Tuesday, 9 December 2014

မျဉ်းဝါနှင့် ဘလောက်တုံးကျော် မောင်းနှင်သည့် ဘတ်စ်ကားလေးရာခန့် ဖမ်းဆီး

သတ်မှတ်ယာဉ်ကြောအတွင်းမှ မောင်းနှင်နေသောခရီးသည်တင်ဘတ်စ်ကားနှစ်စင်းကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
မျဉ်းဝါနှင့် ဘလောက်တုံး တွင်းမောင်းနှင်ရန် သတ်မှတ်ထားသည့်ရက် တစ်လမပြည့်မီ အတွင်းမှာပင် မျဉ်းဝါ နှင့် ဘလောက်တုံးကျော်မောင်းသော ဘတ်စ်ကားအစီးရေ လေးရာခန့်ကို ဖမ်းဆီးအရေးယူထား ကြောင်း သတင်းရရှိသည်။

လက်ရှိပြေးဆွဲနေသော ကျောင်းကားများ လဲလှယ်သွားရန် စီစဉ်

ရန်ကုန် မြို့ရှိ အခြေခံပညာကျောင်းများမှကျောင်းသား  ကျောင်းသူများယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုဖြေလျှော့နိုင်စေရန် ပြေးဆွဲနေသော ကျောင်းကားများကို လဲလှယ်သွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။

လက်ဖက်ရည်ဆိုင်များကို အခွန်ကောက်ခံရန် စီစဉ် စားသောက်ဆိုင် ၅၃၀ ကျော်သို့ တစ်လအတွင်း အခွန်တံဆိပ်ခေါင်း ကျပ်သန်း ၂,၅၀၀ ၀န်းကျင်ဖိုးရောင်းချပြီးဖြစ်

လက်ဖက်ရည်ဆိုင်များကို အခွန်တံဆိပ်ခေါင်းကပ်၍ အခွန်ကောက်ယူရန် အခက်အခဲ ရှိနေသော်လည်း အခွန်ကင်းလွတ်ခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှ သိရသည်။

သုံးရက်အတွင်း ပါဝါအိတ်ဇောတပ်ယာဉ် ခြောက်ဆယ်ခန့် ဖမ်းမိ

Photo: သုံးရက်အတွင်း ပါဝါအိတ်ဇောတပ်ယာဉ် ခြောက်ဆယ်ခန့် ဖမ်းမိ
Tuesday, December 9, 2014

သုံးရက်အတွင်း ပါဝါအိတ်ဇောတပ် ယာဉ်များနှင့်ပြိုင်ကားယာဉ် ၅၇ စီးကို ဖမ်းဆီးအရေးယူထားပြီး ထိုသို့ ဖမ်းဆီးခြင်းကို သတ်မှတ်ကာလ အကန့် အသတ်မရှိ ထိထိရောက်ရောက် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်သည့်  ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်အစည်းအဝေးခေတ္တ ရပ်နားချိန်၌ တိုင်းအစိုးရ အဖွဲ့ ၀င် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးတင်ဝင်းက မီဒီယာများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း စီမံချက်ဖြင့် ပါဝါအိတ်ဇောတပ်ဆင်ထားသည့် ပြိုင်ကား အပါအ၀င် အခြားကားများကို ညဘက်တွင် ဖမ်းဆီးအရေးယူလျက်ရှိပြီး ဖမ်းဆီးရမိသည့် ယာဉ်များကို တိုင်းဒေသကြီးလွှတ်တော်ဝင်းအတွင်း သိမ်းဆည်းထားသည်။

သိမ်းဆည်းထားသည့် ယာဉ်များအား သက်ဆိုင်ရာယာဉ်မှုစစ်များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများက တရားဝင်မှတ်ပုံတင်ထားသည့်ယာဉ် ဟုတ်၊ မဟုတ်၊ မူလ မှတ်ပုံတင်စဉ်က တပ်ဆင်ထားသည့် စက်ပစ္စည်းများ ဟုတ်၊ မ ဟုတ် စသည့် အချက်များအား ဒီဇင်ဘာ ၈ ရက်တွင် လိုက်လံစစ်ဆေးခဲ့သည်။

 ‘‘ပြည်သူလူထုအတွက်လည်း အနှောင့်အယှက်ဖြစ်စေတဲ့အတွက် အရင်ကလည်း ဖမ်းဆီးအရေးယူမှုတွေရှိပါတယ်။ အခုလည်း ဒါတွေကို မဖြစ်မနေဆက် တိုက်ဖမ်းဆီးအရေးယူမှုတွေ လုပ်နေပါတယ်။ အချိန်ကာလ ကန့်သတ်ထားတာမရှိပါဘူး။ ဒါဘာကြောင့်လဲဆိုတော့ ပြည်သူတွေအတွက် လိုအပ်လို့ပါ’’ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။

ထို့သို့ ဖမ်းဆီးရာတွင် ဖမ်းဆီးခံရသူများက အသာတကြည် ပြောဆိုမှုမရှိဘဲ မချေမငံဆက်ဆံ ခြင်း၊ ရင့်သီးစွာပြောဆိုခြင်းများ၊ ရန်ရှာကြိမ်းမောင်းခံရခြင်းများ ကြုံတွေ့ရကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ပါဝါအိတ်ဇောတပ် ယာဉ်များကို ယခုလ ၆ ရက်ညမှ စတင် အရေးယူသိမ်းဆည်းလျက်ရှိကာ ယခုလ ၈ ရက်အထိ လွှတ်တော်ဝင်းအတွင်း သိမ်းဆည်းထားသည့် ယာဉ်များ၌ ပြိုင်ကားများ အခြားအမျိုးအစား အိမ်စီးကားများအပြင် အငှားယာဉ် အချို့ လည်း ပါဝင်သည်။

7Day DAILY 

ရဲတပ်ဖွဲ့ဝင်များက ကားများကို ရှောင်တခင်စစ်ဆေးစဉ် /ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ရဲတပ်ဖွဲ့ဝင်များက ကားများကို ရှောင်တခင်စစ်ဆေးစဉ် /ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) 
သုံးရက်အတွင်း ပါဝါအိတ်ဇောတပ် ယာဉ်များနှင့်ပြိုင်ကားယာဉ် ၅၇ စီးကို ဖမ်းဆီးအရေးယူထားပြီး ထိုသို့ ဖမ်းဆီးခြင်းကို သတ်မှတ်ကာလ အကန့် အသတ်မရှိ ထိထိရောက်ရောက် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခိုထောင်းကျွန်း လူသတ်မှု ထိုင်း တရားရုံး စတင်စစ်ဆေး

Photo: ခိုထောင်းကျွန်း လူသတ်မှု ထိုင်း တရားရုံး စတင်စစ်ဆေး
Tuesday, December 9, 2014 

ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုအတွက် ဖမ်းဆီး ခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦးကို ဒီကနေ့ Koh Samui ခရိုင်တရားရုံးမှာ ပထမဦးဆုံး အကြိမ်အဖြစ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ထိုင်းအစိုးရက သူတို့နှစ်ဦးကို လူသတ်မှု၊ မုဒိန်းမှု၊ တရားမ၀င်နေထိုင်မှု စတဲ့ ပုဒ်မ ၇ ခုနဲ့ တရားစွဲဆို ထားတာ ဖြစ်ပါတယ်။ ဒီနေ့ တရားရုံးမှာ လူငယ် ၂ ဦးက အဲ့ဒီအမှုတွေကို မကျူးလွန်ကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားရုံးကိုတက်ရောက် ခဲ့တဲ့ မြန်မာ သံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့် ကပြော ပါတယ်။

"ပုဒ်မ ၇ ခုနဲ့ စွပ်စွဲတယ်၊ ဒါကိုဖြေရှင်းဖို့ဆိုပြီးတော့ တရားရုံးကနေပြီးတော့ ဒီနေ့ အမိန့်ချပေးတာပါ၊ တရားရုံးကနေပြီးတော့ အစွပ်စွဲခံရတဲ့ ကလေး ၂ ယောက်ပေါ်မှာ ပုဒ်မ ၇ ခုနဲ့စွဲတယ်ဆိုတဲ့ အကြောင်းကို ပုဒ်မကိုရှင်းပြတယ်၊ ပြီးလို့ရှိရင် ဒီပုဒ်မနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်ခြင်း ရှိ၊ မရှိမေးတယ်၊ ညနေပိုင်း မှာတော့ သေဆုံးသူ မိဘတွေရဲ့ရေးတဲ့စာကိုဖတ်ပြတယ်၊ ဒီလောက်ပါပဲ"

သေဆုံးသူ ဗြိတိန်နိုင်ငံသားနှစ်ဦးရဲ့ မိဘတွေက သူတို့သားသမီး ၂ ဦးရဲ့ ကိုယ်ရေးအကျဉ်းကို တရားရုံး ကို ပေးပို့ခဲ့ တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို စွဲချက် ၇ ခု နဲ့ Koh Samui ခရိုင်တရား ရုံးမှာ ဒီဇင်ဘာလ ၄ ရက်နေ့က စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီစွပ်စွဲချက်တွေကို ချေပနိုင်မယ့်သက်သေတွေနဲ့ တရားရုံးမှာတင်ပြ သွားမှာဖြစ်ပြီး မြန်မာလုပ်သား ၂ ဦး အာမခံ ရရှိအောင် ကြိုးစားသွားမှာဖြစ်တယ် လို့ မြန်မာသံရုံးတာဝန်ရှိသူတွေ ပြောပါတယ်။

ဒီလ ၂၆ ရက်နေ့မှာ တရားလိုနဲ့ တရားခံဘက်က သက်သေတွေကို စစ်ဆေး မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုအတွက် ဖမ်းဆီး ခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦးကို ဒီကနေ့ Koh Samui ခရိုင်တရားရုံးမှာ ပထမဦးဆုံး အကြိမ်အဖြစ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

သေဆုံးသွားသည့် မက္ကဆီကို ကျောင်းသား၏ မိဘများက တရားမျှတမှု အတွက် တောင်းဆို

Photo: သေဆုံးသွားသည့် မက္ကဆီကို ကျောင်းသား၏ မိဘများက တရားမျှတမှု အတွက် တောင်းဆို 
Tuesday, December 9, 2014 

မက္ကဆီကိုနိုင်ငံတွင် ပျောက်ဆုံးသွားခဲ့သည့် ကျောင်းသား ၄၃ ဦးအနက်မှ တစ်ဦး၏ အရိုးအား ဒီအင်န်အေ စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီးနောက် ၎င်း၏ မိသားစုများက တရားဥပဒေအရ အရေးယူ ပေးရန် ဒီဇင်ဘာ ၇ ရက်က တောင်းဆိုလိုက်သည်။ 

စစ်ဆေးမှုအရ သေဆုံးသွားသူသည် အသက် ၁၉ နှစ်အရွယ် အလက်ဇန်းဒါး မိုရာဆိုသူ ဖြစ်ကြောင်း ရှေ့နေချုပ် ဂျီးဆက်မူရီလိုကာရမ်က အတည်ပြုခဲ့သည်။ ၎င်း၏ အလောင်းမှ မီးကျွမ်းနေသော အရိုးသည် မြေကြီးနှင့်အတူ အနီးရှိ မြစ်တစ်ခုအတွင်း ကျသွားရာမှ တွေ့ရှိခဲ့ ရပြီး ကျောင်းသား ၄၃ ဦးသည် ရဲများက အကူအညီပေးနေသည့် ဒုစရိုက်ဂိုဏ်းက စက်တင်ဘာလအတွင်း သတ်သွားခြင်းဖြစ်ကြောင်း သံသယများ ပိုမိုဖြစ်စေခဲ့သည်။

ဂီရီရော့စ် ယူနီဒို့စ် ဒုစရိုက်ဂိုဏ်းက ကျောင်းသားများအား နိုင်ငံတောင်ပိုင်း ဂီရီရိုပြည်နယ်တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဆိုးရွားမီးလောင်ကျွမ်းထားသော ခန္ဓာကိုယ်အစိတ်အ ပိုင်း ၁၇ ခုကို စစ်ဆေးရန် အာဏာပိုင်များက သြစတြေးလျဆေးတက္ကသိုလ် သို့ နိုဝင်ဘာလ အတွင်းက ပို့ခဲ့သည်။

ရှေ့နေချုပ် ဂျီးဆက်မူရီလိုကာရမ်က သြစတြေးလျသို့ ပို့ထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆက်လက်စစ်ဆေးနေသော်လည်း အတည်ပြုမှုများ ထပ်မံမလုပ်ဆောင်နိုင်သေးကြောင်း၊ အကယ်၍ ကျောင်းသားအားလုံး အသတ်ခံရကြောင်း အတည်ပြုနိုင်ပါက မူးယစ်ဆေးဝါး စစ်ပွဲဖြစ်ပွားနေသည့် မက္ကဆီကိုနိုင်ငံတွင် အများဆုံးအစုလိုက်အပြုံလိုက် အသတ်ခံရမှုတစ်ခုဖြစ်ကြောင်း ပြောကြား သည်။

မက္ကဆီကိုတွင် မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ၂၀၀၆ ခုနှစ်မှစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင်း လူ ၈၀၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၂၀၀၀ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ယခုကျောင်းသားများ ပျောက်ဆုံးနေမှုအပေါ် နိုင်ငံအ၀ှမ်းဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး မက္ကဆီကို နိုင်ငံတွင်း အကျင့်ပျက်ခြစားမှုများ ထူထပ်နေခြင်းနှင့် သမ္မတ အန်ရစ်ပီနာနီတို၏ လုံခြုံရေးမူဝါဒနှင့် ပတ်သက်၍ ထိခိုက်မှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။

Ref: AFP
Mizzima - News in Burmese  

ဒီအင်အေ စစ်ဆေးမှုအရ သေဆုံးသွားခဲ့သည်မှာ သေချာသွားခဲ့သည့် အလက်ဇန်းဒါး မိုရာ
ဒီအင်အေ စစ်ဆေးမှုအရ သေဆုံးသွားခဲ့သည်မှာ သေချာသွားခဲ့သည့် အလက်ဇန်းဒါး မိုရာ
မက္ကဆီကိုနိုင်ငံတွင် ပျောက်ဆုံးသွားခဲ့သည့် ကျောင်းသား ၄၃ ဦးအနက်မှ တစ်ဦး၏ အရိုးအား ဒီအင်န်အေ စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီးနောက် ၎င်း၏ မိသားစုများက တရားဥပဒေအရ အရေးယူ ပေးရန် ဒီဇင်ဘာ ၇ ရက်က တောင်းဆိုလိုက်သည်။ 

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အစိုးရအဖွဲ့ မဆုံးဖြတ်ရသေးဟု ဦးရဲထွဋ် ပြောကြား

ပြည်ထောင်စုလွှတ်တော်က သဝဏ်လွှာ ပေးပို့တောင်းဆိုထားသော ခြောက် ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အတွက် တွေ့၊ မတွေ့ကိုအစိုးရအဖွဲ့ အနေနှင့် တိတိကျကျ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို လာမည့် ခုနစ်နှစ်ကျော်အတွင်း ယူရိုသန်း ၇၀၀ နီးပါး အကူအညီပေးမည်ဟု ကြေညာ

မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် အတွက် လာမည့် ခုနစ် နှစ်ကျော်အတွင်း ယူရိုသန်း ၇ဝဝ နီးပါး အကူအညီပေးမည်ဟု ဥရောပသမဂ္ဂက ဒီဇင်ဘာ ၈ ရက်တွင် ကြေညာခဲ့သည်။

ဆော်ဒီတွင် လူ ၁၃၅ ဦးအား အကြမ်းဖက်မှုဖြင့် ဖမ်းဆီး

Photo: ဆော်ဒီတွင် လူ ၁၃၅ ဦးအား အကြမ်းဖက်မှုဖြင့် ဖမ်းဆီး
Tuesday, December 9, 2014

ဆော်ဒီအာရေဗျနိုင်ငံတွင် အကြမ်းဖက် ပြစ်မှုများနှင့် ပတ်သတ်၍ မသင်္ကာဖွယ် ဖြစ်သူ ၁၃၅ ဦးအား ဖမ်းဆီး ထားကြောင်း ဆော်ဒီ အာဏာပိုင်များက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အစ္စလာမ်မစ်စတိတ် (အိုင်အက်စ်) အဖွဲ့ အစွန်း ရောက် များ အပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် ညွန့်ပေါင်း အဖွဲ့ထဲတွင် ဆော်ဒီအာရေးဘီးယား နိုင်ငံလည်း ပါဝင်ရာ အိုင်အက်စ် အဖွဲ့က လက်စားချေသည့်အနေဖြင့် ဆော်ဒီအား အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ် လာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ဆော်ဒီ တပ်ဖွဲ့များ အိုင်အက်စ်တို့ကို ၀င်ရောက် တိုက်ခိုက်နေမှုကြောင့် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး နိုင်ငံအတွင်း စိုးရိမ်မှု မြင့်တက်လာ နေသည်။

မသင်္ကာဖွယ် ဖြစ်သူများထဲတွင် နိုင်ငံခြားသား ၂၆ ဦး ပါဝင်ကြကာ ၄င်းတို့အနက် ၁၆ ဦးသည် ဆီးရီးယားများဖြစ်ကြ၍ သုံးဦးသည် ယီမင်နိုင်ငံသားများ ဖြစ်ကြောင်း ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး မူဆာ အယ်လ်တာကီက ပြောခဲ့ သည်ဟု ဆော်ဒီအစိုးရပိုင် ဆော်ဒီပရပ်စ် အေဂျင်စီ တွင် ဖော်ပြထားသည်။

“အခု အဖမ်းခံထား ရတဲ့သူတွေဟာ မသင်္ကာစရာ အကြမ်းဖက်အဖွဲ့တွေ နဲ့ သက်ဆိုင်ကြတဲ့ သူတွေပါ။ နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှု ပျက်ပြားအောင် အန္တရာယ်ပေးဖို့ အကြိမ်ကြိမ် ကြိုးစား ကြတဲ့အတွက် သူတို့ကို ဖမ်းဆီးခဲ့တာပါ” ဟု ဗိုလ်ချုပ်ကြီး တာကီက ဆိုခဲ့သော်လည်း ထိုသူများအား မည်သည့်အချိန်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းကိုမူ သူက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

မသင်္ကာဖွယ်ဖြစ်သူများအနက်မှ အယောက် ၄၀ သည် စစ်ပဋိပက္ခဖြစ်ပွါးရာ နေရာများသို့ သွားရောက်ခဲ့ကြကာ အစွန်းရောက်အဖွဲ့များထဲသို့ ဝင်ရောက်ခဲ့ကြပြီး လက်နက်များ မည်ကဲ့သို့ ကိုင်တွယ် အသုံးပြုရမည်ကို လေ့ကျင့်သင်ကြားခဲ့ကြပြီးနောက် နိုင်ငံအား မတည်မငြိမ်ဖြစ်အောင် လုပ်ရန်အတွက် နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်ကြောင်း တာကီက ဆိုခဲ့သည်။

အခြား ၅၄ ဦးမှာ အကြမ်းဖက် အဖွဲ့များ အတွက် ငွေကြေးထောက်ပံ့ခြင်း၊ တပ်သားသစ်စုဆောင်းပေးခြင်း၊ ဝါဒဖြန့်ပေးခြင်း နှင့် ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ခြင်းတို့တွင် ပါဝင် ပတ်သက် နေကြသူများ ဖြစ်ကြကြောင်းလည်း သူက ထည့်သွင်းပြောကြားခဲ့သည်။

မသင်္ကာဖွယ် ဖြစ်သူ ၁၇ ဦးမှာ ဆော်ဒီ အရှေ့ပိုင်းပြည်နယ်အတွင်း ဒမ်းမမ်းစီးတီး၏ အနောက်ဘက်ရှိ အာဝါမီယာ ဒေသတွင် ဆော်ဒီ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများ နှင့် ဆက်နွယ်နေသူများ ဖြစ်ကြကြောင်းလည်း သူက ဆိုခဲ့သည်။

