Sunday 1 February 2015

လမ်းကြော ကျပ်တည်းစေသည့် ဘလောက်တုံးအချို့ ပြန်ဖယ်မည်ဟုဆို


ရန်ကုန်မြို့တွင်း၌ ခရီးသည်တင် ဘတ်စ်ကားများသီးသန့်ပြေးဆွဲရန် လမ်း လယ် တွင် ကွန်ကရစ်တုံးများ ချ၍ ယာဉ်ကြောသတ်မှတ်ပေးနေသည်ကို ၂၀၁၄ နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြိုလယ်၌ တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ရန်ကုန်မြို့တွင်း ခရီး သည်တင်ယာဉ် လမ်းကြောင်းအ ဖြစ် သတ်မှတ်ထား သော ဘ လောက်တုံးအချို့ကို ပြန်လည် ဖယ်ရှားမည်ဟု သတင်းရရှိသည်။

မြို့လယ် အချို့နေရာများတွင် ချထားသော ဘလောက်တုံးများမှာ ဘတ်စ်ကားများသွားလာမှု အနှောင့် အယှက်ဖြစ်စေ၍ ယာဉ်သွားလာမှုကို အဆင်ပြေ စေရန် ဖယ်ရှားခြင်းနှင့် နေရာ ရွှေ့ပြောင်းပေးခြင်းများ ပြုလုပ် မည်ဟု မြို့တော်စည်ပင် အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘မထသကလည်း တင်ပြ ထားတာရှိတယ်။ သူတို့ ယာဉ်တွေ သွားလာရခက်တဲ့နေရာတချို့မှာ ဘလောက် တုံးတွေဖယ်ပေးဖို့ဆို ပြီးပြောတယ်။ သူတို့ တင်ပြထား သလောက်တော့ဖယ်ပေးလို့မရ ဘူး။ တချို့တလေ ကိုတော့ဖယ် ပေး၊ ရွှေ့ပေးဖို့ လိုက်ကြည့်နေ တယ်’’ဟု အထက်ပါတာဝန်ရှိသူ ကပြောသည်။

ရန်ကုန်မြို့တွင်း အနော်ရ ထာလမ်းမတစ်လျှောက်တွင် ခရီးသည်တင်ယာဉ်များသီးသန့်သွားလာရန် သတ်မှတ်သော ဘ လောက်တုံးများကို ပြီးခဲ့သည့်နှစ် ကုန်က စတင်ချထားခဲ့ခြင်း ဖြစ်သည်။

ဘလောက်တုံးချထားရာနေ ရာအချို့မှာ လမ်းအနေအထားအရ ယာဉ်ကြီးများသွားလာရန်နေရာ ကျဉ်းနေ ခြင်း၊ လမ်းသွယ်၊ မီးပွိုင့် များတွင် စီတန်းစွာချထားမှုများ ကြောင့် ယာဉ်သွားလာမှုအဆင်မ ပြေဟုဆိုကာ မထသ(ဗဟို)ကဘ လောက်တုံးအလုံးရေ ၂၀၀ကျော် ဖယ်ရှားပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ ယခုလ ဆန်းက တင်ပြထားခဲ့သည်။

‘‘တင်ပြထားသလို ဖယ်ပေး တာတော့မရှိသေးဘူး။ တချို့နေ ရာတွေကိုတော့ ၀င်ထွက်ရလွယ် အောင် နေရာရွှေ့ပေးဖို့ လုပ်နေ တယ်လို့တော့ သိရတယ်’’ ဟု  မထသ(ဗဟို)ဥက္ကဋ္ဌဦးလှအောင် ကပြောသည်။

ရန်ကုန်မြို့တွင် ခရီးသည် တင်ယာဉ်များသွားလာရန်အနော် ရထားလမ်း တစ်လျှောက်၌ ဘလောက်တုံး အလုံး ရေငါးရာကျော် ပထမဆုံး ချထားခဲ့ပြီး ကျန် ရှိမြို့တွင်း လမ်းမကြီးများတွင် ဆက်လက် ချထားနိုင်ခြင်း မရှိ သေးပေ။

‘‘ထပ်ချဖို့ကိုလေ့လာတွက် ချက်နေတုန်းပါ။ ယာဉ်တွေစည်း ကမ်းလိုက်နာမှုတိုးတက်မလာရင် ဘလောက် တုံးချတာဆက်လုပ် သွားရမှာပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးအောင်ခင်က ပြော သည်။ မြို့တော်စည်ပင် အနေဖြင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တင်ပြသောနေရာများတွင် ဘလောက်တုံး ချထားမှုများ ပြုလုပ်ပေးနေပြီး ရန်ကုန်မြို့၌ ဘလောက်တုံးချထားမှုများ ဆက်လက်ပြုလုပ်သွားရန် အလုံးရေ  တစ်သောင်းခွဲကျော် လျာထားထုတ်လုပ်ထားသည်ဟုဆိုသည်။

7Day DAILY 

No comments:

Post a Comment