ၊ သိက္ခာတော်ရ ဆရာတွေကိုလည်း စစ်တပ်ကလာတိုက်လို့သာ ပြန်လည်ခုခံတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း KIA ဘက်ကရပ်တည်ပြီး မီဒီယာတွေကိုပြောဖို့ အကြပ်ကိုင် ခြိမ်းခြောက်ထားတယ်။ ဒုက္ခသည်စခန်းရဲ့ အကာအကွယ်နဲ့ နေနေတဲ့ KIA တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရရင်လည်း ပြန်လွတ်အောင် နည်းမျိုးစုံသုံးလုပ်ဆောင်ဖို့ မှာကြားထားတယ်လို့လည်း သိရတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ဂျန်မိုင်ကောင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလဖိုင်ဂျာနော် ဦးဆောင်ပြီး မြစ်ကြီးနားမြို့တွင်း စီတန်းလှည့်လည်မှု ပြုလုပ်ရာမှာ ဒုက္ခသည်စခန်းကလူတွေ ဆန္ဒပြတယ်လို့ ပြောပေမယ့် အမှန်စင်စစ် ဒုက္ခသည် ၃၀ လောက်ပဲပါတယ်။ ကျန်တာတွေက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။ 


ဒီအကြောင်းကို ဖခင်တစ်ဦးဖြစ်သူ ဦးမရမ်ထွယ်ဝါက အခုလိုပြောပြပါတယ်။

ဒီမိုကရေစီနုနုမှာ မုန်တိုင်းမထန်ရလေအောင်



          ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီပန်းတွေ ပွင့်လန်းလို့နေပါပြီ... ဒီမိုကရေစီခေတ် အစိုးရသစ် လက်ထက်မှာဟန်ချက်ညီညီလျှောက်လှမ်းလို့နေပါပြီနိုင်ငံတာဝန်တွေကို အစိုးရနဲ့လွှတ်တော်အခန်းကဏ္ဍ တာဝန်ကျရာ ကိုယ်စီထမ်းဆောင်နေကြသော်လည်း ဒီမိုကရေစီနုနုမှာ မုန်တိုင်းမထန်ရလေအောင် ဆိုသလိုနိုင်ငံတော်အစိုးရကိုအမျိုးမျိုးသောဖိအားတွေပေးနေကြတာတွေဟာတကယ်တမ်းပြန်စဉ်းစားကြည့် ကြမယ်ဆိုရင် နိုင်ငံတော်ရဲ့အခြေအနေတွေဟာ အပေါင်းလက္ခဏာ ဆောင်ကြဉ်းနေတာကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများကတောင် အသိအမှတ်ပြုနေကြပြီဆိုတာ မှန်မှန်ကန်ကန်နဲ့ဘယ်ဘက်မှမလိုက်ဘဲ ပြောကြမယ်ဆိုရင် နိုင်ငံရေး ဖြစ်စဉ်တွေဟာ တိုးတက်မှုရှိနေပြီလို့ပြောပါရစေ
          မြန်မာ့နိုင်ငံရေးဟာ တည်ငြိမ်မှုရရှိလာတာကို ပိုမိုတိုးတက်အောင် ၀ိုင်းဝန်းလုပ်ဆောင်ကြရမယ့်အစား အစိုးရရဲ့အားနည်းချက်ကိုအမြဲတမ်းထောက်ပြပြောဆိုနေတာတွေကို လေ့လာကြည့်တဲ့အခါ ဒေါ်စုအပါအ၀င် လွှတ်တော်အတွင်းလူတွေရော၊ သံဃာများဖြစ်ပြီးနိုင်ငံရေးရောင်ရောင်နဲ့ ၀င်ရောက်လုပ်ဆောင်ကြတဲ့ ၀ီရသူ၊ ရွှေည၀ါတို့နဲ့ ၈၈ မျိုးဆက်များရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းများ၊ ဗကသအမည်ခံများဟာ ဟိုနေရာပါ၊ ဒီနေရာပါ ၀င်ရောက်နေရာယူပြီး ဖယောင်းတိုင်မီးကိစ္စ၊ အလုပ်သမားကိစ္စ၊ မြေယာကိစ္စစသည်တို့မှာ အစိုးရနဲ့ ပြည်သူကြား ခလောက်ဆန်ပြီး နိုင်ငံတော်မတည်မငြိမ်ဖြစ်အောင် ဆန့်ကျင်လုပ်ဆောင် နေကြတာတွေဟာ ဘာအတွက်လဲ၊ ဒီမိုကရေစီ အတွက်လား အလုံးစုံပျက်စီးရေးအတွက်လား


