
မက္ကဆီကိုနိုင်ငံတစ်ဝန်းတွင် နှစ်ထပ်ကွမ်းမုန်တိုင်း တိုက်ခတ်မှု ကြောင့်လူပေါင်း ၈၀ ထက် မနည်း သေဆုံးခဲ့ရပြီးနောက် မက္ကဆီကို အနောက်မြောက်ဘက် ကမ်းခြေ အနီးတွင် ဟာရီကိန်း မုန်တိုင်း သစ်တစ်ခု ဖြစ်ပေါ်ခဲ့ရာ မြေပြိုမှုများ ကြောင့် ကျေးရွာတစ်ရွာမြေအောက် သို့ ရောက်သွားခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးခဲ့သည်။ ဂါရီယိုပြည်နယ် အနောက် တောင်ဘက် တောင်များရှိ ရွာ များတွင် မြေများပြိုကျပြီးနောက် ၅၈ ဦး ပျောက်ဆုံးနေကြောင်း သမ္မတအန်ရီကူပီနာနီတိုက ပြော ခဲ့သည်။









