Wednesday, 7 August 2013

ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်း အနားများကို ရန်ကုန်၊ မန္တလေးနှင့် အနယ်အရပ်ရပ် တွင် စတင် ကျင်းပ

CC-7-8
ရှစ်လေးလုံးငွေရတု အခမ်းအနားအား ရန်ကုန်မြို့၊ မရမ်းကုန်မြို့နယ်ရှိ MCC ခန်းမတွင် သြဂုတ် ၆ ရက်က ကျင်းပစဉ်
၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးသည် ယခုနှစ် သြဂုတ် ၈ ရက်တွင် ၂၅ နှစ်မြောက် ပြည့်မြောက်ခဲ့ရာ ရှစ်လေးလုံးငွေရတု အခမ်းအနားကို ရန်ကုန်၊ မန္တလေးနှင့် အနယ်နယ်အရပ်ရပ်ရှိ မြို့များတွင် သြဂုတ် ၆ ရက်မှ စတင် ကျင်းပလျက် ရှိသည်။

လှိုင်သာယာ မှ သိန်း ကိုးရာကျော် ခိုးမှုအား ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ (၂)ရက် အတွင်း ဖော်ထုတ်ခဲ့

Photo: လှိုင်သာယာမှ သိန်း ကိုးရာကျော် ခိုးမှုအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ (၂)ရက်အတွင်း ဖော်ထုတ်ခဲ့
Wednesday, August 07, 2013

၎.၈.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန်လှိုင်သာယာမြို့နယ်ရှိ အရှေ့တိုးတက်မှုအထည်ချုပ်ကုမ္ပဏီ ရုံးရှိ ငွေထိန်းခန်းအတွင်း၌ ကြွပ်ကြွပ်အိတ်များဖြင့် ထုတ်လျက် ဘီဒိုအတွင်း၌ ထည့်ထားသော
ငွေကျပ်(၉၈၄၈၀၀၀၀)မှာ ခိုးယူခံရ၍ ပျောက်ဆုံးနေကြောင်း
သိရှိရသဖြင့် ၎င်းကုမ္ပဏီ၏ မန်နေဂျာ ဒေါ်မြမြ၀င်းမှ စုံစမ်းဖေါ်ထုတ် အရေးယူပေးပါရန် တိုင်တန်းသဖြင့် လှိုင်သာယာမြို့မရဲစခန်း
(ပ) ၈၇၁/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင် များ ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ၅.၈.၂၀၁၃ ရက်နေ့တွင် အမှုမှတရားခံ များဖြစ်သောကျော်ရဲလွင် (ခ)ကျော်ဇင်ဟိန်း၊ (ဘ)ဦးတင်ရွှေ၊ ကုမ္ပဏီစက်ပြင်ဝန်ထမ်း၊ တွံတေးမြို့နယ်နှင့် အောင်ကိုကို(ခ)သန်းလှိုင် (ဘ)ဦးမောင်စိုး၊ စက်ချုပ်ဝန်ထမ်း၊ စက်မှုဇုံ(၄)၊ လှိုင်သာယာမြို့နယ်
နေသူတို့(၂)ဦးအား ဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။

တရားခံများအား စစ်ဆေးချက်များအရ ၎င်းတို့(၂)ဦးသည်
၃.၈.၂၀၁၃ ရက်နေ့ ညနေချိန်တွင် ကုမ္ပဏီမှ အပ်ချုပ်စက်တစ်လုံးပျက်၍ နှစ်ယောက်အတူပြင်နေစဉ် ငွေထိန်းခန်း၌ ထားရှိသောငွေများအား ခိုးယူရန်တိုင်ပင်ခဲ့ကြပြီး စက်ရုံဆင်းချိန်တွင် ထွက်ခွါခြင်းမပြုဘဲ ပုန်းအောင်နေထိုင်ခဲ့ကြကြောင်း၊ ၀က်အူလှည့်ဖြင့် တံခါးများအားဖွင့်ခဲ့ကာ ရုံးခန်းအပြင်တံခါး၌ တပ်ဆင်ထားသော CCTV အားအခြားတစ်ဖက်သို့ လှည့်ထားခဲ့ပြီး ငွေထိန်းခန်းအတွင်းမှ
ငွေများအား ပီနံအိတ်(၂)လုံးဖြင့်ထည့်၍ခိုးယူခဲ့ကြောင်း၊ လုံခြုံရေး အစောင့်မရှိသောဂိတ်မှတဆင့်အပြင်သို သယ်ယူကာ ကိုင်းတောအတွင်း၌ ၀ှက်ထားခဲ့ပြီး ဆိုင်ကယ်များဖြင့်ပြန်လာသယ်ယူ၍ တွံတေးမြို့နယ် ရှိ ကျော်ရဲလွင်(ခ)ကျော်ဇင်ဟိန်း၏နေအိမ်တွင် ၀ှက်သိမ်းထားရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါအမှုမှ ခိုးယူခံရသောငွေများအနက် ငွေသားကျပ်(၉၀၉၈၀၀၀၀)
နှင့် ခိုးယူရရှိသည့် ငွေများဖြင့်ဝယ်ယူထားသော ရွှေဆွဲကြိုး(၂)ကုံး၊
ဆွဲသီး(၂)ခု၊ ဖုန်း(၂)လုံးတို့အားပြန်လည်သိမ်း ဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
၎.၈.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန်လှိုင်သာယာမြို့နယ်ရှိ အရှေ့တိုးတက်မှုအထည်ချုပ်ကုမ္ပဏီ ရုံးရှိ ငွေထိန်းခန်းအတွင်း၌ ကြွပ်ကြွပ်အိတ်များဖြင့်ထုတ်လျက် ဘီဒိုအတွင်း၌ ထည့်ထားသော ငွေကျပ် (၉၈၄၈၀၀၀၀)မှာ ခိုးယူခံရ၍ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ၎င်းကုမ္ပဏီ၏ မန်နေဂျာ ဒေါ်မြမြ၀င်းမှ စုံစမ်းဖေါ်ထုတ် အရေးယူပေးပါရန် တိုင်တန်းသဖြင့် လှိုင်သာယာမြို့မရဲစခန်း(ပ) ၈၇၁/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

Samsung ဟန်းဆက် များ၏ ပါဝါ သေခြင်း ဆိုင်ရာပြဿနာ များအား ဖြေရှင်းနိုင် မည် ဟုဆို

Photo: Samsung ဟန်းဆက်များ၏ ပါဝါ သေခြင်း ဆိုင်ရာပြဿနာ များအား ဖြေရှင်းနိုင်မည် ဟုဆို
Wednesday, August 07, 2013

ဈေးကွက်အတွင်းတွင် ဖြစ်ပေါ်လျက်ရှိသော Samsung ဟန်းဆက်အချို့၏ အခက် အခဲနှင့် ပြဿနာများအား ဖြေရှင်းနိုင်ရန် အတွက် အကောင်းဆုံး နည်းလမ်းများ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခက် အခဲများ ထဲတွင် ပါဝါ ပျောက်သွားသော Samsungဟန်းဆက် များကိုလည်း ပြန်လည်ကောင်းမွန်အောင်ပြု လုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

Samsung ဟန်းဆက်အချို့တွင် အလိုအလျောက်ပါဝါပျောက်သွားခြင်းနှင့် အသုံးပြုသူများ၏ မှားယွင်းမှုများကြောင့် ပါဝါပျောက်သွားခြင်း၊ ဖုန်း Boot death ဖြစ်ခြင်း၊ Product ID ပျောက်သွားခြင်း အစရှိသော ပြဿနာများအတွက် ဖုန်း၏ Board တစ်ချပ်လုံးအား လဲလှယ်အသုံးပြုရန်မလိုအပ်ပဲ ဖုန်းအတွင်းရှိလိုအပ်သော အစိတ်အပိုင်းအချို့ကိုသာ လဲလှယ်ပေးယုံဖြင့် ပြန်လည်ကောင်း မွန်အောင် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ X Code မိုဘိုင်းမှကျွမ်းကျင်သူ ကိုပြည့်ဖြိုးကပြောပြရာတွင် “လက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ Samsung ဟန်းဆက်အချို့မှာ ပါဝါပျောက်သွားတတ်တဲ့ ပြဿနာတွေတွေ့ရပါတယ်။

အထူးသဖြင့် Galaxy S3, Galaxy Note2 နဲ့ Galaxy S4 ဖုန်းတွေမှာဖြစ်တဲ့ ပါဝါပျောက်တဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ပါပြီ။ အဓိကအားဖြင့် ဒီဖုန်းတွေမှာဖြစ်တတ်တဲ့ Product ID ပျောက်သွားတဲ့ ပြဿနာ ကိုဖြေရှင်းဖို့နည်းလမ်းကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ဒီဖုန်းတွေအသုံးပြုတဲ့သူအချို့က ဖုန်းပျက်သွားရင်ဆိုင် ကို ရောက်ရောက်လာကြတယ်။ ဖုန်းကဘာမှမလုပ်ဘဲ အားသွင်းထားရင်းနဲ့ ဖုန်းပါဝါပျာက်သွားတာတို့၊ ညဘက်အိပ်တဲ့အချိန်မှာ ဘာဖြစ်သွားမှန်းမသိဘဲ သူ့အလိုလို ပါဝါပျောက်သွားတာတို့ဆိုပြီး ဆိုင်ကိုရောက်ရောက်လာကြပါတယ်။ ဒီလိုမျိုးဖုန်းကိုအသုံးပြုသူက ဘာမှ မလုပ်ဘဲရှောင်တခင် ပါဝါပျောက်သွားတာကိုတော့ ကျွန်တော်တို့နယ်ပယ်ထဲမှာ Sudden Death ဖြစ်တယ်လို့ပြောကြပါတယ်။ ဒီလိုဖြစ်ရတာကတော့ ဖုန်းထဲမှာရှိနေတဲ့ EMMC Chip ထဲက bug ဖိုင် တစ်ဖိုင်ကလုပ်ဆောင်မှု ရပ်တန့်သွားလို့ဖြစ်ရတဲ့ ပြဿနာဖြစ်ပါတယ်။

အချို့မှာတော့ Samsung Logo နေရာမှာရပ်တန့်နေပြီး ပါဝါဆက်မတက်တော့တာမျိုးလည်း ဖြစ်တတ်ကြတာတွေ့ရပါတယ်။ ဒီလိုမျိုးအကြောင်းကြောင်းကြောင့် အလိုအလျောက်ပါဝါပျာက်လာတဲ့ဖုန်းတွေမှာ အဓိကအနေနဲ့ Product ID မရှိတော့တာကိုတွေ့ရပါတယ်။ Product ID မရှိတော့ရင်တော့ ဖုန်းကိုပါဝါပြန်လာအောင် လုပ်လို့ရပေမယ့် ဖုန်းစနစ်တွေထဲထိ မရောက်နိုင်သေးပါဘူး။ ဖုန်းကို Firmware ပြန်တင်ပေးရပါလိမ့်မယ်” ဟုပြောသည်။

ယင်းကဲ့သို့ Product ID ပျောက်သွားသောဖုန်းများအား ပါဝါပြန်လည်ရရှိစေရန်အတွက် အရင်ပြုလုပ်ရပြီး အချို့ဖုန်းများမှာပါဝါပြန်လည်ရရှိသော်လည်း Product ID မရှိတော့သောကြောင့် ဖုန်းအား OS အသစ်ပြန်လည်တင်နိုင်ရန်အတွက် Download Mode မရနိုင်ကြောင်းသိရသည်။ Product ID ပျောက်ကာ Download Mode မရတော့သောအဆိုပါဖုန်းများ အား ပြန်လည်ပြုပြင်မည်ဆိုပါက EMMC Chip တစ်ခုလုံးအား အသစ်လဲလှယ်တပ်ဆင်ရမည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ယင်းဖုန်းများအား EMMC Chip အသစ်ပြန်လည်လဲလှယ်တပ်ဆင်ခြင်းအား ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လိုအပ်ချက်တစ်ခုတည်းကိုသာ သီးသန့်လဲလှယ်နိုင်ခြင်းကြောင့် ပါဝါပျောက်သွားသော Galaxy S3, Galaxy Note2 နှင့် Galaxy S4 ဖုန်းများတွင် ဖုန်းအတွင်းရှိ ဆားကစ် Board တစ်ခုလုံးအား လဲလှယ်ရသော ကုန်ကျစရိတ်ထက်များစွာ သက်သာလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသူများနှင့် ဆက်သွယ်စုံစမ်းလိုသူများအနေဖြင့် X Code မိုဘိုင်း ဖုန်း ၀၉-၅၀၀၄၆၇၂ သို့ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Internet Journal
ဈေးကွက်အတွင်းတွင် ဖြစ်ပေါ်လျက်ရှိသော Samsung ဟန်းဆက်အချို့၏ အခက်အခဲနှင့် ပြဿနာ များအား ဖြေရှင်းနိုင်ရန် အတွက် အကောင်းဆုံး နည်းလမ်းများ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခက်အခဲများထဲတွင် ပါဝါ ပျောက်သွားသော Samsung ဟန်းဆက် များကိုလည်း ပြန်လည်ကောင်း မွန်အောင်ပြု လုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာ ဘတ် စကက်ဘော အမျိုးသမီး အားကစား အဖွဲ့ ပူးတွဲလေ့ ကျင့်မှု ပြု လုပ်ရန် ပြည်ပ ထွက်ခွာ

Photo: မြန်မာဘတ်စကက်ဘော အမျိုးသမီးအားကစားအဖွဲ့ ပူးတွဲလေ့ကျင့်မှု ပြုလုပ်ရန် ပြည်ပထွက်ခွာ

ရန်ကုန် ၊ ၇-၈-၂၀၁၃

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ တွင် အောင်မြင်မှု ရရှိရန် အတွက် အားကစား ၀န်ကြီးဌာန ၏ ဦးဆောင်မှုဖြင့် Government to Government အစီအစဉ်အရ သြဂုတ်လ ၆ ရက်မှ စက်တင်ဘာလ ၃ ရက်အထိ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့တွင် ဘတ်စကက်ဘော အားကစားနည်း ပူးတွဲ လေ့ကျင့်မှု ပြုလုပ်ရန် အားကစား နှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစိန်ထွန်း ခေါင်းဆောင်သော အုပ်ချုပ် ၊ နည်းပြ ၇ ဦးနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘော လက်ရွေးစင် အမျိုးသမီး အားကစား သမား ၁၆ ဦး စုစုပေါင်း ၂၃ ဦး ပါဝင်သည့် မြန်မာ ဘတ်စကက်ဘော အားကစား အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် မှ ထွက်ခွာသွားရာ တာဝန်ရှိ သူများမှ ပို့ဆောင် ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily
၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ တွင် အောင်မြင်မှု ရရှိရန် အတွက် အားကစား ၀န်ကြီးဌာန ၏ ဦးဆောင်မှုဖြင့် Government to Government အစီအစဉ်အရ သြဂုတ်လ ၆ ရက်မှ

ပထမဆုံး ကျင်းပခွင့်ရသည့် ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် တွင် ဆွေးနွေးမှုများ

တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကြောင်းအရာများ လွှမ်းမိုး 
လူထုအရေးတော်ပုံကြီး၏ ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ်ကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိမြန်မာကွန်ဗန်းရှင်းစင်တာတွင် သြဂုတ်လ ၆ ရက်က စတင် ကျင်းပနေပြီဖြစ်ရာ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သည့် လူ ၃၀၀၀ ကျော် တက်ရောက်လျက် ရှိနေသည်။

မြန်မာ့ကျောက်မျက် ရတနာ ခန်းမကြီး ကို နိုဝင်ဘာလ အမီ အပြီးပြုပြင် မွမ်းမံ သွားမည်

ရန်ကုန်တိုင်း ဒေသကြီး ၊ မရမ်းကုန်းမြို့နယ် ၊ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ကမ္ဘာအေး စေတီတော် မြတ် ကြီးအနီးတွင် တည်ရှိသော မြန်မာ့ ကျောက်မျက် ရတနာခန်းမကြီး ကို နိုင်ငံတကာအဆင့်မီ ကျောက်မျက် ရတနာအချောထည်များရောင်းချသည့် ကုန်တိုက်ကြီး တစ်ခုအဖြစ် ပြောင်းလဲဖွင့်လှစ်ရန် အတွက် အဆောက် အအုံ အတွင်းအပြင် ဥပစာ တစ်ခုလုံးကို အကြီးစား ပြုပြင် မွမ်းမံ တည်ဆောက်လျက်ရှိပြီး ယခုနှစ် နိုဝင်ဘာလ အမီ အပြီးပြုပြင် နိုင်စေရန် ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Tuesday, 6 August 2013

တင်ဒါအောင်မြင်သည့် ကုမ္ပဏီတစ်ခုလျှင် အနည်းဆုံးဘတ်စ်ကား (၇၅) စီး ရန်ကုန်တွင် ပြေးဆွဲပေးရမည်

မြန်မာပြည်၏ ဖွံ့ဖြိုးတိုးတက် မှုတွင် အကူအညီထောက်ပံ့မှုရစေရန် ကဏ္ဍအလိုက် တင်ဒါများခေါ်ယူခဲ့ရာ တွင် ယခုအခါတွင် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က. ည.န) အနေဖြင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန်တင်ဒါ များခေါ်ယူခဲ့ကြောင်းသိရှိရသည်။

ပင်လယ်ရေကြောင်း မှ မှောင်ခိုသွင်း ဟန်းဆက် သုံးလ အတွင်း တစ် သိန်းကျော် ရှိ

 Photo: ပင်လယ်ရေကြောင်းမှ မှောင်ခိုသွင်း ဟန်းဆက် သုံးလအတွင်း တစ်သိန်းကျော် ရှိ
Tuesday, August 06, 2013

၂၀၁၃ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ဇွန်လကုန်အထိ သုံးလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ မှောင်ခို တင်သွင်းလာသည့် ဟန်းဆက် အလုံးရေမှာ တစ်သိန်းကျော်အထိ ရှိနေကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်ဟု ဆိုသည်။

ယင်းဝန်ကြီးဌာနအနေဖြင့် နယ်စပ်တစ်လျှောက်တွင် မှောင်ခို ကုန်သွယ်နေမှုများအား ဖမ်းဆီးအရေးယူနိုင်ရန်အတွက် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလမှစ၍ Mobile Teamအဖွဲ့များဖြင့် စစ်ဆေးခဲ့ရာတွင်လည်း ရှမ်းပြည်နယ်၊ နောင်ချိုတွင် မြို့ရှောင်လမ်းများမှတစ်ဆင့် တရားမဝင် တင်သွင်းနေသည့် ဟန်းဆက်အလုံးရေ ၁၆၀၀ကျော်အား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ယခုအခါတွင် ပင်လယ်ရေကြောင်းမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများကို ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်းရှိ ကမ်းရိုးတန်း ကုန်သွယ်မှုဆိုင်ရာ ဆိပ်ကမ်းနယ်မြေ၊ ပင်လယ်ဝမှ ရန်ကုန်မြစ်တစ်လျှောက် နယ်မြေနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်း ဆိပ်ကမ်းများတွင် နယ်မြေခွဲခြား စစ်ဆေးသွားမည်ဟု ဆိုသည်။ ကုမ္ပဏီများက နှစ်စဉ် ဟန်းဆက်တင်သွင်းရန် လိုင်စင်ယူထားသည့် ပမာဏမှာ အလုံးရေ သိန်းချီ၍ ရှိသော်လည်း အမှန်တကယ် အခွန်ဆောင်ပြီး တင်သွင်းသည့် အရေအတွက်မှာ သောင်းဂဏန်းသာ ရှိကြောင်း သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တွက်ချက်မည်ဆိုပါက ဟန်းဆက် လိုအပ်ချက်များပြားနေပြီး ကုန်သွယ်မှု စာရင်းများအရ တရားဝင် ကုန်သွယ်မှု အရေအတွက်နှင့် တန်ဖိုးမှာ နည်းပါးနေပြီး လေဆိပ်၊ ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှ တရားမဝင် တင်သွင်းမှုမှာ များပြားနေသည်ဟု ဆိုသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပင်လယ်ရေကြောင်း၊ ကုန်သွယ်မှုမှတစ်ဆင့် မှောင်ခိုတင်သွင်းလာသော ဟန်းဆက် အလုံးရေမှာ ငါးသောင်းကျော်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ဒဿမ ၁သန်းကျော်ဖိုး ရှိကြောင်း သိရပါသည်။

နိုင်ငံတော်မှ ပြည်သူများ ဆက်သွယ်ရေး ပိုမို ကောင်းမွန်လာစေရန်အတွက် ယခုနောက်ပိုင်းတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို တစ်သုတ်ပြီး တစ်သုတ် ချထားပေးလျက် ရှိသကဲ့သို့ ဟန်းဆက်ဝယ်လိုအားလည်း များလာခဲ့ရာ ဟန်းဆက်အရောင်းဆိုင်များလည်း ရန်ကုန်တစ်မြို့လုံးတွင် မှိုပေါက်သလို တစ်ဆိုင်ပြီး တစ်ဆိုင် နေရာအနှံ ပေါ်ပေါက်လာကြသည်။

ဟန်းဆက်အမျိုးအစားများကလည်း သောင်းကျော်မှ သိန်းကျော်အထိ ဘယ်ခေတ်ကာလနှင့်မျှ မတူအောင် စုံလင်လှသည်။ မိမိ တတ်နိုင်သည့် အနေအထားနှင့်အညီ ဝယ်ယူသုံးစွဲနိုင်သည်။ ထိုဟန်းဆက်များထဲတွင် အထက်က သတင်းလို မှောင်ခိုအလုံးများ အဘယ်မျှ ပါဝင်နေမည်တော့ မသိနိုင်ပါလေ။

Myanmar ICT
 ၂၀၁၃ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ဇွန်လကုန်အထိ သုံးလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ မှောင်ခို တင်သွင်းလာသည့် ဟန်းဆက် အလုံးရေမှာ တစ်သိန်းကျော်အထိ ရှိနေကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်ဟုဆိုသည်။

Monday, 5 August 2013

ရန်ကုန်ယူနိုက်တက်ဘာကြောင့်သုံးနှစ်ဆက်ချန်ပီယံဖြစ်ခဲ့သလဲ

Photo: ရန်ကုန်ယူနိုက်တက်ဘာကြောင့်သုံးနှစ်ဆက်ချန်ပီယံဖြစ်ခဲ့သလဲ
Monday, August 05, 2013

ရှိသင့်ရှိထိုက်သော အခြေခံအဆောက်အအုံ
အမေးရှိရင် အဖြေရှိရမည်။ မြန်မာနေ ရှင်နယ်လိဂ်ဟူ၍ စတင်ဖြစ်ပေါ်လာချိန်တွင် ရန်ကုန်တို့ရုန်းကန်ခဲ့ရသည်။ သို့သော် လူငယ် ပြိုင်ပွဲများတွင် အောင်ပွဲခံနိုင်ခဲ့သည်။ လူငယ် အသင်းအောင်မြင်ခြင်းက အသင်းကြီးကို အထိုက် အလျောက်ပံ့ပိုးနိုင်ခဲ့သည်။ ထိုအချက်က လက် ရှိအချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းအောင် မြင်မှုရရှိစေသည့် အချက်တစ်ခုဖြစ်သည်။ ထို့အ ပြင် ရန်ကုန်ယူနိုက်တက်အသင်းတွင် အခြားအ သင်းများထက် သာလွန်သော အရာတစ်ခုရှိ သည်။ ထိုအရာမှာ လေ့ကျင့်ရေးကွင်းကောင်း တစ်ခုရှိခြင်းဖြစ်သည်။

အသင်းတစ်သင်း အောင်မြင်မှုရရှိနိုင်ရန် မှာ လေ့ကျင့်ရေးကွင်း ကောင်းကောင်းရှိဖို့ အဓိက ဖြစ်သည်။ ထိုကဲ့သို့ လေ့ကျင့်ရေးကွင်းကောင်း မွန်မှ ပြိုင်ပွဲတစ်ပွဲတွင် ကောင်းမွန်စွာယှဉ်ပြိုင် နိုင်မည်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်း သည် ကောင်းမွန်သည့် လေ့ကျင့်ရေးကွင်းရှိရုံမျှ မက ကိုယ်ပိုင် ကာယလေ့ကျင့်ရေးရုံ ရှိသည်။ ကစားသမားများအတွက် ရေကူးကန်ရှိသည်။ ကောင်းမွန်သော အိပ်ဆောင်ရှိသည်။ မြန်မာ နိုင်ငံသို့ ဘောလုံးနှင့်ပတ်သက်၍ ရောက်ရှိ လာသူမှန်သမျှကို ရန်ကုန်ယူနိုက်တက်ကွင်း ကိုသာ စံထားသွားရောက်ပြသကြသည်။
ကွာခြားသော လေ့ကျင့်ကွင်းအခြား မြန်မာနေရှင်နယ်လိဂ် ကလပ်များ တွင် ထိုကဲ့သို့ ကောင်းမွန်သော လေ့ကျင့်ရေး ကွင်းများမရှိ။ ထို့ကြောင့် မိုးများစွာရွာသွန်းချိန် တွင် ကစားသမားများလေ့ကျင့်ခန်း ပြုလုပ်ခွင့် မရ။ လေ့ကျင့်ရေးကောင်းစွာ မလုပ်နိုင်လျှင် ကစားသမားများ ခြေစွမ်းကျဆင်းသွားမည် ဖြစ် သည်။ ထို့ကြောင့် မိုးရာသီတွင် အသင်းအချို့ ခြေစွမ်းကျဆင်းသွားခဲ့ကြသည်။

အဓိကပြိုင်ဘက်များ ခြေချော်ခြင်း
ယခုနှစ်ရာသီမစခင်တွင် ရတနာပုံအသင်း သည် ပြင်ဆင်မှုများစွာပြုလုပ်ခဲ့သည်။ နာမည် ကြီး ကစားသမားများအား ခေါ်ယူခဲ့သည်။ သို့ သော် အဖွင့်ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်း အား သရေသာကစားနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက် တက်သည်လည်း ကစားသမား အများအပြား ခေါ်ယူခဲ့သည်။ သို့သော် နိုင်သင့်နိုင်ထိုက်သော အသင်းများကို အနိုင်ယူခဲ့သည်။

ထို့အပြင် ယခုနှစ်တွင် ရန်ကုန်ယူနိုက်တက် အသင်းကံကောင်းခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်း ရမှတ်ဆုံးရှုံးနေချိန်တွင် ကျန်အသင်းများ လိုက်၍ ရမှတ်ဆုံးရှုံးတတ်ကြသည်။ ထို့ကြောင့် ပထမအကျော့ ပြိုင်ပွဲပြီးဆုံးချိန်တွင် ကမ္ဘောဇ အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့သည် ရန် ကုန်ယူနိုက်တက်၏ အထက်၌ ရပ်တည်နိုင်ခဲ့ ကြသော်လည်း ၎င်းတို့၏အဓိကပြိုင်ဘက်ကို ရမှတ်အတော်များများ ဖြတ်ထားနိုင်ခြင်း မရှိချေ။ ထိုအချိန်သည် ရန်ကုန်ယူနိုက်တက်အ သင်းသည် ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများယှဉ်ပြိုင် ကစားနေရပြီး ကစားသမားများပွဲပန်းမှု၊ ဒဏ် ရာရရှိမှုများနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ ထို အချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းအား ပြိုင်ဘက်များအနေဖြင့် မျက်ခြည်မပြတ်ထား နိုင်ခဲ့သည်က ရန်ကုန်အသင်းအတွက် အဓိကကံ ကောင်းစေသော အချက်ဖြစ်လာသည်။ 

ထိုအ ချက်ကို ရန်ကုန်ယူနိုက်အသင်းမှ တာဝန်ရှိသူ တစ်ဦးက ဝန်ခံခဲ့ဖူးသည်။မြက်ခင်းတု၊ မြက်ခင်းစစ်ဖြင့် လေ့ကျင့်မှု
ရန်ကုန်ယူနိုက်တက်အသင်း၏ အိမ်ကွင်း အဖြစ်လက်ခံ ကျင်းပခဲ့သည့် မြက်ခင်းတုကွင်း သည်လည်း ရန်ကုန်ယူနိုက်တက်၏ ချန်ပီယံ ခရီးလမ်းအတွက် အထောက်အကူဖြစ်ခဲ့သည်။ ရန်ကုန်နည်းပြ အီဗန်ကိုလက်ဗ်ကတော့ သူ့ ကစားသမားတွေဟာ လေ့ကျင့်ရေးအစီအစဉ် များကို မြက်ခင်းစစ်လေ့ကျင့်ရေးကွင်းမှာပဲ ပြု လုပ်လေ့ရှိကြောင်း၊ မြက်ခင်းတုကွင်းတွင် ပြိုင်ပွဲ နီးကပ်မှသာ လေ့ကျင့်ခန်းများပြုလုပ်ကြောင်း ဆိုခဲ့ဖူးသည်။ သို့သော် ရန်ကုန်ယူနိုက်တက် အသင်းလောက် မြက်ခင်းတုကွင်းနှင့်အသားကျ သည့် အခြားကလပ်မရှိနိုင်။ မြက်ခင်းတုကွင်း တွင် လာရောက်ကစားခဲ့သော ပြိုင်ဘက်များ အားလုံး အခက်အခဲတွေနှင့် ရင်ဆိုင်ခဲ့ရသည်။ ရန်ကုန် ယူနိုက်တက်အသင်းသည် ၎င်းတို့၏ အိမ်ကွင်း အားသာချက်ကို အသုံးချနိုင်ခဲ့သည်။

ဘယ်လိုပရိသတ်မျိုးတွေရှိနေသလဲရန်ကုန်ယူနိုက်တက် အသင်းအတွက် နောက်ထပ်အားသာချက်တစ်ခုက ပရိသတ်ဖြစ် သည်။ ရန်ကုန်ပရိသတ်များသည် အခြားမြို့များ မှ ပရိသတ်များနှင့် နှိုင်းယှဉ်ပါက အရေအတွက် ပိုင်းအရများစွာ နည်းပါးနေသေးသည်။ သို့သော် ရန်ကုန်ပရိသတ်များသည် အသင်း၏ နောက် တွင် အမြဲတမ်းရှိနေတတ်ကြသည်။ အဝေးကွင်း ပွဲစဉ်များကိုလည်း ကိုယ့်စရိတ်နှင့်ကိုယ် လိုက် ပါအားပေးခဲ့ကြသည်။ (တစ်ခါတစ်ရံအသင်းမှ စရိတ်ငြိမ်း ခေါ်ယူပေးသည်လည်းရှိသည်။) ထို့ ကြောင့် ရန်ကုန်ကစားသမားများသည် မည်သည့် ကွင်းတွင် သွားရောက်ကစားသည်ဖြစ်စေ ကိုယ့် ပရိသတ်ရှိနေသည်။ ယင်းအချက်သည် ကစား သမားများအား ကြိုးစားအားထုတ်လိုမှုကို ဖြစ် ပေါ်စေသောအချက် ဖြစ်သည်။

ထိုသို့သော အကြောင်းအချက်အလက် များသာလွန်မှုကြောင့် ရန်ကုန်ယူနိုက်တက်အ သင်း သုံးနှစ်ဆက်တိုက် ချန်ပီယံဆုကို ရယူနိုင် ခဲ့သည်။ သို့သော် ရန်ကုန်ယူနိုက်တက်တွင်လည်း အားနည်းချက်များ ရှိနေသည်။ အဆိုးရွားဆုံးအား နည်းချက်သည် အဝေးကွင်း ရလဒ်များမကောင်း ခြင်းပင်ဖြစ်သည်။ ယခုရာသီတွင် (နောက်ဆုံးပွဲ စဉ်မပါ) ရန်ကုန်ယူနိုက်တက်အသင်း ရန်ကုန် ပြင်ပ ထွက်ကစားခဲ့ရသော အဝေးကွင်းပွဲစဉ်များ တွင် နိုင်ပွဲမရရှိခဲ့ပေ။ ထိုအချက်အား ရန်ကုန် ယူနိုက်တက်အသင်း ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုး ပမ်းရဦးမည် ဖြစ်သည်။

ညီမိုဃ်း
Yangon Media Group
ရှိသင့်ရှိထိုက်သော အခြေခံအဆောက်အအုံ အမေးရှိရင် အဖြေရှိရမည်။ မြန်မာနေ ရှင်နယ်လိဂ်ဟူ၍ စတင်ဖြစ်ပေါ် လာချိန်တွင် ရန်ကုန်တို့ရုန်းကန်ခဲ့ရသည်။ သို့သော် လူငယ် ပြိုင်ပွဲများတွင် အောင်ပွဲ ခံနိုင် ခဲ့သည်။ လူငယ် အသင်းအောင်မြင်ခြင်းက အသင်းကြီးကို အထိုက် အလျောက်ပံ့ပိုးနိုင်ခဲ့သည်။

ဆူးလေ ရထားခုံးကျော်တံတားပေါ်မှ ပါဂျဲရိုးယာဉ် သံလမ်းပေါ်ထိုးကျ

Photo: ဆူးလေ ရထားခုံးကျော်တံတားပေါ်မှ ပါဂျဲရိုးယာဉ် သံလမ်းပေါ်ထိုးကျ
Monday, August 05, 2013

ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းနှင့် အလံပြဘုရားလမ်းဆုံရာ ရထား ခုံးကျော်တံတားပေါ်မှ ပါဂျဲရိုးယာဉ်တစ်စီး အရှိန်လွန်ကာ ရထားသံလမ်းပေါ် ပြုတ်ကျ တိမ်းမှောက်မှု သြဂုတ်လ ၄ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက The Voice သို့ ပြောကြားသည်။

အသက် ၂၅ နှစ်အရွယ် မစိုးစိုးယုနှင်း မောင်းနှင်လာသော အဆိုပါယာဉ်သည် သံဈေးမှ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သို့အပြန် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ အလံပြဘုရားပေါ်ရှိ ခုံးကျော်တံတားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းပလက်ဖောင်းကို ကျော်တက်၍ တံတားလက်ရမ်းတိုင်ကို တိုက်ကာ ရထားသံလမ်းပေါ်သို့ ပြုတ်ကျခဲ့ကြောင်း အဆိုပါအမှုကို စစ်ဆေးနေသည့် ရဲအရာရှိက ပြောကြားသည်။

“ဝုန်းဆိုတဲ့ အသံကြားပြီး စက္ကန့်ပိုင်းမှာပဲ သံလမ်းပေါ်ကို ကားခေါင်းစိုက်ကျလာပြီး ပက်လက်လန်သွားတယ်၊ လူတွေညပ်ပြီး ထွက်လို့မရဘူး၊ ကျွန်မတို့က လေးငါးယောက်ပဲရှိတော့ ဘူတာက လူတွေကို အော်ခေါ်ပြီး လူ ၁၅ ယောက်လောက်က ကားကို ဝိုင်းတွန်းပြီး အထဲကလူတွေကို မနည်းဆွဲထုတ်ခဲ့ရတာ” ဟု ရန်ကုန်ဘူတာကြီးတွင် ဈေးရောင်းနေစဉ် လိုက်လံ ဖမ်းဆီးသဖြင့် အဆိုပါ ခုံးတံတားအောက်တွင် လာရောက် ပုန်းခိုနေသူ အသက် ၃၀ နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယာဉ်ပြုတ်ကျစဉ် အသက်ကယ်လေအိတ် ပွင့်ထွက်ခြင်းသည်ကို တွေ့ခဲ့ရကြောင်းနှင့် ယာဉ်မောင်းသူ အမျိုးသမီး တံတောင်ဆစ်တွင် သွေးထွက်နေသည်ကို တွေ့ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ရန် ယာဉ်ပေါ်တင်ဆောင်စဉ် သတိမေ့ခဲ့ကြောင်း၊ အဆိုပါ ယာဉ်ပေါ်လိုက်ပါလာသူ ၎င်းအမျိုးသမီး၏ ဖခင်ဖြစ်သူမှာ နှာခေါင်းမှ သွေးများထွက်နေပြီး လမ်းမလျှောက်နိုင်သော်လည်း သတိမေ့ခြင်း မရှိကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယာဉ်မောင်းသူသည် ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ပညာ သင်ကြားနေသူတစ်ဦး ဖြစ်ကြောင်း၊ ယာဉ်ပေါ်ပါသူများကို လတ်တလော စစ်ဆေးချက်အရ သာမန်ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိကြောင်း အဆိုပါအမှုကို စစ်ဆေးနေသည့် ရဲအရာရှိက ပြောကြားသည်။

“ကားသေးဆိုရင် ဒီလိုကျဖို့ ရာခိုင်နှုန်း နည်းပါတယ်။ ပါဂျဲရိုးက အတက်ကားဆိုတော့ အရှိန်နဲ့ ပလက်ဖောင်းတုံးကို တိုက်မိချိန်မှာ လီဗာကို ဆောင့်နင်းလိုက်သလို ဖြစ်ပြီး ခုန်ထွက်သွားတာလည်း ဖြစ်နိုင်ပါတယ်” ဟု အခင်းဖြစ်စဉ်ကို ကြည့်ရှုသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယာဉ်ပြုတ်ကျ တိမ်းမှောက်မှုကို ယာဉ် ( ပ ) ၂၉/၁၃၊ ပြစ်မှု ပုဒ်မ-၂၇၉/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းနှင့် အလံပြဘုရားလမ်းဆုံရာ ရထား ခုံးကျော်တံတားပေါ်မှ ပါဂျဲရိုးယာဉ်တစ်စီး အရှိန်လွန်ကာ ရထားသံလမ်းပေါ် ပြုတ်ကျ တိမ်းမှောက်မှု သြဂုတ်လ ၄ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက The Voice သို့ ပြောကြားသည်။

သာကေတရဲနှင့် ပြည်သူ ပဋိပက္ခ ပြည်သူ ၂ဝကျော်အား ဝတ္တရားနှောင့်ယှက်မှုဖြင့် ဖမ်းဆီး

သာကေ တအနော်မာရပ်ကွက်၌ ရဲနှင့် ပြည်သူပဋိပက္ခဖြစ်ပွားမှုတွင် ဝတ္တ ရားနှောင့်ယှက်မှုဖြင့် အရေးယူ ခံရသူ ၅ဝအနက် ၂ဝကျော်ကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့လယ်နှင့် ဆင်ခြေဖုံး မြို့နယ်များတွင် ညအိပ်ယာဉ် ရပ်နားရန် နေရာ မလုံလောက်မှု ပြဿနာ တစ်ရပ်ဖြစ်လာ



Photo: ရန်ကုန်မြို့လယ်နှင့် ဆင်ခြေဖုံး မြို့နယ်များတွင် ညအိပ်ယာဉ် ရပ်နားရန် နေရာ မလုံလောက်မှု ပြဿနာ တစ်ရပ်ဖြစ်လာ 
Monday, August 05, 2013

ရန်ကုန်မြို့လယ် ခြောက်မြို့နယ်နှင့် လူနေအထူထပ်ဆုံး မြို့ပတ် မြို့နယ်များတွင် အိမ်ထောင် စုတစ်စုလျှင် ယာဉ်တစ်စီးထက် ပိုမိုပိုင်ဆိုင် နေကြသော်လည်း ယာဉ်ညအိပ် ရပ်နားရန် နေရာ မလုံလောက်သည့် အတွက် အဆိုပါ ကိစ္စသည် ပြဿနာ တစ်ရပ်သဖွယ် ဖြေရှင်း ဆောင်ရွက် နေရကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး တချို့က ပြောကြားခဲ့သည်။

ရန်ကုန်မြို့နယ် လူနေထူထပ်သည့် ဒဂုံဆိပ်ကမ်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့်  ကျောက်တံတား မြို့နယ်များတွင် ညအိပ်ယာဉ် ရပ်နားရန် အတွက် လမ်းမကြီးများ ပေါ်တွင် သာနေရာ ရှိခြင်းနှင့် လမ်းသွယ်များ အတွင်း ယာဉ်ရပ်နားရန် နေရာထက် ပိုမိုသော  ယာဉ်အစီးရေ ရှိနေခြင်းတို့ကြောင့် နေရာဦးခြင်းနှင့် နေရာလုခြင်း ဖြစ်ပေါ်လာခဲ့ကာ ယာဉ်ပိုင် ရှင်အချင်းချင်းနှင့် လမ်းသူ၊ လမ်းသားများ အကြား  ပြဿနာ ကြီးငယ်များ ဖြစ်ပေါ်နေရ ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပြောကြားခဲ့သည်။

ယင်းအပြင် မြို့လယ်မြို့နယ်ကြီးများ ဖြစ်သည့် အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တာမွေနှင့် ကမာရွတ် မြို့နယ်များ တွင်လည်း ယင်းပြဿနာများကို ဖြေရှင်း နေရကြောင်းလည်း သိရသည်။

''အထပ်မြင့် တိုက်တစ်လုံးမှာ အခန်း ၁၆ ခန်း ပါတယ်ဗျာ။ ကားက ၁၆ စီးမကဘူး။ သူ့အိမ် ရှေ့မှာ မလောက်တော့ သူများ အိမ်ရှေ့မှာ ရပ်တယ်။ အဲဒီမှာ ပြဿနာ ဖြစ်ရော။ အဲဒီအိမ်က ကားက သူ့အိမ်ရှေ့မှာ ရပ်စရာနေရာ မရှိတော့ဘူး ဖြစ်နေတယ်။ တချို့ကားတွေ ဆိုရင် သူများ ရပ်ကွက်မှာ သွားထားရတယ်။ ကားများလာတော့ လမ်းပေါ်မှာကား ကျပ်ရုံတင် မကဘူး၊ ထားစရာ နေရာပါ ရှားသွားတယ်။ ကားသူခိုးတွေလည်း များလာတယ်'' ဟု  အလုံ မြို့နယ် စောရန်ပိုင် ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောကြားခဲ့သည်။

မြန်မာ တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ် စီးရေ၏ ၃၅ ရာခိုင်နှုန်းသည် ရန်ကုန်မြို့တော်တွင် တည်ရှိ နေကြောင်း သိရသည်။

မြ၀တီ
ရန်ကုန်မြို့လယ် ခြောက်မြို့နယ်နှင့် လူနေအထူထပ်ဆုံး မြို့ပတ် မြို့နယ်များတွင် အိမ်ထောင် စု တစ်စုလျှင် ယာဉ်တစ်စီးထက် ပိုမိုပိုင်ဆိုင် နေကြသော်လည်း ယာဉ်ညအိပ် ရပ်နားရန် နေရာ မလုံလောက်သည့်အတွက် အဆိုပါကိစ္စသည် ပြဿနာ တစ်ရပ်သဖွယ် ဖြေ ရှင်း ဆောင် ရွက် နေ ရကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး တချို့က ပြောကြားခဲ့သည်။

တန်နက်ဆီ ပြည်နယ်သား တစ်ဦး ခြောက်ရက် ကျော်ကြာ ရေငုပ်၍ စံချိန်တင်နိုင်ခဲ့

နက်စ်ဗေးလ် သြဂုတ် ၃
အမေရိကန် ပြည်ထောင်စု တန်နက်ဆီ ပြည်နယ်သား စကူဘာ ရေငုပ်သမား (ကျောပိုး သယ်ဆောင် နိုင်သော ရေအောက် အသက်ရှူကိရိယာဖြင့် ရေငုပ်ခြင်း) တစ်ဦးသည် ရေအောက် တွင် ခြောက်ရက် ကျော်ကြာအောင် နေပြ၍ စံချိန်သစ် တင်နိုင်ခဲ့ပြီးနောက် သြဂုတ် ၂ ရက်က ရေပြင်ပေါ်သို့ ပြန်လည် ပေါ်ထွက် လာခဲ့ကြောင်း သိရသည်။

Friday, 2 August 2013

" မန္တလေး မြို့မိမြို့ဖများကျွန်မ တို့ မိန်းမလျာတွေ ကို ဆုံးမသွန်သင် ပေးပါ "

Photo: " မန္တလေးမြို့မိမြို့ဖများကျွန်မတို့ မိန်းမလျာတွေကို ဆုံးမသွန်သင်
ပေးပါ " 
Friday, Augest 02, 2013

ကျွန်မ အပုန်းဘဝကနေ အပွင့်ဘဝကို စပြီးရောက်တော့ တွေးမိတာတစ်ခု
ရှိပါ တယ်။ မန္တလေးမှာ မိန်းမလျာဖြစ်ရတာကို ကျေနပ်ဂုဏ်ယူမိတယ်။ မန္တလေး မြို့မိမြို့ဖ တွေက မိန်းမလျာတွေကို အရမ်းချစ်ကြတယ်။ တွေ့
တဲ့နေရာမှာလည်း သိတဲ့သူဆို ရင် ခေါ်ဖို့ပြောဖို့ ဝန်မလေးတတ်ကြပါဘူး။ ကိုယ့်သားသမီးတွေလိုပဲ ဆုံးမတတ်ကြပါတယ်။ နောက်မန္တလေးမြို့သူမြို့
သားအစ် ကိုတွေ အစ်မတွေကလည်း ခွဲခြားဆက်ဆံ ခြင်းဆိုတာ မရှိပါဘူး။ ကိုယ့်ညီမလေးတွေ လို သဘောထားတဲ့ အစ်ကိုတွေ အစ်မတွေ ရှိတဲ့မြို့ပါ။ ဒီမြို့လေးမှာ မွေးဖွားပြီး လူဖြစ် ခွင့်ရတာကို ကျွန်မ တွေးတွေးပြီး ပျော်မိပါ တယ်။ မင်္ဂလာဆောင်တွေမှာလည်း မပါ မဖြစ်သလို၊ အလှူအတန်း ဝန်းခင်းတွေမှာ ဆိုရင်လည်း တခမ်းတနားနဲ့ ပွဲထုတ်တဲ့ မြို့ကလေးပါ။ ဘယ်နေရာပဲသွားသွား ဘာကိုပဲစားစား မတူသလို မတန်သလိုလို ကြည့်တာ၊ တစ်နေရာတည်း ထိုင်မိလို့ ထ သွားတာလည်း မရှိပါဘူး။

ကျွန်မတို့ မိန်းမလျာတွေကလည်း မန္တလေးမြို့က မြို့မိမြို့ဖတွေကို ကိုယ့် မိဘသဖွယ် ရိုသေကိုင်းရှိုင်းကြပါတယ်။ မိမိကိုယ်တိုင်က အမျိုးသမီးစိတ် ခံယူထား တော့ မန္တလေးမြို့သူမြို့သားကိုကိုတွေက ပိုးပန်းတာရှိတော့လည်း စိတ်ရဲ့ ဖိုမ သဘာဝအရ ချစ်ခဲ့ကြပါတယ်။ အချိန်တန် တော့လည်း သူတို့တွေရဲ့ ခွဲခွာခြင်းတွေ ကနေ မျက်ရည်များနဲ့ ကျန်ခဲ့ရပါတယ်။ ဘဝကို ခံစားချက်များစွာနဲ့ ကျော်ဖြတ်ရင်း၊ ပျော်စရာ စိတ်ထွက်ပေါက်ပေးစ ရာရှာရင်း၊ ဆီဒိုးနားထောင့်မှာ သူငယ်ချင်းတွေနဲ့ စုစု ပြီး ရင်ဖွင့်ကြရင်း စကားပြောမိပါတယ်။

အချိန်ကြာလာတဲ့နဲ့အမျှ ဒီနေရာလေးက စုရပ်လေးဖြစ်လာတာပေါ့။ မိမိဘဝအကြောင်း တိုင်ပင်ကြ၊ မိမိတို့ အချစ်ရေး၊ စီးပွား ရေး၊ အိမ်တွင်းရေး၊ မိသားစုရေး တိုင်ပင်ရင်း ငါတို့တွေ ဘယ်လိုနေထိုင်သွားရင်း ဘယ် လိုပြုပြင်ပြောင်းလဲနေထိုင်ရင်းနဲ့ တစ်နေ့ မှာတော့ ငါတို့ကို ပတ်ဝန်းကျင်က လက်ခံ လာမှာပဲဆိုပြီး မိန်းမလျာအသိုင်း အဝိုင်းက မျှော်လင့်တောင့်တကြတယ်။

သူတို့လေး တွေကိုလည်း ပြုပြင်ပြောင်းလဲနေထိုင်ခွင့် အတွက် သင်တန်းတွေတက်ဖို့ သင်တန်း စည်းရုံးဖြစ်ပါတယ်။ (လိင်တူချစ်သူများ အ ခွင့်အရေးသင်တန်း တစ်ပတ်သင်တန်းပေါ့) သင်ခန်းစာထဲမှာပါတာက လိင်တူချစ်သူ များ ပတ်ဝန်းကျင်မှာ သရုပ်ပျက်မနေဖို့ကို အဓိကထားသင်ပါတယ်။ အခုလို အချိန် တွေကို အကျိုးရှိရှိနေတဲ့အချိန်မှာ ရဲတွေဖမ်းပါတယ်။

ခေါင်းစဉ်တပ်လိုက်တာက ကျွန်မတို့ ချစ်လှစွာသော လေးစားရပါသော မြို့မိမြို့ဖများကို အနှောင့်အယှက် ဖြစ်စေမှု တဲ့။ ကျွန်မအမြင်ကတော့ ဒါဟာ ကျွန်မတို့ နဲ့ မြို့မိမြို့ဖတွေကြားမှာ သွေးခွဲတယ်လို့ပဲ တွေးမိပါတယ်။ အခုအချိန်မှာ ကျွန်မတို့ တွေ မိန်းမလျာအချင်းချင်း စုမိရင် မိန်းမ သဘာဝအရလက်ချင်းရိုက်တာ၊ ဗန်းစကား ပြောတာတွေကတော့ ရှိမှာပါ။ တတ်နိုင်သ လောက် ပြုပြင်နေပါတယ်။ အနေအထိုင် အပြောအဆို အရင်ကထက်စာရင်တော့ အများကြီး တော်သွားကြပါပြီ။ သူတို့ပြော တဲ့မျက်စိနောက်စေတယ်ဆိုတာက စံသတ် မှတ်ချက်တစ်ခု ရှိရပါမယ်။

ဘယ်လိုနေတာ ထိုင်တာကအမြင်ကပ်စေတာလဲပေါ့။ သမီး တို့ကို ပြောပြမှ သိရမယ်မဟုတ်လား။ အဲဒီ တော့ သမီးတို့ကို သားသမီးလို ချစ်တဲ့ မြို့မိမြို့ဖတွေက သမီးတို့ကို သွန်သင် ပေးပါ။ ဆုံးမပေးပါ။ သမီးတို့ကို ချစ်တဲ့ မိဘတွေက သွန်သင်ဆုံးမရင် သမီးတို့က လည်း ပြုပြင်မှာပေါ့။ သမီးတို့ချစ်တဲ့ မြို့မိ မြို့ဖများရဲ့ဆုံးမစကားကို စောင့်စားလျက်။

ချစ်သမီးများ
Popular Myanmar News Journal
ကျွန်မ အပုန်းဘဝကနေ အပွင့်ဘဝကို စပြီးရောက်တော့ တွေးမိတာတစ်ခု ရှိပါတယ်။ မန္တလေးမှာ မိန်းမလျာဖြစ်ရတာကို ကျေနပ်ဂုဏ်ယူမိတယ်။ မန္တလေး မြို့မိမြို့ဖ တွေက မိန်းမလျာတွေကို အရမ်းချစ်ကြ

အင်တာနက် စောင့်ကြည့်ရေး အစီအစဉ် အမေရိကန် စတင်

Photo: အင်တာနက် စောင့်ကြည့်ရေး အစီအစဉ် အမေရိကန် စတင်
Friday, Augest 02, 2013

လျှို့ဝှက် စောင့်ကြည့်ရေး အစီအစဉ် တစ်ခု ဖြစ်သည့် Xkeyscore စနစ်ကို သုံးပြီး အမေရိကန် ထောက်လှမ်းရေး ဌာနသည် အင်တာနက် သုံးသူတိုင်း ကို စောင့်ကြည့်မည်ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

အက်ဒ်ဝပ် စနိုးဒင်ဆိုသူက လျှို့ဝှက်ချက်များကို ခိုးထုတ်သွားသည့် နောက် ပိုင်းတွင် အမျိုးသား လုံခြုံရေးအတွက် အထူး စိုးရိမ်ရသည် ဆိုသော အကြောင်းပြချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း The Guardian သတင်းစာတွင်လည်း ရေးသားထားသည်။

Xkeyscore ဆော့ဖ်ဝဲဖြင့် စောင့်ကြည့်ရေး အစီအစဉ်ကို လုပ်ဆောင်ရန် စနိုးဒန် အချက်အလက် များကို မခိုးထုတ်မီကတည်းက တိုက်တွန်းခဲ့သော် လည်း အမေရိကန် ထောက်လှမ်းရေးသည် ပျက်ကွက်ခဲ့ကြောင်း၊ ကွန်ပျူတာ အင်တာနက် အသုံးပြုသူ၏အီးမေးလ် Account ကို စောင့်ကြည့်ရန် ဗဟိုတရားရေး ဌာနနှင့် သမ္မတထံက ခွင့်ပြုချက်ရမှသာ ဖြစ်မည်ဟု ရက်များ ရွှေ့ဆိုင်းခဲ့ရာမှ ယခုကဲ့သို့ အချက်အလက်များ အခိုးခံလိုက် ရခြင်း ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။

အိမ်ဖြူတော်ကလည်း ယခုကဲ့သို့ အင်တာနက် သုံးသူများကို စောင့်ကြည့် ရခြင်းမှာ မကောင်းသည့် စိတ်ဖြင့် ပြစ်မှု ကျူးလွန်ခြင်းကို တားဆီးရန် သာ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

The Guardian သတင်းစာတိုက်၏ Website တွင်လည်း အမေရိကန် ထောက်လှမ်းရေး ဌာန၏ Xkeyscore ပရိုဂရမ်နှင့် ပတ်သက်ပြီး မည်သို့ စီစဉ်နေကြောင်းကို ပုံပြ ဆလိုက်များဖြင့် ဖော်ပြထားသော်လည်း အချက်အလက် အတိအကျကို ဖတ်ရှုနိုင်ခြင်း မရှိစေရန် စီစဉ်ထားသည်။

ထိုဆလိုက်များတွင် ထိပ်တန်း လျှို့ဝှက်ချက်ဆိုသည့် စာတန်းများပါပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ထိပ်တန်း ပုဂ္ဂိုလ်များသာ ဖွင့်ကြည့်နိုင်ရန် စီစဉ်ထားသည် ဆိုသော ကန့်သတ်ချက်များ ပါရှိသည်။

The Voice Weekly
လျှို့ဝှက် စောင့်ကြည့်ရေး အစီအစဉ် တစ်ခု ဖြစ်သည့် Xkeyscore စနစ်ကို သုံးပြီး အမေရိကန် ထောက် လှမ်းရေးဌာနသည် အင်တာနက်သုံးသူတိုင်းကို စောင့်ကြည့်မည်ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြ ထားသည်။

ကမ္ဘာ့ အဆင်းရဲဆုံး သမ္မတက ပိုင်ဆိုင်မှုရဲ့  ၉၀ ရာခိုင်နှန်း ကို လစဉ် လှူဒါန်း

Photo: ကမ္ဘာ့အဆင်းရဲဆုံး သမ္မတက ပိုင်ဆိုင်မှုရဲ့  ၉၀ ရာခိုင်နှန်းကို လစဉ်
လှူဒါန်း
Friday, Augest 02, 2013

ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ စာရင်းထဲမှာ ဥရုဂွေး သမ္မတ José Mujica လည်း လည်း ပါဝင်ပါတယ်။ သူ့ရဲ့ လစာက တစ်လကို အမေရိကန်ဒေါ်လာ ၁၂၅၀၀ ရှိပေမယ့် လစဉ် ၁၂၅၀ ပဲ သူ့အတွက်ချန်ပါတယ်။ ကျန်တာကို လှူဒါန်းမှုမှာ အသုံးပြုတယ်လို့ သိရပါတယ်။

ဥရုဂွေးနိုင်ငံဟာ တောင်အမေရိကတိုက်မှာ ဒုတိယအသေးဆုံး နိုင်ငံ ဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံ တစ်ခု လည်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် မတ်လ ၁ ရက်နေ့က စပြီး Jose ဟာ သမ္မတရာထူးနဲ့ တာဝန်စထမ်းဆောင်ခြင်း ဖြစ်ပါတယ်။ ယခင်က သူဟာ မွေးမြူရေးနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့  ဝန်ကြီး ဖြစ်ပါတယ်။ သူ့ဇနီကတေ့ အမတ်လောင်း တစ်ဦး ဖြစ်လည်း ခင်ပွန်း သမ္မတလိုပဲ လှူဒါန်းနေသူ ဖြစ်ပါတယ်။ Jose ပိုင်ဆိုင်တဲ့ ဈေးအကြီးဆုံး အရာကတော့ Volkswagen ကားငယ်လေး ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၉၄၅ ပဲ တန်ဖိုး ရှိပါတယ်။

အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ Joseဟာ ဆင်းရဲသားနဲ့ အခြေခံလူတန်းစား များအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပြီး ၁၉၇၀ နောင်းပိုင်းကာလကလည်း စစ်အစိုးရကို ဆန့်ကျင်ရာမှာ ဦးဆောင်ခဲ့ သူ တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဥရုဂွေး နိုင်ငံရဲ့  နိုင်ငံရေးလောကမှာ နာမည်ကောင်းထွက်ပြီး လူအများလေးစားခံရတဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။သူ့လက်ထက်မှာလည်း တောင်အမေရိကရဲ့ အကောင်းဆုံး ဘောလုံးအားကစား အသင်ထွက်ပေါ်လာပြီး အားကစား ကဏ္ဍလည်း မြင့်တင်ခဲ့ပါတယ်။

ရတဲ့ လခဟာ အခြား ဖွံ့ဖြိုးပြီး နိုင်ငံများနဲ့စာရင် အစပေါင်းများစွာ နည်းနေသည့်တိုင် အခုလို ၉၀ ရာခိုင်နှုန်းလည်း လှူဒါန်းတဲ့အတွက် သူ့ကို လေးစားစရာ ခေါင်းဆောင်တစ်ဦးအဖြစ် လက်ခံထားကြပါတယ်။
---
Ref:wiki
YoYarLay 
 ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ စာရင်းထဲမှာ ဥရုဂွေး သမ္မတ José Mujica လည်းပါဝင်ပါတယ်။ သူ့ရဲ့ လစာက တစ်လကို အမေရိကန်ဒေါ်လာ ၁၂၅၀၀ ရှိပေမယ့် လစဉ် ၁၂၅၀ ပဲ သူ့အတွက်ချန်ပါတယ်။ ကျန်တာကို လှူဒါန်းမှုမှာ အသုံးပြုတယ်လို့ သိရပါတယ်။

မိန်းကလေး တစ်ဦး ၁ ထပ်အမြင့်မှ ပြုတ်ကျသော် လည်း အသက်ရှင်

Photo: မိန်းကလေးတစ်ဦး ၁ ထပ်အမြင့်မှ ပြုတ်ကျသော်လည်း အသက်ရှင်
Friday, Augest 02, 2013

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှာမြို့တွင် အဆောက်
အအုံတစ်ခု၏ ၁၈ ထပ်အမြင့်ရှိသော တိုက်ခန်းတစ်ခန်းမှ သုံးနှစ်အရွယ် မိန်းကလေးငယ်

တစ်ဦး ဇောက်ထိုးပြုတ်ကျခဲ့သော်လည်း အသက်ရှင်လျက် ရှိခဲ့ကြောင်း
 ဒေသတွင်း သတင်းဌာန၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။

ရွဲရွဲအမည်ရှိ အဆိုပါ မိန်းကလေးငယ်သည် သူမ၏ နေအိမ်အခန်း၏ လသာဆောင်မှ ဇူလိုင် ၃ဝ ရက် မွန်းလွဲပိုင်းတွင် ပြုတ်ကျခဲ့ပြီး ဒုတိယထပ်ရှိ ဝရန်တာ အမိုးပေါ်သို့ ပြုတ်ကျခဲ့ကြောင်း၊ ယခုအချိန်တွင် သူမသည်
 ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိပြီး သူမ၏ အခြေအနေမှာ  စိုးရိမ်ဖွယ်ရာ မရှိကြောင်း ဆရာဝန်များ က ပြောကြားခဲ့သည်။

မြ၀တီ
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှာမြို့တွင် အဆောက်အအုံတစ်ခု၏ ၁၈ ထပ်အမြင့်ရှိသော တိုက်ခန်းတစ်ခန်းမှ သုံးနှစ်အရွယ် မိန်းကလေး ငယ် တစ်ဦး ဇောက်ထိုးပြုတ်ကျခဲ့သော်လည်း အသက် ရှင်လျက် ရှိခဲ့ကြောင်း ဒေသတွင်း သတင်းဌာန၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။

ကလေးငယ် တစ်ယောက်နဲ့  တူတဲ့ ကျွဲကလေး တစ်ကောင်မွေးဖွား

Photo: ကလေးငယ်တစ်ယောက်နဲ့  တူတဲ့ ကျွဲကလေး တစ်ကောင်မွေးဖွား
Friday, Augest 02, 2013

ထိုင် နိုင်ငံမှာ မွေးဖွား ခဲ့တာပါ။ ကျွဲတစ်ကောင်က လူသားကလေး ပုံသဏ္ဍာန် ကျွဲကလေး တစ်ကောင်ကို မွေးဖွားခဲ့ပါတယ်။ ပုံကို ကြည့်မယ်ဆိုရင်တော့ အထူးသဖြင့် မျက်နှာက လူသားတစ်ယောက်ရဲ့ ပုံစံနဲ့ တူညီမှု ရှိပါတယ်။

ဒါပေမယ့်လည်း သူ့ ရဲ့လက်တွေ၊ ခြေထောက်တွေကတော့ ခွာတွေ ပါတဲ့ အတွက် ကျွဲနဲ့ တူပါတယ်။ ဘာဖြစ်လို့  ကျွဲပေါက် ကလေးတစ်ကောင်က ကလေးငယ် တစ်ယောက်ရဲ့ ပုံသဏ္ဍာန်နဲ့ တူတာလဲဆိုတာကတော့ အံ့သြစရာပါ။

ယနေ့ ခေတ်ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်နေတာတွေကတော့ အံ့သြဖို့ လည်းကောင်း၊ ကြောက်စရာလည်း ကောင်းလှပါတယ်။


Kaung Zay Yan
( Discoveries Myanmar)
ထိုင် နိုင်ငံမှာ မွေးဖွား ခဲ့တာပါ။ ကျွဲတစ်ကောင်က လူသားကလေး ပုံသဏ္ဍာန် ကျွဲကလေး တစ်ကောင် ကို မွေးဖွားခဲ့ပါတယ်။ ပုံကို ကြည့်မယ်ဆိုရင်တော့ အထူးသဖြင့် မျက်နှာက လူသားတစ်ယောက်ရဲ့ ပုံစံနဲ့ တူ ညီမှု ရှိပါတယ်။

ဘင်္ဂါလီ လူဦးရေ စာရင်း ကောက်နိုင် ရန် လူ့အခွင့် အရေးကော်မ ရှင် ကူညီမည်

Photo: ဘင်္ဂါလီ လူဦးရေစာရင်း ကောက်နိုင်ရန် လူ့အခွင့်အရေးကော်မရှင် ကူညီမည်
Friday, Augest 02, 2013

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူဦးရေ စာရင်းကောက်ယူနိုင်ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဘင်္ဂါလီများကို စည်းရုံးရေး
ဆင်းကာ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ ဥက္ကဋ္ဌ ဦးစစ်မြိုင်က The Voice ကို ပြောကြားသည်။

ဘင်္ဂါလီ လူဦးရေ စာရင်းကောက်ရာတွင် အခက်အခဲ ဖြစ်ပေါ်နေသဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အကူအညီပေး
ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂါလီများကို စည်းရုံးရန် ရခိုင်ပြည်နယ်သို့ လပိုင်းအတွင်း သွားရောက်
မည်ဖြစ်ပြီး ယင်းကိစ္စအောင်မြင်ရန် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် မလိုအပ်ကြောင်း၊ စည်းရုံးရေး အပါအဝင် အသေးစိတ် လုပ်ငန်းများကို ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ဦးစစ်မြိုင်က ထပ်မံပြောဆိုသည်။

ပြည်ထောင်စု စီမံချက်ဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို စာရင်းကောက်
ယူရန် လုပ်ငန်းစဉ်အရ စစ်တွေမြို့နယ်တွင် ဧပြီလ ၂၆ရက်နေ့က ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံရာတွင် လူမျိုးအမည်တွင် ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းပေးရန် ဘင်္ဂါလီများ၏ တောင်းဆိုမှုကို စာရင်းကောက်
သူများက ခွင့်မပြုသဖြင့် စစ်ဆေးရေး အဖွဲ့ဝင်များကို ခဲများ၊ တုတ်များနှင့် ပစ်ခတ်ခဲ့ရာ တပ်မတော်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦး၊ ရခိုင်ကိုယ်စားလှယ်
တစ်ဦးတို့ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အခြားငါးဦးလည်း ဒဏ်ရာ ရရှိခဲ့သဖြင့် စာရင်းကောက်မှု ယာယီ ရပ်ဆိုင်းခဲ့ရသည်။

ကနဦး အစီအစဉ်အရ ပြည်ထောင်စုအစိုးရ အစီအမံဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများကို ဆွဲတင်စစ် (မြေပုံဆွဲ၊ မှတ်တမ်းတင်၊ စစ်ဆေး) စနစ်ဖြင့် ဧပြီလ ၂၆ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ လူဦးရေ
စာရင်းကောက်ခံရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

စစ်ဆေးရေးအဖွဲ့များ တိုက်ခိုက်ခံရမှုကြောင့် ခေတ္တရပ်ဆိုင်းထားသည့် ရခိုင်ပြည်နယ် ဘင်္ဂါလီလူဦးရေစာရင်း ပြန်လည် ကောက်ယူရာတွင် ဘင်္ဂါလီ လူ့အဖွဲ့အစည်းအပေါ် သြဇာညောင်းသည့် ကြားခံ အဖွဲ့အစည်း (Third Party) အကူအညီဖြင့် ဆက်လက် ကောက်ယူသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားထားသည်။

The Voice Weekly
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူဦးရေ စာရင်းကောက်ယူနိုင်ရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော် မရှင် က ဘင်္ဂါလီများကို စည်းရုံးရေးဆင်းကာ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ ဥက္ကဋ္ဌ ဦးစစ်မြိုင်က The Voice ကို ပြောကြားသည်။

ဧရာဝတီ တိုင်း အကြီးဆုံး စက်မှုဇုန် စီမံကိန်း လယ်ဧက ၆၀၀၀ သုံးမည်

Photo: ဧရာဝတီတိုင်း အကြီးဆုံး စက်မှုဇုန်စီမံကိန်း လယ်ဧက ၆၀၀၀ သုံးမည်
ဆလိုင်းသန့်စင်| August 2, 2013 |

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်နှင့် ကန်ကြီးထောင့်မြို့နယ်တွင် တည်ဆောက်မည့် ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်းအတွက် လယ် ဧက ၆၀၀၀ ခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း စီမံကိန်းတည်ဆောက်မည့် ဧရာဝတီ ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီထံမှ သိရသည်။

စီမံကိန်းအား ပုသိမ်မြို့တောင်ဘက် ၅ မိုင်အကွာတွင်တည်ဆောက်ရန် လျာထားပြီး စီမံကိန်းဧရိယာအတွင်း ပုသိမ်မြို့မှ ရပ်ကွက် ၈၊ ရပ်ကွက် ၁၂ နှင့် ကန်ကြီးထောင့်မြို့မှ ရှမ်းရွာ၊ ရှမ်းငူနှင့် ချောင်းဇောက်ကျေးရွာရှိလယ်ယာမြေများ ပါဝင်သည်။

“အိမ်ထောင် မိသားစုတွေကို ထိခိုက်ပျက်စီးမှုမျိုးမရှိအောင် စီမံကိန်းကို ဂရုတစိုက် ရေးဆွဲနေပါတယ်။ သာသနိက အဆောက် အအုံ တွေ၊ လူမှုရေး အဆောက်အအုံတွေကိုလည်း ထိခိုက်မှုမရှိအောင် ရှောင်ကွင်းရေးဆွဲနေပါတယ်”ဟု စီမံကိန်းမန်နေဂျာ

ဦးဝင်းကိုကိုကျော် က ပြောသည်။

စီမံကိန်းတွင် ပေ ၆၀၀ ခန့်ရှည်သည့် ဆိပ်ကမ်း၊ စက်ရုံပေါင်း ၄၀ ကျော်ပါဝင်မည့် စက်မှုဇုန်နှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ၂ နှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

“စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာပြီးတော့ ဒေသတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရည်ရွယ်ချက်နဲ့ ဒီစီမံကိန်းကို လုပ် ဆောင်ခြင်း ဖြစ်ပါတယ်။ ဒေသထွက် ကုန်ပစ္စည်းတွေကို ပုသိမ်ကနေ နိုင်ငံခြားကို တိုက်ရိုက်ပို့နိုင်အောင်၊ ဒေသခံပြည်သူလူထု နေ့စဉ်ပုံမှန် ၀င်ငွေရရှိပြီး စီးပွားရေးတွေ ချောင်လည်လာအောင် ရည်ရွယ်ပါတယ်။ ကျနော်တို့က မြေတွေယူပြီး တွင်းထွက် တူးမှာမဟုတ်ပါဘူး။ ဒေသခံနဲ့ပေါင်းပြီး တိုင်းဒေသကြီးရော၊ ဒေသခံတွေရော တိုးတက်အောင် ပူးပေါင်းလုပ်ဆောင်သွားမှာပါ”ဟု ကုမ္ပဏီ ၏ အထွေထွေမန်နေဂျာ ဦးမျိုးမျိုးအောင် ကလည်း ပြောသည်။

တည်ဆောက်မည့် စက်ရုံများတွင် ဆန်စက်၊ ဆားစက်၊ အထပ်သားစက်၊ ပဲကြိတ်စက်၊ သားငါး ရေခဲစက်ရုံ၊ စည်သွပ်ဘူး စက်ရုံ၊ အထည်ချုပ် စက်ရုံ၊ လယ်ယာသုံးနှင့် လူသုံးကုန် ပစ္စည်းစက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီက လုပ်ဆောင်ထားသည့် ဒေသခံများ၏ လူမှုဘ၀ ထိခိုက်မှုဆိုင်ရာ အကဲဖြတ် စိစစ်မှု(SIA) အရ စီမံကိန်း ဧရိယာအတွင်း အိမ်ထောင်စု ၂၃၀၀ ကျော်၊ လူဦးရေ ၁၂၀၀၀ ခန့် အခြေချနေထိုင်နေကြောင်း၊ ယင်းမိသားစုများအနက်မှ အလုပ်လုပ်နိုင်သူ ဦးရေ ၈၃၀၀ ကျော်ရှိရာ ထိုသူများကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် စီစဉ်ထားရှိကြောင်း ကုမ္ပဏီက ပြောသည်။

စံမကိန်းအတွက် လယ်ယာမြေများ အဓမ္မသိမ်းယူမည် မဟုတ်ကြောင်း တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်က ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က ပုသိမ်မြို့ ဧရာရွှေဝါ ခန်းမ၌ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေး
ပွဲတွင် ပြောဆိုခဲ့သည်။

“ကျနော်တို့ တိုင်းဒေသကြီးအစိုးရရဲ့သဘောထားကတော့ ခင်ဗျားတို့
လယ်တွေ မရောင်းချင်ဘဲနဲ့ အတင်းအဓမ္မ သိမ်းတာတွေ မလုပ် ပါဘူး။ ခင်ဗျားတို့ သဘောမတူရင် မလုပ်ဘူး။ လူ ၁၀၀ မှာ ၇၀ သဘောတူမယ် ဆိုရင် ၇၀ ကရတဲ့မြေက စက်မှုဇုန်လုပ်ဖို့

လုံလောက်ရင် အဲဒီအပေါ်မှာ ဆောက်မယ်”ဟု သူက ပြောသည်။

မိမိတို့ တိုင်းဒေသကြီးတွင် ဘွဲ့ရပညာတတ် အလုပ်လက်မဲ့များ များပြားနေသည့်အတွက် စီမံကိန်းအောင်မြင်ခဲ့ပါက အဆိုပါ လူငယ် များကို အလုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းကိုအမှီပြု၍ ဒေသ၏ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့်အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးလာမည်ဖြစ်ပြီး ဒေသခံများလည်း အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ရရှိလာမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် က ပြောဆိုသည်။

“စီမံကိန်း မလုပ်ခင်ကာလမှာလည်း လယ်သမားတွေအနေနဲ့ ကိုယ့်လယ်ကိုယ် စိုက်ပျိုးခွင့် ပေးထားမယ်။ လယ်ယာအတွက်လည်း

ဒေသပေါက်ဈေးထက် မနည်းတဲ့ဈေးနှုန်း ရရှိအောင် ကျနော်တို့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးပါမယ်။ ကျနော့် ဆန္ဒကတော့ ဒီဒေသမှာ လယ်ယာမြေရှိတာထက် စက်မှုဇုန်ကြီးတခု ရှိစေချင်ပါတယ်။ စက်မှုဇုန်ဖြစ်လာခဲ့ရင် အဲဒီ ဒေသ ဟာ ပုသိမ်ထက် အများကြီး စည်ကားသွားမှာပါ”ဟု ၀န်ကြီးချုပ်က ဆက်ပြောသည်။

ဒေသခံ လယ်သမားများကမူ ရေရှည်အတွက် အလုပ်အကိုင်အာမခံချက်
မရှိဘဲ မိမိတို့ ဘိုးဘွားပိုင်လယ်ယာမြေများ စွန့်လွှတ်ရမည်ကို စိုးရိမ်နေကြ
သည်။

“ကျနော်တို့က ဘိုးဘွားပိုင် လယ်ယာမြေတွေဖြစ်တဲ့အတွက် နှမြောတယ်။ ဒီလယ်တွေ လက်လွှတ်ပြီးသွားရင် တခြားလုပ်စရာ အလုပ် မရှိမှာလည်း ကျနော်တို့ကြောက်တယ်။ လယ်နဲ့ ပတ်သက်လို့ ကျနော်တို့ခံစားခွင့်တွေ တိတိကျကျ သိရမယ်၊ လယ်ကနေ လွတ်ပြီး တခြားလုပ်ငန်းတွေ ခိုင်ခိုင်လုံလုံရှိမယ်ဆိုရင်တော့ ကျနော်တို့ သဘောတူပေးနိုင်ပါတယ်”ဟု ရှမ်းငူကျေးရွာမှ လယ်သမား ကိုထွန်းလင်း က ဧရာဝတီကို ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ် စက်မှုဇုန်၊ မြောင်းမြ စက်မှုဇုန်နှင့် ဟင်္သာတ စက်မှုဇုန် ဟူ၍ စက်မှုဇုန် ၃ ဇုန် တည်ထောင်ထားပြီး စက်ရုံတချို့ လည်ပတ် လုပ်ကိုင်လျက်ရှိသည်။

ဧရာဝတီ
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်နှင့် ကန်ကြီးထောင့်မြို့နယ်တွင် တည်ဆောက်မည့် ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်းအတွက် လယ် ဧက ၆၀၀၀ ခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း စီမံကိန်းတည်ဆောက်မည့် ဧရာဝတီ ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီထံမှ သိရသည်။