Sunday 1 February 2015

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုအပြည့်ဖြင့် ရဲရင့်စွာ လုပ်ကိုင်ရန် ကေအင်န်ယူဥက္ကဋ္ဌပြော

ပြောင်းလဲလာသည့် နိုင်ငံရေးအခင်းအကျင်းအပေါ် တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းတွင် ယုံကြည်မှု အပြည့်ဖြင့် ရဲရင့်စွာ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်ရန် (၆၆) နှစ်မြောက် ကရင်အမျိုးသား တော် လှန်ရေး နေ့တွင် ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကပြောသည်။

‘‘ကရင်အမျိုးသားခုခံတော် လှန်ရေးစစ်ကာလတစ်လျှောက်တွင် မိမိနှင့် အင်အားအရာတွင် မညီမျှခဲ့သော် လည်း ရဲရင့်တက် ကြွစွာ စစ်မြေပြင်၌ တိုက်ပွဲဝင် ခဲ့သည့်နည်းတူ မိမိတို့သည် ပြောင်းလဲလာသည့် နိုင်ငံရေး အခင်းအကျင်းအပေါ် တွေ့ဆုံ ဆွေးနွေးရေးစားပွဲဝိုင်းတွင်လည်း  ယုံကြည်မှုအပြည့်အ၀ဖြင့် ရဲရင့် စွာ ငြိမ်းချမ်းရေးအတွက် ကိုယ် စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် ကြိုးစား အားထုတ်ရန် တိုက်တွန်းလိုပါ သည်’’ဟု ဗိုလ်ချုပ်ကြီးစောမူတူး စေးဖိုးကပြောကြားခဲ့သည်။

ကရင်အမျိုးသားအစည်းအ ရုံးသည် လက်ရှိအစိုးရလက်ထက် ၂၀၁၂ ဇန်န၀ါရီတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ဆက်ဆံရေး ကောင်းသူဖြစ်သည်။

နှစ်ဖက်တွေ့ဆုံညှိနှိုင်းအ ဖြေရှာခြင်းအတွက် ယုံကြည်မှု တည်ဆောက်ရေးမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ် သည့် အပြင် ယုံ ကြည်မှုတည်ဆောက်ရေးအခန်း ကဏ္ဍ၌  ကေအင်န်ယူအနေဖြင့်  အရေးကြီးသည့် နေရာတွင် ပါဝင် နေကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ယခင်    တိုက်ခိုက်ခဲ့ကြ သည့် နှစ်ဖက်အဖွဲ့အစည်းများ မှ  ခေါင်းဆောင်များမှာ  ယခုအ ခါနီးနီးကပ်ကပ် တွေ့ဆုံလျက် ယုံကြည်မှုတည်ဆောက်နေပြီး ငြိမ်း ချမ်းရေးဖြစ်စဉ်ပေါ်ထွက်ရေး ကြိုးပမ်းနေမှုအပေါ် အနုတ်သဘော မမြင်ဘဲ အပြုသဘောဖြင့် ပူး ပေါင်းညှိနှိုင်းလုပ်ကိုင်ရန်  ပြော ကြားခဲ့သည်။

(၆၆) နှစ်မြောက် ကရင် အမျိုးသားတော်လှန်ရေးနေ့ကို ကေအင်န်ယူဌာနချုပ်တည်ရှိရာ လော်ခီးလာတွင် ကျင်းပခဲ့ပြီး ဗိုလ်ချုပ်ကြီး   စောမူတူးစေးဖိုး တက်ရောက်ခဲ့သည်။

7Day DAILY

No comments:

Post a Comment