အနှိပ်ခန်းများအား တရားဝင်ခွင့်ပြုရန် ဥပဒေပြဋ္ဌာန်းပေးရေးကိစ္စသည် မြန်မာ့ယဉ်ကျေးမှုနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် ထိုသို့ခွင့်ပြုပေးလိုက်ပါက ကိုယ်ကျင့်တရားပျက်ပြားမှုများ ဖြစ်ပေါ်စေနိုင်၍ ယင်းကိစ္စ ရပ်အား ခွင့်ပြုပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ငြင်းဆိုလိုက်သည်။
Saturday, 13 December 2014
ထိုင်းနိုင်ငံရှိ တရားမ၀င် မြန်မာအလုပ်သမားများအား စက်ရုံအရောက် အထောက်အထားထုတ်ပေးရန် နှစ်နိုင်ငံသဘောတူ

ထိုင်းရေလုပ်ငန်းခွင်မှ မြန်မာလုပ်သားတစ်ဦး (ဓာတ်ပုံ− bangkokpost.com)
စက်ရုံလုပ်ငန်းခွင် အထိသွားရောက်ကာ အထောက် အထားများ ထုတ်ပေးရန် ထိုင်း အစိုးရနှင့် ဒီဇင်ဘာ ၁၂ ရက်က သဘောတူစာချုပ် ချုပ်ဆိုခဲ့ ကြေင်း အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ သတင်းရရှိသည်။
အရှေ့မြောက်လေအေးများကြောင့် မြန်မာ့ပင်လယ်ပြင်သွား ရေယာဉ်များ သတိပြုရန် ဒေါက်တာထွန်းလွင်သတိပေး
ဒီဇင်ဘာဒုတိယပတ်အတွင်း တရုတ်ပြည်ဘက်မှ အားကောင်းသော အရှေ့မြောက်လေအေးများ ပြင်းထန် လာသောကြောင့် မြန်မာ့ပင်လယ်ပြင်တွင် သွားလာနေကြသော ရေယာဉ်များ လေပြင်းအန္တရာယ် သတိပြုရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။
စီအင်န်အင်န်၏ ကမ္ဘာ့အထင်ကြီးဖွယ်ရာ ဘာသာရေးရုပ်တု ၁၀ဆူတွင် မုံရွာရပ်တော်မူရုပ်ပွားတော်ပါဝင်
ရန်ကုန်- စီအင်န်အင်န်သတင်းဌာနသည် မကြာမီက ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော အထင်ကြီး ကြည်ညို ဖွယ်ဘာသာရေးရုပ်တု ၁၀ ဆူ ကို ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံ မုံရွာမြို့အနီးရှိ ဗောဓိတစ်ထောင်ဆရာ တော်ဘုရားကြီးတည်ထားခဲ့သော လေးကျွန်းစကြာရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ထည့်သွင်းရွေးချယ်ခဲ့ သည်။
လူ့အရေပြားအစစ်အတိုင်းခံစားနိုင်စေမည့် အရေပြားအတု တီထွင်

အထူးဖန်တီးထားသည့် အရေပြားအတုတစ်မျိုးသည် လက်ပြတ်သွားသူ လူနာတို့အား အစားထိုးပေးခဲ့ရာ ပင်ကိုအရေပြားအတိုင်း ထိတွေ့မှုခံစားချက်ကို ပြန်လည်ရရှိစေကြောင်း သိရသည်။
ကန် မြန်မာ စစ်ဘက် ဆက်ဆံရေး သတိထားဖို့ လိုအပ်

အမေရိကန်-မြန်မာ စစ်ရေးလေ့ကျင့်မှု လေ့လာ။ Credit to USNavy official Page
မကြာသေးခင်ကမှ အမေရိကန် အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ၂၀၁၅ အမျိုးသား ကာကွယ် ရေးဆိုင်ရာလုပ်ပိုင်ခွင့် ဥပဒေမူကြမ်းမှာ မြန်မာနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုအပိုင်းမှာ အပြောင်းအလဲတချို့ ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။ ပြုပြင်ပြောင်းလဲရေး နောက် ပြန် ဆုတ်နေတဲ့ ကာလမှာ အမေရိကန် အစိုးရနဲ့ မြန်မာအကြီးအကဲတွေကြား မှားယွင်းတဲ့ ဆက်ဆံရေးမျိုး ဖြစ်သွားမှာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။
ဘင်္ဂလားဒေ့ရှ် လမုတော ပျက်စီးမယ့် အန္တရာယ် ရင်ဆိုင်နေရ

Sundarbans ဒေသမှာရှိတဲ့ Sela မြစ်ထဲ လောင်စာဆီ ဂါလံ ၉ သောင်းကျော် တင်ဆောင်လာတဲ့ ရေယာဉ် နစ်မြုပ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ လောင်စာဆီ ယိုဖိတ်မှုတွေ ဖြစ်ပွါးခဲ့တဲ့ အတွက် ကမ္ဘာ့ထိမ်းသိမ်းရမယ့် အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ယူနက်စကို UNESCOအဖွဲ့က သတ်မှတ် ထားတဲ့ Sundarbans လမုတောဒေသ ပျက်စီးနိုင်တဲ့ ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။
Friday, 12 December 2014
ပြည်သူတွေရဲ့ ကျေးကျွန်အဖြစ်နဲ့ ခံယူပြီး ဒီပါတီကို ထူထောင်တာ – ဦးအောင်မျိုးခိုင်

မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၉ ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရ

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားပုံဖြင့် ဖျော်ဖြေပွဲ ကြော်ငြာခဲ့သဖြင့် V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦးမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စဉ် အာမခံမရရှိသဖြင့် အင်းစိန်ထောင်သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။
ဂွါတာနာမို အကျဉ်းစခန်းကို သမ္မတအိုဘားမားက ပိတ်တော့မည်ဖြစ်သော်လည်း အခက်အခဲများရှိနေဆဲဖြစ်

စီအိုင်အေအဖွဲ့ က လူသားမဆန်သည့် နှိပ်စက်မှုများဖြင့် စစ်ဆေးမေးမြန်းမှုများ ကျုးလွန်ရာ ဂွါတာနာမို ပင်လယ်အော်ရှိ အမေရိကန် စစ်အကျဉ်းထောင်ကို အိမ်ဖြူတော်က ပိတ်သိမ်းရန် ဆောင်ရွက်နေပြီဖြစ် သည်။
အမေရိကန်တွင် အကြီးဆုံးဒေ၀ါလီခံခဲ့ရသည့်မြို့ အကြွေးပြန်ဆပ်နိုင်တော့မည်

အမေရိကန်သမိုင်းမှာ အကြီးဆုံး ဒေ၀ါလီခံရတဲ့မြို့ကြီးအဖြစ် ကြေညာခဲ့ရတဲ့ ဒက်ထရွိုက် (Detroit) မြို့ဟာအခုတော့ အကြွေးတွေကို ပြန်ဆပ်နိုင်တော့မှာ ဖြစ်လို့ ဒေ၀ါလီခံမြို့အဖြစ်ကနေ လွတ်မြောက် တော့မယ်လို့ မြို့တော်အာဏာပိုင်တွေက ကြေညာပါတယ်။
ရန်ကုန်တက္ကသိုလ်တွင် လစ်လပ်ရာထူးများအတွက် အရည်အချင်း ပြည့်မီသူ သုံးပုံနှစ်ပုံသာရှိ ဟုဆို

ရန်ကုန်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ ၁၅၄ နေရာ လစ်လပ်သော်လည်း အရည် အချင်းပြည့်မီသူ တစ်ရာခန့်ပင် မပြည့်ဟုဆိုသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်တက္ကသိုလ်တွင် လစ်လပ်နေရာများ ရှိနေသော်လည်း အရည်အချင်း ပြည့် မီသည့်နည်းပြ၊ သရုပ်ပြ အားနည်းနေ၍နေရာပြည့်ခန့်ထားနိုင်မည်မဟုတ်ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူ က မဇ္ဈိမကို ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ ပြင်ဆင်

တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီ တို့အကြားမှာ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၅နှစ်ဆန်းပိုင်းမှာ လက်မှတ်ရေးထိုးနိုင်လိမ့်မယ် လို့ MPC ခေါ် မြန်မာငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူတွေကပြောပါတယ်။ လာမယ့် ဒီဇင်ဘာ(၁၇)ရက်နေ့မှာ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ NCCTနဲ့ ပြည်ထောင်စုငြိမ်းချမ်း ရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ၀န်ကြီးဦးအောင်မင်းကနေ ကမ်းလှမ်း လာတယ် လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ အခုလိုသတင်းပေးပို့ ထားပါတယ်။
ဟောင်ကောင်ဆန္ဒပြပွဲ ရဲအင်အား ၇ ထောင်ကျော်ဖြင့် ရှင်းလင်း

နောက်ဆုံးလက်ကျန် ဟောင်ကောင်ဆန္ဒပြပွဲတွေကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်က ဟောင်ကောင် အာ ဏာပိုင်တွေ စတင်ဝင်ရောက်ရှင်း လင်းခဲ့ကြပါတယ်။
တရုတ်တွင် နိုင်ငံပိုင်ကုမ္ပဏီ အကြီးအကဲ လာဘ်စားမှုကြောင့် သေဒဏ်ပေးခံရ

တရုတ်နိုင်ငံတွင် ယွမ်သန်း ၄၀၀ နီးပါး လာဘ်စားမှုအပါအဝင် အကျင့်ပျက်ချစားမှုကြောင့် နိုင်ငံပိုင် ကုမ္ပဏီ တစ်ခု ၏ အကြီးအကဲဖြစ်သူ သေဒဏ်ပေးခံခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်ရှိ တရားစွဲဆိုခံထားရသော တောင်သူများ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တွေ့ခွင့်ရရန် အစာငတ်ခံ ဆန္ဒပြတောင်းဆို

အစာငတ်ခံဆန္ဒပြတောင်းဆိုနေသည့် တောင်သူများအား တွေ့ရစဉ်
လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ပုဂံပုံကျေးရွာအုပ်စု ဇုက္ကနိကျေးရွာတွင် လယ်ယာများအငြင်းပွား ရာမှ တရားစွဲဆိုခြင်းခံထားရသည့် တောင်သူခြောက်ဦးသည် လယ်ယာမြေပြဿနာများအား တရား မျှတစွာ ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော် နှင့် တွေ့ဆုံခွင့်ရရန် ဒီဇင်ဘာ ၁၁ ရက်တွင် အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် ဒေသခံကြား မြေယာပိုင်ဆိုင်မှု မစစ်ဆေးနိုင်သေး

ပြီးခဲ့တဲ့ ဇူလိုင်လက ဆန္ဒပြခဲ့ကြစဉ် (ဓာတ်ပုံ - Kotoe Taunggyi)
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နဲ့ ဒေသခံတောင်သူတွေကြား မြေယာ ပိုင်ဆိုင်မှု အငြင်းပွား ပြဿ နာကို ပြီးခဲ့တဲ့ ၁ နှစ်ကျော်က လက်ခံရရှိထားပေမယ့် ဒီကနေ့ထိ သွားရောက် စစ်ဆေးပေးနိုင်ခြင်းမရှိဘူးလို့ မြေသိမ်းမှု စုံစမ်းရေးအဖွဲ့က ပြောပါတယ်။
CIA လုပ်ရပ် ညွှန်ကြားရေးမှုး ကာကွယ်ပြောဆို

(CIA) ညွှန်ကြားရေးမှူး John Brennan ရဲ့ CIA ဌာနချုပ်က သတင်းစာရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၁၊ ၂၀၁၄)
၂၀၀၁ ခုနှစ်က အမေရိကန်ပြန်ထောင်စု အပေါ် အကြမ်းဖက် တိုက်ခိုက်မှုကြီး ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်သမား တွေလို့ သံသယရှိသူတွေကို ဆက်ဆံတဲ့နေရာမှာ ပိုမိုထိရောက်စေတဲ့ နည်းလမ်းတွေ အသုံးပြုပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်လို့ CIA ဗဟိုထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ က ကာကွယ်ပြောဆိုလိုက်ပါတယ်။
ဟောင်ကောင်ဆန္ဒပြသူ များ၏ အဓိက သပိတ်စခန်း တစ်ခုကို အာဏာပိုင်များ စတင်ဖျက်သိမ်း

ဟောင်ကောင် အက်မာရတီအရပ်ရှိ ဆန္ဒပြစခန်းဟောင်း တစ်နေရာ။ ဓာတ်ပုံ - AFP
ဟောင်ကောင်ဒေသရှိ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများ၏ အဓိကသပိတ်စခန်းတစ်ခုဖြစ်သည့် ရေတပ် ဦးစီးဌာန သပိတ်စခန်းကို အာဏာပိုင်များက ဒီဇင်ဘာ ၁၁ ရက်က စတင်ဖျက်သိမ်းခဲ့သည်။
Thursday, 11 December 2014
ကလေးငယ်တွေမှာ မျက်စိ ကင်ဆာ ရှိမရှိ စမတ်ဖုန်းကင်မရာသုံးပြီး သိနိုင်

ကလေးငယ်တွေမှာ မျက်စိ ကင်ဆာ ရှိမရှိဆိုတာကို စမတ်ဖုန်းမှာပါတဲ့ ဖလက်ရှ် အလင်းရောင် နဲ့ စမ်းသပ်ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
Subscribe to:
Posts (Atom)