Friday, 22 August 2014

ဝန်ကြီးများ မည်သည့်နည်းဖြင့်ချမ်းသာသည်ကို တိကျစွာ သတင်းပေးပို့ပါက ငွေကြေးခ၀ါချမှုဥပဒေအရ စစ်ဆေးမည်

Photo: ၀န်ကြီးများ မည်သည့်နည်းဖြင့်ချမ်းသာသည်ကို တိကျစွာ သတင်းပေးပို့ ပါက ငွေကြေးခ၀ါချမှုဥပဒေအရ စစ်ဆေးမည်
Friday, August 22, 2014

အစိုးရအဖွဲ့ဝန်ကြီး ဘာ့ကြောင့်ချမ်းသာနေကြသည်ကို တိကျသော သတင်းပေး ပို့မှုပြုလုပ်ပါက ငွေကြေးခ၀ါချမှုဥပဒေအရ စစ်ဆေးမှုပြုလုပ်ရန်ရှိကြောင်း ယနေ့ သြဂုတ်လ ၂၂ ရက်နေ့က UMFCCI တွင် ပြုလုပ်သော တရားမဝင်နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ဗပိာုထိန်းချုပ်ရေးအဖွဲ့၏ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ပက်သက်သော အသိပညာပေး ဆွေးနွေးပွဲက သိရသည်။ 

"ကျွန်တော်တို့ကို သေသေချာချာ ခိုင်ခိုင်မာမာ သတင်းပေးဖို့လိုပါ တယ်။ ဒါက နိုင်ငံ သား တိုင်း ပူးပေါင်းပါဝင်ရမယ့်ဟာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်း စဉ်မှာ လုံခြုံမှု ရှိပါတယ်။မြငတာသိတာကို တိတိကျကျ ပေးလို့ရ တယ်။ကျွန်တော် တို့က စဲုစမ်းတယ်။စစ်ဆေးပါ တယ်။ ပြီးတော့ ပေါ်ပေါက် ရင် တရားစွဲပါတယ်"ဟု ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှန်းရေးတပ်ဖွဲ့ ၊ ဒုတိယတပ်ဖွဲ့မှုး ရဲမှုးကြီးကျော်ဝင်းသိန်းက ပြောသည်။

ယင်းအပြင် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေအရ မည်သည့်ဘဏ်တွင်မဆို တစ်ကြိမ်တည်းနှင့်ငွေကျပ်သိန်းတစ်ထောင် အထိ အပ်နှံလျှင်သော် လည်းကောင်း၊ တစ်စုံ တစ်ယောက်က လွှဲလာခဲ့သည့်အတွက် ထုတ်ယူ လျှင်သော် လည်းကောင်း ငွေမည်း ကို ငွေဖြူ ပြောင်းလဲနိုင်သည်ဟု သံသယ ဖြစ်ဖွယ်အဖြစ် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးအဖွဲ့ က သတ်မှတ်ထားကြောင်း၊ ဘဏ်များတွင် ရှိသည့် Reporting Officer က သတင်းပေးပို့ရမည်ဖြစ်ကြောင်း ယင်းကပြောသည်။

ငွေကြေးခ၀ါချမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ် နှင့် ဒဏ်ငွေ ကျပ် သန်း ၅၀၀ ကျခံရမည်ဖြစ်သည်ဟု အဆိုပါ ဥပဒေတွင် ဖေါ်ပြထားသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
အစိုးရအဖွဲ့ဝန်ကြီး ဘာ့ကြောင့်ချမ်းသာနေကြသည်ကို တိကျသော သတင်းပေးပို့မှုပြုလုပ်ပါက ငွေကြေးခ၀ါ ချမှု ဥပဒေအရ စစ်ဆေးမှုပြုလုပ်ရန်ရှိကြောင်း ယနေ့ သြဂုတ်လ ၂၂ ရက်နေ့က UMFCCI တွင် ပြုလုပ် သော တရားမဝင်နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ဗပိာုထိန်းချုပ်ရေးအဖွဲ့၏ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ပက်သက်သော အသိပညာပေး ဆွေးနွေးပွဲက သိရသည်။

MH17 ပျက်ကျမှုမှ ပထမအသုတ် ရုပ်အလောင်း(၂၀) မလေးရှားသို့ ပြန်လည်ရောက်ရှိ

Photo: MH17 ပျက်ကျမှုမှ ပထမအသုတ် ရုပ်အလောင်း(၂၀) မလေးရှားသို့ ပြန်လည်ရောက်ရှိ
Friday, August 22, 2014

MH17 လေယာဉ် ပျက်ကျမှုတွင် သေဆုံးခဲ့သည့် မလေးရှား နိုင်ငံသားများ အနက် ပထမအသုတ်အဖြစ် လူ(၂၀)၏ အလောင်းများ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး မလေးရှား အစိုးရက ထိုနေ့ကို နိုင်ငံလုံးဆိုင်ရာ ပူဆွေးဝမ်းနည်းမှု နေ့တစ်နေ့အဖြစ် သတ်မှတ် ကြေညာခဲ့သည်။

မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်သည် ဇူလိုင်(၁၇)ရက်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျံသန်းနေစဉ် ဒုံးကျည်ဖြင့် မှားယွင်းပစ်ချခံရသည်ဟု ယူဆရသော အခြေအနေကြောင့် ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ (၂၉၈)ဦး စလုံး အသက်ဆုံးရှုံးခဲ့သည်။ မလေးရှား နိုင်ငံသား (၂၀)တို့၏ ရုပ်အလောင်းများကို တင်ဆောင်လာသော လေယာဉ်သည် အမ်စတာဒမ်မှ စတင်ထွက်ခွာလာပြီး ဩဂုတ်(၂၂)ရက် နံနက်ပိုင်းတွင် ကွာလာလမ်ပူရှိ နိုင်ငံတကာ လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်။

လေယာဉ်ပေါ်မှ ခေါင်းတလားများကို စစ်မှုထမ်းများက တလေးတစား လက်ခံသယ်ယူခဲ့ပြီး တစ်နိုင်ငံလုံးတွင်လည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံများကို တိုင်တစ်ဝက် လွှင့်ထူထားသည်။ ထို့အပြင် MH17 ပျက်ကျမှုကြောင့် သေဆုံးခဲ့သူများအတွက် တစ်မိနစ်ကြာ ငြိမ်သက်ပြီး ဝမ်းနည်းကြောင်း သင်္ကေတ ပြသမှုကိုလည်း စီစဉ်ထားခဲ့သည်။

Boeing 777 အမျိုးအစား လေယာဉ်သည် ယူကရိန်း သူပုန်များက အစိုးရ စစ်ဘက်လေယာဉ်တစ်စီးဟု အထင်မှားကာ ပစ်ချခံရခြင်းဟု ယူဆရသော အခြေအနေကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ယူကရိန်း သူပုန်များက ယင်းစွပ်စွဲချက်ကို ငြင်းဆန်ထားပြီး လေယာဉ်ပျက်ကျမှု အကြောင်းရင်းကို အခိုင်အမာ မဖော်ထုတ်နိုင်သေးချေ။

ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်သို့ ဆိုက်ရောက်လာချိန်တွင် အလောင်းသယ်လာသည့် ခေါင်းတလားအားလုံးကို မလေးရှားအလံများ လွှမ်းခြုံပေးထားသည်ကို တွေ့ရသည်။ အလောင်း(၂၀)အနက် (၃)လောင်းကို နယ်သာလန်တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာများကိုသာ ပြန်လည် သယ်ဆောင်လာခြင်း ဖြစ်သည်။ ရုပ်အလောင်း အားလုံးကို သက်ဆိုင်ရာ မိဘဆွေမျိုးများထံ ပေးအပ်ပြီး ဈာပနအတွက် ပြင်ဆင်ခွင့် ပေးသွားမည်ဟု ဆိုသည်။

မလေးရှား အစိုးရသည် ဩဂုတ်(၂၁)ရက်နေ့တွင် အဆိုပါ ရုပ်အလောင်းများ မည်သူမည်ဝါ ဖြစ်သည်ကို ကြိုတင်ကြေညာထားခဲ့ပြီး လေယာဉ်အမှုထမ်း (၉)ဦးနှင့် ခရီးသည် (၁၁)ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။

Ref: Channelnewsasia
7Day DAILY 

Photo - BBC
Photo - BBC
MH17 လေယာဉ် ပျက်ကျမှုတွင် သေဆုံးခဲ့သည့် မလေးရှား နိုင်ငံသားများအနက် ပထမအသုတ်အဖြစ် လူ(၂၀)၏ အလောင်းများ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး မလေးရှားအစိုးရက ထိုနေ့ကို နိုင်ငံလုံး ဆိုင်ရာ ပူဆွေးဝမ်းနည်းမှု နေ့တစ်နေ့အဖြစ် သတ်မှတ် ကြေညာခဲ့သည်။

ပြိုင်ပွဲဝင်ဖို့ ဖိလစ်ပိုင်သွားပြီး လေ့ကျင့်မယ့် ခင်ဝေဖြိုးဟန်

 Photo: ပြိုင်ပွဲဝင်ဖို့ ဖိလစ်ပိုင်သွားပြီး လေ့ကျင့်မယ့် ခင်ဝေဖြိုးဟန်
Friday, August 22, 2014

 ဂျပန်နိုင်ငံတွင် ကျင်းပ မည့် Miss International 2014 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ် ပြိုင်ရန် ရွေးချယ်ထားသော အလှမယ်ခင်ဝေဖြိုးဟန်အား ဖိလစ်ပိုင်နိုင်ငံရှိ အလှမယ်ပညာရှင် များထံ စေလွှတ်၍ ပြိုင်ပွဲအတွက် လေ့ကျင့် မှုများပြုလုပ်သွား မည်ဖြစ်ကြောင်း မြန်မာ့ခရီး သွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးခင်အောင်ထွန်းကပြော သည်။

‘‘အထူးသဖြင့် အာရှမှာ အလှမယ်ထရိတ်နင်ပိုင်းမှာ နာ မည်ကြီးတဲ့ ဖိလစ်ပင်းကို စေလွှတ်ဖို့ စဆွေးနွေးနေတယ်။  ကျွန် တော်တို့ကို ကမ်းလှမ်းထားတဲ့ အဖွဲ့အစည်းနှစ်ခု၊ သုံးခုလောက် ရှိတယ်။ ဒီပွဲကို လာသွားတဲ့ မနှစ် က Miss International ဆုရှင် ဖိလစ်ပင်းသူက ဟိုမှာ ပါစင်နယ် ထရိန်နာလုပ်တော့ သူကလည်း လုပ်ပေးချင်တယ်။ အသင့်တော်ဆုံးဖြစ်မယ့်သူ ဒီနှစ်ဖွဲ့၊ သုံးဖွဲ့ထဲကတစ်ခုကိုရွေးသွားမှာပါ’’ ဟုဦးခင်အောင်ထွန်းကပြောသည်။

ဖိလစ်ပိုင်နိုင်ငံမှ မည်သည့် အဖွဲ့အစည်းသို့ စေလွှတ်သင့် သည်ကို နှစ်ပတ်ခန့်အတွင်း ရွေး ချယ်ကာ ခင်ဝေဖြိုးဟန်ကို စေ လွှတ်သွားမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။

ခင်ဝေဖြိုးဟန်သည် ၎င်း၏ လိုအပ်ချက်များဖြစ်သော အသား အရေ  ကျန်းမာရေးအတွက်နှင့် ခန္ဓာကိုယ်အချိုးအစားပြေပြစ်အောင် လေ့ကျင့်ခန်းများလုပ် ဆောင်နေပြီး Miss Internationalပြိုင်ပွဲ၏ အဓိကယှဉ်ပြိုင်မှုများ တွင် ပါဝင်သော အရည်အသွေး ထုတ်ဖော် (Talent Show) ယှဉ်ပြိုင်မှုအတွက် ရှမ်းရိုးရာအကက ပြသွားမည်ဖြစ်ကြောင်း ခင်ဝေ ဖြိုးဟန်ကပြောသည်။

‘‘ပြိုင်ပွဲဝင်ကတည်း  အ ကောင်းဆုံးဆုကို လိုချင်တာ ပေါ့နော်။ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပြိုင်တာဆိုတော့ မြန်မာ အတွက်တကယ်နိုင်လာချင်တာ ပေါ့။ ဒီအတွက် အကောင်းဆုံး ကြိုးစားမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတော့ လုပ်နိုင်မယ် လို့လည်း ထင်တယ်။ လိုအပ်တာ လေးတွေ ဖြည့်ပြီးရင်တော့ တစ် ရာရာခိုင်နှုန်းပြည့်စုံပြီ’’ဟု ခင်ဝေ ဖြိုးဟန်ကပြောသည်။

မြန်မာနိုင်ငံ  ကိုယ်စားပြု အလှမယ်အဖြစ် တာဝန်ထမ်း ဆောင်စဉ်တစ်နှစ်အတွင်းသာ အနုပညာအလုပ်များကို လုပ် ဆောင်သွားမည်ဖြစ်ပြီး နောက် နှစ်တွင် ၀ါသနာပါသော ဆရာ ၀န်တစ်ယောက်ဖြစ်ရန် ပြည်ပ တက္ကသိုလ်တစ်ခုတွင် ဆေးပညာ ကို ရှစ်နှစ်ခန့်သွားရောက်သင်ယူ ရန် ရည်ရွယ်ထားကြောင်း ခင်ဝေ ဖြိုးဟန်ကပြောသည်။

သြဂုတ် ၁၇ ရက် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပခဲ့သော Miss International Myanmar 2014 ပြိုင်ပွဲဝင် ဆန်ခါတင်အလှမယ် ၂၀ ဦးထဲမှ ခင်ဝေဖြိုးဟန်က သရဖူ ရရှိခဲ့ခြင်းဖြစ်သည်။

7Day DAILY
ဂျပန်နိုင်ငံတွင် ကျင်းပမည့် Miss International 2014 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရန် ရွေး ချယ်ထားသော အလှမယ်ခင်ဝေဖြိုးဟန်အား ဖိလစ်ပိုင်နိုင်ငံရှိ အလှမယ်ပညာရှင်များထံ စေလွှတ်၍ ပြိုင်ပွဲ အတွက် လေ့ကျင့်မှုများပြုလုပ်သွား မည်ဖြစ်ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးခင်အောင်ထွန်းကပြော သည်။

သက်တမ်းလွန်ကားတာယာများသုံးခဲ့သည့် ဂျေဂျေခရီးသည်တင်ယာဉ် တိမ်းမှောက် မှု နိုင်ငံတော်အဆင့်စစ်ဆေးမည်

Photo: သက်တမ်းလွန်ကားတာယာများသုံးခဲ့သည့် ဂျေဂျေခရီးသည်တင်ယာဉ် တိမ်းမှောက် မှု နိုင်ငံတော်အဆင့်စစ်ဆေးမည်
Friday, August 22, 2014

အမြန်လမ်းပေါ်တွင် တိမ်းမှောက်ခဲ့သည့် ဂျေဂျေခရီးသည် တင်ယာဉ် သည် စစ်ဆေးရေး ဂိတ်ကိုဖြတ်သန်းခဲ့ခြင်းမရှိသည့် အပြင် ပန်းမရှိသောတာယာများ အသုံးပြုထားခြင်းကြောင့် အဆို ပါအမှုကို နိုင်ငံတော်အဆင့်စစ် ဆေး အရေးယူ သွားမည်ဖြစ် ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ရဲ မှူးကြီးနေဝင်းကပြောကြားသည်။

‘‘ကျွန်တော်တို့စစ်ဆေးတဲ့ အခါမှာ စည်းကမ်းဖောက်ဖျက် ထားတာတွေရှိတဲ့အတွက် နိုင်ငံ တော်အဆင့်ကနေ စစ်ဆေးသွား မှာပါ။ ယာဉ်လိုင်းကိုအရေးယူ သင့်တယ်လို့ အထက်ကတင်ပြ ထားတယ်။ ဝန်ကြီးရုံးက အဆုံး အဖြတ်ပေးသွားမှာပါ’’ဟု ရဲမှူး ကြီးနေဝင်းကပြောသည်။

ဂျေဂျေခရီးသည်တင်ယာဉ် သည် သြဂုတ် ၂၀ ရက်နေ့လယ်က အမြန်လမ်းမိုင်တိုင် ၂၂၁ အနီး တွင်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး မိုင်တိုင် ၂၀၀ ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို   ရှောင်ကွင်းလမ်းမှဖြတ်၍ ပိတ်ထားသည့်လမ်းမှ အမြန်လမ်းပေါ်သို့ပြန်တက်ကာနေပြည်တော်မှ မန္တလေးသို့ ထွက် ခွာခဲ့ခြင်းဖြစ်ကြောင်းအမြန်လမ်းရဲတပ်ဖွဲ့မှ    ရဲအရာရှိတစ်ဦးက ပြောသည်။  ထို့ပြင် ကား၏နောက်တာယာလေးလုံးစလုံး   ပန်းမရှိ တော့သည့် သက်တမ်းလွန်တာယာများ    အသုံးပြုထားခြင်းကြောင့် ရဲချုပ်ကိုယ်တိုင် လာရောက်စစ် ဆေးခဲ့ခြင်းဖြစ်သည်။

‘‘နေပြည်တော်စစ်ဆေးရေး ဂိတ်(၄)မရောက်ခင်မှာ တံခါးနဲ့ သော့ခတ်ပိတ်ထားတဲ့ရှောင်ကွင်း လမ်းလေးရှိတယ်။ သော့ကပျက် နေတာကြာပြီ။ အဲဒီလမ်းကနေ အမြန်လမ်းပေါ်တက်တာ။ ကား တွေတော်တော်များများ အဲဒီလို သွားနေကြတာတွေ့တယ်’’  ဟု ဂျေဂျေခရီးသည်တင်ကားကို တစ်နှစ်စာ member ဝင်ထား သည့် ဝန်ထမ်းတစ်ဦးက  ပြောသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် နိုင်ငံခြားခရီးသည်နှစ်ဦး   အပါအဝင် ခရီးသည် ၁၇ ဦးဒဏ်ရာရခဲ့ပြီး သြဂုတ် ၂၁ ရက်တွင် ဒဏ်ရာသက်သာသောခရီးသည်အချို့ နေပြည်တော်ခုတင်တစ်ထောင် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း ရဲမှူးကြီးနေဝင်းကပြောသည်။ အရေအတွက်အတိအကျကိုမူ ပြောဆိုခြင်းမရှိပေ။

တိမ်းမှောက်ခဲ့သည့်ယာဉ်ကို အမြန်လမ်း  ပန်းတင်ရဲစခန်း တွင် သိမ်းဆည်းထားပြီး လော လောဆယ်တွင် ယာဉ်မောင်းကို လည်း ထိန်းသိမ်းထားသည်။

ယခုနှစ် မေလ ၁၂ ရက်ည က လူ ၁၄ ဦးသေဆုံးခဲ့သည့် ရာ ဇာမင်းခရီးသည်တင်ယာဉ်တိမ်း မှောက်မှု   ဖြစ်ပွားပြီးနောက် နေပြည်တော်အမြန်လမ်းရဲတပ် ဖွဲ့က  စီမံချက်ချ၍ စစ်ဆေးအရေး ယူမှုများ  ပြုလုပ်ခဲ့သော်လည်း ယခုနောက်ပိုင်း စစ်ဆေးမှုများ မတွေ့ရတော့ကြောင်း တစ်ပတ် လျှင်နှစ်ကြိမ် ရန်ကုန်-နေပြည် တော်အသွားအပြန်လုပ်နေသည့် ခရီးသည်တစ်ဦးကပြောသည်။

နေပြည်တော်အမြန်လမ်း တစ်လျှောက် စီမံချက်ကာလကဲ့ သို့ ၂၄ နာရီစစ်ဆေးခြင်းမရှိတော့ သော်လည်း ရှောင်တခင်စစ်ဆေး ခြင်းကို နေ့စဉ်ပြုလုပ်နေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။

အမြန်လမ်းကို  အသုံးပြု သည့် ယာဉ်အရေအတွက်သည် နေ့စဉ် တစ်သောင်းနှစ်ထောင် ကျော်ရှိပြီး ခရီးသည်တင်ယာဉ်အစီးရေမှာ နေ့စဉ် ၈၀၀မှ ၁၀၀၀ဝန်းကျင်ကြားရှိကြောင်းအမြန် လမ်းအင်ဂျင်နီယာဌာနမှ သတင်းရရှိသည်။ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် မိုင်တိုင် ၂၂၁ အနီးတွင်လည်း guard rail ကဲ့သို့ သံတန်းကာ အတားအဆီးများ တပ်ဆင်နေပြီဖြစ်ကြောင်း အင် ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်ကပြောသည်။

7Day DAILY 

တိမ်းမှောက်သွားသည့် ဂျေဂျေခရီးသည်တင်ယာဉ်ကိုစစ်ဆေးနေစဉ် (ဓာတ်ပုံ− Yangon-Mandalay Expressway)
တိမ်းမှောက်သွားသည့် ဂျေဂျေခရီးသည်တင်ယာဉ်ကိုစစ်ဆေးနေစဉ် (ဓာတ်ပုံ− Yangon-Mandalay Expressway)
အမြန်လမ်းပေါ်တွင် တိမ်းမှောက်ခဲ့သည့် ဂျေဂျေခရီးသည် တင်ယာဉ် သည် စစ်ဆေးရေး ဂိတ်ကိုဖြတ်သန်း ခဲ့ခြင်း မရှိသည့် အပြင် ပန်းမရှိသောတာယာများ အသုံးပြုထားခြင်းကြောင့် အဆို ပါအမှုကို နိုင်ငံတော် အဆင့်စစ် ဆေးအရေးယူသွားမည်ဖြစ် ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ရဲ မှူးကြီးနေဝင်းကပြောကြားသည်။

ဖားကန့်ကျောက်စိမ်းတွင်းများတွင် ဆက်ကြေးမကောက်ရန် မပခမှ ကေအိုင်အေသို့ ပြောကြားထား


ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ−အောင်ခိုင်)
ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်များပြန်လည်လုပ် ကိုင်ခွင့်ပြုရာတွင် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေ ရန် ယင်းဒေသရှိ ကေအိုင်အေတပ်ဖွဲ့များအား ဆက်ကြေးမကောက်ရန် ပြောကြားထားကြောင်း မြောက် ပိုင်း တိုင်းစစ်ဌာနချုပ် (မပခ)မှ ထိပ် တန်းအရာရှိတစ်ဦးက   ပြောသည်။

ထူးအိမ်သင်ဖျော်ဖြေပွဲ 4TV ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မည်

ထူးအိမ်သင်ဂီတပွဲ တော် လွမ်းခြင်းအားဖြင့် ၁၀ နှစ်တာ ဖျော်ဖြေပွဲကို ပရိသတ်စိတ်ဝင်စားမှု  မြင့် မားသောကြောင့် မူလကအစီအစဉ်မရှိသော်လည်း 4TV ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်သွား မည် ဖြစ်ေ ကြာင်း Forever Blossom မှ အုပ်ချုပ်မှု ဒါရိုက်တာ ကိုပြည့်ဖြိုးဟန်က ပြောသည်။

စည်ပင်သတ်မှတ်ချက်ဖြင့် တည်ဆောက်ရမည်ဖြစ်၍ ဝန်ထမ်းများအတွက် အိမ်ရာခွဲတမ်းလျော့သွားနိုင်

Photo: စည်ပင်သတ်မှတ်ချက်ဖြင့် တည်ဆောက်ရမည်ဖြစ်၍ ဝန်ထမ်းများအတွက် အိမ်ရာခွဲတမ်းလျော့သွားနိုင်
Friday, August 22, 2014

စိတ္တရမဟီဝန်ထမ်း အိမ်ရာကို  စည်ပင်သာယာ၏ ခွင့်ပြုချက်နှင့်အညီ    ပြန်လည် ဒီဇိုင်းရေးဆွဲတည်ဆောက်ရမည် ဖြစ်၍ ဝန်ထမ်းများအတွက် မူလရည်မှန်းထားသည့် အခန်းအရေအတွက် မပြည့်မီနိုင်တော့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်    မင်္ဂလာတံတားအနီး ကျုံးတောင်ဘက်ခြမ်း စိတ္တရမဟီ ရပ်ကွက်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနပိုင် မြေငါးဧက ပေါ်တွင် ကိုးထပ်အမြင့်ရှိ ကွန်ဒို တိုက်ခန်းများ၊ ဝန်ထမ်းအိမ်ရာ တိုက်ခန်းများကို ၂၀၁၃  နှစ်ကုန် ပိုင်းမှစတင်တည်ဆောက်ခဲ့သော် လည်း  ယင်းနှစ်  ဇွန်လတွင် စည်ပင်မှသတ်မှတ်ထားသည့် ကျုံးဘေးအထပ်မြင့်ဆောက်လုပ်ရာ တွင် လိုက်နာရမည့်အချက်များနှင့် ငြိစွန်းနေသဖြင့် စည်ပင်ခွင့်ပြုချက်အတိုင်း    အထပ်လျှော့ချ တည်ဆောက်သွားရမည်ဖြစ် သည်။

ကျုံးဘေးပတ်လည်တွင် အမြင့်ဆုံး ၄၆ ပေရှိသည့် အဆောက်အအုံများကိုသာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ခွင့် ပြုထားခြင်းဖြစ် သည်။ ‘‘ကိုးထပ်ကွန်ဒိုသုံးလုံးနဲ့ တိုက်ခန်းနှစ်လုံးက   သွားငြိနေ တာ။ ဝန်ထမ်းတွေက မူလလျာ ထားတာထက်တော့ လျော့သွားရ မှာပေါ့။ ဒါပေမဲ့ ဒီထက်ပိုတိုးရ အောင်လုပ်ပေးနိုင်ဖို့လည်း ပြန် ဆွေးနွေးရဦးမှာ’’ဟု ဦးကျော် ကျော်လင်းက ထည့်သွင်းပြော ကြားသည်။

အိမ်ရာတည်ဆောက်ရန် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ ခွင့်ပြုချက်မရ သေးသော်လည်း တည်ဆောက် ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း၊ စည်ပင် ခွင့်ပြုချက်ကျလာပြီးပါကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ခွင့်ပြုချက်  ထပ်မံရယူသွားမည် ဖြစ်ကြောင်း၊ အားလုံး၏ထောက်ခံချက်များရရှိပြီးမှသာ အိမ်ရာ ဒီဇိုင်းများကို အသေးစိတ်ပြန် လည်ရေးဆွဲရမည်ဖြစ်ပြီး အခန်း စုစုပေါင်းမည်မျှထွက်ရှိလာမည် ကိုလည်း ယင်းအချိန်မှသာ အတိ အကျသိရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စုစုပေါင်း  အခန်းလေးရာ ကျော်ပါရှိမည့် ယင်းအဆင့်မြင့် တိုက်ခန်းအိမ်ရာစီမံကိန်းကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီငါးခုတို့ အကျိုးတူဖက်စပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး   အစိုးရဝန်ထမ်းများအ တွက် အခန်းပေါင်း နှစ်ရာကျော် နှင့် ကုမ္ပဏီဘက်မှ အခန်းပေါင်း နှစ်ရာဟု အချိုးကျသတ်မှတ်ပြီး ပြီးခဲ့သည့်နှစ်  နိုဝင်ဘာက စီမံ ကိန်းစတင်ခဲ့ခြင်းဖြစ်သည်။

7Day DAILY 

တည်ဆောက်လျက်ရှိသည့် အိမ်ရာများ (ဓာတ်ပုံ−ညီညီဇော်)
တည်ဆောက်လျက်ရှိသည့် အိမ်ရာများ (ဓာတ်ပုံ−ညီညီဇော်)
စိတ္တရမဟီဝန်ထမ်း အိမ်ရာကို  စည်ပင်သာယာ၏ ခွင့်ပြုချက်နှင့်အညီ    ပြန်လည် ဒီဇိုင်းရေးဆွဲတည်ဆော က် ရမည် ဖြစ်၍ ဝန်ထမ်းများအတွက် မူလရည်မှန်းထားသည့် အခန်းအရေအတွက် မပြည့်မီနိုင်တော့ကြော င်း သတင်းရရှိသည်။

မန္တလေး တန်ဖိုးမျှတအိမ်ရာများ လာမည့်နှစ် ဇန်နဝါရီတွင် စတင်ရောင်းချရန်စီစဉ်

 မန္တလေးမြို့တွင် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် တန်ဖိုးမျှတအိမ်ရာများကို ငွေကျပ်သိန်း ၁၅၀ အောက်ဖြင့် လာမည့်နှစ်   ဇန်နဝါရီအတွင်းစတင်ရောင်းချပေးနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

လူလေးဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မှုမှဒဏ်ရာရသူများ အသက်အန္တရာယ်မစိုးရိမ်ရတော့

မန္တလေးမြို့မှ လူလေး ဦးပွဲချင်းပြီး သေဆုံးသည့် ၆၂ လမ်းယာဉ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာ ရရှိ၍ ဆေးရုံ တက်ရောက်ကုသ နေရသူ သုံးဦးမှာ အသက်အန္တ ရာယ်စိုးရိမ်ရသည့် အနေအထား မရှိတော့ကြောင်း မန္တလေးတိုင်း ဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်မှုစစ်တာဝန်ခံ ဒုရဲမှူး လှိုင်ဦးက ပြောသည်။

ကျောင်းသားအား သမံတလင်းကို လျှာဖြင့်လျက်ခိုင်းသည့် ဆရာမအမှု ၀န်ကြီးဌာနသို့တင်

အတန်းထဲတွင် စကားများသော အကြောင်းပြချက်ဖြင့် စတုတ္ထတန်းကျောင်းသားအား သမံတလင်းကို လျှာဖြင့်လျက်ခိုင်းမှုဖြင့် တိုင်ကြားခံရသော အတန်းပိုင်ဆရာမအမှုကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြ ထား ကြောင်း စစ်ဆေးရေးအဖွဲ့ထံမှ သတင်းရရှိသည်။

ALS အာရုံကြောရောဂါတိုက်ဖျက်ရေးအတွက် ‘Ice Bucket Challenge’ အစီအစဉ်တွင် ကမ္ဘာကျော်ပုဂ္ဂိုလ်များစွာ ပါဝင်

စတီဗင်စ ပီးလ်ဘာ့ဂ်၊ ဂျပ်စတင်ဘီဘာ၊ ဒေးဗစ်ဘက်ခမ်းနှင့် ဘီလ်ဂိတ်တို့ သည် ALS အာရုံကြောရောဂါ တိုက်ဖျက်ရေးအတွက် မိမိတို့၏ ခေါင်းပေါ်သို့ ရေခဲရေပုံးလိုက် လောင်းချ၍ ရန်ပုံငွေရှာဖွေပေး သော ‘‘Ice Bucket Challenge’’ တက်ကြွလှုပ်ရှားမှုတွင် ပါဝင်ခဲ့ ကြသူများဖြစ်သည်။

အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါစားသင့်တဲ့ခရမ်းသီး

Photo: အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါစားသင့်တဲ့ခရမ်းသီး
Friday, August 22, 2014

စားသုံးမှုများတဲ့စားဖိုဆောင်သီးနှံခရမ်းသီးဟာ ခန္ဓာ ကိုယ်အတွက် ကောင်းကျိုးတွေ အများကြီးပေးတဲ့အကြောင်း အသိပေးချင်ပါတယ်။ ဦးခေါင်းကအစ ခြေဖျားအဆုံး ဘာတွေကောင်းကျိုးပြုသလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

ခရမ်းသီးဟာ အမျှင်ဓာတ်ကြွယ်ဝပြီး သွေးတွင်းသကြားဓာတ် ပမာဏနဲ့ ဂလူးကို့စ်စုပ်ယူမှုကိုထိန်းချုပ်ပေးနိုင်တာကြောင့်  ဆီးချိုသမားတွေစားပေးသင့်ပါတယ်။ ကိုလက်စထရောပမာဏကိုလည်း လျှော့ချပေးတဲ့အပြင် သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေတာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းသီးမှာ မှတ်ဉာဏ်ကောင်း မွန်စေတဲ့အာဟာရဓာတ်တွေပါဝင်တဲ့အတွက် ဦးနှောက်အတွက် အကျိုးပြုပါတယ်။ နောက်ပြီး နေ့စဉ်လိုအပ်တဲ့ သံဓာတ်ပမာဏကိုလည်း ဖြည့်တင်းပေးနိုင်ပြီး ကယ်လိုရီပမာဏလည်း နည်းတာကြောင့် ကိုယ်အလေးချိန်လျှော့ချချင်သူတွေ စားပေးသင့်ပါတယ်။ အစာခြေဖျက်အားလည်း ကောင်း တာကြောင့် ဝမ်းချုပ်တာတွေ၊ အူကင် ဆာတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ခရမ်းသီးဟာ အာရုံကြောဆိုင်ရာရောဂါတွေနဲ့ လေဖြတ်ခြင်းဖြစ်ပွားမှုလျော့နည်းစေတဲ့အပြင် ခရမ်းသီးမှာ နီကိုတင်းဓာတ်အနည်းငယ်ပါ တာကြောင့် ဆေးလိပ်ဖြတ်သူတွေကိုလည်း ထောက်ကူပေးနိုင်ပါသေး တယ်။ ဗီတာမင်စီလည်း ကြွယ်ဝပြန်တာကြောင့် ရောဂါပိုးဝင်တာတွေကို လည်း ကာကွယ်ပေးပါတယ်။

သတ္တုဓာတ်တွေ၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်တွေပါတာကြောင့် အသားအရေစိုပြည်လှပစေတဲ့အပြင် နူးညံ့ချောမွေ့စေနိုင်ပါတယ်။ အရွယ်မတိုင်မီအိုမင်း ရင့်ရော်တာတွေကို ကာကွယ်ပေးပြီး အရေပြားကင်ဆာဖြစ်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဆံသားတွေနက်မှောင်သန်စွမ်းကျန်းမာဖို့အတွက်လည်း အကျိုးပြုပြီး ဦးရေပြားခြောက်သွေ့ခြင်းကို လည်း တားဆီးကာကွယ်ပေးနိုင်ပါတယ်။    

Ref: stylecraze.com
7Day DAILY
စားသုံးမှုများတဲ့စားဖိုဆောင်သီးနှံခရမ်းသီးဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ အများကြီးပေးတဲ့ အကြောင်း အသိပေးချင်ပါတယ်။ ဦးခေါင်းကအစ ခြေဖျားအဆုံး ဘာတွေကောင်းကျိုးပြုသလဲဆိုတာ လေ့ လာကြည့်ရအောင်ပါ။

IS စစ်သွေးကြွအဖွဲ့တွင် ပြည်ပတပ်ဖွဲ့ဝင် ၂၀၀၀ အနက် ၅၀၀ မှ ဗြိတိန်နိုင်ငံမှဖြ စ်ကြောင်း အစိုးရ ထုတ်ပြန်

ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် လှုပ်ရှားနေသည့် အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့တွင် ပါဝင်နေေ သာ ပြည် ပ တပ်ဖွဲ့ဝင် ၂၀၀၀ အနက် ၅၀၀ သည် ဗြိတိန် နိုင်ငံ တွင်းမှဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေ ညာ လိုက်သည်။

ခြိမ်းခြောက်မှုများကြောင့် ရာနှင့်ချီသော ရာဇီဒီများ မွတ်ဆလင်အဖြစ် ပြောင်းလဲခံယူ

ရာနှင့်ချီသော ရာဇီဒီ အမျိုးသားများ မွတ်စလင်အဖြစ် ကူးပြောင်းခံယူ နေသည့် ၀ါဒဖြန့် ဗီဒီယိုတစ် ခုကို IS များက အွန်လိုင်းပေါ် လွှင့်တင်ခဲ့သည်။

တရုတ်နိုင်ငံမှ မြေပဲဆန် အ၀ယ်များပြားနေခြင်းကြောင့် ဈေးကွက်အတွင်း ပဲဆီဈေးနှုန်းများ မြင့်တက်လျက်ရှိ

Photo: တရုတ်နိုင်ငံမှ မြေပဲဆန် အ၀ယ်များပြားနေခြင်းကြောင့် ဈေးကွက်အတွင်း ပဲဆီဈေးနှုန်းများ မြင့်တက်လျက်ရှိ
Friday, August 22, 2014

ဆီစက်ရုံလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်။ ယခင်လအတွင်း ပဲဆီတစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ခန့် ရှိရာမှ ဩဂုတ်လလယ်တွင် ၄၁၀ဝခန့် ဖြစ်လာသည်။ ဓာတ်ပုံ-ဟိန်းထက်

ဆီစက်ရုံလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်။ ယခင်လအတွင်း ပဲဆီတစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ခန့် ရှိရာမှ ဩဂုတ်လလယ်တွင် ၄၁၀ဝခန့် ဖြစ်လာသည်။ ဓာတ်ပုံ-ဟိန်းထက်

တရုတ်မူဆယ်လိုင်းတွင် ဆီထွက်သီးနှံဖြစ်သော မြေပဲဆန် ၀ယ်ယူမှုပိုမိုလာခြင်းနှင့် ဆီကြိတ်ပဲဆန် ကုန်ကြမ်း ရှားပါးမှုကြောင့် ပြည်တွင်းပဲဆီ ကုန်ကြမ်းဈေး မြင့်တက်နေရာ ပဲဆီဈေးနှုန်းများ မြင့်တက်လာသည်ဟု ဘုရင့်နောင် အခြေစိုက်ဆီလုပ်ငန်းရှင်များက ပြောသည်။

ဇွဲ အာမခံ ပဲဆီရောင်းဝယ်ရေးမန်နေဂျာ ဦးဇော်ရဲမင်းက “ဈေးကွက်မှာ ဆီကြိတ်တဲ့ ပဲဆန်က ကုန်ကြမ်း ပြတ်သွားတဲ့အတွက် ၀ယ်ရတာ ခက်သွားတယ်။ ဒီကြားထဲ တရုတ်ကလည်း မြေပဲဆန်အ၀ယ်များသွားတော့ ပဲဆီ ဈေးတက်သွားတာပါ ”ဟု ဆိုသည်။

ပြည်တွင်း ပဲဆီဈေးကွက်အတွင်း ပဲဆီလက်လီဈေးမှာ ဇူလိုင်လလယ်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၃,၅၀၀ သာရှိရာမှ ယခုသြဂုတ်လတွင် တစ်ပိသာလျှင်ကျပ် ၄,၁၀၀ ကျော်အထိ မြင့်တက်နေသည်ဟု ဘုရင့်နောင် ဈေးအခြေစိုက် ဆီပွဲရုံလုပ်ငန်းရှင်များက ပြောသည်။

နှင်းသဇင်ဆီပွဲရုံမှ အရောင်းတာဝန်ခံ ဦးကိုဇော်က “ ပဲဆီဈေးက ဒီလကုန်လောက်အထိ ဆက်မြင့်သွားဖို့ ရှိတယ်။ မိုးပဲဆန်က ဒီလကုန်လောက်ဆို ပြန်ထွက်နိုင်မယ်။ ဒါပေမဲ့ ပဲအထွက်ကို တစ်ချက်ကြည့်ရဦးမယ်။ ပဲအထွက် နည်းရင်လည်း ပဲဆီဈေးအမြင့်မှာ ဆက်ရှိနိုင်ဦးမယ်” ဟု ဆိုသည်။

ပဲဆီကြိတ်ခွဲသည့် ပဲဆန်မှာ ယခင်လတွင် တစ်ပိဿာလျှင် ကျပ် ၁,၄၀၀ သာ ရှိရာမှ ယခုလတွင် ၁,၇၀၀ ကျော်အထိ မြင့်တက်နေသည်။

ဘုရင့်နောင်အခြေစိုက် ပဲကုန်သည် ဦးမင်းဇော်က“ မြေပဲဆန်က တရုတ်တို့၊ ယိုးဒယားတို့ကို သွားတာများပါတယ်။ ဒီလပိုင်းမှာ အ၀ယ်လိုက်တတ်တော့ ဈေးလိုက်တက်တာပါ။ တခြားအကြောင်းတော့ မရှိပါဘူး”ဟု ဆိုသည်။

ဈေးကွက်အတွင်း ပဲဆီဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၄၀၀ ကျော်မြင့်လာပြီး ဈေးကွက်အတွင်း ကျပ် ၄,၁၀၀ ခန့်အထိ ရှိလာကာ စားအုန်းဆီဈေးနှုန်းမှာမူ တစ်ပိဿာလျှင် ကျပ် ၁,၄၈၀ ၀န်းကျင် ဖြင့် ဈေးငြိမ်လျက်ရှိသည်။

Mizzima - News in Burmese
ဆီစက်ရုံလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်။ ယခင်လအတွင်း ပဲဆီတစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ခန့် ရှိရာမှ ဩဂုတ်လလယ်တွင် ၄၁၀ဝခန့် ဖြစ်လာသည်။ ဓာတ်ပုံ-ဟိန်းထက်
တရုတ်မူဆယ်လိုင်းတွင် ဆီထွက်သီးနှံဖြစ်သော မြေပဲဆန် ၀ယ်ယူမှုပိုမိုလာခြင်းနှင့် ဆီကြိတ်ပဲဆန် ကုန်ကြမ်း ရှား ပါး မှုကြောင့် ပြည်တွင်းပဲဆီ ကုန်ကြမ်းဈေး မြင့်တက်နေရာ ပဲဆီဈေးနှုန်းများ မြင့်တက် လာသည်ဟု ဘုရင့်နောင် အခြေစိုက်ဆီလုပ်ငန်းရှင်များက ပြောသည်။

စွန့်ပစ်ခံရသူက ချစ်သူမောင်းသည့် ရထားဖြင့် အသေခံ

gary








ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက စကော့တလန်မှာ နေထိုင်တဲ့ ဂယ်ရီဝဲလ်ဟာ သူနှစ်နှစ်ကာကာနဲ့ ကာလရှည် ချစ်ခဲ့ရတဲ့ ချစ်သူဆီက လမ်းခွဲကြမယ် ဆိုတဲ့ စကားတစ်ခွန်းကို ကြားခဲ့ရပါတယ်။ ရှစ်နှစ်ကျော် ကိုးနှစ်နီးပါး ချစ်သူတွေ အဖြစ် ရှိခဲ့ကြပြီးမှ ချစ်ရသူက လမ်းခွဲမယ်လို့ ဆိုခဲ့တာကြောင့် အသက် ၃၆ နှစ်အရွယ် အချစ်ကြီးသူ ဂယ်ရီဝဲလ် အတွက်ကတော့ ကမ္ဘာကြီး ပျက်ခဲ့သလို ပါပဲ။

မြစ်ရေ မြင့်တက်မှုနှင့် မြစ်ကမ်းပါးပြိုကျမှုများကြောင့် မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရှိ စည်ပင်ကျွန်းကျေးရွာ ရွာလုံးကျွတ် ပြောင်းရွှေ့နေရ

Photo: မစ်ရေ မြင့်တက်မှုနှင့် မြစ်ကမ်းပါးပြိုကျမှုများကြောင့် မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရှိ စည်ပင်ကျွန်းကျေးရွာ ရွာလုံးကျွတ် ပြောင်းရွှေ့နေရ
Friday, August 22, 2014

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် စည်ပင်ကျွန်းကျေးရွာ တွင် မြစ် ကမ်းပါးပြိုကျ တိုက်စားမှုနှင့် မြစ်ရေမြင့်တက်လာမှုကြောင့် ရွာလုံးကျွတ် နီးပါး ပြောင်းရွှေ့နေရကြောင်း သိရသည်။
 
ဟင်္သာဖိုကျေးရွာအုပ်စု စည်ပင်ကျွန်းကျေးရွာသစ်တွင် ဩဂုတ် ၁၁ ရက်မှစတင်၍ ကမ်းပါးပြိုကျမှုများဖြစ်ပေါ်ကာ ဘုန်းတော်ကြီးကျောင်းအဆောက်အအုံ အနည်းငယ် တိုက်စားခံခဲ့ရပြီး ဆက်လက်၍ ကမ်းပါးပြိုကျမှုများဖြစ်ပေါ် လာခြင်းနှင့်အတူ မြစ်ရေပါ မြင့်တက်လာမှုကြောင့် ကျေးရွာရှိလူနေအိမ်များ ပြောင်းရွှေ့နေထိုင်ရလျက်ရှိကြောင်း သိရသည်။
 
“အခုဆိုရင် ရွာရဲ့သုံးပုံနှစ်ပုံလောက်က တဖြည်းဖြည်းနဲ့ ကမ်းပါးပြိုတဲ့ထဲ ပါသွားပြီ။ ရေကလည်းတက်လာတော့ ရွှေ့ပြောင်းရတာ အရမ်းဒုက္ခရောက်တယ်။ အရင်ရွာဟောင်းတုန်းက နတ်တော်၊ ပြာသိုရေနည်းကာလမှာ ပြိုတာဆိုတော့ ရွှေ့ပြောင်းရတာ အခုလောက်မဆိုးဘူး။ အခု ရွာသစ်မှာပြိုတာက ရေများချိန်ဖြစ်တဲ့အတွက် မမြင်ရတော့ ဒုက္ခပိုရောက်တယ်။ ရွှေ့ပြောင်းနေရတဲ့ ကုန်းမြေလေးပေါ်ကိုလည်း ရေကရောက်နေတော့ ရေထဲကို အိမ်တိုင်ပြန်စိုက်ပြီးနေရတာ” ဟု စည်ပင်ကျွန်းကျေးရွာသားတစ်ဦးက ဆိုသည်။
 
စည်ပင်ကျွန်းကျေးရွာတွင် အိမ်ခြေ ၉ဝ ကျော်ရှိပြီး ယင်းကဲ့သို့မြစ်ကမ်းပါးပြိုကျမှုနှင့် မြစ်ရေမြင့်တက်လာမှုကြောင့် ဩဂုတ် ၁၉ ရက် တွင် နေအိမ် ၃၁ လုံး၊ ၂ဝရက်တွင် ၁၆ လုံး ရွှေ့ပြောင်းခဲ့ရပြီး လူနေအိမ် ၂၆ လုံးပြောင်း ရွှေ့ရန်ကျန်ရှိနေသေးကြောင်း သိရသည်။
 
လက်ရှိအခြေအနေတွင် မြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာရှိ မူလတန်းကျောင်းဝင်းမှာ ရေဝင်နစ်မြုပ်လျက်ရှိပြီး ကျောင်းအား ယာယီပိတ်ထားရကြောင်း၊ အနည်းငယ်ကျန်ရှိနေသည့်နေအိမ်များလည်း ရွှေ့ပြောင်းလျက်ရှိကြောင်း သိရသည်။
 
ယင်းကဲ့သို့ မြစ်ကမ်းပါးပြိုကျမှုနှင့် မြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ရ၍ အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေရသော စည်ပင်ကျွန်းကျေးရွာသို့ ဩဂုတ် ၂၁ ရက်နံနက်ပိုင်းက မန္တလေးတိုင်ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအပါအဝင် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသွား ရောက်ကြည့်ရှုကာ ဒေသခံများအား ကူညီထောက်ပံပေးမှုများပြုလုပ်ခဲ့ပြီး အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို အချိန်မီလုပ်ဆောင်သွားနိုင်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
မြစ်ကမ်းပါးပြိုကျမှုကြောင့် စည်ပင်ကျွန်းကျေးရွာဒေသခံအများစုသည် ပြောင်းရွှေ့နေထိုင်စရာနေရာမရှိမှုကြောင့် ရွာအနီးဝန်းကျင်ကုန်းပေါ်ရာမြေများပေါ်တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး အချို့မှာ ဇီးကုန်း၊ ရွာတော်၊ ရွာသာ၊ ဟင်္သာဖို၊ ဆင်ကျွန်း၊ မြေနု၊ မြစိမ်း၊ ဇီးကုန်း စသည့် အနီးဝန်းကျင် ကျွန်းရွာများရှိ နီးစပ်ရာဆွေမျိုးသားချင်းများ ထံတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

Eleven Media Group 

စဥ့်ကူးမြို့နယ် စည်ပင်ကျွန်းကျေးရွာမှ အိမ်များ ပြောင်းရွှေ့နေမှုကို သြဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ) 
စဥ့်ကူးမြို့နယ် စည်ပင်ကျွန်းကျေးရွာမှ အိမ်များ ပြောင်းရွှေ့နေမှုကို သြဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -အောင်သူ) 
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် စည်ပင်ကျွန်းကျေးရွာတွင် မြစ်ကမ်းပါးပြိုကျ တိုက်စား မှုနှင့် မြစ်ရေမြ င့် တက် လာမှုကြောင့် ရွာလုံးကျွတ် နီးပါး ပြောင်းရွှေ့နေရကြောင်း သိရသည်။

Ebola ထိန်းချုပ်ဖို့ အခြေခံ ကျန်းမာရေးစနစ်ကောင်း ရှိဖို့လို

Photo: Ebola ထိန်းချုပ်ဖို့ အခြေခံ ကျန်းမာရေးစနစ်ကောင်း ရှိဖို့လို
Friday, August 22, 2014

မြန်မာနိုင်ငံလို ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတဲ့ နိုင်ငံမျိုးတွေမှာ အီဘိုလာရောဂါပိုး ထိန်းချုပ်ရေး လုပ်ငန်းတွေအတွက် ကျန်းမာရေးဌာနတင်မဟုတ်ပဲ အခြား အစိုးရအဖွဲ့အစည်းတွေရော အများပြည်သူကပါ ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်တယ်လို့ ကူးစက်ရောဂါထိန်းချုပ်ရေး ကျွမ်းကျင်သူတွေ က ပြောနေပါတယ်။ ဒါ့အပြင် အီဘိုလာရောဂါပိုး ထိန်းချုပ်ရေးအတွက် သတ်မှတ်ထားတဲ့ ကျန်းမာရေး လမ်းညွှန်ချက်အတိုင်း အားလုံး လိုက်နာဆောင်ရွက် သွားကြမယ်ဆိုရင် ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အီဘိုလာရောဂါပိုး ကူးစက်ပြန်နှံမှုနဲ့ အသေအပျောက်အများဆုံးနိုင်ငံတွေဖြစ်တဲ့ အနောက်အာဖရိကတိုက်နိုင်ငံ သုံးနိုင်ငံစလုံးမှာ အခြေခံအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်း တာကို တွေ့ရတယ် လို့ ရောဂါထိန်းချုပ်ရေး အဖွဲ့တွေက ထောက်ပြခဲ့ကြတာပါ။ ဒါကြောင့်လည်း အီဘိုလာရောဂါပိုးအပါအ၀င် ကူးစက်ရောဂါပြန်နှံမှုတွေကို ထိန်းချုပ်နိုင်ဖို့ဆိုရင် အခြေခံ ကျန်းမာရေးစနစ်ကို အားကောင်းလာအောင်လုပ်ဖို့နဲ့၊ လူထုကျန်းမာရေး ဆိုင်ရာ အသိပေးလုပ်ငန်းတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ လိုမယ်လို့ ရောဂါထိန်းချုပ်ရေး ကျွမ်းကျင်သူတွေ က ထောက်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အခု အီဘိုလာရောဂါပိုး ကူးစက်ပြန်နှံမှုဖြစ်နေတဲ့ ဇစ်မြစ်နိုင်ငံတွေနဲ့ အလှမ်းဝေးနေတယ် ဆိုပေမယ့်၊ လေယဉ်ခရီးသွားလာမှုတွေက တကမ္ဘာလုံးကို ကျုံ့သွားစေတာမို့ မြန်မာအနေနဲ့လည်း အီဘိုလာရောဂါ ထိန်းချုပ်ရေး အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုမယ်လို့ အမေရိကန်ပြည်ထောင်စု Atlanta မြို့ CDC ရောဂါ ထိန်းချုပ်ရေးဌာန က မြန်မာ ဆရာဝန် ဒေါက်တာ မင်းမင်းစိုးက ပြောပါတယ်။

