Thursday, 22 August 2013

အမျိုးသမီးတစ်ဦး၏ ပေါင်ပေါ်တွင်အိပ်နေရသလို ခံစားမှုပေးစွမ်းနိုင်သည့် ခေါင်းအုံး ဂျပန်တွင် လူကြိုက်များ

Photo: အမျိုးသမီးတစ်ဦး၏ ပေါင်ပေါ်တွင်အိပ်နေရသလို ခံစားမှုပေးစွမ်းနိုင်သည့် ခေါင်းအုံး ဂျပန်တွင် လူကြိုက်များ
 Thursday, August 22, 2013

အမျိုးသမီးတစ်ဦး၏ ပေါင်ပေါ်တွင်အိပ်စက်အနားယူနေရသလို စိတ်ခံစားမှု ပေးစွမ်းနိုင်သည့် ခေါင်းအုံးတစ်မျိုးမှာ စတင်ထုတ်လုပ်ရောင်းချစဉ်ကတည်းက ဂျပန်နိုင်ငံတွင် လူကြိုက်များရေပန်းစားလျက်ရှိကြောင်းသိရသည်။
နာမည်ကျော် အွန်လိုင်းစတိုး Japan Trend Shop မှရောင်းချသည့် ဂျပန်ဘာသာ ဖြင့် ဟီမာဇာကူရာ ဟုခေါ်သော ခေါင်းအုံးမှာ ဂျပန်မလေးတစ်ဦး ဒူးကွေးထိုင်နေသည့်ပုံစံ ဖန်တီးထားပြီး ခေါင်းချလဲလျောင်းလိုက်သည့်အခါ ကျုံ့နိုင်ဆန့်နိုင်သော နူးညံ့သည့် ထိတွေ့မှု နှင့်အတူ တကယ့်အမျိုးသမီးတစ်ဦး၏ ပေါင်ပေါ်တွင်အိပ်စက်အနားယူနေရသလို သက်သောင့်သက်သာ ရှိစေမည်ဖြစ်သည်။ ပလတ်စတစ်ဖော့တစ်မျိုးနှင့်ပြုပ်လုပ်ထားပြီး အဖုံးပါရှိသော အဆိုပါ ခေါင်းအုံးပေါ်တွင် အိပ်စက်လဲလျောင်းခြင်းဖြင့် မိခင် သို့မဟုတ် ချစ်ဇနီး၏ ပေါင်ပေါ်တွင် အနားယူနေရသလို စိတ်ခံစားမှုများ ပေးစွမ်းနိုင်မည်ဖြစ်သည်။
၂၀ဝ၀ ပြည့်နှစ် နှစ်လယ်က Trane Corporation မှ အိမ်လွမ်းနာကျနေသူများနှင့် တစ်ကိုယ်ရေတစ်ကာယသမား အထီးကျန်ဆန်သူများအတွက် အဓိကထုတ်လုပ်ရောင်းချခဲ့ရာမှ ယနေ့ထိ လူကြိုက်များ ရောင်းအားကောင်းနေဆဲဖြစ်သည်။ အဆိုပါ ခေါင်းအုံးကို Japan Trend နှင့် Amazon Japan တို့မှရောင်းချပေးနေသလို တိုကျိုနှင့် နာရီတာ နိုင်ငံတကာလေဆိပ် ရှိ အကောက်ခွန်လွတ်ဈေးဆိုင်များတွင်လည်း ရောင်းချလျက်ရှိပြီး အများစုက အမှတ်တရ လက်ဆောင်ပေးရန် ဝယ်ယူကြသည်ဟု သိရသည်။

Credit : Anoe Soe
အမျိုးသမီးတစ်ဦး၏ ပေါင်ပေါ်တွင်အိပ်စက်အနားယူနေရသလို စိတ်ခံစားမှု ပေးစွမ်းနိုင်သည့် ခေါင်းအုံး တစ်မျိုးမှာ စတင်ထုတ်လုပ်ရောင်းချစဉ်ကတည်းက ဂျပန်နိုင်ငံတွင် လူကြိုက်များရေပန်းစားလျက် ရှိကြောင်း သိရသည်။

တရားလွှတ်တော် ချုပ်ရုံးမှ မှားယွင်းစွာ ဆုံးဖြတ် သည်ဟု ယူဆသော အမှုအား ပြည်ထောင်စု အဆင့်သို့ တင်ပြ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ မှားယွင်းစွာဆုံးဖြတ်ခဲ့သည်ဟု ယူဆသော အမှုအား ပြည်ထောင်စု အ ဆင့်ဌာနများသို့ တင်ပြထားခြင်းကို တုံ့ပြန်မှုမရှိပါက ဆက်လက် စုံစမ်း တင်ပြသွား မည်ဖြစ်ကြောင်း အမှု ရင်ဆိုင်ခဲ့သူများက ပြောသည်။

ပခုက္ကူ စက်မှုဇုန်တွင် အလုပ်ရရှိမှု နည်းပါးလာသည့်အတွက် အလုပ်ရုံ အချို့ ပိတ်သိမ်း

Photo: ပခုက္ကူ စက်မှုဇုန်တွင် အလုပ်ရရှိမှု နည်းပါးလာသည့်အတွက် အလုပ်ရုံ
အချို့ ပိတ်သိမ်း
Thursday, August 22, 2013

ပခုက္ကူ စက်မှုဇုန်ရှိ ကားဝပ်ရှော့ တွင်ခုံနှင့် ပန်းပဲလုပ်ငန်းများ အလုပ်ရရှိမှု နည်းပါးလာသည့်အတွက် လုပ်ငန်းဆက်လက် လုပ်ကိုင်ရန် ခက်ခဲလာပြီး လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ခြင်း၊ အလုပ်ရုံတချို့ ပိတ်သိမ်းခြင်း ပြု
လုပ်နေရကြောင်း သိရသည်။

ပခုက္ကူ စက်မှုဇုန်ရှိ ကားဝပ်ရှော့၊ တွင်ခုံနှင့် ပန်းပဲလုပ်ငန်းများမှာ ယခင်နှစ်
များတွင် မော်တော်ကားများ ထုတ်လုပ်ရောင်းချခြင်း၊ ယာဉ်ဟောင်းများ
ပြန်လည်ပြုပြင်ခြင်း၊ သစ်ထုပ်လုပ်ရေး လုပ်ငန်းခွင်များသို့ သွားရောက်
မည့် မော်တော်ယာဉ်များအား ယာဉ်ကြံ့ခိုင်မှု ပြန်လည်စစ်ဆေးပြီး ပြင်ဆင်
မှုများ ပြုလုပ်ပေးရခြင်းများကြောင့် လုပ်ငန်းလည်ပတ်ရန် အဆင်ပြေ
ခဲ့သော်လည်း ယခုနှစ်တွင်မူ မော်တော်ကား ထုပ်လုပ်ရောင်းချရန် အဆင်မပြေခြင်းကြောင့် တွင်ခုံနှင့် ပန်းပဲလုပ်ငန်းများမှာ အလုပ်အကိုင် ရှားပါးလာပြီး ကားဝပ်ရှော့များမှာလည်း ယာဉ်ဟောင်းများ ပြန်လည်ပြင်
ဆင်ရမှု နည်းပါးလာသည့်အတွက်လုပ်ငန်းအများစုရပ်နားရခြင်းဖြစ်ကြောင်း
ကားဝပ်ရှော့ လုပ်ကိုင်သူများထံမှ သိရသည်။

