Friday, 25 July 2014

လူပေါင်း ၁၀၀ ကျော် လိုက်ပါတဲ့ အယ်လ်ဂျီးရီးယား လေယာဉ် ပျက်ကျ

Photo: လူပေါင်း ၁၀၀ ကျော် လိုက်ပါတဲ့ အယ်လ်ဂျီးရီးယား လေယာဉ် ပျက်ကျ
Friday, July 25, 2014

 ခရီးသည်အယောက်ပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ အယ်လ်ဂျီးရီးယားနိုင်ငံပိုင် လေယာဉ်တစ်စင်းဟာ အာဖရိကတိုက် အနောက်ပိုင်း မာလီနိုင်ငံမြောက်ပိုင်းမှာ ပျက်ကျသွားတယ်လို့ သိရပါတယ်။

အဲဒီလေယာဉ်ဟာ Burkina Faso နိုင်ငံ ကနေ အယ်လ်ဂျီးရီးယား နိုင်ငံရဲ့ မြို့တော်ဆီကို ပျံသန်းနေတုန်း တစ်နာရီ လောက် အကြာမှာ လေယာဉ် ပျံသန်းမှု ထိန်းချုပ်ရေးဌာနနဲ့ အဆက် အသွယ် ပြတ် သွားတာ ဖြစ်ပါတယ်။

လေယာဉ် ပျံသန်းရာ လမ်းကြောင်းမှာ မုန်တိုင်းတွေ ဖြစ်နေပြီး ကောင်းမွန်စွာ မမြင်ရတဲ့ အတွက် လမ်းကြောင်း ပြောင်းပြီး ပျံသန်းခဲ့ရပုံ ပေါက်တယ်လို့ သုံးသပ်နေကြပါတယ်။

အဲဒီလေယာဉ်ပေါ်မှာ လေယာဉ် အမှုထမ်းတွေ အပါအဝင် လူပေါင်း ၁၁၉ ယောက် ပါဝင်မယ်လို့ ယူဆနေပြီး အဲဒီထဲက အယောက် ၅၀ ဟာ ပြင်သစ်နိုင်ငံ သားတွေ ဖြစ်ကြပါတယ်။

မာလီ သမ္မတ ကလည်း သူတို့နိုင်ငံ မြောက်ပိုင်း သဲကန္တာရမှာ လေယာဉ် အပိုင်းအစတွေ တွေ့ရှိတဲ့ အကြောင်း ပြောလာတဲ့အတွက် အရေးပေါ် အဖွဲ့တွေကို စေလွတ်ထားပြီလို့ Air Algerie လေကြောင်းဌာနက ပြောပါတယ်။

ဆာဟာရ ဒေသမှာ လေယာဉ် ပျောက်ဆုံးသွားတဲ့အတွက်  ပြင်သစ်နိုင်ငံက ဂျက်လေယာဉ် နှစ်စင်းကလည်း အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေနေပြီ ဖြစ်ပါတယ်။

အဲဒီလေယာဉ်ကို စပိန်နိုင်ငံက ပိုင်ဆိုင်ပြီး အယ်လ်ဂျီးရီးယား လေကြောင်းလိုင်းက ဌားရမ်းတာဖြစ်ကြောင်းလည်း သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-25/1347967
ခရီးသည်အယောက်ပေါင်း ​၁၀၀ ​ကျော် ​ပါဝင်တဲ့ ​အယ်လ်ဂျီးရီးယားနိုင်ငံပိုင် ​လေယာဉ်တစ်စင်းဟာ ​အာဖရိကတိုက် ​အနောက်ပိုင်း ​မာလီနိုင်ငံမြောက်ပိုင်းမှာ ​ပျက်ကျသွားတယ်လို့ ​သိရပါတယ်။

မုံရွာတွင် ဆိုင်ကယ်နှင့် သုံးဘီးတို့ကိုတိုက်ကာ ထွက်ပြေးတိမ်းရှောင်သော ကုန်တင်ယာဉ် မြောင်းဘေးထိုးကျမီးလောင်

Photo: မုံရွာတွင် ဆိုင်ကယ်နှင့် သုံးဘီးတို့ကိုတိုက်ကာ ထွက်ပြေးတိမ်းရှောင်သော ကုန်တင်ယာဉ် မြောင်းဘေးထိုးကျမီးလောင်
Friday, July 25, 2014

မုံရွာမြို့နယ် ကျောက္ကာ ကျေးရွာအနီး ရေနံချက်ဖိုမှ ကုန် တင်ယာဉ်တစ်စီးသည် မုံရွာမြို့ တွင်းတွင် ဆိုင်ကယ်နှင့် သုံးဘီး ယာဉ်တို့ကို နေရာနှစ်နေရာတွင် တိုက်ခဲ့ပြီး ထွက်ပြေးမောင်းနှင်သွားကာ မုံရွာစီးပွားရေးတက္က သိုလ်ရှေ့မှ ထနောင်းပင်ကို ဝင် တိုက်၍ လမ်းဘေးရှိ မြောင်းအ တွင်းထိုးကျကာ ယာဉ်မီးလောင်မှုတစ်ခု ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၃ ရက် ည ၈ နာရီက အဆိုပါကုန်တင်ယာဉ်သည် ဗန္ဓုလလမ်းနှင့် ပေ 
(၈၀)လမ်းထောင့် ရှိ ခိုင်စံပယ်ကဖေးရှေ့တွင် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်
မိပြီး ထွက်ပြေးခဲ့ရာ နန္ဒဝန်ရပ်ကွက် ကျောက္ကာလမ်းနှင့် ဗိုလ်တေဇ လမ်းဆုံအရောက်တွင် သုံးဘီးဆိုင်ကယ်တစ်စီးကို ထပ်မံတိုက် မိခဲ့သည်။

ထိုသို့ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နှင့် သုံးဘီးယာဉ်တို့ကို စီးနင်းလိုက် ပါလာသူများ ဒဏ် ရာအသီးသီး ရရှိခဲ့ကြသည်။

နှစ်ကြိမ်ဆင့်ယာဉ်တိုက်မှု ကျူးလွန်ပြီးနောက် ထွက်ပြေး မောင်းနှင်သွားရာ မုံရွာစီးပွားရေး တက္ကသိုလ်ရှေ့လမ်းယာဘက်ရှိ ထနောင်းပင်ကို ဝင်တိုက်ပြီး လမ်းဘေးရေမြောင်းအတွင်း ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ကားခေါင်း ခန်းမှာ 
၇ မိနစ်ခန့်ကြာ မီးလောင် မှုဖြစ်ပွားခဲ့သည်။

ယာဉ်တိမ်းမှောက်မီးလောင် ရာသို့ မုံရွာမြို့ မီးသတ်တပ်ဖွဲ့ စခန်း တာဝန်ရှိသူ များလာရောက် ငြှိမ်းသတ်ခဲ့ရသည်။ ယာဉ်တိမ်း မှောက်မှုကြောင့် ကုန်တင်ယာဉ် မောင်းနှင်သူ ဘိုထွန်း(ခ)ဘိုတော သည် မုံရွာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကု သမှုခံယူလျက်ရှိကြောင်း ရဲမှတ် တမ်းများအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက် ၍ မုံရွာမြို့ အမှတ်(၂) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်စစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

7Day News Journal
မုံရွာမြို့နယ် ကျောက္ကာ ကျေးရွာအနီး ရေနံချက်ဖိုမှ ကုန် တင်ယာဉ်တစ်စီးသည် မုံရွာမြို့ တွင်းတွင် ဆိုင်ကယ်နှင့် သုံးဘီး ယာဉ်တို့ကို နေရာနှစ်နေရာတွင် တိုက်ခဲ့ပြီး ထွက်ပြေးမောင်းနှင်သွားကာ မုံရွာစီးပွားရေးတက္က သိုလ်ရှေ့မှ ထနောင်းပင်ကို ဝင် တိုက်၍ လမ်းဘေးရှိ မြောင်းအ တွင်းထိုးကျကာ ယာဉ်မီးလောင်မှုတစ်ခု ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သဲကုန်းတွင် ချောင်းရေကြီးမှုကြောင့် တံတားနှစ်စင်းကျိုးပျက်ပြီး လူတစ်ဦးသေဆုံး

Photo: သဲကုန်းတွင် ချောင်းရေကြီးမှုကြောင့် တံတားနှစ်စင်းကျိုးပျက်ပြီး လူတစ်ဦးသေဆုံး
Friday, July 25, 2014

သဲကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဲကုန်း ကြီးချောင်းရေကြီးရေလျှံပြီး လူတစ်ဦးမျောပါ သေဆုံးကာ တံတားနှစ်စင်း
လည်း ကျိုးပျက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

‘‘မိုးကြီးတဲ့ညက ချောင်းရေ နဲ့ လူတစ်ယောက်မျောပါပြီး သေ သွားတယ်။ ရုံးပင်တက်ရွာသား တစ်ဦးပါ’’ဟု သဲကုန်းမြို့နယ်ရဲစ ခန်းမှ စခန်းမှူးကပြောသည်။

‘‘၂၂ရက် ညက မိုးရွာတာ သည်းကြီးမည်းကြီးပဲ။ချောင်းရေ ကြီးလာပြီး အမျိုးသားတစ်ဦးမျော ပါသေဆုံးခဲ့တယ်။ တံတားတွေ ကတော့ ၂၃ ရက်နေ့ကျမှ ပျက်စီး တာ။ အခုဆို သဲကုန်းကနေပြည် ကို ထွက်တဲ့ကားတွေထွက်လို့မရ ဘူး’’ဟု သဲကုန်းဒေသခံတစ်ဦးက ပြောသည်။

သဲကုန်းကြီးချောင်းဖြတ် သန်းစီးဆင်းရာ မဉ္ဇူကုန်းရွာထိပ် ရှိ ကွန်ကရစ်တံတားမှာတစ်ဘက် သို့ နိမ့်ဆင်းသွားပြီးတိုင်များအက် ကွဲသွားကာ ရွာထောင်ကုန်းရွာ ထိပ်ရှိ ကွန်ကရစ်တံတားတို့မှာ ချောင်းရေစီးအားကြောင့် တစ် ချမ်းပျက်စီးနိမ့်ဝင်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

‘‘မဉ္ဇူကုန်းရွာထိပ်က တံ တားကတော့ ဒီနှစ်ထဲမှာဆောက် ပြီးတာ။ ချောင်းရေလမ်းကြောင်း ပြောင်းသွားတဲ့ သဘောမျိုး။ တောင်ဘက်ကို မြေသားပျက် ထွက်သွားတယ်။ နောက်ထပ်ပေ ၇၀ခန့်လောက် တံတားထပ် ဆောက်ရမယ့်သဘောဆိုတော့ အားလုံးတွက်ချက်ပြီးလွှတ်တော် မှာတင်ပြဖို့ ဆောင်ရွက်နေတယ်’’ ဟု သဲကုန်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဥ မ္မာမို့မို့ဇော်ကပြောသည်။

ရွာထောင်ကုန်းရွာထိပ်ရှိတံ တားမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ တံတားတစ် ဘက်ပျက်စီးနိမ့်သွားဖြင့် ပြည်သူ့ ဆောက်လုပ်ရေးမှ သံဘောင်များ အစားထိုးတည်ဆောက်ပေး လျက်ရှိပြီး လူများ၊ ဆိုင်ကယ်များသွားလာနိုင်ပြီး ၀န်တင်ကားများ သွားလာနိုင်ခြင်းမရှိပေ။ တံတားပြန်ကောင်းရန် အမြန်ဆုံးဆောင် ရွက်လျက်ရှိပြီး သုံးလေးရက်ကြာ လျင် ပြန်လည်အသုံးပြုနိုင်ရန်ခန့် မှန်းကြောင်း ၎င်းကပြောသည်။

7Day News Journal
သဲကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဲကုန်း ကြီးချောင်းရေကြီးရေလျှံပြီး လူတစ် ဦးမျော ပါ သေဆုံးကာ တံတားနှစ်စင်းလည်း ကျိုးပျက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် လေကြောင်းကာကွယ်ရေးအပါအ၀င် ဘက်စုံလုံခြုံရေးစနစ်များ စီမံဆောင်ရွက်ထားဟု ပြည်ထဲရေး ဒုဝန်ကြီး ပြော

ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေး မကျိုးပေါက်စေရန် ကြည်း၊ ရေ၊ လေတပ်ဌာန ချုပ်များ အပါအ၀င် နယ်နိ မိတ်မျဉ်းတစ်လျှောက် ကာကွယ်ရေးနှင့် လုံခြုံ ရေးစနစ်များစီမံဆောင်ရွက်ထားသည်ဟု ပြည်ထဲ ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ကျော်ထွန်းက အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်း အဝေးတွင်ပြော သည်။ 

အပစ်ရပ်မူကြမ်း သဘောကွဲပါက ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ၊ဆုံးဖြတ်မည်

Photo: အပစ်ရပ်မူကြမ်း သဘောကွဲပါက ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ၊ဆုံးဖြတ်မည် 
Friday, July 25, 2014 

အစိုးရထိန်းချုပ်နယ်မြေအတွင်းရှိ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်တော်ယန်ကျေးရွာအနီးတွင် လုံခြုံရေးယူထားသော အစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းသွားမည်ဟု မကြာခဏပြောနေသည့် သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်း သုံးနှစ်ကျော်လာသော်လည်း လက်ရှိတွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။ ဓာတ်ပုံ-မင်းမင်း

တိုင်းရင်းသား ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အစိုးရနှင့်ညှိနှိုင်းမည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်းအပေါ် သဘောကွဲမှုရှိပါက ဆုံးဖြတ်မည့် ဦးဆောင်ကော်မတီကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး မူတူးစေးဖိုးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆုံးဖြတ်ရန် ဇူလိုင် ၂၄ရက်က လိုင်ဇာတွင် သဘောတူလိုက်ကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များထဲမှ ကိုယ်စားပြုတစ်ဦး စီဖြင့်ဖွဲ့စည်းထားသောကော်မတီတွင် ကေအိုင်အေစစ် ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဂမ်းဆောင်က ဒုတိယဥက္ကဋ္ဌ၊ ကယန်းအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ခူဦးရယ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူရန် လိုင်ဇာဟို တယ်တွင် ခုနစ်နာရီကျော်ကြာ ဆွေးနွေးအပြီး ဆုံးဖြတ်ခြင်းဖြစ်သည်။

“လိပ်ခဲတည်းလဲဖြစ်နေတဲ့ဟာတွေကို ကျော်လွှားဖို့ အမြင်တွေကွဲမယ်ဆိုလို့ရှိရင် ဦးဆောင်ကော်မတီက ဆုံးဖြတ်သွားမှာဖြစ်တယ်”ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် NCCT အဖွဲ့ဝင်ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

အမြင်ကွဲလွှဲမှုရှိပါကဦးဆောင်ကော်မတီက မည်ကဲ့သို့ဆုံးဖြတ်သွားမည်ကို အစည်းအဝေးတွင် ချမှတ်ခဲ့ပါသ လဲဟုမီဒီယာများ၏ မေးမြန်းမှုကိုမူ “method (နည်းလမ်း) တစ်ခုအနေနဲ့တော့ချထားတာမရှိပါဘူး”ဟု ၎င်း က ပြောသည်။

အဆိုပါဦးဆောင်ကော်မတီတွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူးတူးစေးဖိုးမှာ ဇွန်လ အတွင်းနေပြည်တော်တွင် သမ္မတဦးသိန်းစိန် အပါအ၀င်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင် လှိုင်တို့နှင့်တွေ့ဆုံဆွေးနွေးစဉ်က သြဂုတ်လတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် သ ဘောတူထားသည်။

တိုင်းရင်းသားခေါင်းဆောင်များ၏ တတိယအကြိမ် ထိပ်သီးအစည်းအဝေးကို ကေအိုင်အေဌာနချုပ်ရှိရာက ချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ဇူလိုင် ၂၄ ရက်က ကျင်းပရန် ကနဦးကလျာထားသော်လည်း ဦးဆောင်ကော် မတီကိုရွေးချယ်ခဲ့ရသည့်အတွက် ဇူလိုင် ၂၅ ရက်မှသာ စတင်ဆွေး နွေးနိုင်တော့မည် ဖြစ်သည်။

“ဦးဆောင်ကော်မတီကအစည်အဝေးကိုကြီးကြပ်မယ်၊ကွပ်ကဲမယ်၊နိုင်ငံရေးအရဦးဆောင်မယ်၊ အစကောင်း မှအနှောင်းသေချာမှာဖြစ်တဲ့အတွက် ဒီနေ့အချိန်ယူလိုက်တာပါ”ဟု ဦးဆောင်ကော်မတီဖွဲ့ရန် အစည်းအ ဝေးတက်ရောက်သူတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

NCCT အဖွဲ့တွင် ပါဝင်သည့် တိုင်းရင်းသားခေါင်းဆောင်များ၏ အစည်းအဝေး တွင်NCCT ၏ လုပ်ငန်း စဉ်များကိုတင်ပြ ခြင်း၊ အပစ်ရပ်မူကြမ်းကို လက်ခံအတည်ပြု နိုင်ရေးဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များ ချမှတ်ခြင်းတို့ ပါဝင်မည်ဖြစ်ပြီး ဇူလိုင် ၂၅နှင့် ၂၆ရက်တွင် ကျင်းပမည်ဖြစ်သည်။

ထို့နောက် အဆိုပါ အပစ်ရပ်မူကြမ်းကိုပင် NCCT အဖွဲ့ဝင်မဟုတ်သည့် အဖွဲ့များ ဖြင့် ဇူလိုင် ၂၇ နှင့် ၂၈ တို့တွင်ဆွေးနွေးရန်လျာထားသည်။ အပြီးသတ်ရက်များအတွင်း ပြုလုပ်မည့် အစည်းအဝေးများတွင်NCCT ၌ မပါဝင်သည့် “၀”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ၊ ရှမ်းအထူး ဒေသ(၄)မိုင်းလား လက်နက်ကိုင်အဖွဲ့၊ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့ တက်မတက် မသေချာသေးပေ။

ယခုအစည်းအဝေးသည် တတိအကြိမ်ဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် တိုင်းရင်းသားခေါင်းဆောင် များ၏ ထိပ်သီးအစည်းအဝေးကိုကချင်ပြည်နယ်၊ လိုင်ဇာနှင့်ကရင်ပြည်နယ်၊လော်ခီးလာတွင် ကျင်းပခဲ့သေး သည်။

Mizzima - News in Burmese
အစိုးရထိန်းချုပ်နယ်မြေအတွင်းရှိ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်တော်ယန်ကျေးရွာအနီးတွင် လုံခြုံရေးယူထားသော အစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်း သွား မည်ဟု မကြာခဏပြောနေသည့် သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်း သုံးနှစ်ကျော် လာသော် လည်း လက်ရှိတွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

သမ္မတက တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်စဲရေးဆိုင်ရာနှင့်ပတ်သက်ပြီး ၎င်းသဘောတူထားသည့်အချက်များနှင့် လိုက်လျောနိုင်သည်များကို NCCT အဖွဲ့အား ကြိုတင်ပြောကြားထား

နိုင်ငံတော်သမ္မတဦးသိန်းစိန်က တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်စဲရေးဆိုင် ရာနှင့်ပတ်သက်ပြီး ၎င်းသဘောတူထားသည့်အချက်များနှင့် လိုက်လျောနိုင်သည် များကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၏ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) သို့ ကြိုတင်ပြောကြားထားသည်ဟု NCCT အဖွဲ့မှ သိရသည်။

ရုရှားရဲ့ စစ်ရေးစွက်ဖက်မှု၊ အမေရိကန်ပြော

Photo: ရုရှားရဲ့ စစ်ရေးစွက်ဖက်မှု၊ အမေရိကန်ပြော
Friday, July 25, 2014

 ယူကရိန်း ရဲ့ စစ်ရေး ပစ်မှတ်တွေ ကို၊ ရုရှားက၊ ရုရှားနယ်မြေ ထဲကနေ၊ လက်နက်ကြီးတွေ နဲ့ ပစ်ခတ် နေတာကို ဖော်ပြ တဲ့ အထောက်အထား တွေ သူတို့မှာ ရှိတယ် ဆိုပြီး၊ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောလိုက်ပါတယ်။

ဒါတင်မက၊ ယူကရိန်း အရှေ့ဘက်ခြမ်း က ခွဲထွက်ရေး သူပုန်တွေကို၊ ပိုပြီး စွမ်းရည်မြင့်တဲ့ ဆက်တိုက် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ထောက်ပံ့ဖို့၊ ရုရှား အစိုးရက စီစဉ်နေတဲ့ အထောက်အထား တွေလည်း ရှိတယ် လို့၊ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောခွင့်ရသူ၊ Marie Harf က ဆိုပါတယ်။

ယူကရိန်းက ခွဲထွက်ရေး သူပုန်တွေကို၊ ဒုံးကျည် တွေ ပေးခဲ့တာမျိုး မရှိဘူးလို့၊ ရုရှားက အစောပိုင်း ကတည်းက ငြင်းဆို ထားနှင့်ပြီး ဖြစ်ပါတယ်။

ယူကရိန်း အရှေ့ခြမ်း တိုက်ပွဲတွေကြောင့်၊ မလေးလေယာဉ် ပျက်ကျခဲ့ရာ နေရာကို၊ နိုင်ငံတကာ စုံစမ်းရေး အဖွဲ့တွေ၊ လွတ်လပ်စွာ စမ်းစစ်ခွင့် ရှိမနေပါဘူး။

ဒီအချိန်မှာပဲ၊ ယူကရိန်း အစိုးရတွင်းမှာ၊ အပြောင်းအလဲ တွေ ပေါ်ပေါက် လာပါတယ်။

လက်ရှိ ယူကရိန်း ညွန့်ပေါင်း အစိုးရထဲကနေ၊ အဓိက ပါတီနှစ်ရပ်၊ နှုတ်ထွက် သွားတဲ့နောက် မှာ၊ ဝန်ကြီးချူပ် အာဆင်းနီ ယက်ဆင်ညု လည်း၊ ရာထူးကနေ နှုတ်ထွက် လိုက်ပါတယ်။

ဒီလို ဖြစ်ရပ်ကြောင့်၊ လာမယ့် သီတင်းပတ် အနည်းငယ် အတွင်းမှာ ပဲ၊ ယူကရိန်းနိုင်ငံ မှာ ရွေးကောက်ပွဲတွေ စောစီးစွာ ကျင်းပ လာနိုင်ပါတယ်။

အခု ဝန်ကြီးချူပ် နေရာကို၊ မလေးလေယာဉ် ကိစ္စကို ယူကရိန်း အစိုးရ ကော်မရှင် အနေနဲ့ ဦးဆောင်နေသူ၊ ဗလော်ဒေါ်ဗီယာ ဟိုရိုက်စ်မဲန်က၊ ယာယီ တာဝန်ယူထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အချက်အရေ အများကြီး ပစ်ခတ်နိုင်စွမ်းတဲ့ ရုရှားလုပ် ရော့ကက် လောင်ချာ
အချက်အရေ အများကြီး ပစ်ခတ်နိုင်စွမ်းတဲ့ ရုရှားလုပ် ရော့ကက် လောင်ချာ
ယူကရိန်း ရဲ့ စစ်ရေး ပစ်မှတ်တွေ ကို၊ ရုရှားက၊ ရုရှားနယ်မြေ ထဲကနေ၊ လက်နက်ကြီးတွေ နဲ့ ပစ် ခတ် နေတာကို ဖော်ပြ တဲ့ အထောက်အထား တွေ သူတို့မှာ ရှိတယ် ဆိုပြီး၊ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောလိုက်ပါတယ်။

Algeria လေယာဉ်ပျက်ကျရာ နေရာတွေ့ပြီ

Photo: Algeria လေယာဉ်ပျက်ကျရာ နေရာတွေ့ပြီ
Friday, July 25, 2014

ပျက်ကျသွားတဲ့ အဲ Air Algerie လေယာဉ်ပျက်ရှိရာနေရာကို ရှာဖွေနေသူတွေက တွေ့ရှိထားပြီလို့ မာလီနိုင်ငံ သမ္မတ Ibrahim Boubacar Keita ကပြောပါတယ်။ Burkina Faso ကနေ Algeria ကို ပျံသန်းနေစဉ် Air Algerie လေယာဉ်ဟာ ပျောက်ဆုံးသွားခဲ့တာပါ။ လေယာဉ်ပျက်ဟာ Mali နိုင်ငံ အရှေ့မြောက်ပိုင်း သဲ ကန္တာရ ဒေသမှာ ရှိနေတယ်လို့ မစ္စတာ ကီယာတာ က ပြောပါတယ်။ Bamako မြို့မှာ ကျင်းပနေတဲ့ အစည်းဝေးတခုအတွင်း မစ္စတာ Keita  က အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။
 
အသက်ရှင်ကျန်ရစ်သူ ရှိမရှိဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ တာဝန်ရှိသူတွေ  အပြောအရ လေယာဉ်ပေါ်မှာ လူ ၁၁၆ ဦး လိုက်ပါသွားတယ်လို့ ဆိုပါတယ်။
 
အာဖရိက အနောက်ပိုင်းမှာ အခြေစိုက်တဲ့ ပြင်သစ် တိုက်လေယာဉ်တွေ ကလည်း လေယာဉ်ပျက်ရှာဖွေရာမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ စောစောပိုင်း ကတော့ အဲဒီလေယာဉ်ဟာ ပျက်ကျသွားတာဖြစ်ဖို့ များတယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ပျက်ကျသွားတဲ့ အဲ Air Algerie လေယာဉ်ပျက်ရှိရာနေရာကို ရှာဖွေနေသူတွေက တွေ့ရှိထားပြီလို့ မာလီနိုင်ငံ သမ္မတ Ibrahim Boubacar Keita ကပြောပါတယ်။ Burkina Faso ကနေ Algeria ကို ပျံသန်းနေစဉ် Air Algerie လေယာဉ်ဟာ ပျောက်ဆုံးသွားခဲ့တာပါ။ လေယာဉ်ပျက်ဟာ Mali နိုင်ငံ အရှေ့မြောက်ပိုင်း သဲ ကန္တာရ ဒေသမှာ ရှိနေတယ်လို့ မစ္စတာ ကီယာတာ က ပြောပါတယ်။ Bamako မြို့မှာ ကျင်းပနေတဲ့ အစည်းဝေးတခုအတွင်း မစ္စတာ Keita  က အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အစ္စရေး သမ္မတ Shimon Peres ရာထူးကနှုတ်ထွက်

Photo: အစ္စရေး သမ္မတ Shimon Peres ရာထူးကနှုတ်ထွက်
Friday, July 25, 2014

အစ္စရေးနိုင်ငံ သမ္မတ ရှီမွန်ပရက်ဇ်ဟာ ကြာသာပတေးနေ့မှာ ရာထူးကနေ နှုတ်ထွက်သွားပြီး၊ အစ္စရေးနိုင်ငံရဲ့ အနာဂတ် ကြီးမားမှုနဲ့ ငြိမ်းချမ်းရေးကို ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်။
 
အစ္စရေးနိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ပြောဆိုခဲ့သူ အသက် ၉၀ အရွယ် ရှိပြီဖြစ်တဲ့ မစ္စတာ ပရက်စ် ဟာ အာရပ်နိုင်ငံတွေနဲ့ ဂါဇာမှာနေထိုင်ကြသူတွေဟာ အစ္စရေးရဲ့ ရန်သူတွေမဟုတ်ပါဘူးလို့ ပြောကြားခဲ့သူလည်းဖြစ်ပါတယ်။
 
သူဟာ သိန်းနဲ့ချီတဲ့ ဂါဇာပြည်သူတွေ နဲ့ ကလေးငယ်တွေကို ရှေ့တန်းမှာ အကာအကွယ်အဖြစ် အသုံးပြုနေတဲ့ ဟားမတ်စ် အဖွဲ့ကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။
အစ္စရေးလ်ရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းရေးကို အခြေခံတဲ့ နှစ်ပြည်ထောင်စနစ်နဲ့ ရပ်တည်တဲ့ ဒီမိုကရက်တစ်ဂျူးနိုင်ငံတော် ဖြစ်ပါတယ်လို့ သူကပြောပါတယ်။
 
မစ္စတာ ပရက်ဇ်ဟာ ၀န်ကြီးချုပ်ရာထူး အပြင် အစ္စရေးနိုင်ငံရဲ့ ထိပ်တန်း တာဝန်တွေကို နှစ်ပေါင်း ၆၀ ထမ်းဆောင် ခဲ့ပြီးတဲ့နောက် ၂၀၀၇ ခုနှစ်မှာ သမ္မတ ရာထူးရရှိခဲ့သူဖြစ်သလို နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်ပါတယ်။
 
သူ့နေရာကို ဆက်ခံမည့်သူကတော့ လက်ယာသမား ပါလီမန်အမတ် ရူဗင် ရက်ဗလင်ဖြစ်ပါတယ်။ သူဟာ နှစ်ပြည်ထောင် စနစ်ကို ဆန့်ကျင်သူဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ ပရက်ဇ်ပြောတဲ့ အစ္စရေးရဲ့ ရန်သူဟာ အကြမ်းဖက် သမားတွေဖြစ်တယ် ပါလက်စတိုင်းတွေ မဟုတ်ဖူးဆိုတာကိုတော့ လက်ခံသူဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အစ္စရေးနိုင်ငံ သမ္မတ ရှီမွန်ပရက်ဇ်ဟာ ကြာသာပတေးနေ့မှာ ရာထူးကနေ နှုတ်ထွက်သွားပြီး၊ အစ္စရေးနိုင်ငံ ရဲ့ အနာဂတ် ကြီးမားမှုနဲ့ ငြိမ်းချမ်းရေးကို ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်။

ကွန်ပျူတာ ပြဿ နာကြောင့် အမေရိကန်သံရုံးတွေ ပတ်စပို့နဲ့ ဗီဇာ ထုတ်မပေးနိုင်

ကွန်ပျူတာ တလုံး ရုတ်တရက် အလုပ်မလုပ်ပဲ ဖြစ်သွားတဲ့ အတွက် ကမ္ဘာအနှံ့မှာရှိတဲ့ အမေရိကန် သံရုံး တွေ ကနေ ပတ်စပို့ ထုတ်ပေးတာနဲ့ ဗီဇာထုတ်ပေးတဲ့ လုပ်ငန်းတွေ နှေးကွေးသွားလိမ့်မယ်လို့ အမေရိ ကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုပါတယ်။

လာလီဂါပြိုင်ပွဲ၏ ၂၀၁၄-၁၅ရာသီ ပွဲစဉ်ဇယားရေးဆွဲထုတ်ပြန်


ပွဲပယ်ပြစ်ဒဏ်လျော့ကျဖွယ်ရှိနေသည့် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ် ရာသီအဖွင့်ကတည်းက ပါဝင်လာနိုင်ကြောင်း Goal.com မှ ဖော်ပြ စပိန်လိဂ်အဖွဲ့ချုပ်သည် လာမည့် ၂၀၁၄-၁၅ ရာသီအတွက် လာလီဂါပွဲစဉ်ဇယားကို ပြီးခဲ့သည့် ကြာသပတေးနေ့က ရေးဆွဲထုတ်ပြန်လိုက်ပြီး အဖွင့်ပွဲစဉ်ကို သြဂုတ်လ (၂၃)ရက်နေ့တွင် စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပညာရေး ဥပဒေ မူကြမ်းကို လေ့လာဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

Photo: ပညာရေး ဥပဒေ မူကြမ်းကို လေ့လာဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း
Friday, July 25, 2014  

 ပြည်ထောင်စု လွှတ်တော်က မကြာခင် ဆွေးနွေး အတည်ပြုမယ့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို အသေးစိတ် လေ့လာပြီး အကြံပြုကြဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက် လေ့လာတဲ့ ရတနာပုံ တက္ကသိုလ်နဲ့ ဒဂုံတက္က သိုလ်က ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာ ဖြစ်ပါတယ်။

"အမျိုးသား ပညာရေးဥပဒေဆိုတာ မိခင်ဥပဒေ Mother Law ပေါ့၊ အဲ့ဒီအောက်မှာမှ အခြေခံပညာရေးတို့ အဆင့်မြင့်ပညာရေးတို့က လာဦးမယ်၊ ဥပမာဆိုရင် ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဒီလူထုဥပဒေကို လွှတ်တော်ထဲမှာ ထည့်ဖို့ပေါ၊ လွှတ်တော်ထဲမှာ ထည့်ဖို့ဆိုရင် တစ်ချို့ကပြောတယ်၊ ဒီလွှတ်တော်ထဲမှာ ထည့်စရာမလိုဘူတဲ့ ကျောင်းသားသမဂ္ဂဆိုတာဟာ အဆင့်မြင့်ပညာရေး ဥပဒေထဲမှာ ပါနေတယ် အဲ့ဒီဟာတွေကိုလည်း နည်းနည်းကိုလေ့လာ တဲ့အခါကျရင် နက်နက်နဲနဲ စဉ်းစားစေချင်တယ်၊ ဒီင်္ဥပဒေထဲမှာ အားလုံးပါမှာ မဟုတ်ဘူး၊ ဒီဥပဒေက တခြားဥပဒေတွေကိုပေါ့နော် အသေးစိတ် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ ဥပဒေဘာတွေ သတ်သတ်ထွက်ဦးမယ်၊ ပညာရေးနဲ့ ပတ်သက်လို့ ဒီတစ်နိုင်ငံလုံးက ဘယ်လိုလူတွေနဲ့ သွားမယ်ဆိုတာကို ခန့်မှန်းလို့မရဘူး၊ အတည်ပြုတဲ့ ဥပဒေကြမ်းကို ထွက်လာတဲ့အခါကျတော့မှ ကျောင်းသားတွေ စိတ်ဝင်စားတယ်ဆိုရင် လေ့လာကြပေါ့ ၊ လေ့လာပြီးတော့ ကိုယ့်ရဲ့ထင်မြင်ချက်တွေ အမြင်တွေကိုလည်း အသိပေးပေါ့"

ဒါ့အပြင် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဆရာ၊ ဆရာမတွေ သင်ကြားပေး တာအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ အယူအဆတွေရှိဖို့နဲ့ အင်္ဂလိပ်စာကျွမ်းကျင်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွေကို ဒဂုံတက္ကသိုလ်နဲ့ ရတနာပုံ တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူ ၃၀၀ နီးပါး တက်ရောက်လေ့လာခဲ့ပါတယ်။

ဒီအတောအတွင်း အမျိုးသားလွှတ်တော်ကအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းမှာ ပြည်သူ့လွှတ်တော်က သဘောမတူနိုင်တဲ့အချက်များနေတဲ့အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီဥပဒေမူကြမ်းမှာ သဘောတူနိုင်တဲ့အချက်က ၄၀ ကျော်ရှိပြီး၊ သဘောမတူနိုင်တဲ့ အချက်က ၆၀ ကျော်ဖြစ်နေတဲ့အတွက် အခုလိုဆုံးဖြတ်တာဖြစ်တယ်လို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥတ္တရသီရိမြို့နယ် ကိုယ်စားလှယ် ဦးမင်းသူက RFA ကိုပြောပါတယ်။

"အမျိုးသားပညာရေး ဥပဒေကြမ်းပေါ့လေ အမျိုးသားလွှတ်တော်ကနေပြီး ပြည်သူ့လွှတ်တော် ကို ပြင်ဆင်ချက်တွေနဲ့ ပြန်လည်ပေးပို့တဲ့ အချက်တွေထဲက ၄၈ ချက်သဘောတူပြီးမှ ၆၇ ချက် သဘောမတူဘူး၊ အဲ့ဒီ ၆၇ ချက်သဘောမတူပဲ လွှတ်တော်က ကွဲလွဲချက်ကို ကျနော် တို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆုံးဖြတ်ခိုင်းမယ်လို့ ဒီကိစ္စအဆိုတင်တာပါ"

အခုရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ ဗဟိုချုပ်ကိုင်မှုစနစ်ရှိနေသေးတာ ၊ ကျောင်းသားတွေတောင်းဆိုနေတဲ့ သမဂ္ဂဖွဲ့စည်းခွင့်မပါရှိတာ၊ ဆရာတွေနဲ့ ပတ်သက် တဲ့ ပြဌာန်းချက်က အငြင်းပွားဖွယ်ဖြစ်နေတာ၊ တက္ကသိုလ်ဝင်ခွင့်နဲ့ ပတ်သက်လို့ တိကျ တဲ့ ပြဌာန်းချက်မပါဝင်တာ၊ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဘာသာစကားသင်ကြားခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်စေတာတွေကြောင့် ပြန်လည်သုံးသပ်ရေးဆွဲသင့်တယ်လို့  NNER ခေါ် ပညာရေးမြှင့်တင်ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ကလည်း ထောက်ပြဝေဖန် ထားပါတယ်။

RFA Burmese
ပြည်ထောင်စု လွှတ်တော်က မကြာခင် ဆွေးနွေး အတည်ပြုမယ့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို အသေးစိတ် လေ့လာပြီး အကြံပြုကြဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ကို ပြည်နယ်အစိုးရ ပြန်လည်ဖိတ်ခေါ်

ရခိုင်ပြည်နယ်မှာ ကျန်းမာရေး ကူညီစောင့်ရှောက်မှု လုပ်ငန်းတွေမလုပ်ဖို့ တားမြစ်ခံ ထားရတဲ့ နယ်စည်း မခြား ဆရာဝန်များအဖွဲ့ MSF ကို ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပြန်လည်ပူးပေါင်းဆောင် ရွက်ဖို့ ဖိတ်ခေါ်ကြော င်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန် တောင်း ဆိုခဲ့ပါတယ်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ဖွဲ့စည်းပုံ နဲ့ ရွေးကောက်ပွဲ ကိစ္စတွေ ဆွေးနွေး

မြန်မာအစိုးရရဲ့ ဖိတ်ကြားမှုနဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့  ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် Ms. Yanghee Lee (ယန်ဟီလီ) ဟာ ဒီကနေ့ နေပြည်တော် လွှတ်တော်ကိုသွားရောက်ခဲ့ပြီး အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေး အပါအ၀င် ဥပဒေကြမ်းရေးဆွဲရေး ကော်မတီတွေက ဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့တာပါ။ ဒါ့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးတချို့ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ဆက် သွယ်မေးမြန်း ထားတဲ့ ကိုစည်သူက ပြောပြပေးမှာပါ။

အယ်လ်ဂျီးရီးယားလေယာဉ် ဝေဟင်မှာပျောက်ဆုံး

လူပေါင်း ၁၁၆ ယောက် ထက်မနည်း လိုက်ပါသွားတဲ့ အယ်လ်ဂျီးရီး ယား လေယာဉ် တစင်း Burkina Faso နိုင်ငံမြို့တော်ကနေ Algeria မြို့တော် အယ်လ်ဂျီးယာ့(စ်) Algiers ကို ပျံသန်းနေစဉ် ဒီကနေ့ လမ်းမှာ ပျောက်သွားခဲ့လို့ အခု လေယာဉ် ရှာဖွေရေး စတင် လုပ်ဆောင်နေကြ ပါပြီ။ လေယာဉ်ဟာ လမ်းမှာ ပျက်ကျသွားခဲ့ တာလို့ အမည်မဖော်လိုသူ အယ်လ်ဂျီးရီးယား အရာရှိတဦးကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားပေမဲ့ အယ်လ်ဂျီး ရီးယား လေကြောင်းလိုင်း ကတော့ လေယာဉ်ဟာ ပျောက်ဆုံးနေ တဲ့ အခြေအနေမှာပဲ ရှိတာပါလို့ ဆိုပါတယ်။

လိုင်ဇာထိပ်သီးအစည်းအဝေးသို့ NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ရန်ဖိတ်ကြားထားသော်လည်း ၀ နှင့် မိုင်းလားအဖွဲ့တို့မှာ တက်ရောက်ရန် မသေချာသေး

ကချင်ပြည်နယ် လိုင်ဇာဒေသ၌ ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်များတွင်ပြုလုပ်ရန် စီစဉ်ထားသည့် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ၏ အစည်းအဝေးသို့ NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့ကို တက်ရောက် ရန် ဖိတ်ကြားထားသော်လည်း "၀" နှင့်မိုင်းလားအဖွဲ့တို့မှာ တက်ရောက်ရန် မသေချာေ သးကြော င်း သိရသည်။

ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းမိသားစုများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန် ကိုယ်ပိုင်ဝင်ငွေရရှိရေး ဆောင်ရွက်မည်

ကချင်ပြည်နယ်တွင် စစ်မက်ပဋိပက္ခဖြစ်ပွားခြင်းကြောင့် စစ်ဘေးဒဏ်သင့်နေရပ်ရွှေ့ပြောင်းလာသူ မိသားစု များအား ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန် ကိုယ်ပိုင်ဝင်ငွေရရှိရေး ကို မြန် မာနိုင်ငံ ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေ နီကော် မတီ (ICRC) မှ သိရသည်။

AGD ဘဏ် ရှယ်ယာရောင်းဝယ်မှု၊ ၀ယ်ယူငွေများ ငွေဖြူ ဟုတ် မဟုတ် စသည်တို့နှင့် ပတ်သက်၍ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေဟု ဆိုထား

AGD ဘဏ် ရှယ်ယာရောင်းဝယ်မှုနှင့် ပတ်သက်၍လည်းကောင်း၊ ဝယ်ယူငွေများ ငွေဖြူ  ဟုတ် မဟုတ် စသည် တို့နှင့်ပတ်သက်၍လည်းကောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က စစ်ဆေး မှုများပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြောကြားသည်။

လားရှိုး-ကွမ်းလုံ ကားလမ်းပေါ်တွင် မြေပြိုမှုကြောင့် မြေတူးစက် ကျသွားသောဖြစ် စဉ် မှ ယာဉ်အကူအား တစ်ရက်ကျော်အကြာ၌ အသက်ရှင်လျက် ပြန်တွေ့

ဇူလိုင် ၂၂ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-ကွမ်းလုံ ကားလမ်းပေါ် တွင် ဇူလိုင် ၂၂ ရက် က ဖြစ်ပွားခဲ့သော လူနှစ်ဦးပါဝင်သော မြေတူးစက် တစ်စီး မြေပြို မှုကြောင့် ပေ ၁ဝဝ ခန့်အနက်သို့ ပြုတ်ကျ သွားခဲ့ပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ ဇူလိုင် ၂၃ ရက် ည ၇ နာရီခန့်တွင် မြေတူးစက်မှ ယာဉ်အကူ ကျော်ဇင် အား မြေကြီးအောက်တွင် အသက်ရှင်လျက် တွေ့ရှိခဲ့သည်။

လစာနှင့် နစ်နာကြေးမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားနိုင်ငံသားပိုင် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမား ၆၀၀ ကျော် အလုပ်ပြန်ရနေဟု အလုပ်သမားဒုဝန်ကြီး၏ ပြောစကား မမှန်ကန်ကြောင်း အလုပ်သမားများ ရှင်းလင်း

Photo: လစာနှင့် နစ်နာကြေးမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားနိုင်ငံသားပိုင် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမား ၆၀၀ ကျော် အလုပ်ပြန်ရနေဟု အလုပ်သမားဒုဝန်ကြီး၏ ပြောစကား မမှန်ကန်ကြောင်း အလုပ်သမားများ ရှင်းလင်း
Friday, July 25, 2014

လစာနှင့် နစ်နာကြေးမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားနိုင်ငံသားပိုင် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမား ၆ဝဝကျော် အလုပ်ပြန်ရပြီဟု အလုပ်သမားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၏ ပြောစကားဖြင့် သတင်းစာတချို့တွင် ဖော်ပြခဲ့မှုမှာ မဟုတ်မှန်ကြောင်း အလုပ်သမားများက ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် Master Sport ဖိနပ်စက်ရုံရှေ့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

“အလုပ်သမား ၆ဝဝ ကျော်စလုံးကို တခြားဖိနပ်စက်ရုံတွေမှာ အလုပ်ပြန်လည်လုပ်နေပြီဆိုပြီး အလုပ်သမားဝန်ကြီးဌာနက ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၏ ပြောစကားနဲ့ သိရတယ်ဆိုပြီး တချို့သတင်းစာတွေမှာ ပါလာတယ်။ ဒါက တကယ်တော့ မဟုတ်ပါဘူး။ လက်ရှိနဲ့ တခြားစီဖြစ်နေတယ်။ စက်ရုံက အလုပ်သမားကိုယ်စားလှယ်တွေနဲ့ လာရောက်ညိနှိုင်းတယ်ဆိုတာလည်း မဟုတ်ဘူး။ အလုပ်သမားတွေအနေနဲ့ ဇွန်လ လစာနဲ့ စက်ရုံပိတ် နစ်နာကြေးငွေ အဓိကလိုချင်တာပါ။စက်ရုံပိုင်ရှင်ဘက်က လစာနဲ့နစ်နာကြေးငွေ တစ်ပေါင်းတည်းပေးမယ်ဆိုရင်တော့ လက်မခံနိုင်ဘူး”ဟု အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးဌေးက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စက်ရုံအလုပ်သမား ၆ဝဝ ကျော်က ဇူလိုင် ၁၇ ရက် နံနက် ၈နာရီတွင် အလုပ်ရှင်ထံက လစာငွေရရှိရေး နှင့် စက်ရုံပိတ်သိမ်းကြေး နစ်နာငွေရရှိရေးအတွက် လှိုင်သာယာမြို့နယ်မှ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ကိုရီးယားသံရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့သည်။

“သံရုံးရှေ့ထိသွားဆန္ဒပြတောင်းဆိုခဲ့ပေမယ့် ဘာမှထူးမလာဘူး။ တစ်စုံတစ်ရာဖြေရှင်းပေးမယ်ဆိုပြီးတောင် ထွက်မတွေ့ဘူး။ကျွန်မတို့အနေနဲ့ကတော့ လစာငွေနဲ့ စက်ရုံပိတ် နစ်နာကြေးငွေကို လိုချင်တယ်။ ဌာနဆိုင်ရာတွေကတော့ အလုပ်ရှင်ကို တရားစွဲထားတယ်လို့ ကြားတယ်”ဟု စက်ရုံအလုပ်သမားတစ်ဦးက ဆိုသည်။

ယင်းအပြင် စက်ရုံပိုင်ရှင် ကိုရီးယားလူမျိုးအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်ခြင်း၊ အလုပ်သမားများအား လစာငွေနှင့် နစ်နာကြေးငွေပေးဆောင်ခြင်းမရှိဘဲ တိမ်းရှောင်ခဲ့မှုတို့ကြောင့် အလုပ်သမားဝန်ကြီးဌာနမှ ပုဒ်မ လေးခုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ထို့အတူ အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်၌ စက်ရုံဘက်မှ လျော်ကြေးနှင့် ၂ဝ၁၄ ခုနှစ် ဇွန်လပိုင်းစာပေါင်းပြီး လစာ တစ်လစာသာ ပေးနိုင်မည်ဖြစ်ကြောင်း လက်ခံ သူများအနေဖြင့် လစာငွေကို ၂ဝ၁၄ ခုနှစ် ဇူလိုင်လပိုင်းမှ စတင်၍ ထုတ်ယူနိုင်ကာ နောင်တွင် စက်ရုံဘက်သို့ ထပ်မံမတောင်းဆိုကြောင်း လက်မှတ်ရေးထိုးရမည်ဟု ပါရှိခဲ့သည်။

ထို့ပြင် စက်ရုံပိတ်သိမ်းရသည့်အကြောင်းမှာ ထုတ်ကုန်အရည်အသွေးစံချိန်မမီ၍ export မပြုလုပ်နိုင်သောကြောင့် ကုန်ထုတ်လုပ်မှုကို ရပ်ဆိုင်းရခြင်းဖြစ်သည်ဟုလည်း ပါရှိခဲ့သည်။

7Day Daily 

Master Sport ဖိနပ်စက်ရုံရှေ့၌ သတင်းစာရှင်လင်းပွဲပြုလုပ်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
MasterSportဖိနပ်စက်ရုံရှေ့၌သတင်းစာရှင်လင်းပွဲပြုလုပ်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)
လစာနှင့် နစ်နာကြေးမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားနိုင်ငံသားပိုင် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမား ၆ဝဝကျော် အလုပ်ပြန်ရပြီဟု အလုပ်သမားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ၏ ပြော စကားဖြင့် သတင်းစာတချို့တွင် ဖော်ပြခဲ့မှုမှာ မဟုတ်မှန်ကြောင်း အလုပ်သမားများက ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် Master Sport ဖိနပ်စက်ရုံရှေ့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။