Friday, 31 July 2015
တစ်ခွန်းဆိုတစ်ခွန်း လွမ်းလောက်ရဲ့လား
(တစ်)
စကား စကားပြောပါများ စကားထဲက ဇာတိပြဆိုတဲ့ စကား မြန်မာမှာရှိပါတယ်။ အဓိပ္ပာယ် ရှင်းရှင်းကလေးပါ။ လူတစ်ယောက်ဟာ ဘယ်လိုလူစားလဲ ဆိုတာကို သူစကားပြောလာတဲ့ အထဲမှာပေါ်နေပြီးသားဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
သည်လူဟာ ဉာဏ်ကြီး တယ်၊ မကြီးဘူး။ ပညာကိုအခြေ ခံတယ်၊ မခံဘူး။ ရိုးဖြောင့်တယ်၊ မရိုးဖြောင့်ဘူး။ အမြော်အမြင်ကြီး တယ်၊ မကြီးဘူးဆိုတာ စကား များများပြောလာတဲ့အခါမှာ ပေါ် ပါတယ်တဲ့။
ကျွန်တော်ကတော့ စကား များများပြောမှရယ်လို့ မဟုတ်ပါ ဘူး။ တစ်ခွန်းဆိုဆိုသလောက်နဲ့ အဲသည့်လူတစ်ယောက်ကို ဘာ လဲဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ် လို့ ပြောချင်တာပါ။
(နှစ်)
အခု ၂၀၁၅ ဇူလိုင်၂၇ ရက် မှာ ဆုံးသွားတဲ့အိန္ဒိယနိုင်ငံရဲ့ ၁၁ ဆက်မြောက်သမ္မတ အဗ္ဗဒူက လမ် (Abdul Kalam) ဆိုရင် လူသိများတဲ့ပုဂ္ဂိုလ်ပါ။ ၂၀၀၂ မှာ နိုင်ငံတော် သမ္မတဖြစ်ပါတယ်။ ၂၀၀၇ မှာ သမ္မတက သက်တမ်း ကုန်ဆုံးပါတယ်။ သူသမ္မတဖြစ် နေစဉ် အဲသည့်ရာထူးနဲ့ ပတ် သက်လို့ အင်တာဗျူးတစ်ခုရဲ့ တစ်နေရာမှာ အမေးအဖြေလုပ် တာကလေးပါလာပါတယ်။ ဖြေပုံ က...
‘‘သမ္မတရာထူးက ကျုပ်ကို ပြောင်းလဲအောင် မလုပ်နိုင်ဘူး။ ကျုပ်ကသာသမ္မတရာထူးကိုပြောင်းလဲအောင်လုပ်မှာ’’တဲ့။
တစ်ခွန်းဆို ဆိုသလောက် ရှင်းလိုက်တာ။ အဲသည့်သမ္မတဆို တဲ့ ရာထူးကြောင့်သူ့ရဲ့အစားအ သောက်၊ အနေအထိုင်၊အပြောအ ဆို၊ စိတ်နေသဘောထားဘာတစ် ခုမှ ပြောင်းလဲမသွားနိုင်ပါဘူးတဲ့။ သူကသာ အဲသည့်ရာထူးဟာ ဘာမှမဟုတ်ပါဘူးဆိုပြီး လုပ်ပြ လိုက်မှာတဲ့။ ကွက်ကွက်ကွင်း ကွင်းအဲသည့်သမ္မတရဲ့ နှလုံးသား ကို ရှင်းရှင်းကြီးလှစ်ပြလိုက်တဲ့ စကားပေါ့။
(သုံး)
ဝန်ကြီးချုပ်တစ်ယောက်ရဲ့ စကားပြောပုံကိုလည်း သတိရမိ ပါတယ်။ ၁၉၅၉ ကနေ ၁၉၉၀ အ ထိ စင်ကာပူမှာ ၀န်ကြီးချုပ်လုပ် သွားခဲ့ပြီး ၂၀၁၅ ထဲမှာ ဆုံးပါးသွားခဲ့တဲ့ လီကွမ်ယု (Lee Kuan Yew)ပါ။
စာဖတ်သူတို့သိကြတဲ့ အ တိုင်း စင်ကာပူနိုင်ငံဟာ ဗြိတိသျှ လက်အောက်၊ ဂျပန်လက်အောက်၊ မလေးရှား လက်အောက် ကျရောက်ခဲ့ပြီးခါမှ စင်ကာပူနိုင်ငံ ရယ်လို့ ဖြစ်လာခဲ့ရလေတဲ့ဥစ္စာ။ ဒါကို လီကွမ်ယုပြောပုံက သိပ်လှ ပါတယ်။ အင်တာဗျူးတစ်ခုမှာ ဖြေတာပါ။
‘‘ကျုပ်ဟာ နိုင်ငံတော် သီ ချင်းလေးပုဒ်ဆိုခဲ့ရတဲ့သူပါ’’တဲ့။ ဟုတ်တာပေါ့။ ဗြိတိသျှနိုင်ငံ တော် သီချင်း၊ ဂျပန်နိုင်ငံတော် သီချင်း၊ မလေးရှားနိုင်ငံတော် သီ ချင်း၊ နောက်ဆုံးစင်ကာပူနိုင်ငံ တော်သီချင်း။ အုပ်ချုပ်သူလေး ဆက်လို့ မပြောဘဲ နိုင်ငံတော်သီ ချင်းလေးပုဒ်လို့ ပြောလိုက်ပုံမှာ လီကွမ်ယုရဲ့ စကားပြော အနု ပညာကို တွေ့နိုင်ပါတယ်။
(လေး)
စစ်တပ် အကြီးအကဲတစ် ယောက်ရဲ့ နှုတ်မှုစွမ်းရည်ကို လည်း ကျွန်တော်ဖြင့်သိပ်သဘော ကျမိတာပါပဲ။ ကောလင်းပါဝယ်လ်(Colin Powell) ပါ။
ကောလင်းပါ ၀ယ်လ်ဟာ အမေရိကန်နိုင်ငံမှာ ဗိုလ်ချုပ်ကြီး လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ပါ။ နိုင်ငံခြားရေး ၀န်ကြီးလည်း လုပ်ခဲ့ဖူးပါတယ်။ သူနဲ့ခွဲမရတဲ့ စစ်ပွဲတစ်ပွဲရှိပါတယ်။ ကန္တာရမုန်တိုင်းစစ်ပွဲပါ။ အကျဉ်းပြောပါရစေ။
အီရတ်မှာ ဆက်ဒမ်ဟူစိန် (Saddam Hussein) ခေတ် ကောင်းနေစဉ် ဆက်ဒမ်က အိမ် နီးချင်း ကူဝိတ်နိုင်ငံကို ကျူးကျော် ပါတယ်။ အဲသည့်မှာ အမေရိကန် နဲ့ အီရတ်ထိပ်တိုက်တွေ့တာပါ။ အုပ်စုသဘောနဲ့ အစ္စရေးတို့၊ ဆော်ဒီတို့လည်းပါဝင်လာကြ လေသပေါ့။
ခြောက်လ သုံးပတ်နဲ့ငါးရက် ကြာတဲ့ စစ်ပွဲ။ ၁၉၉၀ သြဂုတ် ၂ ရက်ကနေ ၁၉၉၁ ဖေဖော်ဝါရီ၂၈ ရက်အထိ။ persian Gulf War တဲ့။ First Gulf war တဲ့။ Gulf War I တဲ့။ Kuwait War တဲ့။ Irag War တဲ့။ First Irag War တဲ့။ အသုံးအများဆုံးကတော့ Desert Strom စစ်ဆင်ရေးဆိုတာ ပါပဲ။ ကန္တရမုန်တိုင်း စစ်ပွဲဆိုပါ တော့။
သည်တုန်းက အမေရိကန် သမ္မတက George H.W.Bush ပါ။ စစ်ဆင်ရေးအကြီးအကဲက ဗိုလ်ချုပ်ကြီးကောလင်းပါဝယ်လ် ပါ။
စစ်ပွဲစပြီး မကြာတတ်ခင်မှာ ပဲ အမေရိကန်ဗိုလ်ချုပ်ကြီး ကော လင်းပါဝယ်လ်ကို သတင်းသမား က အင်တာဗျူးလုပ်ပါတယ်။ မေး ခွန်းက စစ်ပွဲမှာဘယ်ဘက်က အရင်စကျပါသလဲဆိုတဲ့ မေးခွန်း ပါ။ အမေရိကန်ဘက်က၊ ဒါမှမ ဟုတ် အီရတ်ဘက်က။ကောလင်း ပါဝယ်လ်ပြန်ဖြေပုံက...
‘‘စစ်ပွဲတစ်ပွဲမှာ အရင်ဆုံး စ,ကျတာက အမှန်တရား’’တဲ့။
ဖြေဆိုပုံက သိပ်ကြီးတိကျ၊ သိပြီးထိရောက်၊ သိပ်ပြီးတာသွား တာပါပဲ။ ပြီးတော့ သိပ်ပြီးတော့ ယဉ်ကျေးတာပါပဲ။ အဲဒါခါးမှာ သေနတ်ချိတ်ထားတဲ့ ဗိုလ်ချုပ် ကြီး တစ်ယောက်ရဲ့ ပါးစပ်က ထွက်တဲ့ စကားပါ။
(ငါး)
အစ္စရေးဝန်ကြီးချုပ် လုပ်နေ စဉ်က ငြိမ်းချမ်းရေးနဲ့ပတ်သက် လို့ ပြောခဲ့တဲ့ ရှီမွန်ပီရက်စ် (Shimon Peres) ရဲ့ စကားဟာလည်း သိပ်လှတာပဲ။
‘‘မုဆိုးရာသီကုန်ပြီ။ ၂၁ရာစု အ၀င်မှာ လေးနဲ့မြားမလိုပါ’’တဲ့။
ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက် တာကြီး စတီဗင် စပီးလ်ဘာဂ့် (Steven Spielberg) ကလည်း Saving Privat Ryan ရုပ်ရှင်ကို ရိုက်ခဲ့လို့ အမေရိကန် စစ်ဌာနချုပ် (ပင်တဂွန်)မှာ ဆုချီးမြှင့်ခံရတဲ့အ ခါ အဲသည့်ရုပ်ရှင်ဘာကြောင့် ရိုက်သလဲမေးတော့...
‘‘ကျွန်တော့်သားသမီးတွေ အတိတ်ကို အလေးထားလာစေ ဖို့’’တဲ့။
(ခြောက်)
ပြောချင်တာက သူတို့ဆီမှာ သမ္မတ၊ ၀န်ကြီးချုပ်၊ ဗိုလ်ချုပ်၊ အနုပညာသမားစတဲ့လူထုကြား မှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေဟာ စကားပြောတဲ့အခါ တစ်ခွန်းဆို တစ်ခွန်းလွမ်းလောက်အောင် ပြောတဲ့သူတွေချည်းပါပဲ။ ဘယ် တော့မှ တရားလက်လွတ်မပြော ဘူး။ ဉာဏ်နဲ့ပညာကို အခြေခံလို့ ပြောတဲ့သူတွေချည်းပဲ။ကျွန်တော်တို့ဆီက တချို့တချို့တွေပြောနေ ပုံတွေကဖြင့် တရားလက်လွတ်။ လူထုကို ပြက်ရယ်ပြုလိုပြု၊ ပြည် သူကို စော်ကားလို့စော်ကား။ လူ့ အဖွဲ့အစည်းကို နလပိန်းတုံးလို့ ထင်လို့ထင်။
ဘာမှမလုပ်သေးဘဲနဲ့ ပါး စပ်ဟလိုက်ရုံနဲ့ကိုပဲ ဉာဏ်နဲ့မ ယှဉ်တဲ့အလုပ်နဲ့အသက်မွေးဝမ်း ကျောင်းတဲ့သူတွေပါလားဆိုတာ ပေါ်လွင်နေခဲ့ပါပေါ့။ ။
မောင်သာချို
7 day
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment