စစ်ကိုင်းမြို့၊
စိန်ကုန်းရပ်ကွက်တွင် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၁၉ ရက်)က
မီးထွန်းရန် မီးသီးကြိုးများ သွယ်တန်းရာမှ အဘိုးအိုတစ်ဦး
ဓာတ်လိုက်သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံရှိ အရေးပေါ် လူနာ
ဌာနမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။
Monday, 21 October 2013
သုံးခွတွင် တစ်ရွာတည်းသားချင်း လှံဖြင့်ထိုး
သုံးခွမြို့နယ်ရှိ
ကျေးရွာတစ်ခုတွင် တစ်ရွာတည်းသားချင်း စကားများရန်ဖြစ်ရာမှ လှံဖြင့်
ထိုးခဲ့မှု တစ်ခု အောက်တိုဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သည်။
ပီရူး တံငါတို့၏ အစတေးခံ သနားစရာ လင်းပိုင်လေးများ

ပီရူး အစိုးရသည် လင်းပိုင်များကို သတ်ဖြတ်ခွင့် မပြုဘဲ ဥပဒေအရ တားမြစ်ထားသည့်တိုင် ယင်းတို့ကို အပြည့်အဝ အကာအကွယ် မပေးနိုင်ချေ
လင်းပိုင်ဟု ဆိုလိုက်လျှင် ချိုပြုံးသော မျက်နှာလေးများရှိပြီး လူသားများနှင့် ယဉ်ပါး ကျွမ်းဝင် တတ်သည့် ရေနေ သတ္တဝါလေးများကို ချက်ချင်း မြင်ယောင်မိကြမည် ဖြစ်သည်။ သို့သော်လည်း အဆိုပါ ချစ်စရာ လင်းပိုင်လေးများသည် ခိုင်ခိုင်မာမာ မရှိလှသည့် အကြောင်းပြချက် တစ်ခုကြောင့် ၎င်းတို့ ခင်မင်ကျွမ်းဝင်လိုသည့် လူသားများ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုများနှင့် ကြုံနေရခြင်းမှာမူ ဆိုးရွားလှသည့် ဝဋ်ကြွေးတစ်ခုအဖြစ် ယူဆရမည်သာ။
မန်း NLD ၁၅၀ ကျော် နှုတ်ထွက်၊ ၁၂ ဦး ပါတီပြောင်း

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် ၁၂ ဦးမှာ NLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်ကာ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်သို့) ပါတီ ကူးပြောင်းသွားကြောင်း သတင်းရရှိပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့က မန္တလေးတိုင်းဒေသကြီး NLD ပါတီဝင် ၁၂ ဦးဟာ ပါတီဝင်အဖြစ်မှ အပြီးအပိုင် နှုတ်ထွက်ခဲ့ပြီး ချမ်းအေးသာစံရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သို့ ဝင်ရောက်သွားကြောင်း သိရပါတယ်။
အားကစားနှင့် တားမြစ်ဆေးများ

မြန်မာနိုင်ငံမှာ အရှေ့တောင် အာရှအားကစားပြိုင်ပွဲ မကြာမီ ကျင်းပပါတော့ မယ်။ မြန်မာ အပါအဝင် အာဆီယံ ၁ဝ နိုင်ငံက အားကစားပွဲများမှာ အားကစားမောင်မယ်တွေဟာ စတင်ပြိုင်ဆိုင် ကြတော့ မှာ ဖြစ်ပါတယ်။
လက်ပံတောင်းတောင် စီမံကိန်းနှင့် သက်ဆိုင်သည့် ESIA စစ်တမ်း၏ နောက်ဆုံးမူကြမ်းအား အစိုးရအဖွဲ့သို့ တင်ပြထားပြီး အမြန်ဆုံး ထုတ်ပြန်ရန်ရှိ
လက်ပံတောင်းတောင် စီမံကိန်းနှင့် သက်ဆိုင်သည့် သဘာဝပတ်ဝန်းကျင် ထိန်းချုပ်ကွပ်ကဲရေး စီမံချက်နှင့် လူမှုရေး သက်ရောက်မှုဆိုင်ရာ အကဲဖြတ်မှု Environmental and Social Impact Accessment -ESIA စစ်တမ်းအား နိုင်ငံတကာ ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ဆောင်မှု အတိုင်ပင်ခံ ကုမ္ပဏီဖြစ်သည့် သြစတြေး လျနိုင်ငံမှ Knight Piesold ကုမ္ပဏီနှင့် ရေးဆွဲခဲ့ပြီး နောက်ဆုံးမူကြမ်း (Final Draft) အား အစိုးရအဖွဲ့ထံ တင်ပြထားကာ အမြန်ဆုံး ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီမှ သတင်းရရှိ သည်။
အိနိ္ဒယတွင်အဆိပ်အတောက်ပါသည့် အရက်များ သောက်သုံးမိခြင်းကြောင့်လူပေါင်း ၃၂ ဦးသေဆုံး
အိနိ္ဒယနိုင်ငံမြောက်ပိုင်းတွင် အဆိပ်အတောက်ပါသည့် အရက်များကြောင့်
လူပေါင်း ၃၂ ဦး သေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာလည်း
နာမကျန်းဖြစ်ခဲ့ရသည်ဟု ရဲဌာနမှစနေနေ့ တွင် ပြောကြား လိုက်ကြောင်း အောက် တိုဘာ
၂၀ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။
စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်သား ရှားပါးနေ

စင်ကာပူနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြင့်မားလာသော်လည်း အလုပ်သမား လုံလောက်မှုမရှိခြင်း ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟုသိရသည်။ဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက် လာခဲ့ပြီး အလုပ်သမားမလုံလောက်မှုကြောင့် စင်ကာပူဆောက်လုပ်ရေး လုပ်ငန်းများသည် ကုန်ကျ စရိတ်မြင့်မားခြင်းနှင့် လုပ်ငန်းပြီးဆုံးရန်အတွက် အချိန်ကြာမြင့်စွာယူနေရသည့် အခြေအနေတွင် ဆိုက်ရော က် နေ သည်။
ရာမူး (ပန်းဝါ) မြို့ရဲ့ နောက်ဆုံးနေ့ ဝါကျွတ်ပွဲ

လွန်ခဲ့တဲ့နှစ် အတွင်းက ဘုန်းတော်ကြီးကျောင်းပေါင်း ၂၀ နှီးပါးခန့် ဖျက်ဆီးခံခဲ့ရတဲ့ မြန်မာ နယ်စပ် အနီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရာမူး (ပန်းဝါ) မြို့ရဲ့ နောက်ဆုံးနေ့ ဝါကျွတ်ပွဲတော်ကို မနေ့ ညနေပိုင်းမှာ ကျင်းပခဲ့မှာ လူပေါင်း သောင်းနဲ့ ချီပြီး ပါဝင်ဆင်နွဲခဲ့ကြတယ်လို့ သိရပါတယ်။
ဗုံးဖောက်သူများ၏ ရည်ရွယ်ချက်အပေါ် အစိုးရနှင့် KNU တို့ ရှင်းလင်းချက်ကွဲလွဲနေ
အောက်တိုဘာ ဒုတိယပတ်မှ စတင်ဖြစ်ပေါ်ခဲ့သည့် ဗုံးဖောက်ခွဲမှုများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကို
နှောင့်ယှက်ဖျက်ဆီးလိုသည့် သဘောဖြင့် ပြုလုပ်သည်ဟု အစိုးရဘက်က
ပြောဆိုထားသော်လည်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ
ကြီးထွားအောင်လုပ်ဆောင်သည်ဟု KNU (ကရင်အမျိုးသား အစည်းအရုံး)က သုံးသပ်
ပြောဆိုလိုက်သည်။
ဗုံးဖောက်ခွဲသူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများကို နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများရှိကာ ရွှေတိဂုံစေတီ၌ ဖောက်ခွဲရန်ပါ ကြံစည်မှုရှိခဲ့
KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များအား ဖြေကြားနေစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော
ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU
အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင်
ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ
ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟို အလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က
အောက်တိုဘာ ၂၀ ရက်က မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို (MPC) ၌
ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒေးဗစ် မိုယေးစ်ကို ကူညီဖို့ အသင့်ရှိနေသည့် ဖာဂူဆန်
မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ဟာ အနားယူခဲ့သည့်
ဆုံးဖြတ်ချက် အပေါ် ကျေနပ်လျက်ရှိနေပြီး လက်ရှိ မန်ယူနိုက်တက် နည်းပြဖြစ်သူ
ဒေးဗစ်မိုယေးစ်အနေနဲ့ အကူအညီ လိုအပ်မည် ဆိုပါက ကူညီဖို့ အသင့်ရှိနေကြောင်း
ပြောကြားလိုက်သည်။ ဖာဂူဆန်ဟာ မန်နေဂျာ ရာထူးမှ အနားယူလိုက်သော်လည်း အသင်း၏
သံတမန်အဖြစ်၊ ဒါရိုက်တာ အဖြစ်ဆက်လက် ရှိနေအုံးမည် ဖြစ်သည်။
Sunday, 20 October 2013
အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ

ဂျင်း
သူက
ကြွက်သားကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ်ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း
တစ်ဇွန်းသို့မဟုတ် ယင်းနှင့်ညီမျှသောပမာဏကို ထည့်သွင်း
စားသုံး သင့်ပါတယ်။
ဒိုက်ဦးတွင် ဗုံးလန့်

ပဲခူးတိုင်းဒေသကြီး
ဒိုက်ဦးမြို့နယ် အမှတ် (၃) ဝါဆိုရပ်ကွက် မြို့ပတ်လမ်း အမှတ် (၁၀)
အခြေခံပညာ အထက်တန်း ကျောင်းရှေ့ လမ်းဘေးမြက်တောတွင် အောက်တိုဘာလ ၁၈ ရက်
နံနက် ၉ နာရီ ခန့်က ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသော အထုပ်ကြောင့်
ယင်းမြို့ တွင် ပထမဦးဆုံးအကြိမ် ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်း
ယင်းရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။
ပန်းဆိုးတန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်မြို့
ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာရှိတဲ့ Samsung Show Room မှာ အောက်တိုဘာ
၁၈ ရက်နေ့ ည ၈ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားတွေ
ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဗုံးခွဲမှု မူလတရားခံဖေါ်ထုတ်ရေး အစိုးရနဲ့ KNU ဆွေးနွေး

ပြီးခဲ့တဲ့ရက်ပိုင်းက
ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့
ဗုံးဖောက်ခွဲမူတွေရဲ့ အဓိက တရားခံကို ဖော်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စု
အစိုးရအဖွဲ့နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ထိပ်တန်းခေါင်းဆောင်တွေဟာ
နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ် ဟောင်လိတ်အုပ်စု တော်ကော့ (အပြင်)ရွာ အိမ်အမှတ် (တကပ/၂၄) အခန်း (၂၄)နေ ဒေါ်နန်းအွေ့ ၃၃ နှစ်(ဘ) ဦးအိုက်ဆိုက်၏ နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်း
ကျိုက်ထီးရိုး ဘုရားဖူး ရာသီအဖွင့်တွင် ဘုရားဖူးလာသူများဖြင့် စည်ကား
မြန်မာနိုင်ငံ
မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ဗုံးတွေ့ရှိမှု
ဖြစ်စဉ်များ ဆက်တိုက် ဖြစ် ပွားေ နသော် လည်း ယခုနှစ်
ကျိုက်ထီးရိုးဘုရားသို့ လာရောက်ဘုရားဖူးသူများမှာ ပုံမှန်နှစ်စဉ်အတိုင်း
စည်ကားနေကြောင်း သတင်းရရှိသည်။
သီတင်းကျွတ် လပြည့်နေ့မှစ၍ ရွှေတိဂုံ စေတီတော်၌ CID၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်မည်
အောက်တိုဘာ ၁၉ ရက်တွင် ကျရောက်သည့်
သီတင်းကျွတ် လပြည့်နေ့မှ စတင်၍ ရွှေတိဂုံစေတီတော်၌ လုံခြုံရေးဆောင်ရွက်မှုကို
CID ရဲတပ်ဖွဲ့၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်း ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက
အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
Subscribe to:
Posts (Atom)
