Monday, 2 June 2014

နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုကြောင့် နယ်စပ် ကုန်သွယ်မှု တုံ့နှေး

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် RSO လက်နက်ကိုင်များနှင့် မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားကာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေ၍ မောင်တောနယ်စပ်မှ ဘင်္ဂလား ဒေ့ရှ်သို့ ကုန်သွယ်မှုများတုံ့နှေးနေကြောင်း ရေထွက်ပစ္စည်းတင် ပို့သူ ကိုထွန်းဝင်းက ပြောကြားသည်။

လေပွခြင်း မဖြစ်အောင် ရှောင်ကြဉ် သင့်တဲ့ အစားအစာ (၆)မျိုး

Photo: လေပွခြင်း မဖြစ်အောင် ရှောင်ကြဉ် သင့်တဲ့ အစားအစာ (၆)မျိုး
Monday, June 2, 2014

လေပွခြင်း (Bloating)က ကျန်းမာရေး ပြဿနာ အမျိုးမျိုး၊ မျိုးရိုး ဗီဇနှင့် ဆေးဝါးများ သောက်သုံး နေရခြင်း စသော အကြောင်းရင်း များကြောင့် ဖြစ်တတ် ပါတယ်။

သို့သော်လည်း ကျွန်ုပ်တို့ စားလိုက်တဲ့ အစားအစာတွေ ကြောင့်လည်း ဖြစ်စေ နိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသော်လည်း ပန်းဂေါ်ဖီစိမ်းနဲ့ နို့စတဲ့ အစားအစာ တချို့ကြောင့် လေပွခြင်းကို ဖြစ်စေပြီး ခန္ဓာကိုယ်မှာ သက်သောင့် သက်သာ မရှိဘဲ မအီမသာ ဖြစ်စေပါတယ်။ ဒီမှာတော့ လေပွခြင်းကိုဖြစ်စေတဲ့ အစားအစာ ၆ ခုကို ဖော်ပြ ထားပါတယ်။

(၁) ပန်းဂေါ်ဖီစိမ်း

ဗီတာမင်တွေ၊ အမျှင်တွေ အပြည့် ပါသော်လည်း ပန်းဂေါ်ဖီစိမ်းက လေပွခြင်းကို ဖြစ်စေ ပါတယ်။ ပန်းဂေါ်ဖီစိမ်း ကို ဖြည်းဖြည်းချင်း စားခြင်းဖြင့် အစာခြေစနစ်အတွင်း ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချပါ။

(၂) သဘာဝမဟုတ်တဲ့ အချိုတွေ

ကယ်လိုရီ မတက်စေသော်လည်း လေပွခြင်းကိုဖြစ် စေတဲ့ သကြားဓာတ် အယ်လ်ကိုဟော တွေ ပါဝင် ပါတယ်။ ဒါကြောင့် သဘာဝ မဟုတ်တဲ့ အချိုတုတွေ စားသုံးခြင်း ကို လျှော့ချပါ၊ ဒါမှမဟုတ် လုံးဝ ရှောင်လိုက်ပါ။

(၃) ပီကေဝါးခြင်း

ပီကေဝါးခြင်းက အစာကြေစေပြီး သွားတွေကို ဖြူစေသော်လည်း အပိုလေတွေကို အစာခြေ စနစ် လမ်းကြောင်းထဲသို့ မျိုချမိသလိုဖြစ်စေပါတယ်။ ဒါကြောင့် ပီကေ ကို ဖြည်းဖြည်း ဝါးပြီး အပိုလေတွေ ဝင်လာမှု လျှော့ချပါ။

(၄) ပန်းဂေါ်ဖီ

အရသာရှိပြီး ကျန်းမာစေတဲ့ ပန်းဂေါ်ဖီဟာ အရမ်း ကောင်းတဲ့ ဟင်းသီး ဟင်းရွက်ဖြစ်ပြီး တစ်နှစ် ပတ်လုံးလည်း ရရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ဟင်းသီး ဟင်းရွက်က ဗိုက်ထဲမှာ စူးစူး အောင့်အောင့် ဖြစ်တဲ့ ဝေဒနာမျိုး ကိုလည်း ဖြစ်စေပါတယ်။ ဒါတွေ သက်သာစေဖို့ တဖြည်းဖြည်းချင်း ဝါးစားပါ သို့မဟုတ် ရှောင်ကြဉ်ပါ။

(၅) ကာဗွန်ထည့်ထားတဲ့ ဖျော်ရည် အမျိုးမျိုး

တချို့နာမည်ကြီး ဆိုဒါတွေက အစာခြေခြင်းမှာ ကူညီသော်လည်း လေပွခြင်းကိုလည်း ဖြစ်စေ နိုင်ပါတယ်။ သင့်ရဲ့ အစာခြေစနစ် လမ်းကြောင်းကို ထိန်းသိမ်းဖို့အတွက် အမြှုပ်တွေပါတဲ့ အရည်တွေ သောက်ခြင်းကို ကန့်သတ်ပါ။

(၆) နို့

ဗီတာမင်တွေ၊ အာဟာရတွေ အများကြီးပြည့် နေသော်လည်း နို့က လေပွခြင်းကို ဖြစ်စေတဲ့ အဓိက အစား အစာတစ်ခုပါ။ Lactose နို့၊ သကြား မပါတဲ့ နို့ဒါမှမဟုတ် Almond နို့ကို သောက်ခြင်းဖြင့် နို့ရဲ့အရသာ မပျောက် စေဘဲ သောက်သုံး နိုင်ပါတယ်။

Health Digest
လေပွခြင်း (Bloating)က ကျန်းမာရေး ပြဿနာ အမျိုးမျိုး၊ မျိုးရိုး ဗီဇနှင့် ဆေးဝါးများ သောက်သုံး နေရခြင်း စသော အကြောင်းရင်း များကြောင့် ဖြစ်တတ်ပါတယ်။

အာရှပစိဖိတ် အလှမယ်ဆု ရရှိခဲ့သည့် မေမြတ်နိုး

Photo: အာရှပစိဖိတ် အလှမယ်ဆု ရရှိခဲ့သည့် မေမြတ်နိုး
Monday, June 2, 2014

ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်အလှမယ်ပြိုင်ပွဲမှာ အဓိက Tital ဆုကို မြန်မာအလှမယ် မေမြတ်နိုးက ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
အသက်(၁၈)နှစ်အရွယ် မေမြတ်နိုးဟာ ဒီဆုကို အိမ်ရှင်ကိုရီးယား အလှမယ်ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပဲ ဖြစ်ပါတယ်။  
 
ဆိုးလ်မြို့မှာ ကျင်းပတဲ့ ဒီပြိုင်ပွဲကို နိုင်ငံတကာ အလှမယ် (၄၀)နီးပါး ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ် ပြီး ဆန်ကာတင်အလှမယ် (၇)ဦးထဲမှာ ပါဝင်ပြီးနောက် မေမြတ်နိုးက ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မေမြတ်နိုးဟာ ဒီဆုကို နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံက 
ပထမဆုံး  Tital ဆုအဖြစ် ရယူပေးနိုင်ခဲ့တာဖြစ်ပြီး ဒီဆုရရှိမှုအတွက် ပြည်တွင်းက အလှမယ် အသိုင်းအ၀ိုင်းက မေမြတ်နိုးကို ဂုဏ်ပြုစကားတွေ အသီးသီးမှတ်ချက် ပြုခဲ့ကြပါတယ်။ မေမြတ်နိုး ရရှိခဲ့တဲ့ အာရှပစိဖိတ်အလှမယ် ဆုအတွက်  Miss Golden Land Myanmar 
Organization က ဂုဏ်ယူမဆုံးဖြစ်တယ်လို့ သတင်းထုတ်ပြန် ဂုဏ်ပြုခဲ့သလို နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ ကနဦး ထိုးဖောက်အောင်မြင်ခဲ့တဲ့ နန်းခင်ဇေယျကလည်း ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
 
ပြိုင်ပွဲမှာ အောင်မြင်မှုရရှိခဲ့တဲ့ မေမြတ်နိုးဟာ ဇွန်လ(၆)ရက်နေ့မှာမြန်မာနိုင်ငံကို ပြန်ရောက်မယ်လို့ သိရပါတယ်။ မေမြတ်နိုးဟာ အာရှပစိဖိတ် အလှမယ်ပြိုင်ပွဲရဲ့ ကျွမ်းကျင်မှုပြိုင်ပွဲမှာ သီချင်းသီဆိုမှုနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်စကားပြော အပါအ၀င် ကိုယ်ခန္ဓာအချိုးအစား လေ့ကျင့်မှုနဲ့ သီချင်းသီဆိုမှုတွေကို ပြိုင်ပွဲမတိုင်ခင် (၃)လကျော်ကြာသာ ကြိုတင်လေ့ကျင့်ခဲ့ရတယ်လို့လည်း သိရပါတယ်။ 

MRTV-4
ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်အလှမယ်ပြိုင်ပွဲမှာ အဓိက Tital ဆုကို မြန်မာအလှမယ် မေမြတ်နိုးက ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Monday, June 2, 2014

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အများအားဖြင့် မုတ်သုံလေအားအသင့် အတင့်ရှိနေပါတယ်။ ဒီကနေ့ ညနေအထိ ခန့်မှန်းချက်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်ုတိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။
 
နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာ ထစ်ချုန်းမယ့် အခြေအနေများ ဖြစ်ပေါ်နိုင်ပါတယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ ညနေအထိ ခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်နှစ်ကြိမ် ထစ်ချုန်းရွာပါမယ်။  မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

MRTV-4
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အများအားဖြင့် မုတ်သုံလေအားအသင့် အတင့်ရှိနေ ပါတယ်။ ဒီကနေ့ ညနေအထိ ခန့်မှန်းချက်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်ုတိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။

