Monday, 26 May 2014

ထိုင်းနိုင်ငံရေးအခြေအနေအရ စစ်တပ်က အာဏာသိမ်းယူမှုသည် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအပေါ် အကျိုးသက်ရောက်မှုမရှိဟုဆို

ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ ယိုယွင်းလာမှုနှင့်အတူ တိုင်းပြည် မငြိမ်မ သက်မှုများကြောင့် စစ်အုပ်ချုပ်ရေးကို မေ ၂၀ ရက်က ကြေညာခဲ့ပြီး မေ ၂၁ ရက်တွင် ထိုင်းစစ်ဦးစီး ချုပ် က ကြီးမှူး၍ထိုင်းပါတီကိုယ်စားလှယ်များအား ခေါ်ယူခဲ့ကာ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကိုကျင်းပ ခဲ့ကြောင်း ထိုင်းသတင်းဌာနများက အသီးသီးဖော်ပြကြသည်။

ဟိန္ဒား သတ္တုတွင်း ညစ်ညမ်းမှု တရားစွဲ

Photo: ဟိန္ဒား သတ္တုတွင်း ညစ်ညမ်းမှု တရားစွဲ
Monday, May 26, 2014

တနင်္သ࿿ာရီ တိုင်း ထားဝယ် မြို့နယ် ဟိန္ဒား သတ္တုတွင်းက စွန့်ပစ် မြေစာ တွေကြောင့် အနီး ချောင်းရိုးပေါ်က ရွာတွေမှာ ဥယျာဉ် ခြံမြေတွေ ပျက်စီးပြီး ဒေသခံတွေ ကျန်းမာရေး ထိခိုက်တဲ့ အတွက် ထားဝယ် ခရိုင် တရားရုံးမှာ အမှုဖွင့် စွဲဆိုထားတယ်။

သတ္တု တူးဖော်ရေး ဖက်စပ် လုပ်နေတဲ့ ထိုင်း ကုမ္ပဏီနဲ့ အမှတ် (၂ ) သတ္တုတွင်း လုပ်ငန်း တိုင်းနဲ့ မြို့နယ် အဆင့် တာဝန်ရှိသူ တွေကို မြောင်းပြိုရွာသား တွေက အမှုဖွင့် ခဲ့ကြတာ ဖြစ်ပါတယ်။

မူလက အစဉ်အဆက် တူးဖော်ခဲ့စဉ်က အထိအခိုက် မရှိခဲ့ဘဲ ၁၉၉၉ နောက်ပိုင်း ထိုင်း ကုမ္ပဏီနဲ့ ပူးတွဲ လုပ်ကိုင်ရာက စက်ကြီးတွေနဲ့ တူးဖော်ပြီး အပွင့်တွင်း တူးဖော်မှု တွေ လုပ်လာ ခဲ့ပြီး နောက် အနည် ပို့ချမှု ပြဿနာ ပေါ်လာ ခဲ့ပါတယ်။

အနီး ဝန်းကျင် ရွာတွေမှာလဲ ထိခိုက်မှု တွေ ရှိကြပြီး နှစ်ရှည် သီးပင်တွေ ပျက်စီး တာနဲ့ ရွာသားတွေမှာ အရေပြား ရောဂါ တွေ ခံစားကြရတယ်လို့ အမှု စွဲဆို သူ ဒေသခံ တွေက ပြောကြား ပါတယ်။

ဟိန္ဒား၊ ဟာမြင်းကြီး၊ ကန်ဘောက် စတဲ့ ထားဝယ် သတ္တုတွင်း တွေက ခဲမဖြူ၊ အဖြိုက်နက် စတဲ့ တွင်းထွက် သတ္တုတွေ တူးဖော် ရရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
တနင်္သ࿿ာရီ တိုင်း ထားဝယ် မြို့နယ် ဟိန္ဒား သတ္တုတွင်းက စွန့်ပစ် မြေစာ တွေကြောင့် အနီး ချောင်းရိုးပေါ်က ရွာတွေမှာ ဥယျာဉ် ခြံမြေတွေ ပျက်စီးပြီး ဒေသခံတွေ ကျန်းမာရေး ထိခိုက်တဲ့ အတွက် ထားဝယ် ခရိုင် တရားရုံးမှာ အမှုဖွင့် စွဲဆိုထားတယ်။

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်း၏ ၀င်ငွေမှာ ၁၀ ဒေါ်လာအောက် လျော့နည်းနေပြီး အသေးစား ငွေကြေးလုပ်ငန်းများ အောက်ခြေအထိ ပြန့်နှံ့စေခြင်းဖြင့် အကျိုးများနိုင်ဟု သိရ

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်း၏ ၀င်ငွေမှာ ၁၀ ဒေါ်လာအောက် လျော့နည်းနေပြီး အသေးစားငွေကြေးလုပ်ငန်းများ အောက်ခြေအဆင့်အထိ ပြန့်နှံ့အောင် လုပ်ခြင်းဖြင့် နိုင်ငံ့လူဦးရေ အများစုကို အကျိုးများစေမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP နှင့် ကုလအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ UNCDF တို့ ပူးပေါင်းကောက်ယူခဲ့သော Making Access Possible (MAP) စစ်တမ်းအရ သိရသည်။

ဟိန္ဒားသတ္တုတွင်း စီမံကိန်းကြောင့် မြောင်ပျိုကျေးရွာသားများ ပျက်စီး ဆုံးရှုံးရခြင်းတို့အတွက် သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုင်းကုမ္ပဏီ တစ်ခုတို့အား ဒေသခံများက တရားစွဲဆို

Photo: ဟိန္ဒားသတ္တုတွင်း စီမံကိန်းကြောင့် မြောင်ပျိုကျေးရွာသားများ ပျက်စီး ဆုံးရှုံးရခြင်းတို့အတွက် သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုင်းကုမ္ပဏီ တစ်ခုတို့အား ဒေသခံများက တရားစွဲဆို
Monday, May 26, 2014

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အထက်တနင်္သာရီ မြစ်ကမ်းပေါ်ရှိ ဟိန္ဒားသတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် အနီးရှိ မြောင်ပျိုကျေးရွာသားများ၏ ပျက်စီးဆုံးရှုံးမှုများအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်သော အမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာန သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်းကုမ္ပဏီတစ်ခုဖြစ်သော Myanmar Pongpiat Compay Ltd.(MPCL) တို့အား ဒေသခံများမှ ထားဝယ်ခရိုင် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

ဟိန္ဒားသတ္တုတွင်း စီမံကိန်းသည် မြန်မာနိုင်ငံရှိ အကြီးဆုံး သတ္တုတွင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ထိုင်းနိုင်ငံ ကုမ္ပဏီဖြစ်သော (MPCL) က ၁၉၉၂ ခုနှစ်တွင် ခဲမဖြူများကို စတင်ရယူဆောင်ရွက်ချိန်မှစ၍ ချောင်းနှင့် မြစ်များကောခြင်း၊ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ မျိုးတုံးလာခြင်း၊ စိုက်ခင်းများ၊ လူနေအိမ်များ၊ ရေတွင်းများမှာလည်း စီမံကိန်းမှ နည်းစနစ်မရှိသော စွန့်ပစ်သော ဓာတုဆိပ်သင့် စွန့်ပစ်ပစ္စည်းများနှင့် အနည်များကြောင့် ပျက်စီးခဲ့ရသည်ဟု မေ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာမီဒီယာ စာကြည့်တိုက်၌ ဒေသခံများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သိရသည်။

ထို့အပြင် ၂ဝ၁၂ ခုနှစ်တွင် အကြီးအကျယ် ရေကြီးခဲ့ပြီး မြောင်ပြိုချောင်းတစ်လျှောက် စိုက်ခင်းများ၊ လူနေအိမ်များနှင့် ရေထွက်ပင်ရင်းများ ရေလွှမ်းပျက်စီးခဲ့ကာ မြောင်ပြိုချောင်းမှာလည်း သတ္တုတွင်းစီမံကိန်းမှ စွန့်ပစ်ပစ္စည်းများ အနည်များနှင့်ပြည့်ကာ ချောင်းကောနေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ရွာက ရေတွင်းအချို့ကို စမ်းသပ်ကြည့်တော့ သုံးနှစ်အတွင်းမှာအာဆင်းနစ်နဲ့ ခဲဓာတ်ပါဝင်မှုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ထားတဲ့ အမြင့်ဆုံးအမှတ်ကို ကျော်နေပြီ။ သောက်သုံးလို့ မသင့်တော့ဘူး။ ယာတွေ ခြံတွေလည်း အကုန်ပျက်စီးနေပြီ။ အိမ်တွေ မြေမြုပ်လို့ တချို့ဆို နေလို့မရတော့ဘူး” ဟု ဒေသခံ ထားဝယ်လူမျိုး ဒေါ်တင်လှက မီဒီယာများသို့ ပြောကြားသည်။

ထိုသို့ ဒေသခံများ၏ ပျက်စီးဆုံးရှုံး နစ်နာမှုများအတွက် (MPCL) ကုမ္ပဏီနှင့် သက်ဆိုင်ရာ အစိုးရဌာနများသို့ ဖြေရှင်းပေးရန် အသိပေး တောင်းဆိုစာများ ပေးပို့ခဲ့သော်လည်း နှစ်ဖက်စလုံးမှ တာဝန်ယူရန် ငြင်းပယ်ခဲ့သဖြင့် ဒေသခံများက ထားဝယ်ရှေ့နေအဖွဲ့အား အကူညီတောင်းခံကာ ၎င်းတို့ပျက်စီးဆုံးရှုံးမှုအတွက် တရားစွဲဆိုထားကြောင်း သိရသည်။

၁၉၉၆ ခုနှစ် မြန်မာ့သတ္တုတွင်း နည်းဥပဒေ-မြေအသုံးပြုမှု နည်းဥပဒေ (၇၃) တွင် ရေသုံးစွဲမှုကြောင့် ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှု မဖြစ်စေရန် တာဝန်ယူရမည်ဟု ပါရှိကြောင်းနှင့် ဒေသခံများ အနေဖြင့်လည်း ယခင်အစိုးရနှင့် ကုမ္ပဏီအကြား ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များကို တောင်းယူကြည့်ရှုခွင့်ရရန် ကြိုးစားသင့်ကြောင်း အဆိုပါ မြောင်ပျိုဒေသရှိ သတ္တုတွင်းတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ဖူးသော အင်ဂျင်နီယာမှူး တစ်ဦးဖြစ်သူ ဦးစိန်သောင်းက သုံးသပ်ပြောကြားသည်။

မြောင်ပျိုကျေးရွာတွင် အိမ်ခြေ ၁ဝ၅ လုံးခန့်ရှိပြီး နေထိုင်သူ ၄၅ဝ ဦးခန့်ရှိပြီး ဒေသခံများ၏ အဓိက အသက်မွေးဝမ်းကြောင်းမှာ ဒူးရင်း၊ ကွမ်းသီးနှင့် ရော်ဘာစိုက်ပျိုးရေးဖြစ်ကာ တချို့မိသားစုများက ဟင်းသီးဟင်းရွက်နှင့် တနင်္သာရီမြစ်အတွင်း တစ်နိုင်တစ်ပိုင် ခဲကျင်ကြကြောင်း သိရသည်။

Eleven Media Group 

ဟိန္ဒားသတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ရှင်းလင်းပြောကြားနေစဉ်
ဟိန္ဒားသတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ရှင်းလင်းပြောကြားနေစဉ်
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အထက်တနင်္သာရီ မြစ်ကမ်းပေါ်ရှိ ဟိန္ဒား သတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် အနီးရှိ မြောင်ပျိုကျေးရွာသားများ၏ ပျက်စီးဆုံးရှုံးမှုများအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်သော အမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာန သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်း ကုမ္ပဏီ တစ်ခုဖြစ်သော Myanmar Pongpiat Compay Ltd.(MPCL) တို့အား ဒေသခံများမှ ထားဝယ်ခရိုင် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

အရပ်ဘက် လူ့အဖွဲ့အစည်း ၃၀ ကျော်က လူဦးရေ ၃၀၀၀ ကျော်ဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်

Photo: အရပ်ဘက် လူ့အဖွဲ့အစည်း ၃၀ ကျော်က လူဦးရေ ၃၀၀၀ ကျော်ဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်
Monday, May 26, 2014

နိုင်ငံရေးတက်ကြွလှုပ်သည့် အရပ်ဘက် လူ့အဖွဲ့အစည်း ၃၅ ဖွဲ့က လူဦးရေ ၃ဝဝဝ ကျော်ဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို မေ ၂၅ ရက် ညနေ ၃ နာရီတွင် သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့၌ ပြုလုပ်ခဲ့သည်။

ဆန္ဒပြရန်အတွက် သာကေတ ရုပ်ရှင်ရုံရှေ့နှင့် သာကေတကျောက်တိုင်တို့တွင် လူစု၍ နှစ်ဖွဲ့ခွဲကာ ဒေါပုံမြို့နယ် ဘောလုံးအားကစားကွင်းသို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက “ပုဒ်မ ၄၃၆ ချက်ခြင်းပြင်၊ ပုဒ်မ ၅၉ (စ) အလိုမရှိ၊ ပုဒ်မ ၆(စ) အလိုမရှိ” ဟု ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒို့အရေး”၊ “စစ်ကျွန်ဘဝ လွတ်မြောက်ရေး ၄၃၆ ကို ပြင်ဆင်ပေး ဒို့အရေး”၊ “တိုင်းရင်းသား တန်းတူညီမျှမှု ရရှိရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့အရေး”၊ “ဒီမိုကရေစီရရှိရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့အရေး” နှင့် “စားဝတ်နေရေး ပြေလည်ရေး အခြေခံဥပဒေပြင်ဆင်ပေး ဒို့အရေး” ဟူသော ကြွေးကြော်သံများကို ရွတ်ဆိုပြီး ဆန္ဒပြခဲ့ကြရာ လမ်းတစ်လျှောက် လက်ခုပ်တီး အားပေးသူများနှင့် စိတ်ပါဝင်စားသူများ ထပ်မံပါဝင်ခဲ့ကြသည်။

ထို့နောက် ဆန္ဒပြသည့် အဖွဲ့နှစ်ဖွဲ့မှာ ဒေါပုံမြို့နယ် အားကစားကွင်း၌ စုရုံးကြပြီး ၄၃၆ ပြင်ဆင်ရေး ဟောပြောမှုများကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်အနေနဲ့ လက်ရှိဖွဲ့စည်းပုံ အခြေအခံဥပဒေဟာ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ မပေးနိုင်ဘူးလို့ ထင်မြင်တယ်။ ဒီမိုကရေစီ အစစ်အမှန်ဆိုရင် ပြည်သူလူထုမှာပဲ အာဏာရှိရမယ်။ အခုဟာက စစ်တပ်ကို အာဏာအများဆုံးပေးထားတဲ့ ဥပဒေတွေ ပါဝင်နေတယ်။ ပြီးတော့ စပြီးရေးဆွဲကတည်းက ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်ကို ကောက်ခံခြင်းမရှိခဲ့တဲ့ ဥပဒေဖြစ်နေလို့ ဆန္ဒပြတာပါ။ ဘယ်သူ့အတွက်ရယ်ဆိုပြီး ဆန္ဒပြတာ မဟုတ်ပါဘူး။ နိုင်ငံသား အခွင့်အရေး အပြည့်အဝမရှိတဲ့ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ချင်တဲ့အတွက် အခုဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် သာကေတမြို့နယ်နေ ကိုမြင့်ဦးက ပြောကြားခဲ့သည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် အရပ်ဘက် လူ့အဖွဲ့စည်း ၃၅ ဖွဲ့မှာ Generation Wave၊ Yangon School of Political၊ We Generation၊ ဒီမိုကရေစီ အင်အားစု၊ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ ရန်ကုန်လူငယ်များ အစည်းရုံး၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်၊ အခြားနိုင်ငံရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့စည်းများနှင့် စိတ်ပါဝင်စားသူများ ပါဝင်ခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို ကိုယ်စားပြု၍ ခရိုင်လုံးကျွတ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြပွဲကို တရားဝင် ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲများအနက် လူအင်အားအများဆုံး ဆန္ဒပြမှုဖြစ်ခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ၄၂ မြို့နယ် ရှိသည့်အနက် ထက်ဝက်ကျော် ဆန္ဒထုတ်ဖော်ပြီးဖြစ်ကြောင်း သိရသည်။  

Eleven Media Group 

ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်နေမှုအား မေ ၂၅ ရက်က တွေ့ရစဥ
ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်နေမှုအား မေ ၂၅ ရက်က တွေ့ရစဉ်
နိုင်ငံရေးတက်ကြွလှုပ်သည့် အရပ်ဘက် လူ့အဖွဲ့အစည်း ၃၅ ဖွဲ့က လူဦးရေ ၃ဝဝဝ ကျော်ဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို မေ ၂၅ ရက် ညနေ ၃ နာရီတွင် သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့၌ ပြုလုပ်ခဲ့သည်။

ကြိုတင်မကြေညာဘဲ သမ္မတအိုဘားမား အာဖဂန်ရောက်ရှိ

Photo: ကြိုတင်မကြေညာဘဲ သမ္မတအိုဘားမား အာဖဂန်ရောက်ရှိ
Monday, May 26, 2014

အမေရိကန်သမ္မတ Barack Obama ဟာ တနင်္လာနေ့မှာ ကျရောက်တဲ့ Memorial Day လို့ခေါ်တဲ့ စစ်ပွဲ အတွင်း တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ စစ်သားတွေကိုအတွက် သတ်မှတ်ထားတဲ့ အောက်မေ့ဘွယ်နေ့ အားလပ်ရက်အတွင်း အာဖရန်နစ္စတန်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေထံ ကြိုတင် အကြောင်းကြားထားခြင်းမရှိဘဲ ၄ နာရီကြာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

စစ်မှုထမ်းနေကြသူတွေကို သူ့အနေနဲ့ ကျေးဇူးတင်ကြောင်းနဲ့ သူတို့ဟာ တကယ့် သူရဲကောင်းတွေဖြစ်ကြောင်း အာဖရန်နိုင်ငံ Bagram လေတပ်စခန်းအတွင်း တနင်္ဂနွေနေ့က တပ်ဖွဲ့ဝင်တွေကို ပြောကြားခဲ့ပါတယ်။
 
“ခင်ဗျားတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်မယ့်သူတွေရဲ့ရန်ကနေ အကာကွယ်ပေးခဲ့ပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်-တဲ့၊ ဒီဒေသမှာရှိနေတဲ့ al-Qaida အဖွဲ့ဟာလည်း ခင်ဗျားတို့ကြောင့် ထွက်ပြေးနေကြရပါပြီ။ ပြီးခဲ့တဲ့လအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ပြန်ကြည့်မယ် ဆိုရင်လည်း - အယ်လ်ခေဒါးအဖွဲ့က အမျိုးမျိုး ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တဲ့ကြားက သန်းနဲ့ချီတဲ့ အာဖဂန် နိုင်ငံသားတွေဟာ ကြောက်ရွံ့ခြင်းမရှိပဲ မဲရုံတွေမှာ တန်းစီပြီး မဲပေးခဲ့ကြပါတယ်လို့ ပြောသွားတာပါ။”

အာဖဂန်သမ္မတရွေးကောက်ပွဲပြီးလို့ သမ္မတသစ် တက်လာတဲ့အခါမှာ အမေရိကန်-အာဖဂန် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်းလည်း သမ္မတ အိုဘားမားက ပြောပါတယ်။

အာဖဂန်မှာရှိနေတဲ့ နိုင်ငံတကာ တိုက်ခိုက်ရေးတပ်ဖွဲ့တွေဟာ အခုနှစ်အကုန်မှာ အာဖဂန်ကနေ ထွက်ခွာ သွားကြတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ အာဖဂန်ခေါင်းဆောင်ပိုင်းက လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို လက်ခံမယ်ဆိုရင် သင်တန်းပို့ချတာနဲ့ အကြံဉာဏ် ပေးတာတွေ ဆက်လက် လုပ်ဆောင်ဖို့ ၂၀၁၄ ဒီဇင်ဘာလ နောက်ပိုင်း တပ်ဖွဲ့တချို့ ဆက်လက် ကျန်ကောင်း ကျန်ခဲ့နိုင်ပါသေးတယ်။

ဗွီအိုအေ (မြန်မာဌာန)

Memorial Day မှာ အာဖဂန်နိုင်ငံ၊ Bagram လေတပ်စခန်းကို သမ္မတ အိုဘားမားက မကြေညာဘဲသွားရောက်ခဲ့စဉ်
Memorial Day မှာ အာဖဂန်နိုင်ငံ၊ Bagram လေတပ်စခန်းကို သမ္မတ အိုဘားမားက မကြေညာဘဲသွားရောက်ခဲ့စဉ်
အမေရိကန်သမ္မတ Barack Obama ဟာ တနင်္လာနေ့မှာ ကျရောက်တဲ့ Memorial Day လို့ခေါ်တဲ့ စစ်ပွဲ အတွင်း တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ စစ်သားတွေကိုအတွက် သတ်မှတ်ထားတဲ့ အောက်မေ့ ဘွယ်နေ့ အားလပ်ရက်အတွင်း အာဖရန်နစ္စတန်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေထံ ကြိုတင် အကြောင်းကြား ထားခြင်းမရှိဘဲ ၄ နာရီကြာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒေါ်သန်းမြင့်အောင် မြန်မာ့ဂုဏ်ရည်ဆုရရှိ

Photo: ဒေါ်သန်းမြင့်အောင် မြန်မာ့ဂုဏ်ရည်ဆုရရှိ
Monday, May 26, 2014 

မြန်မာနိုင်ငံအတွင်း စေတနာ့ဝန်ထမ်း လူမှုရေးလုပ်ငန်းတွေ ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေကို သူတို့ရဲ့ လုပ်ရပ်တွေကို လေးစား ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ပြည်သူ့ဂုဏ်ရည်ဆု Citizen of Burma Award ကို ချီးမြင့်နေတာမှာ ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ရွေးချယ်ကြောင်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် Palm Beach Gardens မြို့မှာ မေလ ၂၄ ရက်နေ့က အခမ်းအနားကျင်းပပြီး ကြေညာလိုက်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်တွေကို ဆုချီးမြှင့်တဲ့အခမ်းအနားကိုတော့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ဇွန်လ ၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးနေသူ တဦးဖြစ်သလို သူမကိုယ်တိုင်ကလည်း တခြား လူမှုရေးလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေသူ တဦးဖြစ်ပါတယ်။

အခုနှစ်အတွက် ဆုပေးရွေးချယ်ဖို့ အမည်စာရင်း တင်သွင်းခံရသူတွေထဲက ဆရာမ ဒေါ်သန်းမြင့်အောင်ကို ရွေးချယ်လိုက်တာဖြစ်ပြီး ပြည်သူ့ဂုဏ်ရည် အထူးဆုရှင်တွေအဖြစ် တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ယက်က မခင်နှင်းကြည်သာ၊ ပန်းစကားအဖွဲ့နဲ့ One More အဖွဲ့တို့ကို ရွေးချယ်ခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပထမဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ နာရေးကူညီမှုအသင်း စတင်တည်ထောင်သူ၊ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူ ချီးမြှင့်ခံခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာတော့ ထောင်ဝင်စာတွေ့မယ့်သူ မရှိတဲ့ အကျဉ်းသားတွေကို ထောင်ဝင်စာထုတ်တွေ လိုက်လံ ဝေပေးခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ရှု၊ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်အပါအ၀င် တခြား ပရဟိတလုပ်ငန်းတွေ လိုက်လံ ဆောင်ရွက်ပေးနေတဲ့ Kachinland သတင်းဌာနက လဖိုင်နော်မိန်းနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပညာရေးကွန်ယက်အဖွဲ့တို့ တနှစ်စီ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
မြန်မာနိုင်ငံအတွင်း စေတနာ့ဝန်ထမ်း လူမှုရေးလုပ်ငန်းတွေ ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေကို သူတို့ရဲ့ လုပ်ရပ်တွေကို လေးစား ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ပြည်သူ့ဂုဏ်ရည်ဆု Citizen of Burma Award ကို ချီးမြင့်နေတာမှာ ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ရွေးချယ်ကြောင်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် Palm Beach Gardens မြို့မှာ မေလ ၂၄ ရက်နေ့က အခမ်းအနားကျင်းပပြီး ကြေညာလိုက်ပါတယ်။

ယူကရိန်းရွေးကောက်ပွဲရလဒ် Poroshenko ရှေ့ပြေး

Photo: ယူကရိန်းရွေးကောက်ပွဲရလဒ် Poroshenko ရှေ့ပြေး
Monday, May 26, 2014 

တနင်္ဂနွေနေ့လုပ်တဲ့ ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲ ထွက်လာတဲ့ နောက်ဆုံး ရလဒ်တွေမှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ချော့ကလက်လုပ်ငန်းရှင် ကုဋေကြွယ်သူဌေး Petro Poroshenko က အနိုင်ရနေပါတယ်။

မဲရလဒ်တွေအရ Poroshenko ဟာ မဲပေးသူ ၅၆ ရာခိုင်နှုန်းရဲ့ မဲတွေရထားပြီး ၀န်ကြီးချုပ်ဟောင်း Yulia Tymoshenko ဟာ ၁၃ ရာခိုင်နှုန်းနဲ့ ဒုတိယလိုက်နေပါတယ်။ မဲရလဒ် အပြည့်အစုံကတော့ တနင်းလာနေ့မှာ ထွက်လာမယ် မျှော်လင့်ရပါတယ်။

နိုင်ငံရဲ့အရှေ့ခြမ်းမှာတော့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက မဲရုံတွေကို ပိတ်ဆို့ပြီး ရွေးကောက်ပွဲ ပျက်အောင် ခြိမ်းခြောက်နေပေမယ်လို့ ယူကရိန်းအစိုးရကတော့ ဒီရွေးကောက်ပွဲကို ဆက်လုပ်ဖို့ ပိုင်းဖြတ်ခဲ့ပါတယ်။

ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ Donetsk မြို့မှာတော့ မဲရုံတွေ မဖွင့်နိုင်ခဲ့ပါဘူး။ Donetsk ဒေသ တခုလုံးမှာတော့ ရှားရှားပါးပါး မဲပေးသူ အရေအတွက် ၁၆ ရာခိုင်နှုန်းပဲ ရှိတယ်လို့ သတင်းရပါတယ်။ အကြမ်းဖက်မှုတွေနဲ့ ရန်ပြုမှုတွေကြားကနေ ယူကရိန်းပြည်သူတွေဟာ သူတို့ သဘောဆန္ဒ ထုတ်ဖော်နိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောပါတယ်။

ယူကရိန်းပြည်သူတွေအနေနဲ့ သူတို့ခေါင်းဆောင်ကို သူတို့ ရွေးချယ်ခွင့်ရဖို့၊ ဒီမိုကရေစီစနစ်မှာ နေထိုင်ခွင့်ရဖို့ အကြိမ်ကြမ်ပြသခဲ့ပြီးဖြစ်တယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းသမ္မတသစ်နဲ့ ရွေးချယ်ခံလွှတ်တော်နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရားဝင်မှုအပေါ် သံသယဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာက ပြောခဲ့ပေမယ့်လို့ ဒီရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမယ်ဆိုတာကိုတော့ကတိပေးထားပါတယ်။

ယူကရိန်းသမ္မတသစ်အနေနဲ့ ယူကရိန်းအရှေ့ဖက်ခြမ်းက ခွဲထွက်ရေး သမားတွေကို စစ်ရေးနှိမ်နင်းမှုတွေ အဆုံးသတ်လိမ့်မယ်လို့လည်း သူမျှော်လင့်တဲ့အကြောင်း ရုရှားသမ္မတက ပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ယူကရိန်းရဲ့ စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံရေးသမား၊ သမ္မတ ကိုယ်စား လှယ်လောင်း မစ္စတာ Petro Poroshenko မဲရလဒ်တွေ ကြေညာနေသော ဆိုင်းဘုတ်ရှေ့မှာ စကားပြောနေစဉ်။ (မေ ၂၅၊ ၂၀၁၄)
ယူကရိန်းရဲ့ စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံရေးသမား၊ သမ္မတကိုယ်စားလှယ်လောင်း မစ္စတာ Petro Poroshenko မဲရလဒ်တွေ ကြေညာ နေသော ဆိုင်းဘုတ်ရှေ့မှာ စကားပြောနေစဉ်
တနင်္ဂနွေနေ့လုပ်တဲ့ ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲ ထွက်လာတဲ့ နောက်ဆုံး ရလဒ်တွေမှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ချော့ကလက်လုပ်ငန်းရှင် ကုဋေကြွယ်သူဌေး Petro Poroshenko က အနိုင်ရနေပါတယ်။

အာဖဂန် စစ်ပွဲပြီးဆုံးပြီဖြစ်ကြောင်း အိုဘားမားပြော

Photo: အာဖဂန် စစ်ပွဲပြီးဆုံးပြီဖြစ်ကြောင်း အိုဘားမားပြော
Monday, May 26, 2014 

အမေရိကန် စစ်သားတွေကို သမ္မတမိန့်ခွန်းပြောရာမှာ သမ္မာကျမ်းစာထဲက ကိုးကားချက်တွေများပြီး စက်တင်ဘာ ၁၁ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန အတိုက်ခံရစဉ်က မီးလောင် ထားပေမယ့် မပျက်စီးတဲ့ အမေရိကန် အလံ အကြောင်းနဲ့ နိဂုံးချုပ်ခဲ့ပါတယ်။ ဒီမိန့်ခွန်းက အာဖဂန်မှာ အမေရိကန်က လာဆင်နွှဲတဲ့ စစ်ပွဲအခုအခါ သူ့အဆိုအရ တာဝန်ယူမှုတွေနဲ့အတူ ပြီးဆုံးပြီဆိုတာပြဖို့ဖြစ်ပါတယ်။

အာဖဂန်နိုင်ငံမှာ အရေးကြီးတဲ့ အချိန်ကျရောက်နေပြီဖြစ်ကြောင်း အမေရိကန်တပ်ဖွဲ့တွေက Al Qaeda ကို နှိမ်နင်းခဲ့သလို တာလီဘန်တို့အရဲ့အရှိန်ကိုလည်း အာနည်းအောင်လုပ်နိုင်တယ်လို့ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေး ပညာရေးပိုကောင်းလာပြီး တောင့်တင်းခိုင်မာတဲ့ အာဖဂန်စစ်တပ်ကိုလည်း အမွေထားခဲ့နိုင်တယ်လို့ သမ္မတကပြောပါတယ်။ အခုစစ်ပွဲမှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ကုသမှုနဲ့ပတ်သက်လို့ အမေရိကန်မှာ ပစ်တင်ဝေဖန် ခံနေရတုန်း အခုလို ရုတ်တရက်ရောက် လာတာဖြစ်ပါတယ်။ စစ်ပြန်တွေကို အလုပ်အကိုင် ရှာပေးမယ် ဒဏ်ရာရသူတွေကိုလည်း အပြောမဟုတ်ဘဲ တာဝန်အရ ပြန်ပြုစုမယ်လို့သမ္မတက ပြောတဲ့အခါ တက်ရောက်သူတွေက အကြီးအကျယ် သြဘာပေးခဲ့ကြပါတယ်။

နောက်နှစ်လအတွင်းရာထူးက ဆင်းပေးတော့မယ့် သမ္မတကာဇိုင်က လေတပ်ကို လာဖို့ငြင်းတဲ့အတွက် အိုဘားမားနဲ့မတွေ့ဖြစ်ပါဘူး။ သူဟာအမေရိကန်စစ်တပ်ကို နောက်ဆုံးအချိန်အထိ အပြင်းအထန်ဝေဖန်သွားပါတယ်။ လာမယ့်လအတွင်း အာဖဂန်ရွေးကောက်ပွဲ ဒုတိယအကြော့မှာပါမယ့် သမ္မတလောင်း၂ယောက်လုံးကတော့ ထိ အမေရိကန်တပ်ဖွဲ့အင်အား၁၀ဝ၀ဝ ကနေ ၁၅၀ဝ၀ဝအထိရှိမယ့် အင်အားသေးတဲ့ တပ်ဖွဲ့ လာမယ့်နှစ်မှာ ဆက်ထားဖို့ လုံခြုံရေး စာချုပ်လက်မှတ်ထိုးမယ်လို့ ကတိပြုထားကြောင်း အာဖဂန်ရှိ ဘီဘီစီသတင်းထောက် ကသတင်းပို့ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အာဖဂန်ရောက် သမ္မတအိုဘားမား
အာဖဂန်ရောက် သမ္မတအိုဘားမား
အမေရိကန် စစ်သားတွေကို သမ္မတမိန့်ခွန်းပြောရာမှာ သမ္မာကျမ်းစာထဲက ကိုးကားချက်တွေများပြီး စက်တင်ဘာ ၁၁ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန အတိုက်ခံရစဉ်က မီးလောင် ထားပေမယ့် မပျက်စီးတဲ့ အမေရိကန် အလံ အကြောင်းနဲ့ နိဂုံးချုပ်ခဲ့ပါတယ်။ ဒီမိန့်ခွန်းက အာဖဂန်မှာ အမေရိကန်က လာဆင်နွှဲတဲ့ စစ်ပွဲအခုအခါ သူ့အဆိုအရ တာဝန်ယူမှုတွေနဲ့အတူ ပြီးဆုံးပြီဆိုတာပြဖို့ဖြစ်ပါတယ်။

ပူစပ်သည့် ဟင်းလျာများ စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုရှည် စေနိုင်ဟု သိပ္ပံ ပညာရှင်များ ပြောကြား

Photo: ပူစပ်သည့် ဟင်းလျာများ စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုရှည် စေနိုင်ဟု သိပ္ပံ ပညာရှင်များ ပြောကြား
Monday, May 26, 2014  

ပူစပ်သည့် ဟင်းလျာများကို စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုမိုရှည်လျား စေနိုင်သည်ဟု လေ့လာတွေ့ရှိချက် စာစောင် တစ်ခုတွင် ရေးသားဖော်ပြ ထားသည်။

ပူစပ်သည့် ဟင်းလျာများတွင် ပါဝင်သော ငရုတ်သီးများ၏ နာကျင်မှုကို ဟန့်တားနိုင်စွမ်းရှိသည့် စွမ်းရည်သည် လူ့ဘဝ သက်တမ်းကို ပို၍ ရှည်စေကြောင်း သိပ္ပံ ပညာရှင်များက ပြောကြားထားပြီး ကြွက်များတွင် စမ်းသပ် မှု ပြုလုပ်ပြီးနောက် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တိရစ္ဆာန် များတွင် နာကျင်မှုဒဏ်ကို ခံစားနိုင်သည့်ျTRPV1 ပရိုတင်းကို မထုတ်လုပ် နိုင်ခြင်းသည် ၎င်းတို့ ပို၍ အသက်ရှည်ရသည့် အကြောင်းရင်း ဖြစ်နိုင်သည်ဟု ယူဆ ရကြောင်း၊ တိရစ္ဆာန်များသည် လူသားများထက် ပို၍ ကျန်းမာမှု ရှိသည့်အပြင် ၁၄ ရာခိုင်နှုန်းခန့် ပို၍ အသက်ရှည်ကြကြောင်း သိပ္ပံပညာရှင် များက ပြောကြားသည်။

ထို့ကြောင့် နာကျင်သည့် ခံစားမှု အချက်ပြ မှုများအား ဦးနှောက်သို့ ပေးပို့မှုကို ဟန့်တား နိုင်စွမ်းရှိသည့် ငရုတ်သီးများ၏ စွမ်းရည်ကြောင့် အစပ်ချက်ထားသော ဟင်းလျာများကို စားသုံးသူများသည် သက်တမ်း ပို ရှည်နိုင်ကြောင်း၊ ထို့အပြင် ထိုကဲ့သို့ စားသုံးခြင်းသည် အဝလွန်ခြင်းနှင့် ဆီးချို ရောဂါများကိုလည်း ကာကွယ် ပေးနိုင် သည်ဟု ယူဆ ရကြောင်း သိပ္ပံပညာ ရှင်တစ်ဦးဖြစ်သူ အန်ဒရူး ဒိုင်လန်က ပြောကြားသည်။

မြ၀တီ
ပူစပ်သည့် ဟင်းလျာများကို စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုမိုရှည်လျား စေနိုင်သည်ဟု လေ့လာတွေ့ ရှိ ချက် စာစောင် တစ်ခုတွင် ရေးသားဖော်ပြ ထားသည်။

Sunday, 25 May 2014

"ယင်လတ် ရှင်နာဝတ်ကို ပြန်လွှတ်လိုက်ပြီ"


ထိုင်းစစ်တပ်က ခေါ်ယူ ထိမ်းသိမ်းထားသော ၀န်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝတ်ကို ယနေ့ ညနေပိုင်းက ပြန်လွှတ်လိုက်ပြီဟု သတင်းရရှိသည်။
သိုသော် ထိုင်းစစ်တပ် အာဏာသိမ်းမှုသည် အခြားသော စစ်အာဏာသိမ်းမှုများ ကဲ့သို့ပင် စာအုပ်ကြီး အတိုင်း ဖြစ်လာနေပြီဟု လေ့လာသူများက ဆိုသည်။ ခန့်မှန်းခဲ့ကြသည့်အတိုင်းပင် ညမထွက်ရ အမိန့်များ၊ စစ်အုပ်ချုပ်ရေး ကြေငြာချက်များ၊ ရုပ်သံမှ စစ်ချီတေး ထုတ်လွှင့်မှုများနောက်တွင် မီဒီယာ ဆင်ဆာနှင့် ဖမ်းဆီးထိမ်းသိမ်းမှုများ ပါလာသည်။နောက်ဆုံးတွင်တော့ အသင့် အနေအထား ရှိနေသော လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်သားများက နေရာတိုင်း လိုလိုတွင် ရောက်လာခဲ့ပြီ။ ယခု အချိန်တွင် မြို့တွင်း လမ်းထောင့်မှ မက်ဒေါ်နယ်ဆိုင် ရှေ့တွင်ပင် လက်နက်ကိုင် စစ်သားအစောင့် ရှိနေပြီ ဖြစ်သည်။တဖက်ခြမ်းတွင်တော့ ညနေအတွက် စားသောက်စရာ ၀ယ်ရန် တန်းစီနေသော ပြည်သူများ ရှိသည်။ သူတို့ကြားတွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း အော်ဟစ်ကာ ဆန္ဒ ဖော်ထုတ်ကြသူ လူတစ်စုက တန်းစီစောင့်ကြပ်နေသော စစ်သည်များကို ရင်ဆိုင်လျှက်ရှိသည်။မကြာမီ စစ်တပ်က ထရပ်ကားတစ်စီး ရောက်လာပြီး အသင့်တင်ဆောင်လာသော အသံလွှင့်စက်များဖြင့် စစ်ချီသီချင်းများ ဖွင့်ကာ ဆန္ဒပြသူများ၏ အသံကို ဖုံးလွှမ်းပစ်လိုက်သည်။

အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ၅၉(စ) ကို လက်ရှိအချိန်ထိမဆွေးနွေးရသေး

ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် အရေးကြီးသည့်အကြောင်း အရာများကို ပြင်ဆင်နိုင်ရန် ဦး စားပေးဆွေးနွေးရမည့်မူ ချမှတ် ထားသော်လည်း နိုင်ငံတော်သမ္မ တအရည်အချင်းသတ်မှတ်ချက် တစ်ခုဖြစ်သော ပုဒ်မ ၅၉(စ)ကို လက်ရှိအချိန်ထိ မဆွေးနွေးရသေးကြောင်း ကော်မတီအဖွဲ့ဝင် အချို့ထံမှ သတင်းရရှိသည်။ လက်ရှိအချိန်ထိ ကော်မတီ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့်ပုဒ်မပေါင်း ၅၀နီး ပါးဆွေးနွေးပြီးဖြစ်သော်လည်း ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် ဆွေးနွေးနိုင်သည့်အခြေအနေ မ ရောက်သေးကြောင်း ကော်မတီ အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ဦးကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်နိုင်ရေးအကောင် အထည်ဖော်မှုကော်မတီ၏ အ စည်းအဝေးတွင် ပုဒ်မ၄၃၆ကိုပြင် ဆင်ရန် လွှတ်တော်သို့ တင်ပြရာတွင် ထည့်သွင်းသင့်ကြောင်း အဆိုပြုထားသည့် ပုဒ်မတစ်ခု ဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအ ၀ိုင်းက ထောက်ပြထားသည်။

ဗဟန်းမြို့နယ်တွင် ဓာတ်ကြိုးပြတ်ကျသဖြင့် နှစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါအ၀င် လူလေးဦး ဓာတ်လိုက်ဒဏ်ရာရ

Photo: ဗဟန်းမြို့နယ်တွင် ဓာတ်ကြိုးပြတ်ကျသဖြင့် နှစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါအ၀င် လူလေးဦး ဓာတ်လိုက်ဒဏ်ရာရ
Sunday, May 25, 2014

ဗဟန်းမြို့နယ်တွင် ဓာတ်ကြိုးတစ်ကြိုး ပြတ်ကျသဖြင့် နှစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါအဝင် လူလေးဦး ဓာတ်လိုက်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၃ ရက် ညနေ ၆ နာရီ ခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံမြောက် အနောက်ရပ်ကွက်၊ မော်လမြိုင်လမ်းရှိ နေအိမ်တစ်အိမ်အတွင်း အသက် (၂ဝ) ကျော်အရွယ် မိန်းကလေးတစ်ဦးမှ နှစ်နှစ်သားအရွယ်က လေးအားချီလျက် နေအိမ်အပြင်သို့ ထွက်လာစဉ် အဆိုပါလမ်းတွင်း သွယ်တန်းထားသော ဓာတ်ကြိုးမှာ ကလေးချီထားသော အမျိုးသမီး၏လက်ပေါ်သို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။
ယင်းသို့ ဓာတ်ကြိုးပြုတ်ကျခဲ့သဖြင့် ထိုအမျိုးသမီးမှာ ဓာတ်လိုက်ခဲ့ပြီး ကလေးမှာ ဓာတ်ကြိုးပေါ်သို့ ပြုတ်ကျသွားခဲ့ကြောင်း၊ ယင်းနောက်ကလေး၏ အဘိုးဖြစ်သူနှင့် အဘွားဖြစ်သူမှ ကလေးအား ဝင်ဆွဲစဉ် ယင်းတို့နှစ်ဦးအား ထပ်မံဓာတ်လိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဓာတ်လိုက်ခဲ့သဖြင့် နှစ်နှစ်သားအရွယ်ကလေးမှာ ခန္ဓာကိုယ်တွင် အပူလောင်ဒဏ်ရာများရရှိကာ ရန်ကင်းကလေးဆေးရုံကြီးသို့ တင်ပို့ကုသထားရပြီး အဘိုးဖြစ်သူတွင်လည်း အပူလောင်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်းလည်း သိရသည်။
“ကောင်မလေးက သူ့တူလေးကို ချီပြီး အိမ်ရှေ့ကို ထွက်လာတဲ့အချိန်မှာ ဓာတ်ကြိုးက ကောင်မလေးရဲ့ လက်ပေါ်ကို ပြတ်ကျ တယ်။ နောက်ပြီး ကလေးက ဓာတ်ကြိုးပေါ်ကို လွတ်ကျသွားတယ်။ အဲဒီမှာ ကလေးရဲ့ အဘိုးနဲ့အဘွားက ကလေးကိုဝင်ဆွဲတာမှာ လေးယောက်စလုံးကိုဓာတ်လိုက်တယ်။ ဒါနဲ့လမ်းထဲက ကောင်လေးတစ်ယောက်က လမ်းထိပ်မှာရှိတဲ့ ထရမ်စဖော်မာပုံးက မိန်းခလုတ်ကိုပြေးချလို့ တော်တော်လေး သက်သာသွားတာ။ ကလေးနဲ့ သူ့အဘိုးကတော့ ဒဏ်ရာတော်တော်လေးပြင်းတယ်။ ကောင်မလေး နဲ့ အဘွားဖြစ်သူကတော့ နည်းနည်းပါးပါးပဲ ဒဏ်ရာရသွားတယ်” ဟု အခင်းဖြစ်စဉ်အား မျက်မြင်ကြုံတွေ့ခဲ့သော ကိုအောင်ကျော်ဦး က ပြောကြားသည်။

အဆိုပါ အခင်းဖြစ်ပွားရာလမ်းအတွင်းရှိ ဓာတ်ကြိုးများမှာ နှစ်ကာလကြာနေပြီဖြစ်သောကြောင့် လူတွေကို အန္တရာယ်ဖြစ်နိုင်တဲ့အထိ ဟောင်းနွမ်းနေသဖြင့် လွန်ခဲ့သောတစ်နှစ်ခန့်မှစ၍ ဓာတ်ကြိုးများအား လဲလှယ်ပေးရန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သို့စာဖြင့် တင်ပြထားခဲ့သော်လည်း လာရောက်လဲလှယ်ပေးခြင်း မရှိခဲ့ကြောင်း သိရသည်။
“ဒီလိုဖြစ်တာကတော့ ဓာတ်ကြိုးတွေက ဟောင်းနွမ်းနေတယ်။ မကြာခဏလည်း ပြတ်ကျတယ်။ ကျွန်တော်တို့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကိုလည်း ပြုပြင်ပေးဖို့ လွန်ခဲ့တဲ့နှစ်ကတည်းက စာတင်ထားတယ်။
လာရောက်ပြင်ဆင်ပေးခြင်း မရှိခဲ့ပါဘူး။ ခုလိုဖြစ်သွားတော့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ဒုတိယမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရောက်လာပြီးတော့ ပြတ်ကျတဲ့ဓာတ်ကြိုးကိုလည်း လာလဲသွားတယ်။ နောက်ပြီး ဓာတ်လိုက်ခံခဲ့ရတဲ့ မိသားစုကို ငွေကြေးထောက်ပံ့ပေးပါမယ်လို့ ပြောသွားတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဟောင်းနွမ်းနေတဲ့ ဓာတ်ကြိုးတွေအကုန်လုံးကို အမြန်ဆုံး လဲပေးစေချင်ပါတယ်” ဟု ဓာတ်လိုက်ခံခဲ့ရသူများ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။
ထို့အပြင် ယင်းကဲ့သို့ ထပ်မံဖြစ်ပွားမည်ကိုလည်း စိုးရိမ်နေရကြောင်း အဆိုပါ လမ်းအတွင် နေထိုင်သူများ၏ ပြောပြချက်များ အရသိရသည်။

(အခင်းဖြစ်ပွားခဲ့သည့်လမ်းအတွင်းရှိ ဟောင်းနွမ်းနေသော ဓာတ်ကြိုးများနှင့် အခင်းဖြစ်ပွားရာအိမ်အနီးရှိ ပြတ်ကျခဲ့သော ဓာတ်ကြိုးအား ပြန်လည်လဲလှယ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ))
Eleven Media Group
(အခင်းဖြစ်ပွားခဲ့သည့်လမ်းအတွင်းရှိ ဟောင်းနွမ်းနေသော ဓာတ်ကြိုးများနှင့် အခင်းဖြစ်ပွားရာအိမ်အနီးရှိ ပြတ်ကျခဲ့သော ဓာတ်ကြိုးအား ပြန်လည်လဲလှယ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ))
ဗဟန်းမြို့နယ်တွင် ဓာတ်ကြိုးတစ်ကြိုး ပြတ်ကျသဖြင့် နှစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါအဝင် လူလေးဦး ဓာတ်လိုက်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၃ ရက် ညနေ ၆ နာရီ ခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံမြောက် အနောက်ရပ်ကွက်၊ မော်လမြိုင်လမ်းရှိ နေအိမ်တစ်အိမ်အတွင်း အသက် (၂ဝ) ကျော်အရွယ် မိန်းကလေးတစ်ဦးမှ နှစ်နှစ်သားအရွယ်က လေးအားချီလျက် နေအိမ်အပြင်သို့ ထွက်လာစဉ် အဆိုပါလမ်းတွင်း သွယ်တန်းထားသော ဓာတ်ကြိုးမှာ ကလေးချီထားသော အမျိုးသမီး၏လက်ပေါ်သို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။
ယင်းသို့ ဓာတ်ကြိုးပြုတ်ကျခဲ့သဖြင့် ထိုအမျိုးသမီးမှာ ဓာတ်လိုက်ခဲ့ပြီး ကလေးမှာ ဓာတ်ကြိုးပေါ်သို့ ပြုတ်ကျသွားခဲ့ကြောင်း၊ ယင်းနောက်ကလေး၏ အဘိုးဖြစ်သူနှင့် အဘွားဖြစ်သူမှ ကလေးအား ဝင်ဆွဲစဉ် ယင်းတို့နှစ်ဦးအား ထပ်မံဓာတ်လိုက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှု အဆိုးဆုံး ၇၉ နေရာရှိ

ရန်ကုန်မြို့တွင် ယာဉ် ကြောကျပ်တည်းမှုအများဆုံးနှင့် စည်းကမ်းမဲ့ယာဉ်မောင်းနှင်မှုအ များဆုံးနေရာမှာ မြို့တွင်းပိုင်း၌ ၇၉ နေရာရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှဒုရဲမှူး ကြီး လင်းထွဋ်က ပြောသည်။ ‘‘ကျွန်တော်တို့အဖွဲ့တွေထဲ က နယ်မြေတွေခွဲပြီး စစ်တမ်း ကောက်ယူချက်တွေအရ ဒီလို နယ်မြေ ၇၉ နေရာ သတ်မှတ်နိုင်ခဲ့ပါတယ်’’ ဟု ဒုရဲမှူးကြီးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းတပ်ဖွဲ့၏ စစ်တမ်းကောက်ယူချက်များအရ အဆိုပါ ၇၉ နေရာမှာ ခရေပင်လမ်းဆုံ၊ ချော်တွင်းကုန်းလမ်းဆုံ၊ သမိုင်းလမ်းဆုံ၊ အောင်မင်္ဂလာ အဝေးပြေးအနီး၊ ဆရာစံလမ်းမ၊ ရန်ကင်း စင်တာ ရှေ့၊ ကမ္ဘာအေးဘုရားလမ်းပေါ် မှ စက်မှု ၁ လမ်းဆုံ၊ လေးထောင့် ကန်လမ်း၊ တာမွေ ဗလီထိပ်၊ တာ မွေငါးခွဆုံ၊ သုဓမ္မာ၊ ဝေဘာဂီအ နော်ရထာလမ်း အစရှိသော ရန် ကုန်မြို့၏ လမ်းဆုံလမ်းခွ ၇၉ နေရာကို ယာဉ်ကြောကျပ်တည်းမှုနေရာအဖြစ် သတ်မှတ်လိုက် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးက မေလ ၂၄ ရက်တွင် သတင်း ထုတ်ပြန်သည်။

တရားခံပြေးလာဖမ်းသည့် ရဲနှစ်ဦးကို ရွာသားများ ၀ိုင်းရိုက်ပြီး ရဲကင်း မီးရှို့

တရားခံပြေးလာဖမ်း သော ရဲနှစ်ဦးကို ရွာသားများက ဖမ်းဆီးပြီး ရိုက်နှက်ကာ ရဲကင်း ကို မီးရှို့မှု စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။
မေလ ၂၂ ရက်ညနေက ဗန်း မောက်မြို့နယ်၊ မန်စီကြီးရဲစခန်း ပိုင် နယ်မြေ လိတ်စောရဲကင်းမှ ရဲတပ်သားနှစ်ဦးသည် ဟော့ယော ကျေးရွာတွင်ရှိနေသည့် တရားခံ ပြေးတစ်ဦးအား သွားရောက်ရှာ ဖွေခဲ့ရာ မတွေ့သဖြင့် ကျေးရွာ အုပ်ချုပ်မှူးနှင့်အတူ ရွာလမ်း အတိုင်းပြန်လာစဉ် အောင်ရွှေ ဆိုသူ ဦးဆောင်သည့် ရွာသား ဆယ်ဦးခန့်က အော်ဟစ်ကာ ၀ိုင်းလာသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အိမ်ထဲတွင် ၀င်ပုန်းခဲ့ရသည်။

ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်မှု ကြီးထွားလာနေ


Photo: ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်မှု ကြီးထွားလာနေ
Sunday, May 25, 2014

ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယင်းကိုဆန့်ကျင်ဆန္ဒပြရန်အတွက် လူပေါင်း ၃ဝဝ ခန့် ဘန်ကောက်မြို့လယ်ကောင်တွင် စုဝေးခဲ့ကြသည်။ ယင်းသည် ထိုင်းနိုင်ငံအကြီးအကဲအသစ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ဆန့်ကျင်သည့် အစောပိုင်းလက္ခဏာရပ်ဖြစ်ပြီး သူ့အနေဖြင့် ပိုမိုကြီးထွားလာသည့် ဆန့်ကျင်မှုများကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဆိုသည်။

ထုတ်ပြန်ထားသော မာရှယ်လောအရ လူငါးယောက်ထက်ပို၍ စုဝေးခြင်းကို ပိတ်ပင်ထားသော်လည်း ဆန္ဒပြသူများသည် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ရင်ဆိုင်ခဲ့ကြောင်း သိရသည်။ မေ ၂၂ ရက်က တော်ဝင် ထိုင်းတပ်မတော်ကလပ်ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်စဉ် ရှပ်နီခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ ဒါဇင်နှင့်ချီလျက်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လေ့လာသုံးသပ်သူများက ထိုင်းနိုင်ငံအတွက် အကောင်းဆုံးမှာ ပြုပြင်ပြောင်းလဲမှုများနှင့် ရွေးကောက်ပွဲများ အလျင်အမြန်ပြုလုပ်ခြင်းဖြစ်ပြီး အဆိုးဆုံးမှာ စစ်အုပ်ချုပ်ရေး ကြာရှည်ကာ ဆန့်ကျင်ရေးအင်အားစုများ ကြီးထွားလာပြီး အကြမ်းဖက်မှုများ ဖြစ်ပွားလျက် မငြိမ်သက်မှုဝဲဩဃအတွင်းသို့ ထိုင်းနိုင်ငံနစ်မြုပ်သက်ဆင်းရခြင်းဖြစ်သည်ဟု ဆိုသည်။

ယခင်အစိုးရအနေဖြင့် စပါးဝယ်ယူရေးအစီအစဉ် ပျက်ကွက်ခဲ့မှုကြောင့် ထောင်ပေါင်းများစွာသော လယ်သမားများကိုပေးရန် သန်းနှင့်ချီလျက် တင်ရှိနေသောအကြွေးငွေများကို ရှာဖွေရန်အတွက် သူသည် ဗျူရိုကရေစီစနစ်ကို လိုလားကြောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောကြားခဲ့သည်။

သူက “ကျွန်တော်တို့ စောင့်ဆိုင်းကြရမှာပါ။ လူ့အဖွဲ့အစည်းအတွင်းမှာ အဆင်ပြေညီညွတ်မှုနဲ့ ချစ်ခြင်းမေတ္တာတရားကို  ပြန်လည်ဖန်တီးဖို့ လိုအပ်ပါတယ်” ဟု မေ ၂၃ ရက်က သံတမန်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။ သူက အဓိက ပြုပြင်ပြောင်းလဲရေးအဖြစ် ရွေးကောက်ပွဲစနစ်ကို  ပထမဆုံးပြောင်းလဲရန် လိုအပ်ကြောင်းလည်း အထူးပြုပြောကြားခဲ့သည်။

ထိုင်းအထက်လွှတ်တော်ကို ဖျတ်သိမ်း

အထက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်က ရုပ်သံမှ ကြေညာခဲ့ပြီး ဥပဒေပြုရေးအာဏာအလုံးစုံကို ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ပေးအပ်ခဲ့သည်။ ပရာယွတ်သည် အာဏာသိမ်းမှုနှင့် ပတ်သက်သည့် စာတစ်စောင်ကို ထိုင်းဘုရင်ကြီး ဘူမိဘောအဒူလျာဒက်ပေးပို့ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။  အသက် ၈၆ နှစ်အရွယ် ဘုရင်ကြီးသည် ပရာယွတ်၏ စာကို အသိအမှတ်ပြုခဲ့ကြောင်း စစ်ဘက်က ပြောကြားခဲ့သော်လည်း ထိုင်းဘုရင့်နန်းတော်သည် အာဏာသိမ်းမှုနှင့် ပတ်သက်၍ မည်သည့်ကြေညာချက်ကိုမျှ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

မေ ၂၄ ရက်က ဘန်ကောက်မြို့ရှိ ဆန္ဒပြပွဲတစ်ခုတွင် ထိုင်းစစ်သားများပေါ်ကျော်၍ မေ၂၄ ရက်က ဘန်ကောက်မြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြနေကြသူများကို တွေ့ရစဉ် (Photo: AFP)ဆန္ဒပြသူများက စာတန်းများ ကိုင်မြှောက်ပြစဉ်
 Eleven Media Group
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြနေကြသူများကို တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယင်းကိုဆန့်ကျင်ဆန္ဒပြရန်အတွက် လူပေါင်း ၃ဝဝ ခန့် ဘန်ကောက်မြို့လယ်ကောင်တွင် စုဝေးခဲ့ကြသည်။ ယင်းသည် ထိုင်းနိုင်ငံအကြီးအကဲအသစ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ဆန့်ကျင်သည့် အစောပိုင်းလက္ခဏာရပ်ဖြစ်ပြီး သူ့အနေဖြင့် ပိုမိုကြီးထွားလာသည့် ဆန့်ကျင်မှုများကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဆိုသည်။

ပြည်သူလူထု သဘောတူညီချက် မပါဝင်ဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

Photo: ပြည်သူလူထု သဘောတူညီချက် မပါဝင်ဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Sunday, May 25, 2014

ပြည်သူလူထု၏ သဘောတူညီချက်မပါဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်မည်မဟုတ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မေ ၂၄ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်နှင့် မြန်မာနိုင်ငံအတွင်းသို့ ဖောက်လုပ်သွားမည့် ရထားလမ်းစီမံကိန်းအတွက် ပဏာမအဆင့်သာ သဘောတူညီချက်ရယူထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဆက်လက်ပြောကြားသည်။

ကနဦး ရထားပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားချက်များတွင်လည်း ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်ရန် ပြန်လည်စိစစ်မှုများ ပြုလုပ်နေပြီးနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ အတိအကျ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက “ခေတ်စနစ်ကလည်း ဒီဘက်ကို ပြောင်းလာတယ်။ပြည်သူလူထုရဲ့လိုလားချက်၊ လက်ခံမှုနိုင်မှုတွေ မပါဝင်ဘဲ ဒီလမ်းပိုင်းကို ဖောက်လုပ်မှာ မဟုတ်တဲ့အတွက် မစိုးရိမ်ကြပါနဲ”ဟုပြောကြားခဲ့သည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်းမှာ တရုတ်နိုင်ငံဘက်မှ ကုန်ကျမည့် စရိတ်အများစုကို ရင်းနှီးဆောက်လုပ်မည်ဖြစ်ပြီး နှစ် ၅ဝ ကြာမြင့်မည်ဖြစ်သော ဘီအိုတီစီမံကိန်းဖြစ်ကြောင်းလည်း MoU စာချုပ်တွင် ဖော်ပြထားကြောင်း သိရသည်။

သို့သော် အဆိုပါ ရထားလမ်းစီမံကိန်းမှာ မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်ကာ ဖောက်လုပ်မည့်စီမံကိန်း ဖြစ်သောကြောင့် နိုင်ငံ၏အချုပ်အခြာအာဏာအပြင် စီမံကိန်းကြောင့် ဆိုးကျိုးရလဒ်များ ထိခိုက်လာနိုင်ကြောင်း လူမှုအဖွဲ့အစည်းများမှ ထောက်ပြဝေဖန်ထားသည့်အပြင် အဆိုပါစီမံကိန်းအတွက် ကန့်ကွက်ဆန္ဒပြမှုများနှင့် နိုင်ငံရေးပါတီအချို့၏ သဘောတူညီမှု မရှိကြောင်း ကြေညာချက်များလည်း ထုတ်ပြန်ထားမှုများ ရှိခဲ့သည်။

တရုတ်နိုင်ငံမှ ရထားလမ်းစီမံကိန်းအပြင် ကားလမ်းကိုပါ ဖောက်လုပ်ရန် မြန်မာနိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း၊ လက်ရှိတွင် ကားလမ်းဖောက်လုပ်ရန် ဖြစ်နိုင်ခြေ အကြိုလေ့လာမှုများ ပြီးစီးနေပြီဖြစ်ကြောင်း၊ ဆောက်လုပ်မှုအပိုင်းနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းကို ယခင် ရထားပို့ဆောင်ရေးဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်မင်း၊ တာဝန်မှ အနားယူခဲ့သော ဒုတိယသမ္မတ သီဟသူရတင်အောင်မြင့်ဦးတို့ ဦးဆောင်ကာ တရုတ်နိုင်ငံဘက်မှ Chian Railway Engineering Corporation (CREC) တို့နှင့် ၂ဝ၁၁ ခုနှစ် ဧပြီလအတွင်းက နားလည်မှုစာချွန်လွှာ MoU စာချုပ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၂ဝ ခန့် အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

စာချုပ်ရေးထိုးခဲ့စဉ်တွင် တရုတ်ဘက်မှ သုံးနှစ်အတွင်း အဆိုပါစီမံကိန်းကို အပြီးသတ်လုပ်ဆောင်နိုင်မည်ဟု ကြေညာမှုများရှိခဲ့ပြီး လက်ရှိအချိန်တွင်မှု မြန်မာနိုင်ငံနှင့် လုပ်ငန်းလုပ်ဆောင်ရန် သဘောတူညီချက် MOA  စာချုပ်ရေးထိုးမှု မပြုလုပ်ရသေးကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး မီဒီယာများနှင့်တွေ့ဆုံစဉ်(ဓာတ်ပုံ-အောင်ရဲကို)
Eleven Media Group
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး မီဒီယာများနှင့်တွေ့ဆုံစဉ်(ဓာတ်ပုံ-အောင်ရဲကို)

ပြည်သူလူထု၏ သဘောတူညီချက်မပါဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်မည်မဟုတ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မေ ၂၄ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ငြိမ်းချမ်းရေးလိုချင်လျှင် အမှန်တကယ်ရိုးသားရန်လိုကြောင်း သူရဦးရွှေမန်းပြောကြား

ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား ဆွေး နွေးလျက်ရှိသော ပြည်တွင်းငြိမ်း ချမ်းရေးလိုချင်လျှင် အမှန် တကယ်ရိုးသားရန်လိုအပ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောကြားသည်။
‘‘ငြိမ်းချမ်းရေးကိုလိုချင်ရင် တကယ်ရိုးသားဖို့လိုတယ်’’ ဟု နေပြည်တော်ဇေယျာသီရိမြို့နယ် မှ အုပ်ချုပ်ရေးအဖွဲ့အစည်းဝင် များ၊ တက္ကသိုလ်ပါမောက္ခချုပ် များ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ရပ်မိရပ်ဖများနှင့် မေလ ၂၄ ရက်တွင်တွေ့ဆုံရာ၌ သူရ ဦးရွှေမန်းက ထိုကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။ထို့အပြင် ငြိမ်းချမ်းရေးရရှိ ရန်ကြိုးစားရာတွင်လည်း ပါးစပ် ဖြင့်ပြောနေရုံနှင့်မလုံလောက် ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။ ‘‘ငြိမ်းချမ်းရေးကို ပါးစပ်နဲ့လိုချင်လို့မရဘူး။ တချို့ က ငြိမ်းချမ်းရေးကိုပါးစပ်နဲ့လိုချင်ပြီး လက်တွေ့မှာအခုလိုနေခြင်း ဟာ သူတို့အတွက်ပိုပြီးအကျိုးရှိ တယ်ဆိုတဲ့ပုံစံမျိုးတွေရှိတယ်’’ဟု ၎င်းကပြောကြားခဲ့သည်။
တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကြိုးစားရာ၌ မူမတူ ခြင်း၊ ပါတီကွဲခြင်းကို ရန်သူကဲ့ သို့သဘောထားလျှင်လည်း မှား လိမ့်မည်ဖြစ်ကြောင်း ယခင်က လည်း လွဲခဲ့၊ မှားခဲ့ကြောင်း သူရ ဦးရွှေမန်းကပြောကြားသည်။

စစ်တပ်က မီဒီယာကိုထိန်းချုပ်ထား၍ ထိုင်းတွင် ဂျာနယ်လစ်များ ဖုန်း၊ လူမှုကွန်ရက်များဖြင့် သတင်းပို့ခြင်းပြုလုပ်လာ

Photo: စစ်တပ်က မီဒီယာကိုထိန်းချုပ်ထား၍ ထိုင်းတွင် ဂျာနယ်လစ်များ ဖုန်း၊ လူမှုကွန်ရက်များဖြင့် သတင်းပို့ခြင်းပြုလုပ်လာ
Sunday, May 25, 2014

ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်း ညမထွက်ရအမိန့် ထုတ်ထား ပြီး မီဒီယာကို ထိန်းချုပ်မှုများ တင်းကျပ်လာသဖြင့် သတင်းလိုက်ခြင်း နှင့် ပေးပို့ခြင်း၊ ရုပ်သံထုတ်လွှင့် ခြင်းများ မလုပ်နိုင်ဘဲ ဖြစ်နေရာ ထိုင်းပြည်တွင်း သတင်းထောက်အချို့သည် မိုဘိုင်းဖုန်းများ၊ လူမှုကွန်ရက်များမှတစ်ဆင့် ၎င်းတို့ရရှိသော သတင်းများ၊ ဗီဒီယိုဖိုင်များကို ဖြန့်ဝေခြင်း၊ သတင်းပို့ တင်ပြခြင်းများကို လုပ်ဆောင် လာရသည်။

ထိုင်းနိုင်ငံတွင် အာဏာ သိမ်းပြီးနောက် ရုပ်သံလွှင့်ရုံတော် တော်များများကို စစ်တပ်က ထိန်း ချုပ်ထားခဲ့ပြီး ထုတ်လွှင့်မှုများတွင်လည်း စစ်တပ်က အတည်ပြု သည့်၊ ခွင့်ပြုသည့် သတင်းများကို သာ ထုတ်လွှင့်နေရသည်။

‘‘အပြင်မှာ လျှောက်သွားနေ တဲ့ ဂျာနယ်လစ်တစ်ဦးအနေနဲ့ နေရာတစ်ခုကိုရောက်လို့ ဘာတွေဖြစ်နေတယ်ဆိုတာကို လူတွေကို ပြောချင်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦး ချင်းအနေနဲ့လည်း ကျွန်တော့်မှာ တွစ်တာ၊ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့လို လူမှုကွန်ရက်စာမျက် နှာတွေ ရှိပါတယ်။ ဒီတော့ အင် စတာဂရမ် ဗီဒီယိုတွေသုံးပြီး နေ ရာမျိုးစုံကနေ သတင်းပို့ပါတယ်’’ ဟု ဂျာနယ်လစ် သပ်ပနီလတ်ဆရီချိုင်းက ပြောသည်။

ထိုင်းနိုင်ငံတွင် အာဏာ သိမ်းပြီးနောက် သတင်းစီးဆင်းမှု များကို တင်းကျပ်စွာထိန်းချုပ်လာ မှုကြောင့် လူအများကြား လူမှုမီဒီ ယာအသုံးပြုမှုမှာ တစ်ဟုန်ထိုး တက်လာခဲ့သည်။

ယင်းနှင့်အတူ ကောလာဟ လ ပျံ့နှံ့မှုများလည်း ပိုများခဲ့ရာ ဂျာနယ်လစ်များကြား သတင်းမှား များ ပြန့်ပွားလာမှုကို စိုးရိမ်မှုများ လည်း ရှိနေသည်။

‘‘ကျွန်တော်တို့ စိုးရိမ်တဲ့ တကယ့်ပြဿနာက လူမှုမီဒီယာ ပေါ်မှာ ကောလာဟလတွေ ပျံ့နှံ့ နေတာပါ။ ဂျာနယ်လစ်တွေအနေ နဲ့ ကျွန်တော်တို့ ဒါကိုတားဆီးရပါ မယ်။ အခြေအနေကို ပျက်စီးစေ မယ့် သတင်းမှားတွေကို မဖြန့်သင့်ပါဘူး။ သတင်းရေးရင် အချက်အ လက်တွေအပေါ်မှာ မှန်ကန်စွာ ရေးသားရပါမယ်’’ဟု ထိုင်း ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ပန် ပမ်လန်လွမ်ကလည်း ပြောသည်။

လက်ရှိတွင်မူ ထိုင်းစစ်တပ် သည် သတင်းစီးဆင်းမှုများ ထိန်းချုပ်ခြင်းဖြင့် နိုင်ငံရေးပဋိပက္ခ များကို ဖြေရှင်းနိုင်မည်ဟု ယုံ ကြည်နေသော်လည်း ထိုနည်းမှာ ရေရှည်တွင် ထိရောက်မှုရှိ၊ မရှိ စောင့်ကြည့်ရမည်ဟု ဆိုထား သည်။

စနေနေ့ ဘန်ကောက်ပို့စ် သတင်းတွင်လည်း ထိုင်း၌ စီအင်န်အင်န် ရုပ်သံထုတ်လွှင့်မှု ပိတ် ပင်ထား၍ ယင်းရုပ်သံက ထိုင်း ပြည်သူများအနေဖြင့် ၎င်းတို့တွင် ဖြစ်ပေါ် ကြုံတွေ့နေရသော သတင်းများအား တွစ်တာကဲ့သို့ လူမှုကွန်ရက်များမှတစ်ဆင့် ပေး ပို့နိုင်ကြောင်း ဖိတ်ခေါ်ထားသည် ကို ပြန်လည်တင်ပြထားသည်။

ထိုင်းစစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်၍ တက်ကြွလှုပ်ရှားသူများ ချီတက်ကန့်ကွက်စဉ်အတွင်း ဘန်ကောက်မြို့လမ်းမတစ်ခုတွင် လုံခြုံရေးယူထားသော စစ်သားများကို မေလ ၂၄ ရက်က တွေ့ရစဉ် (PONGMANAT TASIRI/EPA)
—Ref: CNA/Bangkokpost

7Day Daily
ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်း ညမထွက်ရအမိန့် ထုတ်ထား ပြီး မီဒီယာကို ထိန်းချုပ်မှုများ တင်းကျပ်လာသဖြင့် သတင်းလိုက်ခြင်း နှင့် ပေးပို့ခြင်း၊ ရုပ်သံထုတ်လွှင့် ခြင်းများ မလုပ်နိုင်ဘဲ ဖြစ်နေရာ ထိုင်းပြည်တွင်း သတင်းထောက်အချို့သည် မိုဘိုင်းဖုန်းများ၊ လူမှုကွန်ရက်များမှတစ်ဆင့် ၎င်းတို့ရရှိသော သတင်းများ၊ ဗီဒီယိုဖိုင်များကို ဖြန့်ဝေခြင်း၊ သတင်းပို့ တင်ပြခြင်းများကို လုပ်ဆောင် လာရသည်။

အမြန်လမ်းမကြီးတွင် ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်မှ သေဆုံးသူ ၁၆ ဦးအထိ ရှိလာ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်၌ သေ ဆုံးသူ ၁၆ ဦးအထိ ရှိလာပြီး ဆေးကုသခံယူနေသူနှစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိတော့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ မေ ၂၄ ရက် ညနေပိုင်းတွင် စုံစမ်းသိရသည်။