Friday 22 May 2015

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်၍ စောင့်ကြည့်အဆင့် သတ်မှတ်

ဘင်္ဂလားပင်လယ်အော် တွင် မိုးတိမ်တောင်တိမ်တိုက်ကြီးမှတစ်ဆင့် မုန်တိုင်းတစ်လုံးဖြစ် လာနိုင် သောကြောင့် စောင့်ကြည့် အဆင့်သတ်မှတ်ထားကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတင်းထုတ်ပြန်သည်။

မေလ ၂၁ ရက်နေ့လယ်က သတင်းထုတ်ပြန်မှုတွင် ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ် ပိုင်းရှိ မိုးတိမ်တောင်တိမ်တိုက် ကြီးအတွင်း မိုးလေ၀သပညာရပ် ဆိုင်ရာ အခေါ်အရ ခရုပတ်ခွေ တိမ်တိုက် (Spiral band) များ တွေ့နေရသောကြောင့် မုန်တိုင်း တစ်လုံး ဖြစ်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြော ကြားသည်။ ပင်လယ်ပြင်တွင်လေ တိုက်နှုန်းတစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နေပြီး ပင်လယ်ရေလှိုင်း အမြင့်မှာ၁၀ပေခန့် အထိရှိနေသည်ဟု သတင်းထုတ်ပြန်သည်။

လက်ရှိအချိန်တွင် ဘင်္ဂလား ပင်လယ်အော်၌ လှိုင်းရောလေ ပါအားကောင်းနေသလိုအနောက် တောင် မုတ်သုံလေသည်လည်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ သို့ ၀င်ရောက်လာခဲ့ပြီဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည် နယ်အချို့တွင် နေရာကွက်၍ မိုး ကြီးမှုများ ဖြစ်ပေါ်နေသည်။

ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ၊ မကွေးတိုင်း၊ တန င်္သာရီတိုင်း၊ ချင်း၊ မွန်နှင့် ကရင် ပြည်နယ်ဒေသအချို့နေရာကွက် ၍ မိုးအားကောင်းခဲ့ပြီး မေလ ၂၁ ရက် တိုင်းတာချက်များအရ ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မ မှ ၃ လက်မ အထိမြင့်တက်ခဲ့ ကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။ယင်းဒေသများတွင် မိုး ဦးကာလ၏ အန္တရာယ်အကြီးမား ဆုံး သဘာဝဘေးဖြစ်သောရေကြီး မှု အလားအလာများမြင့်တက်နေ ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားသည်။ အထူးသဖြင့် ပုသိမ်၊ပြည်မြို့နယ် အနီးဝန်းကျင်ဒေသများတွင် မေလ၂၀ ရက်တစ်နေ့လုံး မိုးကောင်းခဲ့သောကြောင့် ဒေသတွင်းရေကြီး မှုအလားအလာ ပုံမှန်ထက်ရာခိုင်နှုန်းများနေကြောင်း  ၎င်းက သုံးသပ်သည်။

ပုသိမ်မြို့အပါအ၀င် ဧရာဝ တီတိုင်းဒေသကြီးအတွင်း နေ့စဉ် မိုးအားကောင်းနေကြောင်း ပုသိမ်မြို့နယ်   မိုးလေ၀သဌာနခွဲမှ သတင်းရရှိပြီး  လက်ရှိအထိ ရေဘေးအန္တရာယ်ကျရောက်ခြင်းမရှိ ကြောင်း ယင်းဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုသိမ်မြို့မှ အနောက်ဘက် ၄၂ မိုင်ခန့်ဝေးသည့် ရွှေသောင်ယံ မြို့နယ်ခွဲအပါအ၀င်  အနီးဝန်းကျင်ဒေသများတွင်  မိုးသည်း ထန်စွာ ရွာသွန်းနေသည်မှာ သုံး ရက်ဆက်တိုက်ရှိပြီဖြစ်ပြီး မြေနိမ့် သော နေရာများနှင့် မြို့ပေါ်ရပ် ကွက်များ၌ ရေ၀ပ်နေပြီဖြစ် ကြောင်း ရွှေသောင်ယံမြို့နယ်ခွဲမှ ဒေသခံ ကိုဌေးမင်းက ပြောသည်။

မိုး/ဇလဌာနက ကပ္ပလီပင် လယ်ပြင်၊ ဘင်္ဂလားပင်လယ် အော် တွင် မုတ်သုံလေအားကောင်း  နေပြီး မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် ပင်လယ်ပြင်၌ မိုး သက်လေပြင်းကျရောက်နိုင်ကာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ လေတိုက်နှုန်းပြင်းထန် နိုင်ကြောင်း သတိပေးထားသည်။

မြန်မာတစ်နိုင်ငံလုံး၌ တစ်ပတ်ခန့်ထစ်ချုန်းမိုး ဆက်လက်ရွာသွန်းနေမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း  မိုး/ဇလဌာနမှသတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment