Saturday 28 February 2015

ရွာလုံးကျွတ် မီးလောင်ခဲ့သည့် ရွာသားများ စိုက်စရိတ်ပြန်မပေးနိုင်သဖြင့် တရားစွဲမခံရရန် ၀န်ကြီးချုပ်ထံ တောင်းဆို

ရွာလုံးကျွတ်နီးပါး မီး လောင်ခဲ့မှုကြောင့် စိုက်စရိတ်ချေး ငွေပြန်ဆပ်ရန် အခက်အခဲရှိနေ သည့် မကွေးတိုင်းဒေသကြီးဆင် ပေါင်ဝဲမြို့နယ်အတွင်းရှိ သပွတ် ကျောကျေးရွာမှ တောင်သူလယ် သမားများ တရားစွဲဆိုခြင်းမခံရ စေရေး ကြားဝင်စေ့စပ်ပေးရန် မ ကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦး ဖုန်းမော်ရွှေထံဒေသခံလူငယ်များ က စာရေးသားတောင်းဆိုခဲ့သည်။
သပွတ်ကျော ကျေးရွာတွင် ဖေဖော်ဝါရီ ၇ ရက် နံနက်က မီးလောင်ကျွမ်းခဲ့ပြီး ရွာအတွင်းရှိအိမ်ခြေ ၆၀နီးပါး မီးဘေးသင့်ခဲ့ကာ လူ ၂၅၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ကြောင့် ဒေသခံစိုက်ပျိုးရေးလုပ် ငန်းအဓိကလုပ်ကိုင်သည့် ယင်းရွာတွင် ရွာလုံးကျွ တ်နီးပါးမီးဘေး သင့်ခဲ့မှုကြောင့်ဒေသခံတောင်သူ များမှာ အစိုးရ၏ စိုက်ပျိုးစရိတ် ကို ပြန်လည်ဆပ်နိုင်ရန်အခက်အ ခဲရှိနေကြောင်း စိုက်ပျိုးစရိတ်မ ဆပ်နိုင်မှုကြောင့်အစိုးရဘက်က တရားစွဲဆိုခံရမည်ကိုလည်း ထိတ် လန့်နေကြောင်း အဆိုပါရွာသို့ ကွင်းဆင်းစစ်တမ်းကောက်ခဲ့သည့် မကွေးတိုင်းလူငယ်ကွန်ရက်မှ အလုပ်အမှုဆောင်ကိုတင် ဇော်ဟိန်းကပြောသည်။
‘‘ဖြစ်တဲ့အချိန်မှာ ပစ္စည်းယူ ဖို့မပြောနဲ့ လူတောင်မနည်းပြေးရ တယ်။ ရွာကသူတွေကိုဘာတွေ လိုလဲမေးတော့ စိုက်စရိတ်က ဆပ်ရတော့မှာဆိုတော့ မဆပ်နိုင် ရင် ပြဿနာတက်မှာစိုးကြတယ်။ ကျန်တာကဘယ်လိုဖြေရှင်းရှင်းရ တယ်လို့ပြောကြတယ်’’ဟု ၎င်းကပြောသည်။ မီးဘေးတွင် ပါဝင်သွား သော အိမ်ထောင်စုများအတွက် စိုက်စရိတ်ချေးငွေပြန်ဆပ်နိုင်ရန် အခက်အခဲဖြစ်နေသောကြောင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် ချေးငွေပြန်ဆပ်ရက်ကို နောက်သို့ဆုတ်ပေးခြင်း (သို့မဟုတ်) ဆပ်ပေးရန် တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တောင်းဆိုထားကြောင်းလည်း ကိုတင့်ဇော်ဟိန်းက ပြောသည်။ စိုက်စရိတ်ချေးငွေနှင့်ပတ် သက်သည့် ဆုံးဖြတ်ချက်သည် တိုင်းဒေသကြီးအစိုးရ၏ လုပ်ပိုင် ခွင့်မဟုတ်ဘဲ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်တွင်ရှိခြင်းကြောင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် လယ်သမားများအား စိုက်စရိတ်ပြန်ဆပ်နိုင်ရန် အတိုးမဲ့ ချေးငွေထုတ်ပေးခြင်း အပါဝင် အခြား နည်းလမ်းများဖြင့် ကြားဝင်စေ့စပ် ပေးရန် တောင်းဆိုသွားမည်ဖြစ် ကြောင်း ကိုတင့်ဇော်ဟိန်းကပြော ကြားသည်။
7 Day Daily

No comments:

Post a Comment