Thursday 9 April 2015

ယခုနှစ် တောင်ကြီးသင်္ကြန်တွင် မဏ္ဍပ်ကြီး ၁၁ ခုခန့် ရှိမည်

တောင်ကြီးသင်္ကြန်မဏ္ဍပ်တစ်ခု စီစဉ်ဆောက်လုပ်နေစဉ် (ဓာတ်ပုံ − စိုင်းမိုင်းလုံ)
တောင်ကြီးသင်္ကြန် တွင် မဏ္ဍပ်ကြီး ၁၁ ခုခန့်ရှိမည်ဖြစ်ပြီး စတင်တည်ဆောက်နေပြီဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးကပြောသည်။

‘‘အရင်နှစ်က မဏ္ဍပ်ကိုးခု လောက်ပဲ ရှိတယ်။ ဒီနှစ်မှာတော့ ထပ်တိုးလာတဲ့ မဏ္ဍပ်တွေရှိတယ်’’ ဟု ဦးစိုးနိုင်ဦး က ပြော သည်။

ဗဟို၊ ပြည်ထဲရေး၊ အိပ်မက်သင်္ကြန်၊ ဆောက်လုပ်ရေး၊ ဓနုစာပေနှင့် ယဉ်ကျေးမှု၊ ငြိမ်းချမ်းရေး၊ စိုက်ပျိုးရေး၊ ချယ်ရီသင်္ကြန်၊ ရွှေနေကြာမဏ္ဍပ်တို့မှာ နှစ်စဉ်တည်ဆောက်နေကျ မဏ္ဍပ်များဖြစ်ကြပြီး ယခုနှစ်တွင် သီဟဆောက်လုပ်ရေး ကုမ္ပဏီမဏ္ဍပ်နှင့် သစ်တောရေးရာဝန်ကြီးဌာန မဏ္ဍပ်တို့ ထပ်တိုးလာကြောင်း ၎င်းက ပြောသည်။

ယင်းမဏ္ဍပ်များတွင် ယိမ်း အကများဖြင့် ဖျော်ဖြေပေးခြင်း၊ သင်္ကြန်သီချင်းများ သီဆိုခြင်း၊ ရေပက် ကစားခြင်းနှင့် စတုဒိသာ ကျွေးမွေးခြင်းတို့ စီစဉ်ထားကြောင်းသိရသည်။

ရေပိုက်လိုင်း၊ စက်ရေတွင်း နှင့်နီးသည့် မဏ္ဍပ်များကို ရေဖြည့် ပေးမည် မဟုတ်ဘဲ စက်ရေတွင်း၊ ရေပိုက် လိုင်းများနှင့် ဝေးသည့် မဏ္ဍပ်များကိုသာ မြို့နယ်စည် ပင်သာယာရေးဦးစီးဌာနက ရေဖြည့်ဆည်းပေး မည်ဖြစ် ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာ ယာရေးဦးစီးဌာနမှ သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment