(ပုံစာ-လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင် လာရောက် ခိုလှုံနေ သော လောက်ကိုင်ဒေသခံများ လောက်ကိုင်မြို့၌ ပြန်လည်အခြေချ နေထိုင်ရန် ဧပြီ ၂၁ ရက်က ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ်)
လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း တွင် လာရောက်ခိုလှုံနေသော လောက်ကိုင် ဒေသခံများ လောက်ကိုင်မြို့၌ ပြန်လည်အခြေချနေထိုင်ရန် ဧပြီ ၂၁ ရက်က ပြန်လည်ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း သိရသည်။ လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူ ရှမ်းကျောင်းတွင် လာရောက်ခိုလှုံ နေထိုင် နေသော အိမ်ထောင်စု ၇၄စုမှ မိသားစုဝင်ပေါင်း ၂၃၄ ဦးအား မော်တော်ယာဉ်ကြီး ငါးစီးဖြင့် လောက်ကိုင် မြို့သို့ ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။