အီရန်တွင် Facebook အသုံးပြုသူ ရှစ်ဦး စုစုပေါင်း ထောင်ဒဏ် ၁၂၃ နှစ် ချမှတ်ခြင်းခံရ

Photo: အီရန်တွင် Facebook အသုံးပြုသူ ရှစ်ဦး စုစုပေါင်း ထောင်ဒဏ် ၁၂၃ နှစ် ချမှတ်ခြင်းခံရ
Monday, June 2, 2014

အီရန်နိုင်ငံတွင် ဆိုရှယ်မီဒီယာ Website တစ်ခုဖြစ်သည့် Facebook ကို အသုံးပြုပြီး အစိုးရဆန့်ကျင်ရေး ဝါဒဖြန့်မှုများ ပြုလုပ်သည် ဆိုကာ လူရှစ်ဦးကို စုစုပေါင်း ထောင်ဒဏ် ၁၂၃ နှစ် ချမှတ်လိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ယင်းသို့ Facebook ကို အသုံးပြုပြီး အစိုးရဆန့်ကျင်သူများဟု စွပ်စွဲခြင်း ခံထားရသူ ရှစ်ဦးသည် တစ်ဦးလျှင် ထောင်ဒဏ် ၇ နှစ်မှ နှစ်ပေါင်း ၂၀ အထိ ချမှတ်ခြင်း ခံခဲ့ရပြီး နိုင်ငံတော်အကြီးအကဲ အယာတိုလာ အလီခါမေနီကို စော်ကားပြောဆိုခြင်း၊ အစိုးရအဖွဲ့ လုပ်ဆောင်ချက်များကို လွဲမှားစွာ ဝေဖန် ရေးသားခြင်းများကြောင့် ယင်းသို့ ထောင်ဒဏ်များ ချမှတ်ရခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

အီရန်နိုင်ငံတွင် နာမည်ကြီး ဆိုရှယ်မီဒီယာ Website များကို အသုံးပြုခြင်းသည် အစ္စလာမ် မပီသခြင်း၊ ကိုယ်ကျင့်တရား ဖောက်ပြန်ခြင်း၊ အစ္စလာမ်ဘာသာရေးက ပြဋ္ဌာန်းထားချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်းဟု သတ်မှတ်ပြီး ယင်းဆိုရှယ်မီဒီယာ လိုင်းများကို ရယူသုံးစွဲခြင်း မပြုနိုင်စေရန် ပိတ်ပင်ခဲ့သော်လည်း ယခု ထောင်ဒဏ် အမိန့်ချမှတ်ခြင်း ခံရသူများသည် ပိတ်ဆို့မှုများကို ဖောက်ထွက်နိုင်သည့် ဆော့ဖ်ဝဲများ အသုံးပြုပြီး အစိုးရ ဆန့်ကျင်ရေးစာများ ရေးသားခဲ့ကြခြင်း ဖြစ်သည်။

အီရန်တွင် ပြစ်ဒဏ်သတ်မှတ်ခြင်း ခံရသူများအနက် အီရန်နိုင်ငံတွင် မွေးဖွားသည့် ဗြိတိန်နိုင်ငံသား အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း AFP တွင် ရေးသားထားသည်။

ရိုယာ ဆာဘရီနီယက်နိုဘတ် အမည်ရှိ ဗြိတိန်သူသည် ယမန်နှစ် ဆောင်းရာသီကတည်းက Facebook ကို အသုံးပြုပြီး ဝေဖန် ရေးသားခဲ့မှုများကြောင့် ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

The Voice Weekly
အီရန်နိုင်ငံတွင် ဆိုရှယ်မီဒီယာ Website တစ်ခုဖြစ်သည့် Facebook ကို အသုံးပြုပြီး အစိုးရဆန့်ကျင်ရေး ဝါဒဖြန့်မှုများ ပြုလုပ်သည် ဆိုကာ လူရှစ်ဦးကို စုစုပေါင်း ထောင်ဒဏ် ၁၂၃ နှစ် ချမှတ်လိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ပီလီ၏သား မူးယစ်ဆေးမှု ငွေမည်း ခ၀ါချမှု များဖြင့် ထောင်ဒဏ် (၃၃) နှစ် ချမှတ်ခံရ

ဘရာဇီးဂန္တ၀င် ဘောလုံးသမားကြီး ပီလီ၏သားဖြစ်သူ အီဒင်ဟို သည် မူးယစ်ဆေး ရောင်းဝယ်မှုမှ ရရှိသော ငွေမည်းများကို ခ၀ါချ ခဲ့မှုဖြင့် ထောင်ဒဏ် (၃၃) နှစ် ချမှတ် ခံရကြောင်း သိရသည်။

နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုကြောင့် နယ်စပ် ကုန်သွယ်မှု တုံ့နှေး

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် RSO လက်နက်ကိုင်များနှင့် မြန်မာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားကာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေ၍ မောင်တောနယ်စပ်မှ ဘင်္ဂလား ဒေ့ရှ်သို့ ကုန်သွယ်မှုများတုံ့နှေးနေကြောင်း ရေထွက်ပစ္စည်းတင် ပို့သူ ကိုထွန်းဝင်းက ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ လွှတ်တော်တွင် ဆွေးနွေးရန် မလိုသေးဟုဆို

Photo: မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ လွှတ်တော်တွင် ဆွေးနွေးရန် မလိုသေးဟုဆို

နေပြည်တော်၊ မေ ၃၀

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မေလနောက်ဆုံးပတ် အတွင်းက စတင်ဖြစ်ပွားနေသော နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုများကို လွှတ်တော်တွင် ထည့်သွင်း ဆွေးနွေးရန် မလိုအပ်သေးကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရသည်။

လက်ရှိ နှစ်နိုင်ငံအကြား ဖြစ်ပွားနေသော အငြင်းပွားဖွယ် ကိစ္စများကို သက်ဆိုင်ရာ အစိုးရများက သံတမန် နည်းလမ်းအရသာ ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း ပြောကြားထားသည့်အတွက် လွှတ်တော်အတွင်း ဆွေးနွေး မေးမြန်းမှုများ ပြုလုပ်ပါက မလိုအပ်ဘဲ ပြဿနာကို အကျယ်ချဲ့မှုမျိုး ဖြစ်စေနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

ပစ်ခတ် တိုက်ခိုက်မှုများ ကြုံတွေ့လာလျှင် စစ်၏ သဘောတရားအရ ချက်ခြင်း ပြန်တုံ့ပြန်ရလေ့ ရှိသော်လည်း ရခိုင်ပြည်နယ် နယ်ခြားစည်းမျဉ်းအနီး ဖြစ်ပွားသော ပြဿနာမှာ လုံခြုံရေးတပ်ဖွဲ့နှင့် ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ (RSO) တို့အကြား ပြဿနာသာ ဖြစ်ကြောင်း၊ ပဋိပက္ခ အရိပ်အယောင်ကြောင့် တစ်ဖက်နိုင်ငံက စစ်ရေးအင်အား ထုတ်ဖော်ပြသမှုမျိုး ပြုလုပ်လျှင် မိမိနိုင်ငံကလည်း စစ်ရေးအင်အား ပြသရသည်မှာ လုပ်ရိုးလုပ်စဉ် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

နိုင်ငံတော်ကို ကျူးကျော် တိုက်ခိုက်ခြင်း ခံရလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်နှင့် ယင်းဆောင်ရွက်ချက်များကို လွှတ်တော်သို့ တင်ပြရန် လိုအပ်ပြီး စစ်ကြေညာခြင်း သို့မဟုတ် စစ်ပြေငြိမ်းခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မေလနောက်ဆုံးပတ် အတွင်းက စတင်ဖြစ်ပွားနေသော နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုများကို လွှတ်တော်တွင် ထည့်သွင်း ဆွေးနွေးရန် မလိုအပ်သေးကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရသည်။

ကျောင်းအပ်ချိန် ပခုက္ကူ အထက်တန်းကျောင်းများ အပိုကြေး ကောက်ခံဟု ကျောင်းသားမိဘဆို

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံး ကျောင်းအပ် လက်ခံလျက်ရှိရာ မကွေးတိုင်းဒေ သကြီး၊ ပခုက္ကူမြို့ရှိ အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၄)၊ အ.ထ.က (၅) အပါအဝင် မြစ်ခြေတိုက်နယ်ရှိ အထက်တန်း ကျောင်းများအနေနှင့် ကျောင်းအပ် လက်ခံရာတွင် အပိုကြေးများ ကောက်ခံလျက် ရှိကြောင်း ကျောင်းသား မိဘများထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ နိုင်ငံကူးလက်မှတ် လျှောက်ထား၍ မရပါက ကော်မတီသို့ တင်ပြနိုင်ဟုဆို

Photo: နိုင်ငံရေး အကျဉ်းသားဟောင်းများ နိုင်ငံကူးလက်မှတ် လျှောက်ထား၍ မရပါက ကော်မတီသို့ တင်ပြနိုင်ဟုဆို
Monday, June 2, 2014

နိုင်ငံရေး အကျဉ်းသားဟောင်းများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခက်အခဲများ ရှိပါက လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံသို့ တင်ပြအကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါ ကော်မတီဝင်များထံမှ သိရသည်။

အစိုးရ အနေနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအပေါ် နိုင်ငံကူးလက်မှတ် ပိတ်ပင်ထားခြင်း မရှိတော့ကြောင်း ဇွန်လ ၁ ရက်နေ့က မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC တွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဝင်များက ဆိုသည်။

“အရင်ကတော့ နိုင်ငံရေး အကျဉ်းသားဆိုရင် တစ်နှစ် စောင့်ကြည့်ဆိုပြီး ဆိုင်းငံ့ထားတာပေါ့၊ အခုက အဲဒါကို ဖြေလျှော့ ပေးလိုက်တာပါ” ဟု ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း အပါအဝင် အကျဉ်းဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူ့အခွင့်အရေး ကော်မရှင်နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တို့လည်း တက်ရောက် ဆွေးနွေးခဲ့သည်။

ယင်းအပြင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အနေနှင့် ဆေးကုသခွင့် လက်မှတ်၊ ရှေ့နေလိုင်စင် စသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကိုလည်း ပိတ်ပင်ခြင်း မရှိတော့ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက ဆိုသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီအနေနှင့် ၂၀၁၃ ခုနှစ်က ကျန်ရှိသည့် နိုင်ငံရေး အကျဉ်းသား ၃၀ ဦးနှင့် ယခုနှစ်အတွင်း ထပ်မံစိစစ် တွေ့ရှိရသည့် အကျဉ်းသား ၃၀ ကို အစိုးရထံ တင်ပြထားပြီး ၎င်းတို့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ် ပြုနိုင်ရေးအတွက် ထပ်မံဆွေးနွေးရဦးမည် ဖြစ်ကြောင်း ကော်မတီဝင်များက ဆိုသည်။

The Voice Weekly
နိုင်ငံရေး အကျဉ်းသားဟောင်းများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခက်အခဲများ ရှိပါက လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံသို့ တင်ပြအကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါ ကော်မတီဝင်များထံမှ သိရသည်။

အိန္ဒိယနိုင်ငံ တယ်လန်ဂါနာ ပြည်နယ်သစ်အဖြစ် ခွဲထွက်ထူထောင်

Photo: အိန္ဒိယနိုင်ငံ တယ်လန်ဂါနာ ပြည်နယ်သစ်အဖြစ် ခွဲထွက်ထူထောင်
Monday, June 2, 2014 

အိန္ဒိယနိုင်ငံရဲ့ ၂၉ ခုမြောက် ပြည်နယ်သစ်အဖြစ် တယ်လန်ဂါနာပြည်နယ် (Telangana ) ဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်ကြီးတခုဖြစ်တဲ့ အင်ဒရာ ပရာဒက်ရှ့် ပြည်နယ် (Andhra Pradesh) ကနေ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့က ခွဲထွက်ထူထောင်ခဲ့ကြပါတယ်။

Telangana_full_380တယ်လန်ဂါနာပြည်နယ်ဒေသဟာ ကုန်းတွင်းပိတ်ဒေသတခု ဖြစ်ပြီး ကမ်းရိုးတန်းဒေသတွေထက်စာရင် ဖွံ့ဖြိုးမှု အလွန်နောက်ကျခဲ့ပါတယ်။

တယ်လန်ဂါနာ ဒေသခံပြည်သူတွေဟာ အင်ဒရာ ပရာဒက်ရှ့်ပြည်နယ်အတွင်း အခွင့်အရေးတူ မရရှိခဲ့ကြတာကြောင့် အခုလို ခွဲထွက်ထူထောင်ခဲ့ကြတာလို့ ဆိုကြပါတယ်။

အခုနှစ်ဆန်းပိုင်းကတည်း အိန္ဒိယလွှတ်တော်က  ပြည်နယ်အသစ်အဖြစ် ထူထောင်ခွင့်ပေးခဲ့ပေမယ့် ခွဲထွက်ထူထောင်မှုကို သဘောမတူတဲ့ အတိုက်အခံတွေက နောက်ဆုံးချိန်အထိ ဟန့်တားခဲ့ကြတာကြောင့် အခုမှ တရားဝင်ထူထောင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ပြည်နယ် ခွဲထွက်ထူထောင်ရေးလှုပ်ရှားမှုအဖွဲ့တခုရဲ့ ဥက္ကဋ္ဌတဦးဖြစ်တဲ့ ကိုဒန်ဒရမ် (Kodandaram) က နှစ်ပေါင်းများစွာ ရုန်းကန်ပေးဆပ်မှုတွေနဲ့ စည်းလုံးညီညွတ်မှုရဲ့ ရလဒ်ဖြစ်ပြီး ပြည်နယ်အတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အရင် အင်ဒရာ ပရာဒက်ရှ့်ပြည်နယ်ကြီးရဲ့ မြို့တော်ကြီးဖြစ်တဲ့ ဟိုက်ဒရာဘတ်မြို့ဟာ ကမ္ဘာ့နည်းပညာအချက်အချာ မြို့ကြီး ဖြစ်ပြီး ၂ ပြည်နယ်လုံးရဲ့မြိုတော်အဖြစ် ၁၀ နှစ် ဆက်ထားထားမှာ ဖြစ်ပါတယ်။

လူဦးရေ ၃၅ သန်းရှိတဲ့ တယ်လန်ဂါနာပြည်နယ်ဟာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတွေ အခွင့်အရေးတူရရှိရေးအတွက် အိန္ဒိယနိုင်ငံရေးဇာတ်ခုံပေါ်မှာ အခြားပြည်နယ်တွေနဲ့ တန်းတူ တောင်းဆိုခွင့်ရတော့မှာ ဖြစ်ပါတယ်။

DVB TV News
အိန္ဒိယနိုင်ငံရဲ့ ၂၉ ခုမြောက် ပြည်နယ်သစ်အဖြစ် တယ်လန်ဂါနာပြည်နယ် (Telangana ) ဟာ အိန္ဒိယနိုင်ငံ ရဲ့ ပြည်နယ်ကြီးတခုဖြစ်တဲ့ အင်ဒရာပရာဒက်ရှ့် ပြည်နယ်(Andhra Pradesh) ကနေ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ က ခွဲ ထွက်ထူထောင်ခဲ့ကြပါတယ်။

ဖွဲ့စည်းပုံ ပြင်ရေး ၈၈ အဖွဲ့ ဟန့်တားခံရ

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နယ်လှည့် ဟောပြော နေတဲ့ ၈၈ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း အဖွဲ့ဝင်တွေ ဟားခါးမှာ ဟောပြောဖို့ စီစဉ် ထားတဲ့ နေရာကို ချင်း ပြည်နယ် အစိုးရ က အကြောင်း ပြချက် မပေးဘဲ ခွင့်ပြု မိန့် ပယ်ချ လိုက်ပါတယ်။

1876 Call Center မသန်စွမ်းသူ အယောက် ၃၀ ကို အလုပ်ခန့်မည်

Photo: 1876 Call Center မသန်စွမ်းသူ အယောက် ၃၀ ကို အလုပ်ခန့်မည်
Monday, June 2, 2014 
  
တယ်လီဖုန်းကနေ ၀န်ဆောင်မှုပေးနေတဲ့ 1876 Call Center ဟာ မသန်စွမ်းသူ အယောက် ၃၀ ကို အလုပ်ခန့်မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

Untitled-1 copyအကြားအာရုံ ချို့ယွင်းသူ၊ အမြင်အာရုံ ချို့ယွင်းသူနဲ့ ကိုယ်အင်္ဂါ ချို့ယွင်းသူတွေဟာ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ဆီမှာ အလုပ်သွားရောက် လျှောက်ထားနိုင်ပြီး အလုပ်ခန့်အပ်မယ့်သူတွေကို မသန်စွမ်းအဖွဲ့နဲ့ ကောလ်စင်တာ ပူးပေါင်း ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

အခြေခံလစာ ကျပ် ၇ သောင်း ပေးမှာ ဖြစ်ပြီး အလုပ်ခန့်အပ်ရေး ဆိုင်ရာ သဘောတူ စာချုပ်တခုကို မသန်စွမ်းအသင်းနဲ့ ကောလ်စင်တာတို့ ဇူလိုင်လဆန်းပိုင်းမှာ စာချုပ်ချုပ်သွားမယ်လို့ 1876 Call Center ဖြေကြားသူက ပြောပါတယ်။

DVB TV News  
တယ်လီဖုန်းကနေ ၀န်ဆောင်မှုပေးနေတဲ့ 1876 Call Center ဟာ မသန်စွမ်းသူ အယောက် ၃၀ ကို အလုပ်ခန့်မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ နေ့အပူချိန်များ မြင့်တက်၍ မိုးလျော့နည်းမည်

Photo: တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ နေ့အပူချိန်များ မြင့်တက်၍ မိုးလျော့နည်းမည်
Monday, June 2, 2014 

အယ်နီညို ရာသီဥတုသို့ ရောက်ရှိခြင်း၏ အကျိုးဆက်အဖြစ် နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးရာသီ ကာလအတွင်း နေ့အပူချိန်များ မြင့်တက်ပြီး မိုးရွာသွန်းမှုလည်း လျော့နည်းမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ် စသည့်တို့တွင် နေ့အပူချိန်များ ပုံမှန်ထက် မြင့်တက်ပူပြင်းမည် ဖြစ်ပြီး မိုးရေ ရရှိမှုမှာလည်း လျော့နည်းမည်ဖြစ် ခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် ထိခိုက်မှု ကြုံတွေ့ရနိုင်ကြောင်း ၎င်းကသတိပေး ပြောဆိုသည်။

“အပူချိန်တွေက ၆၀ ရာခိုင်နှုန်း ထက်ပိုပြီး မိုးက ရွာသွန်းမြဲအောက် လျော့မယ်။ ဒါ့အပြင် အလယ်ပိုင်းဒေသတွေက မိုးလယ်လောက်ထိ မိုးနည်းနိုင်သေးတယ်” ဟု ဦးထွန်းလွင်က ခန့်မှန်း ပြောကြားသည်။

ယင်းကဲ့သို့ မိုးလျော့နည်းပြီး အပူချိန် မြင့်တက်နိုင်ခြင်းကြောင့် ဒေသအသီးသီးမှ စိုက်ပျိုးပင်များ ဝတ်မှုန်ကူးရာတွင် ခက်ခဲနိုင်သည့်အပြင် မြေတွင်း အစိုဓာတ် ရရှိမှု နည်းခြင်းကြောင့်လည်း သီးနှံအထွက်နှုန်း ကျဆင်းနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင် တစ်ဦးဖြစ်သူ ဦးစိန်ဝင်းဟန်က သုံးသပ်ပြောဆိုသည်။

ယင်းသို့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆုံးရှုံးမှု ကြုံတွေ့လာနိုင်သည့် အထက်ပိုင်းဒေသ စိုက်ပျိုးရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာအနေနှင့် ရေပေးဝေမှုကို စနစ်တကျ လုပ်ဆောင်သင့်ပြီး တစ်ဖက်ပိတ်ဆည်များ ပြုလုပ်၍လည်း စိုက်ပျိုးရေကို စုဆောင်းကာ သိုလှောင်ပေးနိုင်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

The Voice Weekly
အယ်နီညို ရာသီဥတုသို့ ရောက်ရှိခြင်း၏ အကျိုးဆက်အဖြစ် နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မိုးရာသီကာလအတွင်း နေ့အပူချိန်များ မြင့်တက်ပြီး မိုးရွာသွန်းမှုလည်း လျော့နည်းမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

မှုခင်းကာကွယ်ရေးအတွက်ဟုဆိုကာ မိန်းမလျာများကို ရဲတပ်ဖွဲ့က စစ်ဆေး

မုံရွာမြို့၊ ချင်းတွင်းမြစ်ဘေးတွင် ညအချိန်များ၌ အပန်းဖြေအနားယူနေသည့် မိန်းမလျာ များအား မှုခင်းကြို တင်ကာကွယ်ရေးဟုဆိုကာ လှည့်ကင်းရဲအဖွဲ့များက မေ ၃၀ ရက်က ခေါ်ယူစစ်ဆေးလျက်ရှိသည်ဟု မုံရွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင်းက ပြောသည်။ 

အခွန်တိမ်းရှောင်သော ကုမ္ပဏီကြီးများအား ဗြောင်ကျကျ အကာအကွယ် ပေးမှု အပေါ် အစိုးရအနေဖြင့် ဖြေရှင်းပေးရန်လို

အခွန်တိမ်းရှောင်နေသော ကုမ္ပဏီကြီးများအား ဗြောင်ကျကျ အကာအကွယ်ပေးလာသည့် လုပ်ရပ်များ အပေါ် အစိုးရအနေဖြင့် ဖြေရှင်းပေးရန် လိုအပ်လာသည်။ 

မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံတွင် အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ကြေးရုပ်ထားရှိမည်

မြန်မာ့ဇာတ်သဘင် လောကတွင် နာမည်ကျော် ထင်ရှားခဲ့သော အလင်္ကာ ကျော်စွာဆု တံဆိပ် ချီးမြှင့်ခြင်းခံ ခဲ့ရသည့် အလင်္ကာ ကျော်စွာ ရွှေမန်း ဦးတင်မောင်၏ အထိမ်းအမှတ် ကြေးရုပ်တုကို မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံ၌ ထားရှိမည် ဖြစ်သည်။ 

မြန်မာနိုင်ငံတစ်ဝန်း ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာရှိ

Photo: မြန်မာနိုင်ငံတစ်ဝန်း ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာရှိ
Monday, June 2, 2014

အရှေ့တောင်အာရှတွင် ကင်ဆာဖြစ်ပွားနှုန်း အများဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံတွင် ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာ ရှိပြီး လူဦးရေနှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးနေသေးကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာရဲမြက ပြောကြားသည်။ 

လူဦးရေ သန်း ၆၀ နီးပါး ရှိသော မြန်မာနိုင်ငံတွင် ကင်ဆာ အထူးကုဆရာဝန် မွေးထုတ်မှု အလွန်နည်းပါးနေသေးသည့် အပေါ် ဇွန်လ ၁ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်မြို့တော်ရှိ သူနာပြုတက္ကသိုလ်တွင် ကျင်းပသော ကင်ဆာ ကုသအောင်မြင်သူများ အခမ်းအနားတွင် ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားနှုန်းသည် နေထိုင်စားသောက်မှု ပုံစံကြောင့် ပိုများပြီး ဗိုင်းရပ်စ်၊ ဗက်တီးရီးယားနှင့် မျိုးရိုးဗီဇကြောင့် ဖြစ်ပွားသူများလည်း ရှိကြောင်း၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည့် အတွက် အဏုမြူစွမ်းအင် ရောင်ခြည်ကြောင့်လည်း ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ကြောင်း ကင်ဆာအထူးကု ဆရာဝန်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၌ ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုသည် စိုးရိမ်ဖွယ်အဆင့် ရောက်ရှိနေပြီး အမျိုးသားများတွင်မူ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသည်းကင်ဆာ ဖြစ်ပွားနှုန်း မြင့်တက်နေကြောင်း ရန်ကုန်မြို့တော်ရှိ ကင်ဆာအထူးကု ဆရာဝန်များထံမှ သိရသည်။

“ပိုက်ဆံမရှိလို့ ဆေးရုံ မလာဘူး ဆိုတာ လက်မခံဘူး။ ပိုက်ဆံမရှိလည်း လာကုလှည့်။ တတ်နိုင်တဲ့ဘက်က ကူညီပေးမှာ။ အလှူရှင်တွေနဲ့ ချိတ်ပေးမယ်” ဟု ပါမောက္ခ ဒေါက်တာရဲမြက ဆက်လက်ပြောဆိုသည်။

ယင်းအပြင် ဓာတ်ရောင်ခြည် ကုထုံးကဲ့သို့ ကင်ဆာကုထုံးသစ်များကို ပြည်သူလူထု လက်လှမ်းမီစေရန် သက်ဆိုင်ရာ ကျန်းမာရေး အသိုင်းအဝိုင်းက ပံ့ပိုးပေးရန် လိုအပ်နေကြောင်း စာရေးဆရာ ဆရာဝန်အသင်းဥက္ကဋ္ဌ ဒေါက်ထွေး (ဆေး/မန်း) က အကြံပြု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဓာတ်ရောင်ခြည် ကုထုံးစက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကြီးတို့တွင် ကုသပေးလျက် ရှိကြောင်း၊ ပုဂ္ဂလိကကဏ္ဍ အနေနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဆေးရုံတွင် ကုသပေးနေသော်လည်း တစ်နိုင်ငံလုံး နှိုင်းယှဉ်ပါက လူနာနှင့် စက်ပစ္စည်း အရေအတွက် လိုအပ်ချက်များ ရှိနေသေးကြောင်း ဆရာဝန်များက ဆိုသည်။

ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာ ဝေဒနာရှင်များမှာ အလှည့်ကျရန် လေးလခန့် စောင့်ဆိုင်းရကြောင်း ကင်ဆာ ဝေဒနာရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားနှုန်းသည် နှစ်စဉ် တိုးတက်လျက် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားသည်။ 

The Voice Weekly
အရှေ့တောင်အာရှတွင် ကင်ဆာဖြစ်ပွားနှုန်း အများဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံတွင် ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာ ရှိပြီး လူဦးရေနှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးနေသေးကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာရဲမြက ပြောကြားသည်။ 

ဖွဲ့စည်းပုံခုံရုံး ဥပဒေ ပြန်ပြင်ရန် သမ္မတကြိုးပမ်း

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အစိုးရက ထုတ်ပြန်လိုက်ခြင်းဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို သမ္မတက ပြန်လည် ပြင်ဆင်ရန် ခြေလှမ်းစတင်လိုက်ပြီဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရန် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများက ဆန္ဒထုတ်ဖော်

Photo: အခြေခံဥပဒေ ပြင်ဆင်ရန် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများက ဆန္ဒထုတ်ဖော်
Monday, June 2, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဟိုတယ်၊ ခရီးသွားလုပ်ငန်နှင့် ဆက်စပ်နေသူများ ဖြစ်သော ပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် ၅၀ ခန့်သည် မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်သူမလိုလားသည့် ပုဒ်မ ၄၃၆ ပယ်ဖျက်ပေးပါ၊ ပြည်သူ့ဆန္ဒကို လေးစားသောအားဖြင့် ပုဒ်မ ၄၃၆ ကို ပယ်ဖျက်ပေးပါ။ ဒီမိုကရေစီစံနှုန်းနှင့် မညီတဲ့ ပုဒ်မ ၄၃၆ ကိုကန့်ကွက်ပါသည်၊ တိုင်းပြည်သာယာဝပြောရေး အခြေခံဥပဒေ ပြင်ဆင်ပေး၊ တန်းတူညီမျှမှု မရှိတဲ့ ဖွဲ့စည်းပုံဟာ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ပါ။ ၂၀၀၈ နာဂစ် အခြေခံဥပဒေ၏ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးပါ စသည့် ဆိုင်းပုဒ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျွန်တော်တို့က နိုင်ငံတကာနဲ့ ဆက်ဆံနေရတဲ့အတွက် ကိုယ့်နိုင်ငံကို တခြားနိုင်ငံတွေလို တိုးတက်စေချင်တယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး Policy တွေ မှန်ဖို့လိုတယ်။ အဲဒီလို မှန်ကန်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ မှန်ကန်ဖို့ လိုတယ်။ နိုင်ငံတိုးတက်ဖို့ အာမမခံနိုင်တဲ့အတွက် ပြင်ကိုပြင်ရမယ့်ကိစ္စမို့လို့ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြရတာပါ” ဟု အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန် ကိုညီညီမှ The Voice သို့ ပြောကြားသည်။

ဆန္ဒပြသူ ခရီးသွားလုပ်ငန်း အသိုက်အဝန်းမှ လူများသည် နိုင်ငံတော်သီချင်းနှင့် နဂါးနီသီချင်းတို့ကို သံပြိုင်သီဆို၍ ဆန္ဒထုတ်ဖော်ပွဲကို ရပ်နားခဲ့ကြသည်။

The Voice Weekly
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဟိုတယ်၊ ခရီးသွားလုပ်ငန်နှင့် ဆက်စပ်နေသူများ ဖြစ်သော ပို့ဆောင်ရေး လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် ၅၀ ခန့်သည် မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။