Friday, 7 November 2014

နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူမှ ဂျာနယ်ဖြန့်ချိရေးအထိ ၁၁ ဦးကို တရားရင်ဆိုင်ရန်အတွက် သမ္မန်စာပို့

မြန်မာသံတော်ဆင့်ဂျာနယ်ပါဆောင်းပါးသည် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ မြန်မာသံတော် ဆင့်ဂျာနယ်၏ ထုတ်ဝေသူ/အယ်ဒီတာချုပ် မှ ဖြန့်ချိရေးအထိ ၁၁ ယောက်ကို တရားစွဲ ဆိုခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တရားရုံးက ဆင့် သမ္မန်စာပေးပို့ခဲ့သည်ဟု အဆိုပါဂျာနယ်၏ တာဝန်ခံအယ်ဒီတာတစ်ဦးဖြစ်သူ ဦးအောင် ထွန်းလင်းက The Daily Elevenသို့ ပြော ကြားသည်။

ပုဗ္ဗသီရိတရားရုံးမှ ရုံးတော်သို့ လာ ရောက်ရန်ဆင့်ခေါ်စာကို နိုဝင်ဘာ ၅ ရက် က မြန်မာသံ တော်ဆင့်ဂျာနယ်သို့ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် စွဲဆိုဆင့်ခေါ်ခဲ့ခြင်းဖြစ် သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ပိုမိုအားကောင်းကာ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး စောင့်ကြည့်ရမည့် အနေအထားရှိနေ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ် နေသော မုန်တိုင်းသည် မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနေကာ ပိုမိုအားကောင်းပြီး ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ပြောင်းလဲနိုင်သော ကြောင့် စောင့်ကြည့်ရမည့် အနေအထားရှိနေ ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။

“မုန်တိုင်းငယ်က အခုဘင်္ဂလားပင် လယ်အော်အလယ်ပိုင်းမှာပဲရှိနေတယ်။ အား ကောင်းလာပြီးတော့ ဆိုင်ကလုန်းမုန်တိုင်း ကိုပြောင်းလဲနိုင်တယ်။ မုန်တိုင်းက Cell နှစ်ခုကွဲနေတယ်။Cell တစ်ခုကမြောက်ဘက် ကို ရွေ့လျားနေပြီး တစ်ခုက မိုးအဖြစ်နဲ့ ရွာ ချလို့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်း ဘက်ကိုပျံ့နှံသွားတယ်။ အဲဒါကြောင့်အား ပျော့သွားပြီ။ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းမှာကျန်ရှိနေတဲ့ Cell တစ်ခုကတော့ အားပိုကောင်းလာနိုင်တယ်။ မုန်တိုင်းအရှိန် ကြောင့်တော့ နောက်နှစ်ရက် သုံးရက်အထိ မိုးရွာနိုင်တယ်။ ဒါပေမဲ့ အရင်ရက်တွေက ရွာသလောက်တော့ မိုးမများနိုင်ဘူး”ဟု မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောကြားသည်။

အင်းစိန်မြို့နယ်တွင် ဓားဖြင့် အနုကြမ်းစီးသူများအားဖမ်းမိ

အင်းစိန်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ နံနက် ၂ နာရီတွင် ဓားဖြင့်အနုကြမ်း စီးခြိမ်းခြောက်လုယက် ခဲ့သည့်အ မှုမှ တရားခံများကို သုံးရက်အ တွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှသတင်းရရှိ သည်။

နိုဝင်ဘာ ၃ရက် နံနက် ၂နာ ရီခန့်က အင်းစိန်မြို့နယ်၊ စဥ့်ငူရပ် ကွက်ရှိ ‘ဆုံဆည်းရာ’စားသောက် ဆိုင်တွင် ဓားဖြင့်အနုကြမ်းစီးလု ယက်မှုဖြစ်ပွားခဲ့ပြီး သုံးရက်အကြာတွင် တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

Thursday, 6 November 2014

စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု သမ္မတပြော

Photo: စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု သမ္မတပြော
Thursday, November 6, 2014

မြန်မာ့နိုင်ငံရေးလမ်း စဉ်တွင် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို အောင်မြင်စွာကျော် လွှားနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲများဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြား လိုက်သည်။

ယခုလ ၅ ရက်တွင် ပြော ကြားသော နိုင်ငံတော်သမ္မတ၏ ရေဒီယိုမိန့်ခွန်း၌ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ သည့် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ကဲ့သို့သော ဆွေးနွေးမှုများကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို အခြေခံ၍ ဖြစ်ပေါ်လာ သော နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး သည် မိမိတို့ရင်ဆိုင်ဖြေရှင်းရ မည့် စိန်ခေါ်မှုများဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောသည်။

အောက်တိုဘာ ၃၁ ရက်တွင်ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲ နှင့် ပတ်သက်၍ နိုင်ငံရေးစိန်ခေါ် မှုများကို လက်တွဲဖြေရှင်းရန်နှင့် နည်းလမ်းများစုပေါင်းရှာဖွေရန် အဓိကရည်မှန်းချက်ကာထားကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံ တော်သမ္မတကပြောသည်။

‘‘နိုင်ငံရေးအင်အားစုအချင်း ချင်းအပြန်အလှန်ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းတွေကနေ စားပွဲဝိုင်းမှာ စေ့စပ်ဆွေးနွေးအဖြေရှာရေးဆို တဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်အရ ဆွေးနွေးအဖြေရှာကြဖို့ အစပြု ကြိုးပမ်းအကောင်အထည်ဖော် ခြင်းပဲဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မည် သည့်သဘောတူညီချက်မှ ချ မှတ်နိုင်ခြင်းမရှိခဲ့သည့်အပေါ် နိုင်ငံ ရေးအင်အားစုအချို့က နိုင်ငံတ ကာခေါင်းဆောင်များ မြန်မာနိုင်ငံ သို့ မလာမီ အပြသဘောဆွေး နွေးပွဲတစ်ခုသာဖြစ်ကြောင်း ဝေ ဖန်ခဲ့ကြသည်။

‘‘ဒီနိုင်ငံမှာ အဓိကအကျပ်အ တည်းနဲ့ ရင်ဆိုင်ရမှာက ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး၊ ဒီ အကျပ်အတည်းနှစ်ခုဖြစ်တယ်။ ဒါကိုလက်တွေ့ကျကျဖြေရှင်းနိုင် ဖို့အတွက် လွတ်လပ်ပွင့်လင်းပြီး ရေရှည်အမြင်ပေါ်မှာ ရပ်တည်ဖို့ လိုတယ်။ ဒါနဲ့ ပတ်သက်လို့ လမ်း ပြမြေပုံသဘောမျိုးရှေ့လုပ်ငန်း စဉ်တစ်ခုထွက်လာအောင် လုပ် နိုင်ရင်တော့ တိုင်းပြည်အတွက် ကောင်းမယ်’’ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကပြောသည်။

တွေ့ဆုံဆွေးနွေးမှုများ သည် တစ်ကြိမ်တည်းဖြင့် ပြီးပြတ်မှုမရှိဘဲ တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်သွားမှသာ နိုင်ငံအတွင်း ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်မည့်အဖြေတစ်ရပ် ရှာဖွေတွေ့ရှိနိုင် မည်ဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေး သမားတစ်ဦးဖြစ်သူ ဒီမိုကရက် တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေ ကပြောသည်။

အဆိုပါရေဒီယိုမိန့်ခွန်းတွင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ၊ ရခိုင်ပြည်နယ်အရေး ကိစ္စ၊ ဘာသာရေးဆိုင်ရာပဋိပက္ခ များထပ်မံမဖြစ်ပွားရေးနှင့် မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်နေ သည့်ကိစ္စရပ်များကိုလည်း ထည့် သွင်းပြောကြားခဲ့သည်။

သမ္မတအိမ်တော်၌ ထိပ်သီးခေါင်းဆောင်များတွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ)
7Day Daily
မြန်မာ့နိုင်ငံရေးလမ်း စဉ်တွင် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို အောင်မြင်စွာကျော် လွှားနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲများဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြား လိုက်သည်။

ယခုလ ၅ ရက်တွင် ပြော ကြားသော နိုင်ငံတော်သမ္မတ၏ ရေဒီယိုမိန့်ခွန်း၌ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ သည့် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ကဲ့သို့သော ဆွေးနွေးမှုများကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

စည်းကမ်းမဲ့ယာဉ်မောင်းနှင်မှုများ ထောင်ဒဏ်ပါ ချမှတ်အရေးယူမည်ဟုဆို

ရန်ကုန်- ရန်ကုန်မြို့တွင် မော်တော်ယာဉ်များစည်းကမ်းမဲ့မောင်းနှင်မှု များပြားလာ၍ ဒဏ်ငွေဖြင့် အရေးယူ ရာမှ ထောင်ဒဏ်ပါ ထည့်သွင်း အရေးယူတော့မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက သတင်းထုတ်ပြန်သည်။

ငွေဒဏ်ဖြင့် အရေးယူစဉ် က မထီမဲ့မြင် ပြုလုပ်ခြင်းနှင့် စည်း ကမ်းမဲ့မောင်းနှင်ခြင်းများ ရှိနေ ဆဲဖြစ်၍ ၁၉၆၄ မော်တော်ယာဉ် ဥပဒေပုဒ်မ ၂၁ ဖြင့် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျွမ်းကျင်ပညာရှင်အဖြစ် သတ်မှတ်ခံရသည့် အင်ဂျင်နီယာ ၁၈၀ ကျော်သာရှိဟုဆို

ရန်ကုန်− နည်းပညာတက္ကသိုလ်များမှ အင်ဂျင်နီယာကျောင်း သား သောင်းဂဏန်းနှစ်စဉ်မွေးထုတ် ပေးနေသော်လည်း မြန်မာနိုင်ငံ တွင် နောက်ဆုံးအဆင့်အကျွမ်း ကျင်ဆုံးပညာရှင်အဖြစ် အသိအမှတ်ပြုခံ ထားရသည့် အင်ဂျင်နီ ယာ ၁၈၂ ဦးသာရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်ကပြောသည်။

အဆိုပါအရေအတွက်မှာ အခြား အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေ သေးသည်ဟု ဥက္ကဋ္ဌဦးဝင်းခိုင်က ပြောသည်။

မုန်တိုင်းအရှိန်ကြောင့် မိုး သုံးရက်ဆက် ရွာမည်

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့် ဖြစ်လာပြီးယင်းအရှိန်ကြောင့် နေရာအချို့တွင် မိုးသုံးရက်ဆက်ရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

ယင်းမုန်တိုင်းငယ်မှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်းမရှိသည့်အတွက် အ၀ါအဆင့် သတ်မှတ် ထားသည်။

နိုင်ငံ၏ ကံကြမ္မာသည် တပ်မတော်၏ လက်ထဲတွင်သာ ရှိသည်မဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားအားလုံး၏ လက်ထဲတွင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: နိုင်ငံ၏ ကံကြမ္မာသည် တပ်မတော်၏ လက်ထဲတွင်သာ ရှိသည်မဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားအားလုံး၏ လက်ထဲတွင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Thursday, November 6, 2014

နိုင်ငံ၏ ကံကြမ္မာသည် တပ်မတော်၏ လက်ထဲတွင်သာ ရှိသည်မဟုတ်ဘဲ နိုင်ငံသူ နိုင်ငံသားအားလုံး၏ လက်ထဲတွင်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၅ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းထောက်တစ်ဦး မေးမြန်းသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တပ်မတော်အား ဖိအားပေးပါက တိုင်းပြည်မကောင်းသည့်ဘက်သို့ ရောက်သွားနိုင်ခြင်း ရှိ၊ မရှိ” ဆိုသည့်အချက်အား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် “ကျွန်မအမြင်မှာတော့ ဒီနိုင်ငံရဲ့ ကံကြမ္မာဟာ တပ်မတော်ရဲ့ လက်ထဲမှာပဲရှိတာ မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ ကံကြမ္မာဟာ ဒီနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ လက်ထဲမှာရှိပါတယ်။ အဲဒါဟာ ဘယ်အဖွဲ့အစည်းကနေ ဘယ်အုပ်စုကနေ ဘယ်အုပ်စုကို ဖိအားပေးလို့ ဆိုတာထက် ဘယ်လိုအားလုံးက ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာက အဓိကပါ။ အန်တီတို့က အစကတည်းက ပြောခဲ့တာက တွေ့ဆုံဆွေးနွေးရေးပဲ။ တွေ့ဆုံဆွေးနွေးရေး ဆိုတာက အခုမှပြောတာ မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ် ပထမဆုံးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်စဉ် ကတည်းက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးကို တောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဒီတောင်းဆိုချက်ကို မလိုက်လျောခဲ့ပါဘူး။ အခုထိလည်း တကယ်တော့ မလိုက်လျောသေးပါဘူး။ ဆိုတော့ ကျွန်မတို့ နိုင်ငံရဲ့ပြဿနာတွေကို အေးအေးဆေးဆေးနဲ့ ပြည်သူလူထု စိတ်ချမ်းသာရအောင်လ ဖြေရှင်းရမယ်ဆိုလို့ရှိရင် ဒီဆွေးနွေးပွဲလမ်းကနေပြီး အခြားလမ်းကြောင်း မရှိပါဘူး။ အဲဒီတော့ ပြည်သူများအနေနဲ့ ကျွန်မတို့နိုင်ငံမှာ အေးအေးဆေးဆေးနဲ့ လိုရာပန်းတိုင်ကို ဆက်သွားနိုင်ဖို့ဆိုလို့ရှိရင် ဖိအားပေးတယ်ဆိုတာ တပ်မတော်တင် မဟုတ်ဘူး။ ဆွေးနွေးပွဲထဲမှာ ပါသင့်ပါထိုက်တဲ့သူတွေ ကျွန်မတို့ကတော့ လေးပွင့်ဆိုင်လို့ ပြောတာပေါ့။ လေးပွင့်ဆိုင်ဆိုတာ သမ္မတကြီး ဦးသိန်းစိန်ရယ် ကာကွယ်ရေးဦးစီးချုပ်ရယ် နောက်ပြီးတော့ လွှတ်တော်ကို ကိုယ်စားပြုတဲ့ ဥက္ကဋ္ဌဦးရွှေမန်းရယ် ကျွန်မရယ် ဒီလေးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပြည်သူတွေကနေပြီးတော့ အားပေးကြပါ။ ပြည်သူတွေကနေ ထောက်ခံကြပါလို့ ကျွန်မက ဒီလိုပဲတောင်းခံချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

လွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အား မပြင်ဆင်လိုကြောင်း သဘောထားမှတ်ချက် ပြုထားသည်။

Eleven Media Group
နိုင်ငံ၏ ကံကြမ္မာသည် တပ်မတော်၏ လက်ထဲတွင်သာ ရှိသည်မဟုတ်ဘဲ နိုင်ငံသူ နိုင်ငံသား အားလုံး၏ လက်ထဲတွင်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၅ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းထောက်တစ်ဦး မေးမြန်းသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တပ်မတော်အား ဖိအားပေးပါက တိုင်းပြည်မကောင်းသည့်ဘက်သို့ ရောက်သွားနိုင်ခြင်း ရှိ၊ မရှိ” ဆိုသည့်အချက်အား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကို အဝါရောင် လုံခြုံရေးအဆင့် သတ်မှတ်

နေပြည်တော်တွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးပွဲကို အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမား တက်ရောက်မည် ဖြစ်သောကြောင့် နေပြည်တော်ကောင်စီ နယ်မြေ၏ လုံခြုံရေးကို အဝါရောင်အဆင့် (အရေးကြီးအဆင့်) သတ်မှတ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အစည်းအဝေး ကျင်းပသည့်အချိန်တွင် နေပြည်တော်ကောင်စီ၏ နယ်မြေလုံခြုံရေးကို လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအဆင့် သတ်မှတ်ချက် ငါးချက်ထဲမှ အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ရဲမှူးကြီး ဇော်ခင်အောင်က The Voice သို့ ပြောကြားသည်။

Wednesday, 5 November 2014

လီဗာပူးကို တစ်ဂိုးနဲ့ကပ်နိုင်ပြီး အုပ်စုတက်သွားတဲ့ ရီးရဲလ်မက်ဒရစ်(ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

Photo: လီဗာပူးကို တစ်ဂိုးနဲ့ကပ်နိုင်ပြီး အုပ်စုတက်သွားတဲ့ ရီးရဲလ်မက်ဒရစ်(ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)
Wednesday, November 5, 2014

စပိန်မြေပေါ်မှာ သွားရောက်ကစားခဲ့ရတဲ့ပွဲမှာလည်း လီဗာပူးအသင်းက ရီးရဲလ်မက်ဒရစ်ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ကတော့ အုပ်စုအဆင့်ကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်ပြီ လီဗာပူးကတော့ အုပ်စုတက်ဖို့ ရုန်းကန်ရတော့မှာပါ။

လီဗာပူးဟာ ဒီပွဲအတွက် ဂျရတ်၊ ဘာလော့တယ်လီ၊ စတာလင် စတဲ့အမာခံကစားသမားတွေကို ပွဲထွက်စာင်းမှာ ချန်လှပ်ခဲ့ပါတယ်။ အဲဒီအစား မာကိုဗစ်၊ ဘိုရီနီ၊ ဂျိးအယ်လန်တို့ကို ပွဲထွက်စေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ဘန်ဇီမား၊ ရော်နယ်ဒို၊ အစ္စကို၊ ဂျိမ်းစ်တို့နဲ့ လူစုံနီးပါး ပွဲထွက်လာပြီး ဂါရက်ဘေးလ်ကိုတော့ အရန်စာရင်းထဲမှာပဲ ထည့်ထားခဲ့တယ်။

လေးမိနစ်မှာပဲ ဂျိမ်းစ်ရိုဒရီဂွက်ဇ် အခွင့်အရေးရပြီး ကန်သွင်းခဲ့ပေမယ့် လီဗာပူးဂိုသမား မစ်ဂနိုလက် ကာကွယ်နိုင်ခဲ့တယ်။ ၁၁ မိနစ်မှာ ဘင်ဇီးမားရဲ့ထိုးဖောက်ချက်ကို စကာတယ် ကာကွယ်ရာကနေ ရော်နယ်ဒိုဆီရောက်သွားပြီး ကန်ချေက်ကောင်းခဲ့ပေမယ့်မစ်ဂနိုလက် ဒုတိယအကြိမ်မြောက် ကာကွယ်နိုင်ခဲ့တယ်။ ၂၇ မိနစ်မှာတော့ အိမ်ရှင် ရီးရဲလ်မက်ဒရစ်ကို လီဗာပူးဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ နောက်ခံနေတက်လာတဲ့ မာဆယ်လိုက ဂိုးဧရိယာထဲ ဖြတ်တင်ပေးတာကို ဘန်ဇီးမားက အနီးကပ် အဆုံးသတ်ခဲ့ပြီး ဂိုးရယူပေးခဲ့တာပါ။ ပထမပိုင်းတစ်ပိုင်းလုံးနီးပါးမှာ လီဗာပူးက ဂိုးရဖို့အခွင့်အရေး တစ်ကြိမ်မှ နီးစပ်ခဲ့ခြင်းမရှိပါဘူး။

၅၈ မိနစ်မှာ မိုရီနိုရဲ့ဖြတ်တင်ပေးမှုတဆင့် လယ်လာနာ အခွင့်အရေးရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲ နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ လီဗာပူးဟာ တိုက်စစ်ထက် ခံစစ်ပိုင်းက ပိုကောင်းနေခဲ့ပြီး ဂိုးသမား မစ်ဂနိုလက်လည်း လက်စွမ်းပြနေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကာဆီးလက်အတွက် ဒီပွဲက ၁၄၄ ပွဲမြောက် ချန်ပီယံလိဂ်ပွဲဖြစ်ခဲ့ပါတယ်။

ဘန်ဇီးမားကတော့ ဒီပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့လို့ ချန်ပီယံလိဂ်သမိုင်းမှာ ငါးပွဲဆက်တိုက်ဂိုးသွင်းတဲ့ လေးယောက်မြောက် ကစားသမားဖြစ်ခဲ့ပါတယ်။ အရင်တော့ မက်ဆီ၊ ခရစ္စတီယာနိုရော်နယ်ဒို၊ အွန်နရီတို့က ချန်ပီယံလိဂ်မှာ ငါးပွဲဆက်တိုက် ဂိုးသွင်းယူထားကြပါတယ်။

ဒုတိယပိုင်းမှလည်း ရီးရဲလ်မက်ဒရစ်က် ဒုတိယဦးဆောင်ဂိုး ရဖို့ ထိုးဖောက်ခဲ့ပေမယ့် လီဗာပူးခံစစ်က အမှားအယွင်း မရှိပဲ ကာကွယ် သွားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ လီဗာပူး ခံစစ်ကစားပုံက ချီးကျူးချင်စရာဖြစ်ခဲ့ရတယ်။

Soccer Myanmar
စပိန်မြေပေါ်မှာ သွားရောက်ကစားခဲ့ရတဲ့ပွဲမှာလည်း လီဗာပူးအသင်းက ရီးရဲလ်မက်ဒရစ်ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ကတော့ အုပ်စုအဆင့်ကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်ပြီ လီဗာပူးကတော့ အုပ်စုတက်ဖို့ ရုန်းကန်ရတော့မှာပါ။

အိုဘားမား နိုဝင်ဘာ ၁၂ မြန်မာပြည်ရောက်မည်

Photo: အိုဘားမား နိုဝင်ဘာ ၁၂ မြန်မာပြည်ရောက်မည်
Wednesday, November 5, 2014

အမေရိကန်သမ္မတ Barack Obama ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ ကနေ ၁၄ ရောက်နေ့အထိ လာရောက်မယ်လို့ သမ္မတအိမ်ဖြူတော်က နိုဝင်ဘာ ၄ ရက်နေ့ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်ပါတယ်။ သမ္မတ Obama ဟာ EAS အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲတို့ကို နေပြည်တော်မှာ တက်ရောက်မှာပါ။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့လည်း သီးသန့်ဆွေးနွေးမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါတွေအပြင် နိုဝင်ဘာလ ၁၄ ရက်နေ့မှာလည်း အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစပျိုးလုပ်ဆောင်မှု အခမ်းအနား ကျင်းပပြီး အခမ်းအနား တက်ရောက်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။ နိုဝင်ဘာ ၁၀ ရက်ကနေ ၁၆ ရက်နေ့ထိ ကြာမယ့် အာရှခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံနဲ့ သြစတြေးလျ နိုင်ငံတွေကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ သမ္မတ အိုဘားမားအတွက်တော့ မြန်မာနိုင်ငံကို ဒုတိယမြောက် ခရီးစဉ်ဖြစ်ပြီး ပထမတခေါက်၂၀၁၂ နိုဝင်ဘာမှာ မြန်မာနိုင်ငံကို လာရောက်တုန်းကလည်း သမ္မတ ဦးသိန်းစိန်ရော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ပါ တွေ့ဆုံခဲ့တဲ့အပြင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မြန်မာပြည်သူလူထုကို သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။ 

VOA

အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြစဉ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂။)

အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြစဉ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂)

အမေရိကန်သမ္မတ Barack Obama ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ ကနေ ၁၄ ရောက်နေ့ အထိ လာရောက်မယ်လို့ သမ္မတအိမ်ဖြူတော်က နိုဝင်ဘာ ၄ ရက်နေ့ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်ပါ တယ်။ သမ္မတ Obama ဟာ EAS အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနဲ့ အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ တို့ကို နေပြည်တော်မှာ တက်ရောက်မှာပါ။

မြန်မာနောက်ကြောင်းပြန်မလှည့်ရေး အိုဘားမားတိုက်တွန်းဖို့ HRW တောင်းဆို

Photo: မြန်မာနောက်ကြောင်းပြန်မလှည့်ရေး အိုဘားမားတိုက်တွန်းဖို့ HRW တောင်းဆို
Wednesday, November 5, 2014

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားအနေနဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်အစိုးရကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး နောက်ကြောင်း ပြန်မလှည့်ဖို့ ထိထိရောက်ရောက် ပြောဆိုဆွေးနွေးဖို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် သမ္မတ အိုဘားမားခရီးစဉ်အတွင်း မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မြင်တွေ့နိုင်မယ်လို့လည်း မြန်မာလူထုအခြေပြု အဖွဲ့အစည်းတွေကလည်း မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ကြေညာချက်အရ သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၄ ရောက်နေ့အထိ လာရောက်မှာ ဖြစ်ပါတယ်။ နေပြည်တော်မှာကျင်းပမယ့် EAS အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနဲ့ အမေရိကန် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတို့ကို သမ္မတ အိုဘားမား တက်ရောက်မှာပါ။

နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ လူငယ်ထုနဲ့ အပြန်အလှန်ဆွေးနွေးမယ့် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစပျိုးလုပ်ဆောင် ဆွေးနွေးပွဲအခမ်းအနားကို သမ္မတ အိုဘားမား တက်ရောက်ဖို့ ရှိပါတယ်။ အဲဒီနေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံကိုသွားမယ့် ခရီးစဉ်မတိုင်ခင် နယူးယောက်အခြေစိုက် HRW နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး အပါအ၀င် အခြားလူ့အခွင့်အရေး အဖွဲ့အစည်းတွေကနေ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်အစီရင်ခံ တင်ပြခဲ့ကြတာပါ။ အိုဘားမားအနေနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ဒီအချက်တွေကိုကိုင်ပြီး စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေး ပြောဆိုဖို့ဖြစ်တယ်လို့ HRW ရဲ့ အာရှရေးရာတာဝန်ခံ John Sifton က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာ့အသွင်ကူးပြောင်းရေးမှာ နောက်ကြောင်းပြန်လှည့်နေတဲ့ အဓိကအချက်တွေကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတာတွေ ရပ်တန့်နေတဲ့အခြေအနေတွေ၊ ဒီအတောအတွင်း ဘာသာခြားဖြစ်တဲ့ မူဆလင်တွေကို ပစ်မှတ်ထားပြီး အမုန်းစကားတွေ ပြန့်ပွားအောင် လုပ်ဆောင်နေတာတွေ ဖြစ်ပါတယ်။ တကယ်လို့များ မြန်မာခေါင်းဆောင်တွေဘက်က ဒါတွေကို မှန်မှန်ကန်ကန် မဖြေရှင်းဘူးဆိုရင် သမ္မတ အိုဘားမားအနေနဲ့ ပြောရမှာက မြန်မာဆက်ဆံရေးကို အမေရိကန်ဘက်က တိုးမြှင့်တော့မှာ မဟုတ်ဘူးဆိုတာရယ် နောက်ပြီး စစ်ရေးဆိုင်ရာ အကူအညီတွေ မပေးဘူးဆိုတာရယ်၊ World Bank တို့လို ကမ္ဘာ့ဘဏ်တွေကို မြန်မာကို ကူညီထောက်ပံ့ဖို့ အားမပေးတာရယ်၊ နောက်ပြီး ၂၀၁၅ ရွေးကောက်ပွဲကို ဒီမိုကရေစီ နည်းလမ်းတကျ လုပ်တာမဟုတ်ဘူး စတဲ့ သတိပေးပြောဆိုချက်တွေကို အိုဘားမားအနေနဲ့ သမ္မတ ဦးသိန်းစိန်ကိုပြောဖို့ HRW တိုက်တွန်းပါတယ်။”

ဒါ့အပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက လူပုဂ္ဂိုလ်တဦးချင်းစီအတွက် စီးပွားရေးအရ ဒဏ်ခတ်တဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာရနိုင်ငံရေးပါတီက သြဇာကြီးမားတဲ့ တောင်သာ လွှတ်တော်အမတ် ဦးအောင်သောင်းကို အမည်မဲစာရင်းမှာ ထည့်သွင်းလိုက်တာကို HRW က ထောက်ခံပေမဲ့ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲ စစ်တပ်ခေါင်းဆောင်အားလုံးကိုပါ ဒဏ်ခတ်သင့်တယ်လို့ မြင်ကြောင်း John Sifton က ပြောပါတယ်။

“စစ်တပ်နဲ့နီးစပ်ပြီး သဘောထားတင်းမာသူတွေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မလိုလားတဲ့သူတွေဟာ ဒီလိုမျိုး အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သတိပေးလိုက်တာပါ။ တကယ်လို့ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်သူတွေကိုတော့ ဒဏ်ခတ်အရေးယူ ပိတ်ဆို့တဲ့စာရင်းကနေ ပယ်ဖျက်ပေးနေပါတယ်။ ဒါဟာ မြန်မာ့အသွင်ကူးပြောင်းရေးကို တွန်းအားပေးတဲ့အနေနဲ့ အမေရိကန်အစိုးရက ဆောင်ရွက်နေတာပါ။ ဒါပေမဲ့ ပုဂ္ဂိုလ်တဦးချင်းစီကိုပဲ ဖိအားပေးတာမျိုးက မလုံလောက်ပါဘူး။”

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်မယ့် သမ္မတ အိုဘားမားဟာ သူရဲ့ခရီးစဉ်အတွင်း အသွင်ကူးပြောင်းရေးကာလ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နားလည်သဘောပေါက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရကို ထိထိရောက်ရောက် တိုက်တွန်းနိုင်မယ်လို့ လူထုအခြေပြု အဖွဲ့အစည်းတွေက မျှော်လင့်ထားကြတာပါ။ ဒါနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တခဏရောက်ရှိနေတဲ့ လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်သူ မဇင်မာအောင်ကတော့ အခုလို ပြောပါတယ်။

“ဒီဘက်မှာဆိုလို့ရှိရင်လည်း အိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ ပတ်သက်လို့ တော်တော်လေး ဝေဖန်ခံနေရတာတွေ ရှိတယ်ပေါ့နော်။ ကျမအနေနဲ့ကတော့ ဒီခရီးစဉ်ဟာ ခုန ဒီဘက်က သူ့ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ ဖိအားတွေကို ကျော်လွန်ရုံသက်သက် ဒါမှမဟုတ်လို့ရှိရင်လည်း သံခင်းတမန်ခင်း တွေ့ကြပြီးတော့ စကားလုံး အလှအပတွေထက်ကို ကျော်ပြီးတော့ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေနဲ့ တိုင်းပြည်အတွက် တကယ်လိုအပ်နေတဲ့ တကယ့် Agenda တွေပေါ့နော် အဲ့ဒါတွေကို အချိန်နဲ့တကွ တကယ့်လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ဟာမျိုးကို မြန်မာအစိုးရတာဝန်ရှိတဲ့သူတွေနဲ့ပေါ့လေ တွေ့တဲ့အခါမှာ တွန်းတွန်းတိုက်တိုက်ပြောမယ်။ ကတိက၀တ်တွေလည်း ရစေချင်တယ်။”

နိုဝင်ဘာ ၁၀ ရက်ကနေ ၁၆ ရက်နေ့ထိ ကြာမယ့် အိုဘားမားရဲ့ အာရှခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံနဲ့ သြစတြေးလျ နိုင်ငံတွေကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားအတွက် ဒီတခေါက် မြန်မာနိုင်ငံခရီးစဉ်ဟာ ဒုတိယမြောက်ဖြစ်ပြီး ပထမတခေါက် ၂၀၁၂ နိုဝင်ဘာမှာ မြန်မာနိုင်ငံကို လာရောက်တုန်းကလည်း သမ္မတ ဦးသိန်းစိန်ရော၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံ ခဲ့တဲ့အပြင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မြန်မာပြည်သူလူထုကို သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။

VOA
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားအနေနဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်အစိုးရကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး နောက်ကြောင်း ပြန်မလှည့်ဖို့ ထိထိရောက်ရောက် ပြောဆိုဆွေးနွေးဖို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

အာရှနိုင်ငံများ အီဘိုလာဗိုင်းရပ်စ် တိုက်ဖျက်ရေး လုံလောက်စွာ ပါဝင်မှုမရှိဟု ဆို


Photo: အာရှနိုင်ငံများ အီဘိုလာဗိုင်းရပ်စ် တိုက်ဖျက်ရေး လုံလောက်စွာ ပါဝင်မှုမရှိဟု ဆို
Wednesday, November 5, 2014

အာရှနိုင်ငံတွေဟာ အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှု ရပ်တံ့အောင်ကူညီနိုင်တဲ့ သင်တန်းဆင်း ဆေးဘက်ပညာသည်တွေ ကြွယ်ကြွယ်ဝဝရှိပေမယ့် အီဘိုလာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုကို လုံလုံ လောက်လောက် ပါဝင်မှု မရှိဘူးလို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်မ်က နိုဝင်ဘာလ ၄ ရက်နေ့က ပြောပါတယ်။

ebola-texas-2_3062259bကိုရီးယားမြို့တော် ဆိုးလ်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကင်မ်က အီဘိုလာ ဗိုင်းရပ်စ်ကို အရင်းအမြစ် ကနေရပ်အောင်ကူဖို့ သင်တန်းဆင်းကျန်းမာရေး လုပ်သားတွေကို ကမ်းလှမ်းဖို့ အာရှနိုင်ငံတွေကို နှိုးဆော်တယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားကတော့ အီဘိုလာတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၅.၆ သန်း ထည့်ဝင်ဖို့ ကတိပြုထားပါတယ်။ တရုတ်ကတော့ အာဖရိက ၁၃ နိုင်ငံနဲ့နိုင်ငံတကာ အဖွဲ့အစည်း တွေကို အီဘိုလာ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၂၃ သန်း လှူပြီးပါပြီ။

ဂျပန်နဲ့ တရုတ်တို့ဟာ အနောက်အာဖရိကမှာရှိတဲ့ အီဘိုလာကူးစက်ခံ နိုင်ငံတွေဆီ ပစ္စည်း ကိရိယာတွေနဲ့ ဆေးဘက်ဝန်ထမ်းတွေကိုလည်း စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာရှဒေသ တခုလုံးအနေနဲ့ တုံ့ပြန်မှုဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေနဲ့စာရင် အများကြီး နောက်ကျကျန်နေပါတယ်။

အမေရိကန်ကတော့ ဒေါ်လာ ၁ ဘီလျံနဲ့ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပြီးပါပြီ။ လာမယ့် ၆ လကနေ တနှစ်လောက်ထိ ထောင်နဲ့ချီတဲ့ ကျန်းမာရေးလုပ်သားတွေ လိုအပ်နေဆဲလို့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌကပြောပါတယ်။

နယ်စပ်ထိန်းချုပ်မှု တခုတည်းကို အားကိုးတာဟာ မီးလောင်နေတဲ့အိမ်ထဲမှာ အိမ်ခန်းထဲကို မီးခိုးမဝင်အောင် ရေစိုဝတ်ကို တံခါးအောက်မှာ ထည့်တာနဲ့ တူတယ်လို့လည်း ခိုင်းနှိုင်းပြောဆို ခဲ့ပါတယ်။

၁၉၇၆ ခုနှစ်က စတင်မှတ်တမ်းတင်ချိန်က စပြီး ခုချိန်ထိ လူသေမှုအများဆုံး ကူးစက်မှုကို နှိမ်နင်းရာမှာ ကူညီဖို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သား အယောက်ထောင်ချီ လိုအပ်နေတာ ပါ။ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ လိုက်ဘေးရီးယား၊ ဂီနီနဲ့ ဆီရီယာလီယွန်နိုင်ငံတွေက လူများစုဖြစ်တဲ့ လူအယောက် ၅၀၀၀ နီးပါး သေဆုံးခဲ့ပြီးပါပြီ။

ဒီဗွီဘီ
အာရှနိုင်ငံတွေဟာ အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှု ရပ်တံ့အောင်ကူညီနိုင်တဲ့ သင်တန်းဆင်း ဆေးဘက်ပညာ သည်တွေ ကြွယ်ကြွယ်ဝဝရှိပေမယ့် အီဘိုလာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုကို လုံလုံ လောက်လောက် ပါဝင်မှု မရှိဘူးလို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်မ်က နိုဝင်ဘာလ ၄ ရက်နေ့က ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံရှိ 72 Combined Training Centre နှင့် တင့်ကားပြင်ဆင်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ Borisov City ရှိ 72 Combined Training Centre သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။

အစိုးရအရာရှိကြီးများ ခြိုးခြံချွေတာရေးအစီအစဉ် ကျင့်သုံးရန် အိန္ဒိယဝန်ကြီး ချုပ် အမိန့်ထုတ်

Photo: အစိုးရအရာရှိကြီးများ ခြိုးခြံချွေတာရေးအစီအစဉ် ကျင့်သုံးရန် အိန္ဒိယဝန်ကြီး ချုပ် အမိန့်ထုတ်
Wednesday, November 5, 2014

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည်က အစိုးရအဖွဲ့ အကြီးအကဲများ၏ အသုံးစရိတ်များ ကို ထိန်းချုပ်သွားရေးအတွက် ခြိုးခြံချွေတာရေး လုပ်ငန်းစဉ်များကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်ဟု သိရသည်။

အိန္ဒိယ အစိုးရအရာရှိများအနေဖြင့် ခရီးသွားရာတွင် ပထမတန်းစား ဇိမ်ခံခုံနေရာများတွင် စီးနင်းလိုက်ပါမှုများ၊ ကြယ်ငါးပွင့် အဆင့်ရှိ
ဟိုတယ်ကြီးများတွင် အစည်းအဝေးများ ကျင်းပခြင်းများနှင့် အဖိုးတန်ကားများကို ၀ယ်ယူနေခြင်းများကို စွန့်လွှတ်ကြရန် မိုဒီက
မှာကြားထားသည်။

ထို့ပြင် အစိုးရ အရာရှိများအနေဖြင့် အစည်းအဝေးများအား ဗီဒီယိုမှတစ်ဆင့် ပြုလုပ်ခြင်းကို အတတ်နိုင်ဆုံး လျှော့ချရန်နှင့် အစိုးရအဖွဲ့ အတွင်း မည်သည့် ရာထူးနေရာသစ်များကို မျှဖန်တီး ခန့်အပ်ခြင်းများ မပြုလုပ်ရန် မိုဒီက တားမြစ်လိုက်သည်။

ဝန်ကြီးချုပ် မိုဒီသည် ဘဏ္ဍာရေးလိုငွေပြနေခြင်းများကို လျှော့ချသွားရန် ဆန္ဒရှိနေပြီး ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် ရွေးကောက်ပွဲ ကတိက၀တ်များကို တည်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် အရေးပေါ် ဘဏ္ဍာငွေသုံးစွဲမှုများကို လာမည့်နှစ် မတ်လ မတိုင်မီကာလတွင် အနည်းဆုံး ၁၀ ရာခိုင်နှုန်းထိ လျှော့ချ သွားရန် လိုအပ်လျက်ရှိသည်။

အဆိုပါ ခြိုးခြံချွေတာရေး အစီအစဉ်များကို မိုဒီ၏ ဘီဂျေပီ ပါတီခေါင်းဆောင်များကလည်း ကြိုဆိုလက်ခံခဲ့ကြသည်။

“နာရင်ဒါ မိုဒီက သူဟာ နိုင်ငံရဲ့ ဘဏ္ဍာတိုက်ကို စောင့်ကြပ်မယ့်သူလို့ ရွေးကောက်ပွဲ မဲဆွယ်မှုကာလ မတိုင်မီကတည်းက ပြောခဲ့ပါတယ်၊ ဒါ့အပြင် သူဝန်ကြီးချုပ် ဖြစ်လာတဲ့အချိန်မှာလည်း တစ်ကျပ်တစ်ပြားမှ အလေ့အလွင့်မခံနိုင်ဘူးလို့ ပြောထားပါတယ်” ဟု ဘီဂျေပီပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဆမ်ဘစ်တ်ပါထရာ က ပြောသည်။

“ သူပေးထားတဲ့ ကတိကဝတ်တွေတည်ဖို့၊ သူ့ရဲ့ ကိုယ်ပိုင် သဘောထားတွေအတိုင်း လုပ်ဆောင်ဖို့အတွက် မိုဒီနဲ့ သူ့အစိုးရ အဖွဲ့ကတော့ ခြိုးခြံချွေတာရေးလုပ်ငန်းစဉ် တစ်ခုကို စတင်လုပ်ဆောင်နေပါပြီ၊ ဒါတွေအားလုံးကတော့ အိန္ဒိယပြည်သူတွေ အတွက်ပါပဲ၊ ဒါကိုကျွန်တော်တို့ ကြိုဆိုရပါမယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

သို့ရာတွင် အချို့သော အတိုက်အခံခေါင်းဆောင်များက မိုဒီ၏ ယင်းလုပ်ငန်းစဉ်သည် အစိုးရ၏ ဘဏ္ဍာငွေသုံးစွဲမှုများကို ထိထိရောက်ရောက် လျှော့ချနိုင်မည်မဟုတ်ပဲ ထင်ပေါ်ကျော်ကြားရန်အတွက်သာ ဖြစ်သည်ဟု ယူဆပြီး ထိုကဲ့သို့ ခြိုးခြံချွေတာရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်မှာ ကြီးမားသော စိန်ခေါ်မှုပင်ဖြစ်သည်ဟု ဆိုကြသည်။

“ ခြိုးခြံချွေတာရေး လမ်းစဉ်ကို လိုက်ဖို့နဲ့ ဘဏ္ဍာငွေသုံးစွဲမှုပိုင်းကို လျှော့ချမယ့် မိုဒီအစိုးရရဲ့ ကြေငြာချက်နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိပါတယ်၊ ဒီနေရာမှာ လူတွေကလည်း ခင်ဗျားရဲ့ ရည်ရွယ်ချက်တွေနဲ့ ခင်ဗျားဘာလုပ်ဖို့ ကြိုးစာနေလဲဆိုတာကို သိပါလိမ့်မယ်၊ ဒါကြောင့် ဒီလုပ်ငန်းစဉ်တွေကို သူတို့ လွှတ်တော်အမတ်တွေက ဘယ်လောက်တောင် လက်ခံကျင့်သုံးကြမလဲဆိုတာကို ကျွန်တော်တို့ မြင်ရပါလိမ့်မယ်” ဟု အိန္ဒိယ အေအေပီပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒီလစ်ပန်ဒေးက ပြောကြားသည်။

လက်ရှိအချိန်တွင် မိုဒီ၏ အစိုးရအဖွဲ့သည် ထိုကဲ့သို့ ဘဏ္ဍာငွေသုံးစွဲမှုများကို လျှော့ချရန်နှင့် အခြားသော အရင်းအမြစ်များ ရရှိရန် ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်ထိ ယင်းကဲ့သို့ ခြိုးခြံချွေတာရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ချပြခြင်း မရှိသေးပေ။ အိန္ဒိယတွင် ယခင် ကွန်ဂရက်ပါတီ အစိုးရလက်ထက်ကလည်း ယင်းကဲ့သို့သော ချွေတာရေး အစီအစဉ်များကို ကြေငြာခဲ့သော်လည်း ဆက်လက်လုပ်ကိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

Mizzima - News in Burmese
အိန္ဒိယဝန်ကြီးချုပ်မိုဒီသည်က အစိုးရအဖွဲ့ အကြီးအကဲများ၏ အသုံးစရိတ်များကို ထိန်းချုပ်သွားရေးအတွက် ခြိုးခြံချွေတာရေး လုပ်ငန်းစဉ်များကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်ဟု သိရသည်။

ပျောက်ဆုံး တောင်တက်သမားနှစ်ဦးကို ကျပ်သိန်း ၁၅၀ စီဖြင့် ဂုဏ်ပြု

Photo: ပျောက်ဆုံး တောင်တက်သမားနှစ်ဦးကို ကျပ်သိန်း ၁၅၀ စီဖြင့် ဂုဏ်ပြု
Wednesday, November 5, 2014

ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်ထိပ်သို့ ရောက်ရှိခဲ့ပြီး တောင်အဆင်းတွင် ပျောက်ဆုံးခဲ့သည့် တောင်တက်သမားနှစ်ဦး အတွက် တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းက ကျပ်သိန်း ၁၅၀ စီ အပါအဝင် ဂုဏ်ပြုဆုများဖြင့် ဂုဏ်ပြုခဲ့ကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်က ရန်ကုန်မြို့ UMFCCI ခန်းမတွင် ကျင်းပသော ခါကာဘိုရာဇီ သူရဲကောင်းများ ဂုဏ်ပြုပွဲ၌ တောင်တက်သမားနှစ်ဦး ဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့အပြင် အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့သည့် တောင်တက်သမား ခြောက်ဦးကို ကျပ် ၁၀ သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်ရင်း ရဟတ်ယာဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူ ထူးဖောင်ဒေးရှင်းမှ ကပ္ပတိန် အောင်မြတ်တိုးအတွက် ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့သည်။

တောင်တက်သမားနှစ်ဦး အတွက် ဂုဏ်ပြုငွေများကို ပရီမီယားကော်ဖီကုမ္ပဏီမှ ကျပ်ငွေသိန်း ၁၀၀ စီနှင့် အသင်းမှ ကျပ်ငွေ သိန်း ၅၀ စီ ထည့်ဝင်ခဲ့ကြောင်း၊ ဂုဏ်ပြုပွဲအတွက် ဝေဖန်သူအချို့ ရှိခဲ့သော်လည်း လုပ်သင့် လုပ်ထိုက်သည့် အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ အသင်းအနေနှင့် တောင်တက်ခရီးစဉ်များကိုလည်း ဆက်လက်ထွက်ခွာသွားမည် ဖြစ်ကြောင်း တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်း ပြန်ကြားရေးတာဝန်ခံ ဦးကျော်နိုင်က ပြောကြားသည်။

“ကျွန်မအတွက်ကတော့ သူ အသက်ရှင်လိမ့်မယ်လို့ မျှော်လင့်နေတုန်းပါပဲ” ဟု အဆိုပါ အခမ်းအနားကို တက်ရောက်ခဲ့သည့် ကိုဝေယံမင်းသူ၏ မိခင်ဖြစ်သူက ဆိုသည်။

ပျောက်ဆုံးခဲ့သူ နှစ်ဦးသည် သြဂုတ်လ ၃၁ ရက် ညနေပိုင်းက တောင်ထိပ်သို့ ရောက်ရှိခဲ့ကာ တောင်ခြေစခန်းရှိသူများနှင့် နိုင်ငံတော်သီချင်းကို ပြိုင်တူဆိုခဲ့ကြပြီးနောက်တွင် အဆက်အသွယ် ပြတ်သွားခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်အထိ အသက်ရှင်ရန် မျှော်လင့်ကြောင်း တောင်တက်အဖွဲ့တွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားသည်။

“ဆုံးသွားတဲ့အတွက် ဖြေမဆည်အောင် ခံစားရပေမယ့် ပြည်သူ့အတွက်၊ ထူးဖောင်ဒေးရှင်းအတွက် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်” ဟု ကပ္ပတိန် အောင်မြတ်တိုး၏ ဇနီး ဒေါ်လှိုင်မြတ်တင့်က ဆိုသည်။

ဇူလိုင်လ ၂၆ ရက်က တောင်တက်သမားရှစ်ဦး ပါဝင်သည့်အဖွဲ့မှာ ခါကာကာဘိုရာဇီတောင်ကို တက်ရောက်ရန် ထွက်ခွာခဲ့ပြီး ခါကာဘိုရာဇီတောင်ထိပ်ကို နှစ်ဦးရောက်ရှိခဲ့ကာ ကျန်ခြောက်ဦးမှာ Base Camp တွင် ကျန်ရစ်ခဲ့သည်။

The Voice Weekly
ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်ထိပ်သို့ ရောက်ရှိခဲ့ပြီး တောင်အဆင်းတွင် ပျောက်ဆုံးခဲ့သည့် တောင် တက်သမားနှစ်ဦးအတွက် တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်း သဘာဝခေါ်သံဖောင်ဒေး ရှင်းက ကျပ်သိန်း ၁၅၀ စီ အပါအဝင် ဂုဏ်ပြုဆုများဖြင့် ဂုဏ်ပြုခဲ့ကြောင်း အဆိုပါဖောင်ဒေးရှင်း ထံမှ သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ H.E.Alexander Grigoryevich Lukasheko အား ဂါရ၀ပြုတွေ့ဆုံ

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ H.E.Alexander Grigoryevich Lukasheko အား ဂါရ၀ပြုတွေ့ဆုံ
Wednesday, November 5, 2014

ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ H.E.Alexander Grigoryevich Lukasheko အားသမ္မတ နန်းတော်(Independence Palace)သို့ သွားရောက်၍ ဂါရ၀ပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ယုတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး Lt. Gen Yuri Zhadobin ၊ နိုင်ငံတော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကော်မတီဥက္ကဌ Lt. Gen Gurulev Sergey Petrovich နှင့် သမ္မတ၏လက်ထောက် Mr. Brilev Valery တို့တက်ရောက်ကြသည်။

တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတကပြောကြားရာတွင် အဆွေတော်၏ ခရီးစဉ်ကာလအတွင်း တွေ့ဆုံဆွေးနွေးမှုများအရ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အလားအလာများစွာရှိကြောင်း ကြားသိရ၍ ၀မ်းမြောက်ပါကြောင်း၊ လွန်စွာအရေးပါသည့် မြန်မာနိုင်ငံ၏မဟာဗျူဟာမြောက်တည်ရှိနေမှုအပေါ်မူတည်၍ နှစ်ဦးနှစ်ဖက်အကျိုးကို ဖော်ဆောင်နိုင်မည့်ပူးပေါင်းဆောင်ရ်ွမှုများလုပ်ဆောင်နိုင်ပါကြောင်း၊ အထူးသဖြင့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုများစွာ ဆောင်ရွက်နိုင်ပြီး စစ်ဘက်နည်းပညာကျွမ်းကျင်သူအရာရှိများ မွေးထုတ်ပေးနိုင်ပါကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးသာမက ဘက်ပေါင်းစုံမှ လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား နှုတ်ခွန်းဆက်ပါကြောင်းနှင့် ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ကြား ထားပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကာလတွင် အဆင့်အမြင့် ဆုံး သံတမန်ကိုယ်စားလှယ်အဖွဲ့အဖြစ် ချစ်ကြည်ရေးခရီးစဉ်ကို စီစဉ်ပေးသော ဘယ်လာရုစ်အစိုးရအား ကျေးဇူးတင်ရှိပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ နိုင်ငံတိုးတက်အောင် ဆောင်ရွက်နိုင်မှုများကိုလည်း ချီးကျူးပါကြောင်း၊ စနစ်တစ်ခုမှ တစ်ခုသို့ကူးပြောင်းမှုသည် လွယ်ကူသောကိစ္စ ရပ်မဟုတ်ပါကြောင်း၊မိမိတို့နိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိတော်လှန်ရေးကောင်စီနှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့က ဆိုရှယ်လစ်စနစ်ပြောင်းလဲကျင့်သုံးခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ပြည်သူများ၏ တောင်းဆိုမှုအရ ပါတီစုံဒီမိုကရေစီစနစ်သို့ဦးတည်လာခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ပြောင်းလဲကျင့်သုံးနေပါကြောင်း၊ ထိုသို့နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သည်မှာ တိုင်းပြည် အတွင်း တည်ငြိမ်အေးချမ်းမှုပြဿနာကြောင့် ဖြစ်ပါကြောင်း၊ လက်ရှိသမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုများသည် ဘယ်လာရုစ်သမ္မတနိုင်ငံကဲ့သို့သော မိတ်ဆွေများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် အောင်မြင်အောင်တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များစွာရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် ဦးစားပေးစနစ်မရှိသောကြောင့် အချိန်မဆိုင်းဘဲ ပူးပေါင်းဆောင်ရွက်မှုများ စီစဉ် ဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သောမြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှဝ်အဖွဲ့သည် ယနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီ ၁၅ မိနစ်တွင် မင့်စ်မြို့ရှိ Victory Square သို့ရောက်ရှိရာ ဘယ်လာရုစ်သမ္မတနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen Lybinko နှင့် အဖွဲ့မှ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြုပန်းခွေအား သတ်မှတ်နေရာသို့ ပို့ဆောင်အလေးပြုသည်။ ထို့နောက် နိုင်ငံတော်စစ်တီးဝိုင်းအဖွဲ့က နှစ်နိုင်ငံသီချင်းများတီးမှုတ်ကြသည်။ ဆက်လက်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့် နိုင်ငံတော်စစ်တီးဝိုင်းတို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြုခဲ့ကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်ပွဲအတွင်းကျဆုံးခဲ့သည့် စစ်သည်များအား ဂုဏ်ပြုထွန်းညှိထား သည့် မငြိမ်းသောမီးတောက်နှင့် ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင်တိုက်ပွဲများဖြစ်ပွားရာ မြို့များကို ကိုယ်စားပြု ဂုဏ်ပြု ထားသည့် အထိမ်းအမှတ်နေရာများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။

Credit : Senior General Min Aung Hlaing
ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ H.E.Alexander Grigoryevich Lukasheko အားသမ္မတ နန်းတော်(Independence Palace)သို့ သွားရောက်၍ ဂါရ၀ပြုတွေ့ဆုံသည်။

အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်မည့် ဆွာရက်ဇ်၊ မော်စကိုအသင်းကို အနိုင်ကစားရမည်ဟု အဂူရိုပြော

Photo: အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်မည့် ဆွာရက်ဇ်၊ မော်စကိုအသင်းကို အနိုင်ကစားရမည်ဟု အဂူရိုပြော
Wednesday, November 5, 2014

လန်ဒန်− ယနေ့ ညဥ့်နက်ပိုင်း (ကြာသပတေးနေ့ အစောပိုင်း) တွင် ကစားမည့် အေဂျက်ဇ်-ဘာစီလိုနာပွဲ၌ ဆွာရက်ဇ်မှာ အ သင်းဟောင်းကို ပြန်လည်ရင်ဆိုင် ရမည်ဖြစ်သလို မန်စီးတီးမှာလည်း မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ် ကြောင်း တိုက်စစ်မှူး အဂူရိုက ပြောသည်။

အေဂျက်ဇ်နှင့်ပွဲတွင် ဘာစီလို နာမှ ဆွာရက်ဇ်မှာ အသင်းနှင့် ပထမဆုံးချန်ပီယံ လိဂ် ကို အသင်း ဟောင်းနှင့် ပြန်တွေ့သည့်ပွဲတွင် ကစားရမည်ဖြစ်ပြီး ဘာကာမှာ  ရီးရဲလ်နှင့် ဆယ်လ်တာဗီဂိုကို ရှုံးထား၍ လာလီဂါအဆင့် (၄) နေရာ သို့ ကျဆင်းသွားသည်။

သို့သော် ကွင်းလယ်လူ ဘက် စကွတ်က ပြည်တွင်းပွဲနှစ်ပွဲဆက် အခြေအနေ ဆိုးခဲ့ခြင်းကို ချန်ပီယံ လိဂ်တွင် အဆုံးသတ်မည်ဟု ပြော ထားသည်။

ဘာစီလိုနာသည် ထိုပွဲတွင် အင်နီယေစတာ၊ မက်သရူး၊ ဆာဂျီရော်ဘတ်တို၊ နောက်ခံလူ ဗာမယ်လန်တို့ မပါဝင်နိုင်သလို  မက်ဆီမှာလည်း ပြီးခဲ့သည့် ချန်ပီယံလိဂ်နှစ်ပွဲဆက်တိုက် ဂိုးမရခဲ့ပေ။ အေဂျက်ဇ်သည် အိမ်ကွင်း ဖြစ်သော်လည်း တိုက်စစ်မှူး ဗစ်တာဖစ်ရှာမှာ ဒဏ်ရာကြောင့်မပါဝင်နိုင်ပေ။ မန်စီးတီးသည် ပထမအကြိမ် သရေကျခဲ့သော ရုရှားစီအက်စ်အေကေ မော်စကို ကို အိမ်ကွင်းတွင် အနိုင်ရမှာသာ ဒုတိယ နေရာသို့ ရောက်နိုင်ပြီး အုပ်စုတက်ခွင့် မျှော်မှန်းနိုင်မည်  ဖြစ်ရာ အကြိတ်အနယ် ကစားရ မည်ဖြစ်သည်။ တိုက်စစ်မှူး အဂူရိုက မော်စကိုအသင်းနှင့်ပွဲမှာ အရေးအကြီးဆုံးဖြစ်ပြီး မဖြစ်မနေအနိုင်ရရန် လိုအပ်ကြောင်း ဆိုထားသည်။ မန်စီးတီးတွင် ဒေးဗစ် ဆေးလ်ဗားနှင့် ကိုလာ ရော့ဗ် တို့ မပါဝင်နိုင်သော်လည်း လမ်းပတ်ပြန်လည်ပါဝင်လာဖွယ်ရှိသည်။

Ref: Goal
လန်ဒန်− ယနေ့ ညဥ့်နက်ပိုင်း (ကြာသပတေးနေ့ အစောပိုင်း) တွင် ကစားမည့် အေဂျက်ဇ်-ဘာစီလိုနာပွဲ၌ ဆွာရက်ဇ်မှာ အ သင်းဟောင်းကို ပြန်လည်ရင်ဆိုင် ရမည်ဖြစ်သလို မန်စီးတီးမှာလည်း မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ် ကြောင်း တိုက်စစ်မှူး အဂူရိုက ပြောသည်။

ဖရီးဂိတ် စစ်ရေယာဉ် F-21 ထိုင်းနှင့် စင်ကာပူရှိ ရေတပ်စခန်း သုံးခုသို့ သွားမည်

Photo: ဖရီးဂိတ် စစ်ရေယာဉ် F-21 ထိုင်းနှင့် စင်ကာပူရှိ ရေတပ်စခန်း သုံးခုသို့ သွားမည်
Wednesday, November 5, 2014

 ရေဒါဖြင့် ဖမ်းယူ၍မရ သည့် နည်းပညာဖြင့် တည်ဆောက် ထားသည့် တပ်မတော် (ရေ)မှ ဖရီးဂိတ်စစ်ရေယာဉ် F-21 သည် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများရှိ ရေတပ်စခန်း သုံးခုသို့ ချစ်ကြည် ရေးခရီးအဖြစ် လှည့်လည်သွား ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခုနှစ် သြဂုတ်လတွင် ပြုလုပ်ခဲ့သော (၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အ စည်းအဝေး၌ ထိုင်းရေတပ်ဦး စီးချုပ်၊ စင်ကာပူ ရေတပ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ရေ)တို့၏ သဘောတူညီချက်အရ ယခုကဲ့သို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း တပ်မတော် (ရေ)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါခရီးစဉ်သည် နိုဝင် ဘာ ၁၀ ရက်မှ ၃၀ ရက်အထိ ရက်ပေါင်း ၂၀ ခန့်ကြာမြင့်မည်ဖြစ်ပြီး ခရီးအကွာအဝေး မိုင် ၄၀၀၀ ကျော်ခန့်ရှိကာ ထိုင်းနိုင်ငံဖူးခက်ရေတပ် စခန်း၊ Chuk Samed ရေတပ် စခန်း၊ စင်ကာပူနိုင်ငံ ချန်ဂီရေတပ် စခန်းများသို့ လှည့်လည်သွားလာ မည် ဖြစ်သည်။

ဖော်ပြပါ ဖရီးဂိတ်စစ်ရေ ယာဉ်တွင် မြန်မာ့တပ်မတော် (ရေ) မှ အဆင့်မြင့်အရာရှိကြီးတစ်ဦး ဦးဆောင်မည်ဖြစ်ပြီး အရာရှိ စစ်သည်များ လိုက်ပါမည်ဖြစ် ကြောင်း တပ်မတော်အရာရှိကြီး တစ်ဦးက ပြောသည်။

‘‘အရင်တုန်းက ဒီလိုမျိုး စစ် သင်္ဘောတွေ နိုင်ငံလှည့်တာ သိပ် မရှိဘူး။ အခု အစိုးရအပြောင်းအ လဲမှာ နိုင်ငံကလည်း ပွင့်လင်းလာ တော့ ဒါမျိုးတွေ တော်တော်များ များတွေ့လာရတယ်။ တခြားနိုင်ငံတွေကလည်း လာကြတယ်လေ။ အဓိကတော့ ဒီလိုသွားတယ်ဆို တာ ချစ်ကြည်ရေးသဘောအနေ နဲ့ နှစ်နိုင်ငံရေတပ်ချင်းအတွေ့အ ကြုံဖလှယ်တဲ့ သဘောပါပဲ’’ဟု တပ်မတော် (ရေ)တွင် တာဝန် ထမ်းဆောင်ခဲ့သည့် အငြိမ်းစား အရာရှိကြီးတစ်ဦးက ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဂျပန်၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ ရေတပ်သင်္ဘောများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုများရှိခဲ့ပြီး မြန်မာ့တပ်မတော် (ရေ)အနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံအချို့သို့ သွားရောက်လေ့လာမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဖရီးဂိတ်စစ်ရေ ယာဉ်များသည် ကိုယ်ပျောက်ဒီ ဇိုင်းနည်းပညာဖြင့် တီထွင်ထားပြီး ရေဒါစက်ကွင်းများမှ ဖမ်းယူမရ စေရန် ပြုလုပ်ထားသော စစ်သင်္ဘောများဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရေယာဉ်ဖရီး ဂိတ် F-21 သည် ၂၀၁၃ မတ်လ ကလည်း မလေးရှားနိုင်ငံသို့သွားရောက်ခဲ့ဖူးသည်။

7Day DAILY 

စစ်ရေယာဉ် F-21 (ဓာတ်ပုံ − တပ်မတော်(ရေ) ဖေ့ဘွတ်ခ်)

စစ်ရေယာဉ် F-21 (ဓာတ်ပုံ − တပ်မတော်(ရေ) ဖေ့ဘွတ်ခ်)

 ရေဒါဖြင့် ဖမ်းယူ၍မရ သည့် နည်းပညာဖြင့် တည်ဆောက် ထားသည့် တပ်မတော် (ရေ)မှ ဖရီးဂိတ်စစ်ရေ ယာဉ် F-21 သည် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများရှိ ရေတပ်စခန်း သုံးခုသို့ ချစ်ကြည် ရေးခရီးအဖြစ် လှည့်လည်သွား ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မန္တလေးတိုင်းတွင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ စတင်ဖွဲ့စည်း

မန္တလေး−မန္တလေးတိုင်းဒေသကြီး တွင် စားသုံးသူအငြင်းပွားမှု ဖြေ ရှင်းရေး အဖွဲ့ကို စတင်ဖွဲ့စည်းနေ ပြီဖြစ်ကြောင်း သတင်းရရှိသည်။