Monday, 13 May 2013

တရား မ၀င် မြန်မာ အလုပ် သမား ၁၀၀ ကျော် ဖမ်းဆီး ရမိ

Photo: တရားမ၀င် မြန်မာအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးရမိ

Monday, May 13, 2013

ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မေ ၁၂ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

အမျိုးသမီးငယ် ၁၀ ဦး အပါအ၀င် အသက် ၂၀ ကနေ ၃၅ နှစ်ကြား လူငယ်လူရွယ် ၁၀၀ ကျော်ကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ့်ကစ်ကျေးရွာက မယ့်ကာဆာတောထဲမှာ ဖမ်းဆီးရမိခဲ့တာလို့ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး နိုင်းပရီချား ကျိုင်ဖစ်က ထိုင်းသတင်းဌာနကို ပြောပါတယ်။

သူတို့ကို ဦးဇော်ထွန်း (အသက် ၄၀) နှစ် က ဦးဆောင် ခေါ်လာခဲ့တာလို့ ကာယကံရှင်က ၀န်ခံပြောဆိုခဲ့ပြီး နောက်ထပ် ပါဝင်ပတ်သက်သူ ထိုင်းလူမျိုးတဦးကတော့ ထွက်ပြေးသွား တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။

တရားမ၀င်သူများ ရှာဖွေဖမ်းဆီးရေးအဖွဲ့ရဲ့ တာဝန်ရှိသူ ပြောကြားချက်အရ သူတို့တွေ ၀င်ရောက်ဖမ်းဆီးချိန်မှာ ခေါင်းဆောင်လို့ ယူဆရတဲ့ ထိုင်းလူမျိုးတဦး လက်နက်ကိုင်ဆောင်ပြီး တောထဲမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေကတော့ ဆာလောင်မွတ်သိပ်နေပုံရပြီး ၃၁ မိုင်ကျော် (၅၀ ကီလိုမီတာ) ဝေးတဲ့ ကမ်ဖိုင်ဖစ်ခရိုင်ထဲကို တောလမ်းခရီးကနေ ၂ ရက်ကြာ ခြေကျင်လျှောက် လာနေကြတာဖြစ်ကြောင်း၊ သူတို့ကို ပွဲစားက မယ့်လမောကျေးရွာအုပ်စု ဟွေ့ပလာလွတ်ရွာမှာ လာကြိုမှာဖြစ်ကြောင်း၊ ဒီလိုလာရဖို့အတွက် တဦးကို ဘတ်ငွေ ၄ ထောင်ကနေ ၉ ထောင်အထိ ပွဲစားကို ပေးရကြောင်း သတင်းဌာနကို ပြောသွားပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကလည်း မဲဆောက်မြို့နယ် မယ်ပ ရပ်ကွက်ထဲမှာ တရားမ၀င် ၀င်ရောက်နေထိုင်သူပေါင်း ၁၂၀ ဦးကို ထိုင်းလ၀က ရဲတပ်ဖွဲ့က ဖမ်းဆီးရ မိခဲ့တယ်လို့ ချယ်လ်နယ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြသွားပါတယ်။

တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ရုံး ညွှန်ကြားရေးမှူး ရဲမှူးကြီး ဖုန်းဆနခွန်း နခွန်းဆန်တိဖပ်က “ကျနော်တို့ဝင်ရောက်သွားချိန်မှာ လူတွေအားလုံး ထွက်ပြေးကြပြီး လိုက်လံဖမ်းဆီးရာမှာ စုစုပေါင်း လူ ၁၅၀ ဖမ်းမိခဲ့တယ်။ နေထိုင်ခွင့် အထောက်အထားတွေ စစ်ဆေးတာမှာ လူ အယောက် ၃၀ သာ တရားဝင် နိုင်ငံကူးလက်မှတ်ရှိပြီး ကျန်တဲ့ ၁၂၀ က ဘာအထောက် အထားမှမရှိကြောင်း၊ ဒါကြောင့် သူတို့အားလုံးကို ဖမ်းထားပြီး တရားဥပဒေအရ အရေးယူပြီးရင် နေရင်းနိုင်ငံပြန်ပို့ဖို့စီစဉ်နေတယ်” လို့ ပြောပါတယ်။

DVB News

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို တာ့ခ်ခရိုင် မဲဆောက် မြို့နယ်ထဲမှာ မေ ၁၂ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်း မှာ ဖော်ပြ သွား ပါတယ်။

အီဂျစ် နိုင်ငံရှိ သံရုံးနှင့် မြို့ကြီးများအား ဗုံးခွဲရန် ကြံစည်ခဲ့သည့် စစ်သွေးကြွ များအား ဖမ်းဆီး

Photo: အီဂျစ် နိုင်ငံရှိ သံရုံးနှင့် မြို့ကြီးများအား ဗုံးခွဲရန် ကြံစည်ခဲ့သည့် စစ်သွေးကြွ များအား ဖမ်းဆီး
Monday, May 13, 2013

အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော်ရှိ နိုင်ငံခြား သံရုံး တစ်ရုံးနှင့် မြို့ကြီးများအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်နွှယ်နေသော စစ်သွေးကြွ သုံးဦးအား အီဂျစ် လုံခြုံရေး တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီး မိုဟာမဒ်အိုင် ဘရာဟမ်က မေ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ နိုင်ငံခြား သံရုံးသည် ကိုင်ရိုမြို့ရှိ အမေရိကန် သံရုံး ဖြစ်သည်ဟု အီဂျစ် အာဏာပိုင် များက လျှို့ဝှက်စွာ ဖော်ပြခဲ့ကြောင်း အနောက်နိုင်ငံ အစိုးရ အဖွဲ့ တစ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့သည် စစ်သွေးကြွ များအား ဖောက်ခွဲရေး ပစ္စည်း ၂၂ ပေါင် ခန့်နှင့်အတူ ဒုံးကျည်များနှင့် ဗုံးများ ပြုလုပ်သည့် နည်းလမ်းများ ကိုလည်း သိမ်းဆည်း ရမိကြောင်း သိရသည်။

မြ၀တီ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ
အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော်ရှိ နိုင်ငံခြား သံရုံး တစ်ရုံးနှင့် မြို့ကြီးများအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်နွှယ်နေသော စစ်သွေးကြွ သုံးဦးအား အီဂျစ် လုံခြုံရေး တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီး မိုဟာမဒ်အိုင် ဘရာဟမ်က မေ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆိုင် က လုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယ သို့ လမ်းကြောင်းပြောင်း

Photo: ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း

13.5.2013

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း အကြား ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန် မဟာဆန်မှာ လမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။

မဟာဆန်မုန်တိုင်းသည် ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့ တောင်ဘက် ကီလိုမီတာ ၁၃၄၅ အကွာ ဘင်္ဂလာပင်လယ်ထဲတွင် ဗဟိုပြု တည်ရှိနေပြီး တဖြည်းဖြည်းဖြင့် အိန္ဒိယ နိုင်ငံ Chennai ပြည်နယ် ပင်လယ်ကမ်းခြေ ဘက်သို့ ဦးတည် ရွှေ့လျားနေကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော်လည်း မုန်တိုင်း မဟာဆန် မည်သည့် အချိန်တွင် မည်သည့် အရပ်ဒေသသို့ ၀င်ရောက် တိုက်ခတ်မည် ဆိုသည်ကို တိတိကျကျ ပြောဆိုရန်မှာမူ စောလွန်းနေသေးကြောင်း ဒက္ကားမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဘာဇလူ ရာချစ် (Bazlur Rashid) က ပြောသည်။

မဟာဆန် မုန်တိုင်းသည် တစ်နာရီ ဆယ်ကီလိုမီတာနုန်းဖြင့် ရွှေ့လျားနေပြီး မနက်ဖြန်တွင် ကုန်းတွင်းပိုင်း ဒေသ တစ်ခုခုသို့ ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု သူက ခန့်မှန်း ပြောသည်။

မဟာဆန် မုန်တိုင်းသည် လေဖိအား အနည်းအများ အပေါ် မူတည်ပြီး အနောက်သို့ယခု ရွှေ့နေရာမှ အရှေ့ဘက်သို့လည်း ပြန်လည် ရွှေ့လျားနိုင်ကြောင်း နောက်ထပ် အရာရှိ တစ်ဦးက ပြောသည်။

မုန်တိုင်းသည် တိုက်ခတ်စဉ် တစ်နာရီကို ၆၂ ကီလိုမီတာမှ ၈၈ ကီလိုမီတာ အထိ တိုက်ခိုက်နိုင်ကြောင်းနှင့် ဘင်္ဂလာဒေခ်ျ့ ပင်လယ် ကမ်းခြေ တလျှောက်တွင် နံပတ်သုံး အဆင့် သတိပေးမူကို ပြုလုပ်ထားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ငါးဖမ်းစက်လှေများ ပင်လယ်ပြင်ထွက်ခွင့်ကို တားမြစ်ထားလိုက်ပြီ ဖြစ်သည်။

narinjara
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း အကြား ၀င်ရောက် တိုက်ခတ်နိုင် သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန် မဟာဆန်မှာ လမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။

ရန်ကုန်မြို့ ၌ မိုး အနည်း ငယ် သာ ရွာသော် လည်း ရေ လျှံမှုဖြစ်

Photo: ရန်ကုန်မြို့၌ မိုးအနည်းငယ်သာရွာသော်လည်း ရေလျှံမှုဖြစ်
Monday, May 13, 2013

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မဟာဆန်မုန်တိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ မိနစ် (၂၀)ခန့်
ရွာသွန်း ပြီး နောက် မဟာဗန္ဓုလတံတားအဆင်း ဗိုလ်တထောင်
မြို့နယ် ၅၅လမ်းထိပ်တွင် ရေလျှံမှုဖြစ်သွားခဲ့ကြောင်း သိရသည်။

နံနက် ၈နာရီခန့်မှ စတင်ရွာသွန်းခဲ့သောမိုးသည် မိနစ်အနည်း
ငယ်သာ ရွာသွန်းခဲ့သော်လည်း နေလည် ၁၁ နာရီအချိန်အထိ
ရေများ ကျဆင်း သွားခြင်းမရှိဘဲ ရေလျှံမှုကြောင့်ကားလမ်း၌ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဒီလိုသာရေလျှံနေမယ်ဆိုရင်တော့ လာမယ့် မိုးတွင်းလည်း အရင်နှစ်တွေတုန်းကလိုပဲရေမြုပ်မြို့ကြီးဖြစ်အုံးမှာပဲ"ဟု သာကေတမြို့နယ်မှ မြို့ လည်သို့ အလုပ်ဆင်းလာသော ခရီးသွားတစ်ဦးမှ မြန်မာ့ခေတ်သို့ ပြောကြားသည်။

၎င်းမှ ဆက်လက်၍ "ရန်ကုန်မြို့လည်မှာ အရင်ကထက်
လမ်းတွေ ပိုမိုကောင်းမွန်လာပေမယ့် ရေဆင်းမြောင်းတွေကို
ပြုပြင်တာတွေ မလုပ် တော့ ဘာထူးမှာလဲ အရင်အတိုင်းပဲပါ့"ဟု
ဆိုသည်။

ရန်ကုန်မြို့သည် လွန်ခဲ့သော ဆယ်စုနှစ်မှစတင်ကာ မိုးသည်း ထန်ပါက ရေလျှံမှုအမြဲဖြစ်ပေါ်ခဲ့ပြီး ယင်း၏အကျိုးဆက်ကြောင့် မြို့နေလူထုမှာ ယာဉ်ကြောပိတ်ဆိုခြင်း၊ ညစ်ညမ်းသောမြောင်း
ရေများထဲ၌ သွားလာနေရခြင်းတို့ ဖြစ်ပွားလျက်ရှိကြောင်း
သိရသည်။

မိုးဝင်း
မြန်မာ့ခေတ်
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မဟာဆန်မုန်တိုင်း၏အရှိန်ကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ မိနစ်(၂၀)ခန့် ရွာသွန်းပြီးနောက် မဟာဗန္ဓုလတံတားအဆင်း ဗိုလ်တထောင်မြို့နယ် ၅၅ လမ်း ထိပ်တွင် ရေလျှံမှုဖြစ်သွားခဲ့ကြောင်း သိရသည်။

မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းအပေါ် ရခိုင်ပြည်သူလူထု စိုးရိမ်မှု ပိုကဲလာ

မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းအပေါ် ရခိုင်ပြည်သူလူထု စိုးရိမ်မှု ပိုကဲလာ
( မဇ္စို့မ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ရခိုင်ပြည်နယ်သို့ ဖြတ်သန်းတိုက်ခတ်မည့် မဟာဆန် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်မည့်နေ့ နီးလာသည်နှင့်အမျှ ရခိုင် တပြည်နယ်လုံးရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်လျက် ရှိကြောင်း သိရသည်။

မုန်တိုင်း ဝင်ရောက်မည့် နေ့ကို မိုးလေဝသ ပညာရှင်များက မေလ ၁၅၊ ၁၆ ရက်များဟု ခန့်မှန်းထားကြသည်။

အထူးသဖြင့် ရခိုင်ကမ်းရိုးတန်း ပင်လယ်ကမ်းစပ် မြို့နယ်များမှ ပြည်သူများမှာ ကုန်းတွင်းပိုင်းသို့ ရွှေ့ပြောင်း လျက်ရှိပြီး ရေလုပ်ငန်း အဓိက လုပ်ကိုင်နေသူများမှာ ငါးဖမ်းလုပ်ငန်းများကို ရပ်နားထားရ၍ စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း ကျောက်ဖြူဒေသခံတဦးက ဆိုသည်။

မေလ ၁၂ ရက်နေ့ မနက်ပိုင်းတွင် မိုးသားတိမ်တိုက်အချို့ တက်လာပြီးနောက် နေ့လည် ၁၁ နာရီခန့်တွင် နေပူရှိန် ပိုမြင့်လာခဲ့သည်ကို တွေ့ရသည်။

စစ်တွေအပါအဝင် ရခိုင်ပြည်နယ် မြို့နယ်အတော်များများတွင် လေငြိမ်၍ အပူရှိန် မြင့်မားလာသဖြင့် သောက်သုံးရေများ
ပြတ်လပ်လျက်ရှိသည်။

“အစိုးရအနေနဲ့ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန် ကြေညာနေပါတယ်။ ဒေသခံတွေကလည်း သတိအနေ အထားမှာ ရှိတယ်။ မုန်တိုင်း လာမယ့်အနေအထား မတွေ့ရသေးပေမယ့် အပူရှိန် ပြင်းလာတာမို့ သောက်ရေ ရှားပါးမှု ပိုဆိုးလာတယ်။ အရင်ကထက်စာရင် အစိုးရက ပိုပြီးဂရုစိုက်တဲ့သဘော တွေ့ရတယ်” ဟု စစ်တွေဒေသခံတဦး က ပြောသည်။

မေလ ၁၁ ရက်နေ့မှစ၍ ပြည်နယ်အစိုးရ အဖွဲ့မှ မုန်တိုင်း ကြိုတင်သတိပေးချက်များ ထုတ်ပြန်ကြေညာထားပြီး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက ဆိုသည်။

ကျောက်ဖြူဒေသခံတဦးက “ကျနော်တို့မြို့နယ်မှာ မနေ့ကစပြီး မုန်တိုင်းသတိပေးချက်တွေ ကျေးလက်ဒေသ အထိ
ကြေညာခဲ့တယ်။ ဒီကနေ့မှာတော့ ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောတွေ၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်တွေ၊ စက်လှေတွေအားလုံး ဆိပ်ကမ်းတွေမှာဝင်ရောက် နားခိုနေကြတယ်။ အပူရှိန်မြင့်လာပြီးတော့ လေတိုက်နှုန်း ကျဆင်းလာတယ်။ လူတွေက သတိနဲ့ နေကြတယ်။ မုန်တိုင်း မကျရေး ယတြာလုပ်တာတွေလည်း တွေ့ရတယ်” ဟု ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ မုန်တိုင်းလမ်းကြောင်းကျရာ မောင်တောမြို့နယ်ရှိ ပင်လယ်ကမ်းနား
ကျေးရွာများမှ ဒေသခံများမှာ ကုန်းတွင်းပိုင်း ဒေသသို့ ရွှေ့ပြောင်းလျက်ရှိကြောင်း မောင်တောမြို့မှ ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်သို့ ဖြတ်သန်းတိုက်ခတ်မည့် မဟာဆန် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်မည့်နေ့ နီးလာ သည်နှင့် အမျှ ရခိုင် တပြည်နယ်လုံးရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်လျက် ရှိကြောင်း သိရသည်။

ဗိုလ်ချုပ် အောင် ဆန်း ဈေးကြီး အကြီး စား ပြင် ဆင် မည်

Photo: ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီး အကြီးစား ပြင်ဆင်မည်
Monday, May 13, 2013

ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ရှိ ဈေး ၁၆၈ ဈေး အနက် (က)အုပ်စုဝင် ဈေးတစ်ဈေး ဖြစ်သကဲ့သို့ ပန်းဘဲတန်း မြို့နယ်၏ ရှေး ဟောင်း အဆောက်အအုံ ၂၁ ခုအနက် တစ်ခု အပါအဝင် ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးကို ယခု ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် ဗဟို ဈေးရုံကြီးကို အကြီးစား ပြင်ဆင် ဆောင်ရွက်နိုင်ရန် မေ ၇ ရက်က စစ်ဆေးရေး အဖွဲ့မှ သွားရောက် စစ်ဆေး ကြကြောင်း သိရသည်။

ရှေးဟောင်း သမိုင်းဝင် ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးကို ၁၉၂၆ ခုနှစ် က တည်ဆောက်ခဲ့ပြီး မြန်မာ့ အနုပညာ လက်ရာမြောက် ပန်းချီ ပန်းပုနှင့်မြန်မာ့ ယွန်းထည် ပစ္စည်းများ၊ မြန်မာ့တွင်း ထွက် ကျောက်မျက် ရတနာများ၊ ရွှေ၊ ငွေ၊ ကြေးစသည့် လက်ဝတ် ရတနာ ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဝတ်အထည်များ၊ ရှေးဟောင်း အနုပညာ လက်ရာနှင့် ရုပ်သေးရုပ်များ အပါအဝင် မြန်မာ့ လက်မှု အနုပညာ ပစ္စည်းများ စုစည်း ရောင်းချလျက် ရှိသည်။

ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် နှစ်ပေါင်း(၈၄)နှစ်တိုင် တည်ရှိ နေသည်မှ နောင်နှစ်ပေါင်း များစွာ ရေရှည် တည်တံ့စွာ ထိန်းသိမ်းနိုင်ရန် အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဈေးများ ဌာနက ရှေးမူမပျက် အကြီးစား ပြင်ဆင်တော့ မည် ဖြစ်ကြောင်း ဈေးများဌာန ဈေးအင်ဂျင်နီယာ ဦးသန်းထွန်းထံမှ သိရသည်။

မြ၀တီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ရှိ ဈေး ၁၆၈ ဈေး အနက် (က)အုပ်စုဝင် ဈေးတစ်ဈေးဖြစ်သကဲ့သို့ ပန်းဘဲတန်းမြို့နယ်၏ ရှေးဟောင်း အဆောက်အအုံ ၂၁ ခု အနက် တစ်ခု အပါအဝင် ဖြစ်သည်။

သံလုံးကောင် ကူးစက်ခံရမှုက အ၀လွန်ခြင်းနှင့် အခြားဇီဝရုပ်ဖြစ်ပျက်မှု မမှန် သည့် ရောဂါအချို့အား တိုက်ထုတ်နိုင်

Photo: သံလုံးကောင် ကူးစက်ခံရမှုက အ၀လွန်ခြင်းနှင့် အခြားဇီဝရုပ်ဖြစ်ပျက်မှု မမှန် သည့် ရောဂါအချို့အား တိုက်ထုတ်နိုင်
Monday, May 13, 2013

မေရီလန်းဆေးတက္ကသိုလ် မှ လေ့လာသူများက ကြွက်များတွင် သံလုံးကောင်ကူးစက်မှုခံထားရခြင်း က အ၀လွန်ခြင်းကို တိုက်ထုတ်နိုင် ရုံသာမက ယင်းနှင့်ဆက်စပ်နေသော ဇီဝရုပ်ဖြစ်ပျက်မှုမမှန်ခြင်းတို့အား ပိုမို ကောင်းမွန်စေကြောင်း တွေ့ရှိခဲ့သည်။ လေ့လာချက်များအရ ကမ္ဘာတစ်ဝန်း၌ လူဦးရေ ၂ဘီလီယံခန့်မှာ သံလုံးကောင် ကူးစက်မှုခံရလျက်ရှိကြောင်း သိရသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၌ သံလုံးကောင်ကူးစက်ခံရမှု တဖြည်းဖြည်းလျော့နည်းလာပြီး အခြားသောခုခံအားစနစ်က မိမိကိုယ်ကို ပြန်တိုက်သည့်ရောဂါများ ဖြစ်ပွားမှုမြင့်တက်လာသည်။ ထို့ကြောင့် ယခုလက်ရှိ၌ သံလုံးကောင်အား ဓာတ်မတည့်မှု၊ နာတာရှည် အာရုံကြောများ ချို့ယွင်းလာသော ရောဂါတစ်မျိုး၊(MULTIPLE SCLEROSIS) အူမှ တုံ့ပြန်မှု လွန် ကဲ့သည့်ရောဂါ (Inflammatory bowel disease)တို့၌ ကုသရန် စမ်းသပ်အသုံးပြုလျက်ရှိသည်။ ယခု လေ့လာမှု၌ ကြွက်များကို စမ်းသပ်ခဲ့ရာ ၁၀ရက်အတွင်း ၎င်းတို့ ကိုယ်အလေးချိန်၏ ၁၃ရာခိုင်နှုန်း ခန့်လျော့ကျသွားကြောင်း တွေ့ရသည်။

ထို့ပြင် သွေးတွင်းသကြားဓာတ် ပမာဏပါကျဆင်းလာစေပြီး ဆီးချိုဖြစ်ပွားမှုလျော့နည်းစေကာ အသည်းပေါ်မှ အဆီများကိုလည်း ၂၅%ခန့် လျော့နည်းစေပြီး အသည်း အဆီဖုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ကြောင်း သိရသည်။ ထို့ ထက်သာမက သံလုံးကောင်ကူးစက် ခံရခြင်းက ကူးစက်ခံရသူ၏ခုခံအား စနစ်တွင် Th-2 ဆဲလ်နှင့် Type 2 cytokines တို့အား မြင့်တက်စေပြီး ယင်းက ကူးစက်ရောဂါများကို တား ဆီးပေးနိုင်ကာ ရောင်ရမ်းခြင်းကို လည်း လျော့ကျစေနိုင်သည်ဟု သိရ သည်။

အ၀င်း
Ref: MNT

Health Updates Journal
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မေရီလန်းဆေးတက္ကသိုလ် မှ လေ့လာသူများက ကြွက်များတွင် သံလုံးကောင်ကူးစက်မှုခံထားရခြင်း က အ၀လွန်ခြင်းကို တိုက်ထုတ်နိုင် ရုံသာမက ယင်းနှင့်ဆက်စပ်နေသော ဇီဝရုပ်ဖြစ်ပျက်မှုမမှန်ခြင်းတို့အား ပိုမို ကောင်းမွန်စေကြောင်း တွေ့ရှိခဲ့သည်။ လေ့လာချက်များအရ ကမ္ဘာတစ်ဝန်း၌ လူဦးရေ ၂ဘီလီယံ ခန့်မှာ သံလုံးကောင် ကူးစက်မှုခံရလျက်ရှိကြောင်း သိရသည်။

ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၅၇၀ ခန့်အကွာ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

မေလ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမဟာစင်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အ နောက်တောင်ဘက် မိုင်၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၅၇၀ ခန့်အကွာ၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့တောင်ဘက် မိုင် ၃၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မောင်တောဘေး နတ်မြစ်ထဲက ဖြစ်ရပ်တစ်ခု

Photo: မောင်တောဘေး နတ်မြစ်ထဲက ဖြစ်ရပ်တစ်ခု။
Monday, May 13, 2013

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်(၂၀)ခန့်ဖြစ်တဲ့ (၂-၅-၁၉၉၄) ရက်နေ့တုံးက ဘင်္ဂလားပင်လယ်အော် ထဲက ဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဟာ စစ်တကာင်းမြို့နဲ့မောင်တောမြို့အကြားကဖြတ်ပြီး ကုန်းတွင်းကို ၀င်ရောက်ခဲ့ဘူးပါတယ်။ အဲဒီတုံးက ကျွန်တော်ခေါင်းဆောင်ပြီး ကွင်းဆင်းလေ့လာရေး ဆင်းခဲ့ကြပါတယ်။ အဲဒီတုံးကအတွေ့အကြုံလေးတစ်ခုကို သတိရလာမိပါတယ်။

အဲဒါကတော့ မောင်တောမြို့ဘေးက စီးဆင်းနေတဲ့ နတ်မြစ်အတွင်းဖက်ပိုင်း မြစ်ဝက (၂၂)မိုင်ဝေးတဲ့ ကုန်တွင်းပိုင်းရွာတစ်ရွာဖြစ်တဲ့ ငါးခူရကျေးရွာမှာ မုန်တိုင်းဒီရေတွေ ၀င်လာ တာ့ ရေ(၁၂)ပေလောက် ရုတ်တရက် လျပ်တပြက်ရေကြီးသလို မြင့်တက်လာခဲ့မှုကြောင့် အဲဒီတုံးက ဘင်္ဂါလီတွေကိုစောင့်ဖို့ နတ်မြစ်ဘေးမှာ တာဝန်ချထားတဲ့ နစကအဖွဲ့ဝင် (၂၀)ခန့်ဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဖြစ်ပုံကတော့ မုန်တိုင်းဝင်တော့ မုန်တိုင်းလမ်းကြောင်းရဲ့ ညာဖက်ခြမ်းမှာကျနေတဲ့ မောင်တောမြို့ ကမ်းခြေတွေကို မုန်တိုင်းဒီရေတွေ ၀င်လာပါတယ်။ နတ်မြစ်ဝရောက်တော့ မြစ်အတွင်းကို အရှိန်အဟုန်နဲ့ ဆန်တက်သွားကြပါတယ်။ မြစ်အတွင်းပိုင်းကို မြစ်ဝက (၂၂)မိုင် လောက် ဆန်တက်လာအပြီးမှာ အထက်ကဆင်းလာတဲ့ရေတွေနဲ့ မျက်နှာချင်းဆိုင် ဆုံမိပြီးတော့ (၁၂)ပေ လောက်မြင့်တဲ့ ရေတွေရုတ်တရက် မြင့်တက်လာခဲ့တာဘဲ ဖြစ်ပါတယ်။ Inland Flooding ဆိုပါတော့။ နောက်ပိုင်း မုန်တိုင်းဒီရေခန့်မှန်းတဲ့ Model တွေလုပ်တော့ ဒါကို Estuary Effect လို့ခေါ်ပါတယ်။

