Monday, 9 September 2013

တရုတ်နိုင်ငံက ရုရှားအပါအဝင် ဗဟို အာရှဒေသ နိုင်ငံများနှင့် စီးပွားရေးဆိုင် ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်မည်

Photo: တရုတ်နိုင်ငံက ရုရှားအပါအဝင် ဗဟို အာရှဒေသ နိုင်ငံများနှင့် စီးပွားရေးဆိုင် ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်မည်
Monday, September 9, 2013

ရုရှားနိုင်ငံ အပါအဝင် ဗဟိုအာရှဒေသရှိ နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ကာဇက်စတန်နိုင်ငံသို့ အလည် အပတ်ရောက် ရှိနေသော တရုတ်သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၇ ရက်တွင် အက်စ်စတာနာ မြို့ရှိ နာဇာ ဘာရဗ်တက္ကသိုလ်၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြား ခဲ့သည်ဟု အင်တာနက်သတင်းတစ်ရပ်အရ သိရသည်။

ရှီကျင့်ဖျင်သည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်သည့် G-20 ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက် ကာဇက်စတန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိ နေခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့် ဗဟိုအာရှနိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများအား အလေးထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် သံတမန်ရေး နည်းလမ်းအရလည်း ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများနှင့် ဆက်ဆံရေးကို အလေးပေး ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ပိုးလမ်းမကြီးသည် ဗဟိုအာရှမှ တစ်ဆင့် ဥရောပနှင့် တရုတ်နိုင်ငံအား ချိတ်ဆက် ထားသော နှစ်ပေါင်းရာ နှင့်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည့် သမိုင်းဝင်ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ် သည်။ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ ပါဝင်သော ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး မူဘောင် အတွင်း၌ ဘော်လ်တစ်ပင်လယ် ကမ်းရိုးတန်းဒေသနှင့် ပစိဖိတ် ကမ်းရိုးတန်း ဒေသတို့အား ချိတ်ဆက်ပေးမည့် အရေးပါသော ကုန်သွယ်ရေး ပင်မလမ်းကြောင်း တစ်ခု ထူထောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ အစီအစဉ်တွင် ဗဟိုအာရှနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရာတွင် တိုက်ရိုက် ငွေကြေးစနစ် တစ်ရပ်ထားရှိ အသုံးပြုရေးနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် အတားအဆီး ဖြစ်နေမှုများအား ဖယ်ရှား ရှင်းလင်းရေးနှင့် ပတ်သက်သော အစီအမံများလည်း ပါရှိကြောင်း သိရသည်။ 

ဲမြ၀တီ
ရုရှားနိုင်ငံ အပါအဝင် ဗဟိုအာရှဒေသရှိ နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ကာဇက်စတန်နိုင်ငံသို့ အလည်အပတ်ရောက် ရှိနေသော တရုတ် သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၇ ရက်တွင် အက်စ်စတာနာ မြို့ရှိ နာဇာ ဘာရဗ်တက္ကသိုလ်၌ မိန့်ခွန်းပြော ကြားစဉ် ထည့်သွင်း ပြောကြား ခဲ့သည်ဟု အင်တာနက်သတင်းတစ်ရပ်အရ သိရသည်။

ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင် ရွက် ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်

Photo: ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင် ရွက် ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်
Monday, September 9, 2013

ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ပုသိမ်မြို့ အင်ဂျင်နီယာ မှူးကြီးရုံး အစည်းအဝေး ခန်းမ၌
ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းသည် တိုင်းဒေသကြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းအနေဖြင့် မိမိတို့ တာဝန်ယူ ဆောင်ရွက် နေကြရသည့် လုပ်ငန်းများကို တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့်အထိ စနစ်တကျ အဆင့်ဆင့်ကြီး ကြပ် ဆောင်ရွက် သွားကြစေလိုပါကြောင်း၊ လုပ်ငန်းများ အရည်အသွေး ပြည့်မီစွာ ဆောင်ရွက် သွားနိုင်ရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးများ ဦးဆောင်သော အဖွဲ့ များဖြင့် အဖွဲ့များ ဖွဲ့စည်း စစ်ဆေး လျက် ရှိပါကြောင်း၊ မိမိတို့ တာဝန်ယူနေ သည့် လုပ်ငန်းများ အရည်အသွေး ပည့်မီရေး၊ သတ်မှတ်ချိန် အတွင်း အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း အင်ဂျင် နီယာမှူးကြီး၊ ခရိုင်အဖွဲ့များ၊ လမ်း/ တံတား အထူးအဖွဲ့ များ၊ လေယာဉ်ကွင်း အထူးအဖွဲ့များနှင့် အထူး စီမံကိန်းကြီး အဖွဲ့များမှ အင်ဂျင်နီယာ များက သက်ဆိုင်ရာ ဒေသများ အလိုက် လုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြကြောင်း သတင်း ရရှိသည်။ 

မြ၀တီ
ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ပုသိမ်မြို့ အင်ဂျင်နီယာ မှူးကြီးရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီး

KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် တရုတ်အမျိုးသားကောလိပ် ဖွင့်လှစ်

Photo: KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် တရုတ်အမျိုးသားကောလိပ် ဖွင့်လှစ်

စက်တင်ဘာလ ၉ ရက် ၂၀၁၃

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ၂၀၀၇ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့သော တရုတ်စာနှင့် တရုတ်စကား သင်ကြားပေးသည့် ကျောင်းအား စက်တင်ဘာလထဲတွင် တရုတ်ဘာသာစကား အမျိုးသားကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေပြီး ကျောင်းသားကျောင်းသူအသစ်များကိုလည်း စာရင်းလက်ခံနေပြီဖြစ်ကြောင်း လိုင်ဇာမြို့ခံများထံမှ သိရသည်။

ယင်းတရုတ်ဘာသာစကား အမျိုးသားကောလိပ်တွင် ပညာသင်နှစ် ၂ နှစ်သတ်မှတ်ထားပြီး တစ်နှစ်ပတ်လုံး အတွက် ကျောင်းစရိတ် ၀င်ကြေး တရုတ်ယွမ်ငွေ ၅၀၀၀ ( မြန်မာငွေ ၈ သိန်းခန့်) နှင့်ဘော်ဒါဆောင်တွင် အိပ်၊စား ကုန်ကျစရိတ် တရုတ်ငွေ ယွမ် ၈၅၀၀ (မြန်မာငွေ ၁၃ သိန်းကျော်) ပေးသွင်းရကြောင်း သြဂုတ် ၂၅ ရက်နေ့မှစ၍ နာမည်စာရင်းလက်ခံနေပြီဖြစ်ကြောင်း ယင်းကောလိပ်ကျောင်း ဘော်ဒါဆောင် တာဝန်ခံတစ်ဦးက ပြောသည်။

လိုင်ဇာမြို့မှ ဒေသခံကချင်လူငယ်များသည် တရုတ်စာ၊တရုတ်စကားများကို သင်ကြားနေရပြီး အစိုးရမှ ပြဌာန်းထားသော မြန်မာစာနှင့် သင်ရိုးညွှန်းတမ်းများကို သင်ကြားခွင့်မရသောကြောင့် လိုင်ဇာမြို့သည် တရုတ်ကို အားကိုးလွန်းနေသည်ဟု ဒေသခံ ကျောင်းသားမိဘအချို့က ပြောကြကြောင်းနှင့် တရုတ်ကောလိပ် သည် လိုင်ဇာရှိ ပညာတတ်လူတန်းစားအတွက်သာ ဖြစ်နေကြောင်း သိရှိရသည်။
တရုတ် - မြန်မာနယ်စပ် ကချင်အရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက “ အဲဒီကောလိပ် ကျောင်းမှာ ၂ နှစ်တက်ပြီးရင် တရုတ်နိုင်ငံ ကူမင်တက္ကသိုလ်မှာ ကျောင်းဆက်တက်ခွင့်ရှိတယ်ဆိုပြီး တရုတ်က အပိုင်ချည်ထားပြီးသား၊ ကချင်လူငယ်တွေက မြန်မာနိုင်ငံထဲမှာရှိတဲ့ တက္ကသိုလ်တွေမှာ မတက်တာတော့ ပညာရေးပိုင်းနဲ့ လူမျိုးရေးအရ နိုင်ငံသိက္ခာကျတာပေါ့ ၊ တနည်းပြောရရင် လိုင်ဇာက တရုတ်ရဲ့ သြဇာခံလို ဖြစ်နေတဲ့ သဘောပါပဲ ” ဟုပြောသည်။
“ အရင်တုန်းက တိုက်ပွဲတွေကြောင့် နယ်မြေမအေးချမ်းလို့ ဒေသခံလူငယ်တွေ အစိုးရကျောင်းမှာ မတက်ရတာ လက်ခံနိုင်တယ်၊ အခုအေးချမ်းနေပြီလေ၊ ဘာလို့ မတက်ခိုင်းသလဲ၊ လိုင်ဇာမှာရှိတဲ့ ခေါင်းဆောင်တွေက တရုတ်အလိုကျ လိုက်လုပ်နေတာရှင်းနေတာပါပဲ၊ ဒီလိုင်ဇာမှာ မြန်မာငွေမသုံးဘဲ တရုတ်ယွမ်သုံးနေတာက သက်သေပဲပေါ့ ” ဟု ဆက်ပြောသည်။

၎င်း၏ ထပ်မံပြောပြချက်အရ လိုင်ဇာမြို့တွင် တရုတ်နိုင်ငံမှ ပုဂ္ဂလိကဘဏ်များ လာရောက်ဖွင့်လှစ်ထား ကြောင်း၊ လိုင်ဇာမြို့ ပတ်ဝန်းကျင်ရှိ ရွှေမှော်များ၌ တရုတ်ကုမ္ပဏီများအား ရွှေတူးဖော်ခွင့်ပြုထားရကြောင်း၊ တရုတ်စာနှင့် တရုတ်စကားများသာ သင်ကြားနေရခြင်းမှာ တရုတ်၏ သြဇာကို မလွန်ဆန်နိုင်၍ ဖြစ်ကြောင်း လိုင်ဇာမြို့သည် မြန်မာနိုင်ငံ ကချင်ပြည်နယ်ထဲမှ မြို့တစ်မြို့ဟု အမည်ခံသာရှိပြီး အမှန်တကယ်တွင် တရုတ်၏ မြို့တစ်မြို့ ဖြစ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

နော်မိုင်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ၂၀၀၇ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့သော တရုတ်စာနှင့် တရုတ်စကား သင်ကြားပေးသည့် ကျောင်းအား စက်တင်ဘာလထဲတွင် တရုတ်ဘာသာ စကား အမျိုးသားကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေပြီး ကျောင်း သားကျောင်းသူအသစ်များကို လည်း စာရင်းလက်ခံနေပြီဖြစ်ကြောင်း လိုင်ဇာမြို့ခံများထံမှ သိရသည်။

နေပြည်တော် ဈေးကွက်အတွင်း အရည်အသွေးမြင့် ဆိုလာဘုတ်များ ဝင်ရောက်

Photo: နေပြည်တော် ဈေးကွက်အတွင်း အရည်အသွေးမြင့် ဆိုလာဘုတ်များ ဝင်ရောက်

နေပြည်တော် ဈေးကွက်အတွင်းသို့ ယခုတစ်ပတ်အတွင်း နေအလင်းရောင်သုံး တရုတ်နှင့် အိန္ဒိယနိုင်ငံထုတ် နည်းပညာမြင့် ဆိုလာပြားများ ပိုမိုဝင်ရောက်လျက် ရှိရာ မြို့ပေါ်နေ ပြည်သူများထက် လျှပ်စစ်မီး ရရှိရန်ခက်ခဲသော တောင်ပေါ်ဒေသနှင့် ကျေးလက်နေ ပြည်သူများ အထူးစိတ်ဝင်စား အသုံးပြုလာကြကြောင်း ပျဉ်းမနားမြို့ မင်္ဂလာ(၈) လမ်းထောင့် ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်မှ ကိုမင်းဇော်ဦးက ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံလုပ် ဆိုလာပြားများမှာ နေရောင်ခြည် ကောင်းမွန်စွာ ရရှိမှသာ သုံးစွဲမှု အဆင်ပြေနိုင်ပြီး အိန္ဒိယမှ ဝင်ရောက်လာသော နည်းပညာမြင့် ဆိုလာပြားများသည် အလင်းရောင် ရရှိရုံဖြင့် သုံးစွဲမှု အဆင်ပြေနိုင်မည်ဖြစ် သည်။ နေ့ဘက် အလင်းရောင်ကို အသုံးပြု၍ ဆိုလာပြားနှင့် အင်ဗာတာတို့မှ တစ်ဆင့် ဘက်ထရီအိုး အတွင်း  လျှပ်စစ်အား သိုလှောင်ထားရှိကာ ညဘက်တွင် အင်ဗာတာမှတစ်ဆင့်   မိမိအသုံးပြုလိုရာ လျှပ်စစ် ပစ္စည်းများ အသုံးပြုနိုင်သည်။

ယခုလက်ရှိ ဆိုလာဘုတ် အသေးဆုံး ၂ဝ ဝပ်မှ အကြီးဆုံး ၃ဝဝ ဝပ်အထိ ဝင်ရောက်လျက် ရှိသည်။ မိမိအသုံးပြုသော လျှပ်စစ်ပစ္စည်းပေါ် မူတည်၍ ဆိုလာဘုတ်၊ အင်ဗာတာနှင့် ဘက်ထရီတို့ ကွဲပြားနိုင်သည်။ ဆိုလာဘုတ် ၂ဝ ဝပ် တစ်ပြားလျှင် ငွေကျပ် ၁ သောင်းခွဲမှ ၃ဝဝ ဝပ် တစ်ပြားလျှင် ငွေကျပ် ၁ သိန်း ၈ သောင်း ဝန်းကျင်အထိ ပေးရသည်။ ဘုတ် ၁၃ဝဝပ်၊ ဘက်ထရီ ၁ဝဝ အမ်ဘီယာ၊ ၃ဝဝဝပ် အင်ဗာတာတို့ ပေါင်းစပ် အသုံးပြုပါက မီးပူထိုးနိုင်သည် အထိ စွမ်းဆောင်နိုင်ပြီး စုစုပေါင်း ငွေကျပ် ၂ သိန်းဝန်းကျင်သာ ကုန်ကျ၍ အာမခံသက်တမ်း၂၅ နှစ်ပါရှိသည့် အတွက် တောင်ပေါ်ဒေသနှင့် ကျေးလက်နေ ပြည်သူများ စိတ်ဝင်တစား လေ့လာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။ 

http://www.myawady.net.mm/allnews/local/item/24770-2013-09-09-09-13-23
နေပြည်တော် ဈေးကွက်အတွင်းသို့ ယခုတစ်ပတ်အတွင်း နေအလင်းရောင်သုံး တရုတ်နှင့် အိန္ဒိယနိုင်ငံ ထုတ် နည်းပညာမြင့် ဆိုလာပြားများ ပိုမို ဝင်ရောက်လျက် ရှိရာ မြို့ပေါ်နေ ပြည်သူများထက် လျှပ်စစ်မီး ရရှိရန်ခက်ခဲသော တောင်ပေါ်ဒေသနှင့် ကျေးလက်နေ ပြည်သူများ အထူးစိတ်ဝင်စား အသုံးပြု လာကြကြောင်း ပျဉ်းမနားမြို့ မင်္ဂလာ(၈) လမ်းထောင့် ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်မှ ကိုမင်းဇော်ဦး က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD က တိုင်းရင်းသား ပါတီများအား ဖိတ်ကြားခဲ့ရာ အချိန်မမီသောကြောင့် ၁၄ ဖွဲ့တွင် ခြောက်ဖွဲ့သာ တက်ရောက်နိုင်ဟုဆို

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD က တိုင်းရင်းသား ပါတီများအား ဖိတ်ကြားခဲ့ရာ အချိန်မမီသောကြောင့် ၁၄ ဖွဲ့တွင်
 ခြောက်ဖွဲ့သာ တက်ရောက်နိုင်ဟုဆို
Monday, September 9, 2013

NLD ပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ညှိနှိုင်းဆွေးနွေး
ပွဲတွင် တိုင်းရင်းသားပါတီ ၁၄ ဖွဲ့အား ဖိတ်ကြားခဲ့သော်လည်း ဖိတ်ကြား
သည့် အချိန်မှာ နီးကပ်လွန်းသဖြင့် ပါတီခြောက်ဖွဲ့သာ တက်ရောက်
ခဲ့ကြောင်းကို NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စက်တင်ဘာ ၇ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးသည့်ပွဲတွင် ပြောကြားသည်။

ဦးဥာဏ်ဝင်းက "ကျွန်တော်တို့ ၁၄ ဖွဲ့ကို ဖိတ်ကြားခဲ့ပါတယ်။ ဒီနေ့ခြောက်ဖွဲ့
တက်ပြီး ကျန်တဲ့အဖွဲ့တွေက နယ်ကအဖွဲ့တွေ ဖြစ်တယ်။ စောစောက တင်ပြသလို Short Notice ပဲ၊ အချိန်နည်းနည်းလေး အတွင်းမှာ ဖိတ်လိုက်ရတာ။ တစ်ပတ်၊ ၁၀ ရက် အချိန်ယူပြီး ဖိတ်ရတာ မဟုတ်ဘူး။ အချိန်နည်းနည်းလေး အတွင်းမှာ ဖိတ်ရလို့ပါ" ဟု ပြောကြားသည်။  
 
NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီနှင့် တိုင်းရင်းသား
ပါတီများမှ ကိုယ်စားလှယ်များ အပတ်စဉ် စနေနေ့တိုင်း တွေ့
ဆုံဆွေးနွေးကြမည်ဖြစ်ပြီး ရရှိလာမည့် ရလဒ်များကို NLD ပါတီမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ရုံးခန်းတွင် စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲမှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီမှ ဗဟိုအလုပ် အမှုဆောင်များနှင့် တိုင်းရင်းသားပါတီ ခြောက်ပါတီမှ ကိုယ်စားလှယ်များ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရာတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသားများနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မည်ကဲ့သို့ လုပ်ဆောင်မည်၊ မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်ကြမည်ကို ဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ အားလုံးက NLD နှင့် ပူးပေါင်းညှိနှိုင်း ဆွေးနွေးပွဲများကို ထောက်ခံခဲ့ကြောင်း တွေ့ဆုံပွဲအပြီးတွင် NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

