မကွေးမြို့ ပါရမီသွေး သွေးအလှူရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးက အသည်းအစားထိုးကုသရန် လိုအပ်နေသူ တစ်ဦးအား ပထမဆုံးအကြိမ် အသည်းလှူဒါန်းတော့မည်ဖြစ်ကြောင်း မကွေးပါရမီ သွေးအသင်းမှ သတင်း ရရှိသည်။
Friday, 29 May 2015
ရင်ကျပ်၊ ချွဲကျပ်ပျောက်ချင်လား ကြက်ဟင်းခါးသီးစား

ခါးသက်သက်အရသာရှိပြီး ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါးသီးကို အာရှနိုင်ငံတွေမှာဆိုရင် ဆီးချို ရောဂါ ပျောက်ကင်းဖို့အတွက်နဲ့ သဘာဝဆေးဝါးအဖြစ် စားသုံးမှု များပြားပါတယ်။ ဒါကြောင့်မို့ ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲဆိုတာသိထားရအောင်လို့ မျှဝေပေးလိုက်ပါတယ်။
ငှက်ပျောရွက်နဲ့ ထမင်းစားတာ ဘာတွေကောင်းသလဲ

အိန္ဒိယနိုင်ငံမှာဆိုရင် ငှက်ပျောရွက်နဲ့ ထမင်းစားတာဟာ ရိုးရာအလေ့အထတစ်ခုဖြစ်ပြီး ဧည့်သည်တွေကို ငှက်ပျောရွက် ထိပ်ဘက်ပိုင်းနဲ့ဧည့်ခံပြီး အိမ်ရှင်တွေကတော့ ငှက်ပျောရွက်အောက်ဘက်ပိုင်းနဲ့ စားလေ့ ရှိကြပါတယ်။ နောက်အားလုံးတူတူစုထိုင်ပြီး ထမင်း၊ အသား၊ အသီးအရွက်၊ ဟင်း စတာတွေကို ငှက်ပျောရွက်ပေါ်ပုံပြီး လက်နဲ့စားသောက်ကြတဲ့အလေ့အထဟာ နှစ်ထောင် ပေါင်းများစွာကတည်းက ရှိခဲ့ပြီး ယနေ့တိုင်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
လယ်ယာစိုက်ပျိုးရေး၊ ရေအားလျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးရေးတွင် ဒေါ်လာ ရှစ်ဘီလျံ သုံးစွဲရန် တရုတ်-မြန်မာ နားလည်မှုစာချွန်လွှာ ရေးထိုး
လယ်ယာစိုက်ပျိုးရေး၊ ရေအားလျှပ်စစ်နှင့်စွမ်းအင် စသည့်ကဏ္ဍများ ဖွံ့ဖြိုးရေးတွင် ဒေါ်လာရှစ်ဘီလျံ သုံးစွဲ ရန် တရုတ်-မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာ ရေးထိုးထားကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောကြားသည်။
ဂျပန်နှင့် အမေရိကန် သတင်းထောက်တို့ လည်လှီးအသတ်ခံရပြီးနောက် မြန်မာသတင်းထောက်များ လည်ပင်းလှီးဖို့ ကျန်နေသေးကြောင်း ဦးနေမျိုးဝေ ခြိမ်းခြောက် ပြောကြား

ဦးနေမျိုးဝေအား မေ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့်ဆန္ဒပြပွဲတွင် တွေ့ရစဉ်
ဂျပန်နှင့် အမေရိကန်သတင်းထောက်တို့ လည်ပင်းလှီး အသတ်ခံရပြီးနောက် မြန်မာသတင်းထောက်များ လည်ပင်းလှီးဖို့ ကျန်နေသေးကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက မေ ၂၇ ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။
အစိုးရအသုံးစရိတ် လိုငွေပြနေချိန်၌ လုံခြုံရေး အဆင့်အတန်းနှင့် အရည် အသွေး မြှင့်တင်ထားသော ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများကို ဇူလိုင် ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ဗဟိုဘဏ် ကြေညာ

ဇူလိုင် ၁ ရက်တွင်စတင်ထုတ်ဝေမည့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူပုံစံ (ဓာတ်ပုံ-MOI)
ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း အစိုးရအသုံးစရိတ်လိုငွေ ဆက်တိုက်ပြနေပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ လိုငွေစံချိန်တင် ရောက်ရှိလာချိန်တွင် လုံခြုံရေးအဆင့်အတန်းနှင့် အရည်အသွေး မြှင့်တင် ထားသော ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများကို ဇူလိုင် ၁ ရက်တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သည်။
Thursday, 28 May 2015
အိုဘားမားရဲ့ သမီးကို နွားတွေ၊ ဆိတ်တွေနဲ့ တင်တောင်းမယ့် ရှေ့နေ

ကင်ညာနိုင်ငံသား ရှေ့နေတစ်ဦးက အမေရိကန်သမ္မတအိုဘားမားရဲ့ သမီးနှစ်ဦးထဲက အသက် ၁၆ နှစ် အရွယ် သမီးကြီး မာလီယာကို သူပိုင်ဆိုင်တဲ့ သိုးတွေ၊ နွားတွေနဲ့ တင်တောင်ဖို့ ဆန္ဒရှိကြောင်း ပြောလိုက် ပါတယ်။ ဖိလစ်ကစ်ပရိုနိုလို့ အမည်ရတဲ့ အဲဒီအမျိုးသားက နွားအကောင်ငါးဆယ်၊ သိုးအကောင်း ၇၀ ၊ ဆိတ်အကောင် ၃၀ နဲ့အတူ အိုဘားမားရဲ့သမီးကို လက်ထပ်ခွင့်ရဖို့ တင်တောင်းချင်တာ ဖြစ်ပါတယ်။
TNLA မတက်ရောက်နိုင်ရန် ဖိအားပေးမှုကြောင့် ပလောင်ညီလာခံ ရွှေ့ဆိုင်း

TNLA, ပလောင် (တအာင်း) , ရှမ်းပြည်နယ် , နမ့်ဆန်း , တိုင်းရင်းသား TNLA တပ်သားများ ကင်းလှည့် နေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်းမြို့တွင် မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပထမဆုံးအကြိမ် ကျင်းပရန် စီစဉ်ထား သော ပလောင် (တအာင်း) တိုင်းရင်းသားများ ညီလာခံတွင် ပလောင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) ကို တက်ရောက်ခွင့်မပြုရန် အစိုးရက ဖိအားပေးသည့်အတွက် ညီလာခံကို ရွှေ့ဆိုင်း လိုက်ရကြောင်း သတင်းရရှိသည်။
မီးဖွားပြီးလို့ ဘယ်လောက်ကြာမှ ချစ်တင်းနှီးနှောမှုပြန်လုပ်သင့်တယ်ဆိုတာ

ကလေးမွေးပြီးတဲ့အချိန် အမျိုးသမီးတွေရဲ့ဆီးလမ်းကြောင်းဟာ သူ့ခံနိုင်အား အဆုံးစွန်ထိ ဆန့်ထုတ်ဆွဲငင် တွန်းထုတ်ခံခဲ့ရတာဖြစ်ပြီး မတော်ရင် ပြဲထွက် ဒါမှမဟုတ် ကွဲတောင်ကွဲနေနိုင်ပါသေးတယ်။
အစိမ်းရောင် ပါတဲ့ အာလူး မစားသင့်

အာလူးပါတဲ့ အစားအစာ ဆိုတာ ကျနော်တို့ စားပွဲ တော်တော်များများမှာ ပါရှိတက်တဲ့ အမယ် တစ်မျိုးလို့ လည်း ပြောလို့ ရပါတယ်။
မျက်လုံးထဲကနေ သွေးတွေ စီးကျနေတဲ့ အမျိုးသမီး
အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီရှိ ၀ိုင်ကီလီ အရပ်ဒေသမှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ ထူးဆန်းတဲ့ ရောဂ ဝေဒနာ တစ်မျိုးရရှိ နေပြီး မျက်လုံး ထဲကနေ သွေးတွေစီးကျနေ တာကြောင့် ဆရာဝန် အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
ယာဉ်မတော်တဆ ဖြစ်ရပ် အတွက် ယာဉ်မောင်းကို သေဒဏ်ချမှတ်
ယာဉ်မတော်တဆ ဖြစ်ရပ် အတွက် ယာဉ်မောင်းဖြစ်သူကို သေဒဏ် အဖြစ် ချမှတ်ခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်သွားခဲ့ ပါတယ်။ တရုတ်နိုင်ငံ၊ ဟူဘီအရပ် ဒေသ ယီချန်းမြို့မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွား ခဲ့တဲ့ ယာဉ်မတော်တဆ ဖြစ်ရပ် အတွက် တရားရုံးတော်က သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ချစ်သူ လိုချင်နေတဲ့ အရပ် (၈)ပေကျော် အိန်္ဒိယနိုင်ငံသား

အရပ် (၈)ပေ ၊ (၁) လက်မရှိတဲ့ အိန်္ဒိယနိုင်ငံသားတစ်ဦးဟာ ချစ်သူရည်းစား လိုချင်နေပေမယ့် ရှည်လျားတဲ့ အရပ်ကြောင့် ချစ်ကြိုက်မယ့် သူမရှိတာကြောင့် အခက်တွေ့နေရပါတယ်။ ယူတာပါရာဒက်ရှ် ပြည်နယ်မှာနေထိုင်တဲ့ ဒီဟာမန်ဒရာဆင်း ဟာ ကမ္ဘာ့ အရပ်အမြင့်ဆုံး သူထက် (၂) လက်မသာ ပိုနိမ့်သူလည်း ဖြစ်ပါတယ်။ ဒီဟာမန်ဒရာဆင်းဟာ ချစ်သူ မရှိသလို အလုပ်လုပ်ရာ မှာလည်း ရှည်လျားတဲ့ အရပ်ကြောင့် ခိုင်းမယ့်သူ မရှိပါဘူး။
ပျားအကောင် တစ်သန်းကျော်ကို ကိုယ်ခန္ဓာမှာ နားစေပြီး အပြုံးမပျက်ဘဲ ဆေးလိပ် သောက်ပြခဲ့

ပျားအကောင် တစ်သန်းကျော်ကို ကိုယ်ခန္ဓာမှာ နားစေပြီး စံချိန်သစ်တင်ဖို့ ကြိုးစားခဲ့သူက တရုတ်နိုင်ငံ၊ တိုင်ရှန်မြို့မှာ နေထိုင်တဲ့ အသက် (၅၅)နှစ်အရွယ် ဂါအိုပဲ ဖြစ်ပါတယ်။ ဂါအိုဟာ ပျားမွေးမြူရေး လုပ် ငန်းလုပ်ကိုင်သူဖြစ်ပြီး ပျားတွေနဲ့ လက်ပွန်း တတီးနေထိုင်လာတာ (၃၅)နှစ်ကျော်ရှိ သွားခဲ့ပြီဖြစ်ပါတယ်။
ယူကေတွင် ကမ္ဘာ့အကြီးဆုံးဇိမ်ခံသင်္ဘောကြီးတည်ဆောက်နေ

ယူကေတွင် ကမ္ဘာ့အကြီး ဆုံး ဇိမ်ခံသင်္ဘောကြီး တစ်စင်း ကို တည် ဆောက်နေသည်။ ထိုသင်္ဘောကြီး ကို ဒီဇိုင်းပုံစံရေးဆွဲ သူမှာ ထင်ရှား သော ခရစ္စတိုဖာဆီမာဖြစ်သည်။
လူမှောင်ခိုမှုနဲ့ ဆက်နွယ်သံသယရှိသူ ရဲ ၁၂ ဦး မလေးရှားထိန်းသိမ်း
လူကုန်ကူးမှုနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ သံသယနဲ့ မလေးရှား ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ မလေးရှားအစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားရာ နေရာ ၁၄၀ လောက်ရှိရာ လူမှောင်ခိုကူး စခန်းတွေနဲ့ ပတ်သတ်မှု ရှိတယ်ဆိုပြီး မလေးရှား ရဲတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းခဲ့တာပါ။
မေ ၂၉ တွင် နေပြည်တော်၌ သန်းကောင်စာရင်း ပင်မ အစီရင်ခံစာ ထုတ်ပြန်မည်

နေပြည်တော် Myanmar International Convention Centre II ၌ မေလ ၂၉ ရက်တွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းကောင်စာရင်း ပင်မအစီရင်ခံစာ တရားဝင်ထုတ်ပြန်ခြင်း အခမ်းအနားကို သမ္မတဦးသိန်းစိန် တက်ရောက် ဖွင့်လှစ်ပေးမည် ဖြစ်သည်။
လူနှစ်ဦးကို လက်ပြန်ကြိုးတုပ်သတ်ပြီး အင်းတကော်တွင် လာရောက် စွန့်ပစ်သွားသည့် အဖွဲ့မှ နှစ်ဦးကို တရားခံပြေး ကြေညာမည်
ညီအစ်ကို နှစ်ဦးကို လက်ပြန်ကြိုးတုပ် သတ်ပြီး ကားဖြင့် လာရောက်စွန့်ပစ်ခဲ့သည့် အဖွဲ့မှ ပူးပေါင်းပါဝင်သူ နှစ်ဦးကို ဖမ်းဆီးမိရန် ကျန်ရှိနေပြီး ၎င်းတို့ကို တရားခံပြေးများအဖြစ် ကြေညာရန် ဆောင်ရွက်နေကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး လှဦးက မေ ၂၇ ရက်တွင် ပြောသည်။
အမေရိကန်၏ စုံစမ်းစစ်ဆေးမှုကို ဖီဖာ ဥက္ကဋ္ဌ ဘလတ္တာ ကြိုဆို

ငွေကြေး အလွဲသုံးစားမှုများ၊ လာဘ်စားမှုများ ရှိနေသည်ဆိုသည့် မသင်္ကာမှုဖြင့် ဖီဖာအဖွဲ့ဝင်များကို အက်ဖ်ဘီအိုင်နှင့် ဆွစ်ဇာလန် အစိုးရ အာဏာပိုင်တို့က ဖမ်းဆီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းကို ကြိုဆိုကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ ဥက္ကဋ္ဌ ဆပ်ဘလတ္တာက ကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့သည်။
တပ်သားသစ် စုဆောင်းနေ၍ နမ့်စန်ရှိ ရွာသားများ တိမ်းရှောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ သိန်းဆယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ရှမ်းလက် နက်ကိုင် တပ်ဖွဲ့မှ တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေသဖြင့် ရွာသားများ ထွက်ပြေးနေရကြောင်း သိရသည်။
Subscribe to:
Posts (Atom)
