Wednesday, 11 December 2013

အာရုံကြောဆေးအစား ပိုလိုဆေးမှားသောက်သူ မိန်းကလေးသေဆုံး

Photo: အာရုံကြောဆေးအစား ပိုလိုဆေးမှားသောက်သူ မိန်းကလေးသေဆုံး 
Wednesday, December 11, 2013

အာရုံကြောဆေးအစား ပိုလိုပေါင်းသတ်ဆေးကို မှားယွင်းသောက်သုံးမိသူ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှ လယ်ကူလီ အမျိုးသမီးငယ်တစ်ဦးသည် ဒီဇင်ဘာ ၈ ရက် ညနေကသေဆုံးသွားသည်ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က သုံးခွမြို့နယ်၊ ညောင်နီရွာနေ လယ်ကူလီ တစ်ဦးဖြစ်သူ မစိမ်းအိဖြူ ၁၈ နှစ်ကို သုံးခွဆေးရုံသို့ ပို့ဆောင်ရာတွင် ဆေးရုံရောက်ရှိသည့် အချိန်၌ သေဆုံးနေပြီး စစ်ဆေးရာတွင် သေဆုံးသူမှာ ပြင်ပဒဏ်ရာ မတွေ့ရှိရပဲ ပါးစပ်မှ ပိုးသတ်ဆေးနံ့ရသဖြင့် သေဆုံးသူ၏ မိသားစုကို မေးမြန်းကြည့်ရာ သေဆုံးသူသည် အတက်ရောဂါရှိကြောင်းနှင့် အာရုံကြော ဆေးသောက်နေရသူဖြစ်ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်ကို သုံးခွမြို့နယ် ရဲစခန်းမှ စစ်ဆေးရာတွင် ဒီဇင်ဘာ ဂရက် ၁၁ နာရီ ၄၅ မိနစ်အချိန်က မစိမ်းအိဖြူသည် လယ်ခင်းမှ အိမ်သို့ပြန်လာကာ ထမင်းစားပြီး ဆေးသောက်ရာ ပိုလိုပေါင်းသတ်ဆေး ဘူးနှင့် မှားယွင်းသောက်မိကြောင်း ၎င်း၏ ဦးလေးတော်စပ်သူ ဦးတင်ဌေး၏ ပြောပြချက်အရ ကနဦး အနေဖြင့် သိရှိထားရသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

သေဆုံးသူသည် ဆေးပြားများကို ရေနှင့်ဖျော်ကာ သောက်သုံးကြောင်းနှင့် အခင်းဖြစ်နေ့ နံနက်ပိုင်းက ဆေးပြားများအား ရေဖျော်၍ ရေသန့်ဘူးငယ်တွင်ထည့်ပြီး လယ်ထဲဆင်းခဲ့သည်ဟု မှုခင်းမှတ်တမ်း တွင်တွေ့ရသည်။

ယင်းသေဆုံးမှုကို ဆေးရုံမှ လက်ခံစစ်ဆေးနေပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေး ဖော်ထုတ်ပေးရန် ဒု-ရဲအုပ် လင်းအောင်က တရားလိုပြုလုပ်ကာ သေမှုသေခင်းအမှတ်စဉ် ၃၂ (ရ) ၂၀၁၃ ဖြင့် အမှုဖွင့်ပြီး သုံးခွရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး စောဝင်းက အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese
အာရုံကြောဆေးအစား ပိုလိုပေါင်းသတ်ဆေးကို မှားယွင်းသောက်သုံးမိသူ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှ လယ်ကူလီ အမျိုးသမီးငယ်တစ်ဦးသည် ဒီဇင်ဘာ ၈ ရက် ညနေကသေဆုံးသွားသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

လည်ပင်းကြေးကွင်းဝတ် ကယန်းတိုင်းရင်းသားများ နေရပ်တွင် ပြန်နေလို က ကယားပြည် နယ် အစိုးရ စီစဉ်ပေးမည်

Photo: လည်ပင်းကြေးကွင်းဝတ် ကယန်းတိုင်းရင်းသားများ နေရပ်တွင် ပြန်နေလို က ကယားပြည် နယ် အစိုးရ စီစဉ်ပေးမည် 
Wednesday, December 11, 2013

ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းတွင် ရိုးရာယဉ်ကျေးမှုကို ပြသပြီး ဝင်ငွေရှာနေသည့် လည်ပင်းကြေးကွင်းဝတ် ကယန်း တိုင်းရင်းသားများ အနေနှင့် မိမိတို့၏ နေရပ်ရင်း ဒေသသို့ ပြန်လာပါက စားဝတ်နေရေး နှင့် အလုပ်အကိုင် အတွက် ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်ထားကြောင်း ကယားပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ဦးက ဒီဇင်ဘာလ ၆ ရက်နေ့က ပြောကြားသည်။

"ကျွန်တော်တို့ တိုင်းရင်းသားတွေကို သူများ ခိုင်းစားတာ မလိုချင်ဘူး။ မလိုလားဘူး။ သူတို့ရဲ့ ဝင်ငွေနဲ့ ထိုက်သင့်တဲ့ လစာနဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အစီအစဉ်တွေ ရေးဆွဲထားပါတယ်။ ခုချက်ချင်း ပြန်လာမယ်ဆို ခုချက်ချင်း လက်ခံပါမယ်။ အချိန်မရွေးပါ" ဟု ၄င်းက ဆိုသည်။

လည်ပင်းကြေးကွင်းဝတ် ကယန်းလူမျိုး အများစုသည့် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်တွင် ကယန်းသာယာရွာ၊ ဟွေ့စူးထောက်ရွာ၊ ဟွေ့ပူကဲရွာ တို့တွင် နေထိုင်နေကြပြီး ချင်းမိုင်၊ ချင်းရိုင် ခရိုင်နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ဒေသတွင်လည်း နေထိုင် လုပ်ကိုင်နေကြသည်။

ရိုးရာယဉ်ကျေးမှု ပြသနေသည့် လုပ်ငန်းလုပ်ကိုင်သည့် ကယန်းလူမျိုးများ၏ တစ်နေ့ ပျမ်းမျှဝင်ငွေမှာ မြန်မာကျပ်ငွေ တစ်သောင်းငါးထောင် ကျပ်ခန့် ရှိပြီး ခရီးသွား ဧည့်သည်များနှင့် ဓာတ်ပုံအရိုက်ခံနှင့် ရိုးရာ ဂျက်ခုတ်ထည်များ ရက်ပြရုံသာ ပြုလုပ်ကြရကြောင်းလည်း ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်ဖူးသည့် ဒေသခံ ကယန်းလူမျိုးများက ပြောကြားသည်။
မြန်မာပြည်သို့ ပြန်လာပါကလည်း အလားတူ လုပ်ငန်းများကို မိမိတို့နေရပ်တွင် ဆောင်ရွက်နိုင်သွားရန် စီစဉ်ပေးမည်ဟု ဦးစိန်ဦးက ပြောဆိုသည်။

ယင်း ကယန်းလူမျိုးများ နေထိုင် လုပ်ကိုင်သည့် နေရာကို ထိုင်းနိုင်ငံတွင် Human Zoo (လူသားတိစ္ဆာန်ရုံ) ဟုလည်း လူသိများကြကြောင်း၊ ယဉ်ကျေးမှုရိုးရာ ဝတ်စုံများကို ဝတ်ဆင်ပြသပြီး ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်သည့် လုပ်ငန်းဖြင့် ထိုင်းနိုင်ငံအနေနှင့် ဝင်ငွေရရှိနေကြောင်း ယင်းနေရာတွင် မြန်မာနိုင်ငံမှ အဆိုပါ တိုင်းရင်းသား ၅၀၀ ကျော်ရှိပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှ စတင်သွားရောက် လုပ်ကိုင်ကြခြင်း ဖြစ်ကြောင်း ကယန်းဒေသ ရှိ ပါတီအဖွဲ့အစည်း များထံမှ သိရသည်။

ကယားပြည်နယ်ရှိ လည်ပင်း ကြေးကွင်းဝတ် ကယန်းလူမျိုးများ နေထိုင်သည့် ကျေးရွာဒေသများတွင် ရေအခက်အခဲ ရှိခြင်း၊ သီးနှံစိုက်ပျိုးမှု မအောင်မြင်ခြင်းနှင့် စားဝတ်နေရေး အတွက် စီးပွားရေးလုပ်ငန်းများ မရှိခြင်းကြောင့် ရွာတိုင်းတွင် လူဦးရေ ထက်ဝက်ကျော်ခန့် ထိုင်းနိုင်ငံသို့ သွားနေကြကြောင်း ကယားပြည်နယ် ဒီမောဆို မြို့နယ် ရွမ်းကူးကျေးရွာရှိ ဒေါ်မူးသားက ပြောကြားသည်။
၎င်းက "စသွားတုန်းက တစ်ယောက် စ၊ နှစ်ယောက်စပဲ။ ပိုက်ဆံများများ ရတော့ သွားတဲ့သူတွေက ပြန်လာခေါ်ကြလို့ ပါသွားကြတာ။ ဒီနိုင်ငံမှာပဲ ပိုက်ဆံရမယ်ဆိုရင် ထိုင်းမသွားတော့ဘူး" ဟုပြောသည်။

ယင်းကယန်းလူမျိုးများ မိမိနေရပ်ရင်း ဒေသသို့ ပြန်လာလိုသည့် ဆန္ဒများရှိရန် အတွက် ၄င်းတို့၏ စားဝတ်နေရေး အတွက် လိုအပ်သည့် အထောက်အပံ့နှင့် အကူအညီများ ရှိသင့်သည်ဟု ကယန်းအမျိုးသား ပါတီမှ ဒုဥက္ကဋ္ဌ ဦးပေါလုချမ်းက ဆိုသည်။
၎င်းက "သူတို့ကို ကိုယ့်တိုင်းပြည် ပြန်ခေါ်ဖို့ဆိုတာက အလုပ်အကိုင် အခွင့်အလမ်း၊ ပုံမှန်ဝင်ငွေ ရှိအောင် လုပ်ပေးဖို့ လိုမယ်" ဟုပြောသည်။

လည်ပင်းကြေးကွင်းဝတ် ကယန်း တိုင်းရင်းသားများသည် ကယားပြည်နယ် အနောက်ပိုင်း လွိုင်ကော်မြို့နယ်နှင့် ဒီမောဆို မြို့နယ်တို့တွင် အများဆုံး နေထိုင်ကြပြီး ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် မိုးဗြဲနယ် တို့တွင်လည်း တွေ့ရသည်။

The Voice Weekly
ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းတွင် ရိုးရာယဉ်ကျေးမှုကို ပြသပြီး ဝင်ငွေရှာနေသည့် လည်ပင်းကြေးကွင်းဝတ် ကယန်း တိုင်းရင်းသားများ အနေနှင့် မိမိတို့၏ နေရပ်ရင်း ဒေသသို့ ပြန်လာပါက စားဝတ်နေရေး နှင့် အလုပ်အကိုင် အတွက် ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်ထားကြောင်း ကယားပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ဦးက ဒီဇင်ဘာလ ၆ ရက်နေ့က ပြောကြားသည်။

ယခုနှစ် ရေနည်းရာသီ၌ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် သောင် ထွန်း မှု များအပြင် ရေအောက်ကျောက်တန်း ပေါ်ထွန်းမှုများပါ ကြုံတွေ့လာရ

Photo: ယခုနှစ် ရေနည်းရာသီ၌  ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် သောင် ထွန်း မှု များအပြင် ရေအောက်ကျောက်တန်း ပေါ်ထွန်းမှုများပါ ကြုံတွေ့လာရ
Wednesday, December 11, 2013

ယခုနှစ် ရေနည်းရာသီ၌ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် သောင်ထွန်းမှုများအပြင် ရေအောက်ကျောက်တန်း ပေါ်ထွန်းမှုများပါ ကြုံတွေ့လာရကြောင်း သိရသည်။

ကျောက်ရေကြောင်း ပေါ်ထွန်းမှုများသည် နှစ်စဉ်ဖြစ်ပွားလေ့ ရှိသော်လည်း ယခုနှစ်တွင် စစ်ကိုင်းတံတားအောက်ဘက် သောင်ဖြစ်ထွန်းသော နေရာများ၌ ရေအောက်ကျောက်တန်း ဖြစ်ပေါ်ထွန်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

"ရေအောက်ကျောက်တန်း ဖြစ်ပေါ်မှု နှစ်တိုင်းရှိပေမယ့် အခုနှစ်မှာ စစ်ကိုင်းတံတား အောက်ဘက်မှာပါ ဖြစ်ပေါ်နေတာ တွေ့ရှိရတယ်။ ရေစကျနေပြီး သောင်ထွန်းမှုတွေ၊ ရေအောက်ကျောက်တန်း ဖြစ်ပေါ်မှုတွေကြောင့် ရေပေါက်များတဲ့အတွက် ဒီကာလမှာ ရေယာဉ်တွေ အနေနဲ့ ပိုဂရုစိုက် မောင်းနှင်သင့်ပါတယ်။ ကျောက်ရေကြောင်းတွေက ကျောက်ခွဲသင်္ဘောနဲ့ခွဲမှ ရတဲ့အတွက် အဲလိုနေရာတွေကို ရေကြောင်းပြ သင်္ကေတ အမှတ်အသား မှန်ကန်အောင် အဓိကထား လုပ်ဆောင်နေပါတယ်။ ရေကြောင်းကျပ်မှုက မန္တလေးအောက်ပိုင်းထက် မန္တလေးမြို့ အထက်ပိုင်း ရေလမ်းခရီးမှာ ပိုမိုကြုံတွေ့ ရတယ်။ မနှစ်က ဒီဇင်ဘာလထက် စာရင် ဒီနှစ် ရေကြောင်းကျပ်တည်းမှုက အဆိုးကြီး မဟုတ်သေးဘူး" ဟု မန္တလေးတိုင်းဒေသကြီး၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရေအောက်ကျောက်တန်း ဖြစ်ပေါ်မှုများအား စစ်ကိုင်းတံတားအောက်ဘက် မီးသွေးဖုတ် ကျေးရွာအနီး၊ ဆီမီးခုံအောက်ဘက်နှင့် မြင်းမူအထက် ရွာသစ်ကြီးနှင့် မြင်းမူအကြား နေရာများတွင် တွေ့ရှိရကြောင်း သိရသည်။ မန္တလေးမြို့ အထက်ပိုင်း ရေလမ်းကြောင်းဖြစ်သော မန္တလေး-ဗန်းမော် ရေလမ်းကြောင်းတွင်လည်း ရေကြောင်းကျပ်တည်းမှု ဖြစ်ပေါ်လျက်ရှိပြီး ဗန်းမော်နှင့် ကသာကြားတွင် ရေကြောင်းကျပ်တည်းမှု ပိုမိုကြုံတွေ့ရကြောင်း သိရသည်။

ရေနည်းကာလသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ရေလမ်းကြောင်းအတွင်း အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် ရေကြောင်းနယ်မြေအလိုက် ရေနည်းကာလ ရေစူးကန့်သတ်ချက်များ ထုတ်ပြန်ထားရာ ဟင်္သာတမှ ပြည်အထိ ၅ ပေ ၆ လက်မ၊ ပြည်မှမန္တလေးအထိ ၅ ပေ၊ မန္တလေးမှ ကသာအထိ ၄ ပေ၊  ကသာ-ဗန်းမော် ၃ ပေ ၉ လက်မနှင့် ဆင်ဘို-မြစ်ကြီးနား ၂ ပေ ၆ လက်မအဖြစ် ကန့်သတ်ထားရာ ရေယာဉ်များ အနေဖြင့် ကန့်သတ်ချက်နှင့်အညီ ခုတ်မောင်းကြရန် အသိပေး နှိုးဆော်ထားသည်။

EMG

ဧရာဝတီ မြစ်ကြောင်းအတွင်း သောင်ထွန်းခြင်းနှင့် ရေအောက်ကျောက်တန်းများ ဖြစ်ပေါ်နေသည်ကို ဝေဟင်မှ မြင်တွေ့ရစဉ်
ဧရာဝတီ မြစ်ကြောင်းအတွင်း သောင်ထွန်းခြင်းနှင့် ရေအောက်ကျောက်တန်းများ ဖြစ်ပေါ်နေသည်ကို ဝေဟင်မှ မြင်တွေ့ရစဉ်

ယခုနှစ် ရေနည်းရာသီ၌ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် တွင် သောင်ထွန်းမှုများ အပြင် ရေအော က်ကျောက် တန်း ပေါ်ထွန်းမှု များပါ ကြုံတွေ့လာရကြောင်း သိရသည်။

မြန်မာနဲ့ ဘင်္ဂလား ဆွေးနွေး အကျဉ်းသား ဖလှယ်

Photo: မြန်မာနဲ့ ဘင်္ဂလား ဆွေးနွေး အကျဉ်းသား ဖလှယ် 
Wednesday, December 11, 2013

 မြန်မာနဲ့ ဘင်္ဂလားဒေရှ် နိုင်ငံက နယ်စပ်အရာရှိကြီးတွေဟာ မြန်မာနယ်စပ် တောင်ပြိုမြို့အနီးက ဘင်္ဂလားဒေ့ရှ် အပိုင် ခေါင်းတုံးကျေးရွာမှာ အစည်းအဝေး ပြုလုပ်ပြီး နယ်စပ် အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတဲ့ အပြင် နှစ်နိုင်ငံအကြား အကျဉ်းသားတွေကိုလည်း လဲလှယ်ခဲ့ပါတယ်။

မနေ့က ပြုလုပ်တဲ့ အစည်းအဝေးကို မြန်မာစံတော်ချိန် နံနက် ၁၁ နာရီကနေ နေ့လယ် ၁ နာရီကျော်ထိ ဘင်္ဂလာဒေခ့်ျ နယ်စပ်က ကျေးရွာ တစ်ခုဖြစ်တဲ့ ခေါင်းတုံးရွာမှာ ပြုလုပ်ခဲ့ပြီး နှစ်ဘက်နိုင်ငံက နယ်စပ် အရာရှိကြီးတွေလည်း စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာဘက်က ခရိုင်လ၀ကမှူး ဦးစောနိုင်နဲ့ တောင်ပြို အခြေစိုက် အမှတ် (၃၇) ရဲတပ်ရင်းမှူး ဒုရဲမှူးကြီး မိုးညိုတို့ ဦးဆောင် တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ကော့စ်ဘဇား အခြေစိုက် အမှတ် (၁၇) ဘီဂျီဘီ တပ်ရင်းမှူးနဲ့ တက်ကနက်မြို့ အခြေစိုက် အမှတ် (၄၂) တပ်ရင်းမှူးတို့ ဦးဆောင် တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာတော့ နှစ်ဘက်တပ်မှူးတွေ အနေနဲ့ တယ်လီဖုံးနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ပြီး နှစ်နိုင်ငံနယ်စပ်မှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ဖြေရှင်းကြဖို့၊ လုံခြုံရေး ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို၊ တစ်လ တစ်ကြိမ် တပ်မှူး အချင်းချင်း တွေ့ဆုံကြဖို့၊ မူးယစ်ဆေးဝါး၊ လူမှောင်ခို ကိစ္စတွေကို ပူးပေါင်းနှိမ်နှင်းကြဖို့ စတာတွေကို သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

အစည်းအဝေး အပြီးမှာတော့ အကျဉ်းသား တခိျု့ကို လွဲပြောင်းပေးခဲ့ကြပါတယ်။

ဘင်္ဂလားဘက်က မြန်မာဘက်ကို အကျဉ်းသား ၅ ဦးကို လွဲပေးခဲ့သလို မြန်မာဘက်ကတော့ အသက် ၁၂ နှစ် အရွယ် ကလေးနှစ်ဦးကို ဘင်္ဂလားဘက်ကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် အခြေအနေ ကတော့ အခုအချိန်မှာ တည်ငြိမ် အေးချမ်းနေပေမယ့် လူမှောင်ခိုကူးမူတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုမူတွေနဲ့ နယ်စပ် ဖြစ်ကျော်ပြီး ရာဇ၀တ်မူတွေ ကျူးလွန်နေတာတွေ ရှိနေတဲ့ အတွက် နှစ်နိုင်ငံ အကြားမှာ ဒီပြဿနာတွေကို ပူးပေါင်း ဖြေရှင်းကြဖို့ ခုလိုမျိုး အရာရှိကြီးတွေ မကြာခဏ နယ်စပ် တွေ့ဆုံ နေကြတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မြန်မာနဲ့ ဘင်္ဂလားဒေရှ် နိုင်ငံက နယ်စပ်အရာရှိကြီးတွေဟာ မြန်မာနယ်စပ် တောင်ပြိုမြို့အနီးက ဘင်္ဂ လားဒေ့ရှ် အပိုင် ခေါင်းတုံးကျေးရွာမှာ အစည်းအဝေး ပြုလုပ်ပြီး နယ်စပ် အရေးကိစ္စတွေ ကို ဆွေးနွေးခဲ့ကြ တဲ့ အပြင် နှစ်နိုင်ငံအကြား အကျဉ်းသားတွေကိုလည်း လဲလှယ်ခဲ့ပါတယ်။

ဆေးခြောက် ရောင်းဝယ် သုံးစွဲမှု တရားဝင် ဖြစ်ဖို့ ဥရုဂွေး ဆွေးနွေး

Photo: ဆေးခြောက် ရောင်းဝယ်မှုကို တရားဝင် လုပ်ဖို့ ဆွေးနွေးနေ
Wednesday, December 11, 2013

ဥရုဂွေး နိုင်ငံမှာ ဆေးခြောက် စိုက်ပျိုး ထုတ်လုပ် ရောင်းချ သုံးစွဲ မှုတွေကို တရားဝင် ဖြစ်အောင် လုပ်မယ့် အစိုးရ တင်သွင်းတဲ့ ဥပဒေကြမ်းကို လွှတ်တော်မှာ အခြေအတင် ဆွေးနွေးနေကြပါတယ်။

လ အတန်ကြာ ဆွေးနွေးနေခဲ့ရတဲ့ ဒီဥပဒေကြမ်းကို လွှတ်တော်မှာ တညလုံး ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုန် ရလိမ့်မယ်လို့ မျှော်လင့်နေကြပြီး တကယ်လို့သာ ဒီဥပဒေကြမ်း အတည်ဖြစ်သွားရင် ဥရုဂွေးဟာ ဆေးခြောက် ရောင်းဝယ်မှုကို တရားဝင် လက်ခံတဲ့ ပထမဆုံး နိုင်ငံ ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။

တကယ် လက်တွေ့မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် အားနည်း ပျက်ကွက်မှုတွေ ရှိနေတာဟာ ရှောင်လွှဲလို့ မရတဲ့ ပြဿနာ တရပ်ဘဲလို့ ဆီးနိတ် အမတ် Roberto Conde က ပြောပါတယ်။

မှတ်ပုံတင်ထားတဲ့ အသက်၁၈နှစ် အထက် နိုင်ငံသားတွေဟာ တလကို မူးယစ်ဆေး ၄၀ ဂ၇မ် ဝယ်ယူခွင့် ရှိလိမ့်မှာ ဖြစ်ပါတယ်။

ဒီကနေ တဆင့် အပြင်းစား မူးယစ်ဆေးတွေကို လူတွေ သုံးလာနိုင်တယ်လို့ ဝေဖန် သုံးသပ်သူတွေက ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဥရုဂွေး နိုင်ငံမှာ ဆေးခြောက် စိုက်ပျိုး ထုတ်လုပ် ရောင်းချ သုံးစွဲ မှုတွေကို တရားဝင် ဖြစ်အောင် လုပ်မယ့် အစိုးရ တင်သွင်းတဲ့ ဥပဒေကြမ်းကို လွှတ်တော်မှာ အခြေအတင် ဆွေးနွေးနေကြပါတယ်။

အန္တရာယ်ကင်းအောင် စားသောက်နည်းများ

၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။

အနောက်နိုင်ငံများက ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ပြုလုပ် လာသဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည်ဖြစ်ကြောင်း တရုတ် လုပ်ငန်းရှင်များအား သတိပေး

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသည်နှင့်အမျှ အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်မှုများ ရုပ်သိမ်းလာကာ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ပြုလုပ် လာနေကြောင်း၊ ထို့ကြောင့် ယခင်တရုတ် လုပ်ငန်းရှင် တစ်ဦးတည်းရှိသော အချိန်ကာလ ကျော်လွန်နေ ပြီဖြစ်ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည်ဖြစ်ကြောင်း တရုတ်လုပ်ငန်းရှင်များသို့ ယူနန်ပြည်နယ် လုပ်ငန်းရှင်များအသင်း၊ နိုင်ငံခြား ကုန်သွယ်ရေး ကုမ္ပဏီ ကိုယ်စားလှယ် မစ္စတာ လျိုဝန်ဝူက သတိပေး ပြောကြား ခဲ့သည်။

တရုတ်အလံ မီးရှို့မှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ပုဒ်မ-၅၀၅ (ခ)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒေါ်နော်အုန်းလှအား ၂၀၀၇ ခုနှစ်က အမှုဖြင့်ပါ ရုံးတင်

A-11-12
ဒီဇင်ဘာ ၁၀ ရက်နေ့က ရုံးထုတ်လာစဉ် မြင်တွေ့ရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု နှစ်ပတ်လည်နေ့တွင် တရုတ်သံရုံး အနီး၌ တရုတ်အလံအား မီးရှို့မှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက ဒဂုံမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့သို့ ထပ်မံရုံးချိန်း လိုက်ကြောင်း သိရသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် Gandamar Wholesale ကုန်တိုက်ရှိ Venus Garden Spa အတွင်း မီးလောင်ကျွမ်းမှုကြောင့် အခန်းတွင်းရှိ ၀န်ထမ်းခုနစ်ဦး သေဆုံး

Photo: မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် Gandamar Wholesale ကုန်တိုက်ရှိ Venus Garden Spa အတွင်း မီးလောင်ကျွမ်းမှုကြောင့် အခန်းတွင်းရှိ ၀န်ထမ်းခုနစ်ဦး သေဆုံး
Wednesday, December 11, 2013

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ Gandamar Wholesale ကုန်တိုက်တွင် ဖွင့်လှစ်ထားသည့် Venus Garden Spa အတွင်း မီးလောင်ကျွမ်းမှုကြောင့် ပိတ်မိနေသည့် ၀န်ထမ်းများအားလုံး သေဆုံးခဲ့ကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှက ဒီဇင်ဘာ ၁၀ ရက် နံနက် ပိုင်းက The Daily Eleven သို့ ပြောကြားခဲ့သည်။

သေဆုံးခဲ့သူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦးတို့မှာ အဆိုပါ Spa မှ ၀န်ထမ်းများဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

ထို့ပြင် ယင်း Spa တွင် မီးငြှိမ်းသတ်ရန် အထောက်အကူပြု ပစ္စည်းများနှင့် အလိုအလျောက် မီးငြှိမ်းသတ်နိုင်ပြီး အချက်ပြနိုင်သည့်စနစ်များ တပ်ဆင်ထားခြင်းမရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနချုပ်မှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၂ နာရီ ၂၅ မိနစ်တွင် မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်၊  ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ Gandamar Wholesale ကုန်တိုက်အပေါ်ဆုံးထပ်ရှိ Venus Garden Spa တွင်  လျှပ်စစ်မီးပူကို မီးပလပ်ထိုးထားရာမှ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို နံနက် ၁ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးသတ်ယာဉ် ၂၄ စီး၊ အုပ်ချုပ်မှုယာဉ် ခြောက်စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

"ဒီမီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ အားလုံးပေါင်း ခုနစ်ဦးသေဆုံးခဲ့တယ်။ ကျား/မ ခွဲလို့မရဘဲ မီးလောင်သေဆုံးသွားတဲ့သူ နှစ်ဦးကို စစ်ဆေးတဲ့အခါမှာ အမျိုးသမီးနှစ်ဦး ဖြစ်တယ်လို့ အဖြေထွက်ရှိတယ်။ အဓိကကတော့ အခန်းကလုံပြီး မီးခိုးငွေ့တွေနဲ့ သေဆုံးခဲ့တယ်။ နောက်ပြီးတော့ အ၀င်အထွက်တံခါးပေါက်ကိုလည်း သော့ခတ်ပြီး ပိတ်ထားတဲ့ အတွက်ကြောင့် ပိတ်မိပြီး သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။ အခုလောလောဆယ် ဆိုင်မန်နေဂျာကို ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်" ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။

Gandamar Wholesale ကုန်တိုက်၏ အပေါ်ဆုံးထပ်၌ Venus Garden Spa ဖွင့်လှစ်ရန်အတွက် (ရှမ်း/တရုတ်) အမျိုးသမီးဖြစ်သူ နန်းဟွန်ခမ်းက ၂၀၁၃ ဒီဇင်ဘာ ၁ ရက်တွင် ဦးမြင့်လွင်ဆိုသူထံမှ စတင်ငှားရမ်း ထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားသော စာချုပ်တွင် ရေးသားထားမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှ၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မရမ်းကုန်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှက "အဓိကတော့ လျှပ်စစ်မီးပူ မီးပလပ်ထိုးထားရာကနေ အပူချိန်လွန်ကဲပြီးတော့ မီးပူက ကွေးကောက်သွားတယ်။ အဲဒီ မီးအရှိန်ကြောင့်ပဲ မွေ့ရာကို စလောင်တယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ ၀န်ထမ်းတွေက အိပ်နေတဲ့ အချိန်ဖြစ်တယ်။ တဖြည်းဖြည်းနဲ့ မီးကလောင်ကျွမ်းပြီးတော့ လျှပ်စစ်မီးတွေလည်း ပြတ်တောက်သွားတယ်။ ၀န်ထမ်းတွေသိတဲ့အချိန်မှာ အခန်းတစ်ခုလုံး မီးခိုးငွေ့တွေ ပြည့်နှက်နေပြီးတော့ မီးပျက်နေတဲ့အချိန်မှာ ထွက်ပေါက်ကို ပြေးထွက်ပေမယ့်လည်း မှန်သံတံခါးက သံကြိုးနဲ့သော့ခတ်ထားတဲ့အတွက် ပိတ်ပြီးတော့ အခုလိုမျိုး ဆိုးရွားတဲ့အထိ ဖြစ်သွားခဲ့တာပါ" ဟု ဒီဇင်ဘာ ၁၀  ရက် နံနက်ပိုင်းက ပြောကြားသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် Venus Garden Spa အား မီးငြှိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

Gandamar Wholesale ကုန်တိုက်ရှိ Venus Garden Spa တွင် မီးလောင်ကျွမ်းမှုကြောင့် ဆိုးရွားစွာ လူသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနချုပ်မှ ဒုတိယန်ကြားရေးမှူး ဦးတင်မင်းက "၀န်ထမ်းတွေ အိပ်ပျော်နေတဲ့အချိန်မှာ မီးပူကနေ အပူလွန်ကဲပြီး မီးလောင်ခဲ့တယ်။ သေဆုံးတဲ့သူတွေကလည်း မီးခိုးငွေ့တွေ အလွန်အကျွံရှူရှိုက်ခဲ့ရလို့ သေဆုံးတယ်။ ပြီးတော့ မီးလောင်ခံခဲ့ရတယ်။ ဒီ Spa မှာ အလိုအလျောက် မီးငြှိမ်းသတ်တဲ့ စနစ်တွေ တပ်ဆင်ထားခြင်းမရှိဘူး" ဟု ပြောကြားသည်။

မီးလောင်ကျွမ်းမှုအား ၀င်ရောက်ကူညီပေးခဲ့သူ Gandamar Wholesale ကုန်တိုက်အတွင်းရှိ Moon Bakery ဆိုင်မှ ၀န်ထမ်းတစ်ဦးက "မီးလောင်လောင်ချင်း ကျွန်တော်တို့ ၀န်ထမ်းတွေရယ် အနီးအနားမှာရှိတဲ့လူတွေက မီးလောင်တဲ့အခန်းက လူတွေကို တံခါးခေါက်နိုးသေးတယ်။ ဒါပေမဲ့ တစ်ယောက်မှ ပြန်ထူးသံမကြားရဘူး။ မီးခိုးတွေကလည်း အလုံးလိုက် ထွက်လာတယ်။ လျှပ်စစ်မီးကလည်း ပျက်နေတော့ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါနဲ့ ကျွန်တော်တို့လည်း မီးခိုးငွေ့တွေနဲ့ အရမ်းမွှန်လာလို့ အပြင်ကို ပြန်ထွက်လာရတယ်။ မီးသတ်က လူတွေလာမှ မှန်တံခါးတွေ ရိုက်ခွဲပြီး ၀င်ကယ်တော့ ခြောက်ဦးက မီးလောင်ကျွမ်းပြီး သေနေပြီ။ ကျန်အမျိုးသမီး တစ်ယောက်ကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်လို့ သိရတယ်" ဟု ပြောကြားသည်။

မီးလောင်ကျွမ်းမှုကြောင့် မသီသီဝင်း၊ မဂျာညိုခေါ၊ မစန်းစန်းသွယ်၊ မောင်အားချိုက်၊ မောင်အားဟိုင်း၊ မောင်အားခွင်နှင့် မသရဖီ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ Venus Garden Spa မှာ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး ယင်းသို့ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် မီးပေါ့ဆစွာသုံးစွဲသည့် ထွန်းထွန်းနိုင် (ဘ) ဦးဟုန်တုံငုံအပေါ် မရမ်းကုန်း မြို့မရဲစခန်းမှ (ပ) ၅၁၁/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄ (က)/ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ ဆွာဒီတီးယား ရေကျော်ဗလီတွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဗလီအတွင်းရှိ စာသင်ကျောင်းသား ၇၁ ဦးအနက် ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Eleven Media Group

Gandamar Wholesale ကုန်တိုက်၏ အပေါ်ဆုံးထပ်ရှိ Venus Garden Spa မီးလောင်ရာတွင် သေဆုံးသူအချို့အား ကယ်ဆယ်ရေးအဖွဲ့မှ သယ်ဆောင်လာစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
Gandamar Wholesale ကုန်တိုက်၏ အပေါ်ဆုံးထပ်ရှိ Venus Garden Spa မီးလောင်ရာတွင် သေဆုံးသူအချို့အား ကယ်ဆယ်ရေးအဖွဲ့မှ သယ်ဆောင်လာစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့် ရှိ Gandamar Wholesale ကုန်တိုက်တွင် ဖွင့်လှစ်ထားသည့် Venus Garden Spa အတွင်း မီးလောင်ကျွမ်းမှုကြောင့် ပိတ်မိနေသည့် ၀န်ထမ်းများအားလုံး သေဆုံးခဲ့ကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှက ဒီဇင်ဘာ ၁၀ ရက် နံနက် ပိုင်းက The Daily Eleven သို့ ပြောကြားခဲ့သည်။

ကျိုက်ထီးရိုးစေတီသို့ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဘုရားဖူး သိန်းဂဏန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်နေပြီး တည်းခိုခန်း မလုံလောက်၍ ရင်ပြင်တော်ပေါ်တွင်သာ အိပ်နေရ

Photo: ကျိုက်ထီးရိုးစေတီသို့ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဘုရားဖူး သိန်းဂဏန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်နေပြီး တည်းခိုခန်း မလုံလောက်၍ ရင်ပြင်တော်ပေါ်တွင်သာ အိပ်နေရ
Wednesday, December 11, 2013

မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ ယခုနှစ် ဘုရားဖူး ကာလအတွင်း ဘုရားလာရောက် ဖူးမြော်သူများ အလွန်များပြားနေပြီး ရုံးပိတ်ရက်များတွင် ဘုရားလာရောက် ဖူးသူဦးရေ တစ်နေ့လျှင် သိန်းဂဏန်း ၀န်းကျင်ခန့် ရှိနေကြောင်း ကျိုက်ထီးရိုးစေတီတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ ဒီဇင်ဘာ ၇ ရက်တွင် စုံစမ်းသိရသည်။

ယင်းကဲ့သို့ ဘုရားဖူး ဧည့်သည်များ အများအပြား လာရောက်ဖူးမြော်သည့် နေ့များတွင် ကျိုက်ထီးရိုး စေတီတော် ပရိဝုဏ်အတွင်း ရှိနေသည့် တည်းခိုခန်းများ၊ ဟိုတယ်များတွင် အခန်းလုံလောက်မှု မရှိခြင်းကြောင့် ဘုရားဖူးဧည့်သည် အများအပြားမှာ ရင်ပြင်တော်ပေါ်တွင်သာ အိပ်စက်အနားယူ နေရကြောင်း တွေ့ရှိရသည်။

အဆိုပါကဲ့သို့ ဘုရားဖူးဧည့်သည် အများအပြား လာရောက်နေသည့် နေ့များတွင် လူစုကွဲမှုနှင့် လူပျောက်မှုများ နေ့စဉ်အကြိမ်အရေအတွက် ၁၀၀ ၀န်းကျင်ခန့် ဖြစ်ပွားနေကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ သိရသည်။

"အခု ဘုရားဖူး ကာလမှာ နေ့စဉ်ဘုရားဖူး ဧည့်သည်တွေ နည်းသွားတယ်ဆိုတာ မရှိဘူး။ ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေနေ့မျိုးတွေဆိုရင် တစ်နေ့ကို ဘုရားဖူးဧည့်သည် သိန်းဂဏန်း ၀န်းကျင်လောက် လာကြတယ်။ ဒီလို ဘုရားဖူးဧည့်သည်တွေ များတဲ့အတွက် လူစုကွဲမှုတွေ၊ လူပျောက်မှုတွေ တစ်နေ့ကို အနည်းဆုံး အကြိမ်အရေအတွက် ၃၀ ကနေ ၁၀၀ အထိ ဖြစ်ပွားနေပါတယ်။ အဲဒီလို လူစုကွဲသွားတဲ့ အခါကျရင် ကျွန်တော်တို့ကို အကြောင်းကြားဖို့ လိုတယ်။ ကျွန်တော်တို့က အသံချဲ့စက်ကနေတစ်ဆင့် ကူညီပေးနေတယ်။ အားလုံးကိုလည်း ပြန်ပြီးတော့ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ ဒီလို ဘုရားဖူးများတဲ့ ကာလမှာလည်း လူစုမကွဲဖို့ကို သတိထားဖို့ လိုသလို မိမိရဲ့ တန်ဖိုးကြီးတဲ့ပစ္စည်း၊ ပိုက်ဆံတွေကိုလည်း သတိထားပြီး သွားလာဖို့ လိုပါတယ်" ဟု ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ရှိ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ ကိုစောထွန်းဝင်းက ပြောကြားသည်။

ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်တွင် အိပ်စက်ပြီး ဘုရားဖူးခဲ့သူ ကိုမောင်ဇော်က "ကျွန်တော်တို့က ၀န်ထမ်းတွေဆိုတော့ သောကြာနေ့ညမှာ ထွက်လာခဲ့တယ်။ စနေနေ့မနက် အစောကြီးမှာ ဘုရားပေါ် ရောက်တယ်။ အခမဲ့ တည်းခိုခွင့် ရှိတဲ့နေရာတွေ၊ တည်းခိုခန်းတွေ၊ ဟိုတယ်တွေမှာ အခန်းတွေ အားလုံးပြည့်နေတယ်။ ထမင်းဆိုင်တွေမှာလည်း တည်းခိုဖို့က အရမ်းဈေးကြီးနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မိသားစုက ရင်ပြင်တော်မှာပဲ အိပ်စက်အနားယူပြီးတော့ ဘုရားဖူးခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ကျိုက်ထီးရိုး စေတီတော်မှတစ်ဆင့် ကျီးကန်းပါးစပ်ဂူတစ်ဝိုက်၊ မုဆိုးတောင်ဝန်းကျင်၊ ရသေ့တောင်တစ်ဝိုက် ကျောက်ထပ်ကြီးဝန်းကျင်၊ ရေတံခွန် စသည့်နေရာများအား သွားရောက်လေ့လာနိုင်ကြောင်း သိရသည်။

Eleven Media Group

ဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းက ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တွင် ဘုရားဖူးလာ ဧည့်သည်များဖြင့် စည်ကားနေမှု (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းက ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တွင် ဘုရားဖူးလာ ဧည့်သည်များဖြင့် စည်ကားနေမှု (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မွန်ပြည်နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ ယခုနှစ် ဘုရားဖူး ကာလအတွင်း ဘုရားလာရောက် ဖူးမြော်သူများ အလွန်များပြားနေပြီး ရုံးပိတ်ရက်များတွင် ဘုရားလာရောက် ဖူးသူဦးရေ တစ်နေ့လျှင် သိန်းဂဏန်းဝန်းကျင်ခန့် ရှိနေကြောင်း ကျိုက်ထီးရိုးစေတီတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ ဒီဇင်ဘာ ၇ ရက်တွင် စုံစမ်းသိရသည်။

မန်စီမြို့နယ်ရှိ ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များက အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပွား

ကချင်ပြည်နယ် မန်စီမြို့နယ် မန်စီမြို့နှင့် နှစ်မိုင်ဝန်းကျင် ခန့်ဝေးသော ကျေးရွာ များတွင် ကေအိုင်အေ လက်နက်ကိုင် အဖွဲ့အစည်းများက အရပ်သားများကို ကချင်ပြည်နယ် မန်စီမြို့နယ် မန်စီမြို့နှင့် နှစ်မိုင် ၀န်းကျင်ခန့်ဝေးသော ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။ ယင်းသို့ လူခေါ်ဆောင်မှုများကို မန်စီမြို့အနီးရှိ မန်ဖွ၊ ပါတော်၊ ကျော်ခေါင် စသည့်ကျေးရွာများတွင် ဒီဇင်ဘာ ၄ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကော့မှူးနှင့် ပဲခူးမြို့တွင် ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုသဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ လူထုသဘောထား ရယူပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်မှု များ ရှိနေဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင် ဒါရိုက်တာ ပြောကြား

လက်ရှိအသုံးပြုနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုယ်တိုင်ကိုက လူ့အခွင့်အရေး ချိုးဖောက် မှုများ ရှိနေသည်ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) အမှုဆောင် ဒါရိုက်တာ ဦးမြင့်အေးက ပြောကြားသည်။

မြန်မာနိုင်ငံ ကျန်းမာရေးစနစ် တိုးတက်ဖို့ ဒေါ်စု ထောက်ပြ

Photo: မြန်မာနိုင်ငံ ကျန်းမာရေးစနစ် တိုးတက်ဖို့ ဒေါ်စု ထောက်ပြ 
Wednesday, December 11, 2013

 မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့အကြောင်း ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ကျန်းမာရေး ညီလာခံအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုအတွက် အဓိကကျတဲ့ ကိစ္စတခုအဖြစ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကဏ္ဍမှာ တိုးတက်ဖို့ အထူးသဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူတွေအတွက် စောင့်ရှောက်မှုတွေ ရရှိဖို့ လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတဲ့အကြောင်းကိုလည်း ပြောဆိုခဲ့တာပါ။

ဒိုဟာညီလာခံအတွင်း ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့တာတွေကိုတော့ မအင်းကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

ကာတာနိုင်ငံ ဒိုဟာမြို့မှာ အင်္ဂါနေ့က စတင်ကျင်းပနေတဲ့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီးညီလာခံမှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ပတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောဆိုသွားပါတယ်။ ကျန်းမာရေးမှာ စိတ်ဓာတ်ရေးရာအပိုင်းကို အာရုံစိုက်ဖို့ လိုအပ်တဲ့အကြောင်း သူက အဓိက ပြောသွားတာပါ။

ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်တဲ့စနစ်မှာ စံနှုန်းတန်ဖိုးတွေက ပိုပြီး အရေးကြီးတာကြောင့် မြန်မာနိုင်ငံမှာလည်း ဒီအတိုင်း ပုံဖော် ဆောင်ရွက်ချင်ကြောင်း သူက အခုလို ပြောပါတယ်။

“ကျန်းမာရေးစနစ်အတွက် အလွန်အမင်း ချမ်းသာကြွယ်ဝမှုအပေါ် အခြေမခံဘဲ စံတန်ဘိုးတွေအပေါ်မှာ မူတည်ပြီး ကျမအနေနဲ့ ပုံသွင်းချင်ပါတယ်။ ဒီစံတန်ဘိုးတွေကိုလည်း အမြင့်ဆုံး ဖြစ်စေချင်ပါတယ်။ Lord Darzi ပြောသွားသလိုပါပဲ တီထွင်ဆန်းသစ်မှုတွေ ဆိုတာက ပိုကောင်းတဲ့ စံတန်ဘိုး အသစ်တွေပါ။ ဒီအတိုင်းပဲ ကျမအနေနဲ့လည်း မြင်တွေ့ချင်ပါတယ်။”

ကာတာနိုင်ငံလို ကြွယ်ဝတဲ့ တိုင်းပြည်က ကျန်းမာရေးစနစ်နဲ့ နှိုင်းယှဉ်ပြီး
ဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံလို အရင်းအမြစ် ကြွယ်ဝတဲ့နိုင်ငံမှာ ချမ်းသာမှုတွေအပေါ် အခြေခံပြီး ဆောင်ရွက်တာမျိုးထက် လိုအပ်ချက်တွေကို ဦးစားပေး ဆောင်ရွက်တာတွေကို ဦးတည်တာမျိုး ဖြစ်စေချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ၂ ခုလုံးဟာ အရေးပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုခဲ့တာပါ။

“နောက်ဆုံးမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ လူပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ရှောက်တာပါ။ ဒီနေ့မနက်ပိုင်းမှာ ဆွေးနွေးတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စမှာဆိုရင် စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်ခုလုံးကို တခုချင်းစီ ခွဲပြီးမကြည့်ဘဲ နှစ်ခုစလုံး တပြိုင်တည်း ကြည့်ဖို့အတွက် ဆွေးနွေးခဲ့တာပါ။”

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံခဲ့ရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးဖို့ ဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံခဲ့ရသူတွေအတွက် စောင့်ရှောက်မှုကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကစပြီး ကျမတို့ ကြိုးစားပြီး တတ်နိုင်သလောက် ကူညီစောင့်ရှောက်တာကို ကျမ သတိရမိတယ်။ ဆေးဝါးကုသဖို့ ထောက်ပံ့တာ၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျမတို့ နှစ်မျိုးလုံး အကူအညီတွေ ပေးခဲ့ပါတယ်။ အဲဒီမှာ ကျမတို့ အခက်အခဲ တွေ့တာက ကျန်းမာရေးဆိုင်ရာ အကူအညီပေးတာကို သူတို့ လက်ခံဖို့ဆိုတဲ့ အချက်ပါ။ ဒါကို ဘယ်လို စိတ်ပိုင်းဆိုင်ရာ ပြဿနာမျိုးနဲ့မဆို ချိတ်ဆက်နေတဲ့ လူမှုရေးအမည်းစက်တခုလို သဘောထားတာကြောင့် အဲဒါကို လက်မခံဘဲ ငြင်းဆန်တဲ့ အနေအထားမျိုး သူတို့ကို ရောက်နေစေပါတယ်။”

ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ World Innovation Summit for Health ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီးညီလာခံကို နိုင်ငံတကာက အစိုးရခေါင်းဆောင်တွေ၊ မူဝါဒချမှတ်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်နေကြပါတယ်။ ဒီညီလာခံကို Qatar Foundation ရဲ့ဥက္ကဌ ကာတာ စော်ဘွားကတော် Sheikha Moza bint Nasser က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။

ဒီကမ္ဘာ့ကျန်းမာရေး ထိပ်သီးညီလာခံကို ၂၀၁၂ ခုနှစ် သြဂုတ်လမှာ Imperial College နဲ့ Qatar Foundation တို့ကနေ ပူးပေါင်းပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ စတင် ကျင်းပခဲ့တာပါ။ မကူးစက်နိုင်တဲ့ရောဂါနဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် စတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးမြှင့်တင်နိုင်ဖို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နယ်ပယ်အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေက တက်ရောက် ဆွေးနွေးခဲ့ကြပါ တယ်။

အင်ကြင်းနိုင် (ဗွီအိုအေ)
မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့ အကြောင်း ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ကျန်းမာရေး ညီလာခံအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ရာထူးက ဆင်းပေးဖို့ ယင်လတ် ပယ်ချ

ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်က ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် သူမကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုချက်တွေကို ပယ်ချလိုက်ပါတယ်။

မန်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

Photo: မန်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားကျင်းပ 
Wednesday, December 11, 2013

အသားရောင်ခွဲခြားမှု ဆန့်ကျင်လှုပ်ရှားရာမှာ ထင်ရှားခဲ့တဲ့ ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘာတ၀ှမ်းက ခေါင်းဆောင်တွေ ဒီကနေ့ပဲ တက်ရောက် စကားပြောကြပါတယ်။

မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးအတွက် အာရုံစိုက်ခဲ့သူ တဦးအဖြစ်နဲ့လည်း မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်အာဖရိက
ခေါင်းဆောင်ဟောင်းအပေါ် အောက်မေ့ သတိရနေကြတာပါ။ Nelson Mandela အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေတဲ့ အခြေအနေတွေကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ကို နောက်ဆုံးအကြိမ်အဖြစ် ဂုဏ်ပြုဖို့ ချမ်းအေးလွန်းလှတဲ့ ရာသီဥတုအောက်မှာ ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ ၂၀၁၀ ပြည့်နှစ်တုန်းက ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပခဲ့တဲ့ Johannesburg မြို့က အားကစားရုံတ၀ိုက်မှာ မနက်လင်းအားကြီး အချိန်လောက်ကတည်းက တန်းစီစောင့်ဆိုင်းခဲ့ကြသလို၊ အခမ်းအနားမှာတော့ အောက်မေ့ဖွယ် တေးသီချင်းတွေသီဆို၊ ဂုဏ်ပြုစကားတွေနဲ့ ကျင်းပနေကြတာပါ။

Johannesburg မြို့က အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတကာ ခေါင်းဆောင်ပေါင်း ၈၀ ကျော်ထဲက အမေရိကန်သမ္မတ Barack Obama ကလည်း တောင်အာဖရိက ခေါင်းဆောင်ဟောင်းရဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ထူးခြားတဲ့ ဂုဏ်ပုဒ်တွေကို ချီးကျူးစကား ပြောဆိုသွားပါတယ်။

“ပြန်လည်သင့်မြတ်ရေးဆိုတာဟာ ကြမ်းကြုတ်လှတဲ့ အတိတ်ကို လျစ်လျူရှုဖို့ မဟုတ်ဘဲ အားလုံးပါဝင်နိုင်ဖို့၊ ရက်ရောဖို့နဲ့ အမှန်တရားကို ရင်ဆိုင်ဖို့ ဖြစ်တယ်ဆိုတာ ကျနော်တို့ကို ပြသသင်ကြားပေးခဲ့တဲ့သူပါ။ ဥပဒေတွေကို ပြင်ဆင်ရုံတင်မကဘဲ သူဟာ နှလုံးသားတွေကိုပါ ပြောင်းလဲအောင် လုပ်ခဲ့သူပါ။ သူကွယ်လွန်ခဲ့တာဟာ တောင်အာဖရိက နိုင်ငံသားတွေသာမက ကမ္ဘာတ၀ှမ်းက သူ့ကို လေးစားအားကျခဲ့သူတွေအတွက်ပါ ၀မ်းနည်းရမယ့် အခါသမယ ဖြစ်သလို၊ သူရဲကောင်းဆန်တဲ့ သူ့ဘ၀အတွက် အောင်ပွဲခံရမယ့် အချိန်လည်း ဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုက သမ္မတ အိုဘားမား သာမက၊ သမ္မတဟောင်း George W. Bush၊ သမ္မတဟောင်း Bill Clinton နဲ့ Jimmer Carter လည်း အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာခဲ့ကြသလို၊ ဗြိတိန်ဝန်ကြီးချုပ် David Cameron၊ ပြင်သစ်သမ္မတ Francois Hollande၊ ဘရားဇီးသမ္မတ Dilma Roussef၊ ကျူးဘားသမ္မတ Raul Castro တို့လို နိုင်ငံရေး အယူအဆ မတူကွဲပြားသူပေါင်းစုံ တက်ရောက်ပြီး အမှတ်တရမိန့်ခွန်းတွေ ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း တောင်အာဖရိက ခေါင်းဆောင်ဟောင်း ကွယ်လွန်သွားတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

“တောင်အာဖရိကအနေနဲ့ သူရဲကောင်းတစ်ယောက် ဆုံးရှုံးခဲ့သလို၊ ဖခင်တစ်ယောက် ဆုံးရှုံးရတာလည်း ဖြစ်ပါတယ်။ ကမ္ဘာကြီးအတွက်လည်း မိတ်ဆွေကောင်းတစ်ယောက် ဆရာကောင်းတစ်ယောက် ဆုံးရှုံးရတာပါ။ Nelson Mandela ဟာ ကျနော်တို့ခေတ်အတွက် အကြီးမားဆုံးခေါင်းဆောင်တစ်ဦး ဖြစ်ရုံသာမက အကြီးမားဆုံး ဆရာတဆူလည်း ဖြစ်ပါတယ်။”

ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ဟာ အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်လှုပ်ရှားရင်း ထောင်ဒဏ် ၂၇ နှစ် အကျဉ်းကျခံခဲ့ရသလို၊ နောက်ပိုင်း ထောင်ကလွတ်မြောက်လာချိန်မှာတော့ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတတဦးလည်း ဖြစ်လာခဲ့တာပါ။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အာရုံစိုက် ဆောင်ရွက်ခဲ့သူတဦးအဖြစ်နဲ့လည်း တောင်အာဖရိကရောက် ဒေါက်တာသိန်းဝင်းတို့လို မြန်မာ့အရေး လှုပ်ရှားသူတွေက အမှတ်ရနေကြတာပါ။

“တောင်အာဖရိကမှာလို မန်ဒဲလား နဲ့ ဒီကလပ် တို့ လုပ်ခဲ့သလို ဖြစ်လာဖို့အတွက် အဲ့ဒီအချိန်မှာ သမ္မတ မန်ဒဲလားက Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြောသွားတယ်ပေါ့ မြန်မာပြည်နဲ့ပတ်သက်လို့။ အခုအချိန်မှာတော့ လက်ရှိ မြန်မာအစိုးရဟာ Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်လုပ်ဖို့ အချိန်တန်ပြီဆိုတာကို စိတ်ထဲမှာ ခံစားမိတယ်ပေါ့နော်။”

ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်းရဲ့ ဈာပနအခမ်းအနားကိုတော့ သူငယ်စဉ်ဘ၀က နေထိုင်ခဲ့ရာ Qunu ကျေးရွာမှာ ၁၅ ရက်နေ့ကျရင် မြေမြှုပ်သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

မဆုမွန် (ဗွီအိုအေ)
အသားရောင်ခွဲခြားမှု ဆန့်ကျင်လှုပ်ရှားရာမှာ ထင်ရှားခဲ့တဲ့ ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ေ ဟာင်း Nelson Mandela အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘာတ၀ှမ်းက ခေါင်းဆောင်တွေ ဒီကနေ့ပဲ တက်ရောက် စကားပြောကြပါတယ်။

Tuesday, 10 December 2013

မူဆယ်မြို့တွင် ဒေသဖွံ့ဖြိုးရေး စီမံကိန်းအရ တည်ဆောက်လျက်ရှိသော ဟိုတယ်၊ လူနေအိမ်ခန်း ၂၀၂ ခန်း အပါအ၀င် အဝေးပြေး ယာဉ်ရပ်နား စခန်းကို ၂၀၁၄ ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မည်

M-11-12
မူဆယ်မြို့တွင် တည်ဆောက်လျက်ရှိသည့် အဝေးပြေး ယာဉ်ရပ်နားစခန်းကို တွေ့ရစဉ်
ရှမ်းပြည်နယ် အစိုးရ၏ ဒေသဖွံ့ဖြိုးရေး စီမံကိန်းအရ မူဆယ်မြို့တွင် ဟိုတယ်တစ်လုံး၊ လူနေအိမ်ခန်းများ အပါအ၀င် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်လျက်ရှိရာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီအတွင်း ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းအား တည်ဆောက်လျက်ရှိသည့် သိန်းသန်းချီ ဆောက် လုပ်ရေး ကုမ္ပဏီမှ သိရသည်။

ဆိးဂိမ်းပြီးပါက မြန်မာရေကူးနည်းပြ နှုတ်ထွက်မည်

မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်နှင့် လက်ရှိ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် မြန် မာနိုင်ငံလက်ရွှေးစဉ်ရေကူး အသင်းတွင် နည်းပြချုပ် တာဝန်ထမ်းဆောင်လျက်ရှိသော ဂျပ န်နို င်ငံ သား ခါ့ဇူရှီနာကာယာမသည် ယခုဆီးဂိမ်းကာလပြီးပါက ဂျပန်နိုင်ငံသို့ပြန်တော့ မည်ဖြစ်ေ ကြာင်း မြန် မာနိုင် ငံရေကူး အဖွဲ့ချုပ်မှ သိရသည်။

Monday, 9 December 2013

အနုပညာ အရည်အချင်း ပြည့်ဝသူများနဲ့စုစည်းထားတဲ့ VIXX Boy Band

Photo: အနုပညာ အရည်အချင်း ပြည့်ဝသူများနဲ့စုစည်းထားတဲ့ VIXX Boy Band

Monday, 09 December 2013

၂ဝ၁၂ ခုနှစ်မှ စတင်ပြီး ပရိသတ်နဲ့ ထိတွေ့ခွင့်ရတဲ့ VIXX Boy Band ဟာ လက်ရှိအနုပညာ သက်တမ်းမှာ တစ်နှစ်ကျော် ရှိပါပြီ။ စုစုပေါင်း အဖွဲ့ဝင်ခြောက်ဦး ပါဝင်ပြီး Jellyfi sh Entertainment ကနေ စင်တင်ပေးလိုက်တဲ့ အဖွဲ့ဖြစ်ပါတယ်။

အဖွဲ့ဝင်တွေကတော့ N, Leo, Ken, Ravi, Hong Bin, Hyuk တို့ပဲ ဖြစ်ပါတယ်။ VIXX အဖွဲ့သားတွေဟာ သူတို့နဲ့အတူ ယှဉ်ပြိုင်တဲ့ သူတွေကို ဖြတ်ကျော်ပြီး နောက်ဆုံး ခြောက်ဦးအဖြစ် အရည်အချင်း ပြည့် ရွေးချယ် ခံထားရသူများလည်း ဖြစ်ပါတယ်။

VIXX Boy Band ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်သူကတော့ N ပဲ ဖြစ်ပါတယ်။ နာမည်အရင်း ကတော့ Cha Hak Yeon ဖြစ်ပြီး ၁၉၉ဝ ပြည့်နှစ် ဇွန် ၃ဝ ရက်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ မိဘနှစ်ပါးအပြင် မွေးချင်း အစ်မတစ်ယောက်နဲ့ ညီလေးတစ်ယောက် ရှိပြီး Big Bang Boy Band နဲ့ အဆိုတော် Beyonce ကတော့ သူ့အကြိုက် အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။

နောက်ထပ် အဖွဲ့ဝင်တစ်ဦးနဲ့ မိတ်ဆက် ပေးရမယ်ဆိုရင် အဖွဲ့ထဲမှာ အဓိက အဆိုရှင်အဖြစ် တာဝန် ယူထားသူ Leo ပဲဖြစ်ပါတယ်။ Leo ကို ၁၉၉ဝ ပြည့်နှစ် နိုဝင်ဘာ ၁ဝ ရက်မှာ မွေးဖွား ခဲ့ပါတယ်။

နာမည်အရင်း ကတော့ Jung Taek Woon  ဖြစ်ပြီး အရပ်အမြင့် ၁၈၃ စင်တီမီတာ ရှိပါတယ်။ အသံကောင်းသူ တစ်ယောက်အဖြစ် လူသိများသူကတော့ Ken ပဲဖြစ်ပါတယ်။ နာမည်ရင်းကတော့ Lee Jae Hwan ဖြစ်ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၆ ရက်မှာ မွေးဖွားခဲ့သူပါ။ မိဘနှစ်ပါးနဲ့ မွေးချင်းအစ်ကို နှစ်ယောက်ရှိပါတယ်။ အရပ်အမြင့် ၁၈ဝ စင်တီမီတာရှိပြီး ABသွေးအမျိုးအစား ဖြစ်ပါတယ်။

VIXX Boy Band ရဲ့ နောက်ထပ် အဖွဲ့ဝင် တစ်ဦးကတော့ Ravi ပဲဖြစ်ပါတယ်။ အဖွဲ့ထဲမှာတော့ အဓိက အကပညာရှင်နဲ့ ရက်ပ်စာသားကို သီဆိုသူ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ မွေးဖွားခဲ့ပြီး နာမည်အရင်းကတော့ Kim Won Shik ပဲဖြစ်ပါတယ်။ံ Howon University မှာ ပညာ သင်ကြားနေပါတယ်။

အဖွဲ့ထဲမှာ ရုပ်ရည် အချောဆုံးနဲ့ မိန်းကလေး ပရိသတ် အများဆုံး ပိုင်ဆိုင်ထားတဲ့ သူကတော့ Lee Hong Bin ပဲဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး အရပ်အမြင့် ၁၈၁ စင်တီမီတာ ရှိပါတယ်။ ဓာတ်ပုံရိုက်ခြင်းနဲ့ Basketball ကစားခြင်း တွေကတော့ သူ့ရဲ့ ဝါသနာတွေပါ။

အဖွဲ့ထဲမှာ အသက်အငယ်ဆုံး ဖြစ်ပေမဲ့ လူကြီးဆန်တဲ့ အနေအထိုင် ရှိသူကတော Han Sang Hyuk ပဲဖြစ်ပါတယ်။ Hanlim Arts High School မှာ ပညာသင်ကြားနေပြီး အဖွဲ့ထဲမှာတော့ အဆိုနဲ့အကကို တာဝန်ယူထားသူ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ဇူလိုင် ၅ ရက်မှာ မွေးဖွားခဲ့သူမို့ လက်ရှိအသက်မှာ ၁၈ နှစ်ရှိပါပြီ။

၂ဝ၁၂ ခုနှစ်မှာ Super Hero ကို ဖြန့်ချိခဲ့ပါတယ်။ Second Min Album ဖြစ်တဲ့ Rock Ur Body အခွေကိုတော့ ၂ဝ၁၂ ခုနှစ် သြဂုတ်မှာ ဖြန့်ချိခဲ့ပါတယ်။ Gaon Chart မှာ နံပါတ်ကိုး နေရာကို ရရှိခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ် နှစ်ဦးမှာ On and On အမည်ရှိ အခွေကို ဖြန့်ချိခဲ့ပြီး Gaon Weekly မှာ နံပါတ်လေး နေရာကို ရခဲ့တဲ့အပြင် Gaon Monthly နံပါတ် ခုနစ်နေရာကို ရရှိခဲ့ပြန်ပါတယ်။ VIXX  ရဲ့ Album အသစ်ဖြစ်တဲ့ Jekyll ကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လမှာ ဖြန့်ချိခဲ့ပါတယ်။ အဲဒီ Album မှာ ပါဝင်တဲ့ G.R.8.U သီချင်းဟာ Post Chart Position မှာ နံပါတ် ၁ဝ ရခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ပရိသတ်တွေအတွက် MTV Diary အစီအစဉ်ကိုလည်း ရိုက်ကူးခဲ့ပါတယ်။ Fan တွေ နှစ်သက်ခဲ့တဲ့ အစီအစဉ် ကောင်းလေးတစ်ခု အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ ။


http://www.myawady.net.mm/artcorner/item/32121-2013-12-09-13-41-05
၂ဝ၁၂ ခုနှစ်မှ စတင်ပြီး ပရိသတ်နဲ့ ထိတွေ့ခွင့်ရတဲ့ VIXX Boy Band ဟာ လက်ရှိအနုပညာ သက်တမ်းမှာ တစ်နှစ်ကျော် ရှိပါပြီ။ စုစုပေါင်း အဖွဲ့ဝင်ခြောက်ဦးပါဝင်ပြီး Jellyfi sh Entertainment ကနေ စင်တင်ပေးလိုက်တဲ့ အဖွဲ့ဖြစ်ပါတယ်။

၂ဝ၁၄ ခုနှစ် မတ်လတွင် INTERNATIONAL MONETARY FUNG အနေဖြင့် မြန်မာနိုင်ငံသို့ အခွန်ဆိုင်ရာ ပညာရှင်များ စေလွှတ်ရန် စီစဉ်လျက်ရှိ

လာမည့် ၂ဝ၁၄ ခုနှစ် မတ်လတွင် INTERNATIONAL MONETARY FUNG အနေဖြင့် မြန်မာနိုင်ငံသို့ အခွန် ဆိုင်ရာ ပညာရှင်များ စေလွှတ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း INTERNATIONAL MONETARY FUNG မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။