အာဝါမီယာ ဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် လူနည်းစု ရှီးယား ဆန္ဒပြသူများအကြား ပဋိပက္ခများ ဖြစ်ပွါးခဲ့သည်။ ဖမ်းဆီးထားသော မသင်္ကာဖွယ်ဖြစ်သူ နိုင်ငံခြားသားများထဲတွင် အီဂျစ်နိုင်ငံသားတစ်ဦး၊ လက်ဘနွန်နိုင်ငံသားတစ်ဦး၊ အီသီယိုပီးယား နိုင်ငံသားတစ်ဦး၊ ဘာရိန်းနိုင်ငံသားတစ်ဦး နှင့် နိုင်ငံမဲ့တစ်ဦးတို့ ပါဝင်ကြောင်း တာကီက ဆိုခဲ့သည်။ ဆီးရီးယားရှိ အိုင်အက်စ် အစွန်းရောက် အဖွဲ့အား လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းနိုင်ငံများထဲတွင် ဆော်ဒီအာရေးဘီးယား၊ ယူအေအီး၊ ဂျော်ဒန် နှင့် ဘာရိန်းနိုင်ငံတို့လည်း ပါဝင်ကြသည်။

အိုင်အက်စ် အဖွဲ့အပေါ် စက်တင်ဘာလအတွင်းက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသော ဆော်ဒီ စစ်လေယာဉ်မှူးများမှာ ၄င်းတို့၏ ဓာတ်ပုံများ ပေါ်ထွက်ပျံ့နှံ့ သွားခဲ့ပြီးနောက် အွန်လိုင်း ခြိမ်းခြောက်စာများ ရရှိခဲ့ကြသည်။ အိုင်အက်စ် အဖွဲ့အား လေကြောင်း တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ကြသော ဆော်ဒီလေယာဉ်မှူးများ ထဲတွင် ဆော်ဒီ အိမ်ရှေ့မင်းသား၏ သားတစ်ဦးလည်း ပါဝင်သည်။

Ref: AFP
Mizzima - News in Burmese
ဆော်ဒီအာရေဗျနိုင်ငံတွင် အကြမ်းဖက် ပြစ်မှုများနှင့် ပတ်သတ်၍ မသင်္ကာဖွယ် ဖြစ်သူ ၁၃၅ ဦးအား ဖမ်းဆီး ထားကြောင်း ဆော်ဒီ အာဏာပိုင်များက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အစ္စလာမ်မစ် စတိတ် (အိုင်အက်စ်) အဖွဲ့ အစွန်း ရောက် များ အပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် ညွန့်ပေါင်းအဖွဲ့ထဲတွင် ဆော်ဒီအာရေးဘီးယား နိုင်ငံလည်း ပါဝင်ရာ အိုင်အက်စ် အဖွဲ့က လက်စားချေ သည့် အနေဖြင့် ဆော်ဒီအား အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ် လာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက် ရှိသည်။

ဖုန်းအား သွင်းနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင် များကို Tommy Hilfiger မိတ်ဆက်

Photo: ဖုန်းအား သွင်းနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင် များကို Tommy Hilfiger မိတ်ဆက်
Tuesday, December 9, 2014

ဖုန်းနှင့် tablet အပြင် iPod နှင့် လက်ကိုင်ဂိမ်းစက်များ အားကုန်သွားသည့်အခါ အားပြန်သွင်းပေးနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များကို Tommy Hilfiger မှ မိတ်ဆက်ပေးခဲ့သည်။

Tommy Hilfiger ၏ နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များတွင် ဆိုလာကုမ္ပဏီ Pvilion မှ ထုတ်လုပ်သည့် ဆိုလာပြားများကို အသုံးပြုထားသည်။ အမျိုးသားဝတ်နှင့် အမျိုးသမီးဝတ်များ အဖြစ် ထုတ်လုပ်ထားသည့် အဆိုပါ ဂျာကင်များတွင် ပါဝင်သော ဆိုလာပြားများသည် နေရောင်ခြည် စွမ်းအင်ကို ရယူကာ ဝတ်ဆင်သူ၏ gadget များကို အားပြန်သွင်းပေးမည် ဖြစ်သည်။

အဆိုပါ ဂျာကင်များကို ရောင်စုံအကွက် ဒီဇိုင်းများဖြင့် ရရှိနိုင်ပြီး ရေစိုဒဏ်ခံနိုင်သလို ပြောင်းလွယ်ပြင်လွယ်ရှိသော ဆိုလာပြားများကိုလည်း အလွယ်တကူ ဖြုတ်နိုင်/တပ်နိုင်မည် ဖြစ်သည်။ ဂျာကင်၏ အရှေ့ဘက်အိတ်ကပ် တစ်ခုရှိ ဘက်ထရီနှင့် ချိတ်ဆက်ထားသည့် cable ကြိုးတစ်ခုတွင် USB port နှစ်ခု ပါဝင်သောကြောင့် ထုတ်ကုန်နှစ်ခုကို တစ်ပြိုင်နက် အားသွင်းနိုင်သည်။

ဂျာကင်တွင် ပါဝင်သည့် ဘက်ထရီကို နေရောင်ခြည် စွမ်းအင်မှတစ်ဆင့် အားအပြည့်သွင်းထားသည့်အခါ ၎င်းဘက်ထရီက 1,500 mAh ထုတ်ကုန်တစ်ခုကို လေးကြိမ်အထိ အားသွင်းပေးနိုင်မည် ဖြစ်သည်။

နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များကို အမေရိကန်ဒေါ်လာ ၅၉၉ ဖြင့် Tommy Hilfiger ဝက်ဘ်ဆိုက်နှင့် ကမ္ဘာမြောက်ဘက်ခြမ်းရှိ သတ်မှတ်ထားသော စတိုးများမှ ဝယ်ယူနိုင်မည် ဖြစ်သည်။

Internet Journalc
ဖုန်းနှင့် tablet အပြင် iPod နှင့် လက်ကိုင်ဂိမ်းစက်များ အားကုန်သွားသည့်အခါ အားပြန်သွင်းပေးနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များကို Tommy Hilfiger မှ မိတ်ဆက်ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများကို ဥပဒေ စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းပြီး တရားဝင်ခွင့်ပြုနိုင်ရန် တိုက်တွန်းကြောင်းအဆို ပြည်ခိုင်ဖြိုး လွှတ်တော် ကိုယ်စားလှယ် တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများပြဠာန်းပြီး တရားဝင်ခွင့်ပြု ပေးရန် ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံဖြိုးရေးပါတီမှ ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စား လှယ် ဦးသောင်းကျော်က အဆိုတင်သွင်းခဲ့သည်။

ဖိလစ်ပိုင် မုန်တိုင်းသေဆုံးသူ အနည်းဆုံး ၂၃ ဦးရှိပြီ

Photo: ဖိလစ်ပိုင် မုန်တိုင်းသေဆုံးသူ အနည်းဆုံး ၂၃ ဦးရှိပြီ
Tuesday, December 9, 2014

ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်ဟာ တဖြည်းဖြည်း အားပျော့လာနေတဲ့ Hagupit တိုင်ဖုံးမုန်တိုင်း တိုက်ခတ်တာကို ကြုံတွေ့နေရပါပြီ။ ဒီမုန်တိုင်း ၀င်ရောက် တိုက်ခတ်ခဲ့ချိန်ကတည်းက အနည်းဆုံး လူပေါင်း ၂၃ ယောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ တိုင်ဖုံးဟာ ပင်လယ်ပြင်ကနေ နိုင်ငံရဲ့အရှေ့ပိုင်း Samar ကျွန်းကို စတင်ဝင်ရောက် တိုက်ခတ်ခဲ့တာပါ။

မုန်တိုင်းဟာ အားပျော့သွားပြီး အပူပိုင်းမုန်တိုင်းအဖြစ်ကို ရောက်ရှိသွားပြီလို့ဆိုပါတယ်။ ဒါပေမဲ့ မနီလာမြို့တ၀ိုက်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနိုင်ပြီး အဆင့်မြင့် သတိပေးချက် ထုတ်ပြန်ထားရပါတယ်။ ထောင်နဲ့ချီတဲ့သူတွေကို ကယ်ဆယ်ရေးစခန်းတွေကို ပို့ထားပြီး ကျောင်းတွေ၊ ရုံးတွေနဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံး ပိတ်ထားရပါတယ်။

မုန်တိုင်းတိုက်ရိုက်ထိတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းမှာ ဆောက်အုံခေါင်မိုးတွေ လန်ထွက်သွားပြီး လျှပ်စစ်ဓါတ်အားတွေ ပြတ်တောက်နေပါတယ်။

မနီလာမြို့မှာ မုန်တိုင်းကြောင့် လူတွေကို အိမ်တွေမှာပဲ နေထိုင်နေကြဖို့ အမိန့်ပေးနှိုးဆော်ထားပြီး လေကြောင်းလိုင်းခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားပါတယ်။

အနောက်မြောက်ဖက်ကို ဦးတည်သွားနေတဲ့ မုန်တိုင်းဟာ တနာရီကို ၆ မိုင်နှုံးလောက်နဲ့သာ ရွေ့လျားနေတာကြောင့် ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်သွားဖို့ ၃ ရက်လောက် ကြာမယ်လို့ မိုးလေ၀သပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Samar ကျွန်းက မုန်တိုင်းဒဏ်ခံရတဲ့အိမ်ခြေတွေက ကလေးတွေ စားစရာအတွက် တောင်းဆိုနေကြစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၄)
Samar ကျွန်းက မုန်တိုင်းဒဏ်ခံရတဲ့အိမ်ခြေတွေက ကလေးတွေ စားစရာအတွက် တောင်းဆိုနေကြစဉ်
ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်ဟာ တဖြည်းဖြည်း အားပျော့လာနေတဲ့ Hagupit တိုင်ဖုံးမုန်တိုင်း တိုက်ခတ် တာကို ကြုံတွေ့နေရပါပြီ။ ဒီမုန်တိုင်း ၀င်ရောက် တိုက်ခတ်ခဲ့ချိန်ကတည်းက အနည်းဆုံး လူပေါင်း ၂၃ ယောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ တိုင်ဖုံးဟာ ပင်လယ်ပြင်ကနေ နိုင်ငံရဲ့အရှေ့ပိုင်း Samar ကျွန်းကို စတင် ၀င်ရောက် တိုက်ခတ်ခဲ့တာပါ။

အရှိန်မထိန်းနိုင်သောမတ်တူးယာဉ်၏ ဝင်ရောက်တိုက်မိမှုကြောင့် ခရီးသည်တင်ယာဉ်(၂)စီး ထပ်ဆင့်တိုက်မိသည့်အပြင် မတ်တူးယာဉ်မှ လမ်းဘေးတွင်ရပ်ထားသောခရီးသည်တင်ယာဉ်အား ဆက်လက်တိုက်မိ၍ (၃)ဦးဒဏ်ရာရ

Photo: အရှိန်မထိန်းနိုင်သောမတ်တူးယာဉ်၏ ဝင်ရောက်တိုက်မိမှုကြောင့် ခရီးသည်တင်ယာဉ်(၂)စီး ထပ်ဆင့်တိုက်မိသည့်အပြင် မတ်တူးယာဉ်မှ လမ်းဘေးတွင်ရပ်ထားသောခရီးသည်တင်ယာဉ်အား ဆက်လက်တိုက်မိ၍ (၃)ဦးဒဏ်ရာရ
Tuesday, December 9, 2014

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၃/ဝ-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေး ဘက်မှ နေပြည်တော်ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၊ ဆုံကုန်းရပ်ကွက်နေ မျိုးမင်းဇော် (၃၆)နှစ် မောင်းနှင်လာသော 4C/xxxx မတ်တူးအပြာရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်နေ ဦးမြင့်ဌေး(၄၈)နှစ်မောင်းနှင်သည့် 2G/xxxx ''မန္တလာမင်း'' ခရီးသည်တင်မှန်လုံယာဉ်၏ နောက်ယာဘက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ''မန္တလာမင်း''ခရီးသည်တင် ယာဉ်မှ အများသုံးသန့်စင်ခန်းအနီး၊ လမ်းယာဘက်ဘေးတွင်ရပ်ထားသည့် 4D/xxxx ''ရွှေနန်းတော်'' ခရီးသည်တင်မှန်လုံယာဉ်အား ထပ်ဆင့်တိုက်မိခဲ့ပြီး 4C/xxxx မတ်တူးယာဉ်မှာ အများသုံးသန့်စင်ခန်း ရှေ့တွင်ရပ်ထားသည့် 4C/xxxx Elite ခရီးသည်တင်မှန်လုံယာဉ်၏နောက်ပိုင်းအား ထပ်မံတိုက်မိ ရပ်တန့်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ခရီးသည်တင်ယာဉ်များပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း 4C/xxxx မတ်တူးယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် ယာဉ်မောင်း မျိုးမင်းဇော် ပါ ကျား(၃)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး 4C/xxxx မတ်တူးယာဉ်၏ ရှေ့လေကာမှန်/ဘေးမှန်များကွဲ၊ ရှေ့ခေါင်းပိုင်းပိန်ချိုင့်၊ နောက်ပိုင်းတွန့်ကြေ၍ တန်ဘိုးငွေကျပ်သိန်း(၅ဝ)ခန့်၊ ''မန္တလာမင်း''ခရီးသည်တင်ယာဉ်၏ နောက်ယာ ဘက်ခြမ်း ပိန်ချိုင့်တွန့်ကြေ၍ တန်ဘိုးငွေကျပ်သိန်း(၁ဝဝ)ခန့်၊ ''ရွှေနန်းတော်''ခရီးသည်တင်ယာဉ်၏ ယာဘက်နောက်မီးကွဲ/ဆေးပွန်း၍ တန်ဘိုးငွေကျပ်သိန်း(၃ဝ)ခန့်နှင့် Elite ခရီးသည်တင်ယာဉ်၏ နောက်ဘန်ဘာပိန်ချိုင့်၍ တန်ဘိုးငွေကျပ်(၃)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကာ မျိုးမင်းဇော်အား ပေပင်လေး အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၇/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၃/ဝ-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

ဖိလစ်ပိုင် Hagupit တိုင်ဖွန်းကြောင့် ၂၁ ဦး သေဆုံး

Photo: ဖိလစ်ပိုင် Hagupit တိုင်ဖွန်းကြောင့် ၂၁ ဦး သေဆုံး
Tuesday, December 9, 2014

ဖိလစ်ပိုင် နိုင်ငံမှာ Hagupit တိုင်ဖွန်း မုန်တိုင်း ဖြတ်သန်း တိုက်ခိုက်ရာမှာ လူ ၂၁ ယောက် သေဆုံး ခဲ့ရပါတယ်။ 

သေဆုံးသူ အတော်များများဟာ မုန်တိုင်း စတင် ဝင်ရောက် ခဲ့တဲ့ Samar ပြည်နယ်မှာ ရေကြီးတဲ့ အတွက် ရေနစ် သေဆုံး ခဲ့ကြရတာ ဖြစ်ပါတယ်။
အခုတော့ တိုင်ဖွန်း မုန်တိုင်းဟာ အားပျော့သွားပြီး မနီလာ မြို့တော် ဘက်ဆီကို ဦးတည် နေပါတယ်။

တိုင်ဖွန်း မုန်တိုင်း မတိုက်ခင် အချိန်ကတည်းက ကယ်ဆယ်ရေး အစီအစဉ်တွေကို လုပ်ဆောင် ထားခဲ့ပြီးထိခိုက် သေဆုံးသူ အရေအတွက်ကို လျှော့ချ နိုင်ခဲ့တယ်လို့ မုန်တိုင်း ကယ်ဆယ်ရေး အေဂျင်စီတွေနဲ့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ဘေးကင်းရာ စွန့်ခွာခဲ့ကြသူ အတော်များများလည်း အခုတော့ နေရပ်ကို ပြန်နေကြပြီ ဖြစ်ပါတယ်။

BBC
ဖိလစ်ပိုင် နိုင်ငံမှာ Hagupit တိုင်ဖွန်း မုန်တိုင်း ဖြတ်သန်း တိုက်ခိုက်ရာမှာ လူ ၂၁ ယောက် သေဆုံး ခဲ့ရပါတယ်။ 

တရားသူကြီးများ မှားယွင်းစွာဆုံးဖြတ်မှုများကြောင့် နစ်နာသည်ဟုဆိုကာ တိုင်စာများအများဆုံးရောက်ရှိကြောင်း တရားစီရင်ရေးနှင့် တိုင်ကြားစာများစိစစ်ဆောင်ရွက်ရေးကော်မတီ အတွင်းရေးမှူးပြောကြား

တရားသူကြီးများ မှားယွင်းစွာဆုံးဖြတ်မှုများကြောင့် နစ်နာသည်ဟု ဆိုကာ တိုင်တန်းသည့် တိုင်စာများ အများဆုံးရောက်ရှိကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးမြင့်ထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းနှင့်ပတ်သက်၍ KNU နှင့်စီမံကိန်းကို ဦးဆောင်ကန့်ကွက်နေသည့် ဒေသခံများ၊ NGO များ တွေ့ဆုံဆွေးနွေးမည်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မေတ္တာမြို့နယ်ခွဲ ဘန်းချောင်းဒေသ ကွမ်းချောင်းကြီးကျေးရွာ အနီးရှိ May Flower Mining Enterprises Co;Ltd မှ လုပ်ကိုင်နေသော ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်း ပြဿနာများနှင့်ပတ်သက်၍ စီမံကိန်းအား ဦးဆောင်ကန့်ကွက်နေသည့် ဒေသခံများ၊ NGO အဖွဲ့ အစည်းများနှင့် ဒီဇင်ဘာ ၉ ရက်တွင် မေတ္တာမြို့နယ်ခွဲ ဖောင်းတောရွာ၌ တွေ့ဆုံဆွေးနွေး သွားမည်ဖြစ် ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ဥက္ကဠ ဖဒိုစောဗီးလယ် က ပြောကြားသည်။

လက်ရှိ ကျင့်သုံးနေသည့် ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေ ပြုပြင်ရန် လိုအပ်ကြောင်း ACDD ထုတ်ပြန်

Photo: လက်ရှိ ကျင့်သုံးနေသည့် ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေ ပြုပြင်ရန် လိုအပ်ကြောင်း ACDD ထုတ်ပြန်
Tuesday, December 9, 2014
 
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေတွင် ပြဌာန်းထားသော အချက်များသည် လက်ရှိ ကျင့်သုံးနေသည်ဟုဆို သော ဒီမိုကရေစီနည်းလမ်းများနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၈၈ နှင့် ၂၈၉ တို့ကို ပြုပြင်ရန် လိုအပ်ကြောင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင် ရွက်မှုကော်မတီ (Action Committee for Democracy Development- ACDD) အဖွဲ့က ထုတ်ပြန်လိုက်သည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး များသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်ထားသည့် ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ အဆင့်ဆင့်သော အရာရှိများ၏ လက်အောက်တွင် ခန့်အပ်ခြင်းခံထားရ သကဲ့သို့ ၎င်း အရာရှိများ၏ သဘောတူညီချက်ရမှသာ ပြည်သူများက ရွေးချယ်ထားသောသူကို ခန့်အပ်ခွင့်ရှိနေခြင်းက လုံးဝ မဖြစ်သင့်သော အချက်တချက် ဖြစ်ကြောင်း ACDD အဖွဲ့မှ ကွန်ရက် ခေါင်းဆောင်တဦးဖြစ်သူ ဦးရဲကျော်သူက ပြောသည်။

“လက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက ပြည်သူက တိုက်ရိုက်ရွေးတဲ့သူတွေကို ခန့်အပ်ခွင့် မရတာများနေတယ်။ အရေးအကြီးဆုံး အဓိကအချက်က ရွေးချယ်မှုပုံစံပဲ။ မြို့နယ်အုပ်ချုပ်ရေးမှူးက ခန့်အပ်ထားတဲ့ ကြီးကြပ်ရေးမှူး ၅ ဦးကအစ၊ ပြည်သူရွေးလိုက်တယ် ဆိုတဲ့သူတွေကလည်း မြို့နယ်၊ ခရိုင်အဆင့်ဆင့် အုပ်ချုပ်ရေးမှူး တွေရဲ့ ခွင့်ပြုချက်ရမှ ခန့်အပ်ခွင့်ရတယ်ဆိုတာ မဖြစ်သင့်ဘူး။ သူတို့နဲ့ သဘောထား မတိုက်ဆိုင်ရင် ဖြုတ်ချခွင့်ရှိတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ၏ အရည်အချင်း သတ်မှတ်ချက်များတွင် အငြိမ်းစား အစိုးရ ၀န်ထမ်းဆိုပါက လျှော့ပေါ့ စဉ်းစားမည်ဟု ဥပဒေတွင် ထည့်သွင်းထားခြင်းက အရပ်သားနှင့် အစိုးရ ၀န်ထမ်းများအကြား ခွဲခြားထားသည့် အချက်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ACDD အဖွဲ့သည် လူမှုရေးနှင့် နိုင်ငံရေး လှုပ်ရှားဆောင်ရွက်နေသော ကွန်ရက် ၁၈ ခုဖြင့် ဖွဲ့စည်းထားသည့်  အဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ပြဌာန်းထားသည့် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေအတွက် လူထုစစ်တမ်း ကောက်ယူခဲ့သော အဖွဲ့ဖြစ်သည်။

၎င်းအဖွဲ့သည် ၂၀၁၄ ခုနှစ် ဇွန်လနှင့် သြဂုတ်လအတွင်း ပြည်နယ် ၃ ခု၊ တိုင်းဒေသကြီး ၆ ခုအတွင်းရှိ မြို့နယ် ၇၂ မြို့နယ် မှ လူထု ၁၆၀၀ ကျော်ကို တွေ့ဆုံမေးမြန်းပြီး ပြည်သူများအနေဖြင့် ၎င်းတို့တွင် ရွေးချယ်ပိုင်ခွင့် ရှိမရှိနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ အသုံးပြုနိုင်ခွင့် ရှိမရှိကို စစ်တမ်း ကောက်ယူခဲ့သည်။

၎င်းတို့ စစ်တမ်းကောက်ယူရာတွင် မေးမြန်းခဲ့သော ပြည်သူများအနက် အဆိုပါ ဥပဒေ ပြဌာန်းထားသည်ကို မသိရှိကြ သည့် ပြည်သူ ၇၅ ရာခိုင်နှုန်းကျော် ရှိနေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ဥပဒေကို လေ့လာဖူးသည့် ပြည်သူမှာ ၉ ရာခိုင်နှုန်းသာ ရှိကြောင်း စစ်တမ်းကောက်ယူရေးတွင် ပါဝင်ခဲ့သည့် ဦးအောင်မြင်က ပြောသည်။

“လူထုရဲ့ဖြေဆိုချက်တွေအရ အဓိက သိရတာက ရွေးချယ်မှုပုံစံမှာ တရားမျှတမှုမရှိ ဆိုတဲ့အချက်ကို တွေ့ရတယ်။ နောက် ပြီးတော့ လူတော်တော်များများက ဒီဥပဒေဆိုတာ လုံးဝမသိကြဘူး။ နောက်ဆုံး တချက်က ရွေးချယ် ခန့်အပ်လိုက်တဲ့ သူတွေကလည်း ပြည်ထဲရေးဌာန အောက်မှာပဲ ရှိနေတော့ စစ်တပ်ရဲ့ အုပ်ချုပ်ရေး အောက်မှာ ရှိနေတဲ့သဘော သက်ရောက် နေတယ်။ ဖြေကြတဲ့သူတွေ တော်တော်များများကလည်း ဒီအုပ်ချုပ်ရေးမှူး ရွေးတာမှာ လူတိုင်းက မဲပေးပိုင်ခွင့် မရှိတဲ့အချက်တွေကို ဖြေကြတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေ၏ အထွေထွေအခန်းတွင် ပြဌာန်းထားသော ပြည်ထဲရေးဌာနမှ လိုအပ်သည့်အချိန် တွင် ညွှန်ကြားသည့် အချက်များကို လိုက်နာရမည်ဟူသော ဖော်ပြချက်သည် ပြည်သူ့အကျိုးကို ဆောင်ရန်ထက် အစိုးရ၏ ညွှန်ကြားချက်များကိုသာ လုပ်ဆောင်ရမည့် သဘောမျိုး ဖြစ်နေသောကြောင့် ပြုပြင်သင့်သော အချက်တချက် ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

မိမိတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့် လခယူထားရသည့် ၀န်ထမ်းတဦးပမာ ဖြစ်လာသည့်အတွက် အထက်မှ ညွှန်ကြား သော ညွှန်ကြားချက်များကို လိုက်နာရမည် ဖြစ်သော်လည်း တချို့ ညွှန်ကြားချက်များသည် ရပ်ကွက်အကျိုး လုံးဝမရှိသည့် ညွှန်ကြားချက်များ ဖြစ်နေသည်ကို တွေ့ကြုံရကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦးက ဆိုသည်။

တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတို့မှတဆင့် အဆင့်ဆင့် ညွှန်ကြားခဲ့သော ညွှန်ကြားချက်များကို ၎င်းတို့ ရပ်/ ကျေး အုပ်ချုပ်ရေးမှူး များက လိုက်ပါ ဖော်ဆောင်နေရသော်လည်း ဟန်ပြလိုက်လုပ်နေရသည်သာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဥပမာပြောရရင် ညဘက် ယာဉ်စစ်တို့၊ လုံခြုံရေးတို့ပေါ့။ အဲဒီဟာတွေကို ကျနော်တို့ လိုက်လုပ်ရတာ ရပ်ကွက်အကျိုး အတွက် ဘာတခုမှမပါဘူး။ တခုခုဖြစ်ရင် တရားရုံးမှာ အသိသက်သေအဖြစ် ပါအောင်လို့ လိုက်လုပ်ရသလိုပဲ။

လုပ်နေတဲ့ဟာတွေ ကြည့်ရင်လည်း ဟန်ပြလုပ်နေကြတာ။ ဘာမှ ထိရောက်မှုမရှိဘူး။ ကျနော်တို့က လခစားဆိုတော့ ထားပါ။ ကျနော်တို့နဲ့ အတူတူလိုက်ရတဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေဆိုရင် သူတို့မှာ ဘာအကျိုးခံစားခွင့်မှ မရှိသလို၊ သူတို့ရဲ့ အလုပ်အကိုင်ပါ ပျက်ကြရတယ်။ ဆိုင်ကယ်ဖမ်းတာမှာ ဆိုရင်လည်း ဟိုက ဓားနဲ့ထိုးသွားရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်းတွေကို ကျနော် တို့မကြာခဏ အမေးခံကြရတယ်။ တကယ် ထိရောက်တဲ့ အလုပ်မဟုတ်ဘူး” ဟု သူက ရှင်းပြသည်။

ဧရာဝတီ 

ရန်ကုန် ပန်းဘဲတန်းမြို့နယ် အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ရန်ကုန် ပန်းဘဲတန်းမြို့နယ် အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေတွင် ပြဌာန်းထားသော အချက်များသည် လက်ရှိ ကျင့်သုံးနေသည်ဟုဆို သော ဒီမိုကရေစီနည်းလမ်းများနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၈၈ နှင့် ၂၈၉ တို့ကို ပြုပြင်ရန် လိုအပ်ကြောင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင် ရွက်မှုကော်မတီ (Action Committee for Democracy Development- ACDD) အဖွဲ့က ထုတ်ပြန်လိုက်သည်။

ဘိန်းထုတ်လုပ်မှုမှာ နာမည်ဆိုးနှင့် ကျော်ကြားသည့် နိုင်ငံမဖြစ်ဖို့

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာခုံရုံး UNODC ၏ ဒီဇင်ဘာ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာ ချက်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့၏ ဘိန်းစိုက်ပျိုးမှုကို သတိပေး မီးမောင်းထိုးပြလျက် ရှိနေသည်ကို တွေ့ရှိရသည်။

ဂွာတာနာမို အကျဉ်းစခန်းမှ လွတ်မြောက်လာသူ ခြောက်ဦးကို ဥရုဂွေးမှ လက်ခံ

Photo: ဂွာတာနာမို အကျဉ်းစခန်းမှ လွတ်မြောက်လာသူ ခြောက်ဦးကို ဥရုဂွေးမှ လက်ခံ
Tuesday, December 9, 2014

ဂွာတာနာမို အကျဉ်းစခန်းမှ အကျဉ်းသား ၆ ဦးကို အမေရိကန်မှ လွတ်မြောက်ခွင့် ပေးလိုက်ပြီး အဆိုပါ ခြောက် ဦးအား ဥရုဂွေးနိုင်ငံမှ လက်ခံ လိုက်ကြောင်း သိရသည်။ ၎င်းတို့ ခြောက်ဦး အနက် လေးဦးမှာ ဆီးရီးယား နိုင်ငံသားများ ဖြစ်ပြီး တစ်ဦးမှာ တူနီးရှား နိုင်ငံသား ဖြစ်ကာကျန်တစ်ဦးမှာ ပါလက်စတိုင်း နိုင်ငံသား ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခြောက်ဦးစလုံးကို လွန်ခဲ့သော ၁၂ နှစ်တွင် အယ်လ်ကိုင်ဒါနှင့် ပတ်သက်မှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခြင်း မရှိခဲ့ချေ။

အကြမ်းဖက်မှုနှင့် ဖမ်းဆီးထားသည့် အကျဉ်းသားများ ထားရှိရာ ဂွာတာနာမို အကျဉ်းအစခန်းကို ဖျက်သိမ်းရန် သမ္မတ အိုဘားမားက တောင်းဆိုထားသည်။

ဥရုဂွေးနိုင်ငံသမ္မတ ဖြစ်သူဂျိုစ်မူဂျီကာက အဆိုပါခြောက်ဦးသည် အကြမ်းဖက် ပြန်ပေးဆွဲမှုနှင့် ဆက်နွယ်ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ခဲ့သည်။ အမေရိကန်နိုင်ငံ ဘက်မှ ပြန်လွှတ်ပေးခဲ့ သူများမှာ ဆီးရီယားနိုင်ငံမှ အဘူလ်ဝါ အယ်လ်ဒီဟက်ဘ်၊ အလီဟူစိန်ရှာဘန်၊ အာမက်အက်ဒနန်အဂျူရီ၊ အဘက်ဒယ်လ်ဖာရက်ဂ်ျ၊ ပါလက်စတိုင်းမှ မိုဟာမက် အဗ္ဗဒူလာတာဟာ မက်တန်၊ တူနီးရှားမှ အဒဲလ်မိုဟာ မက်အယ်လ်အူအာဂျီ တို့ဖြစ်ကြောင်း သိရသည်။ အသက် ၄၃ နှစ်အရွယ်ရှိ အဘူလ်ဝါ အယ်လ်ဒီဟက်ဘ် ၏ ရှေ့နေဖြစ်သူက ယင်း၏ အမှုသည်ကို လက်ခံပေးသော ဥရုဂွေးနိုင်ငံကို ကျေးဇူးတင်ကြောင်း ထုတ် ပြောကြားခဲ့သည်။

“ဒီနေရာဟာ သူ့နိုင်ငံလို့သူ လက်ခံထားပါတယ်။သူဟာ သူ့ဇနီးနဲ့ သူ့ကလေးတွေကို တွေ့ချင်နေပါတယ်” ဟု Repriever အမည်ရ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့မှ ရှေ့နေဖြစ်သူ ကော်ရီခရီဒါက ပြောကြားခဲ့သည်။ ဂွာတာနာမို အကျဉ်းစခန်းမှ ပြန်လည် လွတ်မြောက် လာသော အဆိုပါ အကျဉ်းသား ၆ ဦးကို ဥရုဂွေးနိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးလျက် ရှိကြောင်းသိရသည်။

“ဂွာတာနာမို အကျဉ်းစခန်းဖျက်သိမ်းရေးမှာ ပါဝင်ကူညီပေးတဲ့ ဥရုဂွေးကို အမေရိကန်နိုင်ငံအနေနဲ. အလွန်ပဲ ကျေးဇူးတင်မိပါတယ်”ဟု ပင်တဂွန်စစ်ဋ္ဌာနချုပ်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အမေရိကန်သမ္မတအိုဘားမားသည် ကျူးဘားတွင်ရှိသော ဂွာတာနာမို အကျဉ်းစခန်းကို ဖျက်သိမ်းရန် တောင်းဆိုထားသည်။ အဆိုပါ အကျဉ်းစခန်းကို ၂၀၀၂ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်သူတို့ကို ထိန်းသိမ်းရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဂွာတာနာမို အကျဉ်းစခန်းမှ အကျဉ်းသား ခြောက်ဆယ်ကျော် ကို ပြန်လည်လွှတ်ပေးထားပြီး ဖြစ်သည်။

Ref: BBC
ဂွာတာနာမို အကျဉ်းစခန်းမှ အကျဉ်းသား ၆ ဦးကို အမေရိကန်မှ လွတ်မြောက်ခွင့် ပေးလိုက်ပြီး အဆိုပါ ခြောက် ဦးအား ဥရုဂွေးနိုင်ငံမှ လက်ခံ လိုက်ကြောင်း သိရသည်။ ၎င်းတို့ ခြောက်ဦး အနက် လေးဦးမှာ ဆီးရီးယား နိုင်ငံသားများ ဖြစ်ပြီး တစ်ဦးမှာ တူနီးရှား နိုင်ငံသား ဖြစ်ကာကျန်တစ်ဦးမှာ ပါလက်စတိုင်း နိုင်ငံသား ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခြောက်ဦးစလုံးကို လွန်ခဲ့သော ၁၂ နှစ်တွင် အယ်လ်ကိုင်ဒါနှင့် ပတ်သက်မှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခြင်း မရှိခဲ့ချေ။

ဝန်ထမ်းများ လစာတိုးပေးရန် နိုင်ငံတော်ဘဏ္ဍာ လေလွင့်ပြုန်းတီးမှုများ ဖြစ်ပေါ်နေသည့် အစိုးရ၏ စီမံကိန်းလုပ်ငန်းများအား စိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများ ဆောင်ရွက်မည်ဟု လွှတ်တော် စီမံ/ဘဏ္ဍာကော်မတီဝင် ပြောကြား

ဝန်ထမ်းများ လစာတိုးပေးရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ပြုန်းတီးမှုများဖြစ်ပေါ်နေသည့် အစိုးရ၏ စီမံကိန်းများအားစိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများကို ဆောင်ရွက်မည်ဟု ပြည်ထောင်စု လွှတ်တော်စီမံကိန်းနှင့် ဘဏ္ဍာရေးပူးပေါင်းမှုကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်း က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။