Wednesday, 22 April 2015

စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျရှုံးခဲ့သူများအား ပြန်လည် သင်ကြားကုစားမှု ပြုလုပ်ပြီး မေလတွင် စာမေးပွဲစစ်ဆေးမည်

အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းအတန်း တင်စာမေးပွဲတွင် ကျရှုံးခဲ့သူများအား ပြန်လည်ကုစားရန် အတွက် ယခုလ အတွင်း ရက်၂ဝခန့်လေ့ကျင့်သင် ကြားခြင်းများပြုလုပ်သွားမည်ဖြစ် ကာ ယင်းတို့ကို တစ်ဆင့်နိမ့်မေးခွန်းများဖြင့်ပြန်လည်ဖြေဆိုစေမည်ဖြစ် ကြောင်း သိရသည်။

ယခုလ ၁၈ရက်တွင် ၂၀၁၄- ၂၀၁၅ပညာသင်နှစ်အခြေခံပညာ အတန်းတင်စာမေးပွဲရလဒ်များကို ထုတ်ပြန် ကြေညာခဲ့ရာ အစိုးရစစ် စာမေးပွဲအဖြစ် ပြန်လည်အကောင် အထည်ဖော်ခဲ့သော စတုတ္ထတန်း နှင့် အဋ္ဌမတန်းအတန်းတင်စာမေး ပွဲရလဒ်များကိုပါ ထုတ်ပြန်ကြေညာ ခဲ့ပြီး ယင်းအတန်းများတွင် ဝင်ရောက် ဖြေဆိုခဲ့သူများထဲမှ အဆင့်-(D) ရရှိသူများအား ပြန်လည်ကုစားရန် အတွက်လေ့ကျင့်သင်ကြားခြင်းများ ကိုသက်ဆိုင်ရာကျောင်းများတွင်ပင် စတင်ပြုလုပ်ပြီး ပြန်လည်ဖြေ ဆို ခြင်းကို မေလထဲတွင်ပြုလုပ်သွားမည်  ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန မှ သိရသည်။ 

''အခြေအနေကတော့ ပြည်နယ် တိုင်းတော်တော်များများမှာ အောင် ချက်နည်းခဲ့တယ်။ အဲဒီအတွက်ကျ တဲ့ကလေးတွေကိုပြန်ကုစားပေး မယ်။ ပြန်ကုစားတယ်ဆိုတာက တစ်ခါ တစ်ရံမှာ ကျန်းမာရေးကြောင့် သော်လည်းကောင်း၊ အခြားကိစ္စလေးတစ် ခုကြောင့်သော်လည်းကောင်း မထင် မှတ်ဘဲ အောင်မှတ် မရတာ လေးတွေ ဖြစ်တတ်ကြတယ်။ အဲဒီလို ကလေး တွေမနစ်နာစေချင်ဘူး။ ဒါကြောင့်ပါ'' ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးစိုးဝင်းကပြော ကြားသည်။ 

ယင်းအပြင် အစိုးရစစ်အဖြစ် စစ်ဆေးခဲ့သည့် စတုတ္ထတန်းနှင့်အဋ္ဌမ တန်းစာမေးပွဲရလဒ်အရ တိုင်းရင်း သားဒေသအများစုတွင် အောင်ချက် အနိမ့်ဆုံးဖြစ်ခဲ့သည့်အတွက် အဆိုပါ ကလေးများ၏ တတ်မြောက်မှု အဆင့် ကိုလျှော့ချ၍ ကျရှုံးရာခိုင်နှုန်း၏ထက် ဝက်ကျော်ကို ဆွဲတင်စစ်ဆေးသွား မည်ဖြစ်ကြောင်းလည်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။ 

မူလတန်းအဆင့် (စတုတ္ထတန်း) နှစ်ဆုံးစာမေးပွဲအောင် ချက်ရာခိုင်နှုန်းအနိမ့်ဆုံးဖြစ်ခဲ့သည့်ဒေသမှာ ကချင်ပြည်နယ်ဖြစ်ခဲ့ပြီး အလယ်တန်း အဆင့်(အဋ္ဌမတန်း)နှစ်ဆုံးစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း အနိမ့်ဆုံးဖြစ် ခဲ့သည့်ဒေသမှာ ရှမ်း (မြောက်)ဖြစ်ခဲ့ ကြောင်း သိရသည်။ 

စတုတ္ထတန်းအတွက် ကျရှုံးသူ များကို ကျရှုံးသည့်ဘာသာရပ်အလိုက် မေ ၁၄ရက် နံနက် ၉နာရီမှ ၁ဝနာ ရီခွဲအထိတွင် မြန်မာစာဖြေဆိုရ မည်ဖြစ်ပြီး မွန်းလွဲ၁နာရီမှ ၂နာရီခွဲ အထိတွင် အင်္ဂလိပ်စာဘာသာရပ်၊ မေ ၁၅ရက်တွင် သင်္ချာနှင့်အခြေခံ သိပ္ပံ၊ မေ ၁၆ ရက်တွင် လူမှုရေးဘာ သာရပ်တို့ကို ဖြေ ဆိုရမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံစာစစ်အဖွဲ့ဦးစီးဌာနမှ ကြေညာထားသည်။ 

အဋ္ဌမတန်းတွင် ကျရှုံးခဲ့သော ကျောင်းသား၊ ကျောင်းသူများသည် မေ ၁၅ရက် နံနက်၉နာရီမှ ၁၁နာရီ အထိတွင် မြန်မာစာ၊ မွန်းလွဲ ၁နာရီမှ ၃နာရီအထိတွင် အင်္ဂလိပ်စာဘာ သာရပ်တို့ဖြေဆိုရမည်ဖြစ်ကြောင်း၊ မေ၁၄ရက်တွင် သင်္ချာနှင့်အထွေထွေ သိပ္ပံဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ပြီး၊ မေ ၁၆ရက်တွင် ပထဝီဝင် နှင့် သမိုင်းတို့ကိုဖြေဆိုရမည်ဟု ထုတ် ပြန်ကြေညာထားသည်။ 

''တစ်ဘာသာ၊ နှစ်ဘာသာကျ တဲ့ကလေးတွေကတော့ ပြန်သင်၊ ပြန် ကုစားလို့အခြေအနေကောင်းနိုင်ပေ မယ့် လေးဘာသာ၊ ငါးဘာသာလောက် ကျတဲ့ကလေးတွေကျတော့ အခြေ အနေမကောင်းနိုင်တော့ဘူး။ ဒါပေမဲ့ အဲဒီကလေးတွေဆန္ဒရှိရင်တော့ ပြန်သင်ပြီးကုစားပေးမှာပါ။ အောင် သွားရင်လဲ အတန်း ကူးပြောင်း ခွင့်ပေးမှာပါ'' ဟုဦးစိုးဝင်းကထပ်မံပြော ကြားသည်။ 

ATK ,CCT
‎Democracytoday‬

No comments:

Post a Comment