ခရီးသွားရာသီ စတင်နေ ပြီဖြစ်သော်လည်း ဥရောပခရီး သွားများ အဝင်နည်းနေသော ကြောင့် ပန်း ဆိုးတန်း-ဒလရေ ကြောင်းလိုင်း သို့ နိုင်ငံခြားသား ခရီးသွားလာရောက်စီးနင်းမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ် လျှင် ၂၀ ရာခိုင်နှုန်းလျော့ကျနေကြောင်း ပန်းဆိုးတန်း-ဒလရေကြောင်း လိုင်းမှ သတင်းရရှိသည်။
Friday, 24 October 2014
ရန်ကုန်-မန္တလေးအမြန်လမ်း အသုံးပြုခ Pre-Paid စနစ်ရပ်ဆိုင်းမည်

အမြန်လမ်းတွင် မောင်းနှင်နေသော ယာဉ်များကိုတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
မန္တလေးအမြန်လမ်းမ ကြီး၌ လမ်းအသုံးပြုခအဖြစ် ကောက်ယူရာတွင် အသုံးပြုနေ သော ကြိုတင်ငွေပေးချေမှုစနစ် ကို အီလက်ထရွန်နစ်ဝန်ဆောင်မှု သို့ ပြောင်းလဲသွားမည်ဖြစ်သော ကြောင့် လက်ရှိအသုံးပြုနေသည့် Pre-Paid ဝန်ဆောင်မှုကို နိုဝင် ဘာ ၁ ရက်မှစ၍ ရပ်နားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အိန္ဒိယနှင့် မလေးရှား ခေါင်းဆောင်များ မြန်မာ၌ တွေ့ဆုံမည်
မနီလာ - အိန္ဒိယ၀န်ကြီးချုပ် နာ ရန်ဒရာမိုဒီနှင့် မလေးရှားဝန်ကြီး ချုပ် မူဒ်နာဂျစ်ရာဇာတ်တို့ သည်မြန်မာနိုင်ငံ တွင် ကျင်းပမည့် အရှေ့အာရှထိပ်သီးညီလာခံ၌ တွေ့ဆုံကြရန် စီစဉ်ထားကြောင်းသတင်းရရှိသည်။
တရုတ်က ဆန်တန်ချိန် နှစ်သိန်း ပထမဆုံးအကြိမ် တရားဝင်ဝယ်ယူမည်
နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများ ဆွေးနွေးပြီးနောက် ၂၀၁၅ နှစ်ဆန်းတွင် မြန်မာနိုင်ငံမှ ဆန်ကြမ်း တန် ချိန် နှစ်သိန်းကို ပထမဆုံးအကြိမ် တရားဝင် ၀ယ်ယူရန် တရုတ်နိုင်ငံက ကမ်းလှမ်းကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ သတင်းရရှိသည်။
ဝိုင်ဖိုင်အခမဲ့သုံးစွဲနိုင်သည့် နေရာသုံးခု Red Link ထပ်မံတိုးချဲ့မည်

ရွှေတိဂုံစေတီတော်ရင်ပြင်၌ ၀ိုင်ဖိုင်အင်တာနက်အသုံးပြုနေသူတစ်ဦး၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ပြည်တွင်း၌ WiMax စနစ်ဖြင့် အင်တာနက်ဝန်ဆောင် မှုပေးလျက်ရှိသော Red Link Communication သည် ယခုနှစ် မကုန်မီ အများပြည်သူများ Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာသုံးခုကို တိုးချဲ့တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဂျပန်-မြန်မာပွဲတော် ၀င်ကြေး အခမဲ့ ကျင်းပမည်
ဂျပန်-မြန်မာဆက်ဆံ ရေးနှစ်(၆၀) ပြည့် အထိမ်းအမှတ် အဖြစ် ပထမဆုံးအကြိမ် ဂျပန် စတိုင် ဂျပန်-မြန်မာ ပွဲတော်ကို ဒီဇင်ဘာတွင် ရန်ကုန်မြို့ စကိုင်း စတားဟိုတယ်အနီးရှိ ကွင်းပြင်၌ ၀င်ကြေး အခမဲ့ဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဇိမ်ခံကားများထဲတွင် မတ်တူး ဈေးကွက် ဝေစုအများဆုံးရဟု ဆို
ြ မြန်မာနိုင်ငံရှိ ဇိမ်ခံကားများထဲတွင် တိုယိုတာကုမ္ပဏီကထုတ်လုပ်သည့် မတ်တူးကား က ဈေးကွက်ဝေစုကို အများဆုံးရရှိထားကြောင်း အွန်လိုင်း ကားအရောင်းအ၀ယ်ဈေးကွက် Motor.com.mm မှ ကောက် ယူ သော စစ်တမ်းများက ဆိုသည်။
Thursday, 23 October 2014
ရုရှားလေကြောင်းကျူးကျော်မှု Estonia ကန့်ကွက်

