လာမည့်ရွေးကောက်ပွဲ တွင် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ အ နိုင်ရရှိပြီး လွှတ်တော်အတွင်းသို့ အင် အားများများရောက်ရှိအောင် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိစေရန်အတွက် လူထုကို စည်း ရုံးရမည်ဖြစ်ကြောင်း ၈၈ မျိုး ဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးမြအေးက ပြောသည်။
သြဂုတ် ၉ ရက်က နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နှင့် Triangle Women Support Group တို့ ပူးပေါင်းကျင်းပသည့် ‘ရွေးကောက်ပွဲက ပြည်သူ့လိုလား ချက်တွေကို ဘယ်လောက်ဖြည့် စွမ်းနိုင်မှာလဲ’ဟူသည့်ခေါင်းစဉ် ဖြင့် ဟောပြောဆွေးနွေးပွဲတွင် ဦးမြအေးက ယင်းသို့ ပြောသည်။
Friday, 14 August 2015
Thursday, 13 August 2015
ဧရာဝတီတိုင်းတွင် ရေဘေးကြောင့် ကျပ် ၁၈ ဘီလီယံခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုင်း အစိုးရအဖွဲ့ ထုတ်ပြန်
ပြီးခဲ့သည့် ရက်ပိုင်းအ တွင်း ဖြစ်ပွားခဲ့သော ရေကြီးရေ နစ်မြုပ်မှုများကြောင့် ဧရာဝတီ တိုင်းတွင် ရေဘေးသင့် အိမ်ထောင်စုပေါင်း တစ်သိန်းခန့် ရေ ဘေးသင့်ခဲ့ပြီး ကျပ် ၁၈ ဘီလီယံ ခန့် ပျက်စီးဆုံးရှုံးကာ လူအသေ အပျောက်မရှိကြောင်း ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့က သ တင်းထုတ်ပြန်သည်။
အထက်ဘက်မှ ကျဆင်းလာသည့် ရေများသည် ဧရာဝတီတိုင်းသို့ ဇူလိုင် ၃၀ ရက်တွင် စတင်ဝင်ရောက်ခဲ့သည်။ ဧရာဝတီတိုင်း မြောက်ပိုင်းမြို့များသို့ ရေစတင် လွှမ်းမိုးခဲ့ပြီးနောက် တဖြည်းဖြည်းအောက်ဘက်ရှိ မြို့များသို့ ဆက် လက်စီးဆင်းလာခဲ့ရာ ကျောင်း ကုန်း၊ ရေကြည်၊ ကျုံပျော်၊ သာ ပေါင်းနှင့် ပုသိမ်မြို့များ ရေလွှမ်းမိုးခဲ့ပြီး လက်ရှိအထိ ရေလွှမ်းမိုးနေဆဲ ဖြစ်သည်။
ဧရာဝတီတိုင်းတွင် ခရိုင် ခြောက်ခုရှိသည့်အနက် ပုသိမ်၊ ဟင်္သာတ၊ မအူပင်ခရိုင်တို့ရှိ မြို့ ၁၇ မြို့ ရေလွှမ်းမိုးခဲ့ရပြီး လယ်မြေ ၂၃၀,၇၅၁ ဧက ရေလွှမ်းမိုးခံရကာ ၄၇,၂၆၀ ဧက ပျက်စီးဆုံးရှုံးခဲ့ ကြောင်း အဆိုပါစာရင်းဇယား များအရ သိရသည်။
အထက်ဘက်မှ ကျဆင်းလာသည့် ရေများသည် ဧရာဝတီတိုင်းသို့ ဇူလိုင် ၃၀ ရက်တွင် စတင်ဝင်ရောက်ခဲ့သည်။ ဧရာဝတီတိုင်း မြောက်ပိုင်းမြို့များသို့ ရေစတင် လွှမ်းမိုးခဲ့ပြီးနောက် တဖြည်းဖြည်းအောက်ဘက်ရှိ မြို့များသို့ ဆက် လက်စီးဆင်းလာခဲ့ရာ ကျောင်း ကုန်း၊ ရေကြည်၊ ကျုံပျော်၊ သာ ပေါင်းနှင့် ပုသိမ်မြို့များ ရေလွှမ်းမိုးခဲ့ပြီး လက်ရှိအထိ ရေလွှမ်းမိုးနေဆဲ ဖြစ်သည်။
ဧရာဝတီတိုင်းတွင် ခရိုင် ခြောက်ခုရှိသည့်အနက် ပုသိမ်၊ ဟင်္သာတ၊ မအူပင်ခရိုင်တို့ရှိ မြို့ ၁၇ မြို့ ရေလွှမ်းမိုးခဲ့ရပြီး လယ်မြေ ၂၃၀,၇၅၁ ဧက ရေလွှမ်းမိုးခံရကာ ၄၇,၂၆၀ ဧက ပျက်စီးဆုံးရှုံးခဲ့ ကြောင်း အဆိုပါစာရင်းဇယား များအရ သိရသည်။
ရွှေလီဦးယာဉ်လိုင်း ပြေးဆွဲခွင့် ယာယီပိတ်သိမ်း
အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူကိုးဦးသေဆုံးခဲ့သော ရွှေလီဦး အဝေးပြေးယာဉ်လိုင်းကို ပြေးဆွဲခွင့် ယာယီပိတ်သိမ်းထားကြောင်း သတင်းရရှိသည်။
သြဂုတ် ၁၀ ရက် ညနေက အမြန်လမ်း မိုင်တိုင်အမှတ် (၁၀၅/၂)တွင်လူကိုးဦးသေဆုံးမှု ဖြစ်ပွားစေခဲ့သော ရွှေလီဦး အဝေးပြေးယာဉ်လိုင်းကို ယာယီ ပိတ်သိမ်းထားရန် ရန်ကုန်တိုင်း ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန က မထသအဝေးပြေးရုံးချုပ်သို့ သြဂုတ် ၁၁ရက်၌ အကြောင်းကြားထားကြောင်း အဆိုပါရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘ရွှေလီဦး ယာဉ်လိုင်းမထွက် ဖို့၊ ယာယီပိတ်သိမ်းထားဖို့ ညွှန် ကြားထားတာ ရှိတယ်။ ဒါပေမဲ့ တရားဝင်တော့ စာမထွက်သေး ဘူး။ ယာယီ ပိတ်သိမ်းထားဖို့ပဲ ပြောထားတာပါ’’ ဟု မထသအ ဝေးပြေးရုံးချုပ်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ယာဉ်လိုင်း ယာယီပိတ် သိမ်းခံရခြင်းနှင့် ပတ်သက်၍ ရွှေ လီဦး အဝေးပြေးယာဉ်လိုင်း ရန်ကုန်ရုံးသို့ ဆက်သွယ်မေးမြန်းရာ ‘‘ယာဉ်မထွက်ဖို့တော့ လာပြောထားတယ်။ တရားဝင်စာနဲ့ လာပြောတာတော့ မဟုတ်ဘူး။ အခုလောလောဆယ်တော့ ယာဉ်မထွက်သေးပါဘူး’’ဟု ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
သြဂုတ် ၁၀ ရက် ညနေက အမြန်လမ်း မိုင်တိုင်အမှတ် (၁၀၅/၂)တွင်လူကိုးဦးသေဆုံးမှု ဖြစ်ပွားစေခဲ့သော ရွှေလီဦး အဝေးပြေးယာဉ်လိုင်းကို ယာယီ ပိတ်သိမ်းထားရန် ရန်ကုန်တိုင်း ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန က မထသအဝေးပြေးရုံးချုပ်သို့ သြဂုတ် ၁၁ရက်၌ အကြောင်းကြားထားကြောင်း အဆိုပါရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘ရွှေလီဦး ယာဉ်လိုင်းမထွက် ဖို့၊ ယာယီပိတ်သိမ်းထားဖို့ ညွှန် ကြားထားတာ ရှိတယ်။ ဒါပေမဲ့ တရားဝင်တော့ စာမထွက်သေး ဘူး။ ယာယီ ပိတ်သိမ်းထားဖို့ပဲ ပြောထားတာပါ’’ ဟု မထသအ ဝေးပြေးရုံးချုပ်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ယာဉ်လိုင်း ယာယီပိတ် သိမ်းခံရခြင်းနှင့် ပတ်သက်၍ ရွှေ လီဦး အဝေးပြေးယာဉ်လိုင်း ရန်ကုန်ရုံးသို့ ဆက်သွယ်မေးမြန်းရာ ‘‘ယာဉ်မထွက်ဖို့တော့ လာပြောထားတယ်။ တရားဝင်စာနဲ့ လာပြောတာတော့ မဟုတ်ဘူး။ အခုလောလောဆယ်တော့ ယာဉ်မထွက်သေးပါဘူး’’ဟု ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
အိမ်ပြန်ချိန် မျှော်လင့်နေဆဲ မလေးရှား ထိန်းသိမ်းရေးစခန်းထဲက မြန်မာများ
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့ကြုံတွေ့နေရသော နေထိုင် စားသောက်ရေး အခက်အခဲများကြောင့် ဇာတိရပ်ရွာသို့ ပြန်လိုကြသော်လည်း မပြန်နိုင်ကြသေးပေ။
ထိန်းသိမ်းခံထားရသူများသည် မလေးရှားနိုင်ငံ၌ တရားမ၀င် နေထိုင်ခြင်း အပါအ၀င် ဥပဒေတခုခု ငြိစွန်း၍ ဖမ်းဆီးထောင်ချ ခံခဲ့ရပြီး နောက် ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ခံရသူများ ဖြစ်ကြပြီး မိခင်နိုင်ငံသို့ ပြန်လိုပါက မြန်မာနိုင်ငံသားဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထားများနှင့် ခရီးစရိတ်ရှိရန် လိုအပ်နေသည်။
ထိန်းသိမ်းခံထားရသူများသည် မလေးရှားနိုင်ငံ၌ တရားမ၀င် နေထိုင်ခြင်း အပါအ၀င် ဥပဒေတခုခု ငြိစွန်း၍ ဖမ်းဆီးထောင်ချ ခံခဲ့ရပြီး နောက် ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ခံရသူများ ဖြစ်ကြပြီး မိခင်နိုင်ငံသို့ ပြန်လိုပါက မြန်မာနိုင်ငံသားဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထားများနှင့် ခရီးစရိတ်ရှိရန် လိုအပ်နေသည်။
ပြည်ခိုင်ဖြိုးပါတီတွင်း ခေါင်းဆောင်ပိုင်း နေရာပြန်လည်ဖွဲ့စည်းမှုပြုလုပ်
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှာ မနေ့ညက ပါတီညီလာခံနှင့် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲအပြီး အခြေအနေ တင်းမာမှုနှင့် ရှုပ်ထွေးမှုများ ဖြစ်ပွားနေတယ်လို့ ဗွီအိုအေက သတင်းရရှိထားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကိုဝင်းမင်းက ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး - ၀န်ကြီးဦးရဲထွဋ်ခင်ဗျာ ကျနော်တို့ မနေ့ညကပေါ့နော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ ၀င်ရောက်မှုနဲ့ စစ်ဆေးမှုတွေ ရှိတယ်လို့ ကြားသိရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးရဲထွဋ် ပြောပြနိုင်သလောက်လေး ရှင်းပြပေးပါလား။
ဖြေ - ကျနော်တို့ကတော့ဗျာ အဲဒီပါတီဝင် မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဖြစ်စဉ်တော့ ကျနော် အသေးစိတ်မသိပါဘူး။ သို့သော် ကျနော်တို့ အကြမ်းမျဉ်းသိရတာကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွင်းမှာ ခေါင်းဆောင်ပိုင်းနေရာတွေ ပြန်လည် ဖွဲ့စည်းမှုတခု လုပ်နေတယ်လို့တော့ ကျနော်တို့ သိရပါတယ်။ အဲဒါတော့ ကျနော်တို့ ကြားရတဲ့သတင်းပေါ့။
မေး - ၀န်ကြီးဦးရဲထွဋ်ခင်ဗျာ ကျနော်တို့ မနေ့ညကပေါ့နော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ ၀င်ရောက်မှုနဲ့ စစ်ဆေးမှုတွေ ရှိတယ်လို့ ကြားသိရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးရဲထွဋ် ပြောပြနိုင်သလောက်လေး ရှင်းပြပေးပါလား။
ဖြေ - ကျနော်တို့ကတော့ဗျာ အဲဒီပါတီဝင် မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဖြစ်စဉ်တော့ ကျနော် အသေးစိတ်မသိပါဘူး။ သို့သော် ကျနော်တို့ အကြမ်းမျဉ်းသိရတာကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွင်းမှာ ခေါင်းဆောင်ပိုင်းနေရာတွေ ပြန်လည် ဖွဲ့စည်းမှုတခု လုပ်နေတယ်လို့တော့ ကျနော်တို့ သိရပါတယ်။ အဲဒါတော့ ကျနော်တို့ ကြားရတဲ့သတင်းပေါ့။
Wednesday, 12 August 2015
ဒုက္ခ ရွှံ့နွံဝေ
အပြာရောင်တောင်တန်းများ ပတ်လည်ဝန်းရံထားသည့် ကလေးမြို့တွင် ဇူလိုင်လကုန်၌ ရွာသွန်းခဲ့သော မုတ်သုံမိုးကြောင့် နှစ်ပေါင်းတစ်ရာအတွင်း မြို့ထက်ဝက်ကျော်ကို ရေလွှမ်းသည့်အဆိုးရွားဆုံးအဖြစ်စံချိန်တင်ခဲ့သော သဘာဝဘေး ကြုံတွေ့ခဲ့ရသည်။
ယခုရေကြီးမှုတွင် ကလေးမြို့ဒေသခံများအတွက် ကြိုတင် ပြင်ဆင်ချိန်မရခဲ့သောကြောင့် ဆုံးရှုံးမှုပိုမိုများပြားခဲ့သည်။ ရေလွှမ်းခဲ့ခြင်းကြောင့် ကလေးမြို့နယ်အတွင်း ရပ်ကွက်ကိုးခုနှင့် ကျေးရွာပေါင်း ၆၂ ရွာ ရေနစ်မြုပ်ခဲ့သည်ဟု ဒေသ အာဏာပိုင်များက ထုတ်ပြန်ထားသည်။
‘‘အဒေါ့်တစ်သက်မှာ ဒီလိုမျိုး ပထမဦးဆုံးအကြိမ်ကြုံဖူးတာပါ။ တစ်ခါမှ ဒီလိုဖြစ်မယ်လို့ မထင်ထားဘူး။ ဘာမှလည်း ကြိုတင်ပြင်ဆင်မလုပ်နိုင်ခဲ့ဘူး’’ဟု ပျဉ်းတောဦးဒုက္ခသည်စခန်းမှ အသက်(၇၆)နှစ်အရွယ် အဘွား ဒေါ်မြိုင်က ခေါက်ဆွဲချဉ်စပ်အရည်စမ်းထားသည့် ထမင်းကို စားရင်း ဘေးဆိုးနှင့် ရင်ဆိုင်ခဲ့ရပုံကို ပြောသည်။
ရေဘေးကြောင့် ကလေးမြို့နယ်အတွင်း လယ်မြေဧက ရှစ်သောင်းသုံးထောင်ကျော် ရှိသည့်အနက် လယ်မြေဧကလေးသောင်းခွဲကျော် ရေနစ်မြုပ်ခဲ့သည်။ လူဦးရေလေးသောင်းခန့် ရေဘေးဒုက္ခသည်ဖြစ်ခဲ့ပြီး အိမ်ခြေသုံးရာကျော် ရေမျောခဲ့ရသည်။
ဒီချုပ် နှင့် ၈၈ တို့၏ ကတ္တီပါလမ်းခွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို နှစ်ပေါင်း ၂၀ ကျော် တောက်လျှောက် ၀န်းရံခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် လူထု ထောက်ခံမှုရရှိထားသူအချို့ကို ဒီချုပ်က ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းမရှိသည့်အတွက် ဒီမိုကရက်တစ်အင်အားစုများအကြား မျက်စိလည်စရာဖြစ်သွားသည်။
ဒီချုပ်ဆိုလျှင် လူထုထောက်ခံမှုအမြဲတစေရနေသည့် အခြေအနေမှ တိုင်းနှင့်ပြည်နယ်အချို့တွင် ကိုယ်စားလှယ်လောင်းစာရင်းကြောင့် မကျေနပ်သည့် ဒေသခံ နှင့် ပါတီဝင်များ၏ ဆန္ဒထုတ်ဖော် မှုများရှိလာခဲ့သည်။
ပြည်သူထောက်ခံမှုရရှိထား ပြီး နိုင်ငံရေးဖြတ်သန်းမှုနောက်ခံ သမိုင်းကြောင်းနှင့် နိုင်ငံရေးလုပ် ရည်ကိုင်ရည်ရှိသူများ ကိုယ်စားလှယ်လောင်းအဖြစ် မပါဝင်ခဲ့သည့်အပေါ် ၈၈ မျိုးဆက်၊ တိုင်း ရင်းသားများအပါအ၀င် ဒီမိုကရက်တစ်အင်အားစုတို့က ဒီချုပ်၏ ရွေးကောက်ပွဲနိုင်ငံရေးခြေလှမ်း နှင့် မဟာဗျူဟာတို့အပေါ် သံသယ ဖြင့် စောင့်ကြည့်မေးခွန်းထုတ်မှုများပင်ရှိလာခဲ့သည်။
လေဖိအားနည်းရပ်ဝန်းကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း မိုးရွာသွန်းမှုနှင့် လေပြင်းအန္တရာယ်ရှိ
ဘင်္ဂလားပင်လယ် အော်တွင် သြဂုတ် ၁၁ ရက် ညနေမှစတင်၍ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ယင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင် ကမ်းရိုးတန်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းကျမည့် အန္တရာယ်ရှိနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ချုပ် ဦးကျော်မိုးဦး က ပြောကြားသည်။
လေဖိအားနည်းရပ်ဝန်းသည်ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေပြီး အိန္ဒိယကမ်းခြေနှင့်နီးသော် လည်းမြန်မာနိုင်ငံဒေသအချို့၌ မိုးနှင့် လေပြင်းအန္တရာယ်ရှိနေသည်ဟုဦးကျော်မိုးဦးက ရှင်းပြသည်။
‘‘လေဖိအားနည်းရပ်ဝန်းက ဖြစ်ပြီ။ အခုက ဧရာဝတီဘက်မှာ ရေကြီးတဲ့ကာလက မပြတ်သေး တော့ ဒီတစ်ကြိမ်မိုးကိုတော့ သတိထားရဦးမယ်။ ရခိုင်ကမ်းရိုးတန်း ဘက်လည်း လေပြင်းသတိထားဖို့ အရေးကြီးပါတယ်။ ဒီလေဖိအား နည်းရပ်ဝန်းကို အချိန်ပြည့်စောင့် ကြည့်နေပြီး ထူးခြားတာနဲ့ သတင်း ထုတ်ပြန်ပေးမှာပါ’’ဟု ၎င်းက ပြောကြားသည်။
ပဏာမမြန်မာ့လက်ရွေးစင်အသင်းတွင် ယူ-၂၀နှင့် ယူ-၂၃အသင်းတို့မှ ကစားသမားများ ပါဝင်လာ
ကမ္ဘာ့ဖလားခြေစစ်ပွဲ နှင့် နိုင်ငံတကာခြေစမ်းပွဲများ ကစားရန် ပြင်ဆင်မည့် ပဏာမ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းကို ကစားသမား ၂၆ ဦးဖြင့်ဖွဲ့စည်းခဲ့ရာ ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲ ၀င်အသင်းနှင့် ဆီးဂိမ်းပြိုင်ပွဲဝင် ယူ-၂၃ အသင်းမှ ကစားသမား များ ပါဝင်လာသည်။
သြဂုတ် ၁၁ ရက်က ထုတ်ပြန်လိုက်သည့် ပဏာမလက်ရွေးစင် ကစားသမားစာရင်းတွင် ယူ-၂၀ အသင်းမှ ကစားသမား ခြောက်ဦး နှင့် ယူ-၂၃ အသင်းမှ ကစား သမား ကိုးဦးပါဝင်ခဲ့သည်။
ယခုဖွဲ့စည်းလိုက်သည့် လက်ရွေးစင်အသင်းကို သက် တမ်းသုံးခုဖြင့် ဖွဲ့စည်းထား ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တွဲဖက်အထွေထွေအ တွင်းရေးမှူး ဦးတင်မြင့်အောင်က ပြောသည်။
‘‘လက်ရွေးစင်အသင်းအ တွက် ကစားသမားရွေးချယ်မှုကို နည်းပြချုပ်စိတ်ကြိုက် လုပ် ဆောင်ခွင့်ပေးခဲ့တယ်။ သူကြိုက် တဲ့ ကစားသမားတွေကို ရွေးချယ် ခဲ့တာပါ။ အဖွဲ့ချုပ်ဘက်က ၀င် ရောက်စွက်ဖက်ခြင်းမရှိပါဘူး’’ ဟု ၎င်းက ပြောသည်။
မတရားဖမ်းဆီးမှုဖြင့် လက်ပံတန်းမြို့နယ်ရဲမှူးနှင့် စခန်းမှူးကိုအရေးယူရန်လျှောက်ထားချက် ပယ်ချခံရ
မတရား ဖမ်းဆီးချုပ်နှောင်မှုဖြင့် လက်ပံတန်းမြို့ နယ် ရဲမှူးနှင့် စခန်းမှူးကို အရေးယူပေးရန် လျှောက်ထားချက်အား ၎င်းတို့သည် ပြန်တမ်းဝင်ပြည်သူ့ဝန် ထမ်းများဖြစ်၍ သမ္မတ၏ ခွင့်ပြုချက်မရဘဲ တရားစွဲဆိုခွင့်မရှိဟု ဆိုကာ သာယာဝတီမြို့နယ် တရားရုံးက ပယ်ချလိုက်သည်။
လက်ပံတန်းမြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးဖုန်းမြင့်နှင့် မြို့နယ်ရဲ စခန်းမှူး ဒုရဲမှူးစန်းမြင့်တို့သည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၇ (၁)အရ သမ္မတက တိုက်ရိုက် ခန့်အပ်ထားသော ပြန်တမ်းဝင် ပြည်သူ့ဝန်ထမ်းများဖြစ်၍ တာ ၀န်ထမ်းဆောင်စဉ်ကာလအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများကို သမ္မတ၏ ခွင့်ပြုချက်မရဘဲ မည်သည့် တရားရုံးကမျှ တရားစွဲဆိုခွင့်မရှိ သောကြောင့် အဆိုပါတရားစွဲဆို မှုကို ပလပ်ကြောင်း သာယာဝတီ မြို့နယ် တရားသူကြီးက သြဂုတ် ၁၁ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ် သည်။
သမ္မတဦးသိန်းစိန် ပစ္စည်း ၃၆ မျိုးပါ အလှူသေတ္တာတစ်ပုံးစီကို ရေဘေးသင့်အိမ်ထောင်စုများအား လှူဒါန်း
နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က ရေဘေးသင့်ပြည်သူ များအတွက် လူငါးဦးရှိ မိသားစု တစ်ခုလျှင် ပစ္စည်း ၃၆ မျိုးပါ အလှူသေတ္တာတစ်ပုံးစီ ထောက်ပံ့လှူ ဒါန်းသွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
သမ္မတဦးသိန်းစိန်သည် သြဂုတ် ၁၁ ရက်က ၎င်းကိုယ်တိုင်လှူဒါန်းထားသော အဆိုပါပစ္စည်း ၃၆ မျိုးအပါအ၀င် ရေဘေးသင့် ပြည်သူများထံ သွားရောက်လှူ ဒါန်းမည့် ထောက်ပံ့ပစ္စည်းများကို စစ်ဆေးခဲ့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဌာန ၀န်ကြီး ဦးဘုန်းမြင့်၏ လူမှုကွန်ရက်စာမျက်နှာ တွင် ဖော်ပြထားသည်။ရေဘေးသင့်ပြည်သူများ အား လူငါးဦးပါမိသားစုတစ်စုအ တွက် ပစ္စည်း ၃၆ မျိုးပါ ကော် သေတ္တာပုံးတစ်ပုံးစီပေးသွားမည် ဖြစ်သည်။ အကယ်၍ လူငါးဦးထက်ပိုသော အိမ်ထောင်စုဖြစ်ပါက သေတ္တာတစ်ပုံးထက်ပို၍ ပေးသွားမည် ဖြစ်ပြီး လူငါးဦးမပြည့်သော အိမ်ထောင်စုကိုလည်း သေတ္တာတစ်ပုံးစီ ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း စုံစမ်းသိရသည်။
ကလေးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာစေဖို့
ငယ်ရွယ်စဉ်မှာပင် ကလေးငယ်ကို ရေကူးသင်ပေးနေစဉ်/ honeykidsasia.com
ကလေးများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာခြင်းသည် သူတို့ အနာဂတ်အတွက် စိတ်ချသေချာရသော ဖွံ့ဖြိုးမှုတစ်ခု ဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် နိုင်ငံတကာ ကလေးစိတ်ပညာဆိုင်ရာ သုတေသီများက ကလေးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် ငယ်စဉ်ကတည်းက ပျိုးထောင်ပေးဖို့ မိဘတွေကို တိုက်တွန်းအားပေးခဲ့ပါသည်။ အခြေခံအားဖြင့် ကလေးတွေကို အချက်(၉)ချက်ပါ နည်းလမ်းများဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ ရှိလာစေဖို့ မိဘတွေက လမ်းညွှန်လုပ်ကိုင်ပေးနိုင်ပါသည်။
အစာကွင်းဆက် ပျက်ယွင်းသွားလေသောအခါ
ဖိုခုံလောက်ဆိုင် မီးဖိုပေါ်ရှိ ဒယ်အိုးအတွင်းမှ ဆီပူလာရန် ဇွန်း တစ်ချောင်းကိုင်၍ အမျိုးသမီးတစ်ဦးစောင့်ဆိုင်းနေသည်။ အဆိုပါ အမျိုးသမီးအနီး ဝါကြန့်ကြန့်အင်ဖက်တစ်ခုပေါ်တွင် မည်သည့်မြွေ အမျိုးအစားဖြစ်သည်ကိုပင် ခွဲခြားရန်ခက်နေသည့် အရေခွံဆုတ်ခံထားရသောမြွေအချို့ကို ဖြန့်လှန့် ထားသည်။
‘‘အဲဒီမြွေတွေကို သူတို့ချက် ပြုတ်စားသောက်ဖို့လုပ်နေတာ။ မြွေတွေကတော့ ဘာမြွေတွေလဲမသိဘူး’’ဟု ယင်းမြင်ကွင်းကို ကိုယ်တိုင် မှတ်တမ်းတင်ခဲ့သည့် ကိုစိုင်းဇော်သိုက်က ပြောသည်။
တစ်နိုင်ငံလုံးအနှံ့ ရေလွှမ်းမိုးခံခဲ့ရသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် လူဦးရေသိန်းနှင့်ချီရှိသည်။
မြေပြင်မှသည် ရေပြင်အဖြစ် ပြောင်းသွားခဲ့သည့်အတွက် ရေ ဘေးသင့်သူများတွင် အခြား ကုန်းနေ၊ ရေနေတွင်းအောင်းသတ္တဝါ များလည်းပါဝင်ခဲ့သည်။ ယင်းတို့ အနက် လူတို့ကြောက်ရွံ့ရသည့် အရေခွံ ချွဲကျိကျိ၊ ရှည်မျောမျောခန္ဓာကိုယ် ပိုင်ဆိုင်ထားသော မြွေများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသည်။ ရေဘေးတွင် လွတ်အောင်မပြေးနိုင် သည့် မြွေမျိုးစိတ်များ အသက်သေ ခဲ့ရသလို ပြေးနိုင်သော်လည်း လူတို့မနှစ်မြို့ခြင်း၊ ကြောက်ရွံ့ခြင်းတို့ကြောင့် အသက်ပေးလိုက်ရသည့် မြွေများလည်းရှိသည်။
‘‘သေချာတယ်။ မြွေတွေနဲ့ မြွေတွေစားတဲ့အကောင်တွေရဲ့ မျိုးပွားနှုန်းကို လုံးဝထိခိုက်သွားပြီ။ နောက်ပိုင်း ဘာဖြစ်မလဲဆိုတာ တော့ စောင့်ကြည့်ရမယ်’’ ဟု တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေး မိတ်ဆွေအသင်း ဒါရိုက်တာ ဦးမြင့်အောင်က ပြောသည်။
၂၀၀၈ တွင် လူဦးရေသိန်းချီ သေဆုံးခဲ့သော နာဂစ်မုန်တိုင်း အပြီး နောက်တစ်နှစ်၌ ဧရာဝတီတိုင်းဒေသကြီးရှိ လယ်ကွင်းများတွင် ကြွက်များအလွန်အကျွံ ပေါများလာခဲ့သည်။ ကြွက်များ ပေါများလာခြင်းသည် မြွေများမရှိတော့ခြင်းကြောင့်ဟု သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးသမားများက ယုံကြည်နေသဖြင့် အလားတူ ဖြစ်ရပ်မျိုးအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် သတိပေး ပြောကြားသည်။
ရေကြီးနစ်မြုပ်ခဲ့သော အရပ်ဒေသများတွင် မြွေမျိုးစုံ ကျက်စားသော မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ဒေသများလည်း ပါဝင်ခဲ့သည်။ ထိုဒေသများသည် ရေမကြီးမီကပင် တရုတ်နိုင်ငံသို့ မြွေမျိုးစုံတင်ပို့သည့် လုပ်ငန်းရှိနေ သည်။ ထို့ကြောင့် ယခုရေလွှမ်းမိုးမှုသည် မြွေမျိုးစိတ်များ၏ တိုးပွားနှုန်းကို ထိခိုက်နိုင်သည်ဟု ကုန်း နေရေနေသတ္တဝါတို့၏ ဇီဝစက်ဝန်းကို လေ့လာထားသူများက ဆိုသည်။
‘‘နဂိုကတည်းက အဲဒီနေရာ တွေက နိုင်ငံခြားကိုတင်ပို့နေတဲ့ မြွေဈေးကွက်ကြီးဖြစ်နေတာ အခုလို ရေကြီးလိုက်တော့ ရေစီးနဲ့ မျောပါလို့သေတဲ့အကောင်ရှိသလို လူတွေလက်ချက်ကြောင့် သေတာလည်းရှိနိုင်တော့ အဲဒီနေ ရာတွေမှာ အကောင်ရေနည်းသွားနိုင်တယ်’’ ဟု မြွေနှင့် ဖားအ ကြောင်း ၁၅ နှစ်ကျော် သုတေ သနပြုလုပ်ဖူးသူ ဦးဖိုးချိုက ပြော သည်။ ဇွန်၊ ဇူလိုင်၊ ဩဂုတ်တွင် ရွာသွန်းခဲ့သော မုတ်သုံမိုးအရှိန် ကြောင့် ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အဆိုးရွားဆုံး ခံစားခဲ့ရသည်။ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုလည်းဖြစ်သည်။
တောကြီးမြွေဟောက်၊ ငန်းတော်ကျားနှင့် ထန်းမြွေမှလွဲ၍ မြွေမျိုးစိတ်အများစု၏ အစာမှာ ကြွက်ဖြစ်သောကြောင့် မြွေများ အစုလိုက်အပြုံလိုက်သေဆုံးသွားခဲ့ပါက လာမည့်နှစ်စိုက်ပျိုးရာသီတွင် လယ်ယာမြေများတွင် ကြွက်များ များပြားလာနိုင်သည့်အန္တ ရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက သတိပေးစကားဆိုသည်။
‘‘အိန္ဒိယမှာ တစ်ခါဖြစ်ဖူးတယ်။ မြွေတွေအစား ကြွက်တွေကို ပြည်ပပို့တော့ ကြွက်တွေရှားကုန်တယ်။ မြွေတွေက ငတ်ပြတ်ပြီး လမ်းပေါ်ရောက်လာတယ်။ တစ်ခုနဲ့တစ်ခုက ချိတ်ဆက်နေတော့ အဲဒီအတွက် စဉ်းစားအဖြေရှာထားသင့်တယ်’’ ဟု ဦးမြင့်အောင်က ပြောသည်။
သဘာဝဂေဟစနစ်ကို ထိန်းညှိပေးနိုင်သည့် မြွေသတ္တဝါများ အသက်ရှင်ကျန်ရစ်ရန်မှာ အရေးကြီးသောကြောင့် ယခုရေဘေးကြုံ တွေ့နေရသော ဒေသများတွင် အဆိပ်မရှိသည့်မြွေများကို မသတ်ဖြတ်ကြရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက သတိပေးသည်။
ယခုရေလွှမ်းမိုးမှုတွင် အပင်မြင့်သို့ တက်ရောက်ခိုအောင်းနိုင်သည့်မြွေမှာ အရေခွံတွင် စုပ်ခွက်ပါသည့် ထန်းမြွေနှင့် လင်းမြွေမျိုးစိတ်နှစ်မျိုးသာရှိကာ သူတို့သာ ကျန်ရှိနိုင်ကြောင်း ဦးဖိုးချိုက ခန့် မှန်းထားသည်။
ထန်းမြွေ၏အစာသည် အိမ်မြှောင်၊ တောက်တဲ့ စသည့် အကောင်များဖြစ်သည်။ လင်းမြွေ၏အစာမှာ ကြွက်ဖြစ်သော်လည်း အစာအများအပြား စားသောက် နိုင်သော မျိုးစိတ်မဟုတ်ကြောင်း အခြားမျိုးစိတ်များလည်း အသက်ရှင်ကျန်ရန်လိုအပ်သည်ဟု ဦးဖိုးချိုက ပြောသည်။
ယခုကြုံတွေ့ရသော ရေလွှမ်းမိုးမှုကြောင့် ကြွက်များသေ ဆုံးနိုင်သည်ဆိုသော်လည်း ကြွက် တို့သည် မျိုးပွားနှုန်းလျင်မြန်သည့် မျိုးစိတ်ဖြစ်သောကြောင့် မြွေများ အစုလိုက်အပြုံလိုက်သေဆုံးပါက လယ်ယာစိုက်ပျိုးရေးကိုအန္တရာယ် ကျရောက်နိုင်သည်ဟု ဇီဝဗေဒ ကျွမ်းကျင်သူ ဦးညိုမောင်က ပြော သည်။
မြွေမျိုးစိတ်များတွင် မြွေဟောက်သည် လူကိုမြင်ပါက အမြဲတမ်းရန်လိုပြီး အန္တရာယ်ပြုနိုင်သည့်အဆိပ်ရှိသောအကောင် ဖြစ်ပြီး မြွေပွေးသည် တစ်ပေပတ်လည်တွင်ရှိသော ယင်ကိုအလွတ်မပေးဘဲ ထိမိသည်နှင့် အန္တရာယ်ပေးတတ်သော အကောင်ဖြစ်သောကြောင့် သတိထားကြရန် ဦးဖိုးချိုက ပြောသည်။
‘‘အန္တရာယ်ရှိတဲ့ အဲဒီကောင်တွေကို မသတ်ရဘူးလားဆိုတော့ အတော်ဖြေရခက်တဲ့ဟာပဲ။ သူများ နိုင်ငံတွေမှာတော့ ဘယ်အကောင်တွေ့တွေ့ သူတို့ကို ထိန်းသိမ်းပေးတဲ့ဌာနရှိတယ်။ ပြီးတော့ အဲဒီ ထိန်းသိမ်းပေးတဲ့ ဌာနက သက်ဆိုင်ရာ ဂေဟစနစ်မှာ ပြန်လွှတ်ကြတယ်။ ဒီမှာက မရှိဘူးဆို တော့ မြင်တာနဲ့ သတ်ကုန်ကြတာ ပဲ’’ဟု ဦးဖိုးချိုက ပြောသည်။
မြွေဟောက်ကို လူအများ မှတ်မိလွယ်သော်လည်း မြွေပွေးကိုသိရှိသူနည်းပါးသည်။ မြွေပွေး ၏ အရေခွံသည် အကြေးခွံသေးပြီး ခေါင်းလုံးလုံး၊ အမြီးတိုနံ့နံ့ ပုံသဏ္ဌာန်ရှိသည်။
အချင်းချင်း သတ်ဖြတ်စားသောက်ပြီး သဘာဝအရမျိုးပွားမှုကို တိရစ္ဆာန်အချင်းချင်းထိန်းညှိ ပေးသည့်စနစ်ပျက်စီးသွားသောကြောင့် လူနှင့် တိရစ္ဆာန်ပဋိပက္ခ ဖြစ်နိုင်ကြောင်း၊ သဘာဝချိန်ခွင် လျှာညှိမရပါက တိုးပွားလာသည့် တိရစ္ဆာန်နှင့်ဆက်စပ်သည့်ရောဂါ များလည်း ဖြစ်ပွားနိုင်ကြောင်း ဝန်းကျင်သားငှက်ဌာနညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောသည်။
ယင်းဒေသများတွင် မြွေများ အပြင် ကုန်းနေရေနေသတ္တဝါတို့၏ ဂေဟစနစ်တစ်ခုလုံးပျက်စီးသွားခြင်းကြောင့် သဘာဝအရ လည်ပတ်နေသော အစာကွင်းဆက်တွင် ထိခိုက်မှုများရှိလာနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူများက ပြောသည်။ ရေကြီးနစ်မြုပ်မှုကြောင့် ကုန်းနေရေနေ သတ္တဝါများဖြစ် သည့် ဖား၊ ပုစွန်လုံး၊ မြွေနှင့် အခြား ပိုးမွှားကောင်များလည်း ထိခိုက်ပျက်စီးနိုင်သည်။
ဖားမရှိပါက စပါးကိုစားသုံးသည့် ကျိုင်းကောင်များ တိုးပွားနိုင်သလို မြွေမရှိပါက ကြွက်များ တိုးပွားနိုင်သည်။ ထို့အတူ ကြွက် မရှိပါက ကြွက်တို့ စားသောက်သည့် အခြားအင်းဆက်ပိုးမွှားများ ၏ အန္တရာယ်ရှိနိုင်သည်။
‘‘မြွေတွေကို သုတ်သင်တာ မှားတယ်၊ မှန်တယ်ပြောနေတာ တော့မဟုတ်ပါဘူး။ စပါးစိုက်ခင်း တွေ ရေအောက်ရောက်သွားတော့ ဒုက္ခရောက်နေတဲ့ လယ်သမားကြီးတွေအတွက် စဉ်းစားပေးဖို့ပါပဲ။ ပြန်လည်ထူထောင်ရေးကာလမှာ လယ်သမားတွေအတွက် ကြွက်နဲ့ ပတ်သက်ပြီး တစ်ခုခုကြိုတင်ပြင် ဆင်ထားဖို့လိုပါတယ်’’ဟု ရေလွှမ်း မိုးမှုဒဏ်ခံရသည့်ဒေသများတွင် သွားရောက်ကာ ဓာတ်ပုံမှတ်တမ်းတင်နေသည့် ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က ပြောသည်။
နာဂစ်မုန်တိုင်းအပြီး တစ်နှစ်ကျော် အကြာတွင် ဧရာဝတီ တိုင်းဒေသကြီးရှိ လယ်မြေများ၌ ကြွက်များ ဒုက္ခပေးခဲ့ခြင်းကြောင့် အကြံပေး ပြောကြားခြင်းဖြစ်သည် ဟုဆိုသည်။
ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အက်ဖ်ဘီအိုင်ထံ လွှဲပေးရန် ဟီလာရီကလင်တန် သဘောတူ
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူနေစဉ် ကာလအတွင်း အသုံးပြုခဲ့သည့် ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အက်ဖ်ဘီအိုင် ထောက်လှမ်းရေး ဌာနထံ လွှဲအပ်ပေးရန် ဟီလာရီ ကလင်တန်က သဘောတူညီခဲ့ကြောင်း သိရသည်။
ကလင်တန်သည် အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ ပထမ လေးနှစ်သက်တမ်း ကာလအတွင်း နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူမသည် အစိုးရ ထိပ်တန်း အရာရှိများအတွက် သီးခြား သတ်မှတ်ထားသည့် အီးမေးလ်ဆာဗာကို အသုံးမပြုဘဲ ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အသုံးပြုခဲ့ခြင်းအတွက် ဝေဖန်မှုများ ကြုံခဲ့ရသည်။
ယခုအခါ ကလင်တန်သည် လာမည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိရာ ယခင်က သူမအနေဖြင့် အဘယ်ကြောင့် ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အသုံးပြုခဲ့ကြောင်း ဝေဖန်ထောက်ပြ မေးခွန်းထုတ်မှုများနှင့် တရစပ် ရင်ဆိုင်နေရသည်။ သူမအနေဖြင့် အီးမေးလ် ဆက်သွယ်မှုများကို ဖုံးကွယ်ထားရန် ရည်ရွယ်ပြီး ယခုလို လုပ်ဆောင်ခဲ့ခြင်းဟုလည်း စွပ်စွဲမှုများ ရှိနေသည်။
ကျောင်းသားများကို ချက်ချင်း လွှတ်ပေးရန် အစိုးရကို ကုလ တိုက်တွန်း
လက်ပံတန်း ဆန္ဒပြမှုနှင့် ပတ်သက်၍ ဖမ်းဆီး တရားစွဲ ခံထားရသော ကျောင်းသားများနှင့် ၀န်းရံ ပြည်သူများကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ Ms. YagHee Lee က အစိုးရကို တိုက်တွန်းလိုက်သည်။
စားသောက်ကုန် ဈေးနှုန်း တည်ငြိမ်ရေး လက်ကားဆိုင်များ ဖွင့်မည်

ရေဘေးသင့် ဒေသတွင် အခြေခံ စားသောက်ကုန် ဈေးနှုန်း ကြီးမြင့်နေ၍ ရေဘေးသင့် ဒေသများ ဈေးနှုန်း တည်ငြိမ် စေရန် ရေဘေးသင့် ဒေသ (၁၉) ခုတွင် အခြေခံ စားသောက်ကုန် လက်ကားဆိုင်များ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း UMFCCI ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အမြန်လမ်း ရွှေလီဦးယာဉ် တိမ်းမှောက်မှု ခရီးသည်တစ်ဦး ထပ်မံသေဆုံး
လူရှစ်ဦးပွဲချင်းပြီးသေ ဆုံးခဲ့သော ရန်ကုန်-လားရှိုးခရီး သည်တင်ယာဉ် တိမ်းမှောက်မှု တွင် ဒဏ်ရာရရှိခဲ့သည့် ခရီးသည် အမျိုးသားတစ်ဦး သြဂုတ် ၁၁ ရက်၌ ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိသည်။
နည်းပညာတက္ကသိုလ်များမှ ဘွဲ့ရရှိပြီးသူများ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ထုတ်ပေးသော မှတ်ပုံတင် ရရှိမှသာ တရားဝင်အင်ဂျင်နီယာ တစ်ယောက်အဖြစ် ရပ်တည်ခွင့် ရရှိမည်ဆိုသည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်

ရန်ကုန်နည်းပညာတက္ကသိုလ်အား တွေ့ရစဉ်။ဓာတ်ပုံ-ငယ်ထွေး(ကလေးမြို့)
နည်းပညာ တက္ကသိုလ်များမှ ဘွဲ့ရရှိပြီးသူများသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ မှ ထုတ်ပေးသော မှတ်ပုံတင်ရရှိမှ သာ တရားဝင်အင်ဂျင်နီယာတစ် ယောက်အဖြစ် ရပ်တည်ခွင့်ရရှိမည် ဆိုသည့်အစီအစဉ်အပေါ် လူငယ် အင်ဂျင်နီယာများအကြား ဝေဖန်မှု များပြုလုပ်လျက်ရှိကြောင်းသိရသည်။
တပ်မတော်ထိပ်တန်းရာထူးများအပြောင်းအလဲပြုလုပ်
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် တပ်မတော်ထိပ်တန်း အရာရှိကြီးများ အငြိမ်းစားယူသွားပြီး ရက်ပိုင်းအတွင်း ၎င်းတို့၏ နေရာများတွင် တပ်မတော်အရာရှိ ၄၅ ဦးအား သြဂုတ် ၁၀ရက်က အစားထိုးခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်က အတွေ့ခံမှာ မဟုတ်ဘူး
သြဂုတ်လ (၇)ရက်နေ့က ပခုက္ကူမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်း စာရင်းနှင့် ပတ်သက်ပြီး ပါတီဝင်များက ဆန္ဒပြခဲ့ကြသည်။ ယင်းသို့ ဆန္ဒပြခဲ့ခြင်းကြောင်း သြဂုတ်လ (၉) ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ စီအီးစီ အဖွဲ့ဝင်များက ပခုက္ကူ မြို့နယ်ရှိ ပါတီဝင်အချို့ကို ထုတ်ပယ်ခဲ့သည်။ အဆိုပါ ထုတ်ပယ်ခဲ့ခြင်းနှင့် ပတ်သက်၍ ထုတ်ပယ်ခံရသူများထဲမှ ပခုက္ကူခရိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးစံဌေးအား The Messenger Media မှ ဆက်သွယ် မေးမြန်းချက်ကို ဖော်ပြထားခြင်း ဖြစ်သည်။
Subscribe to:
Posts (Atom)








