Saturday 28 February 2015

နိုင်ငံတော်မှ ခွဲမထွက်ရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးဆိုသည့် ရပ်တည်ချက် ပြောင်းလဲမည်မဟုတ်ကြောင်း ‘၀’နှင့်မိုင်းလားအဖွဲ့ သမ္မတထံစာပေးပို့

ကိုးကန့်ပဋိပက္ခများကို သက်ဆိုင်ရာအဖွဲ့များက ငြိမ်းချမ်းရေး နည်းလမ်းဖြင့်ဖြေရှင်းရန် တိုက်တွန်းပြီး ‘၀’နှင့်မိုင်းလားအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ခွဲမထွက်ရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးရပ်တည်ချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်း အဆိုပါနှစ်ဖွဲ့က သမ္မတထံစာပေးပို့သည်။
ဖေဖော်ဝါရီ ၂၆ရက်စွဲဖြင့် ထုတ်ပြန်သည့်အဆိုပါစာကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်ထံမှတစ်ဆင့် သမ္မတထံပေးပို့ခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့ နှစ်ဖွဲ့က တိုက်ပွဲတွင်ပါဝင်ပတ် သက်နေကြောင်းပြောကြားချက် အပေါ် တုံ့ပြန်ရန်ဖေဖော်ဝါရီ ၂၄ မှ ၂၆ရက်အထိ ဗဟိုကော်မတီအ စည်းအဝေးကို ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ စာပေးပို့ခဲ့ခြင်းဖြစ် သည်။

ကိုးကန့်ပြဿနာနှင့် ပဋိပက္ခ ကိုထောက်ခံအားပေးခြင်းမပြု ကြောင်းနှင့် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဖေဖော်ဝါရီ ၁၂ရက်စွဲ ဖြင့် ထုတ်ပြန်ချက်မှာ အပြောင်း အလဲမရှိကြောင်း ‘၀’နှင့် မိုင်းလား အဖွဲ့က ပူးတွဲပေးပို့သည့်အဆိုပါ စာတွင်ဖော်ပြထားသည်။
ထို့အပြင် ဒုတိယဗိုလ်ချုပ် ကြီးမြထွန်းဦးက မိုင်းလားအဖွဲ့ (NDAA)မှ အင်အားတစ်ရာထက် မနည်း ကိုးကန့်တိုက်ပွဲတွင်ပါဝင် ကြောင်းနှင့် အထူးဒေသ၂(‘၀’တပ်ဖွဲ့)ထံမှ တပ်ရင်း လေးရင်းကို ကိုးကန့်မဟာမိတ်အဖွဲ့တွင် ပါဝင် ကြောင်းပြောကြားခြင်းမှာ သက် သေအထောက်အထားမရှိသည့် စွပ်စွဲချက်ဖြစ်သောကြောင့် လုံးဝ လက်မခံနိုင်သည့်အပြင် အဆိုပါ စွပ်စွဲချက်ကို လုံးဝကန့်ကွက် ကြောင်းပါရှိသည်။
ထို့အပြင် မည်သူဖြစ်စေ‘၀’ နှင့်မိုင်းလားအဖွဲ့ကို ကိုးကန့်အ ရေးအခင်းထဲ ဆွဲထည့်မည့်ကြံ စည်မှုမှာ လုံးဝအောင်မြင်မည်မ ဟုတ်ကြောင်းနှင့် ပြည်တွင်းတိုင်း ရင်းသားပြဿနာများကို ငြိမ်းချမ်း သည့်နည်းဖြင့်သာဖြေရှင်းရန် တိုက်တွန်းသည်ဟုဆိုသည်။
ဝနှင့် မိုင်းလားအဖွဲ့အနေ ဖြင့် နိုင်ငံတော်မှ ခွဲမထွက်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှုမပြို ကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် သ ဘောထားရပ်တည်ချက်မှာမည် သည့်အချိန်မဆိုပြောင်းလဲမည်မ ဟုတ်ဘဲ ငြိမ်းချမ်းရေးကို တစိုက် မတ်မတ်တည်ဆောက်သွားမည့် ဆုံးဖြတ်ချက်လည်း ယိမ်းယိုင်မည် မဟုတ်ကြောင်း စာတွင်ရေးသား ထားသည်။
ကိုးကန့်အရေးကို ညှိနှိုင်း ဆွေးနွေးသည့် နည်းလမ်းဖြင့်ဖြေ ရှင်းရန် တရုတ်အပါအ၀င် ပြည် တွင်းလက်နက်ကိုင်အဖွဲ့အစည်း များက တိုက်တွန်းတောင်းဆိုနေ ပြီး အစိုးရနှင့်တပ်မတော်တို့က ကိုးကန့်တိုက်ပွဲမှာ သောင်းကျန်း သူများဖြင့် တိုက်ခိုက်ရခြင်းဖြစ်ပြီး အလျှော့ပေးသွားမည်မဟုတ် ကြောင်း ပြောကြားထားပြီဖြစ် သည်။ ထို့အပြင် ကိုးကန့်ဒေသကို ယခုအခါ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်း ထားပြီးလည်းဖြစ်သည်။
အစိုးရ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှုနှင့် ငြိမ်းချမ်းသည့် ပြည်ပဆက်ဆံရေးမူဝါဒများကို တစ်သဝေမတိမ်းထောက်ခံသွား မည်ဖြစ်ကြောင်းလည်း ၀နှင့်မိုင်း လားအဖွဲ့တို့က ပူးတွဲထုတ်ပြန် သည့်စာတွင်ရေးသားထားသည်။
‘၀’ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ်ဦးအောင်မြင့်က ကိုးကန့် တိုက်ပွဲတွင် ‘၀’ပါဝင်ကြောင်းပြောကြားချက်မှာ ချဲ့ကားပြောကြားမှုသာဖြစ်ပြီး အဓိပ္ပာယ်မရှိကြောင်း 7 Day သတင်းစာသို့ဖြေကြားခဲ့သည်။ သို့သော် ကာကွယ်ရေးဝန်ကြီးဌာနကမူ ကိုးကန့်တပ်ဖွဲ့မှ ဖမ်းဆီးရမိသည့်လက်နက်များတွင် ‘၀’စက်ရုံထုတ်တံဆိပ်များ ရိုက်နှိပ်ထားသည်ဟုပြောကြားခဲ့သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တွင် တည်ရှိသည့် အထူးဒေသ (၄)မိုင်းလားအဖွဲ့မှာ ဖုန်ကြားရှင်၏ သားမက်စိုင်းလင်းခေါ် လီမင်ရှုက ခေါင်းဆောင်နေ ရာ မိုင်းလားအဖွဲ့မှ ဖုန်ကြားရှင်ကို နေရာထိုင်ခင်းစီစဉ် ပေးထားဖွယ်ရှိကြောင်း စစ်ရေးလေ့လာသုံးသပ်သူနိုင်ငံရေးဆောင်းပါးရှင် ဦးခင်မောင်ကျော်ကပြောကြား သည်။
‘‘သူတို့ ဒီစာကို ကာကွယ် ရေးဦးစီးချုပ်ကို လိပ်မူပြီးဖြေရှင်း မှာပါ’’ဟု ‘၀’နှင့်မိုင်းလားနှစ်ဖွဲ့လုံး နှင့် နီးစပ်သူတစ်ဦးကအတည်ပြု ပြောကြားသည်။
ကာကွယ်ရေးဦးစီးချုပ်ကမူ ငြိမ်းချမ်းရေးဟုပြောနေသော် လည်း ကိုးကန့်တိုက်ပွဲတွင်ပါဝင် ပတ်သက်နေသည့်အဖွဲ့အစည်း များရှိနေပြီး ပါဝင်သူအားလုံးတာ ၀န်ယူရမည်ဖြစ်ကြောင်း ပြည် ထောင်စုနေ့က နေပြည်တော်တွင် အပစ်ရပ်လက်နက်ကိုင်အဖွဲ့အ စည်းများနှင့် တွေ့ဆုံစဉ်က ပြော ကြားထားသည်။
လက်ရှိတွင် နယ်မြေမအေး ချမ်းသေးဘဲ လောက်ကိုင်ဒေသ သို့ အရပ်သားများပြန်လည်အခြေ ချရန် လုပ်ဆောင်နေကြောင်းကိုး ကန့်တပ်ဖွဲ့က စွပ်စွဲနေပြီးတပ်မ တော်ဘက်ကလည်း နယ်မြေအေး ချမ်းနေသည့်အတွက် ပြန်လည် အခြေချနေထိုင်သူများ ရှိနေ ကြောင်း သတင်းထုတ်ပြန်ထား သည်။
7 Day Daily
‘၀’ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ−အေအက်ဖ်ပီ)

No comments:

Post a Comment