Friday 29 May 2015

ငှက်ပျောရွက်နဲ့ ထမင်းစားတာ ဘာတွေကောင်းသလဲ

အိန္ဒိယနိုင်ငံမှာဆိုရင် ငှက်ပျောရွက်နဲ့ ထမင်းစားတာဟာ ရိုးရာအလေ့အထတစ်ခုဖြစ်ပြီး ဧည့်သည်တွေကို ငှက်ပျောရွက် ထိပ်ဘက်ပိုင်းနဲ့ဧည့်ခံပြီး အိမ်ရှင်တွေကတော့ ငှက်ပျောရွက်အောက်ဘက်ပိုင်းနဲ့ စားလေ့ ရှိကြပါတယ်။ နောက်အားလုံးတူတူစုထိုင်ပြီး ထမင်း၊ အသား၊ အသီးအရွက်၊ ဟင်း စတာတွေကို ငှက်ပျောရွက်ပေါ်ပုံပြီး လက်နဲ့စားသောက်ကြတဲ့အလေ့အထဟာ နှစ်ထောင် ပေါင်းများစွာကတည်းက ရှိခဲ့ပြီး ယနေ့တိုင်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ငှက်ပျောရွက်မှာ သဘာဝဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာကြောင့် ရောဂါပိုးမွှားတွေအန္တရာယ်က ကာကွယ်ပေးပါတယ်။ ငှက်ပျောရွက်ကို ဒီအတိုင်းဝါးစားဖို့မဖြစ်နိုင်ပေမယ့် သူ့ အပေါ်မှာ အစားအစာတွေ တင်ပြီး စားတာကလည်း အစားအစာထဲကို ငှက်ပျောရွက်ထဲက အာဟာရဓာတ်တွေဝင်ပြီး ဖျားနာခြင်း ကင်းကာ ကျန်းမာစေပါတယ်။ နောက်ပြီး ထမင်းပူပူ၊ ဟင်းပူပူလေးတင်စားတဲ့အခါ ငှက်ပျောရွက်မှာပါတဲ့ သဘာဝဖယောင်းအရည်ပျော်ပြီး အစားအစာထဲကိုဝင်သွားတဲ့အတွက် စားလို့ပိုကောင်းစေပါတယ်။

ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ လူတွေဟာ တစ်ခါသုံးပလတ်စတစ်ပန်းကန်တွေ၊ စက္ကူ ပန်းကန်တွေ သုံးလာကြပေမယ့် ငှက်ပျောရွက်လိုတော့ ဂေဟစနစ်နဲ့ မကိုက်ညီပါဘူး။ ငှက်ပျောရွက်က ဆွေးမြည့်ပြီး မြေဩဇာအဖြစ် ပြောင်းသွားပေမယ့် ပလတ်စတစ်တွေကတော့ နှစ်ရာနဲ့ချီအောင်မပျက်စီးပါဘူး။ ငှက်ပျောရွက်နဲ့ အစာစားမယ်ဆိုရင် ငှက်ပျောရွက်ကိုသန့်စင်အောင် ရေနဲ့ဆေးကြောဖို့ပဲလိုပါတယ်။ ပန်းကန်တွေကိုသုံးမယ်ဆိုရင် ဆပ်ပြာသုံးပြီးရေဆေးရတာမို့ ပန်းကန်ပြားပေါ်မှာ ဆပ်ပြာတွေကျန်နေ နိုင်ပြီး အစားအသောက်ထဲဝင်သွားနိုင်ပါတယ်။

ဒါကြောင့် ရေလည်းလုံ၊ ကျန်းမာရေးနဲ့လည်းညီညွတ်၊ ဂေဟစနစ်နဲ့ကိုက်ညီတဲ့ ငှက်ပျောရွက်နဲ့ အစာစားတဲ့ အလေ့ အထက ပျောက်မသွားတာပဲဖြစ် ပါတယ်။   

—Ref: healthmeup
7Day DAILY 

No comments:

Post a Comment