ဘိုကိုဟာရမ်သူပုန်အဖွဲ့တွေကို နှိမ်နင်းရေးအတွက် နိုင်ငံပေါင်းစုံက ပူးပေါင် လုပ်ဆောင်ဖို့ အာဖရိကသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ကြိုဆိုထောက် ခံလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော် အဒစ် အဘာဘာမြို့ မနေ့က အခုလို ပြောကြားလိုက်တာပါ။
အာဖရိကသမဂ္ဂ (အေယူ) ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီက နိုင်ဂျီးရီးယား သူပုန်တွေကို နှိမ်နင်းတိုက် ခိုက်ဖို့အတွက် တပ်ဖွဲ့ဝင်ဦးရေ ၇၅၀၀ ပါတဲ့ ဒေသ တွင်း တပ်ကို ဖွဲ့စည်းဖို့ ဇန်န၀ါရီ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။
လောလောဆယ် နိုင်ဂျီးရီးယားနဲ့ အိမ်နီးချင်းလေးနိုင်ငံ ဖြစ်တဲ့ ဘီနင်း၊ ကင်မရွန်း ချဒ်နဲ့ နိုက်ဂျာနိုင်ငံတို့က နိုင်ငံတကာ တပ်ထဲမှာ ပါဝင်ဖို့ တပ်ဖွဲ့တွေကို စေလွှတ်ရေး ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။






