          ဒေါ်စုအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များဟာ အစိုးရအပေါ်မှာ အကြံကောင်း၊ ဥာဏ်ကောင်း တွေပေးပြီး အစိုးရနဲ့အတူ နိုင်ငံတော်တိုးတက်ရေးကို ရှေ့ရှုဆောင်ရွက်ရမယ့်အချိန်အခါဖြစ်ပါတယ်၊ သို့သော်လည်း အချို့လွှတ်တော်ကိုယ်စားလှယ်တွေဟာ အပြင်မှာနာမည်ပျက်စာရင်းရှိပြီး ပေါ်ပြူလာဖြစ်ခဲ့ကြသော်လည်း အပြင်မှာကတည်းက စိတ်ဓာတ်အခြေခံမကောင်းခဲ့ကြတဲ့အတွက် လွှတ်တော်အတွင်းမှာလည်း အကောင်းမြင် ၀ါဒမရှိဘဲ အဆိုးမြင်ဝါဒီသမားများအဖြစ်နဲ့သာ နိုင်ငံတော်အကြီးအကဲများစေတနာကိုမှမထောက် ထင်ရာပြောဆို နေကြာတတွေဟာ တကယ်တော့ တည်ငြိမ်နေတဲ့ နိုင်ငံရေးအခြေအနေကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ချက် တွေဖြစ်နေတာကြောင့် နိုင်ငံတော်ကိုတကယ်ချစ်တာလား၊ မိမိတို့ပါတီတွေ အာဏာရရေးလား၊ မိမိတို့အာဏာ ရရေးလားလို့ မေးခွန်းထုတ်ရမလိုဖြစ်နေပြီဗျာ

Friday, 6 July 2012

ကိုယ့်နိုင်ငံအကြောင်း ကောင်းကောင်းမသိသေးတဲ့ NLD နဲ့ အန်တီစု


          ဒီမိုကရေစီခေါင်းဆောင် အန်တီစုသည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု၊ အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါရဂူဆု၊ ပြင်သစ်နိုင်ငံရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုတွေ လက်ခံရယူရန်နဲ့ အင်္ဂလန်နိုင်ငံမှာ ရှိသော မိသားစုဝင်တွေနဲ့တွေ့ဆုံဖို့ ဥရောပတလွှား ၁၆ ရက်ကြာသွားရောက်ခဲ့ပြီး   ဇွန် ၃၀ ရက်နေ့မှာ      မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။   လေဆိပ်မှာလည်း အန်တီစုကို ထောက်ခံသူအချို့ရှိခဲ့သလို အန်တီစုကို  မကျေနပ်တဲ့  ပြည်သူအချို့ကလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။  
ဇူလိုင် ၃ ရက်နေ့မှာ ရွှေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်မှာ အဲဒီဥရောပခရီးစဉ်နဲ့ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်က သတိပေးထုတ်ပြန်ခဲ့သည့် “Burma”လို့ သုံးစွဲခဲ့တဲ့အကြောင်းရင်းကို ပထမဦးစွာ ရှင်းလင်းခဲ့ပါတယ်။  “Myanmar“ ကို “Burma” လို့ သုံးစွဲရခြင်းမှာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အင်္ဂလိပ်လို မရှိတဲ့အတွက် သုံးစွဲရတာဖြစ်ကြောင်း၊ နောက်ပြီး ဒီမိုကရေစီကျင့်စဉ်နဲ့ ဒီမိုကရေစီအခွင့်အရေးအရ “Burma” ဟု လွတ်လပ်စွာ ပြောဆိုသုံးနှုန်းနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ဟာ မြန်မာလိုရော၊အင်္ဂလိပ်လိုရော ရှိတယ်ဆိုတာ အန်တီစု နဲ့ NLD ဥပဒေပညာရှင် ဦးဥာဏ်ဝင်းတို့ တကယ်ပဲမသိတာလား။ ဒီစာအုပ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးလုံးနဲ့ ကျေးလက်ဒေသက ကျေးရွာစာကြည့်တိုက် တွေမှာတောင် ရှာလို့ရနိုင်တာကိုအင်္ဂလိပ်လို မရှိဘူးလို့ ပြီးစလွယ်ပြောလိုက်တာ ကတော့ အန်တီစုတို့အနေနဲ့  စာမဖတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။  ဒီမိုကရေစီခေါင်းဆောင်လို့ဆိုတဲ့ အန်တီစုတစ်ယောက် အခြေခံဥပဒေ အားကာကွယ်စောင့်ရှောက်ပါမည်လို့ လွှတ်တော်မှာ ကျမ်းကျိမ်ခဲ့ပေမဲ့ အဲဒီစာအုပ်ကို   မြင်ရောမြင်ဘူးရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။                 
ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် NLD နဲ့ အန်တီစုကို ထောက်ခံမဲ ပေးခဲ့ကြတဲ့ ပြည်သူတွေ အတွက်ကတော့ တော်တော်လေး ရင်လေးစရာပါပဲ။ နောက်ထပ်ပြီး “Burma” ကို “Myanmar” လို့ ပြောင်းခဲ့တဲ့ အချိန်က ပြည်သူ့ဆန္ဒမပါတဲ့အတွက် “Myanmar” လို့ မခေါ်ဆိုနိုင်ကြောင်း ပြောဆိုခဲ့တာ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံကို ကျွန်ပြုအုပ်ချုပ် ခဲ့တဲ့ အင်္ဂလိပ်တွေက Burma လို့အမည်ပေးခဲ့တာကရော ပြည်သူရဲ့ ဆန္ဒအရ ပေးခဲ့တာလားလို့ ပြန်မေးချင်ပါတယ်။ နောက်ပြီး “ဒီမိုကရေစီလမ်းစဉ်၊ ဒီမိုကရေစီ အခွင့်အရေးအရ” “Burma” လို့ လွတ်လွတ်လပ်လပ် ခေါ်ဆိုသုံးစွဲနိုင်ကြောင်း လည်းပြောကြားခဲ့ပါတယ်။ ဒီလိုပြောဆိုတာတွေက အန်တီစုအနေနဲ့ သူ့ဆွေမျိုးတွေဖြစ်တဲ့ အင်္ဂလိပ်ကိုလိုနီ တွေရဲ့အသုံးအနှုန်းနဲ့ ကိုလိုနီဘဝကို ပြန်လည်တမ်းတနေသလို ထင်မှတ်ရပါတယ်။ သူမ ပြောခဲ့သလိုပဲ လွတ်လွတ်လပ်လပ် ခေါ်ဆိုသုံးနှုန်းခွင့်သာ ရှိမယ်ဆိုရင် သူမနာမည် ဒေါ်အောင်ဆန်းစုကြည်လို့မခေါ်ဘဲ “ကုလား မယားစုကြည်” လို့ ခေါ်တာကို ကြည်ကြည်ဖြူဖြူ လက်ခံနိုင်ရမှာပေါ့။ ကိုယ့်တိုင်းရင်းသား ရခိုင်လူမျိုးဘက်က မရပ်တည်ဘဲ ဘင်္ဂါလီကုလားတွေဘက်က ရပ်တည် ခဲ့လို့  ရှစ်မိုင်လမ်းဆုံအနီးမှာ ရခိုင်လူမျိုး တစ်စုက “ကုလားမယား စုကြည်”လို့ ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒပြတာကို NLDပါတီဝင် လူတွေက ကိုယ်ထိလက်ရောက်စော်ကားခဲ့တယ်လို့ သိရပါတယ်။