ဒေါက်တာခင်မောင်ညို - အတွေးအမြင်
* ( တစ် ) *
========
သားက အဖေ့ကိုမေးသည်။
“အဖေ ခြသေ့င်္ဘာလို့ မြက်မစားလဲ”
“မစားချင်လို့ပေါ့”
“ဟာ၊ အဖေကလဲ”
* ( နှစ် ) *
======
အထက်ပါ ဆွေးနွေးပွဲတွင် ကျွန်တော်နှင့် ကျွန်တော့်ဖခင်တို့အကြား အငြင်းပွားမှု ဖြစ်သည်။ အသက် ၁၆ နှစ်လောက်တွင် ကျွန်တော်သည် အဖေ၀ယ်လာပေးသော တက်ကျမ်းများကို ဖတ်သည်။ လူ့လောက သဘောတရား ဒသ၁နများကို လေ့လာ သည်။ စိတ်ဓာတ်များ တက်ကြွနေသည်။ ကြွလည်း ကြွတက်နေသည်။ အဖေက တရားစာများဖတ်သည်။ အနောက်တိုင်း ဆေးစာများလည်း ဖတ်သည်။ မြန်မာ ဆေးကျမ်းများလည်း ဖတ်သည်။
ကျွန်တော်က အဖေနှင့် လူငယ်တို့ ထားရမည့် စိတ်သဘာဝ၊ ဒသ၁နများကို
နွေးနွေးလိုသည်။ ထို့ကြောင့် အဖေ့ကို စကားပလ္လင်ခံခြင်းဖြစ်သည်။ ထိုအချိန်က သူငယ်ချင်းများက ထိုစကားမျိုး အလွန်ပြောသည်။ “မတစ်ထောင် တစ်ကောင် ဖွားကွ” “တစ်ကောင်တည်းပဲ၊ ဒါပေမဲ့ ခြသေ့င်္” ဒါမျိုးတွေ ကျွန်တော်ကလည်းပြောချင်သည်။ ထို့ကြောင့် အဖေ့ကို မေးလိုလှသည်။ သို့သော် အဖေ့အဖြေက ကျွန်တော့် မျှော်လင့်ချက်ကို ပျက်ပြားစေသည်။ “အဖေ့ဟာက ဘာကြီးမှန်းလဲမသိဘူး” နောက်ထပ်အဖေ့ကို မမေးမိတော့။
* (သုံး) *
=======
နောက် ပေါ်ပြူလာသိပ္ပံ (Popular Science) စာအုပ်ထဲတွင် သုတေသန
စာတမ်းတစ်ခုကို ဖတ်ရသောအခါ အဖေ့ကို သဘောပေါက်သွားသည်။ အဖေ့ကို အလွန်အထင်ကြီးသွားသည်။ ကွယ်လွန်သူဖခင်ကြီး၏ အမြော်အမြင်ကိုလည်း အောက်မေ့သတိရမိသည်။ ထိုစာတမ်းကို အကြမ်းဖော်ပြပါမည်။
လူနှင့်တိရစ္ဆာန်များ၏ အစားအသောက် သဘာဝသည် ၄င်းတို့ကိုယ်ခန္ဓာက
အစာအိမ်ထဲသို့ ထည့်ပေးသော အင်ဇိုင်း (Enzyme) ပေါ်တွင် မူတည်သည်။
တိရစ္ဆာန်များတွင် မြက်စားသော တိရစ္ဆာန်များတွင်ပင် ပါဝင်သော အင်ဇိုင်းချင်း မတူကြပေ။ ဥပမာ- မြန်မာပြည်က နွားများသည် ကောက်ရိုးကျွေး၍ ဘာမှမဖြစ်ပ။ သန်စွမ်းသည်။ သို့သော် အင်္ဂလန်မှ နွားကို ကောက်ရိုးကျွေး၍မရပေ။ သေသွားမည် ဖြစ်သည်။ အကြောင်းမှာ အင်္ဂလန်မှ နွားဝမ်းဗိုက်တွင် ပါဝင်သော အင်ဇိုင်းနှင့် အရှေ့တိုင်းနွား ၀မ်းဗိုက်တွင် ပါဝင်သော အင်ဇိုင်းချင်း မတူ၍ဖြစ်သည်။ အင်္ဂလိပ်နွား ၏ ၀မ်းဗိုက်ထဲတွင် ကောက်ရိုးသို့မဟုတ် မြက်ခြောက်ကို အစာခြေနိုင်သော အင်ဇိုင်း မပါပေ။ ထို့ကြောင့် အင်္ဂလိပ်နွား ကောက်ရိုးကိုစားပါက အစာမခြေနိုင်ဘဲ ထိုနွား သေရလေသည်။
အကယ်၍ အင်္ဂလိပ်နွားကို အစာအိမ်ဖောက်ကာ အာရှတိုက်မှ နွား သို့မဟုတ် ကျွဲ၏ အင်ဇိုင်းကို လိုအပ်သလိုထည့်ပေးပါက အင်္ဂလိပ်နွားသည်လည်း ကောက်ရိုး သို့မဟုတ် မြက်ခြောက်ကို အစာခြေနိုင်ကြောင်း တွေ့ရလေသည်။ ဤစမ်းသပ်ချက် သည် အောင်မြင်ကြောင်း အနောက်တိုင်းတွင် ရုပ်မြင်သံကြားမှ ပြသအတည်ပြုကြ သည်။
နောက် ... လူတွေ။
အရှေ့တိုင်းနှင့် အနောက်တိုင်းမှ လူ။
သူတို့က နွားနို့နှင့်စ၍ လေ့လာသည်။ နွားနို့ကို ထိရောက်စွာ အစာခြေနိုင်သည်မှာ အနောက်မှစ၍ အိန္ဒိယအထိသာဖြစ်သည်။ မြန်မာမှစ၍ အရှေ့တိုင်းသား
အားလုံးသည်း နွားနို့ကို အစောခြေနိုင်ခြင်း အားနည်းသည်။ ထို့ကြောင့် မြန်မာ အများစုသည် နွားနို့သောက်လျှင် ၀မ်းသွားကြခြင်းဖြစ်သည်။
နောက် .... အရက်။
အရက်ကို အရှေ့တိုင်းသားတို့ တုံ့ပြန်မှုများသည်။ အရှေ့တိုင်းသားတွေ အရက် သောက်သော် မျက်နှာနီလာသည်၊ ရင်ကျပ်သည် စသော အရက်၏တုံ့ပြန်မှု
များစွာရှိသည်။ အရက်နှင့်မတည့်သူဦးရေသည် အနောက်တိုင်းသားတွေထက်
များသည်။ ထို့ကြောင့် လူချင်းမတူကြ။ (လူချင်းတူပေမယ့် အသက်ရှူ ချင်းကွဲသည်) နွားဆိုလျှင်လည်း နွားချင်းမတူကြ။ တစ်ယောက်၏အစာသည် နောက်တစ်ယောက် အတွက် အဆိပ် (One man's food is another man's poison) ဟူ၍ စကားဆိုထားခြင်းဖြစ်သည်။
* (လေး) *
=======
ထို့ကြောင့် မိမိသည် အလကားနေရင်းထိုင်ရင်း ဘိုဆန်ချင်၊ အနောက်တိုင်း
ဆန်ချင်၍မရ။ နံနက်စောစော ကြက်ဥနှင့်နွားနို့ သို့မဟုတ် (Bacon and egg)
စား၍မရ။ အရမ်းကာရော ဘီယာသောက်၍မရ။ ဒီလိုစားချင်သောက်ချင်လျှင်
အစာအိမ်ကိုဖောက်၊ အင်ဇိုင်းကိုလဲပေးမှ ဖြစ်ပေမည်။ အဖေပြောသလိုပါပဲ။
ခြသေ့င်္ဘာလို့ မြက်မစားလဲဆိုတာက မစားချင်လို့သာ ဖြစ်သည်။ " ပိုရှင်းအောင်
ပြောရရင်တော့ ခြသေ့င်္မြက်မစားချင်တာက စားလို့မရလို့ပဲ” ။ ဆိတ်နှင့်ခြသေ့င်္
ကိုယ်ခန္ဓာဖွဲ့စည်းပုံမတူပါ။ ကျန်းမာရေးရှုထောင့်မှ စားတတ်သောက်တတ်ကြပါစေ။
ဒေါက်တာခင်မောင်ညို
No comments:
Post a Comment