Tuesday 28 April 2015

နီပေါငလျင် တွင်နိုင်ငံလူဦးရေ ၏လေးပုံတစ်ပုံဘေး ဒုက္ခကြုံ၊ တစ်သန်းခွဲ နီးပါး အစားအစာ အကူအညီ လိုအပ်နေ

နီပေါငလျင်ဘေးဒုက္ခကြုံတွေ့နေရသူပေါင်းသည် နိုင်ငံ့လူ့ဦးရေ၏လေးပုံ တစ်ပုံကျော်ရှိပြီး ရှစ်သန်းရှိနေ ကြောင်း ကမ္ဘာကုလသမဂ္ဂ ကပြောသည်။

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ စတင်ရောက်ရှိနေ ပြီဖြစ်သော်လည်း လိုအပ်မှုများက များပြား လျက်ရှိဆဲဖြစ်ပြီး အစားအစာအကူအညီ ၁ ဒသမ ၄ သန်း လိုအပ် လျက်ရှိကြောင်း ယူအင်န် ကပြောသည်။

ပြီးခဲ့သည့် စနေနေ့က အင်အား ၇ ဒသမ ၈ ရစ်ခ်ျတာစကေးရှိ အားပြင်း ငလျင် နီပေါတွင်လှုပ် သွားပြီးနောက်တွင်ခတ္တမန္တူရှိ အဆောက်အအုံများ ပျက်စီးကာဒေ သတွင်း ရှိကျေးလက်ပိုင်းတွင် လည်းများ စွာ ထိခိုက်ခဲ့သည်။

သေဆုံးသူဦးရေလည်း ၄၃၁၀အထိတိုးခဲ့ပြီး ဒဏ်ရာရရှိသူ ၈၀၀၀ နီးပါးရှိသည်။ သို့သော်လည်း သေဆုံးသူ ဦးရေသည် ၁၀၀၀၀ အထိရောက်ရှိ လာနိုင်ကြောင်း ဝန်ကြီးချုပ် ဆူရှီကော်ရာလာ ကသတိပေး လိုက် သည်။

နီပေါနှင့် ပတ်ဝန်ကျင်းနယ်မြေများ တွင်နောက်ဆက် တွဲငလျင်များ လှုပ်မှုဆက် လက်ဖြစ်ပေါ်နေဆဲလည်း ဖြစ်သည်။

ဘီဘီစီ 

No comments:

Post a Comment