အမေရိကန်သမိုင်းမှာ အကြီးဆုံး ဒေ၀ါလီခံရတဲ့မြို့ကြီးအဖြစ် ကြေညာခဲ့ရတဲ့ ဒက်ထရွိုက် (Detroit) မြို့ဟာအခုတော့ အကြွေးတွေကို ပြန်ဆပ်နိုင်တော့မှာ ဖြစ်လို့ ဒေ၀ါလီခံမြို့အဖြစ်ကနေ လွတ်မြောက် တော့မယ်လို့ မြို့တော်အာဏာပိုင်တွေက ကြေညာပါတယ်။
တချိန်က အမေရိကန်နိုင်ငံရဲ့ စက်မှုမြို့တော် ဖြစ်ခဲ့တဲ့ ဒက်ထရွိုက်မြို့ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အမေရိ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကြွေးတင်ခဲ့ပြီး ဒေ၀ါ လီခံမြို့ကြီး အဖြစ် ကြေညာခဲ့ရတာပါ။
ဒါပေမယ့် မြို့တော်ဘဏ္ဍာရေး အခြေအနေကို ပြင်ဆင်နိုင်ခဲ့ပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ မြို့တော် အရေးပေါ်ကယ်ဆယ်ရေးမန်နေဂျာ ကီးဗ် အွတ် (Kevyn Orr)က ကြေညာခဲ့တာပါ။
ဒါပေမယ့် ရှေ့ဆက်လုပ်ကိုင်စရာတွေကတော့ အများကြီးကျန်သေးတယ်လို့ လည်း ပြောဆိုပါတယ်။ အခု တော့မြို့တော်နေ ပြည်သူတွေအတွက် အခြေခံဝန်ဆောင်မှုတွေကို ပြန်လည်ရရှိတော့မယ်လို့ ပြောဆို ပါတယ်။
ဒက်ထရွိုက်မြို့တော်က အငြိမ်းစားတွေ ပင်စင်ငွေတွေ ဖြတ်ခံထားရပြီး မြို့တော်ရဲ့ အထင်ကရ အနုပညာ ဌာနနဲ့ ဟော့ကီအားကစားကွင်းကိုလည်း စီးပွားဖြစ်ပြောင်းလဲ လုပ်ကိုင်ကြတော့မှာ ဖြစ်ပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment