Wednesday, 5 November 2014

ပန်းဆိုးတန်း-ဒလ တံတားစီမံကိန်း အကောင်အထည်ဖော်ဖြစ်လျှင်လည်း မြေဈေးတက်ရန် မသေချာ

Photo: ပန်းဆိုးတန်း-ဒလ တံတားစီမံကိန်း အကောင်အထည်ဖော်ဖြစ်လျှင်လည်း မြေဈေးတက်ရန် မသေချာ
Wednesday, November 5, 2014

ရန်ကုန်−ရပ်ဆိုင်းထားသော ရန် ကုန်-ဒလ မြစ်ကူးတံတားစီမံ ကိန်း ပြန်လည်စတင်လာပါက လည်း ဒလဘက်ခြမ်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ ယခင်ကကဲ့သို့ သိ သာစွာ ပြန်လည်လှုပ်ခတ်လာနိုင် ဖွယ်မရှိကြောင်း ရန်ကုန်မြို့အ ခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်လုပ်ငန်းများက ဆိုသည်။

ဒလဘက်ခြမ်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ တံတားတည် ဆောက်မည့် အစီအစဉ် ရပ်ဆိုင်း လိုက်ပြီးနောက် တောက်လျှောက်အေးစက်နေခဲ့ပြီး အရောင်းအ၀ယ် မဖြစ်သလောက်အခြေအနေသို့ ရောက်သွားကြောင်း ဒေသခံများကပြောသည်။

‘‘အရောင်းဝယ်အေးနေတာ ကတော့ အခုအချိန်ထိပဲ။ တကယ် လို့ တံတားစီမံကိန်း ပြန်ပေါ်လာ ခဲ့မယ်ဆိုရင်တောင် တချို့သူတွေက စီမံကိန်းသတင်းကို သိပ်အယုံကြည်မရှိတော့တာကြောင့် အရင်တစ်ခေါက်ကလိုတော့ သိပ်ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာမယ် တောင်မထင်ဘူး’’ ဟု  Perfect World အိမ်ခြံမြေနှင့်စာချုပ်စာတမ်းဝန်ဆောင်မှုလုပ်ငန်း မန်နေဂျာကိုနိုင်က ပြောသည်။

ယခုအခါတွင် ဒလဘက်ခြမ်းရှိ မြေကွက်များမှာ ရောင်းလိုသူများသာရှိပြီး ၀ယ်သူမရှိဘဲ အချို့ မြေပိုင်ရှင်များမှာ စီမံကိန်းသ တင်းကြောင့် အဆမတန်တက်ခဲ့ သည့် နှုန်းထားကိုသာ လက်ကိုင် ပြု ဈေးခေါ်ထားဆဲဖြစ်သည်ဟု ဒလမြို့နယ်မှ ဒေသခံပွဲစားများ က ပြောသည်။

‘‘တစ်ခါတလေတော့ ၀ယ် ဖို့လာစုံစမ်းတဲ့ တစ်ယောက်တလေတော့ ရှိတယ်။ ဒါပေမဲ့ ခေါ် ဈေးက လက်လှမ်းမမီနိုင်တဲ့ဈေး ဖြစ်နေတော့ ဈေးတောင်မဆစ်ဘဲ လှည့်ပြန်ကုန်ကြတယ်’’ ဟု ဒေသခံပွဲစားကိုသိန်းစိုးက ပြောသည်။

ယခင်က ဒလမြို့ပေါ်တွင် ပေ ၂၀ × ပေ ၆၀ မြေကွက်မှာ ကျပ်သိန်း ၁၀၀ အောက်သာ ရှိရာမှ တံတားစီမံကိန်းသတင်းကြောင့် ကျပ်သိန်း ၂၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး အချို့နေရာများမှာ ကျပ်သိန်း ၅၀၀ ခန့်အထိ ဖြစ်သွားခဲ့သည်ဟု သတင်းရရှိသည်။

‘‘တံတားစီမံကိန်းက ပြန်ပြင် မလား၊ မပြင်ဘူးလား ဆိုတာတော့ မသိဘူး။ ကြားလည်းမကြားဘူး။ ဒါပေမဲ့ ဖြစ်ပြီးသား မြေကွက်ဈေးက ပြန်ကျဖို့ မဖြစ်နိုင်သေးဘူး’’ဟု ဒလမြို့နယ်တွင်း နေထိုင်သော မြေပိုင်ရှင်တစ်ဦး ဖြစ်သူ ဦးလှဝေက ပြောသည်။

 အဆိုပါ တံတားစီမံကိန်း  ပြန်လည်စတင်ဖြစ်ရန် မသေချာသည့်အခြေအနေ တွင် ရှိနေစဉ် ရန်ကုန်မြို့သစ်စီမံကိန်းမှာ ပြန်လည် လုပ်နိုင်သည်ဟုဆိုသော သတင်းစကားကြောင့် ကြည့်မြင် တိုင်တစ်ဖက်ကမ်းအား ဒလဘက် ကမ်းထက်ဝယ်လက်များက ပိုမိုမျှော်လင့်နေကြသည်ဟု သိရှိရ သည်။

7Day DAILY 

ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့ရှိ ရပ်ကွက်တစ်ခု (ဓာတ်ပုံ − နစ်ကီ)

ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့ရှိ ရပ်ကွက်တစ်ခု (ဓာတ်ပုံ − နစ်ကီ)

ရန်ကုန်−ရပ်ဆိုင်းထားသော ရန် ကုန်-ဒလ မြစ်ကူးတံတားစီမံ ကိန်း ပြန်လည်စတင်လာပါက လည်း ဒလဘက်ခြမ်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ ယခင်ကကဲ့သို့ သိသာစွာ ပြန်လည်လှုပ်ခတ်လာနိုင် ဖွယ်မရှိ ကြောင်း ရန်ကုန်မြို့အ ခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်လုပ်ငန်းများက ဆိုသည်။

သရေခေတ္တရာမြို့ဟောင်းအနီး ခရီးသွားကားများအတွက် ကားပါကင်တည်ဆောက်

သရေခေတ္တရာမြို့ဟောင်း သို့ လာရောက်လည်ပတ်ကြသော ခရီးသွား ဧည့်သည် များ ကားရပ် နားရာတွင် လွယ်ကူစေရန် သရေခေတ္တရာပြတိုက် အနီးတွင် ကားထားရန် နေရာတစ်ခုတည်ဆောက်နေကြောင်း သိရသည်။

ယနေ့ည ရွှေတိဂုံရင်ပြင်တွင် ညအိပ်မည့်သူများ ဧည့်စာရင်းအတွက် မှတ်ပုံတင်ယူလာရမည်

Photo: ယနေ့ည ရွှေတိဂုံရင်ပြင်တွင် ညအိပ်မည့်သူများ ဧည့်စာရင်းအတွက် မှတ်ပုံတင်ယူလာရမည်
Wednesday, November 5, 2014

ရန်ကုန် - မသိုးသင်္ကန်းရက်လုပ် ပူဇော်မည့် တန်ဆောင်မုန်းလ ဆန်း ၁၄ ရက် (ယနေ့) ညတွင် ည အိပ်ကုသိုလ်ယူသူများ အနေဖြင့် မှတ်ပုံတင်များ ယူဆောင် လာရ မည်ဖြစ်ပြီး ဧည့်စာရင်းတိုင်ကြား နိုင်ရန် နေရာငါးနေရာသတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း ရွှေတိဂုံ စေတီဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘ဘုရားမှာ ညအိပ်မယ့်လူ တွေက မှတ်ပုံတင်နဲ့ ဧည့်စာရင်း တိုင်ရမယ်။ မနက်ကတည်းက မိုက်တွေနဲ့ လိုက်ပြီးနှိုးဆော်မယ်။ ဧည့်စာရင်းမတိုင်ဘူး၊ မှတ်ပုံတင် မပါဘူးဆိုရင်တော့ အိပ်လို့မရပါ ဘူး’’ဟု ၎င်းက ပြောသည်။

မသိုးသင်္ကန်းရက်လုပ်ပူဇော် မည့် တန်ဆောင်မုန်းလဆန်း ၁၄ ရက်ည၌ ရင်ပြင်တော်ပေါ်တွင် ည အိပ်ခွင့်ပြုခဲ့ခြင်းကို ပြီးခဲ့သည့်နှစ် မှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ထိုနှစ် က ရင်ပြင်တော်ပေါ်တွင် ညအိပ် သူ ဘုရားဖူး လေးသောင်းဝန်းကျင်ရှိကြောင်း အထက်ပါတာဝန်ရှိသူ က ပြောသည်။

 ‘‘ရင်ပြင်တော်ပေါ်ကို ည ၁၀ နာရီနောက်ဆုံးတက်ခွင့်ပေး မယ်။ နောက်ပိုင်း ကတော့ တက် ခွင့်မပေးဘူး။ ဆင်းမယ့်လူတွေ တော့ ဆင်းလို့ရတယ်’’ဟု ၎င်းက ပြောသည်။

ယင်းညတွင် လုံခြုံရေးအနေ ဖြင့် ရွှေတိဂုံစေတီ လုံခြုံရေးများ နှင့် သက်ဆိုင်ရာ ဘက်မှ ရဲတပ် ရင်းတစ်ရင်းက ဆောင်ရွက်ပေး သွားမည်ဟု ၎င်းက ဆိုသည်။

  မသိုးသင်္ကန်းရက်လုပ်ပူ ဇော်ပွဲကို ယခုနှစ်တွင် အကြိမ် (၃၀)မြောက်ပြုလုပ် ခြင်းဖြစ်ပြီး အဖွဲ့ကိုးဖွဲ့ပါဝင် ရက်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY 

ပြီးခဲ့သည့် နှစ်က မသိုးသင်္ကန်းရက်နေကြသူများ (ဓာတ်ပုံ − နစ်ကီ)

ပြီးခဲ့သည့် နှစ်က မသိုးသင်္ကန်းရက်နေကြသူများ (ဓာတ်ပုံ − နစ်ကီ)

ရန်ကုန် - မသိုးသင်္ကန်းရက်လုပ်ပူဇော်မည့် တန်ဆောင်မုန်းလဆန်း ၁၄ ရက် (ယနေ့) ညတွင် ညအိပ် ကုသိုလ်ယူသူများအနေဖြင့် မှတ်ပုံတင်များယူဆောင်လာရမည်ဖြစ်ပြီး ဧည့်စာရင်းတိုင်ကြားနိုင်ရန် နေရာ ငါးနေရာသတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဓားကိုင် လူလေးဦးက ငွေများနှင့် ဟန်းဆက်များကို လုယူထွက်ပြေး

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန် မြို့နယ်ရှိ စားသောက်ဆိုင် တစ်ဆိုင်ကို မိုးရွာနေစဉ် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က ဆိုင်တွင်းဗီရို အံဆွဲထဲရှိငွေကျပ် ၃၂ သိန်းကို လုယူထွက်ပြေးခဲ့သဖြင့် အင်းစိန်မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူ ထားသည်။

ရန်ကုန်မြို့ ယာဉ်ပိတ်ဆို့မှုပြဿနာ ၆ လအတွင်း ဖြေရှင်းမယ်လို့ စည်ပင်ဌာနပြော

Photo: ရန်ကုန်မြို့ ယာဉ်ပိတ်ဆို့မှုပြဿနာ ၆ လအတွင်း ဖြေရှင်းမယ်လို့ စည်ပင်ဌာနပြော
Wednesday, November 5, 2014

ရန်ကုန်မြို့တော်မှာ နေ့စဉ်ယာဉ်ကြော ပိတ်ဆို့မှုပြဿနာ ကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ၆ လအတွင်း လမ်းတွေတိုးချဲ့ ဖောက်လုပ်မှာဖြစ်သလို မီးပွိုင့်စနစ်တွေကို ပြုပြင်သွားမယ်လို့ ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မီးပွိုင့်တွေကို တစ်နေရာထဲကနေ ယာဉ်ကြောအခြေအနေကို ကြီးကြပ် နိုင်အောင် ဆောင် ရွက်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဋ္ဌာန ညွှန်ကြား ရေးမှူး ဦးတင်မောင်ကြည်က ပြောပါတယ်။

"ရန်ကုန်မြို့မှာ မီးပွိုင့် ၁၆၉ ပွိုင့်ရှိတယ်၊ အဲဒီ့မီးပွိုင့်တွေ ၁ဝ မိုင်ကုန်းကနေ မြို့လယ်အထိ ရေတွက်မယ်ဆိုရင် ၇၅ ပွိုင့်ရှိမယ်၊ အဲဒီ့ ၇၅ ပွိုင့် မဖြစ်မနေ synchronize လုပ်ဖို့လိုပါတယ်၊ နောက်ထပ် commend center လုပ်ဖို့လိုပါတယ်၊ ဒီမီးပွိုင့်တွေအကုန်လုံး ခေတ်မီစနစ်ပြောင်းပြီးတာနဲ့ CCTV အားလုံးပါပါတယ်၊ ကားတွေ နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်တာလည်း ဖမ်းလို့ရပါတယ်"

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မူဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ကားရပ်နားစရာနေရာတွေ နည်းပါးလွန်းတာလဲပါဝင်တာကြောင့် ယာဉ်ရပ်နားစရာနေရာတွေ တည်ဆောက်ရေးအတွက် ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေ ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ယာဉ်အစီးရေ ၄ သိန်းကျော်ရှိကြောင်းသိရပါတယ်။

ဒီအတောအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ခရိုင်စည်ပင်နဲ့ မြို့နယ်အဆင့် စည်ပင် သာယာရေးကော်မတီ ရွေးကောက်တင်မြှောက်ပွဲကို ဒီမိုကရေစီနည်းလမ်းနဲ့ ပထမဆုံးအကြိမ်အဖြစ် လာမယ့်ဒီဇင်ဘာလ ၂၇ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို ဒီနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။

RFA Burmese
ရန်ကုန်မြို့တော်မှာ နေ့စဉ်ယာဉ်ကြော ပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၆ လအတွင်း လမ်းတွေတိုးချဲ့ ဖောက်လုပ်မှာဖြစ်သလို မီးပွိုင့်စနစ်တွေကို ပြုပြင်သွားမယ်လို့ ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

သမ္မတအိုဘားမား ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဟု အိမ်ဖြူတော်က ပြောကြား

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဘီလာရုစ်သမ္မတတို့တွေ့ဆုံ၍ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဘီလာရုစ်နိုင်ငံ သမ္မတတို့ နိုဝင်ဘာ ၄ ရက်က ဘီလာရုစ်နိုင်ငံ သမ္မတနန်းတော် တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေး ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။

ရန်ကုန်မြို့အတွင်း ဆိုင်ကယ်ဖြင့် လုယက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးမှုတိုးမြှင့်


အောက်တိုဘာ ၃၀ ရက် ည ၁၁ နာရီက တာမွေမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းသူများအား စစ်ဆေးနေ သည် ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ရန်ကုန်မြို့အတွင်း ဆိုင်ကယ်ဖြင့် လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားလာမှုကြောင့် မှုခင်းကျဆင်းစေရန်နှင့် ကြိုတင်ကာကွယ်ရန်အတွက် ဆိုင်ကယ်စီးနင်း သွားလာနေသူများကို ထိရောက်စွာ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ နိုဝင်ဘာ ၄ ရက်တွင် သိရသည်။

လူတစ်ဦးသေဆုံးသော ယာဉ်တိုက်မှုကျူးလွန်ကာ တိမ်းရှောင်နေသော ယာဉ်မောင်းနှင့်ယာဉ်အား စစ်ဆေးရှာဖွေလျက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ၌ လားရှိုး-မူစယ် မြို့ အထွက်တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့ (၁၈း၃၀) အချိန်ခန့်က စစ်သည်တစ်ဦးယာဉ်တိုက်မှုဖြစ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးစွန့်ဦးတီထွင်သူများ၏ ဟောပြောပွဲများပထမဆုံး အကြိမ်ကျင်းပမည်

ရန်ကုန်− ကမ္ဘာလုံးဆိုင်ရာ စွန့်ဦး တီထွင်လှုပ်ရှားမှုရက်သတ္တပတ် အထိမ်းအမှတ်(Global Entre- preneurship Week)အဖြစ်မြန်မာအမျိုးသမီး စွန့်ဦးတီထွင်သူ များ၏ ဟောပြောပွဲကို နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ (နိုဝင်ဘာ ၁၇၊ ၂၂ ရက် မသေချာသေး) ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပသွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

ပြည်တွင်းလေယာဉ်ကွင်း ၃၀ အဆင့်မြှင့်မည့်ကိစ္စ ၀န်ကြီးဌာန မလှုပ်၍ ကြန့်ကြာနေဟု ဆို

ပြည်တွင်းရှိ လေယာဉ်ကွင်း ၃၀ ကို အဆင့်မြှင့်တင်ရေး တင်ဒါခေါ်ယူရန် ၀န်ကြီးဌာနသို့ တင်ပြထား သော်လည်း အကြောင်းပြန်ကြားမှုမရှိသေးသဖြင့် ကြန့် ကြာမှုများရှိနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာနမှ သတင်းရရှိသည်။

လူမှုဖူလုံရေး အာမခံလုပ်သားများ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသနိုင်ရန် ပူးပေါင်းဆောင်ရွက်လိုသူများကို ခေါ်ယူ

လူမှုဖူလုံရေးအာမခံ ကြေးပေးသွင်းထားသည့် အာမခံလုပ်သားများ ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင် အခမဲ့ဆေးကုသနိုင်ရန် ပူးပေါင်းဆောင်ရွက်လိုသည့် ဆေးရုံဆေးခန်းများကို အဆိုပြုလွှာ ခေါ်ယူရန် ရှိကြောင်း သတင်းရရှိသည်။

ကလောမြို့ သောက်သုံးရေဖြန့်ဖြူးရေး စီမံကိန်းအတွက် ဒေါ်လာတစ်သိန်းကျော် ဂျပန်ကူညီ

Photo: ကလောမြို့ သောက်သုံးရေဖြန့်ဖြူးရေး စီမံကိန်းအတွက် ဒေါ်လာတစ်သိန်းကျော် ဂျပန်ကူညီ
Wednesday, November 5, 2014

ရန်ကုန်−ရှမ်းပြည်နယ်၊ ကလော မြို့တွင် သောက်သုံးရေဖြန့်ဖြူး ရေးစီမံကိန်းကို ဂျပန်အစိုးရ၏ အ မေရိကန်ဒေါ်လာ တစ်သိန်းကျော် ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း ဂျပန်သံရုံးက သ တင်းထုတ်ပြန်သည်။

ဂျပန်အစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီ အစဉ်ဖြင့် သောက်သုံးရေ ဖြန့်ဖြူးရေး စီမံကိန်းကို ကူညီခဲ့ခြင်းဖြစ်ပြီး စီမံကိန်းဖွင့်လှစ်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကိုနိုဝင်ဘာ ၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ပေါ်မြို့ဖြစ်သော ကလော မြို့သည် ထုံးကျောက်အောက်ခံ မြေသားပေါ်တွင် တည်ရှိသော ကြောင့် စက်တူးတွင်းများမှ ရေ ကောင်း ရေသန့်ရရှိရန် ခက်ခဲနေ ပြီး ဒေသခံများအနေဖြင့် ရေ ထွက်ပေါက်များမှ သွယ်ယူထား သော ဖြန့်ဖြူးရေများကိုသာ အသုံးပြုနေရသည်။

မြို့ပေါ်ရှိ ရပ်ကွက်သုံးခုသို့ သွယ်တန်းထားသော ရေပိုက်များ သည် သက်တမ်းကြာမြင့်သော ကြောင့် ရေယိုစိမ့်၍ ရပ်ကွက်နေသူများ ဖြန့်ဖြူးရေလုံလောက်စွာ မရရှိဘဲ ရေ၀ယ်ယူသုံးစွဲနေခဲ့ရကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဂျပန်အစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီ အစဉ်ဖြင့် ရေထွက်စနစ်ကို ပြု ပြင်ခြင်း၊ သံပိုက်များဖြင့် ရေပိုက် သွယ်တန်းခြင်း၊ ရေတင်မော်တာ နှင့် ပန့်များ တပ်ဆင်ခြင်း၊ ရေသို လှောင်ကန်နှင့် ရေဖြန့်ဖြူးကန် များ တည်ဆောက်ရန် ပံ့ပိုးပေးခဲ့ ခြင်းဖြစ်သည်။

အထက်ပါ စီမံကိန်းတည် ဆောက်ခဲ့ခြင်းကြောင့် ဒေသခံ သုံးထောင်ကျော်အတွက် နေ့စဉ် ရေဂါလန် ခုနစ်သောင်းကျော် ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ဒေသခံများ၏ လူမှုစီးပွားဘ၀များတွင် အကျိုးသက်ရောက်မှု ဖြစ်စေမည်ဖြစ်ကြောင်း ဂျပန်သံရုံးက ဆို သည်။ မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ဆောင်ရွက်ရန် ဂျပန်အစိုးရသည် ၁၉၉၃ မှ စတင်၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့် သဘာဝပတ်ဝန်းကျင်၊ အခြေခံအဆောက်အအုံနှင့် အခြားလုပ်ငန်းများအတွက် စီမံကိန်းပေါင်း ၆၉၀ ကျော် တည်ဆောက်ရန် ပံ့ပိုးပေးခဲ့ပြီးဖြစ်သည်။

7Day DAILY 

ကလောမြို့တောင်ပေါ် ရှုခင်းကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

ကလောမြို့တောင်ပေါ် ရှုခင်းကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

ရန်ကုန်−ရှမ်းပြည်နယ်၊ ကလော မြို့တွင် သောက်သုံးရေဖြန့်ဖြူး ရေးစီမံကိန်းကို ဂျပန်အစိုးရ၏ အ မေရိကန် ဒေါ်လာ တစ်သိန်းကျော် ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း ဂျပန်သံရုံးက သ တင်းထုတ်ပြန်သည်။

ကမ္ဘောဇနှင့် SMBC ဘဏ် ပူးပေါင်း၍၀န်ထမ်းလေ့ကျင့်ရေးနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာနည်းပညာများ ဆောင်ရွက်မည်

ကမ္ဘောဇဘဏ်နှင့် ပြည်တွင်း၌ ဘဏ်ခွဲဖွင့်ရထားသော ဂျပန်နိုင်ငံ SMBC ဘဏ်တို့ ၀န်ထမ်း လေ့ကျင့်ရေးနှင့် ဘဏ် လုပ်ငန်းဆိုင်ရာ နည်းပညာများ မကြာမီ ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်ကပြောကြားသည်။

ကန်ကြီးထောင့်မြို့နယ်တွင် စက်မှုဇုန်အကောင်အထည်ဖော်ရန် စီစဉ် စက်မှုဇုန်တည်ဆောက်ရန် လယ်မြေများကို သိမ်းယူခြင်းမဟုတ်ဘဲ ဒေသခံများနားလည်အောင် ရှင်းပြ၀ယ်ယူနေသည်ဟုဆိုသော်လည်း မြေယာပြဿနာအနည်းငယ်ရှိနေ

ကန်ကြီးထောင့်မြို့နှင့် ပုသိမ်မြို့ကြား၊ ပုသိမ်မြစ်နှင့် အနီးတစ်ဝိုက်အတွင်းရှိ လယ်မြေဧက သုံးထောင် ကျော်တွင် စက်မှုဇုန် စီမံကိန်းအကောင်အထည်ဖော် ရန် လယ်မြေများကို လယ်သမား များထံမှ ၀ယ်ယူ နေကြောင်း ဧရာ ၀တီဖွံ့ဖြိုးရေးကုမ္ပဏီမှ သတင်းရ ရှိသည်။

ကန်တော်ကြီးအတွင်းရေဆိုးစွန့်ပစ်မှု စည်ပင်က ချက်ထရီယမ်ဟိုတယ်ကို သတိပေး

ရန်ကုန်မြို့၏ အထင်က ရဟိုတယ်တစ်ခုဖြစ်သော ချက်ထ ရီယမ်ဟိုတယ်မှ ရေဆိုးများကို ကန်တော်ကြီး ထဲသို့ စွန့်ပစ်နေ သည့်အတွက် သတ်မှတ်ရက် အတွင်း ပိုက်လိုင်းမှ တစ်ဆင့် မြောင်းထဲသို့ စွန့်ပစ်ရန် ညွှန် ကြားထားပြီး မပြုလုပ်ပါက တရားစွဲဆိုမည်ဟု ရန်ကုန်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိ သည်။

မကွေးဆေးတက္ကသိုလ် ကျောင်းသားများ အုပ်စုဖွဲ့ တိုက်ခိုက်မှု ထပ်မံမခံ ရအောင် စီစဉ်ပေးမည်ဟု တိုင်းနယ်/လုံဝန်ကြီး ကတိပြု

မကွေးဆေးတက္ကသိုလ် ကျောင်းသားများအား အုပ်စုဖွဲ့ တိုက်ခိုက်နေရမှုများ ထပ်မံမဖြစ် ပေါ်စေရန် လုံခြုံရေးအစီအမံများ လုပ်ဆောင်သွားမည်ဟု မကွေးတိုင်းဒေသကြီး နယ်/လုံဝန်ကြီးက ကတိပြုလိုက် ကြောင်း မကွေးဆေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ပြောကြားသည်။

ပြည်သာယာ ရွာတံတား အနီးတွင် လမ်းလျှောက်နေသူ တစ်ဦး ကားကြိတ်မိ၍ သေဆုံး

ကသာခရိုင် ကသာမြို့နယ်၊ပြည် သာယာရွာ တံတား အနီးတွင် နိုဝင် ဘာ ၃ ရက် နံနက် ၈နာရီခန့်ကလမ်း လျှောက်နေသူ ဦးထွန်းရွှေ အသက် ၅၈နှစ်၊ ပြည်သာယာ ရွာနေသူသည် ကားကြိတ်မိ၍ သေဆုံး သွားကြောင်း သိရသည်။

နိုင်/ကျဉ်းအဖြစ် စိစစ်ရန် တင်ပြထားသူများကိစ္စ အစိုးရထုတ်ပြန်ချက်သည် ယခင် အစိုးရလက်ထက်က ဥပဒေမဲ့ဖမ်းဆီး၍ ကြီးလေးသည့်ပြစ်ဒဏ်များ ချမှတ်ခဲ့ သည်ကို သိလျက်နှင့် ဆက်လက်အကာအကွယ်ပေးနေသည့် လုပ်ရပ်ဟု AAPP နှင့် FPPS ထုတ်ပြန်

လက်ကျန်နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်ရန်တင်ပြထားသူများကိစ္စ အစိုးရထုတ်ပြန်ချက်သည် ယခင် အစိုးရလက်ထက်က ဥပဒေမဲ့ လက်လွတ်စပယ် ဖမ်းဆီး၍ အဆမတန် ကြီးလေးသည့်ပြစ်ဒဏ်များ ချမှတ် ခဲ့သည်ကို သိလျက်နှင့် ဆက်လက်အကာအကွယ်ပေးနေသည့် လုပ်ရပ်ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဦးအောင်သောင်းနဲ့ အမရာဘဏ် မပတ်သက် ဟုဆို

အမေရိကန် ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့ အရေးယူထားတဲ့ ဦးအောင်သောင်း နဲ့ ယူနိုက်တက် အမရာဘဏ်တို့ ပတ်သက်မှု လုံးဝ မရှိဘူးလို့ ယူနိုက်တက်အမရာဘဏ် အမှုဆောင် အရာရှိချုပ် ဦးသန်းဝင်းဆွေ က ဆိုပါတယ်။