ဒီဇင်ဘာလ (၈) ရက်နေ့ ညပိုင်းက ရန်ကုန်ဘူတာကြီး အနီး ပလက်ဖောင်းပေါ်တွင် အိပ်နေသော သံဃာ အတုအယောင် (၁၀) ဦးအား လူဝတ်လဲ၍ သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူ လိုက်ကြောင်း ရန်ကုန် ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။ သတ်မှတ် စည်းကမ်းချက်နဲ့ မညီတဲ့ သာသနာ ညှိုးနွမ်းစေသူတွေပါ၊ လူဝတ်လဲပြီး သံဃ နာယကက အရေးယူပေးပါ ဆိုပြီး ပြောကြား လို့ပါ။ ပလက်ဖောင်းပေါ် အိပ် ဟိုအိပ် ဒီအိပ်နဲ့ ဟု မင်္ဂလာ တောင်ညွန့် မြို့နယ်မှူး ရဲမှူး သိန်းအောင်က The Messenger Media သို့ ပြောသည်။
Wednesday, 10 December 2014
လူသတ်သမားဝတ်စုံ ဝတ်ထားလို့ တကယ်လို့ ထင်ပြီး LAPD ရဲတို့ ပစ်သတ်ခဲ့

Scream ရုပ်ရှင်စီးရီး ကြည့်ဖူးသူတို့ ယင်းထဲက ဗီလိန်လူသတ်သမားကို သိကြ ပါလိမ့်မယ်။ မျက်နှာလုံး စွတ်ပြီး အနက်ရောင် ဝတ်ဆုံနဲ့ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ ဒါကို ဟောလိဝုဒ် လမ်းမထက်မှာ လူတစ်ယောက် ဝတ်ဆင်ပြီး လျှောက်သွားနေတော့ ရဲနှစ်ဦးရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။
ခိုးဝင် မြန်မာအလုပ်သမားကား တိမ်းမှောက် ၁ ဦးသေ၊ ၃၀ ဒဏ်ရာရ

ဓာတ်ပုံ – thairath.co.th
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကား ၃ စီးထဲက ၁ စီး တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြ သွားပါတယ်။
မလေးရှားက မြန်မာလူသတ်မှုများ ဖော်ထုတ်နိုင်တော့မည်
မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ မြန်မာတစ်ဦး အသတ်ခံရတဲ့ အမှုဟာ မကြာခင်က ဖမ်း ဆီးမိခဲ့တဲ့ ၁၇ ဦးပါဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ ယုံကြည်ရကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောပါတယ်။
နာဂဒေသအတွက် သီးခြားလွှတ်တော်တစ်ရပ် တောင်းဆို

နာဂတိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ ဒေသအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် များကဲ့သို့ ဥပဒေပြုရေး မဏ္ဍိုင်အဖြစ် သီးခြားလွှတ်တော်တစ်ရပ် ပေါ်ပေါက်ရန် တောင်းဆိုကြောင်း နာဂ အမျိုးသား ညီလာခံ ကျင်းပရေး ဦးဆောင် ကော်မတီဝင်များက ပြောဆိုသည်။
မြန်မာနှစ်ဦး နောက်အမှုချိန်း နှစ်လစောနေကြောင်း ထိုင်းသတင်းစာဖော်ပြ

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ တရားစွဲဆိုခံနေရသူ မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ်နှစ်ဦး ရဲ့ အမှုကိုစစ်ဆေးနေတဲ့ ကော့စမွီခရိုင် တရားရုံးက နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ ကို ချိန်းဆိုလိုက်တာဟာ ရှေ့ကိုနှစ်လစောပြီး သတ်မှတ်လိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်း သတင်းစာက ဖော်ပြပါတယ်။
မြစ်သားမြို့နယ် ဒုလဝကမှူး မူးယစ်သယ်ဆောင်မှုဖြင့် တာဝန်ယာယီရပ်ဆိုင်း
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့ ပြောင်းရွှေ့လာသည့် ဒုတိယလဝကမှူးကို မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်း ဝယ် မှုဖြင့် သံသယရှိ၍ တာဝန်မှ ယာယီရပ်ဆိုင်းထားကြောင်း တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ် ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းဇော်က ပြောကြားသည်။
မာဂရက်သက်ချာကို လုပ်ကြံသတ်ဖြတ်ရန် လျှို့ဝှက်ကြံစည်မှု၌ FBI တစ်ဦး ပါဝင်ခဲ့ဟုဆို

နယူးယောက်မြို့ရှိ ပြည်ထောင် စု ထောက်လှမ်းရေးဗျူရို(FBI) ရုံးမှ အမျိုးသမီး အတွင်းရေးမှူးတစ်ဦးက မာဂရက်သက်ချာကို လုပ်ကြံမည့် အိုင်ယာလန် ရီပတ်ဘလီကန်အကြမ်း ဖက်သမားများထံသို့ မာဂရက် သက်ချာ အမေရိကန်သို့ အလည်အပတ် လာမည့်သတင်းကို ပေါက်ကြားခဲ့ သည်ဟု သံသယရှိကြောင်း အသစ် ထုတ်ပြန်လိုက်သည့် အချက်အလက် များအရ သိရသည်။
မွန်ဒေသခံများ ထိုင်းနှင့် ဂျပန် နိုင်ငံတို့မှ ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ကောင်းကျိုး ဆိုးကျိုးများ သွားရောက် လေ့လာ

လေ့လာရေးခရီးစဉ်၌ လိုက်ပါသွားမည့် ကိုဝင်းနိုင်သက်နှင့် ဦးညီသွေးတို့ ခရီးစဉ် မသွားရောက်မီ ဒေါက်တာ ခင်မောင်ညိုနှင့် သတ္တုတွင်းပညာရှင် ဦးစိန်မြင့် တို့နှင့်သွားရောက် ဆွေးနွေးခဲ့စဉ် လေ့လာရေး ခရီးစဉ်၌လိုက်ပါသွားမည့် ကိုဝင်းနိုင်သက်နှင့် ဦးညီသွေးတို့ ခရီးစဉ် မသွားရောက်မီ ဒေါက်တာ ခင်မောင်ညိုနှင့် သတ္တုတွင်း ပညာရှင် ဦးစိန်မြင့် တို့နှင့် သွားရောက် ဆွေးနွေး ခဲ့စဉ် ဓါတ်ပုံ - (ဦးညီသွေး)
Toyo Thai ကုမ္ပဏီမှ ဖိတ်ခေါ်ချက် အရ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံ အတွင်းရှိ ကျောက်မီးသွေး လောင်စာ သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ၏ ကောင်းကျိုး ဆိုးကျိုး များကို လေ့လာ နိုင်ရန် အတွက် မွန်ပြည်နယ်မှ ဒေသခံ (၁၅) ဦး ယနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လေ့လာရေး ခရီး သွားရောက်မည် ဖြစ်ကြောင်း ခရီးစဉ်တွင် လိုက်ပါ သွားမည့် မြစ်မခ သတင်းဌာနမှ သတင်းထောက် ကိုဝင်းနိုင်သက်က ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၉) ရက်နေ့၌ ပြောကြားသည်။
အုန်းဆီက သွားတိုက်ဆေးအမျိုးအစားအားလုံးထက် ပိုမိုကောင်းမွန်

အုန်းသီးက သွားတွေထိခိုက်ပျက်ဆီးစေတဲ့ ဘက်တီးရီးယားပိုးတွေကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်း သိပ္ပံပညာ ရှင်များက အတည်ပြုပြောဆိုခဲ့ပါတယ်။
ဟောင်ကောင် ဆန္ဒပြ နေရာများကို ရဲများက အပြီးတိုင်ရှင်းလင်း ဖယ်ရှားတော့မည်

ကျောင်းသားဆန္ဒပြ ခေါင်းဆောင် ဂျိုရှုအာဝန်း ဒီဇင်ဘာ ၆ ရက်က အက်မာရတီ အရပ်တွင် မိန့်ခွန်းပြော နေစဉ်။ ဓာတ်ပုံ - AFP
ဟောင်ကောင်တွင် ဒီမိုကရေစီ အရေး ဆန္ဒပြသည့် အဓိကသပိတ်စခန်းကို ဒီဇင်ဘာ ၁၁ ရက်တွင် အပြီးတိုင် ရှင်းလင်း တော့မည် ဖြစ်ကြောင်း အာဏာပိုင်များက ကြေငြာသည်။
ဆီးရီးယားနှင့်အီရတ်တွင် သြစတြေးလျ စစ်သွေးကြွ ၂၀ ဦး သေဆုံး

ဆီးရီးယား နိုင်ငံအတွင်းမှ အိုင်အက်စ်တို့၏ စစ်စခန်းတစ်ခု။ ဓာတ်ပုံ - AFP
သြစတြေးလျ အစိုးရအဖွဲ့က ဆီးရီးယားနှင့် အီရတ်နိုင်ငံ တို့တွင် အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့အတွက် သွားရောက် တိုက်ခိုက် ပေးနေသည့် သြစတြေးလျ နိုင်ငံသား စစ်သွေးကြွများ အနက်မှ ၂၀ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်က ထုတ်ဖော် ပြောကြားခဲ့ပြီး အိုင်အက်စ် စစ်သွေးကြွများသည် ပြည်ပ နိုင်ငံသား တိုက်ခိုက်ရေးသမားများကို အသေခံတပ်သားနှင့် ၀ါဒဖြန့် လက်နက်များအဖြစ် အသုံးပြုနေသည် ဟု စွပ်စွဲပြောကြားခဲ့သည်။
အင်ဒိုနီးရှား အရှေ့ပိုင်း ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း လူလေးဦးသေဆုံး

ပဋိပက္ခ တစ်ခုကို နှိမ်နင်းနေသည့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ
အင်ဒိုနီးရှား နိုင်ငံအရှေ့ပိုင်းရှိ ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသော ပါပူအာဒေသတွင် လုံခြုံရေး တပ်ဖွဲ့များ နှင့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး ဆယ်ကျော်သက် လူငယ် လေးဦး ပစ်သတ်ခံခဲ့ရ သည်ဟု အာဏာပိုင်များက ဒီဇင်ဘာ ၉ ရက် ကပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရဲများက ဆန္ဒပြသူများ ကို ပစ်ခတ်ခဲ့သည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက စွပ်စွဲပြောကြားခဲ့သည်။
ရန်ဖြစ်ဖူးသည့် ကိစ္စကို မကျေနပ်သည့် ရှစ်တန်းကျောင်းသားက ကျောင်းသူကို ဓားဖြင့်ထိုး
ခိုက်ရန်ဖြစ်ဖူးသည့်ကိစ္စကို မကျေနပ်၍ ရှစ်တန်းကျောင်းသားတစ်ဦးက အတန်းဖော်ကျောင်းသူကို ဓားဖြင့် ထိုးခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၁၂ နာရီ ၁၀ မိနစ်က လှိုင်သာယာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု လှိုင်သာယာမြို့နယ် ပညာရေးမှူး ဦးတင်လှိုင်က ပြောသည်။
မလေးရှားတွင် မြန်မာများအသတ်ခံရမှုအတွက် သံသယရှိ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီး

မလေရှားနိုင်ငံ ပီနန်မှာ မြန်မာနိုင်ငံသား ၂ ဦး စက်တင်ဘာ ၁၄ ရက်နေ့က အသတ်ခံရစဉ်
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရတဲ့ အမှုတွေအတွက် သံသယရှိသူ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ မလေးရှားနိုင်ငံ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဟောင်ကောင်ဆန္ဒပြပွဲများ ရုပ်သိမ်းရန် ဗဟိုတရားရုံး ထုတ်ပြန်

ဟောင်ကောင်ဆန္ဒပြပွဲတွေကို ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၉ နာရီနောက်ဆုံးထားပြီး ရုပ်သိမ်းပေးရ မယ် လို့ ဟောင်ကောင်ဗဟိုတရားရုံးက ဒီဇင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်သမားများ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းနည်း CIA အသုံးပြု

အမေရိကန် အထက်လွှတ်တော်ကနေ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ CIA ဗဟိုထောက်လှမ်းရေး အဖွဲ့က ၂၀၀၁ ခုနှစ် စက်တင်ဘာလ အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်သမားတွေလို့ သံသယရှိတဲ့ သူတွေကို ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ ဆောက်လုပ်ရေးကဏ္ဍ၏ တန်ဖိုးမှာ ဒေါ်လာသုံးဘီလျံခန့် ရှိနေပြီး ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံအထိ ရှိလာမည်ဟု ခန့်မှန်း

ရန်ကုန်မြို့လယ်တွင် ဆောက်လုပ်မည့် ဘက်စုံသုံး လူနေရပ်ဝန်း ပုံစံငယ်တစ်ခု
လက်ရှိမြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၏ တန်ဖိုးမှာ ဒေါ်လာသုံးဘီလျံခန့် ရှိနေပြီး ၂ဝ၁၆ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံအထိ ရှိလာမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အကြံပေးကုမ္ပဏီ New Crossroads Asia (NCRA) မှ ပြုလုပ်သော သုတေသနစစ်တမ်း အချက်အလက် အရ သိရသည်။
၂၀၁၄-၂၀၂၀ ကာလ မြန်မာအတွက် EU အထောက်အကူ Euro ၆၈၈ သန်း ပေးမည်

၂၀၁၄-၂၀၂၀ ကာလ မြန်မာအတွက် EU အထောက်အကူ Euro ၆၈၈ သန်း ပေးမည်
EU ဥရောပသမဂ္ဂက ၂၀၁၄ ကနေ ၂၀၂၀ ကာလအထိ နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်မှု အစီအစဉ်အရ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို အထောက် အကူပြုဖို့ ယူရို ၆၈၈ သန်း ပေးဖို့ လျာထားတယ်လို့ ဒီဇင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘယ်လိုကဏ္ဍတွေမှာ အကူအညီပေးဖို့ ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
သရေခေတ်္တရာ ပျူမြို့ဟောင်းများကိုယူနက်စကိုက ကမ္ဘာ့အမွေအနစ် စာရင်းဝင် အသိအမှတ်ပြုလွှာ ပေးအပ်

ပဲခူးတိုင်းဒေသကြီးနှင့် ပြည်မြို့ရှိ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်း များကို ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ယူနက်စကိုက ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အသိအမှတ်ပြုလွှာ အားလွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)