Monday, 12 January 2015

ချာလီ မဂ္ဂဇင်းက မေးတဲ့ လွတ်လပ်ခွင့်နှင့် အစွန်းရောက် ပုစ္ဆာဖြေရှင်းမှု

Photo: ချာလီ မဂ္ဂဇင်းက မေးတဲ့ လွတ်လပ်ခွင့်နှင့် အစွန်းရောက် ပုစ္ဆာဖြေရှင်းမှု
Monday, January 12, 2015

ခင်နွယ်ဝင်းနှင့် ထက်ထက်အောင် စုစည်းရေးသားသည်

ဇန်န၀ါရီ ၇ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Charlie Hebdo (ချာလီဟက်ဘ်ဒူ) မဂ္ဂဇင်းတိုက်ကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ပြီး မဂ္ဂဇင်းတိုက်မှ အယ်ဒီတာနှင့် ကာတွန်းဆရာများ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ သရော်စာများ တင်ဆက်ရေးသားနေသည့် ချာလီဟက်ဘ်ဒူမဂ္ဂဇင်းတွင် တမန်တော် မိုဟာမက်ကို လှောင်ပြောင်သရော်သည့် ကာတွန်းများ ဖော်ပြခဲ့ မှုကြောင့် အစ္စလာမ်မစ် အစွန်းရောက်များက တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ယခုကဲ့သို့ မဂ္ဂဇင်းတိုက်မှ အယ်ဒီတာနှင့် ကာတွန်းဆရာများ အပါအ၀င် လူ ၁၂ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ် သည် ကမ္ဘာတစ်ဝန်းက မီဒီယာအဖွဲ့အစည်းများ ထိတ်လန့်တုန်လှုပ်ခဲ့ရသလို လွတ်လပ်စွာ ထုတ်ဖော်ရေး သားမှုအပေါ် အစွန်းရောက်နည်းလမ်းဖြင့် တုံ့ပြန်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ၊ မေးခွန်းများစွာ ထွက်ပေါ်လာခဲ့သည်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှု၏ ဇာစ်မြစ်မှာ မျက်နှာဖုံးသရုပ်ဖော်ကာတွန်းကြောင့်ဖြစ်သည်။ အနုပညာနှင့် ပတ်သက်၍ ထင်ရှားကျော်ကြားပြီး လွတ်လပ်စွာ ဖော်ပြခွင့်ရသည့် ပြင်သစ်နိုင်ငံမျိုးတွင် သရုပ်ဖော် ကာတွန်းကြောင့် အကြမ်းဖက် တိုက်ခိုက်ခံရမှုသည် အလွန်ဝမ်းနည်းစရာ ကောင်းကြောင်း သရုပ်ဖော် ကာတွန်းဆရာ စိုးသော်တာက ပြောသည်။

လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုကို အစွန်းရောက်မှုနည်းလမ်းဖြင့် ပြန်လည် တုံ့ပြန်ခြင်းသည် လက်သင့်ခံစရာ အခြေအနေတစ်ရပ် မဟုတ်ပေ။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက “သတင်းမီဒီယာသမားတစ် ယောက်အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ရော ကန့်ကွက်တယ်။ အကြမ်းဖက်တာကို အကြမ်းဖက် တဲ့နည်းနဲ့ မတုံ့ပြန်သင့်ဘူး” ဟု သူ့အမြင်ကို ပြောသည်။

ကာတွန်းဖြစ်စေ၊ စာဖြစ်စေ လူ့အခွင့်အရေးရှုထောင့်မှ ရေးသားထားသည့် မည်သည့်လက်ရာမဆို အငြင်းပွားစရာဖြစ်ကောင်း
ဖြစ်နေနိုင်ကြောင်း၊ ကာတွန်းတစ်ပုဒ် စာတစ်ပုဒ်အတွက်ဖြင့် ဖန်တီးသူများကို ခြိမ်း ခြောက်ခြင်း၊ အကြမ်းဖက် နှုတ်ပိတ်ခြင်းများကို ဆန့်ကျင်ကန့်ကွက်ကြောင်း Pen Myanmar အဖွဲ့မှ မသီတာ (စမ်းချောင်း) က ပြောသည်။

“စကားလုံးတွေ၊ ကာတွန်းတွေက ပြစ်မှုတွေ၊ ရာဇ၀တ်မှုတွေ မဟုတ်ပါဘူး။ ကျည်ဆန်တွေကတော့ ကျိန်းသေပေါက် ရာဇဝတ်မှု ကို ဖြစ်စေတာပဲလေ။ ဒီလို အကြမ်းဖက် တိုက်ခိုက်တာတွေက လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်နဲ့ အလုပ်လုပ်နေသူတွေ ကိုတော့ အနှောင့်အယှက် ဖြစ်စေတာ အမှန်ပဲ”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှု၏ နောက်ဆက်တွဲ သက်ရောက်မှုသည် အစွန်းရောက်မှုများဆီ ဦးတည်သွားနိုင်သလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အဆိုပါအချက်နှင့်ပတ်သက်၍ မသီတာ (စမ်းချောင်း) က “ဖန်တီးသူတွေကလည်း လူ့အခွင့်အရေး ကြေ ညာစာတမ်းမှာပါတဲ့ အခြားသူများရဲ့ right ကိုလည်း လေးစားလိုက်နာပြီးတော့ အလုပ်လုပ်မယ်ဆိုရင် သူတို့တွေရဲ့ ဘဩယ်အတွေးအခေါ် ဘယ်တင်ပြမှုကမဆို တစ်ပါးသူကို မထိခိုက်အောင် တာဝန်ယူနိုင်မှာ ဖြစ်တယ်” ဟု ထောက်ပြပြောဆိုထားသည်။

လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုသည် သတင်းအမှန်ကို အများပြည်သူသိရှိ နိုင်သည့် အခွင့်အရေး တစ်ရပ်ဖြစ်သော်လည်း တစ်စုံတစ်ဦး၊ အဖွဲ့အစည်း တစ်ခုခုအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည်ကိုလည်း ငြင်းဆန်မရနိုင်ပါ။

“စာနယ်ဇင်းတွေမှာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် ရှိကိုရှိရပါမယ်။ ဘယ်အပိုင်းကို မဆို ပုဂ္ဂလ ဓိဋ္ဌာန်နဲ့မရေးဘဲ ဓမ္မဓိဋ္ဌာန်ကျကျ အမှန်တရားဘက်က ရေးသားသင့်တယ်။ ဒါပေမဲ့ ကိုယ့်ဖန်တီးမှု တစ်ခုက ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်သူတွေဖတ်မိရင် အဆိုးဘက်ဦးတည်တဲ့အမြင်တွေ ဖြစ်နိုင်မဖြစ်မနိုင် စာနယ်ဇင်းသမားဘက်ကလည်း ပြန်စဉ်းစားရပါမယ်” ဟု ကာတွန်း စိုးသော်တာက ပြောသည်။

“အခုလို ဘုရားသခင်ကို ခုတုံးလုပ်ပြီး အကြမ်းဖက်သွားတာကသာ ဘုရားသခင်ရဲ့ ပုံရိပ်ကို ထိခိုက်စေတာ ပါ။ ခုဖြစ်တဲ့ကိစ္စကတော့ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်ကို တိုက်ခိုက်လိုက်တာပါပဲ”ဟု ကာတွန်း သရုပ်ဖော်လူကြီးမင်းက ပြောသည်။

ဦးကျော်မင်းဆွေကမူ မီဒီယာများ ကျင့်ဝတ်နှင့်ညီရန်၊ သရော်စာ ကာတွန်းများကလည်း တစ်ဖက်သိက္ခာ မကျစေရန် ကျင့်ဝတ်နှင့် ညီရန်လိုကြောင်း ထောက်ပြပြောဆိုသည်။

သတင်းစာဆရာများ၊ ကာတွန်းဆရာများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားမှုသည် ထိရှလွယ်သော ဘာသာရေးနှင့် ပွတ်တိုက်မှုဖြစ်လာသည့်အခါ အစွန်းရောက်များအတွက် အကြမ်းဖက်ရန် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်လာသည်။ သို့သော် ဘာသာရေးခေါင်းဆောင်များနှင့် အခြားနယ်ပယ် အသီးသီးက ၎င်းသည် မှန်ကန်သော ဖြေရှင်းနည်းတစ်ရပ် မဟုတ်ကြောင်း ပြောကြားခဲ့ကြသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အမြုတေအဖွဲ့ဝင် အလ်ဟြဟ် ဦးအေးလွင်က လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုကို အပြည့်အဝ လက်ခံပြီး လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုကြောင့် အကြမ်းဖက်မှုနှင့် ပဋိပက္ခများ မဖြစ်စေရန် နိုင်ငံတည်ဆဲဥပဒေများ၊ နိုင်ငံတကာဥပဒေများအရ ထိထိရောက်ရောက် အရေးယူနိုင်သည် ဟု ပြောသည်။

ဘာသာရေးအကြောင်းပြု အစွန်းရောက်မှုများကို ထိန်းကွပ်ရန် ဘာသာပေါင်းစုံ၊ လူ့အဖွဲ့အစည်းအားလုံးနှင့် သက်ဆိုင်သည် ကိုလည်း ထောက်ပြခဲ့ကြသည်။

“ဘာသာရေးတိုင်းတွင် အစွန်းထွက်မှုလေးတွေ ရှိပါတယ်။ အစွန်းကို ထွက်စေတဲ့ အကြောင်း တရားတွေ ကို ထိန်းချုပ်ရပါမယ်။ ဘာသာရေးအကြောင်းပြပြီး လူတွေကို ဘေးဖယ်တာတို့၊ နှိမ်ချတာမျိုးလုပ်ရင် အဲဒီ လူတွေဟာ အစွန်းထွက်ဖို့၊ အကြမ်းဖက်ဖို့ သိမ်းသွင်းခံရနိုင်ပါတယ်” ဟု အလ်ဟြဟ် ဦးအေးလွင်က ရှင်းပြ သည်။

တမန်တော်မိုဟာမက်အား သရော်လှောင်ပြောင်သည့် ကာတွန်းဖော်ပြခဲ့သဖြင့် ချာလီဟက်ဘ်ဒူ မဂ္ဂဇင်း တိုက်သို့ ၀င်ရောက် အကြမ်းဖက် တိုက်ခိုက်ခြင်းသည် “အစ္စလာမ်တရားနဲ့ လုံးဝမပတ်သက်ပါဘူး။ အဲဒီ လို အကြမ်းဖက်တုံ့ပြန်တဲ့သူတွေကိုလည်း အစ္စလာမ်ဘာသာဝင်လို့ မသတ်မှတ်ပါဘူး” ဟု ဦးအေးလွင်က ပြောဆိုလိုက်သည်။

ကာဒီနယ် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ချားစ်ဘိုကလည်း အကြမ်းဖက်မှုများကို လက်မခံ ကြောင်း၊ တစ်ဖက်သားဘာသာကို ရိုသေလေးစားကာ ထိခိုက်သည့်၊ ရှုတ်ချသည့် စကားများ မပြောရန် အရေးကြီးကြောင်း မဇ္ဈိမနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးသည်။

လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ရေးသား တင်ဆက်ပိုင်ခွင့်ရှိသည်ဆိုသည့် အချက်ကို အစွန်းရောက်မှုဖြင့် ပြန်လည် တုံ့ပြန်ခံခဲ့ ရသော ပြင်သစ်မဂ္ဂဇင်း ချာလီဟက်ဘ်ဒူဖြစ်ရပ်က မေးခွန်းများစွာ ပေးခဲ့ခြင်းသာ ဖြစ် သည်။

Mizzima - News in Burmese 

ပြင်သစ်နိုင်ငံ၊ တူလုစ်မြို့တွင် သိန်းနှင့်ချီသည့် လူထုက ချာလီဟက်ဘ်ဒူ မဂဇင်းနှင့် အတူရှိနေပါကြောင်း တနင်္ဂနွေနေ့က ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ - အီးပီအေ) ချာလီဟက်ဘ်ဒူမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ကာတွန်းများကို မနှစ်မြို့သည့် အစွန်းရောက်များ၏ အကြမ်းဖက် တိုက်ခိုက်မှုတွင် ၁၇ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
ပြင်သစ်နိုင်ငံ၊ တူလုစ်မြို့တွင် သိန်းနှင့်ချီသည့် လူထုက ချာလီဟက်ဘ်ဒူ မဂဇင်းနှင့် အတူရှိနေပါကြောင်း တနင်္ဂနွေနေ့က ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ - အီးပီအေ)
 ချာလီဟက်ဘ်ဒူမဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့် ကာတွန်းများကို မနှစ်မြို့သည့် အစွန်းရောက်များ၏ အကြမ်း ဖက် တိုက်ခိုက်မှုတွင် ၁၇ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ 

လိုင်စင်မဲ့ ဆိုင်ကယ်များ နေအိမ်တွင် ထားရှိပါက နယ်မြေခံ ရဲတပ်ဖွဲ့များ ဝင်ရောက် ဖမ်းဆီးနိုင်

ရန်ကုန်တိုင်းဒေသကြီး ၃၁ မြို့နယ်ရှိ ဆိုင်ကယ်စီးခွင့် မပြုထားသည့် နယ်မြေ၌ လိုင်စင်မဲ့ ဆိုင်ကယ်များ နေအိမ်တွင် ထိန်းသိမ်းထားပါက နယ်မြေခံရဲတပ်ဖွဲ့ဝင်များသည် ဥပဒေအရ ဝင်ရောက်ဖမ်းဆီးခွင့်ရှိသည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ဒု-ရဲမှူး ဝင်းလွင်က ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း လျော်ကြေးပေးရန် ကျန်ရှိလယ်မြေများ လာမည့်ဘဏ္ဍာနှစ်မှ ပေးမည်

Photo: ရန်ကုန်-မန္တလေး အမြန်လမ်း လျော်ကြေးပေးရန် ကျန်ရှိလယ်မြေများ လာမည့်ဘဏ္ဍာနှစ်မှ ပေးမည်
Monday, January 12, 2015

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေ ၄၀၀ အကျယ်အဝန်း သတ်မှတ်နိုင်ရေး အတွက် လမ်းနယ်နိမိတ်အတွင်း ပါဝင်သည့် လယ်ယာမြေနှင့် အခြားမြေဧက ၈,၀၀၀ ကျော်ကို လာမည့်ဘဏ္ဍာနှစ်မှသာ လျော်ကြေးပေးသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက အမြန်လမ်းအတွက် ပေ ၄၀၀ အတွင်း ပါဝင် သည့် လယ်ယာမြေကို လျော်ကြေးပေးရာတွင် ပြင်ပပေါက်ဈေး ထက် ၁၀ ဆခန့် နည်းပါးသည်ဟု နေပြည်တော်ကောင်စီအတွင်းရှိ လယ်သမားများက မဇ္ဈိမကို ပြောသည်။

“အပြင်မှာ တကယ်ပေါက်နေတာက သိန်း ၃၀ လောက်ပေါက်တယ်။ ဒါပေမဲ့ လယ်(မြေ) မှ ကျပ်သုံးသိန်းခွဲ၊ သုံးသိန်းပဲ ပေးတယ်။ ခုတော့ တိုးပေးမယ် လို့တော့ ကြားတယ်” ဟု နေပြည်တော်ကောင်စီတွင် ပါဝင်သည့် ရဘန်း ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးသီဟကျော်စွာထွန်း က ပြောသည်။

လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ ယာမြေနှင့် မြေလွတ်မြေရိုင်းများ ပါဝင်ပြီး လျော်ကြေးပေးရာတွင် ဒေသအလိုက် မြေအမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်းများကို ဒေသပေါက်ဈေးနှင့်အညီ သတ်မှတ်ပြီး ပေးချေ သွားမည်။ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနှင့် မန္တလေးတိုင်း အတွင်းရှိ မြို့နယ် ၁၅ ခုအတွက် လျော်ကြေးပေးရန် ကျန်ရှိနေခြင်းဖြစ်သည်။

၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီ အတွင်းရှိ အမြန်လမ်း ဖောက်လုပ်ရန် ပေ ၄၀၀ အတွင်း ပါဝင်သည့် လယ်ယာမြေ၊ အခြားမြေများအတွက် ငွေကျပ်သိန်း ၁၄,၉၂၅ ဒသမ ၁၂ သိန်းကို နယ်မြေများအလိုက် ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီး မြေအမျိုးအစားအလိုက် ပေးလျော်ထားပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Mizzima - News in Burmese  

ရန်ကုန်-မန္တလေး အမြန်လမ်း (ပြုပြင်ထိန်းသိမ်းရေးအဖွဲ့)က အမြန်လမ်း ရဲတပ်ဖွဲ့ အစောင့်အရှောက်ဖြင့် လမ်းမကြီး ဘေးဝဲယာ ပေ ၄၀ဝ အတွင်းရှိ အိမ်များအား ဖယ်ရှားပေးရန် လိုက်လံပြောကြားနေစဉ်။ (ဓာတ်ပုံ - ဝင်းကိုကိုလတ်၊ မဇ္ဈိမ)
ရန်ကုန်-မန္တလေး အမြန်လမ်း (ပြုပြင်ထိန်းသိမ်းရေးအဖွဲ့)က အမြန်လမ်း ရဲတပ်ဖွဲ့ အစောင့်အရှောက်ဖြင့် လမ်းမကြီး ဘေးဝဲယာ ပေ ၄၀ဝ အတွင်းရှိ အိမ်များအား ဖယ်ရှားပေးရန် လိုက်လံပြောကြားနေစဉ်။ (ဓာတ်ပုံ - ဝင်းကိုကိုလတ်၊ မဇ္ဈိမ)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေ ၄၀၀ အကျယ်အဝန်း သတ်မှတ်နိုင်ရေး အတွက် လမ်းနယ်နိမိတ် အတွင်း ပါဝင်သည့် လယ်ယာမြေနှင့် အခြားမြေဧက ၈,၀၀၀ ကျော်ကို လာမည့်ဘဏ္ဍာနှစ်မှသာ လျော် ကြေး ပေးသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြင်သစ်အလိုရှိ အကြမ်းဖက်အမျိုးသမီး ဆီးရီးယား ရောက်နေဖွယ်ရှိ

Photo: ပြင်သစ်အလိုရှိ အကြမ်းဖက်အမျိုးသမီး ဆီးရီးယား ရောက်နေဖွယ်ရှိ
Monday, January 12, 2015

ပြင်သစ်နိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေကို ကူညီသူလို့ သံသယရှိတဲ့အမျိုးသမီးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရောက်နေတယ်လို့ အနောက်သတင်းမီဒီယာတွေက ဖေါ်ပြကြပါတယ်။

Hayat Boumeddiene ဟာ ဇန်နဝါရီလ ၂ ရက်နေ့မှာ တူရကီနိုင်ငံကို ဝင်ရောက်လာပြီး ဆီးရီးယားကို ဆက်လက်ထွက်ခွါသွားတယ်လို့ တူရကီ ထောက်လှမ်းရေးက ပြောပါတယ်။ အဲဒီအမျီုးသမီးရဲ့ရည်းစားဖြစ်သူ Amedy Coulibaly က သောကြာနေ့ ပဲရစ်မြို့ကKosher ဈေးဆိုင်အတွင်း ဈေးဝယ်သူ လေးဦးကို သတ်ချိန်မှာ Boumeddiene ဟာ အတူရှိနေတယ်လို့ ပြင်သစ်အာဏာပိုင်တွေက သံသယရှိနေတာပါ။ ကြာသာပတေးနေ့က အမျိုးသမီးရဲအရာရှိတဦးကို သတ်သူဟာ Amedy ဖြစ်တယ်လို့လည်း ယုံကြည်နေပါတယ်။

ဈေးဆိုင်ကို လုံခြုံရေးရဲတွေက ဝင်စီးပြီး ဓါးစားခံတွေလွတ်မြောက်ဖို့ ကြိုးစားနေချိန်မှာ အသက် ၂၆ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ ထွက်ပြေး လွတ်မြောက်သွားတာဖြစ်ပြီး အခုတော့ သူ့ကို လုံခြုံရေးရဲတွေက အကြီးအကျယ်ရှာဖွေနေကြတာပါ။ အဲဒီဈေးဆိုင်ကိုဝင်စီးနင်းမှုအတွင်း အကြမ်းဖက်သမား Coulibaly သေဆုံးခဲ့ပါတယ်။

Boumeddiene ရဲ့ မူဆလင်အမျိုးသမီးတွေ ဝတ်လေ့ရှိတဲ့ အမည်းရောင် ဝတ်ရုံကိုဝင်ဆင်ပြီး မြားပစ်လေ့ကျင့်နေတဲ့ ဓါတ်ပုံလည်း ပေါ်ထွက်လာပါတယ်။ ဒီအတောအတွင်း ပဲရစ်က သုံးရက်ကြာ အကြမ်းဖက်မှုတွေအတွင်း အသတ်ခံခဲ့ရသူ ၁၇ ယောက်အတွက်ပြင်သစ်နိုင်ငံတဝှမ်းက ထောင်သောင်းချီတဲ့ လူတွေဟာ လမ်းမတွေပေါ် ထွက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဗုဒ္ဒဟူးနေ့က Charlie Habdo မဂ္ဂဇင်းတိုက်ကို ဝင်ရောက်တိုက်ခိုက်မှု၊ ကြာသာပတေးနေ့မှာ ရဲဝန်ထမ်းတယောက်ကို ပစ်ခတ်သတ်ဖြတ်မှုနဲ့ သောကြာနေ့က ဈေးဆိုင်မှာ ဓားစာခံတွေကို အကြမ်းဖက်သမားတွေက သတ်ဖြတ်အပြီး ပြင်သစ်လူထုဟာ သူတို့ရဲ့ စည်းလုံးညီညွတ်မှုကို အခုလို ပြသခဲ့တာပါ။

တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ညီညွတ်ရေး လမ်းလျှောက်ချီတက်ပွဲအတွက်လည်း စနေနေ့ကတည်းက ပဲရစ်စ်မြို့တဝှမ်း လုံခြုံရေးတပ်ဖွဲ့ဝင် ရာနဲ့ချီ ဖြန့်ကျက် ချထားပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ စပိန်နဲ့ ဥရောပတိုင်းပြည်က ခေါင်းဆောင်တွေအပါအဝင် ကမ္ဘာတလွှားက ထင်ရှားတဲ့သူတွေ အနေနဲ့ ဒီချီတက်ပွဲအပေါ် စောင့်ကြည့်ကြလိမ့်မယ်ဆိုပြီးတော့လည်း မျှော်လင့်ထား ပါတယ်။

VOA
ပြင်သစ်နိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေကို ကူညီသူလို့ သံသယရှိတဲ့အမျိုးသမီးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရောက်နေတယ်လို့ အနောက်သတင်းမီဒီယာတွေက ဖေါ်ပြကြပါတယ်။

အာရှဖလားပွဲတွင် အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ

Photo: အာရှဖလားပွဲတွင် အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ
Monday, January 12, 2015 

သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလား ဇန်န၀ါရီလ ၁၁ ရက်နေ့ ပွဲစဉ်တွေမှာ အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ဘာရိန်းအသင်းဟာ ကမ္ဘာ့အဆင့် ၁၂၂ မှာရှိပြီး အီရန်ရဲ့ ထိုးစစ်တွေကို ခံခဲ့ရပါတယ်။ ယူအေအီး အသင်းနဲ့ ကာတာပွဲမှာတော့ ယူအေအီးအသင်းက ၄ ဂိုး၊ ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

၂ သင်းစလုံးဟာ အာရှမှာ အကောင်းဆုံး ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတွေ ဖြစ်ပါတယ်၊ ယူအေအီးအသင်းအတွက် ၂ ဂိုးကို တိုက်စစ်မှူး အာမက် ခါလီက သွင်းပေးခဲ့ပြီး နောက်နှစ်ဂိုးကို အလီ အာမက် မာကွတ်က သွင်းပေးခဲ့ပါတယ်။

ယူအေအီး အသင်းဟာ ဇန်န၀ါရီလ ၁၅ ရက်နေ့ကျရင် ဘာရိန်းအသင်းနဲ့ ယှဉ်မှာ ဖြစ်ပြီး ကာတာ အသင်းက အီရန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

၁၆ ကြိမ်မြောက် အာရှဖလားပွဲကို ဇန်န၀ါရီ ၉ ရက်ကနေ ၃၁ ရက်နေ့အထိ အသင်း ၁၆ သင်းပါဝင် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ ကစားခဲ့တဲ့ ပွဲတွေမှာ ဥဇဘက်ကစ္စတန်အသင်းက မြောက်ကိုရီးယားကို ၁ ဂိုး၊ ဂိုးမရှိ၊ တောင်ကိုးရီးယားနဲ့ အိုမန် အသင်းတို့ပွဲမှာတော့ တောင်ကိုရီးယားက ၁ ဂိုး ဂိုးမရှိ၊ တရုတ်က ဆော်ဒီ အာရေးဗီးယား အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ကြပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့က အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ သြစတြေးလျနဲ့ ကူဝိတ်ပွဲစဉ်မှာတော့ သြစတြေးလျ အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီဗွီဘီ
သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလား ဇန်န၀ါရီလ ၁၁ ရက်နေ့ ပွဲစဉ်တွေမှာ အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ 

ရန်ကုန်စတော့အိတ်ချိန်း ဖွင့်ဖို့ ပြင်ဆင်မှုတွေ လုပ်

Photo: ရန်ကုန်စတော့အိတ်ချိန်း ဖွင့်ဖို့ ပြင်ဆင်မှုတွေ လုပ်
Monday, January 12, 2015

ရန်ကုန် စတော့ အိတ်ချိန်း ကို မြန်မာ့ စီးပွားရေး ဘဏ်က ၅၁% ပိုင်ဆိုင် ထားပြီး၊ ဂျပန် ဒိုင်ဝါ ကော်ပိုရေးရှင်း နဲ့ တိုကျိုစတော့ အိတ်ချိန်း နှစ်ခု ပေါင်းက ၄၉% ပိုင်ဆိုင် ထားတာပါ။
မြန်မာနိုင်ငံ ရဲ့ ပထမဆုံး စတော့ အိတ်ချိန်း ဈေးကွက် ကို ၂၀၁၅ အောက်တိုဘာ လထဲ မှာ စတင် ဖွင့်လှစ် နိုင် ဖို့ အတွက် ကြိုတင် ပြင်ဆင်မှု တွေ လုပ်နေ ကြပါတယ်။ ရှယ်ယာ ရောင်းသူ နဲ့ ဝယ်သူတွေ အကြား ဝန်ဆောင်မှု ပေးရမယ့် လုပ်ငန်း လိုင်စင် ၄ မျိုး ကို လျှောက်ထား ဖို့ မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ကနေ ခေါ်ယူ ပါလိမ့်မယ်။

ဒီလိုင်စင် ကို အများပိုင် ကုမ္ပဏီတွေ ကသာ လျှောက်ထားခွင့် ရှိတာ ဖြစ်ပြီး မြန်မာနိုင်ငံ မှာ လက်ရှိ အများပိုင် ကုမ္ပဏီ ပေါင်း ၂၀ဝ ဝန်းကျင် လောက် ရှိနေတယ် လို့ ကော်မရှင် ဥက္ကဌ ဘဏ္ဍဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိန်း က ပြောပါတယ်။

စတော့ ဈေးကွက် ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် ၄ မျိုး လျှောက်ထားမယ် ဆို လိုင်စင် အမျိုးအစား အပေါ် မူတည်ပြီး ရင်းနှီး မတည်ငွေ အနေနဲ့ မြန်မာကျပ်ငွေ သန်း (၃၀) ကနေ (၁၅)ဘီလျံ အထိ ရှိရမှာ ဖြစ်ပါတယ်။

သတ်မှတ် ထားတဲ့ အချက်တွေ နဲ့ ကိုက်ညီ နိုင်တဲ့ အများပိုင် ကုမ္ပဏီ ၁၀ ခု လောက် ရှိတယ် ဆိုပြီး ဒေါက်တာ မောင်မောင်သိန်း က ဆိုပေမယ့်၊ စီးပွားရေး နဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ မောင်အောင် ကတော့ လောလောဆယ် ပြည်တွင်းက အများပိုင် ကုမ္ပဏီ အများစုဟာ ဆွေမျိုး သားချင်းတွေ နဲ့ ဖွဲ့စည်း ထားတာ ဖြစ်သလို၊ ငွေဖြူငွေမည်း ကိစ္စလို ဖြေရှင်း စရာတွေ ရှိနေတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

အခု ဖွင့်ဖို့ ပြင်ဆင်နေတဲ့ စတော့ အိတ်ချိန်းကို ရန်ကုန် စတော့ အိတ်ချိန်း လို့ ခေါ်မှာပါ။ ရန်ကုန် စတော့ အိတ်ချိန်း ကို ဘဏ္ဍဍာရေးနဲ့ အကောက်ခွန် ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ မြန်မာ့ စီးပွားရေး ဘဏ်က ၅၁% ပိုင်ဆိုင် ထားပြီး ဂျပန် ဒိုင်ဝါ ကော်ပိုရေးရှင်း နဲ့ တိုကျိုစတော့ အိတ်ချိန်း နှစ်ခု ပေါင်းက ၄၉% ပိုင်ဆိုင် တာဖြစ်ပါတယ်။

ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် လျှောက်လွှာ တွေကို မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ကနေ ဇန်နဝါရီ (၁၉) ရက်နေ့ မှာ စတင် လက်ခံမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ရန်ကုန် စတော့အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်က ၅၁% ပိုင်ဆိုင်ထားပြီး၊ ဂျပန် ဒိုင်ဝါကော်ပိုရေးရှင်းနဲ့ တိုကျိုစတော့ အိတ်ချိန်း နှစ်ခု ပေါင်းက ၄၉% ပိုင်ဆိုင် ထားတာပါ။

လက်ပံတောင်းအရေး အစိုးရ၊ အရပ်ဘက်နှင့် ကုမ္ပဏီတို့ သုံးပွင့်ဆိုင် ဆွေးနွေးရန် လက်ခံပြီ

Photo: လက်ပံတောင်းအရေး အစိုးရ၊ အရပ်ဘက်နှင့် ကုမ္ပဏီတို့ သုံးပွင့်ဆိုင်
ဆွေးနွေးရန် လက်ခံပြီ
Monday, January 12, 2015

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အရေးကိစ္စများ ဆွေးနွေးရန် အရပ်ဘက်အဖွဲ့ အစည်း၊ အစိုးရနှင့် လက်ပံတောင်းတောင်တွင် ကြေးနီစီမံကိန်း ဆောင်ရွက်သည့်ကုမ္ပဏီတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်တွင် ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်တွင်ပြုလုပ်မည်ဖြစ်သည်ဟု စိမ်းလန်း ပြင်ဦးလွင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး မမိုးမိုးထွန်းက မဇ္ဈိမကို အတည်ပြုသည်။

ထိုအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်း၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင်များ၊ ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းတို့ ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။

ထိုသုံးပွင့်ဆိုင် ညွန့်ပေါင်းအစည်းအဝေးပြုလုပ်ရန် အရပ်ဘက်အဖွဲ့အစည်းများက ဘဏ္ဍာရေးဒု-၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းနှင့် MEITI ရုံးသို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က စာတင်ပြ တောင်းဆို ခဲ့ခြင်းဖြစ်သည်။

မမိုးမိုးထွန်းက “အစ်မတို့ ဖိတ်ထားတဲ့သူတွေ အကုန်ပါမယ်လို့တော့ ပြောတယ်။ အစ်မတို့ဘက်က တောင်းဆိုတာတွေတော့ ရှိမှာပါ။ အစ်မတို့တောင်းဆိုတာကို ဘယ်လောက် လိုက်လျောပေးမလဲတော့ မသိဘူးပေါ့။ MEITI ကိစ္စတွေကို အဓိက တောင်းဆို ဆွေးနွေးသွားမှာ ပါ”ဟု ပြောသည်။

ယင်းတွေ့ဆုံပွဲသို့ ပေါင်းကူး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း၊ စိမ်းလန်းပြင်ဦးလွင်၊ စိမ်းရောင်စို အစရှိသည့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ကိုးဦး တက်ရောက်မည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးထွန်းမြင့်အောင်က “ညှိနှိုင်းဆွေးနွေးမှုကနေ အကောင်းကို မျှော်လင့်ပါ တယ်။ တွေ့ဆုံဖို့ တောင်းဆိုတာကို လိုက်လျောပေးတယ်ဆိုတော့ အကောင်းဘက်ကို သက်ရောက်မယ်လို့ ထင်တယ်လေ။ သူတို့ကလည်း တိုင်းပြည်တိုးတက်တာ၊ တည်ငြိမ်တာကို လိုချင်တယ် ဆိုရင်ပေါ့” ဟု ပြောသည်။

စစ်ကိုင်းတိုင်း MEITI ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူ ငါးဦးကိုလည်း ယင်းအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု မမိုးမိုးထွန်းက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ပါဝင်သည့် လယ်ယာမြေပေါ်တွင် ၀မ်ပေါင်ကုမ္ပဏီ ၀န်ထမ်းများ ခြံစည်းရိုးဝင်းခတ်မှု ကို ဒေသခံတောင်သူများက ကန့်ကွက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြုံရေးယူထားသော တပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းသဖြင့် အမျိုးသမီး တစ်ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရခဲ့သည့်အပြင် ဒီဇင်ဘာ ၂၃ ရက်ကလည်း ဒေသခံနှစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ဖြစ်ရပ် နောက်ပိုင်း လက်ပံတောင်းပဋိပက္ခများ အမြန်ဆုံးဖြေရှင်းပေးရန်နှင့်စီမံကိန်း ရပ်ဆိုင်းရန် ကန့်ကွက်ဆန္ဒပြ မှုများ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့သည်။ လက်ပံတောင်းကြေးနီ စီမံကိန်းအနီးတွင်လည်း သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Mizzima - News in Burmese  

လက်ပံတောင်း အကြမ်းဖက်မှုကို မန္တလေးလူထု၏ ငြိမ်းချမ်းစွာဆန္ဒပြပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ ၃၅ လမ်းပေါ်ရှိ မြတောင်ကျောင်းတိုက်ရှေ့မှစတင်ကာ ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
လက်ပံတောင်း အကြမ်းဖက်မှုကို မန္တလေးလူထု၏ ငြိမ်းချမ်းစွာဆန္ဒပြပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ ၃၅ လမ်းပေါ်ရှိ မြတောင်ကျောင်းတိုက်ရှေ့မှစတင်ကာ ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အရေးကိစ္စများ ဆွေးနွေးရန် အရပ်ဘက်အဖွဲ့ အစည်း၊ အစိုးရနှင့် လက်ပံတောင်းတောင်တွင် ကြေးနီစီမံကိန်း ဆောင်ရွက်သည့်ကုမ္ပဏီတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်တွင် ဆွေးနွေးမည်ဖြစ်သည်။

သီရိလင်္ကာ သမ္မတဟောင်း အာဏာ ဆုပ်ကိုင်ထား လိုမှုကို စုံစမ်း စစ်ဆေးမည်

သီရိလင်္ကာ သမ္မတဟောင်း မဟင်ဒါ ရာဇာပက်သသည် လွန်ခဲ့သည့် သီတင်းပတ်က ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားပြီးနောက် အာဏာ ဆက်ဆုပ်ကိုင်သွားရန် ကြိုးပမ်းခဲ့မှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေး သွား မည်ဖြစ်ကြောင်း သီရိလင်္ကာ အစိုးရအဖွဲ့သစ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တရုတ်သို့ ခိုးပို့မည့် တောရိုင်းတိရစ္ဆာန်များ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများဖမ်းမိ

တရုတ်နိုင်ငံသို့ ခိုးပို့မည့် တောရိုင်းတိရစ္ဆာန်များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို မူဆယ်မြို့တွင် ဖမ်းဆီး ရမိစဉ် (ဓာတ်ပုံ − သိန်းဇော်(ရွှေလီဦး))
တရုတ်နိုင်ငံသို့ ခိုးပို့မည့် တောရိုင်းတိရစ္ဆာန်များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် အခြား တရားမ၀င် သစ်တောထွက် ပစ္စည်းများကို မူဆယ်မြို့၊ စွမ်ဆော်ရပ်ကွက်ရှိ ဂိုဒေါင်တစ်ခုအတွင်းမှ ဖမ်းဆီးရမိ ခဲ့ကြောင်း မူဆယ်မြို့နယ် သစ်တောဦးစီး ဌာနမှ သတင်းရရှိသည်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကုန်စည်တန်ဆာ ခများ ဆက်တိုက်မြင့်တက်

မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်တွင် ဖြစ်ပေါ်နေ သည့် ယဉ်ကြောကျပ်ကာ ကား လမ်းပိတ်ဆို့မှုကြောင့် ကုန်တင် ကားများ အချိန်ကြာမြင့်စွာ ည အိပ်စောင့်ဆိုင်းနေရပြီး မန္တလေး- မူဆယ်ကုန်ပစ္စည်းတန်ဆာခ ဈေး နှုန်းများရက်ပိုင်းအတွင်း ဆက် တိုက်မြင့်တက်လာကြောင်း ကုန် စည်ပို့ဆောင်ရေး ဂိတ်များမှ သ တင်းရရှိသည်။

ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ထုတ်ပေးဖို့ ဆန္ဒပြ

Photo: ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ထုတ်ပေးဖို့ ဆန္ဒပြ
Monday, January 12, 2015  

ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ယာယီ ရပ်ဆိုင်း ထားတဲ့ တွံတေး၊ ကြည့်မြင်တိုင် တဖက်ကမ်းနဲ့ ဆိပ် ကြီး ခနောင်တိုမြို့နယ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် အနီးပတ်ဝန်းကျင်က ကျေးရွာတွေဖံွ့ဖြိုးလာမယ်လို့ ယူဆတဲ့အတွက် အခု လို တောင်းဆိုတာဖြစ်တယ်လို့ တွံတေးမြို့နယ်၊ ခလောက်ချိုက်ရွာသား ဦးစိုးကြည်က ပြောပါတယ်။

"စီမံကိန်းကိုပြန်ပြီးတော့ အကောင်အထည်အမြန်ဆုံး ဖော်ပေးဖို့တောင်းဆိုတာပေါ့၊ အဲ့လိုလုပ်ချင်နေတဲ့ အကြောင်းရင်းကလည်း ကျနော်တို့ဒေသကြီးတစ်ခုလုံကလေ ရန်ကုန်မြို့နဲ့ဆိုလည်း မြစ်ပဲခြားတယ်လေ၊ လှိုင်သာယာမြို့နဲ့ကျတော့လည်း မြစ်ပဲခြားတယ်၊ ခြားပြီးတော့ အကိုတို့ဒေသမှာ တစ်ခါတည်း ခန်းခြောက် ပြီးတော့လေ လယ်ယာမြေကလည်း လုပ်စားလို့လည်း အဆင်မပြေ၊ ကျေးရွာတွေကလည်း သွားရေးလာ
ရေးကအစ မိုးတွင်းဘက်ကျရင်လေ ရွှံ့တွေဗွတ်တွေနဲ့ အထက်တန်းကျောင်းတွေဆိုရင်လည်း မြေဧက ၃ဝဝဝဝ ဝန်းကျင် ရွာတွေစုထားတာပါ၊ တွဲဘက်အထက်တန်းကျောင်းဆိုတာက ထိပ်ဆုံးဆိုတဲ့ ကျောင်း တစ်ကျောင်းပဲရှိတယ်လေ၊ အဲ့ဒီတော့ ကျန်တဲ့ရွာတွေက အဝေးကြီးကနေပြီးမှ အဲ့လိုသွားဖို့က လမ်းပမ်းမရှိ ဘာမရှိတွေနဲ့ဆိုတော့လေ ကလေးတွေက ပညာရေးတွေက မမီတော့ဘူးပေါ့၊ ကျောင်းတွေဘာတွေ ထွက် ပြီးတော့ ကိုယ့်မိရိုးဖလာ အလုပ်ကလေးတွေပဲ လုပ်စားနေရတယ်"

မြို့သစ်စီမံကိန်းဧရိယာမှာပါတဲ့ ဒေသခံတွေဟာ တွံ့တေးမြို့နယ် ခလောက်ချိုက်ကျေးရွာမှာစုဝေးပြီး သင်္ဃန်း ကျွန်းမြို့နယ်က ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ဆန္ဒပြကြတာဖြစ်ပါတယ်။

အခုလို ဒေသခံတွေ ဆန္ဒပြတောင်းဆိုတာဟာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကို မြေဧက ၃ဝဝဝဝ ကျော်မှာ အကောင်အထည် ဖော်မှာဖြစ်ကြောင်းနဲ့ စီမံကိန်းကို မြို့သစ်စေတနာအများပိုင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်က ပြီးခဲ့တဲ့နှစ် သြဂုတ်လက တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတင်ပြမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတာကြောင့် စီမံကိန်းကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

RFA
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ယာယီရပ်ဆိုင်းထားတဲ့ တွံတေး၊ ကြည့်မြင်တိုင် တဖက်ကမ်းနဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ရွှေပြည်သာမြို့တွင် တို့ဆေးအသုံးပြု၍ လုယက်မှုဖြစ်

ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ (၅)ရပ်ကွက် အပိုင်(၅/၅)ရပ်ကွက် ခတ္တာလမ်းသွယ်(၂)တွင် ဇန်နဝါရီ ၇ ရက် နံနက် ၆ နာရီခန့်က တို့ဆေး အသုံးပြု၍ လုယက်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ဖားကန့်မြို့ စွန့်ပစ်မြေစာပြိုကျမှု ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေ

Photo: ဖားကန့်မြို့ စွန့်ပစ်မြေစာပြိုကျမှု ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေ
Monday, January 12, 2015 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် မှော်မောင်းကုန်းနှင့် ဆွတ်နန်ကုန်းကြားရှိ ရတနာဆင်သီရိကျောက်မျက် ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံ ရုတ်တရက် ပြိုကျမှုကြောင့် သေဆုံးသူများကို ဇန်နဝါရီ ၁ဝ ရက်တွင် ကုမ္ပဏီ ဘက်ဟိုးယာဉ်များဖြင့် ဆက်လက် တူးဖော်ရှာဖွေနေသော်လည်း တစ်ဦး တစ်ယောက်မျှ ထပ်မံမတွေ့ရှိသေးကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''အခုပျောက်ဆုံးနေတဲ့စာရင်းကို အုပ်ချုပ်မှုအဖွဲ့အစည်းတွေကို သတင်းပေးဖို့တောင်းထားတယ်။ ဒါပေမယ့် အမည်စာရင်းပေးပို့တဲ့သူတွေမရှိသေး ဘူး''ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလေးက ပြောသည်။ အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် ည ၇ နာရီ မိနစ်၂ဝ တွင် ဖြစ်ပွားခဲ့ပြီး ယင်းမြေစာပုံအောက်ခြေ၌ ယာယီ ဈေးဆိုင်တဲငယ် ခုနစ်ဆိုင်ခန့်၊ ဆိုင်ကယ် အစီး ၅ဝ ခန့်နှင့် ရေမဆေးကျောက် ရှာဖွေသူ ၂ဝ၊ ၃ဝခန့်ရှိကြောင်းသိရသည်။

ယင်းမြေစာပိပျောက်ဆုံးနေသူများအား ရတနာဆင်သီရိကုမ္ပဏီနှင့် ဇေကမ္ဘာကုမ္ပဏီတို့မှ ဘက်ဟိုးယာဉ် လေးစီးဖြင့် ဇန်နဝါရီ ၇ ရက် နံနက် ပိုင်းမှစ၍ တူးဖော်ရှာဖွေခဲ့ရာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့၏ ရုပ်အလောင်းများကိုသာ တူးဖော်တွေ့ ရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဖားကန့်မြို့မရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ်(၂/၂ဝ၁၅)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကေဆိုင်းနော်(ဖားကန့်)
The Mirror Daily
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် မှော်မောင်းကုန်းနှင့် ဆွတ်နန် ကုန်းကြားရှိ ရတနာဆင်သီရိကျောက်မျက် ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံ ရုတ်တရက် ပြိုကျမှုကြောင့် သေဆုံး သူများကို ဇန်နဝါရီ ၁ဝ ရက်တွင် ကုမ္ပဏီ ဘက်ဟိုးယာဉ်များဖြင့် ဆက်လက် တူးဖော်ရှာဖွေနေသော်လည်း တစ်ဦး တစ်ယောက်မျှ ထပ်မံမတွေ့ရှိသေးကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လယ်ဝေးမြို့နယ်၌ စပါးအုံးမြွေကြီးတစ်ကောင် ဖမ်းမိ

Photo: လယ်ဝေးမြို့နယ်၌ စပါးအုံးမြွေကြီးတစ်ကောင် ဖမ်းမိ
Monday, January 12, 2015 

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ညိုပင်ကျေးရွာအုပ်စု ကြိုးတန်းကျေးရွာနေ လယ်ယာ လုပ်ငန်းလုပ်ကိုင်သူ ကိုဇော်သည် ယမန်နေ့နံနက်ပိုင်းက ရဘိန်းကျေးရွာအုပ်စု ရေပြာကျေးရွာတောစပ်သို့ အိမ်မွေးကျွဲများအတွက် ကျွဲစာရိတ်ရန်သွားရောက်ရာ တောစပ်အနီး စပါးအုံးအမျိုးအစား မြွေကြီးနှစ်ကောင်ကို တွေ့ရှိခဲ့၍ တစ်ကောင်ကို အရှင်ဖမ်းမိခဲ့ပြီး ကျန် တစ်ကောင်မှာ တောထဲသို့ ဝင်ပြေးသွားခဲ့သည်။

ဖမ်းမိခဲ့ သောမြွေမှာအမဖြစ်၍ အရှည်ရှစ်ပေ၊ လုံးပတ်ရှစ်လက်မ ရှိပြီး ယခုအခါ ကြို့တန်းကျေးရွာ ရွာဦးဘုန်းကြီး ကျောင်းဝင်းအတွင်း သစ်သားသံဆန်ခါ လှောင်အိမ် ပြုလုပ်၍ ထိန်းသိမ်း စောင့်ရှောက်ထားလျက်ရှိ ကြောင်း သိရသည်။

ကိုပေါက်(ဥက္ကာမြေ)
Myanmaalinn
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ညိုပင်ကျေးရွာအုပ်စု ကြိုးတန်းကျေးရွာနေ လယ်ယာ လုပ်ငန်းလုပ်ကိုင်သူ ကိုဇော်သည် ယမန်နေ့နံနက်ပိုင်းက ရဘိန်းကျေးရွာအုပ်စု ရေပြာကျေးရွာတောစပ်သို့ အိမ်မွေးကျွဲများအတွက် ကျွဲစာရိတ်ရန်သွားရောက်ရာ တောစပ်အနီး စပါးအုံးအမျိုးအစား မြွေကြီး နှစ် ကောင်ကိုတွေ့ရှိခဲ့၍ တစ်ကောင်ကို အရှင်ဖမ်းမိခဲ့ပြီး ကျန်တစ်ကောင်မှာ တောထဲသို့ ဝင်ပြေးသွားခဲ့သည်။

အစ္စလာမ် အစွန်းရောက် ဆန့်ကျင်ရေး ပြင်သစ် ချီတက်ပွဲ

ပြင်သစ် နိုင်ငံမှာ အစ္စလာမ် အစွန်းရောက် တွေကြောင့် လူ ၁၇ ဦး သေဆုံး ခဲ့ရ တာကို ကန့်ကွက် ဆန့်ကျင် တဲ့ ပဲရစ်မြို့ ချီတက်ပွဲ မှာ လူပေါင်း ၁ သန်း နီးပါး ပါဝင် ခဲ့ကြ ပါတယ်။

ဖမ်းမမိသေးသော အကြမ်းဖက်သမားများ ရှိနေဆဲကြောင့် ပြည်တွင်း၌ အကြမ်းဖက်မှုများ ဖြစ်နိုင်ဆဲ


အကြမ်းဖက်မှုများမြန်မာနိုင်ငံတွင်း လုံးဝမဖြစ်နိုင်တော့ဟု မသတ်မှတ်နိုင်သေးကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် စိုးမြိုင်က ဇန်နဝါရီ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပါကစ္စတန် ယာဉ်တိုက်မှု လူ ၅၇ ထက်မနည်း သေဆုံး

Photo: ပါကစ္စတန် ယာဉ်တိုက်မှု လူ ၅၇ ထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့တော် တောင်ဘက်မှာ ဒီနေ့အစောပိုင်းက အရှိန်မြှင့် မောင်းနှင်လာတဲ့ ဓာတ်ဆီတင်ကားတစ်စီး လမ်းကြောင်းမှားပြီး ခရီးသည်တင်ဘတ်စ်ကားနဲ့ ခေါင်းချင်း ဆိုင်တိုက်မိ ခဲ့တဲ့ အတွက် ခရီးသည် ၅၇ ယောက်ထက်မနည်း သေဆုံး ခဲ့ပါတယ်။

လမ်းဆိုးတဲ့အပိုင်းမှာ တိုက်မိတဲ့ အဲဒီယာဉ်နှစ်စီးဟာ မီးလောင်ကျွမ်းခဲ့တယ်လို့ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ကားတိုက်ခံရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါပြီး တချို့က မီးလောင်ဒဏ်ရာကြောင့် မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့ကြပါတယ်။ သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့လည်း ခရီးသည်တွေကို ကုသပေးနေတဲ့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ကားမီးလောင်လို့ သေဆုံးသူတွေထဲမှာ သူတို့မိသားစုက မိသားစုဝင် ၉ ယောက် ပါသွားတယ်လို့ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်က ပြောပါတယ်။ တချို့ခရီးသည်တွေကတော့ ကားပြူတင်းပေါက်က ခုန်ချလွတ်မြောက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံဟာ လမ်းသားအရည်အသွေးညံ့ဖျင်းမှု၊ တာဝန်မဲ့ ယာဉ်မောင်းမှုနဲ့ ယာဉ်ထိန်းသိမ်းရေးညံ့ဖျင်းမှုတွေကြောင့် လူ့အသက် အများကြီးဆုံးရှုံးရတဲ့ ယာဉ်တိုက်မှုတွေ အတော်များများ ဖြစ်ပွားတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ လူသိများတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဓာတ်ဆီတင်ကားနဲ့တိုက်မိတဲ့ ခရီးသည်တင်ကား (ဇန်နဝါရီ ၁၁၊ ၂၀၁၅)
ဓာတ်ဆီတင်ကားနဲ့တိုက်မိတဲ့ ခရီးသည်တင်ကား (ဇန်နဝါရီ ၁၁၊ ၂၀၁၅) 
ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့တော် တောင်ဘက်မှာ ဒီနေ့အစောပိုင်းက အရှိန်မြှင့် မောင်းနှင်လာတဲ့ ဓာတ်ဆီတင်ကားတစ်စီး လမ်းကြောင်းမှားပြီး ခရီးသည်တင်ဘတ်စ်ကားနဲ့ ခေါင်းချင်း ဆိုင်တိုက်မိ ခဲ့တဲ့ အတွက် ခရီးသည် ၅၇ ယောက်ထက်မနည်း သေဆုံး ခဲ့ပါတယ်။

ဗန်းမောက်မြို့နယ် အတွင်း တရားမ၀င် ရွှေတူးဖော်သူ နှစ်ဦးကို ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် စီးမှော်ကျေးရွာအုပ်စုအတွင်း တရားမဝင်ရွှေတူး ဖော် လုပ်ကိုင်နေသူနှစ်ဦးကို ဇန်နဝါရီ ၉ ရက်က ဖမ်းဆီးရမိ ပြီး အရေးယူမှုများ ဆောင်ရွက်လျက်ကြောင်း သိရသည်။

မွေးရာပါ ရှေ့သွား နှစ်ချောင်းပါ ကလေးငယ်တစ်ဦး အမေရိကန်တွင် မွေးဖွား

အမေရိကန်နိုင်ငံ မစ်ဇူရီပြည်နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ မွေးရာပါ ရှေ့သွားနှစ်ချောင်းပါတဲ့ ကလေးငယ်တစ်ဦး မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

RFA အမျိုးသား လွှတ်တော် ဥက္ကဌ ၈၈ ခေါင်းဆောင်များနဲ့ တွေ့ဆုံ

Photo: အမျိုးသား လွှတ်တော် ဥက္ကဌ ၈၈ ခေါင်းဆောင်များနဲ့ တွေ့ဆုံ
Monday, January 12, 2015  

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ကိစ္စတွေကို ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ခဲ့တာတွေကို ရှင်းပြခဲ့သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း တွေကို ဖြေရှင်းနိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက ပြောပါတယ်။

"ကျနော်တို့ကတော့ လက်ရှိနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေတော်တော် များများကို ခြုံငုံပြီးတော့ပြောဖြစ်ပါ တယ်၊ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ဆွေးနွေးနေတဲ့ အချက်တွေကတော့ ပုဒ်မတွေ ၂ဝဝ ကျော်ပေါ၊့ အဲ့ဒီအ ထဲမှာ အရေးပါတဲ့ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၃၆ နဲ့ပတ်သတ်လို့ ကျနော်တို့ ဆောင်ရွက်ခဲ့တာတွေ ကျနော်တို့ သဘောထားတွေကို ပြောဖြစ်ဆွေးနွေး ဖြစ်ပါတယ်၊ အဓိကကတော့ ကျနော်တို့ ဦးတည်ပြီးဆွေးနွေးတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းရင်းသား တန်းတူညီမျှရေး အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စ အဲ့ဒါတွေကိုပဲ အဓိက ဆွေးနွေးခဲ့ကြပါတယ်"

တွေ့ဆုံပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို နဲ့ ကိုထွန်းမြင့်အောင် စတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်း သား ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အ စည်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့နှစ် မေလ ၂၇ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံလုံးအနှံ့မှာ ဆန္ဒသဘောထားလက်မှတ်တွေကို ကောက်ခံခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလှုပ်ရှားမှုကနေ ရရှိလာတဲ့ လက်မှတ် ၅သန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ထံ တင်ပြထားပါတယ်။

RFA
အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ကိစ္စတွေကို ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။