ရုရှားထောက်လှမ်းရေး လေယာဉ်တစီးဟာ Estonia နိုင်ငံ နယ်နမိတ်အတွင်းကို ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်လာတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး Estonia အစိုးရက ရုရှားနိုင်ငံသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်ပါတယ်။
ပစ်ခတ်မှု ဖြစ်ပြီးနောက် ကနေဒါ ပါလီမန် ပိတ်ချထား

ပါလီမန်အတွင်းက ရဲတွေက သေနတ်သမားကို ပစ်သတ်ခဲ့ (Credit: AFP)
ကနေဒါနိုင်ငံ Ottawa မြို့ ပါလီမန်မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့အတွက် လွှတ်တော် အဆောက်အဦးကို ပိတ်ချထားရပါတယ်။
မြန်မာအသင်း အုပ်စုကျပ်ထဲ ကျရောက်နေ

လာမယ့် နိုဝင်ဘာလ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပ ပြုလုပ်မဲ့ AFF Suzuki Cup ပြိုင်ပွဲမှာ မြန်မာလက်ရွေးစင်အသင်းဟာ အုပ်စု (ဘီ)မှာ အိမ်ရှင် စင်ကာပူ၊ မလေးရှား၊ ထိုင်းအသင်းတို့နဲ့ အတူ အုပ်စုကျပ်ထဲ ကျရောက်နေပါတယ်။
ဗြိတိန်နှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားနှစ်ဦး၏ မိဘများနှင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့၊ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ဗြိတိန်စုံတွဲကို သတ်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား မောင်ဝင်းဇော်ထွန်း ၏ဖခင် ဦးထွန်းထွန်းထိုက် ဘန်ကောက်ရှိ မြန်မာသံရုံး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် (Photo:AFP)
ဗြိတိန်ကမ္ဘာ့လှည့်နှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား နှစ်ဦး၏ မိဘများနှင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့၊ မြန်မာသံရုံး အထူး ကိုယ်စားလှယ်အဖွဲ့တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် အောက်တို ဘာ ၂၂ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
မှတ်ပုံတင်မထားသည့် ပြည်နယ်သတင်းစာများထုတ်ဝေမှုရပ်ဆိုင်း
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်းလုပ်ငန်းနည်းဥပဒေပြဋ္ဌာန်းပြီး ရက်ပိုင်းအတွင်း ချင်းပြည် နယ်အခြေစိုက် သတင်းစာစောင် နှစ်ခုကို မှတ်ပုံမတင်ထား၍ ဆက်လက်ထုတ်ဝေမှုမပြုကြောင်း ပြည်နယ်အစိုးရက ညွှန်ကြားခဲ့သည်ဟု သတင်းရရှိသည်။
အိမ်ကွင်းမှာ လီဗာပူး ဂိုးပြတ် အရေးနိမ့်ပြီး နောက်ဆုံး မိနစ်သွင်းဂိုးများဖြင့် အာဆင်နယ် အနိုင်ရ

ချန်ပီယံလိဂ် အုပ်စု တတိယမြောက် ပွဲစဉ်များ ပြီးဆုံး သွားပြီးနောက် လီဗာပူး အသင်းမှာ အိမ်ကွင်းတွင် ဧည့်သည်ရီးရဲလ်မက်ဒရစ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရသည်။ နောက်ဆုံးအကြိမ်ချန်ပီယံလိဂ်တွင် တွေ့ဆုံခဲ့ကြစဉ်က ရီးရဲလ်မက်ဒရစ်အသင်းက နှစ်ကျော့လုံး ရှုံးနိမ့်ထားခဲ့ရာ လက်စားချေ နိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
အကြမ်းဖက်ရိုက်နှက် ခြောက်လှန့် စစ်ဆေးခံခဲ့ရကြောင်း ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးပြော

သုဝဏ္ဏဘူမိလေဆိပ်အတွင်း တွေ့ရသည့် ဖမ်းဆီးခံမြန်မာလုပ်သား မိဘနှစ်ပါး (ဓာတ်ပုံ− ငြိမ်းချမ်း)
ဘန်ကောက်- ထိုင်းရဲတပ်ဖွဲ့သည် မြန်မာလုပ်သား နှစ်ဦးအား စစ် ဆေးစဉ်က အကြမ်းဖက် ရိုက်နှက် စစ်ဆေးခဲ့ပြီး နှုတ်အားဖြင့် ကြောက်လန့်အောင် ပြောဆိုမှု မျာြး ပုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက ပြော ကြားသည်။
နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသည့် ဘင်္ဂါလီနှစ်ရာကျော်ကို စတင်စစ်ဆေး

နိုင်ငံသားဖြစ်ခွင့်ရရှိခဲ့သည့် ဘင်္ဂါလီအမျိုးသမီးများ (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး ၂၄၀ ကျော်အား နိုင်ငံသားဖြစ်ခွင့် နှင့် နိုင်ငံသား ပြုခွင့် ထပ်မံခွင့်ပြုရန် စတင်စစ်ဆေးနေပြီဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီး ဌာနမှ သတင်းရရှိသည်။
လုပ်သားအခွင့်အရေးများ တိုးတက်ရရှိရန် ရွှေသဇင်(ဖူဂျီ)ဆပ်ပြာစက်ရုံ ၀န်ထမ်းအမျိုးသမီးများ ဆန္ဒထုတ်ဖော်
လစာမဖြတ်ဘဲ ခွင့်ရက် ခံစားခွင့်ပေးရန်နှင့် လူမှုဖူလုံရေး ဥပဒေပါ ခံစားခွင့်များအတိုင်း အ လုပ်သမား အခွင့် အရေးများရရှိ ရန် မန္တလေးစက်မှုဇုန်အတွင်းရှိ ရွှေသဇင်(ဖူဂျီ)ဆပ်ပြာစက်ရုံမှ စက်ရုံဝန်ထမ်း အမျိုးသမီးများက အောက်တိုဘာ ၂၂ ရက်တွင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။
သဘာဝဘေးကြောင့် သီးနှံနှင့် လယ်မြေပျက်စီးမှုများအတွက် သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ထောက်ပံ့ရန်စီစဉ်

ပဲခူးတိုင်းအတွင်း စပါးစိုက်ခင်းများ ရေကြီးရေမြုပ်နေစဉ် (ဓာတ်ပုံ - အောင်သစ်လွင်)
သဘာဝဘေးအန္တရာယ် ကြောင့် လယ်ယာမြေများနှင့် သီး နှံခင်းအချို့ ပျက်စီးဆုံးရှုံးပါက နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံ ငွေမှ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောကြားသည်။
ကလေးငယ်အများအပြားအား ဆေးတိုက်ကျွေးမှု မမှန်ကန်

ဝါရှင်တန်- အမေရိကန်နိုင်ငံတွင် ရှစ်မိနစ်ကြာတိုင်း ကလေးငယ်တစ်ဦးမှာ နေအိမ်မှာပင် မှန်မှန်ကန်ကန် မဟုတ်ဘဲ ဆေးတိုက်ကျွေးခံနေရသည်ဟု ယခုသီတင်းပတ်အတွင်း ကလေးဆေးပညာဂျာနယ်ပါ လေ့လာ မှုတွင် ဖော်ပြသည်။
နိုင်ငံခြားသားအဖြစ်ခံယူထားသူ ၁၇ ဦးကို နိုင်ငံသားအဖြစ်ထပ်မံခွင့်ပြု
ပြည်ပရောက် မြန်မာ နိုင်ငံသားအတတ်ပညာရှင်များ ပြန်လာရန် သမ္မတကဖိတ်ခေါ်ပြီး သုံးနှစ်အတွင်း အခြားနိုင်ငံသား အဖြစ်ခံယူထားသည့် ၁၇ ဦးကို နိုင်ငံသားအဖြစ်ထပ်မံခွင့်ပြုခဲ့ ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။
ထိုင်းရှေ့နေကောင်စီက မြန်မာလုပ်သားနှစ်ဦးဘက်မှ စုံစမ်းဖော်ထုတ်မည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိလာသော လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ် သား ဝင်းဇော်ထွန်း၏ ဖခင်ကို ထိုင်းဘုရင်ဓာတ်ပုံကိုင်ဆောင်လျက်တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
ထိုင်းနိုင်ငံရှေ့နေ များကောင်စီက မြန်မာလုပ်သား နှစ်ဦး၏ အမှုကို ၎င်းတို့အဖွဲ့မှ စစ်ဆေးမှု အထူး ကျွမ်း ကျင် ၁၂ ဦး ဖြင့်စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း အဆိုပါကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး နှင့် တွေ့ဆုံစဉ် ပြောကြားသည်။
Subscribe to:
Posts (Atom)