ရှိသင့်ရှိထိုက်သော အခြေခံအဆောက်အအုံ အမေးရှိရင် အဖြေရှိရမည်။ မြန်မာနေ ရှင်နယ်လိဂ်ဟူ၍ စတင်ဖြစ်ပေါ် လာချိန်တွင် ရန်ကုန်တို့ရုန်းကန်ခဲ့ရသည်။ သို့သော် လူငယ် ပြိုင်ပွဲများတွင် အောင်ပွဲ ခံနိုင် ခဲ့သည်။ လူငယ် အသင်းအောင်မြင်ခြင်းက အသင်းကြီးကို အထိုက် အလျောက်ပံ့ပိုးနိုင်ခဲ့သည်။ ထိုအချက်က လက် ရှိအချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းအောင် မြင်မှုရရှိစေသည့် အချက်တစ်ခုဖြစ် သည်။ ထို့အ ပြင် ရန်ကုန်ယူနိုက်တက်အသင်းတွင် အခြားအ သင်းများထက် သာလွန်သော အရာ တစ်ခုရှိ သည်။ ထိုအရာမှာ လေ့ကျင့်ရေးကွင်းကောင်း တစ်ခုရှိခြင်းဖြစ်သည်။
အသင်းတစ်သင်း အောင်မြင်မှုရရှိနိုင်ရန် မှာ လေ့ကျင့်ရေးကွင်း ကောင်းကောင်းရှိဖို့ အဓိက ဖြစ်သည်။ ထိုကဲ့သို့ လေ့ကျင့်ရေးကွင်းကောင်းမွန်မှ ပြိုင်ပွဲတစ်ပွဲတွင် ကောင်းမွန်စွာယှဉ်ပြိုင် နိုင်မည်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ကောင်းမွန်သည့် လေ့ကျင့်ရေးကွင်းရှိရုံမျှမက ကိုယ်ပိုင် ကာယလေ့ ကျင့်ရေးရုံရှိသည်။ ကစားသမားများအတွက် ရေကူးကန်ရှိသည်။ ကောင်းမွန်သော အိပ်ဆောင်ရှိ သည်။ မြန်မာနိုင်ငံသို့ ဘောလုံးနှင့်ပတ်သက်၍ ရောက်ရှိ လာသူမှန်သမျှကို ရန်ကုန် ယူနိုက်တက်ကွင်း ကိုသာ စံထားသွားရောက်ပြသကြသည်။
ကွာခြားသော လေ့ကျင့်ကွင်းအခြား မြန်မာနေရှင်နယ်လိဂ် ကလပ်များတွင် ထိုကဲ့သို့ ကောင်း မွန်သော လေ့ကျင့်ရေး ကွင်းများမရှိ။ ထို့ကြောင့် မိုးများစွာရွာသွန်းချိန်တွင် ကစားသမား များလေ့ ကျင့်ခန်း ပြုလုပ်ခွင့် မရ။ လေ့ကျင့်ရေးကောင်းစွာ မလုပ်နိုင်လျှင် ကစားသမားများ ခြေစွမ်း ကျဆင်း သွားမည် ဖြစ်သည်။ ထို့ကြောင့် မိုးရာသီတွင် အသင်းအချို့ ခြေစွမ်းကျဆင်းသွားခဲ့ကြသည်။
အဓိကပြိုင်ဘက်များ ခြေချော်ခြင်း
ယခုနှစ်ရာသီမစခင်တွင် ရတနာပုံအသင်းသည် ပြင်ဆင်မှုများစွာပြုလုပ်ခဲ့သည်။ နာမည် ကြီး ကစား သမားများအား ခေါ်ယူခဲ့သည်။ သို့ သော် အဖွင့်ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်း အား သရေသာ ကစားနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက် တက်သည်လည်း ကစားသမား အများအပြား ခေါ်ယူ ခဲ့သည်။ သို့သော် နိုင်သင့်နိုင်ထိုက်သော အသင်းများကို အနိုင်ယူခဲ့သည်။
ထို့အပြင် ယခုနှစ်တွင် ရန်ကုန်ယူနိုက်တက် အသင်းကံကောင်းခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်း ရမှတ်ဆုံးရှုံးနေချိန်တွင် ကျန်အသင်းများ လိုက်၍ ရမှတ်ဆုံးရှုံးတတ်ကြသည်။ ထို့ကြောင့် ပထမအကျော့ ပြိုင်ပွဲပြီးဆုံးချိန်တွင် ကမ္ဘောဇ အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့သည် ရန် ကုန်ယူနိုက်တက်၏ အထက်၌ ရပ်တည်နိုင်ခဲ့ ကြသော်လည်း ၎င်းတို့၏အဓိကပြိုင်ဘက်ကို ရမှတ်အတော် များများ ဖြတ်ထား နိုင်ခြင်း မရှိချေ။ ထိုအချိန်သည် ရန်ကုန်ယူနိုက်တက်အ သင်းသည် ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများယှဉ်ပြိုင် ကစားနေရပြီး ကစားသမားများပွဲပန်းမှု၊ ဒဏ် ရာရရှိမှုများနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ ထို အချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းအား ပြိုင်ဘက်များအနေဖြင့် မျက်ခြည်မပြတ်ထား နိုင်ခဲ့သည်က ရန်ကုန် အသင်းအတွက် အဓိကကံ ကောင်းစေသော အချက်ဖြစ်လာသည်။
ထိုအ ချက်ကို ရန်ကုန်ယူနိုက်အသင်းမှ တာဝန်ရှိသူ တစ်ဦးက ဝန်ခံခဲ့ဖူးသည်။မြက် ခင်းတု၊ မြက်ခင်း စစ်ဖြင့် လေ့ကျင့်မှုရန်ကုန်ယူနိုက်တက်အသင်း၏ အိမ်ကွင်း အဖြစ်လက်ခံ ကျင်းပ ခဲ့သည့် မြက်ခင်း တုကွင်း သည်လည်း ရန်ကုန်ယူနိုက်တက်၏ ချန်ပီယံ ခရီးလမ်းအတွက် အထောက်အကူဖြစ်ခဲ့သည်။ ရန်ကုန်နည်းပြ အီဗန်ကိုလက်ဗ်ကတော့ သူ့ ကစားသမားတွေဟာ လေ့ကျင့်ရေးအစီအစဉ် များကို မြက် ခင်း စစ်လေ့ကျင့်ရေးကွင်းမှာပဲ ပြုလုပ်လေ့ရှိကြောင်း၊ မြက်ခင်းတုကွင်းတွင် ပြိုင်ပွဲ နီးကပ် မှသာ လေ့ကျင့်ခန်းများပြုလုပ်ကြောင်း ဆိုခဲ့ဖူးသည်။ သို့သော် ရန်ကုန်ယူနိုက်တက် အသင်းလောက် မြက်ခင်းတုကွင်းနှင့်အသားကျ သည့် အခြားကလပ်မရှိနိုင်။ မြက်ခင်းတုကွင်း တွင် လာရောက်ကစားခဲ့သော ပြိုင်ဘက်များ အားလုံး အခက်အခဲတွေနှင့် ရင်ဆိုင်ခဲ့ရသည်။ ရန်ကုန် ယူနိုက်တက်အသင်းသည် ၎င်းတို့၏ အိမ်ကွင်း အားသာချက်ကို အသုံးချနိုင်ခဲ့သည်။
ဘယ်လိုပရိသတ်မျိုးတွေရှိနေသလဲရန်ကုန်ယူနိုက်တက်အသင်းအတွက် နောက်ထပ်အားသာချက်တစ်ခုက ပရိသတ်ဖြစ်သည်။ ရန်ကုန်ပရိသတ်များသည် အခြားမြို့များ မှ ပရိသတ်များနှင့် နှိုင်းယှဉ်ပါက အရေ အတွက် ပိုင်းအရများစွာ နည်းပါးနေသေးသည်။ သို့သော် ရန်ကုန်ပရိသတ်များသည် အသင်း၏ နောက် တွင် အမြဲတမ်းရှိနေတတ်ကြသည်။ အဝေးကွင်း ပွဲစဉ်များကိုလည်း ကိုယ့်စရိတ်နှင့် ကိုယ် လိုက် ပါအားပေးခဲ့ကြသည်။ (တစ်ခါတစ်ရံအသင်းမှ စရိတ်ငြိမ်း ခေါ်ယူပေး သည်လည်းရှိသည်။) ထို့ ကြောင့် ရန်ကုန်ကစားသမားများသည် မည်သည့် ကွင်းတွင် သွားရောက်ကစားသည်ဖြစ်စေ ကိုယ့် ပရိသတ် ရှိနေသည်။ ယင်းအချက်သည် ကစား သမားများအား ကြိုးစားအားထုတ်လို မှုကို ဖြစ် ပေါ်စေသော အချက် ဖြစ်သည်။
ထိုသို့သော အကြောင်းအချက်အလက် များသာလွန်မှုကြောင့် ရန်ကုန်ယူနိုက်တက်အ သင်း သုံးနှစ်ဆက်တိုက် ချန်ပီယံဆုကို ရယူနိုင် ခဲ့သည်။ သို့သော် ရန်ကုန်ယူနိုက်တက်တွင်လည်း အားနည်း ချက်များ ရှိနေသည်။ အဆိုးရွားဆုံးအား နည်းချက်သည် အဝေးကွင်း ရလဒ်များမကောင်း ခြင်း ပင်ဖြစ် သည်။ ယခုရာသီတွင် (နောက်ဆုံးပွဲ စဉ်မပါ) ရန်ကုန်ယူနိုက်တက်အသင်း ရန်ကုန် ပြင်ပ ထွက်ကစား ခဲ့ ရသော အဝေးကွင်းပွဲစဉ်များတွင် နိုင်ပွဲမရရှိခဲ့ပေ။ ထိုအချက်အား ရန်ကုန်ယူနိုက်တက် အသင်း ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုး ပမ်းရဦးမည် ဖြစ်သည်။
ညီမိုဃ်း
Yangon Media Group
No comments:
Post a Comment