အလားတူ အဖြစ်အပျက်မျိုး မကြုံရလေအောင် အခုလည်း နတ်မြစ်ဘေး မှာ နေထိုင်ကြ တဲ့ ပြည်သူတွေကို သက်ဆိုင်ရာများက ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ပေးထားဖို့လိုပါ လိမ့်မယ်။

မောင်ထွန်းလွင် (မိုးလေ၀သ)
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်(၂၀)ခန့်ဖြစ်တဲ့ (၂-၅-၁၉၉၄) ရက်နေ့တုံးက ဘင်္ဂလားပင်လယ်အော် ထဲက ဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဟာ စစ်တကာင်းမြို့နဲ့မောင်တောမြို့အကြားကဖြတ်ပြီး ကုန်းတွင်းကို ၀င်ရောက်ခဲ့ဘူးပါတယ်။ အဲဒီတုံးက ကျွန်တော်ခေါင်းဆောင်ပြီး ကွင်းဆင်းလေ့လာရေး ဆင်းခဲ့ကြပါတယ်။ အဲဒီတုံးကအတွေ့အကြုံလေးတစ်ခုကို သတိရလာမိပါတယ်။

ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း

Photo: ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း
Monday, May 13, 2013

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း အကြား ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန် မဟာဆန်မှာ လမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။

မဟာဆန်မုန်တိုင်းသည် ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့ တောင်ဘက် ကီလိုမီတာ ၁၃၄၅ အကွာ ဘင်္ဂလာပင်လယ်ထဲတွင် ဗဟိုပြု တည်ရှိနေပြီး တဖြည်းဖြည်းဖြင့် အိန္ဒိယ နိုင်ငံ Chennai ပြည်နယ် ပင်လယ်ကမ်းခြေ  ဘက်သို့ ဦးတည် ရွှေ့လျားနေကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော်လည်း မုန်တိုင်း မဟာဆန် မည်သည့် အချိန်တွင် မည်သည့် အရပ်ဒေသသို့ ၀င်ရောက် တိုက်ခတ်မည် ဆိုသည်ကို တိတိကျကျ ပြောဆိုရန်မှာမူ စောလွန်းနေသေးကြောင်း ဒက္ကားမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဘာဇလူ ရာချစ် (Bazlur Rashid) က ပြောသည်။

မဟာဆန် မုန်တိုင်းသည် တစ်နာရီ ဆယ်ကီလိုမီတာနုန်းဖြင့် ရွှေ့လျားနေပြီး မနက်ဖြန်တွင် ကုန်းတွင်းပိုင်း ဒေသ တစ်ခုခုသို့ ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု သူက ခန့်မှန်း ပြောသည်။

မဟာဆန် မုန်တိုင်းသည်  လေဖိအား အနည်းအများ အပေါ် မူတည်ပြီး အနောက်သို့ယခု  ရွှေ့နေရာမှ အရှေ့ဘက်သို့လည်း ပြန်လည် ရွှေ့လျားနိုင်ကြောင်း နောက်ထပ် အရာရှိ တစ်ဦးက ပြောသည်။

မုန်တိုင်းသည် တိုက်ခတ်စဉ် တစ်နာရီကို ၆၂ ကီလိုမီတာမှ ၈၈ ကီလိုမီတာ အထိ တိုက်ခိုက်နိုင်ကြောင်းနှင့် ဘင်္ဂလာဒေခ်ျ့ ပင်လယ် ကမ်းခြေ တလျှောက်တွင် နံပတ်သုံး အဆင့် သတိပေးမူကို ပြုလုပ်ထားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ငါးဖမ်းစက်လှေများ ပင်လယ်ပြင်ထွက်ခွင့်ကို တားမြစ်ထားလိုက်ပြီ ဖြစ်သည်။

narinjara
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းအကြားဝင်ရောက် တိုက် ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန်မဟာဆန်မှာလမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။

အရွယ်တင်နုပျိုစေသည့ှ်Super Fruit သလဲသီး (Pomegrante)၏ အစွမ်းသတ္တိများ

Photo: အရွယ်တင်နုပျိုစေသည့ှ်Super Fruit သလဲသီး (Pomegrante)၏ အစွမ်းသတ္တိများ
Monday, May 13, 2013

၎င်းသည် ၀ိုင်နီ၊ လက်ဖက်ရည်ကြမ်းတို့ထက် Antioxidant ဓာတ်တိုးဆန့်ကျင်ပစ္စည်း ၃ဆ ပါဝင်သောကြောင့် Super Fruit ဟု ခေါ်ကြသည်။

ပါဝင်သော Polyphenol (Antioxidant) မှ ကင်ဆာကို ကာကွယ်ပေးသည်။ အ၀လွန်ခြင်းနှင့် အိုမင်းခြင်းကိုလဲ ကာကွယ်ပေးသည်။
Potassium, Folic Acid နှင့် vit C တို့လည်း ကြွယ်ဝ စွာပါဝင်သည်။
သွေးတိုးကို ကျစေသည်။

LDL မကောင်းသော Cholesterol ကို ကျစေသဖြင့် နှလုံးရောဂါကိုလည်း ကာကွယ်ပေးသည်။

ကံ့ကော်
Ref: epatrecipe

Health Updates Journal
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
၎င်းသည် ၀ိုင်နီ၊ လက်ဖက်ရည်ကြမ်းတို့ထက် Antioxidant ဓာတ်တိုးဆန့်ကျင်ပစ္စည်း ၃ဆ ပါဝင်သောကြောင့် Super Fruit ဟု ခေါ်ကြသည်။

ဖာဂူဆန် Old Trafford ကို နှုတ်ဆက်

ဖာဂူဆန် Old Trafford ကို နှုတ်ဆက်
Monday, May 13, 2013

အင်္ဂလန်ပရီမီယာလိဂ် ဘောလုံးပွဲတွေမှာတော့ မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ နည်းပြအဖြစ်နဲ့ အိုးလ်ထရက်ဖို့ဒ် ပရိသတ်တွေကို တနင်္ဂနွေနေ့က နှုတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ဆွမ်စီးနဲ့ ကစားတဲ့ပွဲဟာ ဆာအဲလက်စ် အတွက် အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ နောက် ဆုံးပွဲပါ။ အဲဒီပွဲမှာ ၂ သင်းစလုံးက ကစားသမားတွေက အရင် ထွက်လာခဲ့ပြီးတော့ ဖာဂူဆန်ကို Guard of Honour ပေးပြီး ဂုဏ်ပြုခဲ့ကြသလို အိုးလ်ထရက်ဖို့ တကွင်းလုံးမှာရှိတဲ့ ပရိသတ်တွေအားလုံးကလည်း အလံတွေ ဝှေ့ ယမ်းပြီး၊ သီချင်းတွေ သံပြိုင်သီဆိုပြီး ဖာဂူဆန်ကို နောက်ဆုံး နှုတ်ဆက်ခဲ့ကြပါ တယ်။ ဒီပွဲမှာ မန်ယူအသင်းက ဆွမ်စီးအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပြီး ဖာဂူဆန်ရဲ့ အိုးလ်ထရက်ဖို့ဒ် နောက်ဆုံးပွဲကို အနိုင်နဲ့ အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။

မန်ယူအတွက် ဂိုးတွေကို တိုက်စစ်မှူး ချီချာရီတို နဲ့ ဖာဒီနန်တို့က သွင်းပေးခဲ့တာပါ။ ဒီပွဲမှာ ဖာဂူဆန်အတွက် အိုးလ်ထရက်ဖို့မှာ နောက်ဆုံးပွဲဖြစ်သလို မန်ယူကွင်းလယ် ကစားသမား ပေါလ်စခိုးလ်အတွက်လည်း နောက်ဆုံးနှုတ်ဆက်ပွဲလည်းဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ လွန်ခဲ့တဲ့ နှစ် ၂၀ က ပရီမီယာလိဂ်ဖလားကို ပထမဆုံးအကြိမ် မန်ယူ အသင်းအတွက် ကိုင်မြှောက်ပေးခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ၂ ယောက် စတိဗ်ဘရုစ်နဲ့ ဘရိုင်ယန်ရော့်ဘ်ဆင်တို့က ပရီမီယာလိဂ်ဖလားကို ကွင်းထဲကို သယ်လာပေးခဲ့ပါတယ်။ နောက်ဆုံးမှာ လက်ရှိအသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ဗီဒစ် နဲ့ အယ်ဗရာတို့က ဖာဂူဆန်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပရီမီယာလိဂ်ဖလားကို ဆာအဲလက်ဖာဂူဆန် အရင်ဆုံးကိုင်မြောက်စေပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။

စနေနေ့က ကစားတဲ့ တခြားပွဲတွေမှာတော့ အဲဗာတန်က ၀က်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးး နဲ့ နိုင်ခဲ့သလို၊ နယူးကာဆယ်ကလည်း QPR ကို ၂ ဂိုး ၁ ဂိုး ၊ တော့တင်ဟမ်က စတုတ်ခ်စီးတီးကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။

VOA Burmese News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ

အင်္ဂလန်ပရီမီယာလိဂ် ဘောလုံးပွဲတွေမှာတော့ မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ဟာ နည်းပြအဖြစ်နဲ့ အိုးလ်ထရက်ဖို့ဒ် ပရိသတ်တွေကို တနင်္ဂနွေနေ့ က နှုတ်ဆက် လိုက်ပြီဖြစ် ပါတယ်။

ခရမ်း ချဉ် သီးက ဘာတွေ ကောင်း ကျိုးပေး သလဲ

Photo: ခရမ်းချဉ်သီးက ဘာတွေ ကောင်းကျိုးပေးသလဲ

မေလ ၁၃ ရက် ၂၀၁၃

ခရမ်းချဉ်သီးဆိုတာဟာ လူမျိုး၊ ဘာသာမရွေး စားသုံးလို့ရတဲ့ အသုံးများဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်လို့ ခေါ်ပေမယ့်လည်း အချဉ်ဓာတ်ကဲတဲ့ သစ်သီး တစ်မျိုးလို့ယူဆလို့ရပါတယ်။ ဗီတာ မင်စီတွေကြွယ်ဝနေတာကြောင့် သင့်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါ တယ်။ အခြားဗီတာမင်တွေ၊ မက်ဂနီ ဆီယမ်၊ ဖော့စဖရပ်နဲ့ ကော့ပါဓာတ် တွေလဲ ပါဝင်ပါတယ်။ ဒါကြောင့် အသုပ်တွေ၊ ဆင်းဒ၀စ်တွေနဲ့ ဟင်းလျာတွေမှာ အသုံးများကြတာ ဖြစ်ပါ တယ်။

ခရမ်းချဉ်သီးမှာ ကျန်းမာရေးအကျိုးပြုအာနိသင်တွေ ဘယ်လိုပါဝင် သလဲဆိုတာ ပြောပြလိုပါတယ်။
- ခရမ်းချဉ်သီးဟာ ကိုလက်စတီရော များနေခြင်း၊ လေဖြတ်ခြင်းနဲ့ နှလုံး ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

- ဓာတ်တိုးဆန့်ကျင်ပစ္စည်း လူကိုပင်း ပါဝင်နေတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေး နိုင်ပါတယ်။ ကိုယ်ခန္ဓာကလွယ်လွယ် ကူကူစုပ်ယူနိုင်ပြီး အရေပြားနဲ့ ဆံပင် အလှကို ပေးစွမ်းနိုင်ပါတယ်။
- ဗီတာမင်စီနဲ့ ဗီတာမင်အေတွေ ကြွယ်ဝစွာပါဝင်နေတဲ့အတွက် ကိုယ်ခန္ဓာအနှံ့အပြားက ဆဲလ်တွေရဲ့ ဒီအင်အေကို ကာကွယ်ပေးနိုင်ပါ တယ်။
- ဗီတာမင်ကေနဲ့ ကယ်လစီယမ်ဓာတ် တွေ ပါဝင်တဲ့အတွက် အရိုးအဆစ်တွေ ကြံ့ခိုင်သန်မာစေပါတယ်။

- လူကိုပင်းပါဝင်နေခြင်းဟာ ကင်ဆာရောဂါများဖြစ်တဲ့ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အစာ အိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေကို ကာကွယ် ပေးနိုင်ပါတယ်။
- ခရမ်းချဉ်သီးဟာ သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။
- အမြင်အာရုံကို တိုးတက်စေနိုင်ပါတယ်။

သက်ကို
Ref: medIndia

Health Updates Journal
ခရမ်းချဉ်သီးဆိုတာဟာ လူမျိုး၊ ဘာသာမရွေး စားသုံးလို့ရတဲ့ အသုံးများဟင်းသီးဟင်းရွက် တစ်မျိုးဖြစ် ပါတယ်။ ဟင်းသီးဟင်းရွက်လို့ ခေါ်ပေမယ့်လည်း အချဉ်ဓာတ်ကဲတဲ့ သစ်သီး တစ်မျိုးလို့ယူဆလို့ရ ပါတယ်။

ဆိုင်ကလုန်း မဟာစင်ကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့မှ လူဦးရေသန်းချီ၍ ထိခိုက်မှုများ ကြုံတွေ့ဖွယ်ရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်

ဆိုင်ကလုန်း မဟာစင်ကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့မှ လူဦးရေသန်းချီ၍ ထိခိုက်မှုများ ကြုံတွေ့ဖွယ်ရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်
( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူဦးရေသန်းနှင့်ချီကာ ထိခိုက်မှုများ ကြုံတွေ့နိုင်သကဲ့သို့ မြန်မာနိုင်ငံပင်လျှင် သက်ရောက်မှုများ ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံတို့သို့ သက်ရောက်မည် ဖြစ်ကြောင်း accu-weather.com က ဖော်ပြထားပြီး ကမ္ဘာတစ်ဝန်း သဘာဝဘေးနှင့် ခန့်မှန်းချက် ဆိုင်ရာများအား ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System ၀က်ဘ်ဆိုက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ကို အဓိကသက်ရောက်မည့် ဒေသဟု သတ်မှတ်ထားသည်။ အပူပိုင်းမုန်တိုင်း 01B မဟာစင်ဟု အမည်ပေး မုန်တိုင်း ဖြစ်လာသည့် မေ ၁၁ ရက်မှ လာမည့်ရက် အနည်းငယ်အတွင်း ကုန်းမြေသို့ သက်ရောက်မှု ဖြစ်ပေါ်မည်ဖြစ်ပြီး ၎င်း၏ဦးတည်ရာ လမ်းကြောင်းအရ အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လူဦးရေသန်းချီကာ လူမှုဘ၀ ထိခိုက်မှုများ ဖြစ်ပေါ်နိုင်ကာ မြန်မာနိုင်ငံပင်လျှင် သက်ရောက်မှုများ ကြုံတွေ့နိုင်သည်ဟု accu-weather.com ၌ သတင်းထုတ်ပြန် ထားသည်။

မုန်တိုင်းသည် လာမည့် ဗုဒ္ဓဟူးနေ့ (မေ၁၅ ရက်) တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ချဉ်းကပ်မည်ဖြစ်ပြီး မုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ တို့တွင်လည်း သက်ရောက်မှုများ ကြုံတွေ့နိုင်သည်ဟု ခန့်မှန်းထားသည်။

Global Disaster Alert and Coordination System ၀က်ဘ်ဆိုက်တွင်မူ ထိခိုက်သက်ရောက်မည့် လူဦးရေ ခန့်မှန်းမှုကို မေလ ၁၁ ရက်နေ့ ညပိုင်းအထိ ၈ ဒသမ ၆ သန်းဟု ဖော်ပြပြီး မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်မူ category 1 အဆင့် သို့မဟုတ် ယင်းထက်မြင့်သော ပြင်းအားဖြင့် ၀င်ရောက်ပါက ထိခိုက်နိုင်ခြေရှိသော လူဦးရေမှာ ၁၃ ဒသမ ၄ သန်းဟု ဖော်ပြထားသည်။

ဆိုင်ကလုန်း မဟာစင်သည် မေလ ၁၃ ရက်နေ့တွင် category 1 အဆင့်၊ မေလ ၁၄ ရက်နေ့တွင် category 1 အဆင့်၊ မေလ ၁၅ ရက်နေ့တွင်လည်း category 1 အဆင့် ရှိနိုင်ကာ မေလ ၁၆ ရက်နေ့တွင်မူ category 2 အဆင့်သို့ ရောက်ရှိနိုင်သည်ဟု Tropical Storm Risk(TSR) က ခန့်မှန်းထားပြီး မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံဟု ပြဆိုထားသည်။

မဟာစင်၏ အမြင့်ဆုံး လေတိုက်နှုန်းများသည် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တစ်နာရီလျှင် ၇၈ မိုင်ခန့်၊ မေလ ၁၃ ရက် နေ့ မွန်းလွဲပိုင်းတွင် ၈၄ မိုင်ခန့်၊ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မိုင် ၉၀ ခန့်၊ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ၉၆ မိုင်ခန့်၊ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ၁၀၂ မိုင်ခန့်၊ မေလ ၁၇ ရက်နေ့တွင် ၆၆ မိုင်ခန့် ရှိနိုင်သည်ဟု Myanmar Climate Change Watch တွင် ထုတ်ပြန် ဖော်ပြထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် တည်ရှိနေရာမှ ပိုမိုအားကောင်းလာကာ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အပူပိုင်းမုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး မေလ ၁၁ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဆိုင်ကလုန်း မဟာစင်သည် လာမည့် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည်။

မဟာစင်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင် ဘက်မိုင် ၄၃၀ ခန့်အကွာ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက်မိုင် ၄၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း၏ ဗဟိုချက်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၅၀ မှ ၆၀ အထိ ရှိနိုင်ကြောင်း မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက သိရှိရသည်။

ဆိုင်ကလုန်း မဟာစင်သည် လာမည့် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်းလည်း သတိပေးချက် ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မေ ၁၃ ရက် မွန်းလွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်သို့ ကွေ့လျက် မေ ၁၆ ရက် နံနက်ပိုင်းခန့်တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများသို့ ဖြတ်ကျော် ၀င်ရောက်နိုင်သည်ဟု မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

မဟာစင်သည် ၂၀၁၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံး ဖြစ်ပေါ်သော မုန်တိုင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ မုန်တိုင်းငါးနှစ်ဆက်တိုက် သက်ရောက်သော နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင်နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိတို့ဖြစ်သည်။ ယင်းအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကြောင့် အိန္ဒိယနိုင်ငံမြောက် ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူဦးရေသန်းနှင့်ချီကာ ထိခိုက်မှုများ ကြုံတွေ့နိုင် သကဲ့သို့ မြန်မာနိုင်ငံ ပင်လျှင် သက်ရောက်မှုများ ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လျက်ရှိသည်။

မန္တလေးတွင် သံဖရိန်ဖြင့် အဆောက်အအုံ ဆောက်လုပ်မှု များပြားလာ၍ လက်သမားလုပ်ငန်း လုပ်ကိုင်သူများ ၀င်ငွေလျော့နည်းလာ

မန္တလေးတွင် သံဖရိန်ဖြင့် အဆောက်အအုံ ဆောက်လုပ်မှု များပြားလာ၍ လက်သမားလုပ်ငန်း လုပ်ကိုင်သူများ ၀င်ငွေလျော့နည်းလာ

မန္တလေးမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင် သံဖရိန်ဖြင့် အဆောက်အအုံ ဆောက်လုပ်မှု များပြားလာခြင်းကြောင့် လက်သမားလုပ်ငန်း လုပ်ကိုင်သူတို့ အလုပ်ပါးလာပြီး ၀င်ငွေလျော့နည်းလာကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ စုံစမ်းသိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းများတွင် ယခင်က အာရ်စီတိုက်နှင့် နံကပ်တိုက်အဆောက်အဦးများ ဆောက်လုပ်ရာ၌ ပုံရိုက်ခြင်းနှင့် ကွန်ကရစ် ပြင်လောင်းရာတွင် သစ်သားများ အသုံးပြုပြီး ဆောက်လုပ်ခဲ့ရာမှ ယခုအခါ သံဖရိန်၊ သံငြမ်းများ အသုံးပြု ဆောက်လုပ်လာခြင်းကြောင့် လက်သမားလုပ်ငန်း လုပ်ကိုင်သူများ ၀င်ရောက်လုပ်ကိုင်ရမှု လျော့နည်းလာခဲ့ကြောင်း သိရသည်။

''အခုဆိုရင် မန္တလေးမှာ သံဖရိန်နဲ့ သုံးထပ်အထိ ဆောက်တာတွေ ရှိနေပြီ။ နိုင်ငံတကာမှာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေမှာလည်း သံဖရိန်နဲ့ ဆောက်တာတွေရှိပါတယ်။ နည်းပညာနဲ့ အရည်အသွေး မီဖို့တော့လိုတယ်။ သံအရည်အသွေး မမီဘူးဆိုရင် မီးအပူဒဏ်ကြောင့် ကွေးညွတ်ပြီး ဟန်ချက်မညီတာမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် အန္တရာယ် များလာနိုင်တယ်''ဟု ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ အင်ဂျင်နီယာ ကိုရဲစိုးက ပြောသည်။

''သံဖရိန်နဲ့ ဆင်ပြီးသွားရင် ပန်းရန်ပိုင်း တန်းဝင်ရုံဆိုတော့ အကြမ်းထည်အဆင့်က ခဏလေးနဲ့ ပြီးသွားတယ်။ သံဖရိန်နဲ့ ဆောက်တာတွေ ဒီထက်မက များလာမယ် ဆိုရင်တော့ လက်သမားလုပ်ငန်း လုပ်ကိုင်ရမှု မရှိသလောက် လျော့နည်းသွားနိုင်တယ်'' ဟု လက်သမားလုပ်ငန်း လုပ်ကိုင်လျက်ရှိသူ တစ်ဦးက ပြောသည်။

သစ်သားဖြင့် ဆောက်လုပ်ရာတွင် အချိန်တစ်လခန့် ကြာမြင့်မည်ဆိုပါက သံဖရိန်ဖြင့်ဆောက်လုပ်ရာတွင် ရက် ၂၀ ခန့်သာ ကြာမြင့်သဖြင့် လက်သမားခ၊ အလုပ်သမားခ၊ ဈေးနှုန်းနှင့် အချိန်ကုန် သက်သာစေခြင်းတို့ကြောင့် အစားထိုး ဆောက်လုပ်မှုများ တဖြည်းဖြည်း များပြားလာခဲ့ကြောင်း သိရသည်။

သံဖရိန်ဖြင့် တည်ဆောက်လျက်ရှိသော အဆောက်အအုံ တစ်ခုအား တွေ့ရစဉ်
သံဖရိန်ဖြင့် တည်ဆောက်လျက်ရှိသော အဆောက်အအုံ တစ်ခုအား တွေ့ရစဉ်
မန္တလေးမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင် သံဖရိန်ဖြင့် အဆောက်အအုံ ဆောက်လုပ်မှု များပြား လာခြင်းကြောင့် လက်သမားလုပ်ငန်း လုပ်ကိုင်သူတို့ အလုပ်ပါးလာပြီး ၀င်ငွေလျော့ နည်း လာကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ စုံစမ်းသိရသည်။

Sunday, 12 May 2013

ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးကာ ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူကို တရားရုံးများတွင် စတင်စစ်ဆေး

ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးကာ ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူကို တရားရုံးများတွင် စတင်စစ်ဆေး
Sunday, May 12, 2013

ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးလွတ်မြောက်ပြီး ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူ၏ အမှုကို ယခုနှစ် မေလဆန်းက စတင်ကာ တရားရုံးများတွင် စစ်ဆေးနေကြောင်း သိရသည်။

ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့သူ အသက် (၃၆) နှစ်ရှိ ရှိုးဂန်းသည် ရန်ကုန်တိုင်းဒေသကြီးရှိ နေအိမ်တိုက်ခန်းများကို ဖောက်ထွင်းသည့်အမှု ၁၅ မှုဖြင့် ၂၀၀၅ ခုနှစ်အတွင်းက ထောင်ဒဏ် ၃၁ နှစ် ကျခံခဲ့ရသည်။

၎င်းသည် အင်းစိန်ထောင်၌ ငါးနှစ်ကျော်ခန့် ပြစ်ဒဏ်ကျခံလျက် ရှိရာမှ ၂၀၁၀ ပြည့်နှစ် သြဂုတ် ၂၄ ရက်တွင် မွန်ပြည်နယ် တောင်စွန်း ရဲဘက် စခန်းသို့ ပြောင်းရွှေ့ပြစ်ဒဏ် ကျခံခဲ့ရသည်။ထို့နောက် ၂၀၁၀ ပြည့်နှစ်
ဒီဇင်ဘာ ၅ ရက်တွင် တောင်စွန်းရဲဘက်စခန်းမှ ထွက်ပြေးလွတ်မြောက် ခဲ့သည်။ ရှိုးဂန်းသည် နေအိမ်အတွင်းသို့ ဖောက်ထွင်းခိုးယူရာတွင် တံခါးများတွင် ခတ်ထားသော မည်သည့်သော့များကိုမဆို အချိန်မိနစ် အနည်းငယ်အတွင်း ၀က်အူလှည့်ဖြင့် ဖျက်ဆီးကာ ခိုးမှုများ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

ရှိုးဂန်းကို သပြေကုန်းရပ်ကွက် မင်္ဂလာတောင်ညွန့် ရပ်ကွက်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက် ည ၁၀ နာရီတွင် ပြန်လည်ဖမ်းဆီး ရမိခဲ့ပြီး အတူပူးပေါင်း ကျူးလွန်ခဲ့သူ သန်းဇော်ဝင်းကို  ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားဝင်း အတွင်းမှ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ကျူးလွန်သူနှစ်ဦးသည် ထွက်ပြေးလွတ်မြောက်နေစဉ် ကာလ အတွင်း မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တာမွေ၊ အလုံ၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အင်းစိန် စသည့်မြို့နယ် များတွင် ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိထားသည့် ရှိုးဂန်းနှင့် သန်းဇော်ဝင်းတို့သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ချုပ်ရမန်များ ရယူပြီး
ဆောင်ရွက်နေစဉ်  မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးအချုပ်မှ ထပ်မံထွက်ပြေး လွတ်မြောက်ခဲ့သည်။

ထွက်ပြေးရာတွင် ၎င်းတို့၏ဇနီးများကို တစ်ပါတည်း ခေါ်ဆောင်ပြီး ထွက်ပြေး သွားသဖြင့် ဇနီးသည်များ၏ လက်ကိုင်ဖုန်းမှတစ်ဆင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် လားရှိုးမြို့၌ ပြန်လည်ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက "ကျူးလွန်တဲ့ တရားခံတွေကို အမှုaပါင်း ၂၆ မှုနဲ့ ရဲလုပ်ငန်း စဉ်အရ စစ်ဆေးပြီးတဲ့အတွက် သက်ဆိုင်ရာမြို့နယ် တရားရုံးတွေမှာ မေလဆန်းပိုင်းကစပြီး တရားစွဲဆိုထားတယ်။ အခုချိန်ထိတော့ စစ်ဆေးနေတုန်းပါပဲ" ဟု မေ ၁၁ ရက် နံနက်ပိုင်းက
ပြောသည်။
Eleven Media Group

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ

ပြစ်မှုကျူးလွန်သူ ရှိုးဂန်း
ပြစ်မှုကျူးလွန်သူ ရှိုးဂန်း
ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးလွတ်မြောက်ပြီး ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူ၏ အမှုကို ယခုနှစ် မေလဆန်းက စတင်ကာ တရားရုံးများတွင် စစ်ဆေးနေကြောင်း သိရသည်။

အမေရိကန်လေယာဉ်တင် သင်္ဘော တောင်ကိုရီးယား ရောက်

Photo: အမေရိကန်လေယာဉ်တင် သင်္ဘော တောင်ကိုရီးယား ရောက်
Sunday, May 12, 2013

တောင်ကိုရီးယားရေတပ်နဲ့ ၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် အမေရိကန်နျူကလီယားစွမ်းအင်သုံး USS Nimitz လေယာဉ်တင် စစ်သင်္ဘောကြီးဟာ ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ပိုင်းက ဘူစန်ဆိပ်ကမ်းကို ဒီနေ့ ဆိုက်ရောက်လာပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား အနေနဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို အပြင်းအထန် တုန့်ပြန် နိုင်တယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်း အမေရိကန်ရေတပ်ရဲ့ အဝေးထိန်းလမ်းညွှန်ပါ Missile ဒုံးခွင်းလက်နက်နဲ့ Missile ဒုံးလက်နက်တွေ တင်ဆောင်လာတဲ့ လေယာဉ်တင်သင်္ဘောတွေလည်း 7th. Fleet အမှတ် (၇) ရေတပ်အုပ်စု နယ်မြေကို ဆိုက်ရောက် ခဲ့ကြတယ်လို့ အမေရိကန်ရေတပ်ကပြောပါတယ်။

Indo-Asia-Pacific ဒေသတကြော ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တိုးမြှင့်ဖို့ အတွက် ရေကြောင်းမဟာမိတ်တွေနဲ့ အတူ စစ်ရေးလေ့ကျင့်ကြမှာဖြစ်တယ်လို့ အမေရိကန်ရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားကတော့ ဒီနှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဟာ မြောက်ကိုရီးယားရဲ့ ပိုင်နက်နယ်မြေ အချုပ်အခြာ အာဏာကို ထိပါးဖို့နဲ့ ကျူးကျော်ဝင်ရောက်ဖို့ဖြစ်ပြီး ပုံမှန်အကြီးအကျယ်ခြိမ်းချောက်နေတဲ့ တုန့်ပြန်မှုဖြစ်တယ်လို့ စွပ်စွဲနေပါတယ်။

VOA Burmese
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
တောင်ကိုရီးယားရေတပ်နဲ့ ၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် အမေရိကန်နျူကလီယား စွမ်းအင်သုံး USS Nimitz လေယာဉ်တင် စစ်သင်္ဘောကြီးဟာ ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ပိုင်းက ဘူစန်ဆိပ်ကမ်းကို ဒီနေ့ ဆိုက်ရောက်လာပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားအနေနဲ့ ဒီပူးတွဲ စစ်ရေးလေ့ ကျင့်မှုကို အပြင်းအထန် တုန့်ပြန် နိုင်တယ်လို့ ယူဆရပါတယ်။

"၂၀၁၃ခုနှစ်၊ မေလ(၁၂)ရက်နေ့မြန်မာစံတော်ချိန်(၀၆း၀၀)နာရီ အချိန်မုန်တိုင်းသတင်းထုတ်ပြန်ချက်"

ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ၊ (ကိုကိုးကျွန်း)၏ အနောက်တောင် ဘက်မိုင်(၄၃၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ချင်းနိုင်မြို့၏ အရှေ့တာင်ဘက်မိုင်(၄၈၀)ခန့် အကွာ ပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။

ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ် ထွက်ပြေး

Photo: ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ် ထွက်ပြေး
Sunday, May 12, 2013

မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီတပ်ဖွဲ့ရဲ့ နမ့်ခမ်းမြို့နယ်ထဲက တပ်စခမ်းတခုကို မြန်မာ့တပ်မတော်ကနေ ဒီကနေ့နံက်မှာ ၀င်ရောက် တိုက်ခိုက်တာကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ရှမ်းပြည် တပ်မတော် အရာရှိတွေကပြောဆိုခဲ့ပါတယ်။ အခုဖြစ်တဲ့တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှု များပြားနေ ခဲ့သလို ရာနဲ့ချီတဲ့ ဒေသခံ ရွာသားအနေနဲ့ တရုတ်ပြည်ဖက် ကို စစ်ပြေးဒုက္ခသည်တွေ အဖြစ် တိမ်းရှောင်နေကြရတဲ့ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

တဖက်နဲ့တဖက် စစ်ရေး တင်းမာနေတဲ့ မြန်မာ အစိုးရတပ်နဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေးကောင်စီ တပ်ဖွဲ့တို့ဟာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ထဲက ဒီကနေ့နံက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့ပါတယ်။ တောင်ပိုင်းရှမ်းပြည်တပ်မတော်အခြေချတဲ့ နောင်းမတပ်စခမ်းကို မြန်မာစစ်တပ်ဘက်ကနေ စတင် တိုက်ခိုက်လာတယ် လို့လဲ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။

"တိုက်ပွဲကဒီမနက်(၄)နာရီခွဲမှာဆိုရင် မူဆယ်နမ့်ခမ်း အခြေစိုက်ခလရ တပ်ရင်း(၁၄၅) ကနေ အင်အား(၁၀၀)ကျော်နဲ့ လက်နက်ကြီးတွေနဲ့အတူ ကျွန်တော်တို့နမ့်ခမ်းမြို့နယ် နောင်းမကျေးရွာရွှေလီမြောက်ဖက်ပိုင်းမှာရှိတဲ့ဒေသတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အခုထက်ထိ ကျွန်တော် ဖုန်းပြောနေတဲ့အချိန်အတွင်းမှာ တဖက်နဲ့တဖက်အပြန်အလှန် ပစ်ခတ်နေတုန်းပါဘဲ။ သူတို့ကကျွန်တော်တိုကတပ်စခမ်းထဲဝင်လာတော့ ၀င်လာတဲ့ အချိန်မှာ တပ်ထဲမှာနေရာယူထားတဲ့ ကျွန်တော်တို့တပ်သားတွေက ပြန်လည်ပစ်ခတ်လိုက်ကြတော့ သူတို့မှာ ပြန်လည် အထိနာတဲ့ပုံစံမျိုးရှိပါတယ်။"

အခုဖြစ်ပွါးတဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများနေသလို ရှမ်းပြည်တပ်မတော်ဘက်က တဦး ကျဆုံးပြီး ထိခိုက်မှုအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့လဲ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။
အခုဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် မြန်မာစစ်တပ်ဘက်က ထိခိုက်မှုတွေကိုတော့ နမ့်ခမ်းမြို့ဒေသခံတဦးက အခုလိုပြောပါတယ်။

"အစိုးရဘက်က (၉)ယောက်သေသွားတယ်။ (၈)ယောက်က မြို့ပေါ် နမ့်ခမ်းဆေးရုံရောက်နေတာအရေးပေါ် သွေးလိုနေတုန်း။ လိုတဲ့သွေးကိုကျတော့ သူတို့ဆီမှာသွေးလှူရှင်ဖွဲ့ထားတာအသင်းရှိတယ်။ ပါရမီ ဆိုတဲ့အဖွဲ့ကို လာတောင်းတယ်သွေး။ "

