Sunday, 5 July 2015

ဖုန်းခေါ်ဆိုခတစ်မိနစ်၂၃ကျပ်သို့ လျှော့ချ

ဈေးနှုန်းသစ်ပြင်ဆင်ခြင်းအထိမ်းအမှတ်အဖြစ် ဖုန်းငွေဖြည့်ကတ်များတွင်
အပိုထပ်ဆောင်းငွေ ၅၀% အထိ လက်ဆောင်ပေးသွားမည်
၂၀၁၅ ခုနှစ် ဇူလိုင် ၅ ရက်- ရန်ကုန်၊ မြန်မာ။ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဆွေသဟာအစီအစဉ်နှင့် CDMA 450/800 အသုံးပြုသော မိဘပြည်သူများအတွက် တယ်လီဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် ဈေးနှုန်းအသစ်သတ်မှတ်လိုက်ကြောင်း ယနေ့ကြေငြာလိုက်သည်။

ကာမိုင်း - မိုးကောင်းသွားလမ်းတွင် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုများအား ထပ်မံပြုလုပ်လျက်ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်း - မိုးကောင်းသွားလမ်း၊ ဆိပ်မူကျေးရွာအနီး KIA အဖွဲ့မှ ထောင်ထား သော ဒေသန္တရမိုင်း (၂)လုံး တစ်ရက်တည်း နှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇူလိုင်လ ၁ ရက်၊ ညနေ (၆) နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အရှေ့ တောင်ဘက် (၇)မိုင်ခန့်အကွာ ကာမိုင်း - မိုးကောင်းသွားလမ်း ဂေါ်ရီအုပ်စု၊ လဂတ်ယန်ကျေးရွာနှင့် မန်တင် ကျေးရွာကြားတွင် KIA ထောင် ထားသော မိုင်း(၁)လုံးနှင့် ညနေ(၅)နာရီ ၀န်းကျင်ခန့်တွင် ဖားကန့်မြို့၏

ခရီးသည် ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်း

မန္တလေးတိုင်းဒေသကြီးအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံတားဦးအ၀ိုင်းတွင် မေ ၃၁ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍ ခရီးသည်ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းကို ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
“E-Lite Express ရန်ကုန်-ပြင်ဦးလွင် ပြေးဆွဲတဲ့ ယာဉ်လိုင်းကိုပဲ ပြေးဆွဲခွင့် ပိတ်တာပါ။ E-Lite နာမည်နဲ့ ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်ပြေးဆွဲခွင့် လုံးဝမရှိတော့ပါဘူး။ ရာသက်ပန် ပိတ်သိမ်းလိုက်တာပါ”ဟု တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း က ယာဉ်လိုင်းပိတ်သိမ်းမှုနှင့် ပတ်သက်ပြီး ပြောကြားသည်။

အခြေခံပညာ ဆရာ၊ ဆရာမများ ကျူရှင်မသင်ရန် ညွန်ကြား

မြန်မာနိုင်ငံအတွင်း အခြေခံပညာအဆင့် သင်ကြားနေသော ဆရာ၊ ဆရာမများကို ကျူရှင်သင်ကြားခြင်း မပြုရန် အခြေခံပညာဦးစီးဌာနက လမ်းညွန်ချက် ထုတ်ပြန်ထားကြောင်း ပညာရေး ဝန်ထမ်းများက ပြောကြားသည်။
အခြေခံပညာအဆင့် သင်ကြားနေသော ဆရာ၊ ဆရာမများအနေနှင့် မိမိသင်ကြားနေသော အတန်းမှ ကျောင်းသားများကို ကျူရှင်သင်ကြားခြင်း မပြုရန်နှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက်ကိုလည်း ကျူရှင်သင်ကြားခြင်း မပြုရန် ညွန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ပညာရေးဝန်ထမ်း အချို့က ဆိုသည်။
“ကျူရှင်တွေ လျော့နည်းသွားအောင်ဆိုတဲ့ သဘောနဲ့ပေါ့။ ညကျောင်းတွေ အကောင်အထည်ဖော်မယ် ဆိုတာလည်း စီစဉ်နေတယ်လို့ သိရတယ်” ဟု မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပညာရေးမှူး တစ်ဦးက The Voice သို့ ပြောကြားသည်။

Saturday, 4 July 2015

ဒဿန ပညာရှင်နှင့် နိုင်ငံရေး သုံးသပ်သူ Noam Chomsky

ဒဿ န ပညာရှင်နှင့် နိုင်ငံရေး သုံးသပ်သူ Noam Chomsky သည် ဝါရှင်တန်မှ နိုင်ငံရေး သြဇာကြီးမားသူများ၏ ပြက်ရယ်ပြုခြင်းနှင့် အဓိက မီဒီယာ အများအပြား၏ လျစ်လျူရှုခြင်းကို ခံရလေ့ရှိသော်လည်း၊ ပညာရပ်ဆိုင်ရာ အတွက် အကိုးကားခံရဆုံး ပုဂ္ဂိုလ်စာရင်းတွင် အဋ္ဌမမြောက်နေရာကို ရယူထားကာ၊ ပလေးတိုးနှင့် ဖရွိုက်တို့၏ နောက်မှကပ်လိုက်လျက်ရှိသည်။

အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒပြခဲ့သည့် ကျောင်းသားနှစ်ဦးကို ထပ်မံ ဖမ်းဝရမ်းထုတ်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဦးဆောင် ဆန္ဒပြသူ ကိုဇေယျာလွင်နှင့် ကိုနန်းလင်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ဇူလိုင်လ ၃ ရက်က ဖမ်းဝရမ်းထုတ် လိုက်ပြီဖြစ်ပြီး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်ဟု ပန်းပဲတန်းမြို့နယ် ရဲမှူးခင်မောင်ထွေးကပြောသည်။
ရဲမှူးခင်မောင်ထွေးက “ ဖမ်းဝရမ်းထုတ်တာတော့ တရားရုံးကထုတ်တာပါ။ အခုတော့ နှစ်ယောက်ပဲ ကျန်တော့တယ်ပေါ့။ ပုဒ်မ နှစ်ခုနဲ့ပါ။ ဖမ်းဖို့တော့လုပ်နေပါပြီ ဖမ်းဖို့ကို ညွန်ကြားပြီးပါပြီ။ တိုင်းတို့ခရိုင်တို့ အဆင့်ဆင့် ညွန်ကြားပြီးပါပြီ”ဟုပြောသည်။

ဇူလိုင် ၄ အားလပ်ရက် သီတင်းပတ်ကုန်စတင်ချိန် ချီကာဂိုတွင် ပစ်ခတ်မှုများဖြစ်ပွား ငါးဦးသေဆုံး

အမေရိကန်တွင် ဇုလိုင်လ ၄ရက် သီတင်းပတ်ကုန်စတင်ချိန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သည်။ လွန်ခဲ့သည့် ၂၄ နာရီကာလအတွင်း ချီကာဂိုတစ်ဝန်း လူ၁၂ဦးသေနတ်ဖြင့် ပစ်ခတ်ခံရ၍ ငါးဦးသေဆုံးခဲ့သည်။နောက်ဆုံးပစ်ခတ်မှုမှာ ဘရွန့်ဇ်ဗီးလ်ရှိ ပန်းခြံတစ်ခုတွင် ဇူလိုင် ၃ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး ၁၇ နှစ်အရွယ်နှင့် ၁၉နှစ်အရွယ် တို့ ဒဏ်ရာရခဲ့သည်။ ၁၇ နှစ်အရွယ်မှာစထရိုဂါဆေးရုံသို့ ရောက်ရှိပြီးနောက် သေဆုံးခဲ့သည်။

ထိုင်းနိုင်ငံက ရွှေ့ခိုင်းသည့် "၀" တပ်စခန်းကိစ္စ နှစ်နိုင်ငံအဆင့်ဆွေးနွေးပြီးမှ အတည်ပြုနိုင်မည်

သုံးလတစ်ကြိမ်ပြုလုပ်သည့် မြို့နယ်အဆင့် မြန်မာ- ထိုင်းနယ်စပ်ရေးရာ ကော်မတီအစည်းအဝေးတွင် ထိုင်းနိုင်ငံ ဖက်က တောင်းဆိုခဲ့သည့် "၀" တပ်စခန်း ၇ခု ဆုတ်ပေးရေးကိစ္စကို နှစ်နိုင်ငံအဆင့် ဆွေးနွေးပြီးမှသာ အတည်ပြု နိုင် မည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးမြင့်အောင်က ဇူလိုင်လ ၄ရက်တွင် မဇ္ဈိမကို ပြောသည်။နိုင်ငံအဆင့် နယ်စပ်ရေးရာ ဆွေးနွေးပွဲကို ဇူလိုင်လတွင်ပင် မြန်မာနိုင်ငံဖက်မှ တာဝန်ရှိသည့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံဖက်မှ တာဝန်ရှိသူတို့က ထိုင်းနိုင်ငံအတွင်း ပြုလုပ်သွားမည်ဟု ၄င်းကဆိုသည်။

ဗြိတိန်ပြည်သူများတွင် selfies ရိုက်ခြင်းများ တစ်နေ့လျှင် ၁၄ ဒသမ ၅ သန်း ကျော်ရှိ

ဗြိတိန်နိုင်ငံပြည်သူများကြားတွင် ခေတ်စားလွန်းသည့် selfies ရိုက်ခြင်းများသည် တစ်နေ့လျှင် ၁၄ ဒသမ ၅ သန်းရှီပြီး လူမှုမီဒီယာများပေါ် selfies ပုံများတင်ခြင်း၊ ရှယ်ခြင်းများသည် တစ်နေ့လျှင် ၄ ဒသမ ၃ သန်းကျော်ရှိသည်။
လူ သုံးဦးလျှင် တစ်ဦးနှုန်းသည် selfies ရိုက်ခြင်းကို စွဲလမ်းနှစ်သက်နေပြီး တစ်နှစ်စာတွက်မည်ဆိုပါက မယုံနိုင်လောက်အောင် များပြားသည့် selfies ရိုက်ကူးမှု ပုံပေါင်းမှာ ၅ ဒသမ ၂၅ ဘီလီယံရှိကြောင်း သုတေသနတစ်ရပ်က ဆိုသည်။

Friday, 3 July 2015

တပ်နှင့် ဒီကေဘီအေတိုက်ပွဲ ယနေ့နံနက်ထိဖြစ်ပွားနေဆဲ

အစိုးရတပ်မတော်နှင့် ဒီကေဘီအေအဖွဲ့တို့ ယနေ့နံနက်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံများ တိမ်းရှောင်နေရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဒီမနက်ဆက်ဖြစ်နေတုန်းပဲ။ မနက် ၅ နာရီခွဲကနေ အခုထက်ထိ ပစ်တုန်းပဲ။ လောလောဆယ်ကတော့ အဘတို့ဘက်ကနေ ၄၀ မမ၊ ၇၉ လက်နက်တွေ နဲ့ ပြန်ပစ်တာကလွဲလို့ ကျန်တဲ့လက်နက်ကြီးတွေက အခုထိ ပြန်မသုံးရသေးဘူးလေ။ အတတ်နိုင်ဆုံးတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့လုပ်နေပါတယ်’’ဟု ဒီကေဘီအေ ကလို့ထူးဘောစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မောင်လေးက ယနေ့နံနက် ၁၀ နာရီတွင် 7Day Dailyသို့ ပြောသည်။

ထရန်စ်အေးရှား လေယာဉ်ပျက်ကျမှုတွင် အင်ဂျင်အကောင်းကို လေယာဉ်မှူး မှားပိတ်မိခဲ့

ဖေဖော်ဝါရီလဆန်းပိုင်းက ထိုင်ဝမ်တွင် ထရန်စ်အေးရှား လေကြောင်းပိုင် လေယာဉ်ပျက်ကျရာ၌ လေယာဉ်၏ အကောင်းအတိုင်း အလုပ်လုပ်နေသော အင်ဂျင်ကို လေယာဉ်မှူးကို မှားယွင်းပြီး ပိတ်မိခဲ့ကြောင်း သိရသည်။ထရန်စ်အေးရှား ခရီးစဉ်အမှတ် TNA235 လေယာဉ်သည် ဖေဖော်ဝါရီ ၄ ရက်က ထိုင်ပေရှိ ဆွန်ရှန် လေဆိပ်မှ ပျံတက်ပြီး မိနစ်အနည်းငယ်အတွင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ATR 72-600 အမျိုးအစား လေယာဉ်သည် စတင်ပျံသန်းသည့် သက်တမ်း ၁၀ လမျှသာ ရှိသေးပြီး ပျက်ကျချိန်တွင် ဘယ်ဘက်တောင်ပံနှင့် မြစ်ကူးတံတားတို့ ရိုက်မိကာ ကီလွန်မြစ်ထဲ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် စုစုပေါင်း လူ ၅၈ ဦး လိုက်ပါသွားပြီး ၄၃ ဦး သေဆုံးကာ ၁၅ ဦးသာ အသက်ရှင်ခဲ့သည်။

ပယ်လ်မိုင်ယာရှိ နှစ် ၂၀၀၀ ကျော် သက်တမ်းရှိ ခြင်္သေ့ရုပ်တုကြီးကို အိုင်အက်စ်တို့ ဗုံးခွဲဖျက်ဆီး

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့သည် ၎င်းတို့ ထိန်းချုပ်ထားရာ ပယ်လ်မိုင်ယာမြို့ရှိ ရှေးဟောင်းပြတိုက်ကြီး အပြင်ဘက်မှ နှစ် ၂၀၀၀ ကျော် သက်တမ်းရှိသော ခြင်္သေ့ရုပ်တုကြီးကို ဗုံးခွဲ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
လူ့သမိုင်းတွင် အကြီးကျယ်ဆုံး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ရပ်ဝန်းတစ်ခုအဖြစ် အသိအမှတ်ပြု ခံရသည့် ပယ်လ်မိုင်ယာ မြို့တော်ဟောင်းကို ဆီးရီးယား အစိုးရ တပ်များလက်မှ အိုင်အက်စ်တို့ သိမ်းယူပြီး ကတည်းက မြို့တွင်းရှိ ရှေးအနုပညာ လက်ရာများအတွက် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများသည် ယခင်ကလည်း ၎င်းတို့ ထိန်းချုပ်ထားရာ နယ်မြေများရှိ ရှေးယဉ်ကျေးမှု လက်ရာများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ဖူးသည်။

ဒုတိယသက်တမ်းထမ်းဆောင်ရေး ပြည်သူများဆန္ဒရှိလျှင် အလေးအနက်ထားစဉ်းစားမည်ဟု သမ္မတဦးသိန်းစိန်ပြော

သမ္မတဦးသိန်းစိန်က ဒုတိယသက်တမ်း ဆက်လက် ဆောင်ရွက်ရေးမှာ တိုင်းပြည် အခြေအနေနှင့် ပြည်သူများ၏ ဆန္ဒအပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်ပြီး ပြည်သူများ ဆန္ဒရှိပါက အလေးအနက်ထား စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
မဲခေါင်-ဂျပန်အစည်းအ ဝေးတက်ရောက်ရန် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ဇူလိုင် ၂ ရက်ကရောက်ရှိနေသည့် သမ္မတဦးသိန်းစိန်သည် ယင်းနေ့ ညနေပိုင်းက ဂျပန်သတင်းဌာန NHK နှင့်သီးသန့်တွေ့ဆုံခန်းတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ် သည်။ သမ္မတဦးသိန်းစိန်သည် နောက်ထပ်သမ္မတသက်တမ်း အတွက် ယှဉ်ပြိုင်ရန်ရှိ၊ မရှိ ပြည်တွင်းတွင် ပြောကြားလေ့ မရှိသော်လည်း ပြီးခဲ့သည့်နှစ်ကပြည်ပခရီးစဉ်တစ်ခု၌ နောက်သက်တမ်းအတွက် ပြည်သူများ၏ဆန္ဒအပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

Thursday, 2 July 2015

“ ပြည်ခိုင်ဖြိုးပါတီထဲက အုပ်စုတွင်း တိုက်ပွဲ”

စည်သူအောင်မြင့်
မြန်မာတိုင်းမ် ဂျာနယ်၊ ၁-၇-၁၅။
ခုအချိန်ဟာ လွှတ်တော်တွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး ဆွေးနွေးနေကြချိန်ပါ။ ပုဒ်မ ၄၃၆ (က) ဆိုင်ရာ အပိုင်း ဆွေးနွေး မဲခွဲ ဆုံးဖြတ်ပြီးတဲ့နောက် ခုရက်ပိုင်းမှာတေ့ ပုဒ်မ ၄၃၆ (ခ) ဆိုင်ရာ အပိုင်းတွေကို ဆက်ဆွေးနွေးနေကြပါတယ်။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင် စစ်အာဏာရှင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာကို အချိန် ၁၅ နှစ်လောက် ယူ၊ စိတ်ကြိုက် ရေးဆွဲပြီး ထားရစ်ခဲ့တာပါ။ ဒီမိုကရေစီ၊ လွှတ်တော် နဲ့ ရွေးကောက်ပွဲ ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ အတိုက်အခံအင်အားစုတွေ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေကို ဘယ်ဘက်ကမှ လှုပ်လို့မရအောင် ထိန်းချုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီး စစ်ဘုရင်မင်းဆက် တည်ဆောက်ဖို့ အသေအခြာ ရေးဆွဲထားခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခု အဲဒီ ဖွဲ့စည်းပုံနဲ့ ဆက်စပ်ပြီး ပြသနာတွေတော့ ပေါ်နေပါပြီ။ ထူးခြားတာကတော့ အတိုက်အခံတွေ၊ တိုက်ခဲ့ ခိုက်ခဲ့တဲ့ ရန်ဘက်တွေ၊ ပြည်သူတွေဆီကနေ ပေါ်လာတာမျိုး မဟုတ်ပဲ စစ်ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကြားထဲက ပေါ်လာတဲ့ ပြသနာ ဖြစ်နေလို့ပါပဲ။ ဒီတစ်ပါတ် အဲဒီ အကြောင်း ဆွေးနွေးကြည့်ကြရအောင်။

လျှပ်စစ်ရထား ဓာတ်အားခ လုပ်ငန်းသုံးနှုန်းထားအတိုင်းကောက်ခံမည်

ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ပြေးဆွဲနေသည့် RBE ရထားကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း) 
ရန်ကုန်မြို့ကမ်းနားလမ်း လျှပ်စစ်ရထားပြေးဆွဲမှုအတွက် ပေးဆောင်ရမည့်ဓာတ်အားခကို လုပ်ငန်းသုံး သတ်မှတ်နှုန်း ထားအတိုင်း ကောက်ခံမည်ဟု သတင်းရရှိသည်။

ဆီနိုင်းကျွန်းဆွယ်ကို အိုင်အက်စ်တို့ တိုက်ခိုက်မှု အမြစ်ပြတ် ချေမှုန်းတုံ့ပြန်ရန် အီဂျစ်လိုလား

ဆီနိုင်းကျွန်းဆွယ်ဒေသတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ တပ်ဖွဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့် ကြုံခဲ့ရသည့်နောက် အဆိုပါ ဒေသရှိ အိုင်အက်စ်ဘက်တော်သားများကို အမြစ်ပြတ်အောင် ချေမှုန်းသွားမည်ဟု အီဂျစ် အစိုးရက ကြေညာခဲ့သည်။

မလေးရှားနိုင်ငံတွင် ဗီယက်နမ်ချက်အရက်သောက်ပြီး မြန်မာလုပ်သားတစ်ဦး ထပ်မံသေဆုံး

ဗီယက်နမ်ချက်အရက်သောက်ပြီး သေဆုံးသွားသော မြန်မာလုပ်သား တစ်ဦး၏ ရုပ်အလောင်းကို ကြည့်ရှု နေစဉ် (ဓာတ်ပုံ- ဂျိုဟိုးနာရေးကူညီမှု အသင်း) 
မလေးရှားနိုင်ငံတွင် ဗီယက်နမ်ချက်အရက်သောက်သုံးမှုကြောင့် မြန်မာလုပ်သားတစ်ဦး ထပ်မံသေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

ကိုယ်စားလှယ်အဖြစ်မှပြန်လည်ရုပ်သိမ်းခွင့်ပြဋ္ဌာန်းချက်ပယ်ဖျက်ခြင်း မပြုဘဲ ပြင်ဆင်ခြင်းသာဆောင်ရွက်ရန် NLD တင်ပြ

ရွေးချယ်တင် မြှောက်ထားသည့် လွှတ်တော်ကိုယ် စားလှယ်ကို မဲဆန္ဒရှင်များကကိုယ် စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်း ခွင့်ပေးထားသည့်ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ခြင်းမပြုဘဲ ပြင်ဆင်ခြင်းသာ ဆောင်ရွက်ရန် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကိုယ်စား လွှတ်တော် ကိုယ်စားလှယ်ဦးသိမ်းဆွေက လွှတ် တော်သို့ တင်ပြခဲ့သည်။

မြဝတီတွင် ဂိမ်းရုံတစ်ရုံကို သွားရောက်ဖမ်းဆီးရာ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်၊ ရဲတစ်ဦး ဒဏ်ရာရ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အောင် ချမ်းသာလမ်းရှိ ဂိမ်းရုံတစ်ရုံအား ဇွန် ၃ဝရက် ည ၈ နာရီခွဲခန့် တွင် မြဝတီမြို့နယ်ရဲတပ်ဖွဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် တာဝန်ရှိပူးပေါင်း အဖွဲ့မှ ဝင်ရောက် ဖမ်းဆီးရာ ယင်း ဂိမ်းရုံအတွင်းမှ သေနတ်ဖြင့် ခုခံပစ် ခတ်သည့်အတွက် မြဝတီမြို့နယ် ရဲ တပ်ဖွဲ့မှ ရဲဒုတပ်ကြပ် ကျော်ကျော်ဝင်းမှာ ဝဲဘက်လက်မောင်းတွင် သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း မြဝတီ မြို့မရဲစခန်းမှ သိရသည်။

အခွန်တံဆိပ်ခေါင်းမကပ်သည့် ဆိုင် ၃၀ ကျော်ကို သုံးလအတွင်း အရေးယူနိုင်ခဲ့

ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းမကပ်သည့် ရန်ကုန် မြို့ရှိ စားသောက်ဆိုင်ပေါင်း ၃၀ ကျော်ကို သုံးလအတွင်း အရေး ယူထားပြီး ယင်းဆိုင်များအနက် နာမည်ကြီးစားသောက်ဆိုင် ၁၀ ဆိုင်ခန့်ပါဝင်နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘နာမည်ကြီး စားသောက် ဆိုင်တွေပါတယ်။ ဒါပေမဲ့ နာမည် တော့ ထုတ်ပြောပေးလို့မရဘူး။ သူတို့ကို ဒဏ်ရိုက်ထားတယ်’’ ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ ရန်ကုန်တိုင်းဦးစီးမှူး ဦးကျော်သန့်လွင်က ပြောသည်။

 ကုန်သွယ်  လုပ်ငန်းခွန် ကောက်ခံရန် ပြေစာတွင် တံဆိပ် ခေါင်းကပ်သည့် စီမံချက်စတင်ခဲ့ သော သုံးလတာကာလအတွင်း စုစုပေါင်း စားသောက်ဆိုင်ပေါင်း ၃၂ ဆိုင်ကို ဒဏ်ရိုက်ခဲ့ပြီး ဆိုင် ၃၀ မှာ လက်ရှိတွင် ဒဏ်ငွေ ဆောင်ထားကာ ဒဏ်ငွေဆောင် ရန် နှစ်ဆိုင်သာကျန်ရှိတော့သည် ဟု ဆိုသည်။