Saturday 29 August 2015

ရေဘေးကြောင့် မထုတ်ပြန်နိုင်သည့် မဲစာရင်း စက်တင်ဘာလဆန်းတွင် ထုတ်မည်


သြဂုတ် ၂၃ရက်တွင် ထုတ်ပြန်ရန် ရည်ရွယ်ထားသော်လည်းရေဘေးကြောင့် မထုတ်ပြန်နိုင်ခဲ့သည့် တစ်နိုင်ငံလုံး မဲစာရင်းများကို စက်တင်ဘာလဆန်းတွင် ထုတ်ပြန် မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးစောဘလှိုင်က သြဂုတ် ၂၉ရက်တွင် မဇ္ဈိမကိုပြောသည်။
၎င်းက "ကော်မရှင်အစည်းအဝေးတွေမှာတော့ ရက်ကိုမပြောသေးဘူး။ စက်တင်ဘာလဆန်းပိုင်းလို့ပဲ သိရတယ်။ ဥက္ကဌကလည်း ရန်ကုန်ကိုရောက်နေပါတယ်။ ဒီတစ်ခါတော့ တစ်နိုင်ငံလုံး ကစာရင်းတွေ ကိုထုတ်မှာ" ဟု ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုအချက်အလက်ထိန်းသိမ်းရာဌာန(ဗဟိုဆာဗာ) အတွင်း တစ်နိုင်ငံလုံးမှ မဲဆန္ဒရှင်စာရင်း ၃၂သန်းကျော်ရောက်ရှိနေပြီးဖြစ်ကြောင်း ဥက္ကဌ ဦးတင်အေးက ဆိုထား သည်။

စက်တင်ဘာလဆန်းတွင် တစ်နိုင်ငံလုံးရှိမဲစာရင်းများကို တစ်ပြိုင်နက်တည်း ၁၄ရက်ကြာ ထုတ်ပြန် မည်ဖြစ်ပြီး အမည်မပါသူများ၊ နှင့် အခြားအမှားအယွင်းများထပ်မံပါရှိပါက သတ်မှတ်ပုံစံများဖြင့် ထပ်မံပြင် ဆင်၊ ဖြည့်စွက် ကြရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှသိရသည်။
ဘူသီးတောင်မြို့နယ် ရခိုင်အမျိုးသားပါတီ၏ ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးအောင်သောင်း ရွှေက "ကျွန်တော့်နေရာမှာအရင်ထုတ်ထားတဲ့စာရင်းတွေအရ မဲပေးနိုင်သူ သုံးသောင်းကျော် ရှိတယ်လို့ သိရတယ်။ အဲဒီအရေအတွက်ထဲကမှာ တစ်ကယ်လူရှိတဲ့အရေအတွက်ကို နောက်ဆုံးထုတ်မယ့် စာရင်းနဲ့ တိုက်ပြီးစစ်တာ လုပ်ရမယ်။ ရေဘေးကြောင့်အရင်ရက်မဟုတ်တော့ပဲ စက်တင်ဘာကျမှ ထုတ်မယ်လို့ သိထားတယ်" ဟု မဇ္ဈိမကိုပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအရေးနှင့် ပက်သက်ပြီး စက်တင်ဘာ ၁ရက်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာ ၂ရက်တွင်မူ သတင်းမီဒီယာများနှင့်ကော် မရှင် ရန်ကုန်ရုံးတွင်တွေ့ဆုံ မည်ဖြစ်သည်။
mizzima

No comments:

Post a Comment