"အရင်တုန်းက ခုလိုအချိန်ဆိုရင် သစ်ကွင်းသွားမယ့် ကားတွေကို ယာဉ်ကြံခိုင်ရေး ပြန်စစ်ပေးရတယ်။ လေးထပ်တာတို့ ဖရိန်မြင့်တာတို့
နောက်ကားအင်ဂျင် ပြန်စစ်တာတို့ လုပ်ပေးရတော့ ပန်းပဲသမားရော တွင်ခုံရော ကားဝပ်ရှော့တွေရော အကုန်အလုပ်ဖြစ်တယ်။ ခုနောက်ပိုင်း သစ်ကားတွေက သစ်ကွင်းသိပ်မသွားရတော့ ယာဉ်လာစစ်တာတို့လည်း နည်းသွားတယ်။ ကားဈေးတွေကလည်း တအားကျနေတော့ ၅၅ သိန်းလောက် အကုန်ခံပြီးဆင်တဲ့ ဇုန်ထုတ်ဂျစ်ကားက ပြန်ရောင်းရင် သိန်း ၄၀ လောက်ပဲရတော့ ကားထုတ်တာလည်း မရှိတော့ဘူး။ ကားဟောင်းတွေ
ကလည်း အပ်လိုက်ကြတော့ အရင်လို အဟောင်းပြင်ရတယ် ဆိုတာလည်း မရှိသလောက်ပဲ။ ရွာတွေကကားနဲ့ ခရီးသည်တင် ကားလောက်ပဲ ပြင်ရတော့
တယ်။ လုပ်ငန်းအများစုကတော့ ရပ်ထားရတယ်" ဟု ပခုက္ကူ စက်မှုဇုန်တွင် ဂျစ်ကားထုတ်လုပ် ရောင်းချသူ ဦးစန်းမောင်က ဆိုသည်။

ပခုက္ကူ စက်မှုဇုန်ရှိ စက်မှုလုပ်ငန်း လုပ်ကိုင်သော လုပ်သားများမှာ လုပ်ငန်းအဆင်မပြေမှုများကြောင့် အလုပ်ရုံများ ပိတ်သိမ်းလိုက်ရသည့်
အတွက် ဆီးခွဲစက်၊ ဆီစက်နှင့် ရေသန့်စက်ရုံများတွင် ရွှေ့ပြောင်းလုပ်
ကိုင်နေရပြီး အလုပ်အကိုင် အခွင့်အလမ်း ယခင်ထက် နည်းပါးသွားပြီး ဘ၀ရပ်တည်ရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

Eleven Media Group
ပခုက္ကူ စက်မှုဇုန်ရှိ ကားဝပ်ရှော့ တွင်ခုံနှင့် ပန်းပဲလုပ်ငန်းများ အလုပ်ရရှိမှု နည်းပါးလာသည့်အတွက် လုပ်ငန်းဆက်လက် လုပ်ကိုင်ရန် ခက်ခဲလာပြီး လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ခြင်း၊ အလုပ်ရုံတချို့ ပိတ်သိမ်းခြင်း ပြုလုပ်နေရကြောင်း သိရသည်။

အသင်းဖော် များနှင့်အတူ မိတ်ဆုံ စားပွဲ တက်ရောက်ခဲ့ သည့် ရွန်နီ

Photo: အသင်းဖော်များနှင့်အတူ မိတ်ဆုံစားပွဲ တက်ရောက်ခဲ့သည့် ရွန်နီ
Thursday, August 22, 2013

မန်ချက်စတာ ယူနိုက်တက် အသင်းသားများ အတူတကွ မိတ်ဆုံစားပွဲ တစ်ခုကို ပြုလုပ်ခဲ့ရာ အသင်းနှင့် ဆက်ဆံရေး မပြေမလည် ဖြစ်နေသည်ဟု သတင်းကြီးနေသည့် ဝိန်းရွန်နီက ဇနီးဖြစ်သူနှင့်အတူ စုံတွဲ တက်ရောက်
ခဲ့သည်ကို တွေ့ရသည်။ ချယ်လ်ဆီး အသင်းက စိတ်ဝင်စားနေသော ရွန်နီသည် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များတွင် အသင်းနှင့် ပူးပေါင်းခဲ့ခြင်း မရှိသော်လည်း ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ဆွမ်ဆီးစီးတီးကို (၄-၁)ဖြင့် အနိုင်ယူခဲ့စဉ်က လူစားဝင် ကစားသွားခဲ့သည်။ အင်္ဂါနေ့ညက မန်နေဂျာ ဒေးဗစ်မိုယက်စ်ကိုယ်တိုင် ဦးဆောင် ကျင်းပခဲ့သော အသင်းသားများ မိတ်ဆုံညစာ စားပွဲတွင်မူ ရွန်နီသည် ဇနီးသည်
 ကောလင်းရွန်နီနှင့်အတူ ရောက်ရှိလာခဲ့သည်။ မန်ချက်စတာ မြို့တော်ခန်းမရှိ ဒင်းစ်ဂိတ်သို့ ရွန်နီနှင့် မိုယက်စ်တို့အပြင် အသင်းမှ နာမည်ကျော် ကစားသမား အများအပြားလည်း ချစ်သူများ၊ ဇနီးများနှင့်အတူ စုရုံးလာခဲ့သည်။

တွမ်ကလီဗာလေက ၎င်း၏ချစ်သူ ဂျော်ဂျီယာနာ ဒေါဆတ်ကို ခေါ်ဆောင်လာ
သလို ရော်ဘင်ဗန်ပါစီက ဇနီးသည် ဘူချရာ ဗန်ပါစီ၊ ရိုင်ယန်ဂစ်ကလည်း ဇနီးသည် စတေစီဂစ်တို့ကို အသီးသီး ပွဲထုတ်လာသည်။ နီမန်ယာ ဗီဒစ်သည် ဇနီးဖြစ်သူ အေနာ အိုင်ဗန်နိုဗစ်နှင့်အတူ ရောက်ရှိလာပြီး ဂျွန်နီအီဗန်စ်က လက်ထပ်ထားသည်မှာ လပိုင်းမျှသာ ရှိသေးသည့် ဟယ်လန် မက်ကောနဲလ်နှင့်အတူ ပွဲတက်ခဲ့သည်။ ခရစ်စမောလင်း၊ အက်ရှ်လေယန်းနှင့် ဖီးလ်ဂျုံးစ်တို့ကလည်း ၎င်းတို့၏ လက်တွဲဖော်
များနှင့်အတူ ရောက်ရှိလာခဲ့သည်ကို တွေ့ရသည်။ ဒေးဗစ်ဒီဂီယာ၊ ရှင်ဂျီကာဂါဝါ၊ အန်တိုနီယို ဗလန်စီယာ၊ ရီယိုဖာဒီနန်၊ ဒန်နီဝဲလ်ဘက်၊ ဝီလ်ဖရိုက်ဒ်ဇာဟာ၊ အလက်ဇန္ဒား ဘတ္တနာတို့မှာမူ အနှောင်အဖွဲ့ ကင်းကင်းနှင့်ပင် မိတ်ဆုံစားပွဲသို့ ရောက်ရှိလာသည်။

မိုယက်စ်သည် ယူနိုက်တက်၏ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက် ကိုင်တွယ်ဖြတ်သန်းမှုတွင် (၄-၁)ဖြင့် အနိုင်ရခဲ့သည့်နောက် ကျေနပ်
စရာ ဖြစ်လာခဲ့သည်။ ရွန်နီသည် အဆိုပါ ပွဲစဉ်တွင် မိနစ်ပိုင်းသာ ကစား
ဖူးပြီး သွင်းဂိုး(၂)ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။ ၎င်းသည် အသင်းသားများ ဂိုးသွင်းပြီး အောင်ပွဲခံချိန်တွင် အတန်ငယ် ကင်းကွာနေဟန် ရှိသော်လည်း ဗန်ပါစီက ရွန်နီထံ သွားရောက် အောင်ပွဲခံ ဝေမျှခဲ့သည်ကိုလည်း
 တွေ့ရသည်။ ယခုကဲ့သို့ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းသားများ စုံစုံညီညီ ရောက်ရှိလာချိန်တွင် ဖြတ်သွားဖြတ်လာ ပရိသတ် အချို့က ဖာဒီနန်နှင့် အချို့သော ကစားသမားများကို ခွင့်တောင်းကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ယူခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
မန်ချက်စတာ ယူနိုက်တက် အသင်းသားများ အတူတကွ မိတ်ဆုံစားပွဲ တစ်ခုကို ပြုလုပ်ခဲ့ရာ အသင်းနှင့် ဆက်ဆံရေး မပြေမလည် ဖြစ်နေသည်ဟု သတင်းကြီးနေသည့် ဝိန်းရွန်နီက ဇနီးဖြစ်သူနှင့်အတူ စုံတွဲ တက်ရောက် ခဲ့သည်ကို တွေ့ရသည်။ ချယ်လ်ဆီး အသင်းက စိတ်ဝင်စားနေသော ရွန်နီသည်

မြန်မာသံရုံး ဗုံးခွဲဖို့ သံသယ ရှိသူ ၄ဦး ထပ်မံ ဖမ်းဆီးခံရ

Photo: မြန်မာသံရုံးဗုံးခွဲဖို့ သံသယရှိသူ ၄ဦး ထပ်မံဖမ်းဆီးခံရ
Thursday, August 22, 2013

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်မှုနဲ့ သံသယဖြစ်နေတဲ့ အမျိုးသားလေးဦးကို အင်ဒိုနီးရှားရဲတွေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

သံသယဖြစ်ဖွယ်ရာ လူလေးဦးကို စနေနေ့ကနေ အင်္ဂါနေ့အထိ လိုက်လံ
ဖမ်းဆီးမိခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ဖမ်းမိတဲ့ အမျိုးသားနှစ်ဦးဟာ အကြမ်း
ဖက်မှုနဲ့ ထောင်ဒဏ်ရှစ်နှစ် ကျခံရဖူးသူတွေဖြစ်ပြီးတော့ ၂၀၀၈ခုနှစ်ကမှ
 ပြန်လွတ်လာတာဖြစ်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ronny Sompie က ပြောပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ မွတ်စလင်တွေကြား
က ပဋိပက္ခတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မွတ်စလင်လူမျိုးတွေကို အမျက်ဒေါသ ပိုမိုတိုးပွားစေခဲ့ပြီး အခုဖမ်းဆီးမိတဲ့ အမျိုးသားလေးဦးဟာ
 မြန်မာသံရုံးကိုဗုံးခွဲဖို့ ကြံစည်မှုမှာ ပါဝင်တယ်လို့ သံသယဖြစ်ခံထားရသူတွေ
 ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။

မေလ ၂ရက်နေ့တုန်းက မြန်မာသံရုံးကို ဗုံးခွဲဖို့အတွက် ကျောပိုးအိတ်ထဲမှာ လက်လုပ်ဗုံး ငါးလုံးသယ်ဆောင်လာတဲ့ အမျိုးသား ၂နှစ်ဦးကို အင်ဒိုနီးရှား
ရဲတွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အကြာသေးခင်ကပဲ ဂျာကာတာမှာရှိတဲ့ အက္ကယာန ဗုဒ္ဓဘာသာဘုန်းကြီး
ကျောင်းကို မွတ်စလင် စစ်သွေးကြွအဖွဲ့တဖွဲ့ကနေ ဗုံးခွဲတိုက်ခဲ့ပြီး လူတဦး
အနည်းငယ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ABC
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်မှုနဲ့ သံသယဖြစ်နေတဲ့ အမျိုးသားလေး ဦး ကို အင်ဒိုနီးရှားရဲတွေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်

အမေရိကန် ရေတပ်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်ရန် တရုတ် စစ်သင်္ဘောများ ထွက်ခွာ

Photo: အမေရိကန် ရေတပ်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်ရန် တရုတ် စစ်သင်္ဘောများ ထွက်ခွာ
Thursday, August 22, 2013

တရုတ်ရေတပ် စစ်သင်္ဘော သုံးစင်းသည်  ဟာဝိုင်အီ ပင်လယ်ပြင်တွင် ရှာဖွေ ကယ်ဆယ်ရေး လေ့ကျင့်ခန်းများကို အမေရိကန် ရေတပ် နှင့်ပူးတွဲ
 လေ့ကျင့်ရန် ကင်ဒါအိုဆိပ်ကမ်းမှ သြဂုတ် ၂ဝရက်ကထွက်ခွာသွားကြောင်း 
အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

တရုတ်စစ် သင်္ဘောများသည် သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသို့
လည်း အလားတူ စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ရန် ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ တရုတ် ရေတပ်ဒုတိယ ဦးစီးချုပ် Xu Hong-meng က ၎င်းလေ့ကျင့်ရေး ခရီးစဉ်သည် စစ်ရေးဆိုင်ရာ သံတမန်နည်းလမ်း အရ အရေးပါသော စစ်ဆင်ရေးတစ်ရပ် ဖြစ်သည်ဟု သြဂုတ် ၂၁ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်စစ် သင်္ဘောများ၏ အမေရိကန်သို့ သွားရောက် လေ့ကျင့်သည့် ခရီးစဉ်သည်  တရုတ် ကာကွယ်ရေး ဝန်ကြီး  ချန်ဝမ်ကွမ်က အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်လ် နှင့်တွေ့ ဆုံစဉ် နှစ်နိုင်ငံ ယုံကြည်မှု
 မြှင့်တင်ရေးအတွက် စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်
သွားရန်ဆန္ဒ ရှိကြောင်း ပြောဆိုခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်
ကြောင်း သိရသည်။

ထို့အပြင် တရုတ်ရေတပ်သည် ၂ဝ၁၄ ခုနှစ်တွင် ပြုလုပ်မည် ဖြစ်သည့် Rim of the Pacific ဟုအမည်ရသည့် နိုင်ငံတကာ ရေကြောင်း စစ်ရေးလေ့
ကျင့်ခန်းတွင် ပထမဆုံးအကြိမ် ပါဝင်လေ့ကျင့် သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
တရုတ်ရေတပ် စစ်သင်္ဘော သုံးစင်းသည် ဟာဝိုင်အီ ပင်လယ်ပြင်တွင် ရှာဖွေ ကယ်ဆယ်ရေး လေ့ ကျင့်ခန်းများကို အမေရိကန် ရေတပ် နှင့်ပူးတွဲလေ့ကျင့်ရန် ကင်ဒါအိုဆိပ်ကမ်းမှ သြဂုတ် ၂ဝရက်က ထွက်ခွာသွားကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား နေပြည်တော်၌ တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ်ကင်တားနားတို့ သြဂုတ် ၂၀ ရက်က နေပြည်တော် ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံခဲ့သည်။

ဗုဒ္ဓနည်းကျ ပဋိပက္ခ လေ့လာရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး ဆွေးနွေး ပွဲ တွင် ဘာသာကြီးလေးခုမှ ဘာသာဝင်များနှင့် အမေရိကန်နိုင်ငံမှ ငြိမ်းချမ်းရေး ပါမောက္ခတို့ ပါဝင်ဆွေးနွေး

ဗုဒ္ဓနည်းကျ ပဋိပက္ခ လေ့လာရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံ ဗားမောင့်ရှိ နိုင်ငံတကာ လေ့ကျင့်ရေး သင်တန်းကျောင်း (SIT) တွင် ပဋိပက္ခ လေ့လာရေးနှင့် ငြိမ်းချမ်းမှု

ယခုလ နောက်ဆုံးပတ်အတွင်း ဧရာဝတီမြစ်ရေ လေးပေမှ ခြောက်ပေခန့်၊ ချင်းတွင်းမြစ်ရေ ငါးပေမှ ခုနစ်ပေခန့် မြင့်တက်နိုင်

P-22-8
မန္တလေးဆိပ်ကမ်းအနီး ဧရာဝတီမြစ် တစ်နေရာအား သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-စိုးထက်ခိုင်)
ယခုလ နောက်ဆုံးပတ်အတွင်း ဧရာဝတီမြစ်ရေသည် လေးပေမှ ခြောက်ပေ ခန့်၊ ချင်းတွင်းမြစ်ရေသည် ငါးပေမှ ခုနစ်ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် ထားသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည် ၀င်ရောက် မှုနှုန်းပေါ် မူတည်၍ ရဲတပ်ဖွဲ့ အင်အား တိုးချဲ့မည်

T-22-8
ဗိုလ်ချုပ်ဈေးအတွင်းရှိ မြန်မာ့ယွန်းထည် ပစ္စည်းများကို နိုင်ငံခြားသားနှစ်ဦး ၀ယ်ယူနေကြစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားသား ခရီးသွားများ ၀င်ရောက်မှုနှုန်းပေါ် မူတည်၍ နိုင်ငံခြားခရီး သွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့အင်အားကို တိုးချဲ့သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၁ ရက် နံနက် ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံခြားသား ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းဦးထံမှ သတင်းရရှိသည်။

ကျောင်းမတက်ဘဲ အလုပ်လုပ်ကိုင်နေရသည့် ကလေးငယ်များကို လုပ်ငန်းခွင်အရောက် ပညာသင်ကြားပေးရန် စီစဉ်

စားဝတ်နေရေးအတွက် ကျောင်းတက်ရောက်နိုင်ခြင်း မရှိဘဲ အလုပ်လုပ်ကိုင်နေရသည့် ကလေးငယ် များကို လုပ်ငန်းခွင်အရောက် ပညာသင်ပေးရန် စီစဉ်လျက်ရှိကြောင်း သမ္မတရုံး အကြံပေး ဒေါက်တာအောင်ထွန်းသက် ၏ ပြောကြားချက်အရ သိရသည်။

၈၈ မျိုးဆက်အဖွဲ့နှင့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတို့ တွေ့ဆုံကာ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်နိုင်မှု ဆိုင်ရာများ ဆွေးနွေး

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီအဖွဲ့နှင့် သြဂုတ် ၂၁ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် အဖွဲ့ရုံးခန်းတွင် တွေ့ဆုံခဲ့ကာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ တိုးတက် လာသော်လည်း တိုင်းရင်းသား ပြန်လည် ရင်ကြားစေ့ရေး ဖော်ဆောင် ရာတွင် ကြီးမား သည့် စိန်ခေါ်မှုများ ရှိနေဆဲဟု ကင်တားနား ပြောကြား

V-22-8
ကင်တားနား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာသော်လည်း တိုင်းရင်းသား ပြန်လည်ရင် ကြားစေ့ရေး ဖော်ဆောင်ရာတွင် ကြီးမားသည့် စိန်ခေါ်မှုများ ရှိနေဆဲဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားက ပြောကြားသည်။

ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဥပဒေကြမ်းနှင့် ပတ်သက်သည့် အစီရင်ခံစာ ဖတ်ကြားစဉ် "မှားတာရှိရင် တောင်းပန်ပါတယ်" စကားရပ် သုံးနှုန်းမှုကို မှတ်တမ်းတင်ခြင်း မပြုဘဲ ကောက်နုတ်ပယ်ဖျက်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ သတိပေး

အမျိုးသားလွှတ်တော်၌ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌက ဥပဒေကြမ်းတစ်ခုနှင့် ပတ်သက်သည့် အစီရင်ခံစာ ဖတ်ကြားစဉ် "မှားတာရှိရင် တောင်းပန်ပါတယ်" စကားရပ်သုံးနှုန်းမှုကို မှတ်တမ်းတင်ခြင်း မပြုဘဲ ကောက်နုတ်ပယ်ဖျက်ကြောင်း သြဂုတ် ၂၁ ရက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က သတိပေး ပြောကြားသည်။

နိုင်ငံရေး သမားများ၊ ကျောင်းသား များကို နိုင်ငံရေး နှစ် ရှည်ထောင်ဒဏ်၊ ပြစ်ဒဏ်ပေး ခဲ့သည့် အီလက်ထရော နစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေပါ နှစ်ရှည်ထောင်ဒဏ် ပြစ်ဒဏ်များနှင့် ပတ်သက်၍ ပြင်ဆင်ရေး ဆွဲရန် လွှတ်တော် ၌ ဆွေးနွေးမည်

W-22-8
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်၌ တင်သွင်းစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
နိုင်ငံရေးသမားများ၊ ကျောင်းသားခေါင်းဆောင်များကို နိုင်ငံရေးနှစ်ရှည် ထောင်ဒဏ်၊ ပြစ်ဒဏ်ပေးခဲ့သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က သြဂုတ် ၂၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

သံလွင်၊ စစ်တောင်းနှင့် င၀န်မြစ်တို့၌ စိုးရိမ်ရေမှတ် ကျော်လွန်နေပြီး ကရင်ပြည်နယ်နှင့် ဧရာဝတီ တိုင်း ဒေသကြီးတို့တွင် ဒုတိယအကြိမ် ရေကြီးမှု ကြုံတွေ့

X-22-8
မော်လမြိုင်မြို့ ကမ်းနားဆိပ်အား သြဂုတ် ၂၁ ရက်က တွေ့ရစဉ်
သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် င၀န်မြစ်တို့တွင် စိုးရိမ်ရေမှတ် ကျော် လွန်နေပြီး ကရင်ပြည်နယ်၊ ဧရာဝတီ တိုင်း ဒေသကြီးတို့တွင် မြစ်ရေကြီးမှု သဘာဝ ဘေးအန္တရာယ်ကို ဒုတိယအကြိမ် ကြုံတွေ့နေရသည်ဟု သိရသည်။

ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ ဈာပန အခမ်းအနား အောင်ပန်းမြို့ တွင် ကျင်းပ

Y-22-8
ငြိမ်းချမ်းရေး စာဆိုရှင်ကြီး၏ ဈာပန အခမ်းအနား မြင်ကွင်း
ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ ဈာပန အခမ်းအနားကို သြဂုတ် ၂၁ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ် ခဲ့ပြီး စာပေ၊ အနုပညာနှင့် နိုင်ငံရေး စသည့်နယ်ပယ်ဒေသ အသီးသီးမှ လူဦးရေ ထောင်ချီပို့ဆောင်ခဲ့ ကြကြောင်း သိရသည်။ ဈာပန အခမ်းအနားသို့ နိုင်ငံရေးနယ်ပယ် အသီးသီးမှ ၀မ်းနည်းကြောင်း မှတ်တမ်းလွှာများ၊ ကဗျာများ ပေးပို့ဖတ်ကြားခြင်း များ ပြုလုပ်ခဲ့ကြသည်။

ထူးကုမ္ပဏီမှ မူဆယ်တွင် လေယာဉ်ကွင်းသစ်ဆောက်ရန် မြေဧက ၅၀၀ ကျော်အထိ ရယူလိုကြောင်း တောင်းခံ

ထူးကုမ္ပဏီများအုပ်စုမှ မူဆယ်မြို့နယ်တွင် လေယာဉ်ကွင်းသစ် တည်ဆောက်ရန် စီစဉ်နေကြောင်းနှင့် လေယာဉ်ကွင်းဆောက်ရန် မြေဧက ၅၀၀ ကျော်အထိ ရယူလိုကြောင်း တင်ပြထား သည်ဟု သိရသည်။

မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်

Z-22-8
မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖောက်ခွဲရေး သမားများ သတင်းကြောင့် မြို့အ၀င်အထွက် လမ်းကြောင်းများ အပါအ၀င် ပင်လယ်ပိုင်းရှိ ကျွန်းများနှင့် ကျေးရွာများအထိ စနစ်တကျ စောင့်ကြည့် စစ်ဆေးခြင်း များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဝါခေါင်လပြည့်နေ့တွင် တောင်ပြုန်းပွဲတော်၌ နတ်နန်းများသို့ လာရောက်ကြသူများ၊ နတ်ကသူများဖြင့် အထူးစည်ကား

AA-22-8
ဝါခေါင်လပြည့်နေ့က တောင်ပြုန်းမင်းနှစ်ပါး နတ်နန်းအတွင်း နတ်ကနေသူများကို တွေ့ရစဉ်
ဝါခေါင်လပြည့်နေ့ တောင်ပြုန်းပွဲတော် နောက်ဆုံးနေ့တွင် နတ်နန်းများသို့ လာရောက်သူများ၊ နတ်ကသူ များဖြင့် အထူးစည်ကားခဲ့ကြောင်း သတင်းရရှိသည်။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အတွင်းရှိ တောင်ပြုန်းကျေးရွာတွင် ကျင်းပနေသည့် တောင်ပြုန်း ပွဲတော် နောက်ဆုံးနေ့အဖြစ် ထိန်ခုတ်ပွဲ ကို မန္တလေးမြို့ အနီးဝန်းကျင်အပြင် နိုင်ငံအနှံ့အပြားမှ လာရောက်သူများပြားခဲ့ပြီး အစည်းကား ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။