Friday 5 December 2014

စွပ်စွဲခံ မြန်မာနှစ်ဦးအား အမှုခုနစ်မှုဖြင့် တရားစွဲရန် တရားရုံးသို့ ထိုင်းအစိုးရရှေ့နေများ အမှုတွဲတင် ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရမည်ဖြစ်

Photo: စွပ်စွဲခံ မြန်မာနှစ်ဦးအား အမှုခုနစ်မှုဖြင့် တရားစွဲရန် တရားရုံးသို့ ထိုင်းအစိုးရရှေ့နေများ အမှုတွဲတင်
===================================
ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရမည်ဖြစ်
Friday, December 5, 2014

ထိုင်း၌ ဗြိ တိန်နိုင်ငံသားနှစ်ဦး သေဆုံးမှုကြောင့် ဖမ်းဆီးစွပ်စွဲခံထားရသူ မြန်မာနိုင်ငံ သားနှစ်ဦးကို ထိုင်းအစိုးရရှေ့နေများ မှ အမှုခုနစ်မှုဖြင့် တရားစွဲဆိုရန် ကော့စမွေခရိုင်တရားရုံးသို့ ယနေ့အ မှုတွဲတင်ပြီဖြစ်ကြောင်း မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့မှ သိရသည်။

စွပ်စွဲဖမ်းဆီးခံရသူ မြန်မာ နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ စုပေါင်း ပစ္စည်းခိုးယူမှု၊ လုယက်မှု၊ တရားမဝင် နိုင်ငံအတွင်း ခိုးဝင်မှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ အမှုမှန်ကို ထိမ်ချန်မှုတို့ဖြင့် ထိုင်းအစိုးရရှေ့နေ များက အမှုတွဲတင်ထားခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါအမှုတွဲကို ဒီဇင်ဘာ ၄ ရက် ထိုင်းနိုင်ငံစံတော်ချိန် ၁၁နာရီ ၁၅မိနစ်အချိန်ခန့် တွင် ထိုင်းနိုင်ငံ ကော့စမွေခရိုင် တရားစီရင်ရေးဌာန အကြီးအကဲဖြစ် သူ 'နိုင်ဖိုင်ဘွန်အာ ချဝါနာတကူလ်' ဆိုသူမှ တရားခံအဖြစ် စွပ်စွဲခံထား ရသူ ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့၏အမှုတွဲကို အပြီးသတ်တရား ရုံးသို့ လျှောက်တင်ခဲ့ကြောင်း၊ မြို့ နယ်တရားသူကြီးချုပ်မှ အမှုတွဲကို လက်ခံလိုက်ပြီဖြစ်ကြောင်း အထူးစုံ စမ်းရေးအဖွဲ့ဝင်(FED)မှ ဦးမင်းဦးက ဆိုသည်။

''အမှုတွဲတင်တော့ အမှုခုနစ်မှု တွေ့ရပြီး ၈ရက်နေ့မှာ အဲ့ခုနစ်မှုနဲ့ တရားစွဲဆိုသွားမှာပါ။ ပြစ်မှုထင်ရှား ရင်တော့ သေဒဏ်ကျခံရမှာဖြစ် ကြောင်း သိရပါတယ်။ မြန်မာအစိုးရ၊ သံရုံး၊ သံရုံးအထူးအဖွဲ့တို့နဲ့အတူ ရှေ့ နေတွေက လက်ရှိအခြေအနေတွေ ကို ဆွေးနွေးတိုင်ပင်ပြီး အာမခံတို့၊ အသနားခံစာတို့ကို ကလေးနှစ်ဦး လွတ်မြောက်နိုင်ဖို့နဲ့ အာမခံရရှိရေး တို့အတွက် အမြန်ဆုံး ဆောင်ရွက် သွားမှာဖြစ်ပါတယ်''ဟု ဦးမင်းဦး က ဆိုသည်။

ထိုင်းရဲများနှင့် ထိုင်းအစိုးရ ရှေ့နေများအနေဖြင့် အဆိုပါအမှုအ တွက် အမှုတွဲကို ပထမအကြိမ်တွင် အချက်အလက် မစုံလင်ခြင်းကြောင့် ပယ်ချခဲ့ကာ ယခုဒုတိယအကြိမ်တွင် လက်ခံခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၈ရက်၊ တနင်္လာနေ့တွင် ထိုင်းနိုင်ငံ ကော့စ မွေခရိုင်တရားရုံးမှ တရားစွဲဆိုသွား မည်ဖြစ်သည်။
အဆိုပါအမှုကြောင့် မြန်မာနိုင် ငံသား ရွှေ့ပြောင်းအလုပ်သမားနှစ် ဦးကို ဖမ်းဆီးထားသည်မှာ ယနေ့အ ပါအဝင် ရက်ပေါင်း ၆၃ရက်ရှိပြီဖြစ် ပြီး ထိုင်းအာဏာပိုင်များမှ ဖမ်းဆီး ပြီး ၆၃ရက်ကြာမြင့်ချိန်မှသာ အမှု တွဲတင်နိုင်ခြင်းဖြစ်သည်။

အဆိုပါအမှုသည် ထိုင်းနိုင်ငံ ခိုတောင်ကျွန်း၌ စက်တင်ဘာ ၁၅ရက် တွင် ဗြိတိန်နိုင်ငံသား ခရီးသွားစုံတွဲ နှစ်ဦး အသတ်ခံခဲ့ရခြင်းဖြစ်ပြီး၊ ယင်း နှစ်ဦးအသတ်ခံရခြင်းကြောင့် မြန်မာ နိုင်ငံသားနှစ်ဦးကို တရားခံအဖြစ်ယူ ဆကာ ဖမ်းဆီးထားခြင်းဖြစ်သည်။

Yangon Media Group
ထိုင်း၌ ဗြိတိန်နိုင်ငံသားနှစ်ဦး သေဆုံးမှုကြောင့် ဖမ်းဆီးစွပ်စွဲခံထားရသူ မြန်မာနိုင်ငံ သားနှစ်ဦးကို ထိုင်း အစိုးရ ရှေ့နေများ မှ အမှုခုနစ်မှုဖြင့် တရားစွဲဆိုရန် ကော့စမွေခရိုင်တရားရုံးသို့ ယနေ့အ မှုတွဲတင်ပြီဖြစ် ကြောင်း မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့မှ သိရသည်။

စွပ်စွဲဖမ်းဆီးခံရသူ မြန်မာ နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ စုပေါင်း ပစ္စည်းခိုးယူမှု၊ လုယက်မှု၊ တရားမဝင် နိုင်ငံအတွင်း ခိုးဝင်မှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ အမှုမှန်ကို ထိမ်ချန်မှုတို့ဖြင့် ထိုင်းအစိုးရရှေ့နေ များက အမှုတွဲတင်ထားခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါအမှုတွဲကို ဒီဇင်ဘာ ၄ ရက် ထိုင်းနိုင်ငံစံတော်ချိန် ၁၁နာရီ ၁၅မိနစ်အချိန်ခန့် တွင် ထိုင်းနိုင်ငံ ကော့စမွေခရိုင် တရားစီရင်ရေးဌာန အကြီးအကဲဖြစ် သူ 'နိုင်ဖိုင်ဘွန်အာ ချဝါနာတကူလ်' ဆိုသူမှ တရားခံ အဖြစ် စွပ်စွဲခံထား ရသူ ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့၏အမှုတွဲကို အပြီးသတ်တရား ရုံးသို့ လျှောက်တင် ခဲ့ကြောင်း၊ မြို့ နယ်တရားသူကြီးချုပ်မှ အမှုတွဲကို လက်ခံလိုက်ပြီဖြစ်ကြောင်း အထူးစုံ စမ်းရေး အဖွဲ့ဝင်(FED)မှ ဦးမင်းဦးက ဆိုသည်။

''အမှုတွဲတင်တော့ အမှုခုနစ်မှု တွေ့ရပြီး ၈ရက်နေ့မှာ အဲ့ခုနစ်မှုနဲ့ တရားစွဲဆိုသွားမှာပါ။ ပြစ်မှုထင်ရှား ရင်တော့ သေဒဏ်ကျခံရမှာဖြစ် ကြောင်း သိရပါတယ်။ မြန်မာအစိုးရ၊ သံရုံး၊ သံရုံးအထူးအဖွဲ့တို့နဲ့အတူ ရှေ့ နေတွေက လက်ရှိအခြေအနေတွေ ကို ဆွေးနွေးတိုင်ပင်ပြီး အာမခံတို့၊ အသနားခံစာတို့ကို ကလေး နှစ်ဦး လွတ်မြောက်နိုင်ဖို့နဲ့ အာမခံရရှိရေး တို့အတွက် အမြန်ဆုံး ဆောင်ရွက် သွားမှာဖြစ်ပါတယ်''ဟု ဦးမင်းဦး က ဆိုသည်။

ထိုင်းရဲများနှင့် ထိုင်းအစိုးရ ရှေ့နေများအနေဖြင့် အဆိုပါအမှုအ တွက် အမှုတွဲကို ပထမအကြိမ်တွင် အချက်အလက် မစုံလင်ခြင်းကြောင့် ပယ်ချခဲ့ကာ ယခုဒုတိယအကြိမ်တွင် လက်ခံခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၈ရက်၊ တနင်္လာနေ့တွင် ထိုင်းနိုင်ငံ ကော့စ မွေခရိုင်တရားရုံးမှ တရားစွဲဆိုသွား မည်ဖြစ်သည်။ အဆိုပါ အမှုကြောင့် မြန်မာနိုင် ငံသား ရွှေ့ပြောင်းအလုပ်သမားနှစ် ဦးကို ဖမ်းဆီးထားသည်မှာ ယနေ့အ ပါအဝင် ရက်ပေါင်း ၆၃ရက်ရှိပြီဖြစ် ပြီး ထိုင်းအာဏာပိုင်များမှ ဖမ်းဆီး ပြီး ၆၃ရက်ကြာမြင့်ချိန်မှသာ အမှုတွဲ တင်နိုင်ခြင်းဖြစ်သည်။

အဆိုပါအမှုသည် ထိုင်းနိုင်ငံ ခိုတောင်ကျွန်း၌ စက်တင်ဘာ ၁၅ရက် တွင် ဗြိတိန်နိုင်ငံသား ခရီးသွားစုံတွဲ နှစ်ဦး အသတ်ခံခဲ့ရခြင်းဖြစ်ပြီး၊ ယင်း နှစ်ဦးအသတ်ခံရခြင်းကြောင့် မြန်မာ နိုင်ငံသားနှစ်ဦးကို တရားခံ အဖြစ် ယူဆကာ ဖမ်းဆီးထားခြင်းဖြစ်သည်။

Yangon Media Group 

No comments:

Post a Comment