ထောင်သူရဲဘအုပ်
ကျုပ် အမေစုကို စမြင်ဖူးခဲ့တာ ၁၉၈၈ အောက်တို ဘာလထဲမှာ။ ယိုးဒယားပြန် ပြည်သူ့ ပြည်ချစ်ပါတီ (PPP) ၀င်ဟောင်း ဦးထွေးမြင့်နဲ့ချိတ်မိသွားပြီး အမေစုကို တွေ့ခဲ့ရ တာ။အဲဒီအချိန်က ဦးထွေးမြင့်ဟာ အမေစုနားမှာရှိနေတယ်။
အဲဒီတုန်းက အမေ့နဘေးမှာ သခင်အုန်းမြင့်က တစ်ချိန်လုံးရှိတယ်။ ပြည်သူ့ရဲဘော် ဗိုလ်မင်းလွင်သား တွေဖြစ်တဲ့ ကိုအောင်မင်းလွင်၊ ကိုမော်မင်းလွင်၊ မသိင်္ဂီ၊ ကိုမြင့်ဆွေ(တင်ဆွေမိုး)တို့က အမေစု အိမ်အောက်ထပ် မှာ အနီးကပ်ရုံးအဖွဲ့ဝင်တွေဖြစ်တယ်။ ဘောကြီး၊ ဘန်နီ၊ ကျော်သူရကိုကို၊ မြတ်စံ၊ ပါကြီးတို့ စတဲ့ သုံးရောင်ခြည် လူငယ်တွေအဖြစ် အမေစု လုံခြုံရေးကို ယူထားကြတယ်။
အမေစု အိမ်သွားရင် သခင်အုန်းမြင့်ကို စင်ဝင် အောက်မှာ အမြဲတွေ့ရတယ်။ ဆရာဦးဝင်းတင်၊ ဆရာ မောင်သော်က၊ ဆရာမောင်မိုးသူ၊ ဒေါက်တာစိန်ဝင်း၊ ကိုစိုးဝင်း တို့ကို စင်ဝင်အနားတစ်ဝိုက်မှာ ထိုင်နေတာတွေ့ ရတတ်ပါတယ်။ ခြံအပြင် တက္ကသိုလ်ရိပ်သာလမ်းမကြီးပေါ်က တစ် ခြံကျော်မှာ ဒီ/ချုပ် ရုံးချုပ်ဖွင့်ထားတယ်။ (အဲဒီအချိန်က ဒီ/ချုပ်ရုံးချုပ်ဟာ အခု ရွှေဂုံတိုင်နေရာမှာ မဟုတ်သေး ဘူး။ ရွှေဂုံတိုင်က ရန်ကုန်တိုင်းရုံး လုပ်ထားတယ်။)
ရုံးချုပ်အောက်ထပ်မှာ ဒီ/ချုပ် ပြန်ကြားရေး ပုံနှိပ် စက်(လက်လှည့်စက်)ရှိပြီး အပေါ်ထပ်မှာတော့ ဦးအောင် ရွှေ၊ ဦးတင်ဦး၊ ဦးချစ်ခိုင်(ဗိုလ်မှူးကြီးဟောင်း ချစ်ခိုင်)တို့ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ချုပ် ရုံးခန်းရှိတယ်။ အနာဂတ်ဆိုတာ ဘာဖြစ်လာမယ်မှန်းမသိတဲ့ အဲဒီ အချိန်က အမေစုဘေးမှာ ဦးအောင်ရွှေ၊ ဦးတင်ဦးတို့လို မျိုး ချစ်ရဲဘော်တွေ၊ ဦးဝင်းတင်၊ ဦးသော်က၊ ဦးမိုးသူ၊ ဒေါက်တာတင်မျိုးဝင်းတို့လို တတ်သိပညာရှင်တွေက ၀ိုင်း ရံထားတဲ့ကာလ။
အမေစုခြံထဲကို ကျုပ်က တံခါးမရှိဓားမရှိ ၀င်ခွင့်ရ တယ်။ ကျုပ် ၀င်လာရင် ခြံပေါက်လုံခြုံရေး သုံးရောင်ခြည် လူငယ်တွေက ဘာမှမေးမနေတော့ဘူး။ ကိုမြင့်ဆွေ ကု တင်ဟာ ကျုပ်ကုတင်။ ကိုမြင့်ဆွေ အင်္ကျီတွေတောင် ကျုပ် ယူ ၀တ်လိုက်သေးတယ်။ ကျုပ်လည်း သုံးရောင်ခြည်တွေနဲ့ တစ်ခါတစ်ရံ အတူဝင်စားတတ်တယ်။ များသောအားဖြင့် ငါးခြောက်ရိုး ပဲဟင်း၊ ဆိတ်ရိုးပဲဟင်း၊ ဘဲဥချဉ်အာလူးဟင်း ချက်တာများတယ်။ ဆန်ကတော့ ဆန်ကြမ်းပဲ။ အင်းစိန် ထောင်နဲ့ သူမသာကိုယ်မသာပဲ။ အများနဲ့ဝိုင်းပြီး လုစား ရတာမို့ ပျော်ပျော်ပါးပါးနဲ့ ဗိုက်ထဲဝင်သွားတာပါပဲ။ အမေ စုသားနှစ်ယောက် မြန်မာပြည်ရောက်နေတဲ့ အချိန်ဆိုရင် နေ့လည်စာကို ကျုပ်တို့ သုံးရောင်ခြည်လူငယ်တွေနဲ့ အတူ နေ့လည်စာ ၀င်စားတာကို ကျုပ် ခဏခဏမြင်ခဲ့ဖူးတယ်။ အမေစု သားအငယ်ကောင် ကင်မ်ဆိုရင် ကျုပ်တို့စား သလို ထမင်းကို လက်နဲ့ပါ ၀င်စားခဲ့တာ။
မြတ်မေတ္တာနှစ်ထပ်သင်္ဘောဖြင့် ထွက်ခဲ့ရသော အမေစု၏ ဧရာဝတီခရောင်းလမ်း မြစ်ဝကျွန်းပေါ်ကို မြတ်မေတ္တာသင်္ဘောကြီးနဲ့ ၂ ပတ် လောက်ကြာခရီးထွက်မယ်ဆိုတော့ အမေစုက ကျုပ်ကို လိုက်ခဲ့ဖို့ခေါ်တယ်။ ကျုပ်က အဲဒီအချိန်က ကျုပ်တို့ နိုင်ငံ ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူးတာဝန် ယူထားတဲ့ အချိန်ဖြစ်တယ်။ ပါတီကပေးတဲ့တာဝန်နဲ့ အမေစုရဲ့ ဧရာ ၀တီခရီးကို လိုက်ခဲ့ရတယ်။
သင်္ဘောပေါ်မှာ ဗိုလ်မှူးကြီးဟောင်းကြည်မောင်၊ ဦးဝင်းထိန်၊ ဒေါက်တာသက်မင်း(အဲဒီတုန်းက ဧရာဝတီ ဒီ/ချုပ်တာဝန်ခံ)၊ ကဗျာဆရာကိုအောင်ဝေး၊ မသီတာ (စမ်းချောင်း)၊ မသိင်္ဂီ(အဲဒီတုန်းက အမေစုရဲ့ အနီးကပ် ကိုယ်ရေးအရာရှိ)နဲ့ သုံးရောင်ခြည်လူငယ်တွေ ၅၀ လောက်ပါတယ်။
ကျုပ်နဲ့အတူ ကျုပ်တို့ပါတီက နေရိန်ကျော်ရယ်၊ ရှိန် ၀င်းရယ်ပါတယ်။ (နေရိန်ကျော်က အခု RFA မှာ သတင်း ကြေညာနေသူဖြစ်ပြီး ရှိန်ဝင်းက မြန်မာ့လှေလှော် ရွက် တိုက်လက်ရွေးစင်ဖြစ်တယ်။) ဆုံးသွားပြီဖြစ်တဲ့ ဒီ/ချုပ် လူငယ် စိုးသိမ်း(စစ်ကိုနိုင်)လည်းပါတယ်။
အမေစုရဲ့ဧရာဝတီခရီးစဉ်မှာ အဆိုးဝါးဆုံး ရင်ဆိုင် ခဲ့ရတာကတော့ မြောင်းမြ၊ ၀ါးခယ်မနဲ့ ပုသိမ်မြို့တို့ပဲ ဖြစ်တယ်။ တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်က မြန်မာတစ်ပြည် လုံး ဒီမိုကရေစီရသွားရင်တောင် ငါ့တိုင်းဧရာဝတီတိုင်းထဲ မှာ ဒီမိုကရေစီ မရစေရဘူးလို့ ကြိမ်းထားတယ်။
မြောင်းမြဆိပ်ကမ်းနဲ့ ၀ါးခယ်မဆိပ်ကမ်းအတက် တွေမှာ ပြည်သူလူထုက အမေစုကို လာကြိုနှုတ်ဆက်ခွင့် မရှိဘူး။ အဝေး ကိုက် ၅၀၀ လောက်ကပဲ နှုတ်ဆက်ြွေကး ကြော်နေကြတယ်။ 'ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါ စေ' ဆိုတဲ့ လူထုရဲ့ အသံတွေ ကိုက် ၅၀၀ လောက်ကပဲ အော်နေရတယ်။ လူထုနဲ့ အမေစုတို့အကြားမှာ သံဆူး ကြိုးအကာအရံတွေချထားတယ်။
အမေ့ဆီ လူထုလာလို့မရအောင်လုပ်ထားတော့ အမေစုက လူထုဆီကိုရောက်အောင် သွားနှုတ်ဆက်မယ် လုပ်တယ်။ စစ်သားငါးယောက်က သေနတ်တွေနဲ့ချိန်ပြီး လမ်းပိတ်လိုက်တယ်။ သုံးပွင့်နဲ့ အရာရှိကး ဒူးထောက်၊ ကျည်ထိုး၊ သေနတ်ချိန်ဆိုပြီး အမိန့်ပေးနေတယ်။ ပတ်ဝန်း ကျင်တစ်ခုလုံး ငြိမ်ကျသွားတယ်။ ခပ်ငယ်ငယ် စစ်သား လေး ၅ ယောက်ဆီက ကျည်ထိုးသံတွေ အတိုင်းသား ကြားနေရတယ်။
အမေစုဟာ ရှေ့တည့်တည့်ကို စိုက်ကြည့်ပြီး တစ် လှမ်းချင်းတစ်လှမ်းချင်း သူ့ကို သေနတ်နဲ့ချိန်ထားတဲ့ စစ် သားတွေဆီ လျှောက်သွားတယ်။ စစ်သားတွေရဲ့သေနတ် ကိုင်ထားတဲ့ လက်တွေတုန်နေတယ်။ အရာရှိရဲ့အမိန့်ကို စောင့်နေကြတယ်။ သူတို့လက်ထဲက သေနတ်တွေက ကျည်ဆန်အသင့်ထိုးပြီးသားတွေ။ အမေစုနောက်မှာ ကပ် လျက် ဗိုလ်မှူးကြီးကြည်မောင်၊ ဦးဝင်းထိန်၊ ကိုအောင်၊ ကိုမော် ကျုပ်နဲ့ သုံးရောင်ခြည်တွေ အတူလိုက်တက်ကြ တယ်။ (အဲဒီနေ့က မြောင်းမြနဲ့ ၀ါးခယ်မဆိပ်ကမ်းတွေမှာ စစ်အရာရှိကသာ ပစ်ခိုင်းခဲ့လို့ရှိရင် အမေစုအပါအ၀င် ကျုပ်တို့အားလုံး အတူတူကိစ္စ ပြတ်သွားခဲ့ကြမှာသေချာပါ တယ်။ မောင်းပြန်သေနတ် ၅ လက်ရဲ့ ပစ်အားဟာ အား လုံး သေသွားမှာသေချာပါတယ်။ )
အမေစုဟာ စစ်သားတွေကို ဘာမှစကားမပြောဘဲ ဂရုဏာမျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။ စစ်သားလေး တွေခမျာလည်း ချွေးစေးတွေတောင်ထွက်နေကြတယ်။ အထက်က ပစ်မိန့်ပေးရင်တော့ ပစ်လိုက်နိုင်ပါတယ်။
အဲဒီအချိန်ကာလလေးဟာ နပိုလီယံဘိုနာပတ် အကျဉ်းချခံထားရတဲ့ အဲလ်ဗားကျွန်းက ထွက်ပြေးပြီး သူ့ ဇာတိမြေ ပြင်သစ်ကမ်းခြေကို လှေတစ်စင်းနဲ့ ပြန်ရောက် လာတဲ့အဖြစ်နဲ့ သွားတူတာတွေ့လိုက်ရတယ်။
နပိုလီယံ ပြင်သစ်မြေပေါ်ရောက်ပြီဆိုတာကြားလို့ လူဝီ ၁၈ ဘုရင်ရဲ့ စစ်သားတွေရောက်လာပြီး နပိုလီယံ ကမ်းတက်လာတဲ့ ကမ်းခြေအထက်ကနေ သေနတ်တွေ နဲ့ချိန်ထားကြတယ်။
ပြင်သစ်စစ်သား တွေကသူ့ကို သေနတ်တွေနဲ့ချိန် ထားတဲ့နေရာဆီကို နပိုလီယံဟာ တစ်လှမ်းချင်း တစ်လှမ်း ချင်း လက်နက်မပါဘဲ ခပ်ဖြည်းဖြည်း လျှောက်သွားတယ်။ စစ်သားတွေဟာ နပိုလီယံကို သေနတ်တွေနဲ့ ချိန်ထား တယ်။ အထက်အမိန့် ပစ်မိန့်ကိုစောင့်နေတယ်။ သေနတ် ကိုင်စစ်သားတွေရဲ့ လက်တွေဟာတုန်လာနေပါတယ်။ နပိုလီယံက ဟစ်ြွေကးလိုက်တယ်။ 'ရဲဘော်တို့ ငါဟာ မင်း တို့ရဲ့ သူရဲကောင်း နပိုလီယံပဲ။ မင်းတို့လက်ထဲက သေနတ် တွေနဲ့ပစ်ချင်တဲ့သူရှိရင် ငါ့ရင်ဘတ်ကို တည့်တည့်ပစ်ချ လိုက် ကြပါ။ ငါ သေရမှာမကြောက်ဘူး။ ငါဟာ အဖ ပြင်သစ်နိုင်ငံအတွက် မင်းတို့ရှိရာကို လာရောက်ပူးပေါင်း တာဖြစ်တယ်' နပိုလီယံရဲ့ စကားလည်းဆုံးရော ပြင်သစ် စစ်သားတွေရဲ့ နပိုလီယံဆီချိန်ထားတဲ့ သေနတ်တွေကို မြေကြီး ပေါ်ပစ်ချလိုက်ကြပြီး နပိုလီယံရှိရာကို ၀ိုင်းအုံပြေး လာကြပြီး ၀ိုင်းချီ မြှောက်တင်လိုက်ကြတယ်။
'သူရဲကောင်းနပိုလီယံ ပြင်သစ်ပြည်ရဲ့ နပိုလီယံ'ဆိုတဲ့ြွေကးကြော်သံတွေဟာ မိုးထိညံသွားတယ်။ (ဒီ သတင်းလည်းကြားရော လူဝီ ၁၈ ဘုရင်လည်း အင်္ဂလန် ကို ထွက်ပြေးသွားခဲ့ရတယ်။ ပြင်သစ်ပြည်ဟာ နပိုလီယံရဲ့ ပြင်သစ် ပြန်ဖြစ်လာပြန်တယ်။)
မြောင်းမြဆိပ်ကမ်းမှ လှံစွပ်တပ် သေနတ်များကြားမှ ဖြတ်လျှောက်ခဲ့သော အမေစု မြောင်းမြဆိပ်ကမ်းမှာ လှံစွပ်တပ် သေနတ်တွေနဲ့ ချိန်ထား တဲ့ စစ်သားတွေရှိရာကို အမေစုလျှောက်သွားပြီး လှံစွပ်တပ်သေနတ်တွေကြားထဲကပဲ ဖြတ်ကျော်ပြီး နှုတ် ဆက်ခွင့်မရလို့ အဝေးက စောင့်နေရတဲ့ လူထုကြီးဆီ အမေစု အပြေးသွားပါတယ်။ လူထုကြီးရဲ့ 'ဒေါ်အောင် ဆန်း စုကြည် ကျန်းမာပါစေ...ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ'လို့ြွေကးကြော်သံတွေ မြောင်းမြမြို့ ကောင်း ကင်မှာ မိုးထိညံသွားခဲ့ဖူးတယ်။
ဝါးခယ်မလည်း ဒီနည်းအတိုင်းပါပဲ။ ပုသိမ်ကတော့ နေ့မထွက်ရအမိန့်တောင် ထုတ်ပြန်ခဲ့တဲ့အထိဖြစ်ခဲ့တယ်။ အမေစုနဲ့ ကျုပ်တို့ ပုသိမ်ဆိပ်ကမ်းက မြို့ထဲတက်လာတဲ့ အချိန်မှာ လမ်းပေါ်မှာ လူသူတစ်ယောက်မှမရှိခဲ့ဘူး။ ရဲ တွေနဲ့ လမ်းပေါ်က ခွေးတွေပဲ တွေ့ရတယ်။ ရဲတွေလက် ထဲမှာလည်း သေနတ်မပါဘဲ တုတ်ချောင်းကလေးတွေပဲ ကိုင်ထားကြတယ်။(ခွေးမောင်းဖို့ ဖြစ်နိုင်ပါတယ်)
ဓနုဖြူမှာတော့ အဆိုးဆုံးပါပဲ။ ဓနုဖြူမှာကတော့ ဗိုလ်ကြီးတစ်ဦးက စစ်သားတွေကို ပစ်မိန့်ပေးတယ်။ စစ် သားတွေက မပစ်လို့ သူ့ပစ္စတိုထုတ်ပြီး သူကိုယ်တိုင် အမေစုကိုပစ်ဖို့ သေနတ်နဲ့ချိန်နေပြီ။ ပစ်ခါနီးဆဲဆဲ လက် မတင်ကလေးမှာ အထက်ဗိုလ်မှူးရောက်လာပြီး အဲဒီ ဗိုလ်ကြီးရဲ့သေနတ်ကို လက်နဲ့ပုတ်ချပြီးသိမ်းလိုက်ရတဲ့ အထိဖြစ်သွားခဲ့တယ်။ မြောင်းမြ၊ ၀ါးခယ်မ၊ ပုသိမ်၊ ဓနုဖြူ တွေမှာ အမေစု သေဆုံးသွားနိုင်ခဲ့ပါတယ်။
၁၉၈၈-၂၀၁၂ (၂၄) နှစ်တာ ကာလအတွင်း အမေစု အနားမှာ အသက်နဲ့ရင်းပြီး ကာ ကွယ်ခဲ့ကြတဲ့သူတွေထဲမှာ ဦးတင်ဦးနဲ့ ကိုဝင်းထိန်တို့ပဲ ကျန်တော့တယ်။ ဒေါက်တာ တင်မျိုးဝင်းနဲ့ ဦးမိုးသူကျန်သေးတယ်။ ဦးလွင်၊ ဦးချစ်ခိုင် (ဗိုလ်မှူးကြီး ဟောင်းချစ်ခိုင်)၊ သခင်အုန်းမြင့်၊ ဦးထွေးမြင့်၊ ဆရာကြီးဦးဝင်းတင်၊ ဦးကြည်မောင်၊ ဦးသော်ကတို့အား လုံး ကွယ်လွန်သွားခဲ့ကြပါပြီ။ သူတို့ အားလုံး အမေစုဆီက ဘာတစ်ခုမှ မခံစားသွားခဲ့ရသလို အမေစုနဲ့ တန်းတူ ဒုက္ခ သုက္ခတွေပဲမျှဝေခံစားသွားခဲ့ရတယ်။ ဦးသော်ကဟာ အင်းစိန်ထောင် ကြိုးတိုက်ထဲမှာ သေဆုံးခဲ့ရပြီး ဦးဝင်းတင် ကတော့ ထောင်ထဲမှာ အနှစ် ၂၀ တိတိ အကျဉ်းသား ဘ၀ နဲ့နေထိုင်ခဲ့ရတယ်။ သေဆုံးခါနီးအချိန်ရောက်မှ ထောင် က လွှတ်ပေးခဲ့ပြီး ထောင်အပြင်မှာ ၄ နှစ်လောက်ပဲ နေသွားခဲ့ရပါတယ်။ ဆင်းဆင်းရဲရဲနဲ့ပဲ ကွယ်လွန်သွားခဲ့ရ တာဖြစ်တယ်။ အမေစုဟာလည်း အခုအချိန်ထိ ရုန်းကန် နေရဆဲပါ။
အမေစုနား မျက်နှာပြောင်တိုက်၍ လာကပ်နေသော ခရိုနီတောက်တက်ကြီးများ ကျုပ်ငယ်ငယ်က ကြားဖူးတာတော့ လူကို တောက် တက်လာကပ်ရင် ခွာလို့မရတော့ဘူးတဲ့။ မိုးကြိုးပစ်သံ ကြားမှပဲ တောက်တက်က ကြောက်ပြီး ကွာကျသွားတယ် လို့ ကြားဖူးတယ်။ အခုလည်း စစ်အာဏာရှင်တွေ မွေးလို့ မတရားချမ်းသြွာကယ်ဝလာတဲ့ ခရိုနီတွေထဲက တချို့ဟာ အမေစုအနားကို တောက်တက်တွေလို လာကပ်နေကြပြီ။ အဲဒီတောက်တက်ကြီးတွေထဲမှာ ဒေါက်တာဘွဲ့ရထားတဲ့ (ဘယ်ကနေ ဘယ်လိုရထားမှန်းမသိ) အမတ်မင်း ခရိုနီ ၀၀ဖိုင့်ဖိုင့်ကြီးကတော့ အကြီးဆုံးတောက်တက်ကြီးခင်ဗျ။
၁၉၈၈-၂၀၁၂ (၂၄) နှစ်လုံးလုံးမှာ အမေစုရဲ့ ပတ် ၀န်းကျင်တစ်ခုလုံး ငရဲပြည်လို ပွက်ပွက်ဆူနေတဲ့ကာလမှာ အမေစုအနားကို အဲဒီဒေါက်တာအမတ်ခရိုနီကြီး လာ တွေ့တာ တစ်ခါမှ မတွေ့ခဲ့ မမြင်ခဲ့ဖူးဘူး။
ဒေါက်တာအမတ်ခရိုနီကြီးက အမေစုဆီ အဲဒီတုန်း က ဘယ်လာမလဲဗျ။ အာဏာရှင် ဗိုလ်ချုပ်ကြီးတွေနောက် တကောက်ကောက်ပြေးလိုက်နေရလို့ မအားနိုင်ဘူးဖြစ် နေတယ်။ အဘကြီးတွေနဲ့ အတူတူ ဂေါက်ရိုက်၊ အတူတူ ၀ိုင်သောက်နေရလို့ အမေစုဆိုတာကို အဲဒီခရိုနီကြီး ခေါင်းထဲ ဆံချည်တစ်မျှင်တောင် မထည့်ခဲ့ဖူးပါဘူး။
အမေစု ၁၉၈၈-၂၀၁၂ ကမ္ဘာပျက်နေတုန်းက ကျုပ် တို့ အမေစုအနားမှာ မြက်စားပြီး ထောက်ခံနေရတုန်းက အမေစုနဲ့အတူ မရဏသေတွင်းအ၀မှာ ရုန်းကန်ခဲ့တုန်းက အဲဒီ တောက်တက်ခရိုနီကြီး ဘာလုပ်နေပါသလဲခင်ဗျ။
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ထဲမှာ န၀တဦသန်းရွှေ အစိုးရက ပေးသနားတော်မူတဲ့ ဆောက်လုပ်ရေးစီမံကိန်း ကြီးတွေ၊ စက်မှုဇုံစီမံကိန်းကြီးတွေနဲ့ ဇိမ်ကျနေတဲ့အချိန် ခင်ဗျ။ အမေစုနဲ့ ကျုပ်တို့ကျောင်းသားတွေ ငရဲမင်း၊ ငရဲ သားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အဲဒီ ဒေါက်တာအမတ်ကြီး တောက်တက်ကြီးက န၀တဗိုလ်မှူးကြီးတွေနဲ့ ၀ိုင်အတူ မော့သောက်လိုက်၊ ဂေါက်သီးအတူ ရိုက်လိုက်နဲ့ ပွဲတော် တွေ့နေတဲ့အချိန်ခင်ဗျ။
သူ့ခမည်းခမက် ယောက္ခမ သမ္မတလောင်းဖြစ် တော့မယ်လည်းဆိုရော သူ့အပေါ်လက်ရှိ ဦးသိန်းစိန် အစိုးရ ကလည်း ပြည်တွင်း Santion (ပြည်တွင်း စီးပွားရေး ပိတ်ဆို့မှု) လုပ်ထားတာ ၅ နှစ်တောင် ရှိပြီဆိုပြီး အော်ပြော လာပါရောဗျာ။
ပွဲလန့်တုန်း ဖျာလာခင်းတာ ဖျာတောင်မပါလာလို့ သူများဖျာ ဆွဲပြီးခင်းလိုက်တဲ့ ဒေါက်တာခရိုနီကြီး ပွဲလန့်တုန်း ဖျာခင်းတာပဲကြားဖူးပါတယ်။ ဒေါက် တာအမတ်ခရိုနီကြီးကတော့ ပွဲလန့်ချိန်မှာခင်းဖို့ ကိုယ်ပိုင် ဖျာတောင် မပါလာဘူးဗျ။ ဘာကြောင့်လဲဆိုတော့ လယ် တွေ၊ မြေတွေ၊ သိမ်းနေရတာနဲ့ မအားကို မအားနိုင်လို့ လယ်သမားတွေနဲ့ ရန်ပွဲတွေဖြစ်နေရလို့ ပွဲလန့်သွားတာကို ဒေါက်တာခရိုနီကြီး ချက်ချင်းမသိလိုက်ဘူးခင်ဗျ။ တခြား ခရိုနီတွေ ဖျာတွေအလုအယက်ခင်းနေကြတာကြားတော့ မှ လယ်ကွင်းထဲမှာ လယ်သမားတွေနဲ့ ရန်ဖြစ်နေရာကနေ ထပြေးလာပြီး ကမျောသောပါးနဲ့ ပွဲခင်းထဲ အရောက်ပြေး လာရတာ။ ၀၀ဖိုင့်ဖိုင့်နဲ့ဆိုတော့ ချက်ချင်း တော့ရောက် မလာနိုင်ဘူးပေါ့ဗျာ။ ဒေါက်တာကြီးက ခန္ဓာကိုယ်ကြီးက သာကြီးတာ လယ်သိမ်းရမယ်၊ ပွဲလန့်လို့ ဖျာခင်းကြဖို့ဆိုရင် တော့ မြန်သလားမပြောနဲ့။ တရုတ်ကားထဲက တရုတ်သိုင်း သမားတွေလို လွှားကနဲလွှားကနဲ ငှက်မွှေးလေးတစ်ခု အလား ပွဲခင်းထဲရောက်လာတော့တာပဲ။ ခင်းဖို့ ဖျာမေ့ လာလို့ သူများခင်းထားပြီးတဲ့ ဖျာပဲ ဆွဲချလိုက်ပြီး ကိုယ့် ဖျာလုပ်ပြီး ဖျာခင်းပစ်လိုက်တယ်။ အဲဒီနည်းနဲ့ပဲ တောရွာ က တက်လာပြီး ခရိုနီ ဖြစ်အောင် လုပ်သွားခဲ့တာခင်ဗျ။
လက်ရှိသမ္မတဦးသိန်းစိန်ကလည်း ဒေါက်တာ အမတ်ကြီးကို သိပ်မျက်နှာသာမပေးတော့ဘူး။ ခရိုနီတွေ ကလည်း တစ်နေ့ထက်တစ်နေ့ များသထက်များ လာလို့ ခရိုနီလုပ်စားရတာ ဒီနှစ်တွေထဲမှာ သိပ်မဟန်တော့ မှန်း ဒေါက်တာအမတ်ကြီး သဘောပေါက်လာတယ်။
ကိုယ့်ခမည်းခမက်ကလည်း သမ္မတမင်းဖြစ်လာနိုင် တာမို့ ခမည်းခမက် သမ္မတဖြစ်မယ့် အချိန်ကိုစောင့်ရင်း 'ငါးမရခင် ရေလေးချိုးထား'လိုက်မှပဲလို့ သဘောပေါက် တာနဲ့ ၂၄ နှစ်လုံးလုံး တစ်ခါမှ သွားမတွေ့ဖူးတဲ့ လူထု ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ခပ်ပြောင်ပြောင်နဲ့ပဲ ဖော်လံဖား ရေးစီမံကိန်းကြီး စတင်လိုက်ပါတော့တယ်။
ရှေ့မျက်နှာနောက်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ကို ပြောင်ဝင်ဖားကြည့်လိုက်တော့လည်း နှလုံးသားကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ဆီကို ဘယ်သူလာလာ အယုတ်အလတ်အမြတ်မရွေး တပြေးညီဆက်ဆံတာ ကြောင့် ဒေါက်တာအမတ်ကြီး မှန်းချက်နဲ့နှမ်းထွက်ကိုက် သွားတယ်ခင်ဗျ။ လွှတ်တော်ထဲမှာ အကြောင်းမရှိ အကြောင်း ရှာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့၊ ခင် ခွင့်ရဖို့ ဒေါက်တာအမတ်ကြီး ချောင်းပေါက် အောင်သွား ခဲ့တယ်ခင်ဗျ။
ဗိုလ်ချုပ်အောင်ဆန်းလိုပဲ သမီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်ကလည်း နှလုံးသားကြီးပြီး ဖြူစင်ရိုးသားသူ ဖြစ်တာကြောင့် ပြည်သူလူထုနဲ့ တောင်သူလယ်သမားတွေ ကို ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လုံးလုံး န၀တအာဏာရှင် တွေနဲ့ပေါင်းပြီး ဖိနှိပ်ဒုက္ခပေးခဲ့တဲ့ ဒီခရိုနီကြီးကို သူတော် ကောင်းကြီးလို့ ထင်သွားရှာတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာလည်း မကြာခင် သူ့ကို သေနတ်သမားတွေ လွှတ်ပြီး သတ်တော့မယ့် ဂဠုန်ဦးစော လို လူသတ်သမားကိုတောင် ယူဂန္နာနိုင်ငံက ပြန်ရောက် တဲ့နေ့က ကိုယ်တိုင်သွားပြီးနှုတ်ဆက်စကားပြောရှာ တယ်။
အဲဒီအချိန်က သူ့ကိုလာနှုတ်ဆက်ရှာတဲ့ ဗိုလ်ချုပ် အောင်ဆန်းကို ဂဠုန်ဦးစောဟာ သတ်ပစ်ဖို့ စဉ်းစားနေခဲ့ တာကို နှလုံးသားကြီးတဲ့ ဗိုလ်ချုပ်အောင်ဆန်းခင်ဗျာ မသိ ခဲ့ရှာပါဘူး။ အခုလည်း ဒီဒေါက်တာခရိုနီကြီးအပါအ၀င် ခရိုနီတွေဟာ အမေစုကို တစ်ချိန်က အာဏာရှင်တွေနဲ့ အတူ ၀ိုင်းဝန်းဖိ နှိပ်ခဲ့တဲ့ အာဏာရှင်တွေအလိုကျ 'ထထမ' လို့ အကြိမ်တစ်ထောင်မက ပြောခဲ့ကြဖူးတယ်။ ဂေါက်သီး ရိုက်ရင်း ဖော်လံဖားပြီး အဘတွေအကြိုက်ပြောခဲ့ကြ တယ်။ အခု အဲဒီခရိုနီကြီးတွေကို အမေစုအနားမှာ တပူး တွဲတွဲမြင်ရတော့ အမေစုနှလုံးကြီးမားတာကို ကျေနပ်ရ ပေမယ့် ကျုပ်ရင်ထဲ မချိဘူး။ ဦးဝင်းတင်ကို သတိရတယ်။ ဦးသော်ကကို သတိရတယ်။
ကျုပ်အခုတလော အမေစု ကော့မှူးသွားရင်လည်း နေရာတကာ အဲဒီဒေါက်တာခရိုနီကြီး အမြဲပါတယ်။ အမေစု မော်လမြိုင်သွားတုန်းကလည်း ရွှေမိုးဟိုတယ်ကို သူက ကြိုရောက် နှင့်နေပြီ။ 'မသွားမီက ရောက်နှင့်ပြီ' ဆိုတဲ့ ဆရာ မင်းသိင်္ခ ၀တ္ထု ထဲက အတိုင်းကိုဖြစ်နေတာ။
မီဒီယာက အဲဒီခရိုနီကြီးကိုမေးတယ်။ အဲဒီနေ့က သူ ဘာလို့ မော်လမြိုင်ရောက်နေလဲမေးတော့ 'မော်လမြိုင်က သူ့ဇာတိမြို့လေ'တဲ့။ ဖြစ်သွားရပြန်ပြီခင်ဗျ။ သူက ဇာတိခံဆိုတော့ ကြိုဆိုရမှာပေါ့တဲ့။ အမေစု ဘယ်သွားသွား တကောက်ကောက်လိုက်နေရင်ဒီတစ်ခေါက် အမေစု အင်းစိန်ထောင်ထဲရောက်သွားရင်ဦးခင်ရွှေလည်း အတူလိုက်ရမယ်ဆိုတာတော့ ဂတိပေးရမယ်ခင်ဗျ။ အမေ စု အကျယ်ချုပ်ထပ်ကျသွားရင်လည်း သူ့ကိုပါ အိမ် အကျယ်ချုပ်ပေးရမယ်။ ဒါမှ တူသွားအောင်လို့ပါခင်ဗျ။
The Voice ဂျာနယ်မှာ အွန်လိုင်းဝဏ္ဏက ဒီလိုမေး တယ်။
Voice - အန်ကယ်ဦးခင်ရွှေ လှူနေတဲ့နယ်က ပြည်သူ လူထုက ၂၀၁၅ ရွေးကောက်ပွဲမှာတော့ လှူသလောက် မဲပြန်ထည့်မယ်လို့ ယုံကြည်ပါသလား။ ဦးခင်ရွှေ- သချာပေါက်ကိုရမယ်။ ဟိုတုန်းကတော့ ဘုမသိဘမသိနဲ့လေ။ အခုကတော့ သေချာပေါက်ကို ရ မှာ။ သူတို့ရဲ့မေတ္တာကို ပြန်ရမှာပေါ့။ ဒါကတော့ မလွဲ မသွေပေါ့။ ဒေါ်စုလည်းရမယ်။ သူ့ကိုလည်း အန်ကယ် ကိုယ်တိုင် မဲထည့်မယ်။ Voice - အန်ကယ့်ကို လူတွေက မြေသိမ်းတဲ့ခရိုနီလို့ သိ ကြတယ်။ ပြောကြတယ်။ မီဒီယာတွေကလည်းရေးကြ တယ်။ အန်ကယ့်ကောင်းကြောင်းရေးတဲ့ မီဒီယာက နှစ် စောင် သုံးစောင်ပဲရှိတယ်။ တချို့မီဒီယာတွေဆို အန်ကယ့် ကို တောက်လျှောက်ချကြတယ်။ အခုဆို အန်ကယ့် မကောင်းကြောင်းရေးတဲ့ မီဒီယာဆို ပြန်တရားစွဲတယ်။ ဘာ့ကြောင့် မီဒီယာကို ပြန်တရားစွဲတာလဲ။
ဦးခင်ရွှေ- ဂျာနယ် နှစ်စောင်ကို ဘာကြောင့်တရားစွဲလဲ ဆိုတာက ဟိုတုန်းက နေမျိုးဝေတို့က လူမှုကွန်ယက်ကနေ လှုံဆော် တယ်။ ရေးတယ်။ ပြောတယ်။ တရားစွဲလို့မရဘူး။ တချို့ ဂျာနယ်မှာပါလို့ တရားစွဲခဲ့တာတွေရှိတယ်။ ကျန်ခဲ့ တဲ့လကပဲ နေမျိုးဝေကို အန်ကယ့်အသရေဖျက်မှု ဒဏ်ငွေ ငါးသောင်း(သို့) ထောင်ဒဏ် ၃ လ၊ ၅၀၀(က)နဲ့ တရား ရုံးက အမိန့်ချလိုက်တယ်။ အန်ကယ့်အသရေဖျက်မှုနဲ့ အန်ကယ် မြေသိမ်းတယ်ပြောလို့ အန်ကယ်က နေမျိုးဝေ ကို တရားစွဲတာ၊ တရားရုံးက သူ့ကိုအပြစ်ချလိုက်ပြီး ပြစ် ဒဏ်ကျသွားတဲ့အတွက် နေမျိုးဝေကို အန်ကယ်က တရားမ မှုနဲ့ပြန်စွဲလို့ရတယ်။ ငွေကြိုက်သလောက်တောင်းပြီး တရား စွဲလို့ရတယ်။ အဲဒီ နေမျိုးဝေစာသားတွေယူပြီး သူရိယ နေ၀န်းနဲ့ သူရိယအလင်းဂျာနယ်နှစ်စောင်က ပြန်ထည့်တဲ့ အတွက် အန်ကယ်က တရားစွဲရတာ။ တကယ့်တကယ် အဲဒီကာလတွေကလည်း ပြီးခဲ့ပြီ။ အပွင့်လင်းဆုံးပြောရ ရင် အန်ကယ်မြေသိမ်းခဲ့တာလည်းမဟုတ်ဘူး။ အထက် ဂျာနယ်နှစ်စောင်ကို ဘာလို့တရားစွဲလဲဆိုတာကို အန် ကယ် တရားရုံးကျရင်ပြမယ်။ မြေတစ်ဧကမှ မသိမ်းခဲ့ဘူး။ တစ်ကွက်မှ မသိမ်းကြောင်းပြလိုက်ရုံနဲ့တင် ဒါ အမှုဖြစ် သွားပြီ။ အန်ကယ် ဂျာနယ်နှစ်စောင်ကို တရားစွဲတာက ပိုက်ဆံလိုချင်လို့လည်းမဟုတ်ဘူး။ ပရမ်းပတာရေးပြီးတော့ လူတစ်ယောက်ရဲ့သိက္ခာကို စော်ကားလို့မရဘူး။ ရွေး ကောက်ပွဲကလည်းနီးလာပြီလေ။ နောက်ကြားဖူး နားဝနဲ့ ရေးလို့မရဘူး။ အခု ကြားဖူးနားဝနဲ့ရေးတဲ့အတွက်ကြောင့် သူရိယနေ၀န်းကို သိန်း ၇၀၀၀၀ ရလိုမှုနဲ့ တရားစွဲထား တယ်။ သူတို့က ပစ်ပစ်ခါခါရေးထားတယ်။သူရိယအလင်း ကို သိန်း ၅၀၀၀၀ ရလိုမှုနဲ့တရားစွဲထားတယ်။ တရားရုံးမှာ အန်ကယ်က မြေသိမ်းဘုရင်ဆိုတာကို သက်သေပြ။ အန် ကယ့်ဘက်က တစ်ကွက်မှမသိမ်းကြောင်းကို သက်သေ ပြမယ်။ အဲဒီတော့မှ လူတွေကသိမယ်။ အခုဆိုရင် နေမျိုး ဝေဆိုရင် ပြီးခဲ့တဲ့အပတ်ကမှ အမိန့်ချလိုက်တယ်။ အမှုက သုံးနှစ်ကြတယ်။ နေမျိုးဝေဆို အခုအခြေအနေမှန်တွေကို သိလို့ နောက်ဆုတ်သွားပြီ။ အန်ကယ့်ပြဿနာတွေ အေး နေတဲ့ကြားထဲမှာ ဒီဂျာနယ်နှစ်စောင်က ၀င်ပြီးတော့ စော် ကားလိုက်လို့ တရားစွဲရတာ။ အဲလိုတရားမစွဲရင် အမှန် တရားဆိုတာ မပေါ်လာဘူးလေ။ အမှန်တရားပေါ်စေ ချင်လို့ တရားစွဲရတာ။
စစ်အစိုးရက ခရိုနီဆိုတဲ့ လူတန်းစားတစ်ရပ်ကို မွေး လိုက်တယ်။ လူတိုင်းကိုမွေးလို့မရဘူး။ အားလုံးက ခရိုနီ လုပ်ချင်ကြတာပဲ။ ခရိုနီဆိုတဲ့ ပုဂ္ဂိုလ်တွေ အကုန်ကြည့် လိုက်။ စိတ်ရင်းတွေ အကုန်ကောင်းကြတယ်။ သဘော ပြောပြတာ။ ကိုယ့် လုပ်ငန်းနဲ့ကိုယ် ကြီးပွားအောင်လုပ်ကြ ရတာ။ အခုဒီမှာ ရှိတဲ့ ခရိုနီ(၁)ကနေ (၅၀)အထိ ရှိတယ်။ အားလုံးပေါင်းကြည့်လိုက်။ အိမ်နီးချင်းနိုင်ငံက ချမ်းသာ သူတစ်ယောက်ရဲ့ ချမ်းသာမှုကို မမှီသေးဘူး။
အထက်က အင်တာဗျူးကိုဖတ်ရင် ရီချင်လွန်းလို့ အူ တောင် တက်မတတ်ပဲဗျို့။ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ကမ္ဘာ့စံချိန်နဲ့ကြည့်ရင် ရွေးကောက်ပွဲအစစ်မဟုတ်ဘူးခင်ဗျ။ ရွေးကောက်ပွဲအတုကြီး။ ပြိုင်ဘက် ဒီမိုကရေစီအတိုက် အခံတွေမပါဘဲ သူတို့ပါတီတစ်ခုတည်း ၀င်ပြိုင်ရတဲ့ ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ်ဝေ၊ ကိုယ်ထိုး၊ ကိုယ်စား လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကြီးခင်ဗျ။ မြင်းပွဲမှာ မြင်းတစ်ကောင်တည်း ပြေးခိုင်းပြီး အဲဒီမြင်းကို ပထမဒိုင်းဆုဖလားပေးလိုက်တဲ့ ပွဲကြီးခင်ဗျ။
၂၀၁၀ ရွေးကောက်ပွဲနဲ့တူတာဆိုလို့ ကမ္ဘာပေါ်မှာ မြောက်ကိုရီးယားက ရွေးကောက်ပွဲပဲရှိတယ်။ အဲဒီရွေး ကောက်ပွဲကြီးမှာ ၇၄ ရာခိုင်နှုန်းနဲ့ အပြတ်အသတ်အနိုင်ရ ခဲ့တယ်ဆိုတဲ့ ဒေါက်တာအမတ်ကြီးက သူ့ပြိုင်ဘက် ၄ ဦးကို အပြတ်အသတ်နိုင်ခဲ့တာတဲ့။ မြန်မာတစ်ပြည်လုံး သူတို့ပါတီထဲမှာ သူကို မဲပေးတဲ့ ရာခိုင်နှုန်းက အများဆုံး ပဲတဲ့။ ဒီ ၂၀၁၅ လည်း မှာ သူနိုင်မှာသေချာတယ်တဲ့။ ဒေါက်တာကြီးက ပြောလိုက်သေးတယ်။ အမေစုကို သူ ကိုယ်တိုင်မဲထည့်မှာတဲ့။ သူ မဲထည့်ပေးမှပဲ အမေစုက မဲနိုင်တော့မယ့်ပုံမျိုး ပြောသွားတာဗျာ။ ကော့မှူးမြို့နယ်မှာ အမေစုနိုင်ဖို့ သူ အစွမ်းကုန်လုပ်ပေးနေတယ်ပေါ့ဗျာ။ အမေစုရော၊ သူရော နိုင်ရမယ်တဲ့။
ဆင်ကြီးတစ်ကောင်ရဲ့ကျောကုန်းပေါ်က ဆင်သန်းတစ် ကောင်ရဲ့ ကြုံးဝါးဟစ်ြွေကးသံ တစ်ခါက ဆင်ကြီးတစ်ကောင်ရဲ့ ကျောပေါ်မှာ ခို ကပ်ပြီး အသွေးအသားကိုစုပ်ယူစားသောက် အသက်မွေး နေတဲ့ ဆင်သန်းတစ်ကောင်ရှိတယ်။ အဲဒီ ဆင်သန်းဟာ လျှာအလွန်ရှည်ပြီး စကားကြီးစကား ကျယ်လည်း ပြော လေ့ရှိတယ်။ ဒီ ဆင်သန်း သူ့ခန္ဓာ ကိုယ်ပေါ်မှာ သွေးသား တွေစုပ်ယူပြီး ခိုကပ်စားနေတာကို ဆင်ကြီးကတော့ သိ တောင်မသိရှာပါဘူး။ ဆင်ကြီးနဲ့ ဆင်သန်းဆိုတာ နိုင်းယှဉ် လို့မရအောင် ကွာခြားတယ်လေဗျာ။
တစ်နေ့တော့ ရေတွေပြည့်လျှံနေတဲ့ မြစ်ကြီးတစ်စင်း ကို ဆင်ကြီးဟာ သူ့ဘာသာသူ အားကြိုးမာန်တက်နဲ့ ဖြတ် ကူးလိုက်ပါတယ်။ ဒီမြစ်ကြီးကို ဖြတ်ကူးနိုင်မှ ဒီဆင်ကြီး ဆက်အသက်ရှင်နိုင်မယ့် အခြေအနေဖြစ်တယ်။ ဆင်ကြီး ဟာ ခက်ခက်ခဲခဲနဲ့ မြစ်ကြီးကို အစအဆုံးဖြတ်ကူးလို့ တစ် ဖက်ကမ်းလည်း ခြေချနိုင်ရော ဆင်ကြီးကျောကုန်းပေါ်က ဆင်သန်းက ကျယ်လောင်စွာနဲ့ဟစ်ြွေကးပါတော့တယ်။
'အသင်ဆင်ကြီးနှင့် အကျွန်ုပ် ဆင်သန်းတို့သည် အပြောကျယ် ရေစီးသန်လှသော ဤမြစ်ပြင်ကျယ်ကြီး အား အတူကြိုးစားဖြတ်ကူးနိုင်ခဲ့ကြလေပြီ' ဆိုပြီးြွေကး ကြော်ပါတော့တယ်။ ဆင်သန်းတစ်ကောင်ရဲ့ြွေကးကြော် သံကို ဆင်ကြီးခမျာတော့ သိတောင်မသိနိုင်ရှာပါဘူး။
အခု ဒေါက်တာခရိုနီအမတ်ကြီးကလည်း သူရော၊ အမေစုရော လာမယ့်ရွေးကောက်ပွဲမှာ မဲအနိုင်ရမှာတဲ့။ အမေစုကို သူကိုယ်တိုင် မဲထည့်မှာဆိုပြီးြွေကးကြော်နေ ပြန်ပါပြီ။ ခက်ပါပြီကော ဒေါက်တာအမတ်ကြီးရယ်။ အေးလေ ဒီလောက်တောင် ငါတို့အမေစုနား တ ကောက်ကောက်လိုက်နေချင်တယ်ဆိုရင် ဒေါက်တာကြီး ကတိတစ်ခုတော့ပေးရမယ်။
အကယ်၍ အမေစု အင်းစိန်ထောင်ထဲ ရောက်သွား ခဲ့ရင်လည်း၊ အိမ်အကျယ်ချုပ်များကျခဲ့ရင်လည်း ဒေါက် တာအမတ်ကြီးလည်း ထောင်ထဲမှာ နှစ် ၂၀ လောက်နေရ မယ်ခင်ဗျ။ ဒေါက်တာအမတ်ကြီးလည်း အိမ် အကျယ်ချုပ် နေရမယ်ခင်ဗျ။ တစ်ခုတော့ သတိပေးမယ်နော်။ ထောင် ထဲမှာ အကျယ်ချုပ်ဘ၀မှာ ဂေါက်သီးရိုက်လို့မရဘူးခင်ဗျ။ ရေဝေးဂေါက်ကွင်းသွားလို့မရဘူး။ ထောင်ထဲမှာ လူဝီ ၁၃ ၀ီစကီအရက်မရှိဘူးခင်ဗျ။ ပြင်သစ်ဝိုင် မရှိဘူးခင်ဗျ။ ထောင်ထဲမှာ ဒူးရင်းသီးမရှိဘူး။
ထောင်ထဲမှာ လယ်တွေ၊ ယာတွေ သိမ်းလို့မရဘူး ခင်ဗျ။ ထောင်ထဲမှာက လယ်နဲ့တူတာဆိုလို့ တောင်ယာပဲ ရှိတာမို့ သိမ်းလို့တော့မရဘူး ကိုယ်တိုင်စိုက်မှပဲ ရမယ်ခင် ဗျ။ ထောင်ထဲမှာ သိမ်းတာအကျင့်ပါနေလို့ မနေနိုင်လို့ သိမ်းချင်ရင် တလာစီတဲ့ နေရာဌာနတစ်ခုမှာပဲ ၀င်လာတဲ့ ထောင်သားအသစ်တွေဆီက အ၀တ်တို့၊ နာရီတို့၊ လက် စွပ်တို့ ချွတ်တဲ့ တလာစီသိမ်းတဲ့နေရာပဲရှိတယ်ခင်ဗျ။ ထောင်ထဲမှာ ဂျာနယ်တွေကို သိန်း ၇၀၀၀၀ (သိန်း ခုနစ်သောင်း)ရလိုမှု သိန်း ၅၀၀၀၀(သိန်းငါးသောင်း) ရလိုမှုနဲ့ တရားစွဲလို့ရမယ့် တရားရုံးမရှိဘူးခင်ဗျ။
ဒေါက်တာကြီးကို ပြန်တရားစွဲမယ့် ထောင်တရားရုံး ပဲရှိတယ်။ ဒေါက်တာအမတ်ကြီးပြောတဲ့စကားလုံးအတိုင်း ပြန်ပြောရရင် ကျားပစ်မယ်ဆိုပြီးထွက်လာတာ 'ကျားပဲ သေ မလား' 'မုဆိုးပဲ သေမလား' စောင့်ကြည့်ကြသေးတာပေါ့။ ကျုပ်တို့တွေက ချဉ်ပေါင်ဟင်းမို့ ၀က်သားဟင်းပဲ ဖြစ်ဖြစ်၊ ကြက်သားဟင်းပဲဖြစ်ဖြစ်၊ နောက်ဆုံးဘဲဥအချဉ် ဟင်းနဲ့ပဲဖြစ်ဖြစ် လဲဖို့ အဆင်သင့်ပဲဗျို့။ 'မုဆိုးပဲ သေမလား' 'ကျားပဲသေမလား' စောင့်ကြည့်ကြသေးတာပေါ့။
ထောင်သူရဲဘအုပ်
ပြည်သူ့အာဏာ
No comments:
Post a Comment