"ပြည်သူ့လွှတ်တော်မှာလည်း သုံးသပ်ရေး ကော်မတီ ဖွဲ့နေတယ်။ အဲဒီကော်မတီတွေကလည်း တစ်လနှစ်လအတွင်း Report Back လုပ်တော့မှာဖြစ်လို့ ကျွန်တော်တို့မှာ အချိန်အများကြီး မရပါဘူး။ ဒါကြောင့် အပတ်စဉ် စနေနေ့တိုင်း အဖွဲ့ချုပ်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီ ခုနစ်ဦးနဲ့ တိုင်းရင်းသား ပါတီတွေက နှစ်ဦးစီ တက်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံ ထားပါတယ်။ ဒီအခြေခံ နားလည်မှုကိုလည်း သဘောတူကြပါတယ်" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ကမန်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ချင်းတိုးတက်ရေးပါတီ စသည့်ခြောက်ပါတီမှ ကိုယ်စားလှယ်များသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

"NLD ရော၊ အခြားပါတီတွေပါ ပြောနေကြတာက ဖက်ဒရယ်စနစ်ပဲ။ ဖက်ဒရယ်စနစ်ဆိုတာ အများကြီး ရှိတယ်။ ဘယ်လိုစနစ်မျိုး၊ ဘယ်လိုဖက်ဒရယ်လဲ။ ဒါကို ကျွန်တော်တို့က အဖြေထုတ်ဖို့ ဆွေးနွေးတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ တိုင်းရင်းသား ပါတီတွေကြား တစ်စုံတစ်ရာ နားလည်မှုရအောင် ဆွေးနွေးမယ်။ အသေးစိတ်ကိုတော့ လာမယ့်စနေနေ့မှ ဆွေးနွေးမှာပါ" ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး
 ခေါင်းဆောင်များနှင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သောကြောင့် နောက်လာမည့် ဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များတွင် ပြည်သူများသိရန် လိုအပ်သည့်အချက်များ ပါဝင်ပါက ချပြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ပြည်သူများပါဝင်ပြောဆို ဆွေးနွေးနိုင်ရန် လိုအပ်သည်ဟုလည်း ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

"ပင်လုံစိတ်ဓာတ်ဆိုတာ အေးအတူပူအမျှ အတူတကွ နေထိုင်နိုင်ဖို့ဆိုတာ ဘာဥပဒေက အကောင်းဆုံးလဲ၊ ဘယ်လိုနေထိုင်မှ အကောင်းဆုံးလဲဆိုတာ အားလုံးဆွေးနွေးပြီးတော့မှ သဘောတူခဲ့တယ်။ ငြိမ်းချမ်းရေး ပြေလည်သွား
မှ ဒီအခြေခံ ဥပဒေက ရေးလို့ကောင်းမယ်။ ငြိမ်းချမ်းရေး မရသေးဘဲနဲ့ ငြိမ်းချမ်းရေးအတွင်းက လူတွေကချည်းပဲ သူ့သဘောနဲ့သူ ရေးဆွဲနေမယ်
ဆိုရင်တော့ အပစ်အခတ် ခံစားနေရတဲ့သူတွေရဲ့ လျှာမပါတဲ့ သဘောမျိုး
 ဖြစ်နေတာပေါ့" ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည့် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အဓိက ရည်ရွယ်ချက် ခြောက်ချက်အား မည်သည့်အခါမျှ လက်ခံနိုင်လိမ့်မည် မဟုတ်ကြောင်းလည်း ဦးပူကျင့်ရှင်းထန်က ပြောကြားသည်။

"ကျွန်တော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကျွန်တော်တို့ လူမျိုးစုတွေ
အတွက် အာမခံချက် မရှိတဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပြင်ဖို့အတွက် မူကြမ်းအနေနဲ့ ရေးဆွဲထားတာ ရှိတယ်။ နောက်လာမယ့် အပတ်တွေမှာ ဒီမှာပဲ တခြားတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့အတူ ပြင်ချင်တဲ့ အချက်တွေကို အကြိုဆွေးနွေးပြီး လွှတ်တော်ကိုတင်မယ်။ ပြည်သူလူထုကို ချပြမယ်။ အဓိကကတော့ ပြည်သူလူထုရဲ့ လက်ခံမှုပဲ။ လက်ရှိဖွဲ့စည်းပုံ
ကတော့ ကျွန်တော်တို့လိုချင်တဲ့ အဆင့်ကို မှုန်ဝါးဝါးပဲ ရှိတယ်" ဟု ကမန်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်ဝင်းက ပြောကြားသည်။

eleven media group
NLD ပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီ ၁၄ ဖွဲ့အား ဖိတ်ကြားခဲ့သော်လည်း ဖိတ်ကြားသည့် အချိန်မှာ နီးကပ်လွန်းသဖြင့် ပါတီခြောက်ဖွဲ့သာ တက်ရောက်ခဲ့ကြောင်းကို NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စက်တင်ဘာ ၇ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသား များနှင့် တွေ့ဆုံဆွေးနွေးသည့် ပွဲတွင် ပြောကြားသည်။

ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူးရထားတွဲများ မကြာမီထည့်သွင်း ပြေးဆွဲမည်

Photo: ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူးရထားတွဲများ မကြာမီထည့်သွင်း
 ပြေးဆွဲမည်
Monday, September 9, 2013

ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူးရထား တွဲများအား မကြာမီထည့်သွင်း
 ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန
 ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာ ၇ ရက်က ရန်ကုန် ဘူတာကြီးတွင် ပြုလုပ်သည့် ရန်ကုန် -ကျိုက်ထို- ရန်ကုန် အထူးအမြန် ရထားစတင်ပြေးဆွဲခြင်း အခမ်းအနားအပြီး သတင်းမီဒီယာ အချို့နှင့် တွေ့
ဆုံရာတွင် ပြောကြားသည်။

လူဦးရေ ခြောက်သန်းကျော် နေထိုင်သော ရန်ကုန်မြို့တွင် ကားလမ်းများ
တွင် ကားပိတ်ဆို့မှုများ ပြားနေသည့်အတွက် ယင်းကိစ္စအား အထိုက်
အလျောက် ပြေလည်နိုင်စေရန် အတွက် ရထားပို့ဆောင်ရေးအား
 မြှင်တင်ပေးရန် ရည်ရွယ်ကြောင်း၊ ယခုရန်ကုန် မြို့ပတ်ရထား လမ်းများအား ပြင်ဆင်ခြင်းအပြင် မြို့ပတ်ရထားလမ်း တစ်လျှောက် အမှိုက်များကို ကောက်ယူကာ သန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ပြီး မြင်ကွင်း
များ လှပစေရန် ပြုလုပ်နေကြောင်း သိရသည်။ ထို့ပြင် ရထားစီးရေများကို တိုးမြှင့်ကာ ရထားများကို အချိန်မှန်စေရန်လည်း ပြုလုပ်ပေးသွားမည်
 ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်က လူဦးရေ ခြောက်သန်းကျော် လောက်ရှိတယ်။ကားလမ်းတွေ
မှာကTraffic က သိပ်ဆိုးလာတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ ရထား
ပို့ဆောင်ရေး မြှင့်ပေးချင်တဲ့ ဆန္ဒရှိတယ်။ ကားပိတ်ဆို့မှု ဆိုးလာတဲ့ အချိန်မှာပဲ တစ်ပြိုင်တည်း မြို့ပတ်ရထား လမ်းတွေလည်း ပြင်လာပါတယ်။ လမ်းပေါ်မှာ လူတကာလာပစ်တဲ့ အမှိုက်တွေကို ကျုံးပြီးတော့ မြင်ကွင်းလေး လည်းကောင်းအောင် လုပ်ပါတယ်။ ပြီးတော့မှ ရှိရင်းစွဲ ရထားတွေကိုလည်း ထိုင်ခုံတွေ ပြင်ပေးလိုက်တာ တွေရှိတယ်။ ရေရအောင် လုပ်ပေးတယ်။
 နောက်ပြီး အသွင်အပြင် ကောင်းအောင် လုပ်ပေးလိုက်တော့ ရထားကို အတော်များများ စိတ်ဝင်စားလာကြတယ်။ ကျွန်တော်တို့ လုပ်ပေးဖို့တွေ ကျန်ပါတယ်။ ရထားအစီးရေ ထပ်ပြီးတော့ မြှင့်ပေးရမယ်။ အချိန်တွေ
မှန်အောင် လုပ်ပေးရမယ်။ မြို့ပတ်ရထား တွဲဆိုင်းသုံးဆိုင်းမှာလည်း အထူးတွဲတွေ ချိတ်ပေးဖို့ ကျန်ပါသေးတယ်။ နောက်အပတ်လောက်ဆို အဲဒါထပ် လုပ်ပေးမယ်။ နောက်ပြီး ရန်ကုန်-ကျိုက်ထို- ရန်ကုန် ခရီးစဉ်ပြေးတဲ့ ရထားတွေလို အဲကွန်းပါတဲ့ အထူးရထားတွေလိုမျိုး မြို့ပတ်ထဲမှာ သွင်းပေးပြီး ကျွန်တော်တို့ ပေးနိုင်မယ့် ၀န်ဆောင်မှုကို မြှင့်ပေး
သွားမယ်'' ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဆိုသည်။

မြန်မာ့မီးရထား လမ်းကြောင်း ၃၅ ခုအနက် ငါးခုသာ စီးပွားရေးအရ တွက်ခြေကိုက်ပြီး ကျန်သည့်လမ်းကြောင်း ၃၀ အား အရှုံးခံ၍ ပြေးဆွဲ
 ပေးနေရကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

eleven media group
ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူး ရထား တွဲများအား မကြာမီထည့်သွင်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာ ၇ ရက်က ရန်ကုန် ဘူတာကြီး တွင် ပြုလုပ်သည့် ရန်ကုန် -ကျိုက်ထို- ရန်ကုန် အထူးအမြန် ရထားစတင်ပြေးဆွဲခြင်း အခမ်းအနားအပြီး သတင်း မီဒီယာ အချို့နှင့် တွေ့ ဆုံရာတွင် ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ နုနယ်မှုကြောင့် လွှတ်တော်များက ပြဋ္ဌာန်းလိုက်သော ဥပဒေ အချို့သည် မှားယွင်းမှုများ ရှိသည်ကို ပြန်လည် ပြင်ဆင်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား

Photo: လွှတ်တော် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ နုနယ်မှုကြောင့် လွှတ်တော်များက ပြဋ္ဌာန်းလိုက်သော ဥပဒေ အချို့သည် မှားယွင်းမှုများ ရှိသည်ကို ပြန်လည် ပြင်ဆင်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား
Monday, September 9, 2013

လွှတ်တော် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ နုနယ်မှုကြောင့် လွှတ်တော်များက ပြဋ္ဌာန်းလိုက်သော ဥပဒေ အချို့သည် မှားယွင်းမှုများ ရှိသည်ကို ပြန်လည် ပြင်ဆင်မည် ဟု ပြည်ထောင်စု လွှတ်တော်နာယက၊
 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ တရားရေးဆိုင်ရာ အဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက “တရားဥပဒေ စိုးမိုးရေး ဆိုလို့ရှိရင် လွှတ်တော်တွေက (သို့မဟုတ်) အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဥပဒေတွေဟာ တရားမျှတပြီး အများပြည်သူ လိုက်နာနိုင်တဲ့ လက်တွေ့ကျတဲ့ ဥပဒေတွေ ဖြစ်ဖို့လိုတယ်။ ဒီအပိုင်းသည် ဘယ်သူ့တာဝန်လဲ ဆိုတော့ ကျွန်တော်တို့ လွှတ်တော် ဥပဒေပြုရေး အဖွဲ့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော် ပေါ်ပေါက်လာတဲ့ အချိန်မှာ ကျွန်တော်တို့ လွှတ်တော်မှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အတွေ့အကြုံလည်း နည်းပါသေးတယ်။ ဒီအတိုင်းပဲ လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ လွှတ်တော်ဝန်ထမ်းတွေ အပိုင်းကလည်း အတွေ့အကြုံ နည်းပါတယ်။ ဒီနေ့ခေတ် ကျွန်တော်တို့ လွှတ်တော်တွေ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာ စာတွေကို ရအောင်ယူပြီး ပြန်လေ့လာ သုံးသပ်ပြီး ဘယ်ဟာတွေတော့ လွဲသွားတယ်။ ဘယ်ဟာတွေတော့ မှားသွားတယ်။ အဲဒါကို ကျွန်တော်တို့
 ပြန်သုံးသပ်ပြီးတဲ့ အခါမှာ လွဲရင်လွဲတယ်။ မှားရင်မှားတယ် ၀န်ခံပြီးတဲ့ အခါမှာ မှားတာကို ပြန်ပြင်မယ်။ လိုတာတွေကို ပြန်ဖြည့်မယ်။ 

အလုပ်တစ်ခုဟာ ဒီလိုပဲ လုပ်မှ ဖြစ်မှာပါ။ မှားမှန်းသိလျက်နဲ့ ထားနေမယ်
ဆိုရင် ကျွန်တော်တို့ တာဝန်ကျေရာ မရောက်ဘူး။ မှားရင်မှားတယ် ဆိုတာ ရဲရဲဝံ့ဝံ့ ၀န်ခံပြောဆိုတာဟာ ပိုကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် မကြာသေးခင်က လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းက ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေကို မှားတာတွေ၊ လွန်တာတွေ ရှိပါတယ်။ ဒါကို ကျွန်တော်
တို့ ပြန်လည် သုံးသပ်ပါ့မယ်။ ဒီလိုပဲ တည်ဆဲဥပဒေတွေကို ပယ်ဖျက်ဖို့၊
 ပြင်ဆင်ဖို့၊ ရှေ့နောက် မညီမညွတ် ဖြစ်တာကို၊ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာ တွေလည်း ရှိပါတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးဆိုတဲ့ နေရာမှာ ဥပဒေပြုရေး အဖွဲ့ကလည်း တရားမျှတသော ဥပဒေများ၊ အများလိုက်နာ နိုင်သော ဥပဒေများ ထုတ်ပြန်ပေးဖို့ လိုပါတယ်။ အဲဒီအတွက်တော့ ကျွန်တော်တို့ လွှတ်တော်က တာဝန်ယူရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ခေတ် ကျွန်တော်တို့ ကာလမှာ တရားမျှတသော ဥပဒေများ ပေါ်ပေါက်ရေး၊ တရားမျှတပြီး အများလိုက်နာနိုင်သော ဥပဒေများ ပေါ်ပေါက်ရေး၊ ကျွန်တော်တို့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွား ဖြစ်စေသော ဥပဒေဖြစ်ရေး၊ တစ်နည်းဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သော ဥပဒေဖြစ်ရေး ကျွန်တော်တို့ ပြဋ္ဌာန်း
လိုက်သော ဥပေဒတွေဟာ တစ်ဦးတစ်ယောက် အတွက်၊ အစိုးရအတွက် လွှတ်တော် အတွက်ပဲ မဟုတ်ရပါဘူး။ နိုင်ငံသား အားလုံးအတွက် ဖြစ်
ရပါမယ်။ အဲဒါကို ကျွန်တော်တို့က ရဲရဲဝံ့ဝံ့၊ ထိထိရောက်ရောက် လုပ်သွားဖို့
 ဖြစ်ပါတယ်” ဟု ပြောကြားသည်။

eleven media group
လွှတ်တော် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ နုနယ်မှုကြောင့် လွှတ်တော်များက ပြဋ္ဌာန်းလိုက်သော ဥပဒေ အချို့သည် မှားယွင်းမှုများ ရှိသည်ကို ပြန်လည် ပြင်ဆင်မည် ဟု ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ တရားရေး ဆိုင် ရာ အဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

"ထန်းကုန်းရွာ အကြမ်းဖက်မူမှာပါဝင်တဲ့ ၄ ဦးကို တရားစွဲဆို"

Photo: "ထန်းကုန်းရွာ အကြမ်းဖက်မူမှာပါဝင်တဲ့ ၄ ဦးကို တရားစွဲဆို"
Monday, September 9, 2013

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ကန့်ဘလူမြို့နယ် ထန်းကုန်းကျေး
ရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထား
သူတွေထဲက လေးဦးကို မီးရှို့မူ အကျိုးစီးပွားဖျက်စီးမူတွေနဲ့ စွဲချက်တင်လိုက်ပြီး ၆ဦးကိုပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။

စွဲချက်တင်ခံရသူ လေးဦးဟာ အုတ်ဖိုရွာက ကိုမင်းလွင်၊ ကိုအောင်ကြီး၊ ကိုကျော်နိုင်ဦးနဲ့ နဲ့ ထန်းတောရွာက ကိုခင်မောင်ထူးတို့ဖြစ်ကြပါတယ်။

သူတို့ကို ကန့်ဘလူမြို့နယ် တရားရုံးက စွဲချက်တင်လိုက်တာဖြစ်
တယ်လို့ ရွှေဘိုခရိုင်ရဲမှူးကြီး ဦးအုန်းလှိုင်ကပြောပါတယ်။

ပြန်လွတ်ပေးလိုက်သူ ၆ ဦးဟာ အုတ်ဖိုရွာသား ၃ ဦး အင်ဘက်တော
ရွာသား၂ ဦးနဲ့ ရေကြည်ရွာက တစ်ဦးတို့ဖြစ်ကြပြီး သူတို့ကို ပုဒ်မ ၁၆၉ အရ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

သူတို့ကို သြဂုတ်လ ၂၅ရက်နေ့က ဖမ်းဆီးလိုက်တာဖြစ်ပြီး ပထမဖမ်းဆီး
ချိန်က ၁၁ဦးဖြစ်ပါတယ်။

အဲ့ဒီဖမ်းထားသူတွေထဲက အုတ်ဖိုရွာသား ကိုဆန်းချို ၃၂နှစ်ဟာ သြဂုတ်လ ၂၈ရက်နေ့က ၀မ်းလျောပြီး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိထန်းကုန်းရွာနဲ့ပတ်ဝန်းကျင်ဒေသက အခြေအနေနဲ့ လုံခြုံရေးဆောင်ရွက်မူအနေအထားများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အခြေအနေစတာတွေကို ထန်းကုန်းရွာမှာ လာရောက် ဆောင်ရွက်နေတဲ့ ရွှေဘိုခရိုင် ရဲမှူးကြီး ဦးအုန်းလှိုင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

RFA Burmese
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူတွေထဲက လေးဦးကို မီးရှို့မူ အကျိုးစီးပွားဖျက်စီးမူတွေနဲ့ စွဲချက်တင် လိုက်ပြီး ၆ဦးကိုပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်ကစပြီး တိုင်းရင်းသားရုပ်သံလိုင်း လွင့်တော့မယ်

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး ကချင်၊ ကယား၊ ကရင် (စကော၊ အရှေ့ပိုး၊ အနောက်ပိုး) ချင်း (လိုင်ဇိုး၊ ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ၀ ဘာသာစကားပေါင်း ၁၁ မျိုးနဲ့ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း စတင် ထုတ်လွှင့်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နဲ့ တိုင်းရင်းသားဆွေးနွေး

Photo: အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နဲ့ တိုင်းရင်းသားဆွေးနွေး
Monday, September 9, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးဆွဲရေးနဲ့ ပတ်သတ်ပြီး
တိုင်းရင်းသား ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုကို အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီရုံးမှာ စက်တင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တယ်လို့သိရ
ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဖို့ တိုင်း၇င်းသားပါတီ ၁၃ ပါတီကို NLD က ဖိတ်ကြားခဲ့ပေမယ့် မွန်ဒီမိုကရေစီပါတီ ရခိုင်ဒီမိုကရေစီပါတီ ၊ ကယန်း
အမျိုးသားတိုးတက်ရေးပါတီ၊ ချင်းတိုင်းရင်း သားတိုးတက်ရေးပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊တိုင်းရင်းသား 
၆ ပါတီသာ တက်ရောက် ဆွေးနွေးခဲ့ပြီး ကျန်တဲ့ ပါတီတွေ တက်ရောက်ခြင်း မရှိ ဘူးလို့ သိရပါတယ်။

၂၀၀၈ အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေး နဲ့ပတ်သတ်ပြီး တိုင်ပင်ဆွးနွေးဖို့ ဖိတ်ခေါ်တာ အခုအကြိမ်က ပထမဦးဆုံး အကြိမ် ဖြစ်တယ်လို့သိရပါတယ်။

တိုင်းရင်းသားပါတီများနဲ့ တွေ့ဆုံမှုနဲ့ပတ်သတ်ပြီး NLD ပါတီမှ ဦးဖြိုးဇေယျာ်သော်က အခုလိုပြောပါတယ်။

“အခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုတဲကအချက်နဲ့ လွှတ်တော်ထဲကို၊ 
ရွေးကောက်င်္ပဲကို ၀င်ခဲ့ကြတာ၊ ပါတီကို လည်းပြန်မှတ်ပုံတင်ခဲ့ကြတာပါ။
 ပြင်ဖို့အတွက် ဆိုတဲ့နေရာမှာတော့ ဘာမှ ဝေေ၀၀ါးဝါးဖြစ်စရာ အကြောင်း မ၇ှိဘူး ပေါ့။ ဒါပေမယ့် ဒီနေ့ကတော့ ဘာတွေကို ဘယ်လိုပြင်မလဲဆိုတဲ့ 
ဆွေးနွေးမှုမျိုးတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်
ကတော့ ဘာတွေကိုလိုလားတယ်။ ဘာတွေကိုတောင့်တတယ်။ အဲ့ဒါတွေကို ရှေ့ဆက်ပြီးတော့  ပုံမှန်ဘယ်လိုမျိုးတွေ့ပြီး ကြမလဲ ဒီလောက်ကိုပဲ အဓိကထားပြိးဆွေးနွေးဖြစ်ပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မည်ဆို၇င်၊ တိုင်းရင်းသားတွေ
လိုလားတဲ့ ဖယ်ဒရယ် အခြေခံတွေ နဲ့ ကိုက်ညီမှာမဟုတ်ကြောင်း ၊ 
ပြန်လည်ပြင်ဆင်မည့် အစား အသစ်ပြန်လည်ရေးဆွဲသင့်ကြောင်း နဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပစေလိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် က ဦးအေးသာအောင်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး NLD ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေကော်မတီကို စက်တင်ဘာလ ၆ရက်နေ့က 
ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ၊ ဒီကော်မတီမှာ  ဦးကိုနီ၊ ဦးကျော်ဟိုးစတဲ့ ဥပဒေပညာရှင် ၇ ဦးပါဝင်ဖွဲ့စည်းထား ပါတယ်။

NLD ပါတီအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးအတွက် ၂ လ အချိန် အတွင်း  စနေနေ့တိုင်း တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံဆွေးနွေးမှု ကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို နိုဝင်ဘာလ လွှတ်တော်အစည်းအဝေးမှာ တင်သွင်း သွားမှာဖြစ်တယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် ဆုဝေက သတင်းပေးပို့ထားပါတယ်။

ABC
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးဆွဲရေးနဲ့ ပတ်သတ်ပြီး တိုင်းရင်းသား ပါတီတွေ နဲ့ တွေ့ဆုံဆွေးနွေးမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးမှာ စက်တင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့ တယ်လို့သိရပါတယ်။

နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ်လုပ်နေသည့် ဂျပန်အခြေစိုက် DENSO ကော်ပိုရေးရှင်းက မြန်မာနိုင်ငံ တွင် လာရောက် လုပ်ကိုင်မည်

Photo: နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ်လုပ်နေသည့် ဂျပန်အခြေစိုက် DENSO ကော်ပိုရေးရှင်းက မြန်မာနိုင်ငံ
တွင် လာရောက် လုပ်ကိုင်မည်
Monday, September 9, 2013

ပြည်ပနိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ်လုပ်နေသည့် ဂျပန်နိုင်ငံ အခြေစိုက် DENSO ကော်ပိုရေးရှင်း
မှ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်ရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ
မှု ကော်မရှင် (MIC) သို့ ခွင့်ပြုချက်ရရှိရန် တင်ပြထားရာ MIC အနေဖြင့် စက်တင်ဘာ ၄ ရက်တွင် လုပ်ကိုင်ခွင့် ပြန်လည် ချထားပေးခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းလာရောက် လုပ်ကိုင်ရာတွင် DENSO ကုမ္ပဏီ အုပ်စုဝင် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ရှယ်ယာ ၈၃ ရာခိုင်နှုန်းကျော် ပါဝင်သည့် ASMO ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း စက်မှုဇုန်တွင် လက်ခစား စနစ်ဖြင့် မော်တော်ကား အစိတ်အပိုင်းများ တပ်ဆင်ထုတ်လုပ်
သည့် လုပ်ငန်းကို ASMO Myanmar ကုမ္ပဏီအ မည်ဖြင့် လုပ်ကိုင်မည်
 ဖြစ်ကြောင်း သိရသည်။

ဂျပန်အခြေစိုက် DENSO ကုမ္ပဏီအုပ်စု အနေဖြင့် အမေရိကန်၊ ကနေဒါ၊ ဘရာဇီး၊ ဂျာမနီ၊ ကိုရီးယား၊ သြစတြေးလျနှင့် ဥရောပနှင့် အာရှနိုင်ငံများတွင် ကုမ္ပဏီများ ဖွင့်လှစ်၍ ကားအစိတ်အပိုင်း တပ်ဆင် ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ရောင်းချမှုမှ
ရငွေ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၃၈ ဘီလျံ ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် သြဂုတ်လ အတွင်း၌ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည့် မော်တော်ကား အပိုပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို မလေးရှားနိုင်ငံ အခြေစိုက် APM Automotive Indochina Ltd အား ပဲခူးတိုင်း ဒေသကြီးတွင် လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။

eleven media group
ပြည်ပနိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ်လုပ်နေသည့် ဂျပန်နိုင်ငံ အခြေစိုက် DENSO ကော်ပိုရေးရှင်းမှ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲရေးမှာ စီးပွားရေးသော့ချက်ကျဟု ဦးရွှေမန်းဆို

Photo: ပြုပြင်ပြောင်းလဲရေးမှာ စီးပွားရေးသော့ချက်ကျဟု ဦးရွှေမန်းဆို
Monday, September 9, 2013

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးသက်သက်
 ပြုပြင်ပြောင်းလဲမှုလုပ်ရုံနဲ့ မလုံလောက်သလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဟန်ချက်ညီညီ ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်လို့ ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မွေးမြူရေး လုပ်ငန်းရှင်တွေနဲ့ ဒီကနေ့ တွေ့ဆုံပွဲမှာ ပြောလိုက်ပါတယ်။သားငါးနဲ့မွေးမြူရေးလုပ်ငန်းက
စီးပွားရေးသမားအချို့နဲ့ သူရ ဦးရွှေမန်းနဲ့တွေ့ဆုံချိန်မှာ အဘက်ဘက်က အားနည်းနေတဲ့ ပြည်တွင်းက အသေးစားနဲ့အလတ်စား စီးပွားရေး
လုပ်ငန်းတွေရဲ့ အခြေအနေကို တင်ပြကြပါတယ်။ ဒီအကြောင်းအပြည့်အစုံ
ကိုတော့ ရန်ကုန်မြို့၊ အင်းစိန် ကြို့ကုန်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ
 ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ တက်ရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေမှာ စီးပွားရေးသမားတွေရဲ့ အပြုသဘောဆောင်ပြီး တင်ပြချက်တွေကလည်း အရေးကြီးတယ်လို့ သူရဦးရွှေမန်း သားငါးကဏ္ဍက မွေးမြူထုတ်လုပ်သူတွေနဲ့ တွေ့ဆုံ
ချိန်မှာ ပြောပါတယ်။အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံရေး
 ပြုပြင်ပြောင်းလဲမှု တစ်ခုတည်းနဲ့ မလုပ်လောက်ဘဲ စီးပွားရေးအရ
 ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်ဖို့လည်း အရေးကြီးတယ်လို့ သူရဦးရွှေမန်းကပြောပါတယ်။

“ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအရှိန်ဟာ ပိုပြီးတော့ မြင့်မားပြီး နိုင်ငံတော်နဲ
့နိုင်ငံသား အကျိုးစီးပွားဖြစ်ထွန်း တိုးတက်စေမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ
 ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံရေးသက်သက်တစ်ခုတည်းနဲ့ ထားလို့ မရတော့ဘူး။ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို တချိန်တည်း တပြိုင်တည်း ဟန်ချက်ညီညီဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တစ်ခုပြီးမှတစ်ခု ဆောင်ရွက်လို့ မရနိုင်တဲ့ ပြုပြင်ပြောင်းလဲရေးမှာ အဓိကကျတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲ
မှုက အင်မတန်မှ အဓိကကျတဲ့ သော့ချက်ကျတဲ့အတွက် ဒီကနေ့
 တွေ့ဆုံဆွေးနွေးများဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ပိုပြီးတော့  အကျိုးသက်ရောက်စေမယ်လို့ မျှော်လင့်ထားပါတယ်။”လွှတ်တော်အနေ
နဲ့ ဥပဒေတွေကို ပြဌာန်းတဲ့နေရာမှာ နိုင်ငံတကာမှာ ရှိနေတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိဖို့နဲ့ ပြည်သူတွေအတွက် လက်တွေ့ကျပြီး အမှန်တကယ် လိုက်နာနိုင်တဲ့ ဥပဒေမျိုးတွေဖြစ်ဖို့လည်းလို့တယ်လို့လည်း သူရဦးရွှေမန်း
က ပြောပါတယ်။

ပြည်သူတွေအတွက် ဥပဒေပြဌာန်းတဲ့ ဥပဒေတွေဟာ အစိုးရအဖွဲ့အတွက် အုပ်ချုပ်ရေးအတွက် ဥပဒေပြုရေးအတွက် ပြဌာန်းတဲ့ဥပဒေမျိုးတွေမဖြစ်
ရဘဲ ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်မဲ့ ဥပဒေမျိုးတွေဖြစ်ဖို့ လိုအပ်ပါတယ်လို့ သူရဦးရွှေမန်းက ပြောပါတယ်။လက်ရှိအချိန်မှာတော့
 ပြည်ထောင်စုလွှတ်တော်ကနေပြီး တောင်သူလယ်သမားများ၏ အကျိုးစီးပွားကာကွယ် မြှင့်တင်ရေး ဥပဒေနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ရပ်ကိုလည်း ပြဌာန်းဖို့ ကြိုးစားခဲ့ပြီး ဖြစ်တယ်လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။သူရဦးရွှေမန်းနဲ့တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ
သားငါးနဲ့မွေးမြူထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ ဘုရင့်နောင် ကုန်စည်ဒိုင်က စီးပွားရေးလုပ်ငန်းရှင်တွေလည်း တက်ရောက်လာကြတာပါ။

မွေးမြူရေးကဏ္ဍမှာ အစားတောင့် ထုတ်လုပ်မှု အားနည်းမှုတွေ ရှိနေတဲ့အတွက် ထွက်ရှိလာတဲ့ ကုန်ပစ္စည်းပိုင်းတွေမှာလည်း အခက်အခဲတွေ ရှိနေသလို ပြည်တွင်းက အစာတောင့်လုပ်တဲ့ ကုန်ကြမ်းတွေကလည်း ပြည်ပကို ထွက်ရှိနေတဲ့အတွက် မွေးမြူရေး
လုပ်ငန်းရဲ့ အစာတောင့်ပြဿနာကို ဖြေရှင်းဖို့လိုတယ်လို့ မေးမြူထုတ်
လုပ်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာမြဟန်က ပြောပါတယ်။

“ဒီမွေးမြူရေး လုပ်ငန်းအတွက် အစာတောင့်ထုတ်လုပ်တဲ့နေရာမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် တစ်နှစ်ကို အစားထုတ်လုပ်မှုဟာ တစ်နှစ်ကို တန် ၁၆ သန်းလောက်ရှိပါတယ်။ ဗီယက်နမ်မှဆိုရင် ၁၁ သန်းလောက်ရှိပါတယ်။ မြန်မာနိုင်ငံမှာပ ၁ သန်းလောက်ပဲ ၇ှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ မွေးမြူရေးနဲ့ ပတ်သက်တဲ့ အစာတောင့် ထုတ်လုပ်မှုမှာ အတော်လေးကြိုးစားကြရ
အုန်းမှာ ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ကျနော်တို့ အစာနဲ့ပတ်သက်ပြီး ကုန်ကြမ်းတွေကို ပြညပကိုပို့ဆောင်တာ အထူးသဖြင့် နယ်စပ်တွေကနေ အစာကုန်ကြမ်းတွေ ထွက်ရှိတာကြောင့် မွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ အစာဈေးနှုန်းကြီးမြင့်ခြင်းတွေနဲ့ ကြုံနေရပါတယ်။”

အသေးစားနဲ့အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းက
ဘဏ်တွေမှာ ငွေချေးယူဖို့ အခက်အခဲတွေ ရှိနေပြီးတော့ အထူးသဖြင့်
 မွေးမြူရေး လုပ်ငန်းတွေအနေနဲ့ ဘဏ်တွေက ငွေချေးလို့မရတဲ့အတွက် လုပ်ငန်းရှင်တွေဘက်မှာ အခက်အခဲ ရှိတယ်လို့လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

“ကျနော်လုပ်ငန်းတွေရဲ့ လိုအပ်တဲ့ ငွေကြေးပမာဏကို ဘဏ်စနစ်က
 ကောင်းကောင်း မပံ့ပိုးပေးနိုင်တဲ့ သဘောမှာ ရှိပါတယ်။ ဘဏ်စနစ်နဲ့ချေး
တဲ့အခါမှာ ကန်ကို အပေါင်ပစ္စည်းနဲ့ ချေးလို့မရဘူးလို့ ဗဟိုဘဏ်ကပြော
ထားတဲ့အတွက် ကျနော်တို့ဘဏ်တွေမှာ ငွေချေးယူလို့မရပါဘူး။ အရင်မွေးရေးဘဏ်တောင် တစ်ဧက ကို ၃ သိန်းလောက်ပဲပေးပါတယ်။”

လက်ရှိအချိန်မှာ မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် မွေးမြူရေး
နဲ့ပတ်သက်တဲ့ ဥပဒေတွေ တိတိကျကျ မရှိသေးတဲ့အတွက် လုပ်ငန်း
လုပ်ကိုင်ရတဲ့ သူတွေအနေနဲ့ အခက်အခဲတွေ အများကြီး ရှိတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။

VOA
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးသက်သက် ပြုပြင်ပြောင်းလဲမှုလုပ်ရုံနဲ့ မလုံလောက်

ဗြိတိန်တပ်က မြန်မာစစ်တပ်ကို ဒီမိုကရက်တစ်အကြောင်း သင်တန်းပေးမယ်

Photo: ဗြိတိန်တပ်က မြန်မာစစ်တပ်ကို ဒီမိုကရက်တစ်အကြောင်း သင်တန်းပေးမယ်
Monday, September 9, 2013

မြန်မာနဲ့ အမေရိကန်နိုင်ငံတို့ စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာဘဲ ဗြိတိန် စစ်ဘက်ကနေ မြန်မာ စစ်တပ်အရာရှိတွေကို ၂၀၁၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်စနစ်အောက်မှာ နေထိုင်တဲ့ တပ်မတော်တွေ
အကြောင်းနဲ့ ဒီမိုကရက်တစ်စနစ်ရဲ့ တာဝန်ခံမှုအကြောင်းတွေကို သင်တန်းပို့ချမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဒုတိယအတွင်းဝန် မစ္စတာ ဂျိုးဖရက်ရှာ(Joe Fisher) က ပြောပြပါတယ်။

“၂၀၁၄ ခုနှစ်မှာ စပြီးတော့ ဗြိတိလျ စစ်ဘက်က ဗမာတပ်မတော်ရဲ့ အရာရှိ အချို့တွေအတွက် သင်တန်းတွေ ပေးဖို့ အစီအစဉ် ရှိပါတယ်။ ဆိုတော့လေ့ကျင့်မှု မဟုတ်ဘူး။ ဒါပေမယ့် သင်တန်းပေါ့။ သင်တန်းဆိုတော့ ဥပမာ ဒီမိုကရက်တစ် နိုင်ငံရေး စနစ်အောက်မှာ စစ်တပ်အနေနဲ့ ဘယ်လိုနေတယ်။ နောက်ပြီးတော့ ဒီမိုကရက်တစ် တာဝန်ခံမှု အကြောင်း၊ သင်တန်းတွေ ပေးဖို့ ရှိပါတယ်။ လူ့ အခွင့်အရေး အကြောင်း သင်တန်းတွေ ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီလိုသင်တန်းတွေဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ၊ မတ်လောက် စပြီးတော့ ဖြစ်ပါမယ်။”

ဒီလို သင်တန်းတွေ ပေးဖို့ ကိစ္စကို ဇွန်လအတွင်းက ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်စ် (General Sir David Richards)ဟာ မြန်မာနိုင်ငံကို လာရောက်စဉ်ကတည်းက တပ်မတော်အရာရှိကြီးတွေနဲ့ ညှိနှိုင်း သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သမ္မတဦးသိန်းစိန်ရဲ့ ဇူလိုင်လအတွင်း ဗြိတိန် ခရီးစဉ်မှာလည်း
 နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူထားတယ် လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ နှစ်နိုင်ငံဆိုင်ရာ စစ်ရေး ပူးပေါင်းမှုတွေ လုပ်ဆောင်နိုင်
ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် စစ်သံမှူးဟာ အောက်တိုဘာ
လမှာ ရောက်ရှိမယ်လို့ ဒုအတွင်းဝန် ဂျိုး ဖရက်ရှာက ဆက်ပြောပါတယ်။

“၁၀ လပိုင်းမှာ စပြီးတော့ ကျွန်တော်တို့ဟာ ဗမာပြည်မှာ အခြေစိုက်မယ့် စစ်သံမှူး တစ်ယောက် အသစ်ရှိပါမယ်။ အဲဒါဟာ ၁၀ လပိုင်းမှာ စဖြစ်မယ်။ စစ်သံမှူးက ရန်ကုန်မှာ အချိန်ပြည့် အခြေစိုက်ပါမယ်”

၁၉၈၈ ခုနှစ် နောက်ပိုင်းကတည်းက အမေရိကန်က မြန်မာနိုင်ငံကို စစ်သံမှူး အဆက်အသွယ် မဖြတ်ခဲ့ပေမယ့် ဗြိတိန် အနေနဲ့တော့ ဥရောပ သမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရ မြန်မာနဲ့ စစ်သံမှူး အဆက်အသွယ်ဖြတ်ခဲ့ပြီး ယခုနှစ်မှာ ပြန်လည် စတင်မှာ ဖြစ်ပါတယ်။

ဗြိတိန်အနေနဲ့ ယခုလို စစ်ဘက်ဆိုင်ရာ အကူအညီပေးဖို့တွေ လုပ်ဆောင်နေ
သလို အမေရိကန်ကလည်း မြန်မာစစ်တပ်ကို အဆင့်မြှင့်တင်ဖို့ အကူ
အညီပေးမယ့်အကြောင်းကို ပြောဆိုခဲ့တယ်လို့ ရေဒီယိုသြစတြေးလျသတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။
 
အမေရိကန်က မြန်မာနဲ့ မူးယစ်တိုက်ဖျက်ရေးမှာ ပူပေါင်းဖို့ဆွေးနွေး၊ စစ်ဖက်ဆိုင်ရာ ပူးပေါင်းမှုလုပ်ဖို့လည်း လိုလား 

မြန်မာနိုင်ငံအတွင်း တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ် ကုန်ကူးမှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ အမေရိကန်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ 
ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ဥပဒေစောင့်ရှောက်ရေး ဒုဝန်ကြီး William Brownfield မြန်မာနိုင်ငံမှာ 
ရောက်ရှိစဉ်အတွင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တရားမဝင် မူးယစ်ဆေးဝါးကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ မူးယစ်တိုက်ဖျက်ရေး တပ်တွေရဲ့ အရည်အချင်း မြှင့်တင်တိုးချဲ့မှုတွေ လုပ်သွားဖို့ ဆွေးနွေးခဲ့ကြ
တာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက မြန်မာကာကွယ်ရေးတပ်ကို စစ်ရေးသင်တန်း ပေး
တာတွေ ၂၅ နှစ်ကြာ ရပ်တန့်ခဲ့ပြီး ခုအခါမှာ သင်တန်းတွေ ပြန်ပေးဖို့ ကြိုးစားနေချိန်လည်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရကနေ မြန်မာကာကွယ်ရေးတပ်တွေကို သင်တန်းပြန်ပေး
မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဥပဒေပြုသူတချို့က ကန့်ကွက်မှုတွေ လုပ်နေပြီး မြန်မာတိုင်းရင်းသားဒေသတွေမှာ စစ်တပ်ကနေ တိုက်ခိုက်မှု
လုပ်တာတွေ၊ ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့မှု ပိတ်ပင်တာတွေ လုပ်နေသေးတဲ့အတွက် အမေရိကန် အနေနဲ့ စစ်တပ်ပိုင်းဆိုင်ရာမှာ မြန်မာနဲ့ ပူးပေါင်းမှုတွေ မလုပ်ဖို့ တားဆီးကြတဲ့အတွက် ကြန့်ကြာမှုတွေ ဖြစ်နေ
ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ပြည်လုံးကျွတ်အရေးတော်ပုံအတွင်း စစ်တပ်ကနေ
 ပြည်သူတွေကို နှိမ်နင်းမှုလုပ်ခဲ့ရာက အမေရိကန်က မြန်မာစစ်တပ်နဲ့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ချိန်ကစပြီး မြန်မာနိုင်ငံက တရုတ်၊ ရုရှားနဲ့ 
မြောက်ကိုးရီးယားကို အားကိုးမှု လုပ်ခဲ့ရာက ခုအခါမှာ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းမှု ပြုလုပ်ဖို့ ကြိုးစားလာကြတာ ဖြစ်ပါတယ်။

ABC
မြန်မာနဲ့ အမေရိကန်နိုင်ငံတို့ စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာဘဲ ဗြိတိန် စစ်ဘက်ကနေ မြန်မာ စစ်တပ်အရာရှိတွေကို ၂၀၁၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်စနစ်အောက် မှာ နေ ထိုင်တဲ့ တပ်မတော်တွေအကြောင်းနဲ့ ဒီမိုကရက်တစ်စနစ်ရဲ့ တာဝန်ခံမှုအကြောင်းတွေကို သင်တန်း ပို့ချမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဒုတိယအတွင်းဝန် မစ္စတာ ဂျိုးဖရက်ရှာ(Joe Fisher) က ပြောပြပါတယ်။

အစိုးရသစ်အဖွဲ့ လာမယ့် တစ်ပတ်မှာ ကျမ်းကြိမ်ဖို့ရှိ

Photo: အစိုးရသစ်အဖွဲ့ လာမယ့် တစ်ပတ်မှာ ကျမ်းကြိမ်ဖို့ရှိ
Monday, September 9, 2013

သြစတြေးလျနိုင်ငံရဲ့ ၂၈ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့ တိုနီအာဘော့တ်က လာမယ့် တစ်ပတ်အတွင်းမှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကြိမ်ဆိုဖို့ရှိပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ဝန်ကြီးချုပ် ကယ်ဗင်ရဒ်ကတော့ လေဘာပါတီ ခေါင်းဆောင်အဖြစ်ကနှုတ်ထွက်လိုက်ပြီ
 ဖြစ်ပါတယ်။

အစိုးရအပြောင်းအလဲဖြစ်ပေါ်တဲ့အတွက် ကယ်ဗင်ရဒ်ဦးဆောင်တဲ့ ဝန်ကြီးအဖွဲ့က ဝန်ကြီးရုံးခန်းတွေရှင်းလင်း ထုတ်ပိုးနေပြီး အစိုးရဖြစ်
လာမယ့် တိုနီအာဘော့တ်ဦးဆောင်တဲ့ အဖွဲ့က ရုံးခန်းတွေမှာ နေရာ
ယူဖို့ အသင့်စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် တိုနီအာဘော့်တ်က အားကစားလိုက်စားသူပီပီ ဒီကနေ့ မနက်အစောကြီးမှာ မိတ်ဆွေတွေနဲ့ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခဲ့ပြီး ဒီနောက်မှာတော့ သြစတြေးလျနိုင်ငံရဲ့ ကဏ္ဍပေါင်းစုံ အခြေအနေနဲ့ ပတ်သက်ပြီး လက်အောက်ငယ်သားတွေရဲ့ တင်ပြမှုကို တစ်နေ့ကုန်လုံး နားထောင်မယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် ဝန်ကြီးချုပ်ဟောင်း ကယ်ဗင်ရဒ်က သူဦးဆောင်တဲ့ လေဘာပါတီ ဥက္ကဌရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။

သူ့ကို ဘယ်သူအစားထိုးမလဲဆိုတာ မသိရသေးပေမယ့် အလုပ်
သမားရေးရာ ဝန်ကြီးဟောင်း Bill Shorten နဲ့ အခြေခံအဆောက်အဦးနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဟောင်း Anthony Albanese က ဥက္ကဌနေရာယူလိမ့်မယ်လို့ ထင်ကြေးပေးခံနေရပေမယ့် နှစ်ယောက်စလုံးက ဒီရာထူးကို လက်ခံဖို့ သူ့အနေနဲ့ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။

လေဘာပါတီခေါင်းဆောင်ဟောင်း Simon Crean ကတော့ Bill Shorten ကသာ လေဘာပါတီကို ပိုဦးဆောင်နိုင်မယ်လို့ မှတ်ချက်ပေးထားပါတယ်။

ဒီရွေးကောက်ပွဲအတွင်း သြစတြေးလျဌာနေတိုင်းရင်းသား အမျိုးသမီး
တစ်ဦးကလည်း ပထမဆုံးသော ဌာနေတိုင်းရင်းသား အမျိုးသမီး လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

အိုလံပစ်ရွှေတံဆိပ်ဆုရင် အားကစားသမားဟောင်း Nova Paris ဟာ သူမငယ်စဉ်ဘဝက ဆင်းရဲသားတွေနေထိုင်ရာ အစိုးရအိမ်မှာ မိခင်နဲ့အတူ နေထိုင်ကြီးပြင်းလာသူဖြစ်ပြီး ခုလို ပထမဆုံးသော ဌာနေတိုင်းရင်း အမျိုးသမီးလွှတ်တော်အမတ် ဖြစ်လာခွင့်ရှိတဲ့အတွက် မိသားစုဝင်တွေနဲ့ လေဘာပါတီဝင်တို့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ်။

သြစတြေးလျနိုင်ငံက ဌာနေတိုင်းရင်းသားတွေဟာ အရင်တုန်းက မဲပေးပိုင်ခွင့်တောင် မရှိကြပေမယ့် နောက်ပိုင်းမှာ အခွင့်အရေးပေးတာ ခံလာရပြီး အာဘောရီဂျင်နာလူမျိုး အမျိုးသားတွေ နိုင်ငံရေးလောကထဲ ဝင်ရောက်နိုင်သူတွေ ရှိလာပေမယ့် အမျိုးသမီးအနေနဲ့ ခုချိန်မှသာ ပထမဦးဆုံး ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။ 

ABC
သြစတြေးလျနိုင်ငံရဲ့ ၂၈ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့ တိုနီအာဘော့တ်က လာမယ့် တစ်ပတ်အတွင်းမှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကြိမ်ဆိုဖို့ရှိပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ဝန်ကြီး ချုပ် ကယ်ဗင်ရဒ်ကတော့ လေဘာပါတီ ခေါင်းဆောင်အဖြစ်ကနှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

ဆီးရီးယားကိစ္စမှာ ကုလရဲ့ ဆုံးဖြတ်ချက်ရဖို့ ကန်အစိုးရ ဆက်ကြိုးစားမယ်

Photo: ဆီးရီးယားကိစ္စမှာ ကုလရဲ့ ဆုံးဖြတ်ချက်ရဖို့ ကန်အစိုးရ ဆက်ကြိုးစားမယ်
Monday, September 9, 2013

ဆီးရီးယား နိုင်ငံ အစိုးရက ဓါတုလက်နက် သုံးစွဲခဲ့တာနဲ့ ပတ်သက်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ရဖို့အတွက် အမေရိကန်က နောက်ထပ် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

အာရပ် နိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးများနဲ့ တွေ့ ဆုံအပြီး အမေရိကန်
 နိုင်ငံခြားရေးဝန်ကြီး  John Kerry က ဆီးရီးယား နိုင်ငံအုပ်ချုပ်မှု 
ခေါင်းဆောင်တွေ အပေါ် အရေးယူ တိုက်ခိုက်ဖို့ ထောက်ခံမှုတွေ ပိုပြီး များလာနေပြီလို့ ဆိုပါတယ်။

John Kerry က ဓါတုလက်နက် အသုံးပြု ခြင်းနဲ့ ပတ်သက်တဲ့ စံထားမှု 
ပေါ် ထိန်းသိမ်းရေးအတွက် အရေးယူလိုတာဖြစ်ပြီး  ဆီးရီးယား နိုင်ငံတွင်းက
 ပြည်တွင်းစစ်မှာ ဝင်ရောက်ပါဝင် သိမ်းပိုက်မှုကို ရယူဖို့ အတွက် မဟုတ်ဘူး
လို့ ဆိုပါတယ်။

ဆီးကီးယား သမ္မတ Bashar al-Assad ကတော့ ဓါတုလက်နက်သုံးစွဲမှုမှာ သူ့ အနေနဲ့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ အမေရိကန် သတင်းမီဒီယာတွေကို 
ပြောပြခဲ့ပါတယ်။

အဲ့ဒါ့အပြင် ဓါတုစစ်လက်နက်အသုံးချရာမှာ သူ့ အနေနဲ့ ပါဝင်ပါတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေကို ထုတ်ဖေါ်ပြဖို့ စိန်ခေါ်ခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ဖို့ အမေရိကန် သမ္မတ Barack Obama ကလဲ အမေရိကန်ပြည်သူတွေရဲ့ထောက်ခံချက် ရရှိဖို့ သတင်း
မီဒီယာ တွေမှာ တွေ့ဆုံဆွေးနွှေး ပွဲတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ABC
ဆီးရီးယား နိုင်ငံ အစိုးရက ဓါတုလက်နက် သုံးစွဲခဲ့တာနဲ့ ပတ်သက်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ရဖို့အတွက် အမေရိကန်က နောက်ထပ် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

မွတ်စလင် အစွန်းရောက်များ၏ ဆန္ဒပြမှုများကြောင့် Miss World 2013 ပြိုင်ပွဲအား ဘာလီကျွန်းတွင် ကျင်းပမည်

Photo: မွတ်စလင် အစွန်းရောက်များ၏ ဆန္ဒပြမှုများကြောင့် Miss World 2013 ပြိုင်ပွဲအား ဘာလီကျွန်းတွင် ကျင်းပမည်

Miss World 2013 ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပရန် စီစဉ်နေမှုအပေါ် မွတ်စလင် အစွန်းရောက်များက ယခုသီတင်းပတ် အတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့မှုကြောင့် ၎င်းပြိုင်ပွဲအား ဂျကာတာနှင့် အနီးအနားမဟုတ်သည့် ဘာလီကျွန်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ မွတ်စလင် အများစုနေထိုင်ရာ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာတွင် ကျင်းပမည့် အဆိုပါ အလှမယ် ပြိုင်ပွဲ၌ ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုအား လူ ထောင်ပေါင်းများစွာက ယခုသီတင်းပတ်အတွင်း လမ်းမများပေါ်ထွက်၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ စက်တင်ဘာ ၈ ရက်မှ စတင်ကျင်းပမည့် အဆိုပါ အလှမယ်ပြိုင်ပွဲအား ဂျကာတာမြို့နှင့် အနီးအနားတွင် ကျင်းပသွားရန် စီစဉ်ထားသော်လည်း ထိုကဲ့သို့ ဆန္ဒပြမှုများကြောင့် ဟိန္ဒူအများစု နေထိုင် ရာဘာလီကျွန်းတွင် ပြောင်းရွှေ့ကျင်းပသွားမည် ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

http://www.myawady.net.mm/allnews/global/item/24722-2013-09-08-11-37-49
Miss World 2013 ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပရန် စီစဉ်နေမှုအပေါ် မွတ်စလင် အစွန်းရောက်များက ယခုသီတင်းပတ် အတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့မှုကြောင့် ၎င်းပြိုင်ပွဲအား ဂျကာတာနှင့်

ယခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုများ များပြားလာပြီး ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာ

8.1.1
စက်တင်ဘာ ၅ ရက်က သာကေတမြို့နယ်တွင် အသည်းကင်ဆာ ခံစားနေရသူ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးသည့် နေရာအား မိသားစုဝင် တစ်ဦးက ပြနေစဉ်
မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း မိမိကိုယ်ကိုယ် သေကြောင်းကြံစည် မှု ဖြစ်စဉ်များ အများအပြား ဖြစ်ပွား လာပြီး ယင်းကဲ့သို့ အဆုံးစီရင်မှုတွင် ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယား ကွန်း စနစ်ပါဝင်သည့် အထူးရထားတွဲများ မကြာမီ ထည့်သွင်း ပြေးဆွဲမည်

8.1.1
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့ပတ်ရထားပေါ်တွင် လိုက်ပါစီးနင်းသူများ အား တွေ့ရစဉ်
ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယား ကွန်း စနစ်ပါဝင်သည့် အထူး ရထားတွဲများအား မကြာမီထည့်သွင်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာ ၇ ရက်က ရန်ကုန် ဘူတာကြီးတွင် ပြုလုပ်သည့် ရန်ကုန် -ကျိုက်ထို- ရန်ကုန် အထူးအမြန် ရထားစတင်ပြေး ဆွဲခြင်းအခမ်းအနားအပြီး သတင်းမီဒီယာ အချို့နှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် UNFC တို့၏ ချင်းမိုင်ဆွေးနွေးပွဲ သဘောတူညီချက်မရ

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ စက်တင်ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတရာသဘောတူညီမှုမရခဲ့ကြောင်း UNFC ၏ပြောရေးဆိုခွင့် ရှိသူ နိုင်ဟံသာကပြောသည်။

မြန်မာနိုင်ငံဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှုအားနည်းနေကြောင်း လုပ်ငန်းရှင်များ ပြော

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်နေသည့် အခက်အခဲများကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းထံ စီးပွားရေး ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များက တင်ပြရာတွင်လုပ်ငန်း ရှင်များ၏ ထက်ဝက်ကျော်က ဘဏ်လုပ်ငန်းဖွံ့ဖြိုးမှုအားနည်းနေသည်ဟု ပြောဆိုလိုက်သည်။