Wednesday 10 December 2014

လက်ရှိ ဆောက်လုပ်ရေးကဏ္ဍ၏ တန်ဖိုးမှာ ဒေါ်လာသုံးဘီလျံခန့် ရှိနေပြီး ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံအထိ ရှိလာမည်ဟု ခန့်မှန်း

Photo: လက်ရှိ ဆောက်လုပ်ရေးကဏ္ဍ၏ တန်ဖိုးမှာ ဒေါ်လာသုံးဘီလျံခန့် ရှိနေပြီး ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံအထိ ရှိလာမည်ဟု ခန့်မှန်း
Wednesday, December 10, 2014

လက်ရှိမြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၏ တန်ဖိုးမှာ ဒေါ်လာ သုံးဘီလျံခန့် ရှိနေပြီး ၂ဝ၁၆ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံအထိ ရှိလာ မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အကြံပေးကုမ္ပဏီ New Crossroads Asia (NCRA) မှ ပြုလုပ်သော သုတေသနစစ်တမ်း အချက်အလက်အရ သိရသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍမှာ နှစ်စဉ်စုစုပေါင်း တိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး လာမည့်ငါးနှစ်တွင် ၄၆ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများမှာ ၂ဝ၁၁ ခုနှစ်မှစ၍ စီးပွားရေး မြို့တော် ရန်ကုန်တွင် တိုးတက်လာခဲ့ခြင်းဖြစ်သည်။

(NCRA) ၏ စောင့်ကြည့်လေ့လာမှုများအရ ရန်ကုန်မြို့လယ်ပြင်ပရှိ မြို့နယ် များတွင် အိမ်ခြံမြေဈေးနှုန်းများမှာ ရာခိုင်နှုန်း ၂ဝ မှ ၃ဝ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရသည်။

အိမ်ခြံမြေလိုအပ်ချက်၊ ရုံးခန်းအဆောက်အအုံများ လိုအပ်ချက်၊ ဟိုတယ်နှင့် အိမ်ရာလိုအပ်ချက်များ အထူးမြင့်မားလာမှုနှင့်အတူ ဆောက်လုပ်ရေး ကဏ္ဍမှာလည်း မြန်ဆန်စွာ တိုးတက်လာခဲ့သည်။

အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ ဘက်စုံသုံး လူနေရပ်ဝန်း တည်ဆောက်ရေး စီမံကိန်းများသို့ တိုက်ရိုက်မြှုပ်နှံမှု များပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ၁ ဒသမ ၈ ဘီလျံအထိရှိနေကြောင်း NCRA ၏ သုတေသန အချက်အလက်များက ဆိုထားသည်။

ထိုသို့ အိမ်ရာ၊ ဟိုတယ်၊ အဆောက်အအုံ လိုအပ်ချက်များ ဆက်လက်မြင့်တက် မှုကြောင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းကြီး Lamudi က မြန်မာနိုင်ငံမှ အိမ်ခြံမြေလုပ်ငန်းရှင်များကို စစ်တမ်းကောက်ခဲ့ရာ လုပ်ငန်းရှင်များ၏ ၆၅ ရာခိုင်နှုန်းမှာ အနာဂတ်အိမ်ခြံမြေ လုပ်ငန်းအပေါ် အကောင်းမြင်ကြသည်ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

လာမည့် ၂ဝ၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာခြောက်ဘီလျံအထိ ရှိလာနိုင်ရန် ယာယီရည်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အရှေ့တောင်အာရှ နိုင်ငံများအနက် ဒုတိယ တိုးတက်မှု အမြန်ဆုံးနိုင်ငံဖြစ်ပြီး ယခုနှစ်တွင် ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် တိုးတက်လာမှုများကြောင့် ၂ဝ၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ ဂျီဒီပီကို ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ပြောင်းလဲခန့်မှန်းခဲ့သည်။

Eleven Media Group 

ရန်ကုန်မြို့လယ်တွင် ဆောက်လုပ်မည့် ဘက်စုံသုံး လူနေရပ်ဝန်း ပုံစံငယ်တစ်ခု
ရန်ကုန်မြို့လယ်တွင် ဆောက်လုပ်မည့် ဘက်စုံသုံး လူနေရပ်ဝန်း ပုံစံငယ်တစ်ခု
လက်ရှိမြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၏ တန်ဖိုးမှာ ဒေါ်လာသုံးဘီလျံခန့် ရှိနေပြီး ၂ဝ၁၆ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံအထိ ရှိလာမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အကြံပေးကုမ္ပဏီ New Crossroads Asia (NCRA) မှ ပြုလုပ်သော သုတေသနစစ်တမ်း အချက်အလက် အရ သိရသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍမှာ နှစ်စဉ်စုစုပေါင်း တိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး လာမည့်ငါးနှစ်တွင် ၄၆ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများမှာ ၂ဝ၁၁ ခုနှစ်မှစ၍ စီးပွားရေးမြို့တော် ရန်ကုန်တွင် တိုးတက်လာခဲ့ခြင်းဖြစ်သည်။

(NCRA) ၏ စောင့်ကြည့်လေ့လာမှုများအရ ရန်ကုန်မြို့လယ်ပြင်ပရှိ မြို့နယ်များတွင် အိမ်ခြံမြေဈေးနှုန်းများမှာ ရာခိုင်နှုန်း ၂ဝ မှ ၃ဝ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရသည်။

အိမ်ခြံမြေလိုအပ်ချက်၊ ရုံးခန်းအဆောက်အအုံများ လိုအပ်ချက်၊ ဟိုတယ်နှင့် အိမ်ရာလိုအပ်ချက်များ အထူးမြင့်မားလာမှုနှင့်အတူ ဆောက်လုပ်ရေး ကဏ္ဍမှာလည်း မြန်ဆန်စွာ တိုးတက်လာခဲ့သည်။

အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ ဘက်စုံသုံး လူနေရပ်ဝန်း တည်ဆောက်ရေး စီမံကိန်းများသို့ တိုက်ရိုက်မြှုပ်နှံမှု များပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ၁ ဒသမ ၈ ဘီလျံအထိရှိနေကြောင်း NCRA ၏ သုတေသန အချက်အလက်များက ဆိုထားသည်။

ထိုသို့ အိမ်ရာ၊ ဟိုတယ်၊ အဆောက်အအုံ လိုအပ်ချက်များ ဆက်လက်မြင့်တက်မှုကြောင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းကြီး Lamudi က မြန်မာနိုင်ငံမှ အိမ်ခြံမြေလုပ်ငန်းရှင်များကို စစ်တမ်းကောက်ခဲ့ရာ လုပ်ငန်းရှင်များ၏ ၆၅ ရာခိုင်နှုန်းမှာ အနာဂတ်အိမ်ခြံမြေ လုပ်ငန်းအပေါ် အကောင်းမြင်ကြသည်ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

လာမည့် ၂ဝ၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာခြောက်ဘီလျံအထိ ရှိလာနိုင်ရန် ယာယီရည်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အရှေ့တောင်အာရှ နိုင်ငံများအနက် ဒုတိယတိုးတက်မှု အမြန်ဆုံးနိုင်ငံဖြစ်ပြီး ယခုနှစ်တွင် ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် တိုးတက်လာမှုများကြောင့် ၂ဝ၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ ဂျီဒီပီကို ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ပြောင်းလဲခန့်မှန်းခဲ့သည်။

Eleven Media Group 

No comments:

Post a Comment