တရားရုံး၌ ကွာရှင်းခွင့် တောင်းထားသော ဒေါ်ဋ္ဌေးဋ္ဌေးသန်း အသက်(၂၄)နှစ်(ဘ) ဦးခင်စိုးက ခင်ပွန်းဖြစ် သူ ဦးထွန်းဝင်းလတ် (ခ) ထွန်းမင်းလတ် အသက်(၂၆)နှစ် (ဘ) ဦးသန်းထွန်းအား နှစ်ဘက်လူကြီးများရှေ့ တွင် ပြန်မပေါင်းလို ကြောင်းပြောသည့်အတွက် ၎င်း၏ မျက်နှာကို ဦးထွန်းဝင်းလတ်က ဓားဖြင့်ခြစ် မှု ဖြစ် ပွား ခဲ့ ကြောင်း ဒေါ်ဋ္ဌေးဋ္ဌေး သန်းက အောက်တိုဘာ၂၃ ရက်တွင် မြန်မာသံတော် ဆင့်သို့ ပြော သည်။
Friday, 24 October 2014
အာဖရိက ကနေပြန်ရောက်တဲ့ ကန်ဒေါက်တာ အီဘိုလာကူးစက်ခံရ

အီဘိုလာ ကူးစက်ခံရသူ ဒေါက်တာ Craig Spencer (Credit: ABC licensed)
နယ်စည်းမခြား ဆရာဝန်များ အဖွဲ့နဲ့ အာဖရိကမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူ အမေရိကန် ဒေါက်တာ တစ်ဦး မှာ အီဘိုလာရောဂါပိုး ဖြစ်နေကြောင်း သိရပါတယ်။
အင်ဒို သမ္မတသစ်ရဲ့ သမီး အခွင့်ထူးခံဖို့ ငြင်းပယ်

အင်ဒိုနီးရှားနိုင်ငံ ရဲ့ သမ္မတ အသစ် Joko Widodo ရဲ့ သမီးဖြစ်သူ Kahiyang Ayu။
အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတအသစ် Joko Widodo ရဲ့ သမီးဖြစ်သူက ပုံမှန် ကျင်းပလေ့ရှိတဲ့ အစိုးရ ၀န်ထမ်း အလုပ် အတွက် စစ်ဆေးတဲ့ စာမေးပွဲကို သာမန်နိုင်ငံသား တယောက် နည်းတူ ၀င်ရောက်ဖြေဆိုခဲ့ပါတယ်။ ပုံမှန် အားဖြင့် နိုင်ငံခေါင်းဆောင်တွေ အကြီးအကဲတွေရဲ့ မိသားစုဝင်တွေအနေနဲ့ အထူးအခွင့်အရေး ခံစားခွင့်ပေးလေ့ရှိတာကို သမ္မတ သမီးက ငြင်းပယ်ခဲ့ပါတယ်။
တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှု ဆိုင်ရာ သတင်း ရေးသားခြင်း သင်တန်း ဖွင့်လှစ်မည်
ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် အမှတ်(၂၂၄) A ဦးဝိစာရလမ်းရှိ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Center LRC) ၌ တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှု စောင့်ကြည့် လေ့လာရေး ကွန်ရက်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှသံရုံး (ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်) တို့မှ တောရိုင်းတိရစ္ဆာန် များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာ သတင်းရေးသားခြင်း သင်တန်းကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက် အထိ သုံးရက်ကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ် ပွဲစဉ် (၉)မန်ယူ နှင့် ချဲဆီး တို့၏ ပွဲကြိုသုံးသပ်ချက်။ (အိုးထရက်ဖို့ကွင်း တနင်္ဂနွေနေ့ ၁၀:၃၀)

မန်ယူအသင်းအတွက် ဒီနှစ်ရာသီမှာ ပထမဆုံး အသင်းကြီးတစ်သင်းကို စတင်ရင်ဆိုင်ရတဲ့ ပွဲ ဖြစ်ပါတယ်။
ရခိုင်ပြဿနာ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ပိုမို ဆိုးရွား လာနိုင်ကြောင်း ICG ဖော်ပြ
ရခိုင်ပြဿနာမှာ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ပိုမိုဆိုး ရွားလာနိုင်ေ ကြာင်း နိုင်ငံ တကာပဋိပက္ခစောင့် ကြည့်လေ့ လာရေး အဖွဲ့ (ICG)အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။
ထွက်ရှိနေသည့် ကောလာဟလနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာတွင် ထည့်သွင်းကာ တရားစွဲမည်ဟု လိမ္မော်သီးဆို
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက်။ အဆိုတော် လိမ္မော်သီးက အိမ်ထောင်ရှိ နာမည်ရ အဆိုတော် တစ်ဦးနှင့် ပတ်သက်နေသည်ဟူသည့် ကောလာဟလ သတင်း များ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး ၎င်း အနေဖြင့် အောက်တိုဘာ ၂၅ ရက်တွင် ထွက် ရှိမည့် နိုင်ငံပိုင် သတင်းစာ များ၌ သတိပေးကြော်ငြာ ထည့် သွင်းပြီး တရားဥပဒေလမ်းကြောင်းများဖြင့် စုံစမ်း အရေးယူ သွားမည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။
ဂျပန်နိုင်ငံသားများ IS အဖွဲ့နှင့် ဆက်သွယ်ရန် ကြိုးပမ်း
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်မှ အသက် ၂၆ နှစ် အရွယ် ကျောင်းသား တစ်ဦးနှင့် တိုကျိုမြို့မှ အမျိုးသား တစ်ဦးတို့ကို အစ္စလာမ္မာစ် နိုင်ငံတော် IS အဖွဲ့နှင့် ဆက်သွယ်ကာ ဆီးရီးယားသို့ သွားရောက်ရန် စီစဉ်ခဲ့သည်ဆိုသော စွဲချက်ဖြင့် စုံစမ်းစစ်ဆေးနေကြောင်း မြို့တော် ရဲတပ်ဖွဲ့ မှ အဆင့်မြင့် ရဲအရာရှိကြီး များ က ပြောကြားသည်။
အာဆီယံထိပ်သီး အစည်းအဝေး လုံခြုံရေး ပြည်ပရဲတပ်ဖွဲ့များ အပြင် ပြည်တွင်း ရဲအင်အား နှစ်သောင်းကျော် တာဝန်ယူမည်

၂၀၁၂ နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်လေဆိပ်မှ အမေရိကန်သမ္မတအိုဘားမား ထွက်ခွာလာပြီးနောက် အမေရိကန်လုံခြုံရေးအရာရှိများနှင့် မြန်မာရဲအရာရှိ တို့ကို တွေ့ရစဉ်။ အမေရိကန်သမ္မတ အိုဘားမား အပါအဝင် နိုင်ငံ တကာခေါင်းဆောင် အချို့တက်ရောက်မည့် အာဆီယံထိပ်သီး အစည်းအဝေး လုံခြုံရေး အတွက် ရဲတပ်ဖွဲ့အင်အား နှစ်သောင်းကျော် အသုံးပြုမည်ဖြစ်သည်။ (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
အမေရိကန် သမ္မတအိုဘားမား တက်ရောက်မည့် နေ ပြည်တော်တွင် ကျင်းပမည့် အာ ဆီယံထိပ်သီး အစည်း အဝေးကို အမြင့်ဆုံးလုံခြုံရေးအဆင့် သတ် မှတ်၍ အင်တာပိုလ်ရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့တို့၏ အကူအညီ အပြင် ပြည်တွင်း ရဲတပ်ဖွဲ့အင်အား နှစ်သောင်းကျော်ဖြင့် လုံခြုံ ရေးတာဝန် ယူသွား မည်ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။
လိပ်ကျွန်းလူသတ်မှုတွင် ထိုင်းရဲတပ်ဖွဲ့ကြောင့် ကွင်းဆက်များ ပျောက်ဆုံးနေ မြန်မာလုပ်သားနှစ်ဦးနှင့် မိဘများ ယနေ့ တွေ့မည်
လိပ်ကျွန်းလူသတ် မှုဖြစ်စဉ်တွင် ကွင်းဆက်များ ပျောက်ဆုံးနေသဖြင့် အဆိုပါ ကွင်းဆက်များ ရှာဖွေ ၍ ပြန်ဆက် ပေးရန် သံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံ ရှေ့နေများကောင်စီထံ အကူ အညီတောင်းခံ လိုက်ပြီး ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးနှင့် ၎င်းတို့၏ မိဘများယနေ့ တွေ့ဆုံ မည် ဖြစ်သည်။
လယ်ယာဖွံ့ဖြိုးရေးဘဏ် ကိုယ်ပိုင်ရင်းနှီးငွေမရှိ၍ နှစ်ရှည်ချေးငွေ မချေးနိုင်သေးဟု ဆို
မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်သည် ကိုယ်ပိုင်ရင်းနှီး ငွေမရှိ၍ နှစ်ရှည်ချေးငွေများကို လယ်သမားများထံ ထုတ်ချေးပေး နိုင်မည်မဟုတ်သေးကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုဝန်ကြီး က ပြောသည်။
လည်ချောင်းနာပျောက်ကင်းစေမည့် နည်းလမ်း

လည်ချောင်းနာခြင်းမှာ အအေးမိခြင်း၏ ပထမဆုံးလက္ခဏာတစ်ခု ဖြစ်နိုင်သည်။ လည်ချောင်းနာခြင်းကို နေ အိမ် ၌ပင် ကုသနိုင်သည့် အကောင်းဆုံးနည်းလမ်း အချို့နှင့် အလွယ်တကူဝယ်ယူရရှိနိုင်သည့် ဆေးဝါးများ ရှိကြောင်း ဒေါက်တာ ဂျက်ဖရီလင်ဒါက ပြောသည်။
ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်ထောင်စုတပ်မတော်ဖြစ်ရေးအပါအဝင် ၁၆ ချက်ကို နိုင်ငံရေးဆွေးနွေးရန်မူဘောင်အဖြစ် ပါတီ ၅၆ ခု သဘောတူ
ဖက်ဒရယ်ပြည်ထောင် စုစစ်စစ်ဖြစ်ပေါ်လာရေးနှင့် ပြည် ထောင်စုတပ်မတော်ဖြစ်ရေးကိစ္စ ရပ်များအပါအဝင် အချက် ၁၆ ချက်ကို မကြာမီပေါ်ပေါက်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် မူဘောင်အဖြစ် ထည့် သွင်းနိုင်ရေး နိုင်ငံရေးပါတီ ၅၆ ပါတီကသဘောတူညီချက်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ပန်းဆိုးတန်း-ဒလ ရေကြောင်းလိုင်းနိုင်ငံခြားသားခရီးသည်စီးနင်းမှု ၂၀ ရာခိုင်နှုန်းလျော့ကျ
ခရီးသွားရာသီ စတင်နေ ပြီဖြစ်သော်လည်း ဥရောပခရီး သွားများ အဝင်နည်းနေသော ကြောင့် ပန်း ဆိုးတန်း-ဒလရေ ကြောင်းလိုင်း သို့ နိုင်ငံခြားသား ခရီးသွားလာရောက်စီးနင်းမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ် လျှင် ၂၀ ရာခိုင်နှုန်းလျော့ကျနေကြောင်း ပန်းဆိုးတန်း-ဒလရေကြောင်း လိုင်းမှ သတင်းရရှိသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း အသုံးပြုခ Pre-Paid စနစ်ရပ်ဆိုင်းမည်

အမြန်လမ်းတွင် မောင်းနှင်နေသော ယာဉ်များကိုတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
မန္တလေးအမြန်လမ်းမ ကြီး၌ လမ်းအသုံးပြုခအဖြစ် ကောက်ယူရာတွင် အသုံးပြုနေ သော ကြိုတင်ငွေပေးချေမှုစနစ် ကို အီလက်ထရွန်နစ်ဝန်ဆောင်မှု သို့ ပြောင်းလဲသွားမည်ဖြစ်သော ကြောင့် လက်ရှိအသုံးပြုနေသည့် Pre-Paid ဝန်ဆောင်မှုကို နိုဝင် ဘာ ၁ ရက်မှစ၍ ရပ်နားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အိန္ဒိယနှင့် မလေးရှား ခေါင်းဆောင်များ မြန်မာ၌ တွေ့ဆုံမည်
မနီလာ - အိန္ဒိယ၀န်ကြီးချုပ် နာ ရန်ဒရာမိုဒီနှင့် မလေးရှားဝန်ကြီး ချုပ် မူဒ်နာဂျစ်ရာဇာတ်တို့ သည်မြန်မာနိုင်ငံ တွင် ကျင်းပမည့် အရှေ့အာရှထိပ်သီးညီလာခံ၌ တွေ့ဆုံကြရန် စီစဉ်ထားကြောင်းသတင်းရရှိသည်။
တရုတ်က ဆန်တန်ချိန် နှစ်သိန်း ပထမဆုံးအကြိမ် တရားဝင်ဝယ်ယူမည်
နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများ ဆွေးနွေးပြီးနောက် ၂၀၁၅ နှစ်ဆန်းတွင် မြန်မာနိုင်ငံမှ ဆန်ကြမ်း တန် ချိန် နှစ်သိန်းကို ပထမဆုံးအကြိမ် တရားဝင် ၀ယ်ယူရန် တရုတ်နိုင်ငံက ကမ်းလှမ်းကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ သတင်းရရှိသည်။
ဝိုင်ဖိုင်အခမဲ့သုံးစွဲနိုင်သည့် နေရာသုံးခု Red Link ထပ်မံတိုးချဲ့မည်

ရွှေတိဂုံစေတီတော်ရင်ပြင်၌ ၀ိုင်ဖိုင်အင်တာနက်အသုံးပြုနေသူတစ်ဦး၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ပြည်တွင်း၌ WiMax စနစ်ဖြင့် အင်တာနက်ဝန်ဆောင် မှုပေးလျက်ရှိသော Red Link Communication သည် ယခုနှစ် မကုန်မီ အများပြည်သူများ Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာသုံးခုကို တိုးချဲ့တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဂျပန်-မြန်မာပွဲတော် ၀င်ကြေး အခမဲ့ ကျင်းပမည်
ဂျပန်-မြန်မာဆက်ဆံ ရေးနှစ်(၆၀) ပြည့် အထိမ်းအမှတ် အဖြစ် ပထမဆုံးအကြိမ် ဂျပန် စတိုင် ဂျပန်-မြန်မာ ပွဲတော်ကို ဒီဇင်ဘာတွင် ရန်ကုန်မြို့ စကိုင်း စတားဟိုတယ်အနီးရှိ ကွင်းပြင်၌ ၀င်ကြေး အခမဲ့ဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဇိမ်ခံကားများထဲတွင် မတ်တူး ဈေးကွက် ဝေစုအများဆုံးရဟု ဆို
ြ မြန်မာနိုင်ငံရှိ ဇိမ်ခံကားများထဲတွင် တိုယိုတာကုမ္ပဏီကထုတ်လုပ်သည့် မတ်တူးကား က ဈေးကွက်ဝေစုကို အများဆုံးရရှိထားကြောင်း အွန်လိုင်း ကားအရောင်းအ၀ယ်ဈေးကွက် Motor.com.mm မှ ကောက် ယူ သော စစ်တမ်းများက ဆိုသည်။
Subscribe to:
Posts (Atom)