Monday, 28 December 2015

ထိုင်းတွင် ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများအား ပြည်ဝင်ခွင့်ပိတ်ပင်သည့် သတ်မှတ်နှစ်များထုတ်ပြန်

ဗီဇာသက်တမ်းကျော် နေထိုင်သည့် ထိုင်းရောက် နိုင်ငံ ခြားသားများအနေဖြင့် ထိုင်းနိုင်ငံ အတွင်း ပြန်လည်ဝင်ရောက်ခွင့် အတွက် သက်တမ်းကျော်နေထိုင် မှုအပေါ်မူတည်၍ ပိတ်ပင်သည့် ကာလကို တစ်နှစ်မှ ၁၀ နှစ်အထိ ထိုင်းအစိုးရက သတ်မှတ်လိုက် ကြောင်း သတင်းရရှိသည်။ထိုင်းအစိုးရအနေဖြင့် ရွှေ့ ပြောင်းလုပ်သားနိုင်ငံခြားသား များ၏ ဗီဇာဖြင့် ၀င်ရောက်လုပ် ကိုင်မှုအပေါ် လုံခြုံရေးအကြောင်းပြချက်ဖြင့် အထက်ပါ သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖားကန့်မြေစာပုံပြိုသည့်ကိစ္စ နည်လမ်း(၃)ခုဖြင့် ဖြေရှင်းရန် အစိုးရ စီစဉ်နေ

ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုများကြောင့် ပြည်သူများ မကြာခန သေဆုံးခဲ့ကြရခြင်းနှင့် မြေသယ်ယာဉ်ကြီးများ ရောက်ရှိနေခြင်းတို့အပေါ် ပြည်သူလူထု၏ စိုးရိမ်ပူပန်နေမှုများအား နည်းလမ်း(၃)ခုဖြင့် ဖြေရှင်းမည်ဟု သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးက ပြောဆိုလိုက်သည်။
ဖြေရှင်းရန် စီစဉ်ထားသည့် နည်းလမ်း(၃)ခုမှာ နည်းလမ်း(၁)အနေဖြင့် လုံခင်း၊ ဖားကန့် ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းများကို လုံးဝ ပိတ်သိမ်းခြင်း သို့မဟုတ် နည်းလမ်း(၂) အနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) အမိန့်ထုတ်ပြန်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းခြင်း သို့မဟုတ် နည်းလမ်း(၃) အနေဖြင့် အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းတို့ဖြစ်သည်ဟု ဒုဝန်ကြီး ဦးသန်းထွန်းအောင်က ပြောသည်။

ငါ မသေဘူး ရေကူးတတ်တယ်

၂၀၁၅ ခုနှစ်ထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး လူတစ်ယောက်ကို ပြပါဆိုရင် ပြည်ထောင်စု လွှတ်တော် နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို ပြရမှာပဲ ဖြစ်ပါတယ်။ အခြားသူတွေနဲ့စာရင် သူ့ဘဝဟာ အတက်အကျ အလှုပ်အရမ်း အလွန်များခဲ့လို့ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလတုန်းကလည်း သူ ၀င်ရောက် အရွေးခံတဲ့ ဖြူးမြို့နယ်ဆီကို နိုင်ငံတကာ သတင်းမီဒီယာသမား အတော်များများ သွားရောက် သတင်းယူတာ တွေ့ကြရပါတယ်။ ရွေးကောက်ပွဲမှာ သူနိုင်ရင် ဘာဖြစ်မှာလဲ၊ သူရှုံးရင် ဘာဖြစ်မှာလဲ စသဖြင့် ဝေဖန်ဆွေးနွေးကြတာလဲ အလွန်များပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း စိတ်ဝင်စားဖို့ အကောင်းဆုံး သူရဦးရွှေမန်းအကြောင်း ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်ပါ။

ဆန္ဒပြမှုများကြောင့် ရန်ကုန်ရှိ ထိုင်းသံရုံးက Consular Section ကို သုံးရက်ပိတ်

ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သော သတင်းအား မြင်တွေ့ရစဉ်
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်တွင် သေဒဏ် ချမှတ်ခြင်း ခံရသော မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ် ချမှတ်ခဲ့သည့်အပေါ် ဆန္ဒပြမှုများ သံရုံးပြင်ပတွင် ဆက်လက် ဖြစ်ပွားနေသဖြင့် ရန်ကုန်ရှိ ထိုင်းသံရုံးက ၎င်းတို့၏ Consular Section ကို ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ပိတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။

Space X ကုမ္ပဏီ၏ ဒုံးပျံ ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့

ဒီဇင်ဘာ ၂၁ ရက်က ကိတ်ကင်နာဗာရယ် စခန်းသို့ တည့်တည့်မတ်မတ် ပြန်လည် ဆင်းသက်လာနိုင်သည့် Falcon 9 ဒုံးပျံကို တွေ့ရစဉ်
ဒီဇင်ဘာ ၂၂ ရက်တွင် Space X ကုမ္ပဏီ၏ အားကောင်းလှသော Falcon 9 ဒုံးပျံသည် ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ခြင်းသည် ဒုံးပျံများကို လေယာဉ်ပျံများကဲ့သို့ ပြန်လည် အသုံးပြုနိုင်သောကြောင့် ကုန်ကျစရိတ် သက်သာစေသည့်အတွက် အာကာသ ခရီးစဉ်တွင် အဓိက သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်လာသည်။
မည်းမှောင်သော ကောင်းကင်ကို နောက်ခံထားလျက် လိမ္မော်ရောင် တောက်ပသော လောင်ကျွမ်းမှုနှင့်အတူ Falcon 9 ဒုံးပျံသည် အာကာသသို့ ထွက်ခွာသွားပြီးနောက် ဖလော်ရီဒါပြည်နယ် ကိတ်ကင်နာဗာရယ် စခန်းသို့ တည့်တည့်မတ်မတ် ပြန်၍ကျလာသည်။ ယင်းသည် ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ ဂြိုဟ်တုများကို သယ်ဆောင်သွားပြီးနောက် မိနစ်ပိုင်း အကြာတွင် ပြန်လည် ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။

Space X ကုမ္ပဏီ၏ ဒုံးပျံ ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့

ဒီဇင်ဘာ ၂၁ ရက်က ကိတ်ကင်နာဗာရယ် စခန်းသို့ တည့်တည့်မတ်မတ် ပြန်လည် ဆင်းသက်လာနိုင်သည့် Falcon 9 ဒုံးပျံကို တွေ့ရစဉ်
ဒီဇင်ဘာ ၂၂ ရက်တွင် Space X ကုမ္ပဏီ၏ အားကောင်းလှသော Falcon 9 ဒုံးပျံသည် ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ခြင်းသည် ဒုံးပျံများကို လေယာဉ်ပျံများကဲ့သို့ ပြန်လည် အသုံးပြုနိုင်သောကြောင့် ကုန်ကျစရိတ် သက်သာစေသည့်အတွက် အာကာသ ခရီးစဉ်တွင် အဓိက သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်လာသည်။

ဆိုက္ကားနင်း လုပ်သားများထက် နိမ့်ကျသည့် ဘ၀များ မြန်မာနိုင်ငံတွင် များစွာ ရှိနေ၍ နိုင်ငံ့ အပြောင်းအလဲအတွက် NLD ကို ၀န်းရံခဲ့ခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဆိုက္ကားဆရာများ ပြောကြား

ဒီဇင်ဘာ ၂၆ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တိုင်းရှိ ဆိုက္ကားဆရာများ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
ဆိုက္ကားနင်း လုပ်သားများထက် နိမ့်ကျသည့် ဘ၀များ မြန်မာနိုင်ငံတွင် များစွာ ရှိနေ၍ နိုင်ငံ့ အပြောင်းအလဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ၀န်းရံခဲ့ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနှေးယာဉ်လုပ်သား ဆိုက္ကားဆရာကြီးများအား ဂုဏ်ပြုသည့် အခမ်းအနားတွင် ဆိုက္ကားဆရာများက ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရေး ၀န်းရံခဲ့သည့် အကြောင်းရင်းများကို တင်ပြပြောကြားခဲ့သည်။

ဆန္ဒပြမှုများကြောင့် ရန်ကုန်ရှိ ထိုင်းသံရုံးက Consular Section ကို သုံးရက်ပိတ်

ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သော သတင်းအား မြင်တွေ့ရစဉ်
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်တွင် သေဒဏ် ချမှတ်ခြင်း ခံရသော မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ် ချမှတ်ခဲ့သည့်အပေါ် ဆန္ဒပြမှုများ သံရုံးပြင်ပတွင် ဆက်လက် ဖြစ်ပွားနေသဖြင့် ရန်ကုန်ရှိ ထိုင်းသံရုံးက ၎င်းတို့၏ Consular Section ကို ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ပိတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။

ကယားပြည်နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများကို ဆေးပြား ထုတ် လုပ်သော စက်ငယ်များဖြင့် အိမ်တွင်းမှု လုပ်ငန်းကဲ့သို့ လုပ်ဆောင်မှုများ ရှိနေဟု ဆို

ကယားပြည်နယ် အတွင်း၌ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ အလေးချိန် ပုံမှန်ထက် လျော့နည်းနေပြီး ဆေးပြားထုတ်လုပ်သော စက်ငယ်များဖြင့် အိမ်တွင်းမှု လုပ်ငန်းကဲ့သို့ လုပ်ဆောင်နေသောကြောင့် ဖြစ်နိုင်ကြောင်း ကရင်နီပြည် လူငယ်များသမဂ္ဂနှင့် မူးယစ်အရာရှိများက ပြောကြားသည်။

တအိမ်ထောင် ကလေးတယောက် မူဝါဒ တရုတ် ဖျက်သိမ်း

တရုတ်နိုင်ငံမှာ တအိမ်ထောင်ကလေးတယောက် မူဝါဒကို တရားဝင်အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ နိုင်ငံတွင်း အသက်အရွယ်ကြီးသူဦးရေတိုးလာတာနဲ့ အလုပ်သမားလျော့ပါးလာတာကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားတဲ့အနေနဲ့ အိမ်ထောင်ပြုထားတဲ့ဇနီးမောင်နှံတွေကို ဒုတိယမြောက်ကလေးယူခွင့် ဥပဒေကို ဒီဇင်ဘာလ (၂၇)ရက်နေ့က လွှတ်တော်မှာ လက်မှတ်ရေးထိုးပြဌာန်းလိုက်ပါတယ်။

Sunday, 27 December 2015

MS Volendam သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်

ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမှ ထွက်ခွာလာသော ကမ္ဘာလှည့်ခရီးသည်တင်သင်္ဘော MS Volendam သည် ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းသို့ ယနေ့နံနက်ပိုင်းက ရောက်ရှိလာရာ ကပ္ပတိန် နှင့် ခရီးသွားဧည့်သည်များအား ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည့် ငွေတောင်ပြည်

ကန္ဒာရဝတီတိုင်း သို့မဟုတ် ကယားပြည်နယ်သည် မြန်မာနိုင်ငံအရှေ့ဘက်တွင်တည်ရှိနေသော အဓိကပြည်နယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏အလင်းရောင်ခြည်၊ လျှပ်စစ်ဓာတ်အားကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးနေသည့် ပြည်နယ် တစ်ခုလည်းဖြစ်ပါသည်။ တစ်ပြည်နယ်လုံး၏လူဦးရေသည် သုံးသိန်းနီးပါးခန့်သာရှိပြီး ကယားလူမျိုး ကိုးမျိုးနှင့် ရှမ်း၊ ဗမာစသည့် တိုင်းရင်းသားပေါင်းစုံနေထိုင်ရာ ပြည်နယ်တစ်ခုလည်းဖြစ်သည်။ ကယားတိုင်းရင်းသားများသည် တောင်ယာစိုက်ပျိုးမှု လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး အေးချမ်းစွာနေထိုင်ကြသည့် လူမျိုးများဖြစ်ကြသည်။

ဘူဆန် အနုပညာ ယဉ်ကျေးမှုအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr.Song Young – Myung နှင့် တွေ့ဆုံမေးမြန်းခြင်း

ယခု ၂၀၁၅ ခုနှစ်သည် ကိုရီးယား- မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့် နှစ်တစ်နှစ် ဖြစ်ပါသည်။ ယခုနှစ်ပိုင်းအတွင်း အနုပညာနှင့် ပတ်သက်သည့် ကိုရီးယား- မြန်မာ ချစ်ကြည်ရေးပန်းချီပြပွဲများ ကျင်းပနိုင်ခဲ့ပြီး ပြီးခဲ့သည့်ဒီဇင်ဘာ ၇ ရက်တွင် ကိုရီးယား- မြန်မာ နှစ်နိုင်ငံ ပန်းချီအနုပညာ လှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပန်းချီမင်းဝေအောင်၏ New Treasure Gallery နှင့် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ အနုပညာ ယဉ်ကျေးမှုအဖွဲ့ချုပ်တို့ MoU ရေးထိုးခဲ့ကြသည်။ သဘောတူ စာချုပ်လက်မှတ် ရေးထိုးခြင်းနှင့် ပတ်သက်၍ ဆက်လက်ပြုလုပ်သွားမည့် အနုပညာ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ဘူဆန် အနုပညာယဉ်ကျေးမှုအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr.Song Young – Myung နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

IS ခေါင်းဆောင်က ဆော်ဒီတွင် လူထုအုံကြွမှု ပြုလုပ်ရန် တိုက်တွန်းပြီး အစ္စရေးကို တိုက်ခိုက်မည်ဟု ကတိပြု

အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ (IS) ၏ သိုဝှက်စွာ နေထိုင်လေ့ရှိသော အဖွဲ့ခေါင်းဆောင် အဘူဘာကာအယ်ဘဂ္ဂဒက်ဒီသည် ဒီဇင်ဘာ ၂၆ ရက်က ထွက်လာသော အသံမိန့်ခွန်းထဲတွင် ဆော်ဒီအာရေဗျ နိုင်ငံထဲ၌ လူထုအုံကြွမှုတစ်ခု ပြုလုပ်ရန် ဆော်သြခဲ့ပြီး အစ္စရေးကို တိုက်ခိုက်မည်ဟု ကတိပြုခဲ့သည်။
၂၄ မိနစ် ကြာမြင့်သည့် ထိုအသံမိန့်ခွန်းသည် ခုနစ်လအတွင်း ဘဂ္ဂဒက်ဒီ၏ ပထမဆုံး အသံမိန့်ခွန်း ဖြစ်သည်။ ထိုခုနစ်လတာ ကာလအတွင်း IS တို့သည် အီရတ်နှင့် ဆီးရီးယားတို့တွင် ထိုးနှက်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအသံ မိန့်ခွန်းထဲတွင် ပြောကြားသူမှာ ဘဂ္ဂဒက်ဒီ ဟုတ်မဟုတ် အတည်ပြုနိုင်သည့် နည်းလမ်း မရှိသော်လည်း မိန့်ခွန်းပြောခဲ့သော အသံသည် ဘဂ္ဂဒက်ဒီ၏ ယခင်မိန့်ခွန်းများထဲမှ အသံနှင့် ဆင်တူနေသည်။ အဆိုပါ အသံမိန့်ခွန်းကို မည်သည့်အချိန်က ပြောကြားခဲ့ကြောင်း မသိရသော်လည်း မိန့်ခွန်းထဲတွင် ဒီဇင်ဘာ ၁၅ ရက်က ဆော်ဒီ ဦးဆောင်ဖွဲ့စည်းခဲ့သော နိုင်ငံပေါင်း ၃၄ နိုင်ငံ ပါဝင်သည့် IS ဆန့်ကျင်ရေး ညွန့်ပေါင်းအဖွဲ့ အကြောင်းကို ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ့ အားကစားလောကထဲက ပန်းပွင့်လေးများ

မြန်မာ့အားကစားလောကမှာ ထင်ရှားကျော်ကြားတဲ့ အမျိုးသမီး အားကစားသမားတွေဟာ ခေတ်အဆက်ဆက်မှာ ရှိခဲ့ကြပါတယ်။ မိမိတို့ဝါသနာပါတဲ့အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ကြ သလို ကြိုးပမ်းနေကြဆဲဖြစ်တဲ့ မြန်မာအမျိုးသမီးငယ်တွေအတွက် မြန်မာ့လူမှုအသိုင်းအ၀န်းကတော့ ဂုဏ်ယူချီး မြောက်အားပေးမှုထက် အပြစ်တင်ဝေဖန်ကြတာပိုများပါတယ်။
အမျိုးသမီးအားကစားသမားတွေအတွက်တော့ ပရိသတ်အားပေးမှုရဖို့ဆိုတာထက် ကိုယ့်မိသားစုရဲ့အားပေးမှု ကိုရဖို့တောင် မလွယ်ကူလှပါဘူး။ တစ်ချို့အားကစားမယ်တွေဆိုရင် သူတို့ဘ၀တစ်ခုလုံးကို အားကစားထဲမှာပဲ နှစ်မြှုပ်ထားပြီး အနားယူချိန်မှာ ဘ၀ရပ်တည်မှုအတွက် အခက်အခဲတွေနဲ့တောင် ရင်ဆိုင်နေရတာပါ။

မြန်မာ-ထိုင်း နယ်စပ်မြို့များ လုံခြုံရေးတိုးမြှင့်

မြန်မာလုပ်သားနှစ်ဦး အား ထိုင်းတရားရုံးက သေဒဏ် ချမှတ်လိုက်ခြင်းကြောင့် ဆန္ဒဖော် ထုတ်မှုများ အရှိန်မြင့်နေချိန်တွင် မြန်မာ-ထိုင်း နယ်စပ်မြို့များ၌ လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
လိပ်ကျွန်းလူသတ်မှုအ တွက် မြန်မာနိုင်ငံသား ဇော်လင်း နှင့် ဝင်းဇော်ထွန်းတို့ကို ထိုင်းတရားရုံးက သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်ထားခြင်းသည် တရားမျှတမှုမရှိဟု မြန်မာနိုင်ငံသားများက ယုံကြည်နေပြီး မြန်မာ-ထိုင်း နယ်စပ်မြို့များအပြင် မြို့ကြီးများ၌ ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်နေသည်။

ရိုးရာမပျက်တဲ့ ပုသိမ်ထီး

မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအရ ခရီးတစ်ခု ထွက်အပြီး နေရပ်အပြန်တွင် အိမ်ပြန်လက်ဆောင်ဆိုသည့် လက်ဆောင် ပစ္စည်းများကို ၀ယ်ယူသွားလေ့ရှိသည်မှာ ဓလေ့တစ်ခု ဖြစ်သည်။ မြန်မာပြည်၏ နေရပ်ဒေသ အသီးသီးတွင် ဒေသထွက် ရိုးရာအစားအစာများ လက်ဆောင် ပစ္စည်းများက နေရာတစ်ခုနှင့်တစ်ခု မတူကွဲပြားစွာ ရှိတတ်ကြသည်။ဧရာဝတီတိုင်း ဒေသကြီး၏ ပုသိမ်မြို့ကို လာရောက် လည်ပတ်သည့် ခရီးသွားတိုင်း အမှတ်တရ အိမ်ပြန်လက်ဆောင်ဟုဆိုသည်နှင့် မလွှဲမသေ မြင်ယောင်ကြသည်မှာ ပုသိမ်ဟာလ၀ါနှင့် ပုသိမ်ထီးသာ ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် NCA လက်မှတ်မထိုးသော ၁၀ ဖွဲ့ပါ ဖိတ်ကြားမည်

NCA ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို နိုင်ငံတော်သမ္မတအား ပေးအပ်သည့်အခမ်းအနားတွင် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်ပါတီများမှ တာဝန်ရှိသူများကို လိုက်လံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - MPC)
မကြာမီ စတင်ကျင်းပ ရန် အစိုးရက ပြင်ဆင်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် လေ့ လာသူ အထူးဧည့်သည်များအ ဖြစ် တက်ရောက်ရန် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကိုလည်းဖိတ်ကြားသွားမည်ဖြစ်ကြောင်း MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

ကန်ဒေါ်လာနှစ်သန်းကျော် ကုန်ကျမည့် ရန်ကုန်ဘောလုံးအကယ်ဒမီ ဒီဇင်ဘာနောက်ဆုံးပတ်၌ တည်ဆောက်မည်

လူငယ်မျိုးဆက်သစ် ဘောလုံးသမားများမွေးထုတ်ပေး ရန် ရည်ရွယ်သည့် မြန်မာဘောလုံး အကယ်ဒမီ(ရန်ကုန်) နှစ်ထပ်အဆောက်အအုံကို ဒီဇင်ဘာနောက်ဆုံးပတ်တွင် စတင်တည်ဆောက် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။မြက်ခင်းတု လေ့ကျင့်ရေး ကွင်းများ အပါအ၀င် စုစုပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ကုန်ကျမည့် ရန်ကုန်ဘောလုံးအကယ်ဒမီအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်(ဖီဖာ)မှ Gola Project-5 အစီအစဉ်ဖြင့် ကန်ဒေါ်လာငါးသိန်းပံ့ပိုးထားပြီး ကျန်ကုန်ကျစရိတ် ကန်ဒေါ်လာ နှစ်သန်းခန့်ကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တည် ထောင်ထားသည့် ဧရာဝတီဖောင် ဒေးရှင်းက ပံ့ပိုးလှူဒါန်းငွေဖြင့် တည်ဆောက်မည်ဖြစ်သည်။

နှစ်သစ်ကူးကာလတွင် ဥရောပမြို့ကြီးများ တိုက်ခိုက်ခံရနိုင်ဖွယ်ရှိဟု သြစတြီးယားရဲတပ်ဖွဲ့ ပြောကြား

နှစ်သစ်ကူးမတိုင်မီတွင် ဥရောပမြို့ကြီးများ၌ ပစ်ခတ်မှုနှင့် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်နိုင်ခြေရှိသည်ဟု ထောက်လှမ်းရေးဌာနတစ်ခုက သတိပေးထားကြောင်း သြစတြီးယား ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၆ရက်နေ့က ပြောကြားခဲ့သောကြောင့် ဥရောပတစ်လွှားရှိ ရဲတပ်ဖွဲ့များက လုံခြုံရေးကို တိုးမြှင့်ထားခဲ့ကြသည်။
ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်သူတွေရဲ့ အမည်စာရင်းကို ဖော်ထုတ်ပြီး စစ်ဆေးနေပါတယ်။ ဒီစစ်ဆေးချက်တွေအပေါ် အခြေခံပြီး စုံစမ်းနေပေမယ့်လည်း အခုအချိန်အထိတော့ ခိုင်လုံတဲ့ ရလဒ်တွေ ထွက်မလာသေးပါဘူးဟု ဗီယင်နာ ရဲတပ်ဖွဲ့က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ယခုကြေညာချက်မှာ အနည်းဆုံး လူပေါင်း ၁၃၀သေဆုံးခဲ့ရသည့် ပါရီတိုက်ခိုက်မှုများအပြီး ရက်သတ္တ၆ပတ်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။