ပြည်တွင်းရှိ သက်တမ်းကြာမြင့် နေပြီဖြစ်သော ယာဉ်အိုယာဉ်ဟောင်းများ မှတ်ပုံတင် ဖျက်သိမ်းမှု တွင် အောက်တိုဘာ ပထမပတ်အထိ အစီးရေ ၁၁၁၇၉၀ စီး ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
Tuesday, 22 October 2013
ဦးနှောက်ကို လန်းဆန်းစေနိုင်သည့် အိပ်ရေး၀၀ အိပ်စက်ခြင်း
ညဘက် အိပ်ရေး၀၀အိပ်ပျော်ခြင်းဟာ ဦးနှောက်ကို လန်းဆန်းစေပြီး အိပ်စက်ခြင်းနဲ့ လူရဲ့ ဦးနှောက်ဟာ အလိုအလျောက် ဆေးကြောခြင်း ပြုလုပ်နိုင်ကြောင်း သိပ္ပံပညာရှင်များက လေ့လာ တွေ့ရှိ ခဲ့ပါတယ်။ တွေ့ ရှိချက်အသစ်အရ လူ့ရဲ့ဦးနှောက်ဟာ အိပ်ပျော်နေချိန်အတွင်းမှာ ဦးနှောက်အတွင်း အဆိပ်အတောက် များကို လျော့နည်းစေကြောင်း တွေ့ရပြီး အလိုအလျောက် ရှင်းလင်းပေး နေတာကို တွေ့ရတာပဲဖြစ်ပါတယ်။
ချက်နိုင်ငံ သမ္မတ၏ သမီး အုပ်စုလိုက် လိင်ပျော်ပါးသည့် ပါတီပွဲတစ်ခုတွင် တက်ရောက်ခဲ့

ချက်နိုင်ငံ သမ္မတ၏ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူမှာ မဖွယ်မရာ ပါတီပွဲတစ်ခုသို့ တက်ရောက်ပျော် ပါး ခဲ့ကြောင်း စွပ်စွဲမှုများကို အသည်းအသန် ငြင်းဆိုဖြေရှင်းနေရသည်။ အင်တာနက်တွင် ကက်ထရီနာ ဇီမာနိုဗာဟု ယူဆရသည့် အမျိုးသမီး တစ်ဦးသည် အုပ်စုလိုက် လိင်ပျော်ပါးသည့် ပါတီပွဲတစ်ခုတွင် တက်ရောက်ခဲ့ကြောင်း ဗီဒီယိုတစ်ခု ထွက်ပေါ်လာသည့်နောက် သမ္မတရုံးက ယင်းသည် အတုအပ လုပ်ကြံမှုသာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။
ရေထွက်ကုန် အသေးစား အလတ်စား လုပ်ငန်းများနှင့် ဆက်နွှယ်နေသော အသင်းအဖွဲ့ ဖွဲ့စည်းသွားမည်

ရေထွက်ကုန် ပစ္စည်းများဖြစ်သည့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်နှင့် ငါးဆားနယ် စသည့် လုပ်ငန်းများနှင့် ဆက်နွှယ်နေသော SME အသေးစားနှင့် အလတ်စားလုပ်ငန်း အသင်းအဖွဲ့များ ဖွဲ့စည်း သွားရန် စီစဉ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဦးဟန်ထွန်း ထံက သိရသည်။ ယခင်က မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများ လေးသောင်းကျော် ရှိခဲ့ရာမှ ယခုအခါတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းပေါင်း ၁၂၈၉၅၆ ခု အထိ ရှိလာကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန် ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ခေါင်းဆောင် များက ဖိအားပေးရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
![]() |
| ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်အတွင်း ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင် သို့ ရောက်ရှိစဉ် (Photo:AFP) |
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန်အတွက် လက်ရှိအစိုးရအပေါ် ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ေ ခါင်းဆောင်များက ဖိအားပေးရန် လိုအပ်ကြောင်း Luxembourg နိုင်ငံသို့ ရောက်ရှိနေ သည့် ဒေါ်အောင် ဆန်း စုကြည်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
မြန်မာ့လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ထက် ပိုမိုရရှိခဲ့
![]() |
| ပြည်ပတင်ပို့မည့် ဆန်နမူနာများအား မူဆယ်နယ်စပ် စခန်းတွင် ပြသထားစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်) |
လယ်ယာ ထွက်ကုန်များ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ် တင်ပို့မှုထက် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
ဗုံးပေါက်ကွဲ မှုများကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု နှောင့်နှေးရပ်တန့်မည် မဟုတ်ဘဲ အောင်မြင်သည်အထိ ဆောင်ရွက်မည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်
ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များ နှောင့်နှေးရပ်တန့် မည်မဟုတ်ဘဲ အောင်မြင်သည်အထိဆောင်ရွက်မည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အောက် တိုဘာ ၂၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
သံတွဲမှာ မုဒိမ်းမှု ကျူးလွန်တဲ့ အစ္စလာမ်ဘာသာဝင် နှစ်ဦးကို ထောင် ၁၅နှစ်ချ
သံတွဲမှာ
ပထမ တစ်ကြိမ် ဖြစ်ခဲ့တဲ့ မီးရှို့မှုတွေရဲ့ တရားခံလို့ ဆိုရ မယ့်
တောင်ကုတ်မြို့က ရခိုင်အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ခဲ့တဲ့
အစ္စလာမ်ဘာသာဝင် ကမန် နှစ်ဦးကို ထောင် ၁၅ နှစ်စီ ချခံရန် မနေ့က စီရင်ချက်
ချလိုက်ပါတယ်။
နိုင်ငံတကာ အလှမယ်တွေ မြန်မာပြည်မှာ ပရဟိတလုပ်ဖို့ နန်းခင်ဇေယျာက ဖိတ်ခေါ်

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်းမှ ပြန်လည် ခေတ်စားလာတဲ့နိုင်ငံတကာ မယ်ပြိုင်ပွဲကို ပထမဆုံး သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး Miss Internationl 2012 ရဲ့ အင်တာနက်မယ်ဆုရ နန်းခင်ဇေယျာ ကတော့ သူသွားရောက် ယှဉ်ပြိုင်ခဲ့ရတဲ့ Miss ပြိုင်ပွဲက မယ်တွေကို မြန်မာပြည်ကို လာရောက်ပြီး ၂၇ ကြိမ်မြောက် SEA GAME အကြို လှုံ့ဆော်ပွဲမှာ ပါဝင်ဖို့နဲ့ မြန်မာပြည်ရဲ့ အလှအပတွေကို ကြည့်ရှုခံစားရင်း ပုဂံ၊ ညောင်ဦးဒေသတွေမှာ ပရဟိတ အလုပ်တွေကို သူနဲ့ အတူ လုပ်ဆောင်သွားဖို့ ဖိတ်ခေါ်လိုက်ပါပြီ။
ယာဉ်တိုက်မှု များပြားခြင်းတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင် မလုံလောက်ခြင်းက အဓိက အကြောင်းရင်းများအနက် တစ်ခုဖြစ်

ယာဉ်တိုက်မှုများပြားရခြင်းတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အားမလုံလောက်ခြင်းကလည်း အဓိက အကြောင်း အရာများအနက် တစ်ခုပါဝင်နေကြောင်း သတင်းရရှိသည်။
အသက် ၁၆ နှစ်မပြည့်သော ကလေးသူငယ်များအား မုဒိမ်းမှု ကျူးလွန်သူ များကို တစ်သက်တစ်ကျွန်း (သို့မဟုတ်) သေဒဏ်ချမှတ်နိုင်ရေး ဥပဒေကြမ်း အပေါ် ဆွေးနွေးရန် မသင့်ဟု ပြည်သူ့လွှတ်တော်ဆုံးဖြတ်
![]() |
| အောက်တိုဘာ ၂၁ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကလေးသူငယ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းစဉ် |
အသက် ၁၆ နှစ်မပြည့်သော ကလေးသူငယ်များကို မုဒိမ်းမှု ကျူးလွန်သူများအား တစ်သက်တစ်ကျွန်း (သို့မဟုတ်) သေဒဏ်ချမှတ်နိုင်ရေးပါဝင်သည့် ကလေးသူငယ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့သော်လည်း အဆိုပါ ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။
တရုတ်နိုင်ငံ Harbin မြို့ လေထုညစ်ညမ်းမှု စိုးရိမ်ဖွယ်အဆင့်ရောက်
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဒေသတဝှန်း အသက်ရှူကြပ်လောက်အောင် လေထုညစ်ညမ်းမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်လာနေတာမို့ Harbin မြို့ကလေးမှာ ကျောင်းတွေပိတ်ထားရသလို ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမမြင်ရတဲ့အတွက် ယာဉ်ကြောတွေပိတ်ဆို့နေပြီး လေဆိပ်ကိုပါ ပိတ်ထားရပါတယ်။
ကောင်းကင်ယံ၌ စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးစည်ကား
သီတင်းကျွတ်လပြည့်နေ့ ည ၇ နာရီမှ ၉ နာရီအတွင်း ကောင်းကင်ယံတွင်
စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်း နာရီစင်အနီးနှင့်
မြို့တော်ခန်းမအနီးတွင် ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိပြီး ယာဉ်များ
အသွားအလာပိတ်ဆို့သည်အ ထိ ဖြစ်ပွားခဲ့သည်။
အနုပညာရှင်အသင်းနှင့်ခြေစမ်းမည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ
ရခိုင်အမျိုးသားကွန်ယက် Arakan National Network (RNN) ဖလားပြိုင်ပွဲဖွင့်ပွဲအထိမ်းအမှ တ်အဖြစ် ရုပ်ရှင်အစည်းအရုံးဝင် မြန်မာ အနုပညာရှင်များဘောလုံးအသင်းနှင့် 
နိုင်ငံရေးအကျဉ်းသားဟောင်း များဘောလုံးအသင်း ပထမဦးဆုံးအကြိမ်အဖြစ်
ရန်ကုန်အောင်ဆန်းကွင်း၌ အောက်တိုဘာ(၂၄)ရက်နေ့၌
ယှဉ်ပြိုင်ဘောလုံးကစားမည်ဖြစ်သည်။
နေပြည်တော်တွင် အမျိုးသားဦးရေ ပိုများ

နေပြည်တော် ကောင်စီနယ်မြေ ငါးမြို့နယ်အတွင်း အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက ပို များကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ပြော ကြားသည်။
တစ်နိုင်ငံလုံးတွင် အမျိုးသမီးဦးရေက ပိုများသော်လည်း နေပြည်တော်တွင်မူ အမျိုးသားဦးရေက သိသိသာသာ ပိုများနေကြောင်း နေပြည်တော်ကောင်စီရုံး၌ အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သော ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ရှင်းလင်းခြင်း အခမ်းအနားတွင် ၎င်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်သူ လူထု၏ ဆန္ဒမပါဘဲ ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း အပါအ၀င် စီမံကိန်းကြီး ၁၀ ခုအား ရပ်ဆိုင်းပေးရန် တောင်းဆို
မဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်း လုပ်ငန်းခွင်အား တွေ့ရစဉ်
ရခိုင်တစ်မျိုးသားလုံး၏ ဆန္ဒမပါဘဲ ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့်
ကျောက်ဖြူ-ကူမင်း ရထား လမ်း စီမံကိန်း အပါအ၀င် ရခိုင်ပြည်နယ်အတွင်း
လုပ်ကိုင်နေသည့် စီမံကိန်းကြီး ၁၀ ခုအား ရပ်ဆိုင်းပေးရန်
ရခိုင်ပါတီများနှင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှ အရပ်ဘက်
အဖွဲ့အစည်းများနှင့် အမျိုးသမီး အဖွဲ့အစည်း များက အောက်တိုဘာ ၂၁ ရက်က
တောင်းဆိုချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ကျိုက်ထီးရိုး ဘုရားဖူးရာသီ အဖွင့်၌ ၁၀ နှစ်တာ ကာလအတွင်း ဘုရားဖူး လာရောက်မှု အများဆုံးဖြစ်ပြီး တည်းခိုခန်း ဈေးနှုန်းများ ပုံမှန်ထက် နှစ်ဆမှ သုံးဆအထိ မြင့်တက်
လာရောက်ဖူးမြော် သူများဖြင့် စည်ကားနေသော ကျိုက်ထီးရိုး စေတီတော်ကို အောက်တိုဘာ ၁၉ ရက်က ဖူးတွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)
ယခုနှစ် ကျိုက်ထီးရိုးဘုရား ရာသီအဖွင့်၌ ဘုရားဖူး ခရီးသည်များမှာ
ယခင်နှစ်များထက် များပြားခဲ့ပြီး ဘုရားဖူးများမှာ တည်းခိုရန်နေရာ
မလုံလောက်သည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး တည်းခို ခန်းခ
နှုန်းထားများမှာ လပြည့်နေ့၌ ပုံမှန်ထက်နှစ်ဆမှ သုံးဆအထိ မြင့်တက်ခဲ့ကြောင်း
စုံစမ်းသိရှိရသည်။
ယခုနှစ် သီတင်းကျွတ် လပြည့်နေ့ မတိုင်မီကပင် မြန်မာနိုင်ငံ အနယ်နယ်
အရပ်ရပ်မှ ဘုရားဖူး ခရီးသည် အများအပြား စတင်ရောက်ရှိခဲ့ကြပြီး သီတင်းကျွတ်
လပြည့်နေ့ အောက်တိုဘာ ၁၉ ရက်၌ ပိုမိုများပြားခဲ့ကာ ကျိုက်ထီးရိုး
တောင်ပေါ်ရှိ တည်းခိုခန်းများ၊ ထမင်းဆိုင်များမှာ အခန်းလွတ် မရှိသလောက်
ဖြစ်သွားခဲ့ပြီး ယခုနှစ်တွင် လာရောက်သည့် ဘုရားဖူးများမှာ ယခင်နှစ်ရာသီ
အဖွင့်ပွဲကထက် ပိုမိုများပြား ခဲ့ကြောင်းကို ဂေါပက အဖွဲ့ဝင်များနှင့်
ဒေသခံများထံမှ သိရသည်။
Monday, 21 October 2013
မလေးရောက် 6P မြန်မာများကို တရားဝင်နေထိုင်ခွင့် ထပ်လုပ်ပေးမည်

မလေးရှားနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် 6P အစီအစဉ်နဲ့ မှတ်ပုံတင်ခဲ့ပြီး တရားဝင် အလုပ်လုပ်ခွင့် ပါမစ်မရသေးတဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင်ဖြစ်အောင် ဒုတိယအကြိမ်အဖြစ် လုပ်ဆောင်ပေးမယ် လို့ မလေးရှားအစိုးရက ကြေညာပါတယ်။
Subscribe to:
Posts (Atom)



