ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေ တောင်တက်လမ်း၌ ရှုခင်းဓာတ်ပုံများ ရိုက်ကူးရင်း တစ်ဦးတည်း လမ်းလျှောက်နေသည့် ပီရူးနိုင်ငံသူ Miss Danianucia အား ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက် နံနက် ၉ နာရီ ခွဲခန့် က ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနေ ဇော်မင်းလတ်(ခ) ကုလားကြီး(၂၂)နှစ် (ကျောက်ထု လုပ်သား) က အဓမ္မပြုကျင့်ပြီး ပစ္စည်းလု၊ လူကိုသတ်ရန်ကြံစည်ခဲ့သဖြင့် ကင်မွန်းချောင်း နယ်မြေရဲစခန်းက
(ပ)၄၄/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၃ဝ၇/၃၇၉ ဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က သထုံ ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၇ ရက်က သထုံခရိုင်တရားသူကြီးဦးထိန်မင်းက ပြစ်မှု ကျူးလွန်သူ ဇော်မင်းလတ်(ခ)ကုလားကြီးအား ပြစ်မှုပုဒ်မ ၃၇၆ အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်း(အနှစ် ၂ဝ နှင့်ညီမျှသည်)၊ ပြစ်မှုပုဒ်မ ၃ဝ၇ ထောင်ဒဏ်တစ်သက် တစ်ကျွန်း(အနှစ် ၂ဝ နှင့်ညီမျှသည်)၊ ပြစ်မှုပုဒ်မ ၃၇၉ အရအလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်(သီးခြားစီ) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
(ကြေးမုံ)
The Mirror Daily
No comments:
Post a Comment