Tuesday 28 April 2015

ကြေးအိုးတွင် ပိုးကောင်ပါမှု YKKO တောင်းပန်

YKKO ကြေးအိုးတွင် ပိုးကောင်ပါဝင်နေကြောင်း အင်တာနက် လူမှုကွန်ယက် ဖေ့စ်ဘုတ်တွင် ပျံ့နှံ့ပြီးကာ ဝေဖန်မှုများ ထွက်ပေါ်လာပြီနောက် YKKO က ဧပြီ ၂၇ ရက်တွင် ပြန်လည်တောင်းပန်လိုက်သည်။


YKKO-1"YKKO ဆိုင်ခွဲများတွင် စားသုံးကြသော စားသုံးသူများ ဝန်ဆောင်မှု သန့်ရှင်းမှု အရသာများနှင့် ပတ်သက်၍ အဆင်မပြေဖြစ်ကြကြောင်းကို ကြားသိရပါသဖြင့် YKKO Management အနေနှင့် များစွာ စိတ်မကောင်းဖြစ်ရပါသည်။ ထိုသို့ အဆင်မပြေဖြစ်ကြသော စားသုံးသူများ အားလုံးကို မိမိတို့အနေနှင့် အနူးအညွတ် တောင်းပန်အပ်ပါသည်" ဟု ဆိုသည်။

YKKO ကို စားသုံးသူများ အဆင်ပြေစေရန် ဝန်ဆောင်မှု၊ သန့်ရှင်းမှုနှင့် အရသာများနှင့် ပတ်သက်၍ သင် တန်းများ ပေးနေသော်လည်း အားနည်းချက်များရှိနေခြင်းကြောင့် အဆင်မပြေမှုများ ရှိနေသေးကြောင်း ယူဆသည်ဟုလည်း YKKO ၏ အင်တာနက် လူမှုကွန်ယက်တွင် ရေးသား ဖြေရှင်းထားသည်။

"စားသုံးသူ အဆင်မပြေမှုများ လျော့နည်းသွားစေရန် ပိုမိုကြီးကြပ်
ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရိုသေလေးစားစွာဖြင့် အသိပေးအပ်ပါသည်" ဟုလည်း ဆိုသည်။

YKKO ၏ ထုတ်ပြန်ချက်တွင် စားသုံးသူများ အဆင်မပြေမှု ကြုံတွေ့ရပါက အကြံပြုစာများ ရေးသားနိုင်ပြီး ဖုန်းဆက် အကြောင်းကြားနိုင်သည်ဟုလည်း ပါရှိသည်။

YKKO ၏ လူမှုကွန်ယက်စာမျက်နှာတွင် စားသုံးသူအချို့၏ မှတ်ချက်များကိုလည်းတွေ့ရှိရသည်။ Han Thaw Oo အမည်ရှိသူ တစ်ဦးကမူ "ခင်ဗျားတို့ ဆိုင်မှာဝင်ပြီး အားပေးနေတဲ့ သူတိုင်းဟာ ဖြစ်သင့်တဲ့ တန်ရာတန်ကြေး တစ်ခုထက် ပိုပေးပြီး ကျေကျေနပ်နပ်နဲ့ စားနေကြတာပါ။ ခင်ဗျားတို့ဘက်ကလည်း ကိုယ်ယူထားတဲ့ ငွေပဏာမနဲ့ ထိုက်တန်တဲ့ ဝန်ဆောင်မှုပြန်ပေးပါ" ဟု တောင်းဆိုထားသည်။

Kyaw Gyi ဆိုသည့် ဖေ့စ်ဘုတ် အသုံးပြုသူကလည်း "တခါတုံးကလဲ ပုရွက်ဆိတ် ပါလာလို့ပြောတော့ ကောင်မလေးက ပါရင် ဖယ်စားလိုက်တဲ့ဗျ" ဟု ရေးသားထားသည်ကို တွေ့ရသည်။ YKKO ကမူ အဆိုပါ အခြေ အနေ များ နောက်ထပ်မဖြစ်ပေါ်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထပ်ဆင့် ကတိပေးထားသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment