မြန်မာနိုင်ငံမှာ အရှေ့တောင် အာရှအားကစားပြိုင်ပွဲ မကြာမီ ကျင်းပပါတော့ မယ်။ မြန်မာ အပါအဝင် အာဆီယံ ၁ဝ နိုင်ငံက အားကစားပွဲများမှာ အားကစားမောင်မယ်တွေဟာ စတင်ပြိုင်ဆိုင် ကြတော့ မှာ ဖြစ်ပါတယ်။
ဒုပ်ပင်း (Doping) ဆိုတဲ့ စကားရပ်ဟာ အာဖရိက စကားဖြစ်ပြီး စိတ်ကိုတက် ကြွစေတဲ့ အရက်တစ်မျိုးလို့ ခေါ်ပါတယ်။ ယှဉ်ပြိုင်တဲ့ အားကစားမောင် သို့မဟုတ် မယ်ဟာ ဒုပ်ပင်း မိနေတယ်ဆိုရင် ဆေးကျတယ်လို့ ခေါ်တယ်။ တားမြစ်ဆေးဝါးသုံး၊ မသုံးစစ်ဆေးပြီး ရရှိတဲ့ ဆုတံဆိပ် ရုပ်သိမ်းခြင်း အပါအဝင် နောင်အားကစား ပွဲတွေမှာ ၁ ပွဲမှ ၅ ပွဲ အထိပယ်တဲ့ ပြစ်ဒဏ်ပေးလေ့ ရှိတယ်။ အားကစားလောကမှာ နိုင်ငံ့ဂုဏ်ဆောင်ဖို့ အပြိုင်အဆိုင် ယှဉ်ပြိုင်ကြရင်း စံချိန်ကောင်းအောင်၊ အမော ခံနိုင်အောင်နဲ့ ရရှိထားတဲ့ ဒဏ်ရာမပေါ်အောင် ဓာတုဆေးဝါးတွေကို သုံးစွဲလာခဲ့ကြတယ်။ အားကစားမှာ တားမြစ်ဆေးဝါး သုံးခြင်းဟာ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တယ်။ တားမြစ်ဆေးသုံးသူရဲ့ စံချိန်ဟာ ဆေးကူလို့ရတဲ့ စံချိန်ဖြစ်နေတော့ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီက (တားမြစ်ဆေးဝါး ထိန်းချုပ်မှု) နဲ့ အရေးယူ ဆောင်ရွက်ကြပါတယ်။
မကြာသေးမီက ကမ္ဘာ့စက်ဘီးစီးဘုရင် ''နီအမ်းစထရောင်း'' ဟာ တားမြစ်ဆေးဝါး စစ်ဆေးတာပေါ်လို့ သူ့ရဲ့ဆုတံဆိပ်များ ရုပ်သိမ်းခံရပြီး ကမ္ဘာ့အား ကစား လောက မှာ နှစ်အကန့်အသတ်မရှိ တားမြစ်ခြင်းခံရပြီး သူနဲ့စာချုပ်ချုပ် ထားတဲ့ ကုမ္ပဏီတွေကလည်း စာချုပ်ရုပ်သိမ်း ခံကြရတဲ့ အပြင် လျော်ကြေး ပါ တောင်းနေကြတယ်။ အာဂျင်တီးနား ဘောလုံးဘုရင် မာရာဒိုနာ၊ ရိုမေးနီး ယား ဘောလုံးသမား မူတူးတို့လည်း တားမြစ်ဆေးသုံးတဲ့ အထဲမှာပါတယ်။
တားမြစ်ဆေးတွေမှာ စိတ်ကြွဆေး (အက်ဖီတမင်း)၊ မူးယစ် ထုံထိုင်းဆေး (ဘိန်း)၊ ကြွက်သားကြီး ထွား ဆေးစုံ (ဟော်မုန်း)၊ ခွန်အားတိုးဆေးများ၊ စိတ်ငြိမ်ဆေး (ပရိုပန်နလော၊ ဗေလီယံ) နဲ့ ဆီးရွှင်ဆေးများ (လေးဆစ်၊ ဒိုင်ယူတွန်) တို့ ပါဝင်တယ်။ သည့်ထက် ကျယ်ပြန့်လာတဲ့ အားကစားပွဲတွေမှာ ရှောင်တခင် စစ်ဆေးသွားတဲ့အခါ တွေ့ရသလို၊ တချို့မထင်မှတ်တဲ့ အချိန် (ဥပမာ- အနားယူတဲ့အချိန်၊ အရက်မူးနေတဲ့ အချိန်) တွေမှာ စစ်ဆေးသွားတာမျိုး ရှိတယ်။
''၁၉၈၈ ခုနှစ် ဆိုးလ်အိုလံပစ်မှာ စက်တင်ဘာ ၂၇ ရက်နေ့က အားကစားများ တွင် တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေးကို ထောက်ခံကာ ဆိုးလ်ကြေညာစာ တမ်း သုံးရပ်ကို လက်မှတ် ရေးထိုးခဲ့ကြတယ်။
(၁) အားကစားသမားများ လေ့ကျင့်မှုကာလနဲ့ ပြိုင်ပွဲကာလများမှာ ကြိုတင် အသိမပေးဘဲ အချိန်မရွေး တားမြစ်ဆေး စစ်ဆေးမှု ပြုလုပ်ခြင်းကို နိုင်ငံတကာ အတိုင်း အတာနဲ့ အညီ ဆောင်ရွက်သွားရန်။
(၂) တားမြစ်ဆေးသုံးစွဲမှု အသီးသီးကို အပြည့်အဝ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ပါဝင် ပတ်သက်တဲ့ အုပ်ချုပ်သူ၊ အားကစားသမားနဲ့ ဆေးအဖွဲ့ဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်ပြစ်မှု ကျူးလွန်လျှင် အရေးယူရန်။
(၃) တားမြစ်ဆေးသုံးစွဲမှုကို ကာကွယ်ရန်အတွက် တားမြစ်ဆေး သုံးစွဲမှုရဲ့ အန္တရာယ်နဲ့ အားကစားသမားများ၊ နည်းပြဆရာများနဲ့ အုပ်ချုပ်သူများကို ပညာပိုမို ပေးသွားရန်တို့ ဖြစ်တယ်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီရဲ့ ရည်မှန်းချက်ဟာ အားကစားသမား ကောင်းတစ်ယောက် လုံးဝပြီးပြည့်စုံတဲ့ နဂိုစွမ်းအားရှင် လူသားတစ်ယောက် ဖြစ် လာရေး မျှော်မှန်းပြီး အားကစားကွင်း မှာ ဆေးကြောင့် ရတဲ့ စွမ်းအားရှင်များ မပေါ်ေaပါက်နိုင်ရေး၊ ကိုယ့်အားကိုယ်ကိုး အားကစားစွမ်းရည်ရှိရေး တို့ ဖြစ်တယ်။
ဒီဇင်ဘာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ကျင်းပတဲ့ အခါမှာ အပြည်ပြည်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ တားမြစ်ဆေးသုံးစွဲမှုရှိ၊ မရှိ အလေးအနက် စစ်ဆေးသွားရန် လိုအပ်ပြီး တားမြစ်ဆေးသုံးစွဲမှု လုံးဝရှောင် ရှားကာ ပင်ကိုစွမ်းရည်ဖြင့် ဆုတံဆိပ်များ ရယူရေး မီးမောင်းထိုးပြ ရေးသားလိုက် ရပါတယ်။
မြ၀တီ

No comments:
Post a Comment