" ကျန်းမာရေး Infrastructure နည်းတဲ့ တိုင်းပြည်တွေမှာဆိုရင်တော့ ကျန်းမာရေး ဝန်ကြီးဌာန တခုတည်း ကတော့ ဒိုင်ခံ လုပ်နိုင်မှာမဟုတ်ဘူး။ အားလုံး ဝိုင်းလုပ်ကြရမှာ။ အစိုးရပိုင်းရော၊ အုပ်ချုပ်ရေးပိုင်းရော တဖက်မှာလည်း ပြည်သူကို ထိရောက်တဲ့ ပညာပေးတွေ လုပ်ရမှာဖြစ်သလို မီဒီယာတွေကို သေချာ ရှင်းပြသင့် တယ်။ ဘာတွေဖြစ်နေသလဲ။ ဘာတွေ ပြင်ဆင်မှု လုပ်ထားလဲ။ အခုဆိုရင် သံသယရှိတဲ့ လူနာရှိရင်လည်း ဘယ်လို သူတို့ ကုသမှုပေးနေလဲ။ အဲ့လိုမျိုးပေါ့။ နောက်ကျန်းမာရေး ဝန်ကြီးဌာနက ဖြစ်တဲ့အတွက် ဒီဝန်ကြီးဌာန ကလည်း တခြားဝန်ကြီးဌာနဖြစ်တဲ့ ဥပမာ လေဆိပ်တွေမှာ နောက် နယ်စပ်ဒေသတွေ မှာ ဆိုရင် ရှိတဲ့ ဝန်ကြီးဌာန ဌာနပေါင်းစုံ ဝိုင်းပြီးတော့ ကြိုတင် ကာကွယ် ပညာပေးမှုတွေ အားလုံး လုပ်ကြရမယ်။ နောက် အဲလိုင်းတွေကို တတ်နိုင်သမျှ ဂိုက်ဒ် လိုင်းတွေ ထုတ်ပေးထားသင့်တယ်။"

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ တရားဝင်စာရင်းအရဆိုရင် အီဘိုလာရောဂါပိုးကြောင့် သေဆုံးသူ ၁၃၅၀ ရှိသွားပါပြီ။ အများစုကတော့ အနောက် အာဖရိကတိုက်နိုင်ငံသုံးနိုင်ငံဖြစ်တဲ့ ဂီနီ လိုက်ဘေးရီယားနဲ့ ဆီရီယာ လီယွန်းနိုင်ငံတွေကပါ။ အဲဒီမှာ ရောဂါထိန်းချုပ်ရေးကြိုးပမ်းနေကြတဲ့ ကျန်းမာရေး ၀န်ထမ်းတွေပါ  ရောဂါကူးစက်ခံရပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ အီဘိုလာရောဂါပိုးကို ကြောက်စရာကောင်းတဲ့၊ ထိန်းချုပ်လို့ မရတော့တဲ့ ရောဂါဖြစ်တယ်ဆိုပြီး အထင်မှတ် မှားမှုတွေလည်း ရှိကြပါတယ်။ တကယ်တော့ ဒီရောဂါပိုးဟာ အလွယ်တကူသတ်နိုင်ပြီး၊ ရောဂါထိန်းချုပ်ရေးမှာ ကျန်းမာရေး လမ်းညွှန်ချက်တွေကို အသေအချာလိုက်နာကြဖို့ အရေးကြီး တယ်လို့ ဒေါက်တာမင်းမင်းစိုးက ပြောပါတယ်။

"ဗိုင်းရပ်စ်က ကြောက်စရာတော့ကောင်းတယ်။ ဒါပေမဲ့ အလွယ်တကူလည်း သတ်နိုင်တယ်။ ဆေးရုံတွေမှာ ဆေးခန်းတွေမှာ တွေ့တဲ့အတိုင်း သန့်ရှင်းရေး လုပ်တဲ့ ဖီနောက အစ ဒီလိုဟာတွေ အလွယ်တကူ သတ်နိုင်တယ် ဆိုတော့ ရောဂါဖြစ်ရင် ဖြစ်တဲ့နေရာမှာ သေသေချာချာသာ ဖိဖိစီးစီး လုပ်နိုင်မယ် ဆိုရင် ဒီလောက်ကြီး အလွယ်တကူ ပြန့်နိုင်စရာမလိုဘူး။ အခု အနောက် အာဖရိကမှာ ဖြစ်သွားတဲ့ကိစ္စကလည်း သေသေချာချာ ကျနော်တို့ Infection Control Protocol တွေက ရှိပြီးသား။  အဲ့တာတွေကို သေချာ လိုက်နာရင် မဖြစ်ဘူး။ အခုက သေချာ မလိုက်နာနိုင်ခဲ့တဲ့ အခြေအနေ ဖြစ်သွားတဲ့ အတွက် ရောဂါပိုးက လိုအပ်တာထက်ကို ထင်တာထက် မြန်မြန် ဆန်ဆန်ပြန့်သွားတာပေါ့လေ။"

အီဘိုလာရောဂါပိုးဟာ သွေး၊ ချွေး၊ သလိပ် စတဲ့ လူ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကတဆင့် ကူးစက်နိုင်ပါတယ်။ တုတ်ကွေးရောဂါလို လေက တဆင့် ကူးစက်နိုင်တဲ့ရောဂါတော့မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့လည်း ရောဂါပိုးရှိတယ်လို့ သံသယရှိခံရသူနဲ့ ခန္ဓာကိုယ် အသားချင်း တိုက်ရိုက်ထိတွေ့တာမျိုးရှောင်ဖို့ကိုပဲ အဓိက ပညာပေး တိုက်တွန်းမှုတွေလုပ်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဆိုရင်တော့ CDC ရောဂါ ထိန်းချုပ်ရေးဌာန အနေနဲ့ ပြည်တွင်း သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ကျန်းမာရေး လမ်းညွှန်ချက် ထုတ်ပြန်ထားရုံမက၊ ရောဂါပိုး ကူးစက်မှုဇစ်မြစ်ဖြစ်နေတဲ့ အာဖရိကနိုင်ငံ အစိုးရတွေနဲ့ပါ  ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ် လို့ ဒေါက်တာမင်းမင်းစိုး က ပြောပါတယ်။

" အာဖရိက အစိုးရ ဝန်ကြီးဌာနတွေနဲ့လည်း ကျနော်တို့ နေ့စဉ်ဆက်သွယ်တယ်။ သံသယရှိတဲ့သူတွေ လေယာဉ်ပေါ် မတက်ခင်လည်း ကျနော်တို့ကို Inform လုပ်ခိုင်းတယ်။ လေယာဉ်ပေါ်မှာ အကယ်လို့ မသင်္ကာစရာ တခုခုဖြစ်ရင်လည်း အဲလိုင်းတွေက သူတို့ ဘာလုပ်ရမယ်ဆိုတာ နားလည်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ ဂိုက်ဒ်လိုင်းတွေ သေချာထုတ်ထားလို့ သူတို့ ဘာလုပ်ရမလဲ ဆိုတာ သိတယ်။ အဲ့တာ ကျနော်တို့ ဒီနိုင်ငံမှာ ရောက်လာရင်လည်း ဒီကလေဆိပ်တွေ အကုန်လုံးမှာ CDC က တာဝန်ကျ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ ထားတဲ့အတွက် သူတို့က အလွယ်တကူ လက်ခံပြီးတော့ စီစစ်ပေးတယ်ပေါ့နော်။"

အမေရိကန်ပြည်ထောင်စုမှာတော့ လိုက်ဘေးရီယားနိုင်ငံမှာ အီဘိုလာဝေဒနာသည်တွေ ကို သွားရောက်ကူညီပေးခဲ့သူ အမေရိကန် ဆရာဝန်တဦးနဲ့ အမေရိကန်လူမျိုး သာသနာပြုတဦးတို့ အီဘိုလာရောဂါပိုး ကူးစက်ခံခဲ့ရပါတယ်။ သူတို့နှစ်ဦးကိုတော့ အမေရိကန်ပြည်ထောင်စု ကို ပြန်လည်ခေါ်ဆောင်လာပြီး ကုသပေးခဲ့ရာမှာ ပြန်လည်ကောင်းမွန်သွားပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

အီဘိုလာ ဗိုင်းရပ်ပိုးဟာ လက်ရှိအားဖြင့် ကြိုတင် ကာကွယ်ဆေးရော၊ ရောဂါပျောက်ကင်းအောင် ကုသနိုင်မယ့် ဆေးရော တရားဝင် အားဖြင့် မပေါ်သေးပါဘူး။ ဒါပေမယ့်လည်း အီဘိုလာရောဂါပိုး ကူးစက်ခံရသူ အမေရိကန်နှစ်ဦးကိုတော့ Zmapp ခေါ်တဲ့ စမ်းသပ်ဆေးနဲ့ ကုသပေးခဲ့တာဖြစ်ပါတယ်။

VOA

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ကျန်းမာရေးစောင့်ကြည့်မှု စနစ် (သြဂုတ် ၂၀၊ ၂၀၁၄)
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ကျန်းမာရေးစောင့်ကြည့်မှု စနစ် (သြဂုတ် ၂၀၊ ၂၀၁၄)
မြန်မာနိုင်ငံလို ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတဲ့ နိုင်ငံမျိုးတွေမှာ အီဘိုလာရောဂါပိုး ထိန်း ချုပ်ရေး လုပ်ငန်းတွေအတွက် ကျန်းမာရေးဌာနတင်မဟုတ်ပဲ အခြား အစိုးရအဖွဲ့အစည်းတွေရော အများ ပြည်သူကပါ ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်တယ်လို့ ကူးစက်ရောဂါထိန်းချုပ်ရေး ကျွမ်းကျင်သူတွေက ပြောနေပါတယ်။ ဒါ့အပြင် အီဘိုလာရောဂါပိုး ထိန်းချုပ်ရေးအတွက် သတ်မှတ်ထားတဲ့ ကျန်းမာရေး လမ်းညွှန်ချက်အတိုင်း အားလုံး လိုက်နာဆောင်ရွက် သွားကြမယ်ဆိုရင် ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ် နိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးအား ကြိုဆို

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် 2nd High Level Committee Meetingသို့ တက်ရောက် မည့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tanasak Patimapragorn နှင့် ဇနီး Mrs. Penlaksana Patimapragorn ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁ဝ နာရီတွင် ပုဂံ-ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှဦးဆောင်သော မြန်မာ့တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း နိုင်ငံသံ အမတ်ကြီး H.E. Mr. Pisanu Suvanajata 2nd HLC အစည်းအဝေး ထိုင်းပူးတွဲအတွင်းရေးမှူး Lt.Gen. Boonchu Kirdchok နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အစ္စရေးလေကြောင်း တိုက်ခိုက်မှုမှာ ဟားမတ် စစ်ခေါင်းဆောင်သုံးဦးသေဆုံး

Photo: အစ္စရေးလေကြောင်း တိုက်ခိုက်မှုမှာ ဟားမတ် စစ်ခေါင်းဆောင်သုံးဦးသေဆုံး
Friday, August 22, 2014

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှု တခုကြောင့် ဟားမတ်အဖွဲ့ရဲ့ အကြီးတန်းစစ်ခေါင်းဆောင် သုံးဦး သေဆုံးသွား ပါတယ်။ Rafah မြို့က လေးထပ်တိုက်အဆောက်အဦးကို ကြာသာပတေးနေ့က ဗုံးထိမှန်ပြီး အဲဒီမှာပဲ သူတို့ သေဆုံးသွားတာပါ။ အဲဒီ စစ်ခေါင်းဆောင်တွေကို နှစ် ၂၀ လောက် အစ္စရေးအပေါ် စစ်ဆင်ရေးတွေကို ဦးဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်းမှာ နောက်ထပ် လူသုံးဦးထက် မနည်းလည်း သေဆုံးခဲ့ တယ်လို့ အစ္စရေး တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ Mohammed Abu Shamaleh/ Raed al-Attar နဲ့ Mohammed Barhoum တို့ဖြစ်ကြတယ်လို့ ဟားမတ်အဖွဲ့ကလည်း အတည်ပြုခဲ့ပါတယ်။ အဲဒီသုံးဦးဟာဆိုရင် အစ္စရေးစစ်သားတွေကို သတ်ဖြတ်မှု၊ အစ္စရေးစစ်သား Gilad Shalit ကို ၂၀၀၆ ခုနှစ်တုန်းကက ပြန်ပေးဆွဲမှု စတဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေမှာ တာဝန်ရှိသူတွေ ဖြစ်ကြတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Moshe Yaalon က ပြောပါတယ်။

အခုလို ဒီ ဟားမတ်တပ်မှုးသုံးဦးကို လုပ်ကြံတိုက်ခိုက်နိုင်ခဲ့တာဟာ အစ္စရေးစစ်တပ်နဲ့ Shin Bet လုံခြုံရေးအဖွဲ့တို့ရဲ့ ထောက်လှမ်းရေးနဲ့ စစ်ဆင်ရေးအောင်မြင်မှုကြီးတရပ်ဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yaalon က ပြောပါတယ်။ အဲဒီ တပ်မှုးသုံးဦးရဲ့ ဈာပနပြုတော့ ဂါဇာလမ်းတွေပေါ်မှာ ပါလက်စတိုင်းထောင်ဂဏန်း လိုက်ပါပို့ဆောင်ပြီး လေထဲကို သေနက်တွေနဲ့ အချို့က ပစ်ဖောက်ခဲ့ပါတယ်။ အခုလို အစ္စရေး တိုက်ခိုက်မှုတွေဟာ သူတို့ရဲ့ စစ်ပွဲကို လမ်းလွဲသွားစေမှာမဟုတ်ဘူးလို့ ဟားမတ် ပြောခွင့်ရသူက Sami Abu Zuhri က ပြောခဲ့ပါတယ်။

တနေ့တုန်းကလည်း အစ္စရေးလေကြောင်းတိုက်ခိုက်မှုတခုကြောင့် ဟားမတ်စစ်ခေါင်းဆောင် Mohammed Deif ရဲ့ဇနီးသည်နဲ့ မွေးကင်း ကလေးငယ်တို့ သေဆုံးသွားပါတယ်။ Deif ကတော့ အဲဒီအချိန် တိုက်ခိုက်ခံရတဲ့နေရာမှာမရှိလို့ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဟားမတ် စစ်ခေါင်းဆောင်သုံးဦးရဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်လာစဉ်။ (သြဂုတ် ၂၁၊ ၂၀၁၄)
ဟားမတ် စစ်ခေါင်းဆောင်သုံးဦးရဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်လာစဉ်။ (သြဂုတ် ၂၁၊ ၂၀၁၄)
ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှု တခုကြောင့် ဟားမတ်အဖွဲ့ရဲ့ အကြီးတန်းစစ်ခေါင်းဆောင် သုံးဦး သေဆုံးသွား ပါတယ်။ Rafah မြို့က လေးထပ်တိုက်အဆောက်အဦးကို ကြာသာပတေးနေ့က ဗုံးထိမှန်ပြီး အဲဒီမှာပဲ သူတို့ သေဆုံးသွားတာပါ။ အဲဒီ စစ်ခေါင်းဆောင်တွေကို နှစ် ၂၀ လောက် အစ္စရေးအပေါ် စစ်ဆင်ရေးတွေကို ဦးဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှု အတွင်းမှာ နောက်ထပ် လူသုံးဦးထက် မနည်းလည်း သေဆုံးခဲ့ တယ်လို့ အစ္စရေး တာဝန်ရှိသူတွေက ပြော ပါ တယ်။ သေဆုံးသူတွေဟာ Mohammed Abu Shamaleh/ Raed al-Attar နဲ့ Mohammed Barhoum တို့ဖြစ်ကြတယ်လို့ ဟားမတ်အဖွဲ့ကလည်း အတည်ပြုခဲ့ပါတယ်။ အဲဒီသုံးဦးဟာဆိုရင် အစ္စရေးစစ်သားတွေ ကို သတ်ဖြတ်မှု၊ အစ္စရေးစစ်သား Gilad Shalit ကို ၂၀၀၆ ခုနှစ်တုန်းကက ပြန်ပေးဆွဲမှု စတဲ့ အစ္စရေး အပေါ် တိုက်ခိုက်မှုတွေမှာ တာဝန်ရှိသူတွေ ဖြစ်ကြတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Moshe Yaalon က ပြောပါတယ်။