ဒီလိုတိုက်ပွဲဖြစ်ပွားရတဲ့အခြေအနေနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီလိုဖြစ်ပွါးတဲ့ တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ တဘက်ကမ်းမှာ ရှိတဲ့  နောင်မကျေးရွာ အုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စတဲ့ကျေးရွာက ဒေသခံ ၅၀၀ ကျော်ဟာ တရုတ်ပြည် နောင်တောဝ်းဘက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အခုလိုစစ်ပြေးဒုက္ခသည်တွေ တရုတ်ပြည်ဘက်ကိုတိမ်းရှောင်လာမှုကြောင့် တရုတ်ဘက်ကနေလုံခြုံရေးတိုးမြင့် ချထားတယ်လို့လည်း အဆိုပါ နမ့်ခမ်းဒေသခံကဘဲ ဆက်ပြောပါတယ်။

"ထွက်ပြေးတဲ့ရွာတွေကတော့ ရွှေလီမြစ်တဖက်ကမ်းကျတော့ တရုတ်ပြည်ထဲ ၀င်သွားတယ်။ ဒီဖက်မြန်မာခြမ်း ကျတော့ ဇေယျသုခ ဘုန်းကြီးကျောင်းမှာ လာပြီးတော့ ခိုလှုံနေကြတာတွေ့ရတယ်။ ခုမနက်ဘဲ ထွက်ပြေးလာတော့ စားဝတ် နေရေးလဲ အမျိုးတွေရှိတဲ့အိမ်မှာလာနေကြတယ်။ ဘုန်းကြီးကျောင်းမှာ သွားတည်းနေကြတယ်ဗျ။ ဟိုဘက်တရုတ် ကမ်းကျတော့ လေး ငါးရာ(၄၀၀၊ ၅၀၀)လောက်ရှိတယ်။ ခုနကဗုံးတလုံး လဲ တရုတ်ဖက်ကျသွားတာသိရတယ်။ ရွာသားတယောက်ထိတယ်။ တယောက်သေတယ်ဗျ။ တရုတ်ပြည်ဘက်ကျတော့ထွက်ပြေးနေတယ်။ အခုလဲကူတို့ ဆိပ်တွေအားလုံးလဲပိတ်ထားတယ်။ သွားလာခွင့်မပေးဘူး။ အားလုံးပိတ်ထားတယ်။ တရုတ်ဖက်ခြမ်းလဲ လုံခြုံရေး ချထားတယ်။"

တကယ်တော့ အခုလိုစစ်ရေးတင်းမာလာရတာဟာ ဧပြီလကုန်ပိုင်းက အရပ်ဝတ် စစ်ထောက်လှမ်းရေး(၄)ဦး ပျောက် ဆုံးနေမှုနဲ့ပက်သက်ပြီး  မြန်မာ စစ်တပ်ကနေ တောင်ပိုင်းရှမ်းပြည်တပ်မတော်လက်ချက်လို့စွပ်စွဲထားသလို မေလ (၅)ရက်နေ့က ရှမ်းပြည်တပ်မတော်ရဲ့ဒင်းခါး ဆိုတဲ့တပ်စခန်းကို ၀င်ရောက်ရှာဖွေပြီး စခမ်းကိုမီးရှို့ဖျက်စီးရာကနေ ကြီးထွားလာတာပါ။
အခုလို တိုက်ပွဲဖြစ်ပွါးနေတဲ့ အခြေအနေမှာဘဲ ဦးသ်န်းဇော်ခေါင်းဆောင် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီအဖွဲ့ဟာ  ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့လဲ ရှမ်းပြည်နယ် ၀န်ကြီးစိုင်းအိုက်ပေါင်းကပြောဆိုခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် စစ်ပြေးဒုက္ခသည်အရေး ကိစ္စတွေကိုလဲ ဆွေးနွေးသွားမယ်လို့လဲ သတင်းတွေ ပေါ်ထွက်နေပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာ ခက်ခဲတဲ့ အနေအထားတွေကြောင့် အချိန်ယူဆောင်ရွက် သွားရမယ်လို့လည်း  ငြိမ်းချမ်းရေးအကျိုးဆောင်
ဦးလှမောင်ရွှေ ကပြောပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျွန်တော်တို့နိုင်ငံလို လက်နက်ကိုင် အင်အားတွေ အများကြီးနဲ့ တပြိုင်ထဲ လုပ်လုပ်ရတဲ့ နိုင်ငံမျိုးရှိ တယ်လို့ကျွန်တော် မကြားမိဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်တော့ ရှေ့တိုးနောက်ဆုတ်တော့ ရှိကောင်းလဲရှိမယ်။ ဒါပေမဲ့သေချာ တာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ဆက်သွားနေမယ်။ ဒီလိုဘဲ တိုးတက်မှုနဲ့ဆုတ်ယုတ်မှုကလဲရှိကောင်းရှိနိုင်မယ်။ ဒါပေမဲ့ခြုံလိုက်ရင် တိုးတက်မှုရှိရင် ဆက်သွားဖို့ပါဘဲ။ ဆွေးနွေးပွဲတွေ ဆက်လုပ်နေရမယ်။ အချိန်ယူအများကြီး ဆက်လုပ်နေရမယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေး ကောင်စီအဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော် မီတီတွေ နဲ့အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပေမဲ့လဲ ဒေသတွင်းမှာတော့ မြန်မာ တပ်မတော် အနေနဲ့ နယ်မြေစိုးမိုးရေးအတွက် ထိုးစစ်ဆင်မှုရှိနေသလို တိုက်ပွဲဖြစ်ပွါးနေဆဲ လို့လည်း တောင်ပိုင်းရှမ်းပြည် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။

VOA Burmese
မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီတပ်ဖွဲ့ရဲ့ နမ့်ခမ်းမြို့နယ်ထဲက တပ်စခမ်းတခုကို မြန်မာ့

အ ပူ ပိုင်း မုန် တိုင်းနှင့် ပတ် သက်သော နောက် ဆုံး ရ သ တင်း များ

Photo: အပူပိုင်းမုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ
Sunday, May 12, 2013

မေ ၁၁ ရက် ည ၁၂ နာရီ အချိန်ထိ ဆိုင်ကလုန်း "မဟာစင်" ကို အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့် ရောက်ရှိမည်ဟု ဆက်လက်ခန့်မှန်းထား

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း မေလ ၁၁ ရက်နေ့ ည ၁၂ နာရီအထိ ဆက်လက် ခန့်မှန်းထားသည်။

၂၀၁၃ ခုနှစ် မေလ ၁၁ ရက်နေ့ ညနေ ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၅၅၀ ခန့်အကွာ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု သိရသည်။ မုန်တိုင်းသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အ၀ါရောင်အဆင့်သာ ဖြစ်သော်လည်း မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်ဘက်သို့ ကွေ့လျက် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းခန့်တွင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ် ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

"ည ၇ နာရီတုန်းက ထုတ်ပြန်ချက် အတိုင်းပါပဲ။ အခု ထုတ်ပြန်ချက်အသစ် မရှိသေးပါဘူး" ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေလ ၁၁ ရက်နေ့ ည ၁၂ နာရီက ပြောကြားခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏ ဗဟိုချက်တွင် အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အထိ ရှိနေသည်။

မုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ရှိခဲ့ရာမှ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ယင်းအပူပိုင်း မုန်တိုင်းသည် ပိုမိုအားကောင်းလာခဲ့ကာ မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အမည်ပေးမုန်တိုင်း အဆင့်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းအမည်မှာ မဟာစင် ဖြစ်သည်။ မဟာစင်ဟူသော အမည်ကို သီရိလင်္ကာနိုင်ငံက ပေးထားခြင်းဖြစ်သည်။ လက်ရှိကာလသည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ပါက သက်ရောက်မှုကို မြန်မာနိုင်ငံ အနေဖြင့် သတိပြုရလေ့ ရှိသည့် မိုးကြိုကာလလည်း ဖြစ်သည်။ အထူးသဖြင့် မေလအတွင်း မုန်တိုင်းဖြစ်ပေါ်ပါက ပိုမို သတိပြုရလေ့ ရှိသည်။ ၁၈၇၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၁၃၅ နှစ်တာကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၁၃၁၂ ကြိမ် ဖြစ်ပေါ်ခဲ့ကာ မြန်မာနိုင်ငံသို့ မုန်တိုင်း ၈၅ ကြိမ် ၀င်ရောက်ခဲ့ကြောင်း၊ ယင်းအနက် ၅၁ ရာခိုင်နှုန်းသည် မိုးကြိုကာလတွင် ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ
မေ ၁၁ ရက် ည ၁၂ နာရီ အချိန်ထိ ဆိုင်ကလုန်း "မဟာစင်" ကို အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့် ရောက်ရှိမည်ဟု ဆက်လက်ခန့်မှန်းထား
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းမဟာစင်သည် အားကောင်းသော ဆိုင် ကလုန်း မုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း မေလ ၁၁ ရက်နေ့ ည ၁၂ နာရီအထိ ဆက် လက် ခန့်မှန်းထားသည်။